Love+Love
Author blackclock
Chapter 15
လှမ်းလျှောက်နေလေသော ခြေလှမ်းတို့တွင်
မာန်အပြည့်တို့ ပြည့်လျှမ်းနေသော်လည်း ရင်တွင်း
တစ်နေရာက ရင်ခုန်သံတို့ ဆူညံရာ ရပ်ဝန်းလေး
ကြောင့် ဦးညှို့နက် မျက်ဝန်းတွေက တစ်ခါတစ်ရံ
မှုန်မှိုင်းနေတတ်လေသည်။
" အင် "
မြင်လိုက်ရသော အရာဆီက အသံကြောင့်
ခြေလှမ်းတန့်သွားရလေပြီ။
"သားသားလေးပါ့လားကွ"
"ဦးဦး ဟီး"
"လာပါဦးကြ ဟေ၊ ဟွန် ပြောပါဦး
သားသားလေး ဒီတစ်ခါလည်း လမ်းပျောက်
လာတာလား ဟေ "
"ခစ် ခစ်"
လူပေါ်ပြေးတက်ကာ တခစ်ခစ် ရယ်နေလေ
သော ချစ်စဖွယ် ကလေးငယ်။
"သားသား တီလေးနဲ့ လိုက္လာတာ"
"ဟေ ဟို တစ်နေ့က သားသားလေးကို
ချီသွားတဲ့ သူနဲ့လား"
"ဟုတ်"
"သူေဋ္ဌး အစည်းအဝေး နီးပါပြီ"
"အင်း"
" ဦးဦး "
"ဟေ ပြောလေ သားသားလေး"
"သားသားလေ ဦးဦးနဲ့ အတူတူ
နေချင်သေးတယ် ဗ်၊ အာဘြား ဟီးဟီ
သားသား အဲ့လို အာဘွားတွေ အများကြီး
ပေးမယ်လေနော်"
အရှိုက်တည့်တည့်ကို နမ်းလိုက်လေသလား
မသိ။ နှလုံးသားက စူးလို့ အောင့်နေသလို
ကျန်းမာခါစကတည်းက ကြည်နူးပျော်ရွှင်မှု မရ
ခဲ့သလောက် ကလေးပေါက်စလေးနဲ့မှ သူ့ နှလုံး
ခုန်သံတွေ ဘာဖြစ်တယ် မသိ။
"ဒါပေါ့ကွ ရတာပေါ့ ၊ ဒါပေမယ့်"
"ဟွန် ဘာလို့လဲဗျ"
"ဦးဦးမွာ အလုပ်ရှိသေးတယ်ကွ"
"ဟင့် ဟင်း"
"ဟ နေပါဦးကွ ဘာလို့ လူပေါ်က
ဇွတ်ဆင်းနေတာတုန်း၊ ဦးဦး ပြောတာ
စကားမဆုံးသေးတာကိုကွယ်၊ ဒီလိုကြာ
သားသား ဦးဦးအပေါ် ငြိမ်ငြိမ်လေး ထိုင်နေ
ရင် အလုပ်ပြီးတာနဲ့ ဦးဦးတို့ ကစားကြမယ်လေ
မုန့်တွေလည်း အများကြီး ဝယ်ကျွေးမယ်"
"တကယ်နော်"
"တကယ်ပေါ့ကွ လာ ဦးဦး
သားသားလေးကို ချီမယ် "
"ဦးဦးက ချစ်စရာကြီး"
"အဟား ဟုတ်တယ်လားဟေ"
သားအဖရင်းတွေ အခုလို ရယ်မော ပျော်ရွှင်
နေကြတော့လည်း မြင်ရရှုရသော အေသြး
အဖို့ ရင်ထဲ ခံစားလို့ မကောင်း။ သွေးက
စကားပြောတယ်ဆိုရမလားဟင်း။
"ဟင် သားမုန်းသွေး"
"ကေလးကို ကျွန်တော် ခဏခေါ်ထားပါရစေ"
"ရှင် ရှင်က အော် ဟို ဟုတ်ကဲ့"
ကေလးအား ချီပွေ့ထားသူကို စေစေ မှတ်မိတာ
မို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ မုန်းသွေး
လေးကပါ အိမ်မှာနဲ့မတူ။ မတူထူးလို့ ပြုံးရွှင်
နေလေတော့ စေစေ သူေဋ္ဌးဖြစ်နေသော ထိုလူ
ကို ဦးညွတ်လိုက်မိသည်။ သေချာကြည့်လေလေ
မြင်ဖူးလေလေမို့ ထိုလူကိုကြည့်ငေးလိုက် ပြန်
စဉ်းစားလိုက်ကြည့်နဲ့သာ အချိန်ကုန်သွားရလေ
သည်။
ထို့ကြောင့် အစည်းအဝေးပြီးနောက်
သားသား မုန်းသွေးကြောင့်လားမသိ။
လုပ်ငန်းကိစ္စက အဆင်ပြေချောမွေ့ခဲ့လေ
သည်။
"ဒီကေလးကို ကျွန်တော် နေ့တစ်ပိုင်း
လောက် ခေါ်ထားလို့ ရနိုင်မလားဗျ၊ ကျွန်တော်
ဒီကုမ္ပဏီ ပိုင်ရှင် အစစ်ပါ"
"ဟို ဟို သူေဋ္ဌးကို စေစေ ယုံပါတယ်၊
လေယာဉ်ကွင်းတုန်းက ပြောခဲ့မိတာတွေ
အတွက်လည်း တောင်းပန်ပါတယ်၊
ကေလးကို စေစေ ချစ်ရုံပဲ ခ်စ္တာပါ
ကလေးနဲ့ အတူနေခင်တယ်ဆိုရင် ကေလးအေမကို
ခွင့်တောင်းရဦးမယ် ရှင့်"
"အော် အဲ့သလိုလား ဆောရီး
တလွဲတွေးမိထားတာအတွက်"
"ရပါတယ် ဟို လာပါ သူေဋ္ဌး
မမ အပြင်မှာ ရောက်နေပြီ
ပြောတယ် ၊ သားသားတောင်
အေမဆီ သွားမှာဆိုလို့ လွှတ်
ပေးလိုက်တာရယ်"
"ကောင်းပါပြီ"
စကား မရှည်လိုတော့။ ဦးညှို့နက်
သူ့နှလုံးသားရဲ့ ရင်ခုန်သံတွေကို မြန်ဆန်
စေတဲ့ ကလေးနဲ့ ထိုကလေးမိခင်ကို တွေ့
ချင်လွန်းနေလေပြီ။
"မမ"
"ဟင် စေစေ ဟယ် သား၊
လာ လာစမ်း မေမေ့ဆီကို လာ"
"ဟာ ဟာ ဟေး မိန်းကလေး ဖြည်းဖြည်းပါ
ကေလးကို ဦး အပိုင်ခေါ်ထားမှာ မဟုတ်ပါဘူး
အခုတောင် ခွင့်တောင်းရုံပါ ကလေးနဲ့ လည်ဖို့
ပတ်ဖို့"
"မုန်းသွေး မင်း မလာဘူးလား"
"ဟုတ်ကဲ့ မေမေ"
"နေဦး သားသားလေး ဦးဦး ရှိတယ်
ဒီမွာ ကေလးကို ဆက္ဆံတာ
ခက်ထန်လွန်းမနေဘူးလားဗျာ"
"ရှင်နဲ့ မဆိုင်တာကို အသာနေစမ်းပါ"
"မနေနိုင်ဘူး မုန်းသွေး
မေမေခေါ်နေတာ မကြာဘူးလား
အခုချက်ချင်း အဲ့ဒီလူအပေါ်က
ဆင်းစမ်း"
လူပေါ်ကနေ ကေလးကို ဆွဲချဖို့ သူမ
လုပ်နေတော့ ခဏတွင်းချင်း သိသြား
လေသော အသိ။ အတိတ္က မိန်းကလေး။
သူ့ရူးသွပ်ခဲ့ရလေသော ဝတၳုထဲက
ဇာတ်ကောင်နဲ့ တူလို့ လက်ထက်ယူခဲ့
မိတဲ့ မိန်းကလေး။ အသွေးမြတ်လျှံခြယ်၊
သို့မဟုတ် အေသြး။ ဦး ချစ်ရလေသော သွေး။
"စေ စေစေ ကေလးကို ခဏလောက် ခေါ်ထား
ပေးပါနော်၊ မင်း လာခဲ့ လာ"
"အို ရှင် ဒါ ဘာလုပ္တာလဲ လွှတ်ပါ"
"ဝုန်း ဂျလုန်း"
ဦးညှို့နက် အသွေးလက်ကောက်ဝတ်
ကို ဆွဲကိုင် ဆောင့်ဆွဲခေါ်ကာ အလုံပိတ်
အစည်းအဝေးအခန်းထဲ ခေါ်ဝင်သွားလေ
သည်။ ဝုန်း ဂျလုန်း မြည်သံကျယ်ကျယ်နဲ့
တံခါးကိုပင် ပိတ်ပစ်မိခဲ့ရင်း။
အခန်းထဲရောက်လေတော့ ဦးညှို့နက်
တံခါးကို လော့ခတ်လိုက်ကာ ခပ်စွာစွာကြည့်
နေလေသော မိန္ကေလးအနား တိုးလျှောက်
သွားမိလေသည်။
"ရှင့်ကို ကြောက်နေမယ်များ ထင်နေလား"
"အဲ့ဒါ မင်းအပိုင်းလေ လွမ်းလိုက်တာကွာ"
"အို"
အနားရောက်တာနဲ့ ချိုင်းအောက်
လက်လျှိုဝင်လို့ စွေ့ခနဲ့ ပွေ့ကာ စားပြဲ
ထက် တင်လို့ အတင်းအကြမ်း နမ်းလာ
လေသူ။ ဦးညှို့နက်။ အေသြး ကျောပြင်
က အဝတ်ကလေးတို့ စုတ်ပြဲကုန်သည်အထိ။
အနမ်းတွေက နှုတ်ခမ်းထက်ကော ပါးပြင်
တွေပါ နယ်ချဲ့ရောက်ရှိနေသလို အေသြး
လည်တိုင်လှလှလေးတောင် မလွတ်။
"မုန်းတယ် ရှင့်ကို သိပ်မုန်းတယ် သြား"
"ဦးကေတာ့ မင်းကို ချစ်တယ် သွေး"
"မုန်း တယ်"
"အော်ချင်သလောက်သာ အော်ပါကွာ
သားသားလေး မုန်းသွေးသာ သွေးရဲ့
သားသာဆို သားသားလေးက ဦးရဲ့
ရင်သွေးပေါ့နော်"
အေသြး ပြန်မဖြေ။ ကြမ်းပြင်ကို ခေါင်းစိုက်
ကြည့်နေရင်းသာ။ ဦးညှို့ စိတ်မရှည်လေ
တော့ ငိုတော့မည့် ကေလးမေလးကို ပွေ့ဖက်
ထားလို့ သူ့ ရင်ခွင်ထဲ အဝအလင် ပေးငိုနေ
မိလေသည်။
အသွေးလည်း သည်းကြီးမည်းကြီး
ငိုယိုနေလေသည်။ ဦးညှို့နက်
အေသြး ခေါင်းကလေးကို ဖြဖြ ပုတ်
ပေးနေမိလေသည်။ ထို့နောက် ဦးညှို့နက်
ကျောပြင်အကျယ်ကြီးကို ပွေ့ဖက်လာလေ
သည့် အေသြး၏ လက်ကလေးတွေ။
" ဦး တောင်းပန်ပါတယ် သွေးရယ်
အခု ဦး ပြန်လာပြီလေ နော်"
အေသြးစကား ပြန်မပြော။ မိနစ်အတော်ကြာ
သည်အထိ ဖက်ထားပြီးမှသာ အခန်းထဲက
ထွက်သွားမယ် ပြင်နေလေတော့ သူမေက်ာ
ပြင်က စုတ်ပြဲနေတဲ့ အဝတ်တို့ကြောင့် အပေါ်
ဝတ္ကို အေသအခ်ာ လိုက်ခြုံပေးမိလေသည်။
"ဦး အလွမ်းကြမ်းလို့ အခုလို ဖြစ်သွား
တာ တောင်းပန်ပါတယ်ကွယ်၊ ဒါပေမယ့်"
"အသွေးတို့ ခင်မင်ရင်းနှီးနေသူတွေလို
နှုတ်ဆက် ဆုံစည်းရတာ ဒီတစ်ခါ နောက်ဆုံး
ုဖြစ်ပါစေ သွားခွင့်ပြုပါ"
"အေသြး"
"ပြောပါ"
"ဦးတို့ တစ်ကပြန်စလို့ မရနိုင်ဘူးလားကွာ"လို့
ပြောမိတော့ အေသြး တစ်ချက်တုံ့ပြန်ကာ
အခန်းတံခါးဖွင့်လို့ ထွက်သွားလေတော့သည်။
ဦးညှို့နက် ကြောင်လို့ ငိုင်လို့သာ
ကျန်နေခဲ့လေသည်။
အပိုင်း ၂၇မျှော်
blackclock/7:59pm-Nov19 2021
(အားပေးသူကျဲလာတော့
ရေးရတာ အားတော့ သိပ္မရွိ။
တစ်နေကုန် အလုပ်မှာပဲ စိတ်နှစ်
နေမိတော့တယ်။)