" ေတာင္းပန္ပါတယ္ .. အခ်ိန္အၾကာႀကီး မေပးႏိုင္ေသးလို႔ .." သူ႔လည္တိုင္အား ခပ္ဖြဖြနမ္းရိွုက္ရင္း ေျပာလာသၫ့္ လူေၾကာင့္ Liam ၏ ခႏၶာကိုယ္က ေတာင့္တင္းသြားခဲ့သည္။ ရင္ခြင္ထဲရိွ လူ၏ တုန္လႈပ္မႈကို ခံစားမိသၫ့္အလား ႏွစ္သိမ့္ေပးသၫ့္ဟန္ ဆံစတို႔ကို ထိုးဖြလာခဲ့သၫ့္ လက္တစ္စံု။
Liam သည္ ႏူတ္ခမ္းအတြင္းသားကို ဖိကိုက္ထားရလြန္း၍ ေသြးအနည္းငယ္ပင္ စို႔ေနခဲ့သည္ ။ ေအးစက္သၫ့္ မ်က္ဝန္းတစ္စံုက က်ဆင္းလာသၫ့္ မ်က္ရည္တို႔သည္ ပိုေအးစက္ေနသေယာင္ ။ " ဘယ္အခ်ိန္ထိ ဒီလိုလုပ္ေနဦးမွာလဲ .." ႏူတ္ခမ္းတို႔မွ ထြက္က်လာသၫ့္ စကားသံတို႔က အက္ကြဲေနခဲ့သည္ ။
" ပင္ပန္းတယ္ဆိုရင္ .. ကိုယ္မင္းကို network တစ္ခုလံုးရဲ့ အလံုၿခံဳဆံုး တစ္ေနရာဆီ အရင္ပို႔ေပးထားႏိုင္ပါတယ္ .. ကိစၥအားလံုးၿပီးတဲ့ အခ်ိန္က်ရင္ ... " ႏူတ္ခမ္းထက္သို႔ ေရာက္လာသၫ့္ လက္ညိုးတစ္ေခ်ာင္းက သူ႔စကားလံုးမ်ားကို တားဆီးလိုက္သည္ ။
" ရၿပီ .. " Liam ၏ မ်က္ႏွာထက္တြင္ ေနြးေထြးသၫ့္ အၿပံဳးတစ္ခု ေပၚလာခဲ့ကာ " ကဲ...ဒါဆို .. ငါအရင္သြားလို႔ရမလား .. ျပန္ေတြ့မယ္ဆိုတာကို သိတာေတာင္ နာက်င္မႈကို အခုထိ မခံစားႏိုင္ေသးတာမို႔ .."
ခေရာ့စ္က ဆန႔္ထုတ္လာသၫ့္ ေသနတ္ကိုင္ထားသၫ့္ Liam ၏ လက္အား အလ်င္အျမန္ဖမ္းလိုက္ရသည္ ။ ဘာလို႔လဲ ဆိုသၫ့္အၾကၫ့္ျဖင့္ ၾကၫ့္လာသၫ့္ သူအား " နာက်င္စရာမလိုဘူး .. "
ခေရာ့စ္၏ လက္တစ္ဖက္က Liam ၏ မ်က္ႏွာအား ဆြဲယူကာ ႏူတ္ခမ္းမ်ားအား ထိကပ္လိုက္သည္ ။ အသိစိတ္မ်ား အေမွာင္မက်သြားခင္ Liam ေနာက္ဆံုးခံစားမိခဲ့သည္က ႏူတ္ခမ္းထက္က ႏူးညံ့သၫ့္ အထိအေတြ့သာ ျဖစ္သည္ ။ အသက္မဲ့သြားသၫ့္ Liam ၏ မ်က္ႏွာထက္တြင္ စိတ္ေအးသြားသၫ့္ အလား အိပ္စက္ေနသေယာင္ ေအးခ်မ္းသၫ့္ အမႈအရာေလးသာ က်န္ရစ္ေနခဲ့သည္ ။
ပုခံုးထက္သို႔ ၿပိဳလဲက်လာသၫ့္ ခႏၶာကိုယ္အား လက္တစ္ဖက္ျဖင့္ ထိန္းေပြ့ထားရင္း ခေရာ့စ္၏ ခႏၶာကိုယ္သည္ ေနရာမေရြ့သြားခဲ့ေပ ။ သူ႔ရဲ့ မ်က္ဝန္းမ်ားသၫ့္ ေတာင့္တင္းေနကာ မ်က္ေတာင္တစ္ခ်က္ခတ္သည္တြင္ ၾကည္လင္သၫ့္ မ်က္ရည္တစ္စက္က အသက္မဲ့ေနသၫ့္ ခႏၶာကိုယ္ေပၚသို႔ တိတ္တဆိတ္က်သြားခဲ့သည္ ။
ေပြ့ဖက္ထားသၫ့္ လက္သည္ တင္းက်ပ္သြားကာ Liam ၏ အက်ႌအား ဆုပ္ကိုင္လိုက္မိသည္ ။
" ခံစားခဲ့ရတာလား .. တခ်ိန္လံုး .. တခ်ိန္လံုး ခံစားခဲ့ရတဲ့ နာက်င္မႈက ဒီလို .. ဒီလို နာက်င္မႈမ်ိဳး .. " ေသခ်ာေပါက္ ျပန္ေတြ့မယ္ဆိုတာကို သိသၫ့္ သူကိုယ္တိုင္ေတာင္ ခ်စ္ရသူအား ကိုယ့္ လက္ေပၚတင္ ဆံုးရႈံးလိုက္ရသၫ့္အခါ ခံစားခ်က္မ်ား လြတ္ထြက္သြားေတာ့ မလိုပင္ ။
တကယ္လို႔ တကယ္လို႔မ်ား တစ္စံုတစ္ခုေၾကာင့္ ျပန္မေတြ့ခဲ့ရင္ ဆိုသၫ့္ အေတြးကို ေတြးမိျခင္းအား မရပ္တန႔္ႏိုင္ခဲ့ေပ ။ သူေတာင္ ဒီလို ခံစားလိုက္ရရင္ အတည္ျပဳႏိုင္သၫ့္အရာ ဘာမွမရိွသၫ့္ သူ႔ခ်စ္သူသာဆိုလ်ွင္ ...
ေနာက္ထပ္ ျပန္ေတြ့ႏိုင္မည္လား မေသခ်ာသၫ့္ သူတစ္ေယာက္ကို ထြက္မသြားေစႏိုင္ဖို႔ တားႏိုင္တဲ့ စြမ္းရည္ ဟူ၍ တစ္ခုမွ မရိွတဲ့အျပင္ ကိုယ္တိုင္က လိုက္ရွာဖို႔ စြမ္းရည္မရိွတဲ့ ပံုရိပ္ေယာင္ တစ္ခု ျဖစ္ေနတယ္ဆိုတာ သိလိုက္ရတဲ့ သူ႔ခ်စ္သူက ေသခ်ာေပါက္ သူ႔ထက္ပိုၿပီး ခံစားခဲ့ရမွာပင္ ။
" အရင္ကထက္စာရင္ ကိုယ့္ကိုယ္ကို .. အေတာ္ေလး ဟုတ္လွၿပီ ထင္ေနခဲ့တာ .. အခု အရိုးထဲထိ စြဲေနတဲ့ တကိုယ္ေကာင္းဆန္မႈက မင္းကို နာက်င္ေစခဲ့တာပါလား ..." ခေရာ့စ္က Liam ၏ ခႏၶာကိုယ္အား ကုတင္ေပၚသို႔ ညင္သာစြာ တင္ေပးလိုက္ၿပီး နဖူးထက္က ဆံစတို႔ကို သပ္တင္ေပးလိုက္ရင္း ေဘးတြင္ ရပ္ၾကၫ့္ေနခဲ့မိသည္ ။
မွန္ကို ျဖတ္လ်က္ က်ေရာက္လာသၫ့္ လေရာင္က ကုတင္ထက္က ေခ်ာေမာသၫ့္ မ်က္ႏွာေပၚသို႔ ထင္ဟပ္လာေသာ္လည္း ရပ္ေနသၫ့္ လူ၏ ပံုရိပ္သည္ ေမွာင္ရိပ္က်ေနခဲ့သည္ ။ ခေရာ့စ္ ေခါင္းငံု႔ေနရာမွ ေမာ့လိုက္ကာ ၿပံဳးလိုက္သည္ ။
" ဒီလိုနာက်င္မႈမ်ိဳးနဲ႔ ဆိုရင္ အရိုက္ခံရတဲ့ နာက်င္မႈက မေျပာပေလာက္ပါလား .. " သူက ခါးကို အသာငံု႔ကိုင္းလိုက္ၿပီး Liam ၏ နဖူးအား ခပ္ဖြဖြ နမ္းလိုက္သည္ ။
" ငတံုးေလး .. မွတ္ဉာဏ္ေတြ ထိန္းသိမ္းဖို႔ အတြက္နဲ႔ စိတ္စြမ္းအင္ကို သံုးလိုက္တယ္ .. ဒီဘဝမွာ အကုန္မွတ္မိေနတာ မထူးဆန္းေတာ့ဘူး .. " ေက်ာက္စိမ္းေရာင္ အလင္းသည္ အခန္းထဲတြင္ လ်ပ္စီး လက္သၫ့္အလား လက္သြားခဲ့ၿပီး ေပ်ာက္သြားခဲ့သည္ ။ " စိတ္စြမ္းအင္က မင္းကို အျခားပံုရိပ္ေယာင္ေတြလို မျဖစ္ေစဖို႔ တားဆီးႏိုင္တဲ့ တစ္ခုတည္းေသာအရာဘဲ .. ဒီတစ္ခါ မျဖဳန္းတီးနဲ႔ေတာ့ေနာ္ .... "
" ခ်ိတ္ပိတ္စမ္း!!! " Liam ၏ ခႏၶာကိုယ္တြင္းကေန ဦးေနွာက္သို႔ စီးဆင္းေနသၫ့္ စိတ္စြမ္းအင္ အမ်ွင္တန္းေလးသည္ ေအးခဲသြားသၫ့္ အလား ရပ္တန႔္သြားခဲ့သည္ ။
အေမွာင္ထုထဲတြင္ စမ္းတဝါးဝါးျဖစ္ေနသၫ့္ လူတစ္ေယာက္သည္ ေရြ့လ်ားသၫ့္ အရိွန္ႏႈန္း ျမန္ဆန္လာသည္ကို သတိထားမိခဲ့သည္ ။ သူသည္ အရင္က ေရာက္ရိွခဲ့သၫ့္ ပန္းတိုင္အား ခနအတြင္း ေရာက္မၫ့္ ပံုပင္ ။ သို႔ေသာ္ တျဖည္းျဖည္းျဖင့္ သူဘာေၾကာင့္ ထိုေနရာသို႔ သြားေနရသလဲ ဆိုသၫ့္ အေတြးမ်ား ေပ်ာက္ကြယ္လာခဲ့သည္ ။ သူထိန္းသိမ္းထားသၫ့္ မွတ္ဉာဏ္မ်ားကို တျဖည္းျဖည္း ေမ့ေပ်ာက္လာခဲ့သည္ ။ သို႔ေသာ္ သူ႔ရဲ့ ေဝဝါးေနသၫ့္ ပံုရိပ္သည္ေတာ့ အားေကာင္းစြာ ထင္ရွားလာခဲ့ေတာ့သည္ ။
" လံုးဝေဖ်ာက္ဖ်က္လိုက္တာ မဟုတ္လို႔ .. မင္းက စိတ္မဆိုးေလာက္ဘူးမလား .. " ခေရာ့စ္က Liam အား ၾကၫ့္ရင္းအသက္ျပင္း ျပင္း ရႈလိုက္ကာ
"" ထြက္ခြာစို႔ ""
/ အမိန႔္လက္ခံရရိွပါၿပီ / ေရွာင္ထ်န္း၏ အသံက အနည္းငယ္ ေဖ်ာ့ေတာ့ေနခဲ့သည္ ။ Liam ၏ ကူးေျပာင္းမႈ ျဖစ္စဉ္အား ကူညီရန္ ရွင္သန္ျခင္း အမွတ္ ေတာ္ေတာ္မ်ားမ်ား ကုန္သြားခဲ့တာျဖစ္ၿပီး သူသည္လည္း အလြန္အားထုတ္လိုက္ရတာ ျဖစ္သည္ ။ အဓိက ကူညီသူျဖစ္သည္ သူ႔သခင္သာ ဆိုလ်ွင္ ေမးေနစရာပင္ မလိုခဲ့ေခ် ။
space သို႔ ေရာက္သၫ့္ အခ်ိန္တြင္ ခ်က္ခ်င္း ပံုလဲက်သြားခဲ့သည္ ။ အဆံုးမဲ့သည္ ၾကယ္ပင္လယ္ထဲတြင္ အသက္ရႈသံ ခပ္တိုးတိုးသာ ထုတ္လႊတ္ႏိုင္သၫ့္ ပံုရိပ္တစ္ခုသည္ ကူညီမဲ့သူမရိွဘဲ အထီးက်န္စြာ အနားယူလ်က္ ရိွသည္ ။ ေရွာင္ထ်န္းသည္ ကိုယ့္ဘာသာ အားျဖၫ့္ေနသၫ့္ သူ႔သခင္အား ၾကၫ့္ေနရံုသာ တတ္ႏိုင္ေလသည္ ။
ဘယ္ေလာက္ၾကာသလဲ မသိသၫ့္ အခ်ိန္တြင္ ပံုရိပ္သည္ လႈပ္ရွားလာကာ ထထိုင္လိုက္ေတာ့သည္ ။ သူက စခရင္ တစ္ခုအား ေခၚထုတ္လိုက္သည္ ။ ဤ တစ္ခါတြင္ နကၡတာယာမ်ားနဲ႔ တူသၫ့္ ၾကယ္ပံုေသနည္း မ်ား ေရးဆြဲေနခဲ့သည္ ။ ပံုေသနည္းမ်ားသည္ တစ္ခုနဲ႔တစ္ခု ဆက္စပ္ေနခဲ့ၿပီး အျပာေရာင္အလင္းေဖ်ာ့ေဖ်ာ့ပင္ ထုတ္ေဖာ္ေနခဲ့သည္ ။
ထိုေရးဆြဲမႈအတြက္ ၾကာေညာင္းသၫ့္ အခ်ိန္အား ထပ္ယူခဲ့ရျပန္သည္ ။
သူက ေနာက္ဆံုး ပံုေသနည္းအား အဆံုးသတ္လိုက္ၿပီး ထရပ္လိုက္သည္ ။ ေလတိုက္ေနျခင္း မရိွေသာ္လည္း သူ႔ဆံပင္မ်ားက ေလထဲလြင့္ေနသေယာင္ ။
" စစ္ေဆးၾကၫ့္ "
/ Operation system - normal
Various system - normal
Program Start ..
အတည္ျပဳစစ္ေဆးျခင္း..
လမ္းေၾကာင္းတြက္ခ်က္ျခင္း .. Start
System ၏ အလုပ္လုပ္ပံုအား ျပန္လည္ ဆန္းစစ္ျခင္း - Start .
.
.
.
System virus အား ထၫ့္သြင္းျခင္း - တိုးတက္မႈႏႈန္း 40%
ေနာက္ဆံုး တင္ျပခ်က္ - ပရိုဂရမ္ အလိုအေလ်ာက္ ေျပာင္းလဲ တိုးတက္မႈႏႈန္း 20% /
စခရင္ ထက္code အတန္းလိုက္မ်ား ေပ်ာက္ကြယ္သြားခ်ိန္ သူက
" အလုပ္စလို႔ ရၿပီ "
/ ဟုတ္ကဲ့ .. / ဆင့္ကဲတိုးတက္လာသျဖင့္ ေရွာင္ထ်န္းသည္ တက္ႂကြေနသၫ့္ အသံျဖင့္ ျပန္ေျဖလာခဲ့သည္ ။
/ ကူးေျပာင္းမႈ စတင္ပါသည္ ../
___________________________
Arc.8. Start ☺️❤️
ဒီသာသာက Ending မွာ အရိုက္မခံရဘဲ Start မွာ အရိုက္ခံရမဲ့ပံုဘဲ .. 😐
2:15 Am မွာ တင္လိုက္ၿပီး ..
( First comment = 3 မွတ္ ) ဆို သာသာ အရမ္း ယုတ္မာတဲ့ ပံုမ်ား ေပါက္သြားလား။.. 🤭❤️😎
_______________________
Unicode
" တောင်းပန်ပါတယ် .. အချိန်အကြာကြီး မပေးနိုင်သေးလို့ .." သူ့လည်တိုင်အား ခပ်ဖွဖွနမ်းရှိုက်ရင်း ပြောလာသည့် လူကြောင့် Liam ၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။ ရင်ခွင်ထဲရှိ လူ၏ တုန်လှုပ်မှုကို ခံစားမိသည့်အလား နှစ်သိမ့်ပေးသည့်ဟန် ဆံစတို့ကို ထိုးဖွလာခဲ့သည့် လက်တစ်စုံ။
Liam သည် နူတ်ခမ်းအတွင်းသားကို ဖိကိုက်ထားရလွန်း၍ သွေးအနည်းငယ်ပင် စို့နေခဲ့သည် ။ အေးစက်သည့် မျက်ဝန်းတစ်စုံက ကျဆင်းလာသည့် မျက်ရည်တို့သည် ပိုအေးစက်နေသယောင် ။ " ဘယ်အချိန်ထိ ဒီလိုလုပ်နေဦးမှာလဲ .." နူတ်ခမ်းတို့မှ ထွက်ကျလာသည့် စကားသံတို့က အက်ကွဲနေခဲ့သည် ။
" ပင်ပန်းတယ်ဆိုရင် .. ကိုယ်မင်းကို network တစ်ခုလုံးရဲ့ အလုံခြုံဆုံး တစ်နေရာဆီ အရင်ပို့ပေးထားနိုင်ပါတယ် .. ကိစ္စအားလုံးပြီးတဲ့ အချိန်ကျရင် ... " နူတ်ခမ်းထက်သို့ ရောက်လာသည့် လက်ညိုးတစ်ချောင်းက သူ့စကားလုံးများကို တားဆီးလိုက်သည် ။
" ရပြီ .. " Liam ၏ မျက်နှာထက်တွင် နွေးထွေးသည့် အပြုံးတစ်ခု ပေါ်လာခဲ့ကာ " ကဲ...ဒါဆို .. ငါအရင်သွားလို့ရမလား .. ပြန်တွေ့မယ်ဆိုတာကို သိတာတောင် နာကျင်မှုကို အခုထိ မခံစားနိုင်သေးတာမို့ .."
ခရော့စ်က ဆန့်ထုတ်လာသည့် သေနတ်ကိုင်ထားသည့် Liam ၏ လက်အား အလျင်အမြန်ဖမ်းလိုက်ရသည် ။ ဘာလို့လဲ ဆိုသည့်အကြည့်ဖြင့် ကြည့်လာသည့် သူအား " နာကျင်စရာမလိုဘူး .. "
ခရော့စ်၏ လက်တစ်ဖက်က Liam ၏ မျက်နှာအား ဆွဲယူကာ နူတ်ခမ်းများအား ထိကပ်လိုက်သည် ။ အသိစိတ်များ အမှောင်မကျသွားခင် Liam နောက်ဆုံးခံစားမိခဲ့သည်က နူတ်ခမ်းထက်က နူးညံ့သည့် အထိအတွေ့သာ ဖြစ်သည် ။ အသက်မဲ့သွားသည့် Liam ၏ မျက်နှာထက်တွင် စိတ်အေးသွားသည့် အလား အိပ်စက်နေသယောင် အေးချမ်းသည့် အမှုအရာလေးသာ ကျန်ရစ်နေခဲ့သည် ။
ပုခုံးထက်သို့ ပြိုလဲကျလာသည့် ခန္ဓာကိုယ်အား လက်တစ်ဖက်ဖြင့် ထိန်းပွေ့ထားရင်း ခရော့စ်၏ ခန္ဓာကိုယ်သည် နေရာမရွေ့သွားခဲ့ပေ ။ သူ့ရဲ့ မျက်ဝန်းများသည့် တောင့်တင်းနေကာ မျက်တောင်တစ်ချက်ခတ်သည်တွင် ကြည်လင်သည့် မျက်ရည်တစ်စက်က အသက်မဲ့နေသည့် ခန္ဓာကိုယ်ပေါ်သို့ တိတ်တဆိတ်ကျသွားခဲ့သည် ။
ပွေ့ဖက်ထားသည့် လက်သည် တင်းကျပ်သွားကာ Liam ၏ အကျႌအား ဆုပ်ကိုင်လိုက်မိသည် ။
" ခံစားခဲ့ရတာလား .. တချိန်လုံး .. တချိန်လုံး ခံစားခဲ့ရတဲ့ နာကျင်မှုက ဒီလို .. ဒီလို နာကျင်မှုမျိုး .. " သေချာပေါက် ပြန်တွေ့မယ်ဆိုတာကို သိသည့် သူကိုယ်တိုင်တောင် ချစ်ရသူအား ကိုယ့် လက်ပေါ်တင် ဆုံးရှုံးလိုက်ရသည့်အခါ ခံစားချက်များ လွတ်ထွက်သွားတော့ မလိုပင် ။
တကယ်လို့ တကယ်လို့များ တစ်စုံတစ်ခုကြောင့် ပြန်မတွေ့ခဲ့ရင် ဆိုသည့် အတွေးကို တွေးမိခြင်းအား မရပ်တန့်နိုင်ခဲ့ပေ ။ သူတောင် ဒီလို ခံစားလိုက်ရရင် အတည်ပြုနိုင်သည့်အရာ ဘာမှမရှိသည့် သူ့ချစ်သူသာဆိုလျှင် ...
နောက်ထပ် ပြန်တွေ့နိုင်မည်လား မသေချာသည့် သူတစ်ယောက်ကို ထွက်မသွားစေနိုင်ဖို့ တားနိုင်တဲ့ စွမ်းရည် ဟူ၍ တစ်ခုမှ မရှိတဲ့အပြင် ကိုယ်တိုင်က လိုက်ရှာဖို့ စွမ်းရည်မရှိတဲ့ ပုံရိပ်ယောင် တစ်ခု ဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့ သူ့ချစ်သူက သေချာပေါက် သူ့ထက်ပိုပြီး ခံစားခဲ့ရမှာပင် ။
" အရင်ကထက်စာရင် ကိုယ့်ကိုယ်ကို .. အတော်လေး ဟုတ်လှပြီ ထင်နေခဲ့တာ .. အခု အရိုးထဲထိ စွဲနေတဲ့ တကိုယ်ကောင်းဆန်မှုက မင်းကို နာကျင်စေခဲ့တာပါလား ..." ခရော့စ်က Liam ၏ ခန္ဓာကိုယ်အား ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်ပြီး နဖူးထက်က ဆံစတို့ကို သပ်တင်ပေးလိုက်ရင်း ဘေးတွင် ရပ်ကြည့်နေခဲ့မိသည် ။
မှန်ကို ဖြတ်လျက် ကျရောက်လာသည့် လရောင်က ကုတင်ထက်က ချောမောသည့် မျက်နှာပေါ်သို့ ထင်ဟပ်လာသော်လည်း ရပ်နေသည့် လူ၏ ပုံရိပ်သည် မှောင်ရိပ်ကျနေခဲ့သည် ။ ခရော့စ် ခေါင်းငုံ့နေရာမှ မော့လိုက်ကာ ပြုံးလိုက်သည် ။
" ဒီလိုနာကျင်မှုမျိုးနဲ့ ဆိုရင် အရိုက်ခံရတဲ့ နာကျင်မှုက မပြောပလောက်ပါလား .. " သူက ခါးကို အသာငုံ့ကိုင်းလိုက်ပြီး Liam ၏ နဖူးအား ခပ်ဖွဖွ နမ်းလိုက်သည် ။
" ငတုံးလေး .. မှတ်ဉာဏ်တွေ ထိန်းသိမ်းဖို့ အတွက်နဲ့ စိတ်စွမ်းအင်ကို သုံးလိုက်တယ် .. ဒီဘဝမှာ အကုန်မှတ်မိနေတာ မထူးဆန်းတော့ဘူး .. " ကျောက်စိမ်းရောင် အလင်းသည် အခန်းထဲတွင် လျပ်စီး လက်သည့်အလား လက်သွားခဲ့ပြီး ပျောက်သွားခဲ့သည် ။ " စိတ်စွမ်းအင်က မင်းကို အခြားပုံရိပ်ယောင်တွေလို မဖြစ်စေဖို့ တားဆီးနိုင်တဲ့ တစ်ခုတည်းသောအရာဘဲ .. ဒီတစ်ခါ မဖြုန်းတီးနဲ့တော့နော် .... "
" ချိတ်ပိတ်စမ်း!!! " Liam ၏ ခန္ဓာကိုယ်တွင်းကနေ ဦးနှောက်သို့ စီးဆင်းနေသည့် စိတ်စွမ်းအင် အမျှင်တန်းလေးသည် အေးခဲသွားသည့် အလား ရပ်တန့်သွားခဲ့သည် ။
အမှောင်ထုထဲတွင် စမ်းတဝါးဝါးဖြစ်နေသည့် လူတစ်ယောက်သည် ရွေ့လျားသည့် အရှိန်နှုန်း မြန်ဆန်လာသည်ကို သတိထားမိခဲ့သည် ။ သူသည် အရင်က ရောက်ရှိခဲ့သည့် ပန်းတိုင်အား ခနအတွင်း ရောက်မည့် ပုံပင် ။ သို့သော် တဖြည်းဖြည်းဖြင့် သူဘာကြောင့် ထိုနေရာသို့ သွားနေရသလဲ ဆိုသည့် အတွေးများ ပျောက်ကွယ်လာခဲ့သည် ။ သူထိန်းသိမ်းထားသည့် မှတ်ဉာဏ်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့သည် ။ သို့သော် သူ့ရဲ့ ဝေဝါးနေသည့် ပုံရိပ်သည်တော့ အားကောင်းစွာ ထင်ရှားလာခဲ့တော့သည် ။
" လုံးဝဖျောက်ဖျက်လိုက်တာ မဟုတ်လို့ .. မင်းက စိတ်မဆိုးလောက်ဘူးမလား .. " ခရော့စ်က Liam အား ကြည့်ရင်းအသက်ပြင်း ပြင်း ရှုလိုက်ကာ
"" ထွက်ခွာစို့ ""
/ အမိန့်လက်ခံရရှိပါပြီ / ရှောင်ထျန်း၏ အသံက အနည်းငယ် ဖျော့တော့နေခဲ့သည် ။ Liam ၏ ကူးပြောင်းမှု ဖြစ်စဉ်အား ကူညီရန် ရှင်သန်ခြင်း အမှတ် တော်တော်များများ ကုန်သွားခဲ့တာဖြစ်ပြီး သူသည်လည်း အလွန်အားထုတ်လိုက်ရတာ ဖြစ်သည် ။ အဓိက ကူညီသူဖြစ်သည် သူ့သခင်သာ ဆိုလျှင် မေးနေစရာပင် မလိုခဲ့ချေ ။
space သို့ ရောက်သည့် အချိန်တွင် ချက်ချင်း ပုံလဲကျသွားခဲ့သည် ။ အဆုံးမဲ့သည် ကြယ်ပင်လယ်ထဲတွင် အသက်ရှုသံ ခပ်တိုးတိုးသာ ထုတ်လွှတ်နိုင်သည့် ပုံရိပ်တစ်ခုသည် ကူညီမဲ့သူမရှိဘဲ အထီးကျန်စွာ အနားယူလျက် ရှိသည် ။ ရှောင်ထျန်းသည် ကိုယ့်ဘာသာ အားဖြည့်နေသည့် သူ့သခင်အား ကြည့်နေရုံသာ တတ်နိုင်လေသည် ။
ဘယ်လောက်ကြာသလဲ မသိသည့် အချိန်တွင် ပုံရိပ်သည် လှုပ်ရှားလာကာ ထထိုင်လိုက်တော့သည် ။ သူက စခရင် တစ်ခုအား ခေါ်ထုတ်လိုက်သည် ။ ဤ တစ်ခါတွင် နက္ခတာယာများနဲ့ တူသည့် ကြယ်ပုံသေနည်း များ ရေးဆွဲနေခဲ့သည် ။ ပုံသေနည်းများသည် တစ်ခုနဲ့တစ်ခု ဆက်စပ်နေခဲ့ပြီး အပြာရောင်အလင်းဖျော့ဖျော့ပင် ထုတ်ဖော်နေခဲ့သည် ။
ထိုရေးဆွဲမှုအတွက် ကြာညောင်းသည့် အချိန်အား ထပ်ယူခဲ့ရပြန်သည် ။
သူက နောက်ဆုံး ပုံသေနည်းအား အဆုံးသတ်လိုက်ပြီး ထရပ်လိုက်သည် ။ လေတိုက်နေခြင်း မရှိသော်လည်း သူ့ဆံပင်များက လေထဲလွင့်နေသယောင် ။
" စစ်ဆေးကြည့် "
/ Operation system - normal
Various system - normal
Program Start ..
အတည်ပြုစစ်ဆေးခြင်း..
လမ်းကြောင်းတွက်ချက်ခြင်း .. Start
System ၏ အလုပ်လုပ်ပုံအား ပြန်လည် ဆန်းစစ်ခြင်း - Start .
.
.
.
System virus အား ထည့်သွင်းခြင်း - တိုးတက်မှုနှုန်း 40%
နောက်ဆုံး တင်ပြချက် - ပရိုဂရမ် အလိုအလျောက် ပြောင်းလဲ တိုးတက်မှုနှုန်း 20% /
စခရင် ထက်code အတန်းလိုက်များ ပျောက်ကွယ်သွားချိန် သူက
" အလုပ်စလို့ ရပြီ "
/ ဟုတ်ကဲ့ .. / ဆင့်ကဲတိုးတက်လာသဖြင့် ရှောင်ထျန်းသည် တက်ကြွနေသည့် အသံဖြင့် ပြန်ဖြေလာခဲ့သည် ။
/ ကူးပြောင်းမှု စတင်ပါသည် ../
___________________________
Arc.8. Start ☺️❤️
ဒီသာသာက Ending မှာ အရိုက်မခံရဘဲ Start မှာ အရိုက်ခံရမဲ့ပုံဘဲ .. 😐
2:15 Am မှာ တင်လိုက်ပြီး ..
( First comment = 3 မှတ် ) ဆို သာသာ အရမ်း ယုတ်မာတဲ့ ပုံများ ပေါက်သွားလား။.. 🤭❤️😎
_______________________