ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.7.20 End

3.5K 510 56
By devil61002

ၾကယ္တာယာညီလာခံတြင္ အဖြဲ႔အစည္းမ်ားသည္ တစ္ေယာက္တစ္ေပါက္ျဖစ္ေနေသာ္လည္း တူညီသၫ့္အရာတစ္ခုမွာ ရိုဟန္အား ဖ်က္ဆီးခ်င္ေနၾကျခင္းပင္ ။ သူတို႔က ကိုင္းရာ အဖြဲ႔အား ဖ်က္သိမ္းေစခ်င္ၿပီး ထိုအသားတံုးႀကီးအား ခြဲေဝ ယူခ်င္ေနၾက၏ ။

ဟီရုန္၏ ေဘးနားတြင္ ရပ္ေနသၫ့္ ရိုင္ယန္က ရိုဟန္ေဘးနားတြင္ ခေရာ့စ္ကို မျမင္သၫ့္အခ်ိန္တြင္ ခေရာ့စ္သည္ သူ႔စကားကို နားေထာင္သည္ဟု ထင္မွတ္သြားခဲ့သည္ ။ သူက စိတ္ေက်နပ္သြားကာ ဟီရုန္အား ႏူးညံ့စြာ ၿပံဳးျပလိုက္ၿပီး ဟီရုန္နဲ႔ အတူ ညီလာခံထဲသို႔ ေက်ာ့ေမာ့စြာ ဝင္ေရာက္လာခဲ့သည္ ။

ဟီရုန္ဝင္လာသည္နဲ႔ သူသည္ အားလံုး၏ ဗဟို ျဖစ္သြားခဲ့သည္ ။ " မားဂတ္ အဖြဲ႔ ေခါင္းေဆာင္ ဟီရုန္ ! " ဟီရုန္၏ ႏူတ္ခမ္းမ်ားက ၾကၫ့္ေကာင္းစြာ တြန႔္ေကြးသြားခဲ့ကာ ရိုဟန္အား ႏူတ္ဆက္ဟန္ လက္ကမ္းလိုက္သည္ ။ သူ႔အျပဳအမႈက ရိုဟန္အား မ်က္ႏွာသာ ေပးေနသၫ့္ဟန္ အျပၫ့္ျဖင့္ ေမာက္မာမႈ အျပၫ့္ပင္ ။

ရိုဟန္ က လက္ကို တစ္ခ်က္သာ ၾကၫ့္လိုက္ၿပီး ေခါင္းေဆာင္မ်ားအား ေဝ႔ွၾကၫ့္လိုက္ကာ " ၾကယ္တာယာ မဟာမိတ္ကေန ႏူတ္ထြက္ခ်င္ရင္ .. ေလ်ာ္ေၾကးေပးရမယ္ .. ဒါက စည္းကမ္းဘဲ .."

လူအမ်ားေရ႔ွတြင္ ေပၚတင္ လစ္လ်ဳရႈခံလိုက္ရသၫ့္ဟီရုန္က ဂနာမၿငိမ္ မျဖစ္သြာ‌းေပ ။ သူက ရိုဟန္သည္ စိတ္ထဲတြင္ သူ႔အား အလြန္အံ့ဩေနမည္ဟု ယံုၾကည္ေနၿပီး ရိုဟန္ စိတ္ရႈပ္ေထြးေနသည္ကို ၾကၫ့္ေနခ်င္ေနသည္ ။ ထိုသူက သူ႔အား မနာလို၍ ဤသို႔ ဆက္ဆံသည္ဟုသာ မွတ္ယူလိုက္သည္ ။

အဖြဲ႔ေခါင္းေဆာင္မ်ားက ေလ်ာ္ေၾကးဆိုသၫ့္ အသံကို ၾကားခ်ိန္တြင္ ဟီရုန္အား တၿပိဳင္နက္ ၾကၫ့္မိလိုက္ၾကသည္ ။ သူတို႔က ရိုဟန္နဲ႔ မဟာမိတ္ကို ဖ်က္ဆီးၿပီး ရိုဟန္အား ကူကယ္ရာမဲ့ၿပီး သူတို႔အား ေတာင္းပန္ေစရန္ ႀကိဳတင္ႀကံစည္းထားခဲ့တာျဖစ္၏ ။ သို႔ေသာ္ ထိုသူက တည္ၿငိမ္ေနၿပီး ေလ်ာ္ေၾကးပင္ ေတာင္းေနေသးသည္ ။

ရိုဟန္၏ မ်က္လံုးထဲတြင္ေတာ့ ဟီရုန္၏ ေမာက္မာမႈသည္ ႏွစ္ႏွစ္အတြင္း ရင္းႏွီးခဲ့သၫ့္ ခေရာ့စ္၏ အရွက္မရိွ ေမာက္မာမႈအား ေျခဖ်ားပင္ မမီခဲ့ေသးေပ ။ ထိုသူက သူ႔ကိုယ္သူ ေကာင္းကင္ႀကီးဟု မေျပာေသာ္လည္း မ်က္ႏွာထက္တြင္ ထိုကဲ့သို႔ ေရးထားသၫ့္အတိုင္း ေနထိုင္ေနခဲ့တာျဖစ္သည္ ။ ထို႔အတြက္ေၾကာင့္လဲ သူနဲ႔ ကီးမကိုက္ရျခင္းပင္ ။

ဟီရုန္က အခ်က္ျပလိုက္ကာ ေခါင္းေဆာင္တစ္ေယာက္က ထရပ္လိုက္ၿပီး " ထန္း‌လဲ့ အဖြဲ႔က ၾကယ္မဟာမိတ္ကေန ထြက္တယ္ .. ၿပီးေတာ့ ဒီမွာ တစ္ခါတည္း ေၾကညာပါမယ္ .. ထန္းလဲ့က အခု မားဂတ္ရဲ့ လက္ေအာက္ကို အျပၫ့္အဝ ခိုလႈံၿပီ .."

တစ္ေယာက္က စတင္လိုက္သည္နဲ႔ က်န္သၫ့္သူမ်ား က တစ္ေယာက္ၿပီး တစ္ေယာက္ထရပ္ကာ ႏူတ္ထြက္ၾကေတာ့သည္ ။ ရိုဟန္၏ မ်က္ႏွာသည္ ေအးေဆးသက္သာ ရိွေနခဲ့ေသာ္လည္း သူ၏ ပတၲျမားေရာင္မ်က္ဝန္းမ်ားက အေရာင္လဲ့ေနခဲ့ကာ မေကာင္းဆိုးဝါးတစ္ေကာင္၏ ဆြဲေဆာင္မႈ အျပၫ့္ကို ထုတ္ေဖာ္ေနခဲ့သည္။ 

" ဟက္.. ဟက္ .. ေခါင္းေဆာင္ဟန္ .. စိတ္ေတာ့ မရိွပါနဲ႔ .. ဒါက သူတို႔ သေဘာပါ .. ကိုယ္က ဖိအား မေပးပါဘူး " ဟီရုန္က ရိုင္ယန္၏ လက္ကေလးအား ပြတ္သပ္ေနရင္း ေျပာလိုက္သည္ ။ သူ႔မ်က္ႏွာထက္က အၿပံဳးသည္ ရိုဟန္၏ မ်က္ဝန္း၏ ဆြဲေဆာင္မႈေအာက္ ေအာက္မက်သၫ့္ အၿပံဳးမ်ိဳး ျဖစ္သည္ ။ " ကိုင္းရာ အဖြဲ႔က ကိုယ့္လက္ေအာက္ကို ဝင္မယ္ဆိုရင္ ေကာင္းမြန္စြာ ႀကိဳဆိုပါမယ္ .."

ရိုဟန္က ၾကမ္းျပင္အား ေျချဖင့္ အသာတြန္းလိုက္ကာ သူ႔ထိုင္ေနသၫ့္ ခံုက အနည္းငယ္ ေနာက္ဆုတ္သြားခဲ့ၿပီး ေျဖာင့္တန္းသၫ့္ ေျခႏွစ္ေခ်ာင္းအား စားပြဲေပၚသို႔ တင္လိုက္သည္ ။ " ဒီသခင္က ေလ်ာ္ေၾကးကိုဘဲ စိတ္ဝင္စားတယ္ .."

" ေခါင္းေဆာင္ဟန္က အေျခအေနကို မသိေသးဘူးဘဲ .. မင္းမွာ ဘာအခြင့္အာဏာမွ မရိွေတာ့ဘူး "

ရိုဟန္သည္ ခ်က္ခ်င္းပင္ ျပန္ေခ်ပလိုက္သည္ ။ " မင္းလို အျပစ္သား တစ္ေယာက္ကို ငါနဲ႔ စကားေျပာဖို႔ ဘယ္သူက အခြင့္အာဏာ ေပးလိုက္တာလဲ .."

ထို အျပစ္သားဆိုသၫ့္ စကားလံုးက ဟီရုန္အတြက္ေတာ့ အထိမခံသၫ့္ အရာပင္ ။ သူက ခ်က္ခ်င္းထရပ္ကာ ခက္ထန္သၫ့္ ေဟာ္မုန္းကို ထုတ္လႊတ္ၿပီး ရိုဟန္အား တိုက္ခိုက္လိုက္သည္ ။ သူသည္ အရင္ႏွစ္ႏွစ္ကထက္စာလ်ွင္ ပိုသန္မာလာၿပီ ျဖစ္သည္ ။ ရိုင္ယန္၏ မ်ိဳးရိုးဗီဇ ေျပာင္းလဲမႈက သူ႔အေပၚကိုပါ သက္ေရာက္ကာ သူသည္လည္း တဆင့္ျမင့္သြားၿပီ ျဖစ္သည္ ။ တဖက္တြင္ ရိုဟန္ က ခေရာ့စ္ ဆီမွ အကူအညီအား မရထားခဲ့ေပ ။ ခေရာ့စ္က မေပးသလို ေပးလ်ွင္လည္း သူက ယူမည္ မဟုတ္ေပ ။

ရိုဟန္အား ဖိႏိွပ္လိုက္ႏိုင္ကာ ဟီရုန္အား အားရေက်နပ္သြားေစသည္ ။ သူက ရိုဟန္အား နံရံသို့ ျပင္းထန္စြာ တြန္းကပ္လိုက္ကာ " ငါ့ကို ဒူးေထာက္ၿပီး သက္ၫွာေပးဖို႔ ေတာင္းဆိုရင္ေရာ .. ဘယ္လိုလဲ .. " သူက ရိုဟန္အား အေသအခ်ာၾကၫ့္လိုက္ကာ " ေလာ့ က မင္းကို ေရြးခ်ယ္လိုက္တဲ့အတြက္ ေနာင္တရရမယ္ .."

" သူ႔ရဲ့ Alpha က ငါ့ေအာက္မွာ ဖိခံထားရတဲ့ ျမင္ကြင္းကို ျမင္ရတဲ့အခ်ိန္ ျဖစ္ပ်က္သြားမဲ့ သူ႔အမႈအရာက တန္ဖိုးျဖတ္လို႔ ရမွာ မဟုတ္ဘူး ..ဟားးဟားး " ဒီႏွစ္အတြင္း သူနားလည္သြားသည္က အႏိုင္ရသူသည္သာလ်ွင္ အမွန္ျဖစ္သည္ ။ သူက ေလာ့ အား ခံစားရေစဖို႔ ရိုဟန္အား အသံုးခ်ခ်င္ေနခဲ့သည္ ။ သူ႔အေတြးအေခၚမ်ားက အရင္ကနဲ႔ ကြဲလြဲလာကာ Alpha Beta Omgea မ်ား ဂရုမစိုက္ေတာ‌့‌ေပ ။ သူ ႀကိဳက္လ်ွင္ သူ႔ဟာ ျဖစ္သည္ ။ သူသာ အႏိုင္ရလ်ွင္ ဘယ္သူကမ်ား သူ႔ကို ျငင္းဆန္ႏိုင္ပါဦးမလဲ .. ။

သည္အခ်ိန္တြင္ ျပင္းထန္သၫ့္ အားႏွစ္ခုက သူ႔အား တိုက္ခိုက္လာသျဖင့္ ရိုဟန္ အား လက္လႊတ္လိုက္ရသည္ ။ သူက Liam အား ၾကၫ့္ရင္း သူ႔အၾကၫ့္မ်ားက ေအးစက္သြားသည္ ။ ဘယ္အခ်ိန္ထိ ငါ့ကို ေနွာက္ယွက္ေနဦးမွာလဲ !!!!

ခေရာ့စ္ : ".. " ေဟ့ .. ေဟ့ ငါ ငါ‌ေလ .. အစီအစဉ္ကို ငါခ်ခဲ့တာ .. ဒီပါးပါးက ဗီလိန္ေလ ..

ျမဴမႈန္ေလးလို အေျမာက္စာ ဇာတ္ေကာင္ေလးအျဖစ္ကလဲ အႀကီးဆံုး ဗီလိန္ျဖစ္‌ေအာင္ လုပ္ၿပီးတာ‌ေတာင္ လစ္လ်ဳရႈခံရတယ္

/ သခင္!.. အဆဲေတာင္းေနတာလား /

"" သူတို႔ရဲ့ အမုန္းတရားက ႀကီးေလ ကမ႓ာ့ စည္းမ်ဉ္းက ထိခိုက္ေလဘဲ .. ဥပမာ - သားေလး စိတ္မေကာင္းျဖစ္ရင္ မိခင္ႀကီးက အလိုလိုဝမ္းနည္းသလိုေပါ့ .. ""

/ ‌ဥပမာႀကီးကလဲ -_- /

အခန္းတြင္း ေလထုသည္ ေလးလံလာခဲ့သည္ ။ အနက္ေရာင္စစ္ယူနီေဖာင္း ဝတ္ထားသၫ့္ လူမ်ားက ေခါင္းေဆာင္မ်ားအား ဝန္းရံလိုက္ၾကသည္ ။

ဟီရုန္က ဟမ့္ ခနဲ ႏွာတစ္ခ်က္မႈတ္လိုက္ကာ " ငါ့ကို ဖမ္းႏိုင္မယ္ ထင္ေနတာလား .. ဒီအခန္းထဲက ထြက္လို႔ရတာနဲ႔ .. မင္းတို႔ အမႈန႔္ျဖစ္ၿပီသာမွတ္ .."

အနက္ေရာင္ဝတ္ လူမ်ားက အမွန္ပင္ ဟီရုန္အား တားဆီးရန္ မတတ္ႏိုင္ခဲ့ေပ ။ သူက စစ္တပ္နဲ႔ ဆက္သြယ္ရန္ သူ႔အဖြဲ႔ကို ေခၚကာ အျပင္သို႔ ထြက္ရန္ ျပင္ေတာ့သည္ ။ တံခါးဖြင့္ရန္ ခလုတ္ကို ႏိွပ္ေတာ့မၫ့္ အခ်ိန္တြင္ သူ႔ ဦးေခါင္းသို႔ ခ်ိန္လာသၫ့္ ေသနတ္ေၾကာင့္ ဟီရုန္၏ မ်က္ဝန္းမ်ားက လံုးဝ ေအးစက္ေမွာင္မည္း သြားခဲ့သည္ ။

" မင္းက သစၥာေဖာက္ရဲတယ္ !!! " ေသနတ္ခ်ိန္ထားသူမွာ သူရဲ့ လက္ေထာက္ျဖစ္ကာ ရိုင္ယန္ၿပီးလ်ွင္ သူ အယံုၾကည္ရဆံုးသူ ျဖစ္ေလသည္ ။

" ေဟးး ဘယ္လိုလုပ္ သစၥာေဖာက္ျဖစ္ရမွာလဲ .. သူက အစကတည္း ငါ့ရဲ့ က်ားေစ့ေလးဘဲဟာ .." ခေရာ့စ္က လက္တစ္‌ဖက္အား Liam ၏ ပုခံုးေပၚသို႔ တင္ထားရင္း ႏူတ္ခမ္းတြန႔္ကာ ေျပာလိုက္သည္ ။ သူ အခ်က္ျပလိုက္သည္နဲ႔ ေခါင္းေဆာင္တိုင္းတြင္ ပါသၫ့္ အေစာင့္မ်ားသည္ တစ္ေယာက္ၿပီးတစ္ေယာက္ သူတို႔ ေခါင္းေဆာင္အား ေသနတ္ျဖင့္ ခ်ိန္လိုက္ၾကသည္။

ၾကယ္တာယာညီလာခံ တြင္ အကာအကြယ္ရရင္ ေခၚလာသၫ့္ လူမ်ားသည္ သူတို႔အား ေသနတ္ျဖင့္ ခ်ိန္ထားသည္ကို ေတြ့လိုက္ၾကရသၫ့္အခါ ေခါင္းေဆာင္တိုင္း ေသြးေဆာင့္တက္သြားၾကရသည္ ။ သူတို႔အား စစ္သား သိန္းေပါင္းမ်ားစြာနဲ႔ ဝိုင္းရံထားသည္ထက္ ဒီသစၥာေဖာက္မႈက သူတို႔အား သတ္ေသခ်င္စိတ္ေပါက္သြားေစသည္ ။ သူတို႔ ဘယ္ေလာက္ေတာင္ တံုးအေနခဲ့ေၾကာင္း သိလိုက္ရသလိုပင္ ။

" မင္းက ငါ့ကို ရခ်င္တယ္ေပါ့ .. " ရိုဟန္က သူ႔လက္မ်ားကို တေျဖာက္ေျဖာက္ျမည္ေအာင္ ခ်ိဳးလိုက္ကာ ေရ႔ွတက္လာခဲ့သည္ ။ ေသနတ္ျဖင့္ ေထာက္ထားသၫ့္ လူက အလိုက္တသိ ေနာက္ဆုတ္သြားခဲ့သည္ ။ ရိုဟန္က ဟီရုန္အား ၾကၫ့္ရင္း ေအးစက္စြာ ရယ္လိုက္ကာ ပိတ္ကန္လိုက္သည္ ။

ခေရာ့စ္က ရိုဟန္အား ၾကၫ့္ရင္း ႏွာေခါင္းရႈံလိုက္ကာ Liam ၏ နား အနားသို႔ တိုးကပ္လိုက္ကာ ေျပာလိုက္သည္။ " သူကမွ အရမ္း အရွက္မရိွတာ မဟုတ္ဘူးလား .. "

Liam က ခေရာ့စ္အား ေစာင္းငဲ့ၾကၫ့္ရင္း " အျခားသူေတြ သူ႔ကို အဲ့လို ေျပာလို႔ရေပမဲ့ မင္းက မရဘူး "

' ကိုယ္ကိုယ္ကို ဘယ္ေလာက္ထိ အရွက္မဲ့လဲဆိုတာ ေမ့ခ်င္ေယာင္ေဆာင္ေနတာမလား .. '

တခ်က္ႏွစ္ခ်က္ေလာက္ ရိုက္ခံလိုက္ရၿပီးေနာက္ ဟီရုန္က ျပန္တိုပ္ခိုက္ေတာ့သည္ ။ သူနဲ႔ ရိုဟန္အား ႏွစ္ေယာက္တိုက္ပြဲ ေပးထားသည္ကို ၾကၫ့္ရင္း သူ႔မ်က္လံုးမ်ားက ေကာက္က်စ္မႈမ်ား ျပၫ့္ႏွက္သြားေတာ့သည္ ။ ' ရိုဟန္ကို ဓားစာခံ လုပ္ႏိုင္ရင္ ..'

သို႔ေသာ္ ရိုဟန္နဲ႔ တိုက္ခိုက္ရင္း ဟီရုန္က အနည္းငယ္ အသာစည္းရသည္မွ လြဲ၍ မႏိုင္ခဲ့ေပ ။ ရိုဟန္၏ မ်က္ႏွာထက္တြင္ ဂရုမစိုက္သၫ့္ အၿပံဳးတစ္ခု ေပၚလာခဲ့သည္ ။ " Liam က ေနာက္က်မေနခဲ့ရင္ ငါက အခ်ိန္ဆြဲဖို႔ မင္းရဲ့ ေသာက္စကားေတြကို နားေထာင္ေနမွာ မဟုတ္ဘူး "

ဟီရုန္သည္ အဖမ္းခံလိုက္သၫ့္တိုင္ ရုန္းကန္မႈ ေလ်ာ့မသြားခဲ့ေပ ။ အႏိုင္ရသူသည္ အေျဖေပၚသြားၿပီ ျဖစ္သၫ့္တိုင္ သူက ထိုအေျဖအား ေျပာင္းပစ္ခ်င္ေနေသးသည္ ။ ' ရိုင္.. ရိုင္ယန္ .. သူသာဆိုရင္ အစီအစဉ္ ဆြဲႏိုင္မွာ ..' သို႔ေသာ္ ရိုင္ယန္ သည္လည္း ေမ်ွာ္လင့္ခ်က္ေပ်ာက္ဆံုးေနသည္ကို ျမင္ခ်ိန္ သူ့ အားမ်ား ျပတ္သြားေတာ့သည္ ။

" ဘာလို႔လဲ .. ဘာလို႔လဲ!!! ငါက ရခဲလွတဲ့ ဒုတိယဘဝမွာ အခ်စ္စစ္နဲ႔ အတူ ရွင္သန္ ခ်င္ရံုေလးပါ .. ဘာလို႔ ဖ်က္ဆီးရတာလဲ !!!! " ရိုင္ယန္က ခေရာ့စ္အား စိမ္းစိမ္းဝါးဝါး ၾကၫ့္လ်က္ ေအာ္ဟစ္လိုက္သည္ ။

' ဟားးဟားး ငါလိုခ်င္တာ ဒါဘဲ .. မ်ားမ်ားေလး မုန္း ကလဲ့စားေခ်ခ်င္စိတ္ေတြ ေပါက္ကြဲ ထြက္လိုက္စမ္း !! .. ' ခေရာ့စ္က စိတ္ထဲမွ ေရရြတ္ရင္း ခပ္ဖြဖြ ၿပံဳးလိုက္သည္ ။

" ပ်င္းလို႔ေလ .."

ရိုင္ယန္၏ မ်က္ဝန္းမ်ားက ေဒါသေၾကာင့္ နီရဲလာေလသည္ ။ ေလာ့သည္ ထိုျမင္ကြင္းအား မၾကၫ့္ခ်င္သျဖင့္ တဖက္သို႔ လြဲလိုက္သည္ ။

" မင္းမွာလဲ ခ်စ္ရသူ ရိွလ်က္နဲ႔ ... ရိွလ်က္နဲ႔ .. ဒီေလာက္ ရက္စက္တဲ့သူ .. မင္း ဝဋ္လည္မွာ မေၾကာက္ဘူးလား .."

Liam ၏ မ်က္ေတာင္ေလးမ်ားက တုန္ယင္သြားကာ ခေရာ့စ္၏ လက္အား ဆုပ္ကိုင္လိုက္သည္ ။ ရိုင္ယန္သည္ တပ္သားမ်ား ဆြဲေခၚရာေနာက္သို႔ ေအာ္ဟစ္ရင္း ပါသြားခဲ့သည္။  ဟီရုန္သည္ အင္အားစုမ်ားကို စုစည္းထားသျဖင့္ ၿဖိဳခြဲရာတြင္ တစ္စုတစ္စည္းတည္း ၿဖိဳခြဲလိုက္ႏိုင္ေလသည္ ။ ေအာင္ျမင္မႈကို ရခ်င္လ်ွင္ အခ်ိန္ေကာင္းကို ေစာင့္ရသည္က အမွန္ပင္ ။

ကိုင္းရာ အဖြဲ႔အတြက္ ဟီရုန္က အခမဲ့ျဖင့္ အဆင္သင့္ လုပ္ေပးထားခဲ့သည္ဟုပင္ ဆို၍ ရေလသည္ ။ သူတို႔က အင္အားမ်ားကို ၿငိမ္ဝပ္ေအာင္ လုပ္ႏိုင္ခဲ့ၿပီး အရင္ကလို တခြဲတျပား မျဖစ္ေတာ့သျဖင့္ ျပင္ပရန္ျဖင့္ ရင္‌ဆိုင္ရလ်ွင္ အရင္ကထက္ ပိုေကာင္းေအာင္ ရင္ဆိုင္ႏိုင္ၾကေတာ့မည္ ျဖစ္သည္ ။ ဟီရုန္နဲ႔ ရိုင္ယန္သည္ လူသားမ်ိဳးႏြယ္၏ မ်ိဳးရိုးဗီဇ တိုးတက္ေရးအတြက္ အစမ္းသပ္ခံအေနျဖင့္ တစ္ဘဝလံုး ေနသြားခဲ့ရသည္ ။ သူတို႔ ေသဆံုးသည္ထိတိုင္ေအာင္ တဆထက္တဆ တိုးတက္လာသၫ့္ အမုန္းမ်ားက ရပ္တန႔္မသြားခဲ့ေပ ။

" မင္းတို႔က ဘာေၾကာင့္ ေနာက္က်ေနရတာလဲ ..  " ရိုဟန္က ေလာ့အား ၾကၫ့္လိုက္ရာ ေလာ့သည္ ေနရခက္ဟန္ တဖက္လွၫ့္သြားခဲ့သည္ ။ Liam သည္ သူ႔ေျခေထာက္မ်ားကို အဓိပၸာယ္မဲ့ စိုက္ၾကၫ့္ေနသည္ကို ေတြ့လိုက္ရ၏ ။

ခေရာ့စ္က မ်က္ႏွာ ရႈံ႔မဲ့ကာ " ဟမ့္ .. ဘာ မေျပာရဲစရာရိွလဲ .. ငါနဲ႔ Liam ဒိတ္လုပ္ေနလို႔ေလ "

ရိုဟန္၏ မ်က္ႏွာက ေဒါသေၾကာင့္ နီရဲလာကာ အံတႀကိတ္ႀကိတ္ျဖစ္လာေတာ့သည္ ။ ဒီအေကာင္က အေရးႀကီးကိစၥကို အေလးအနက္ မထားဘူး .. ။ သို႔ေသာ္ ေနာက္ဆက္တြဲ ေျပာလာသၫ့္ ခေရာ့စ္၏ စကားကို ၾကားသၫ့္ အခ်ိန္တြင္ ရိုဟန္က ေသြးအန္ခ်င္စိတ္ ေပါက္သြားေတာ့သည္ ။

" အေရးႀကီးကိစၥဆိုတာ အရင္လုပ္ရတယ္ေလ .. အဲ့သေဘာတရားေလးကို နားမလည္ဘူးလား "

ရိုဟန္ :"...." ကမ႓ာ့အေရးက အေသးအမႊားကိစၥေလးလား

ေလာ့ : "...."

Liam က ခေရာ့စ္၏ ခႏၶာကိုယ္အား တြန္းလိုက္ကာ ဆြဲေခၚထုတ္သြားေတာ့သည္ ။ " ငါက ပိုအေရးႀကီးတယ္ဆိုတာ ငါသိရင္ ၿပီးၿပီမို႔ .. မေျပာနဲ႔ေတာ့ .. ဟုတ္ပီလား .."

ခေရာ့စ္၏ လက္က Liam ၏ ပါးျပင္ေလးအား ထိေတြ့လိုက္ကာ ႏူတ္ခမ္းေလးအား လက္မျဖင့္ ပြတ္သပ္လိုက္သည္။ " ကိုယ့္ ႏူတ္ခမ္းကို ပိတ္ဖို႔ တစ္စံုတစ္ခု လိုအပ္တယ္ေလ "

ခေရာ့စ္က Liam ၏ ႏူတ္ခမ္းမွ ႏူတ္ခမ္းပိတ္ဖို႔ ကိရိယာ နာမည္မ်ား မထြက္လာေသးခင္ ဦးစြာ ဖိကပ္နမ္းလိုက္‌ေတာ့သည္။

" ေနာက္ကို ကိုယ့္ကို စကားမေျပာေစခ်င္ရင္ .. ဒီနည္းလမ္း သံုးလို႔ရတယ္ေနာ္ .."

ၿပံဳးစစျဖင့္ ေျပာလာသၫ့္ စကားသံ ခပ္သဲ့သဲ့သည္ အခန္းတြင္း ပဲ့တင္ထပ္ေနခဲ့‌ေတာ့သည္ ။

______________________________
Arc.7. End ..

ေရးးေရးး ယို႔ ယို႔  arc . 7 ထိေတာင္ ၿပီးၿပီေဟ့ ..💃❤️

ေနာက္ arc အတြက္ ေခါင္းစားရဦးမည္ .. 😣❤️

_____________
Unicode

ကြယ်တာယာညီလာခံတွင် အဖွဲ့အစည်းများသည် တစ်ယောက်တစ်ပေါက်ဖြစ်နေသော်လည်း တူညီသည့်အရာတစ်ခုမှာ ရိုဟန်အား ဖျက်ဆီးချင်နေကြခြင်းပင် ။ သူတို့က ကိုင်းရာ အဖွဲ့အား ဖျက်သိမ်းစေချင်ပြီး ထိုအသားတုံးကြီးအား ခွဲဝေ ယူချင်နေကြ၏ ။

ဟီရုန်၏ ဘေးနားတွင် ရပ်နေသည့် ရိုင်ယန်က ရိုဟန်ဘေးနားတွင် ခရော့စ်ကို မမြင်သည့်အချိန်တွင် ခရော့စ်သည် သူ့စကားကို နားထောင်သည်ဟု ထင်မှတ်သွားခဲ့သည် ။ သူက စိတ်ကျေနပ်သွားကာ ဟီရုန်အား နူးညံ့စွာ ပြုံးပြလိုက်ပြီး ဟီရုန်နဲ့ အတူ ညီလာခံထဲသို့ ကျော့မော့စွာ ဝင်ရောက်လာခဲ့သည် ။

ဟီရုန်ဝင်လာသည်နဲ့ သူသည် အားလုံး၏ ဗဟို ဖြစ်သွားခဲ့သည် ။ " မားဂတ် အဖွဲ့ ခေါင်းဆောင် ဟီရုန် ! " ဟီရုန်၏ နူတ်ခမ်းများက ကြည့်ကောင်းစွာ တွန့်ကွေးသွားခဲ့ကာ ရိုဟန်အား နူတ်ဆက်ဟန် လက်ကမ်းလိုက်သည် ။ သူ့အပြုအမှုက ရိုဟန်အား မျက်နှာသာ ပေးနေသည့်ဟန် အပြည့်ဖြင့် မောက်မာမှု အပြည့်ပင် ။

ရိုဟန် က လက်ကို တစ်ချက်သာ ကြည့်လိုက်ပြီး ခေါင်းဆောင်များအား ဝှေ့ကြည့်လိုက်ကာ " ကြယ်တာယာ မဟာမိတ်ကနေ နူတ်ထွက်ချင်ရင် .. လျော်ကြေးပေးရမယ် .. ဒါက စည်းကမ်းဘဲ .."

လူအများရှေ့တွင် ပေါ်တင် လစ်လျုရှုခံလိုက်ရသည့်ဟီရုန်က ဂနာမငြိမ် မဖြစ်သွာ‌းပေ ။ သူက ရိုဟန်သည် စိတ်ထဲတွင် သူ့အား အလွန်အံ့ဩနေမည်ဟု ယုံကြည်နေပြီး ရိုဟန် စိတ်ရှုပ်ထွေးနေသည်ကို ကြည့်နေချင်နေသည် ။ ထိုသူက သူ့အား မနာလို၍ ဤသို့ ဆက်ဆံသည်ဟုသာ မှတ်ယူလိုက်သည် ။

အဖွဲ့ခေါင်းဆောင်များက လျော်ကြေးဆိုသည့် အသံကို ကြားချိန်တွင် ဟီရုန်အား တပြိုင်နက် ကြည့်မိလိုက်ကြသည် ။ သူတို့က ရိုဟန်နဲ့ မဟာမိတ်ကို ဖျက်ဆီးပြီး ရိုဟန်အား ကူကယ်ရာမဲ့ပြီး သူတို့အား တောင်းပန်စေရန် ကြိုတင်ကြံစည်းထားခဲ့တာဖြစ်၏ ။ သို့သော် ထိုသူက တည်ငြိမ်နေပြီး လျော်ကြေးပင် တောင်းနေသေးသည် ။

ရိုဟန်၏ မျက်လုံးထဲတွင်တော့ ဟီရုန်၏ မောက်မာမှုသည် နှစ်နှစ်အတွင်း ရင်းနှီးခဲ့သည့် ခရော့စ်၏ အရှက်မရှိ မောက်မာမှုအား ခြေဖျားပင် မမီခဲ့သေးပေ ။ ထိုသူက သူ့ကိုယ်သူ ကောင်းကင်ကြီးဟု မပြောသော်လည်း မျက်နှာထက်တွင် ထိုကဲ့သို့ ရေးထားသည့်အတိုင်း နေထိုင်နေခဲ့တာဖြစ်သည် ။ ထို့အတွက်ကြောင့်လဲ သူနဲ့ ကီးမကိုက်ရခြင်းပင် ။

ဟီရုန်က အချက်ပြလိုက်ကာ ခေါင်းဆောင်တစ်ယောက်က ထရပ်လိုက်ပြီး " ထန်း‌လဲ့ အဖွဲ့က ကြယ်မဟာမိတ်ကနေ ထွက်တယ် .. ပြီးတော့ ဒီမှာ တစ်ခါတည်း ကြေညာပါမယ် .. ထန်းလဲ့က အခု မားဂတ်ရဲ့ လက်အောက်ကို အပြည့်အဝ ခိုလှုံပြီ .."

တစ်ယောက်က စတင်လိုက်သည်နဲ့ ကျန်သည့်သူများ က တစ်ယောက်ပြီး တစ်ယောက်ထရပ်ကာ နူတ်ထွက်ကြတော့သည် ။ ရိုဟန်၏ မျက်နှာသည် အေးဆေးသက်သာ ရှိနေခဲ့သော်လည်း သူ၏ ပတ္တမြားရောင်မျက်ဝန်းများက အရောင်လဲ့နေခဲ့ကာ မကောင်းဆိုးဝါးတစ်ကောင်၏ ဆွဲဆောင်မှု အပြည့်ကို ထုတ်ဖော်နေခဲ့သည်။ 

" ဟက်.. ဟက် .. ခေါင်းဆောင်ဟန် .. စိတ်တော့ မရှိပါနဲ့ .. ဒါက သူတို့ သဘောပါ .. ကိုယ်က ဖိအား မပေးပါဘူး " ဟီရုန်က ရိုင်ယန်၏ လက်ကလေးအား ပွတ်သပ်နေရင်း ပြောလိုက်သည် ။ သူ့မျက်နှာထက်က အပြုံးသည် ရိုဟန်၏ မျက်ဝန်း၏ ဆွဲဆောင်မှုအောက် အောက်မကျသည့် အပြုံးမျိုး ဖြစ်သည် ။ " ကိုင်းရာ အဖွဲ့က ကိုယ့်လက်အောက်ကို ဝင်မယ်ဆိုရင် ကောင်းမွန်စွာ ကြိုဆိုပါမယ် .."

ရိုဟန်က ကြမ်းပြင်အား ခြေဖြင့် အသာတွန်းလိုက်ကာ သူ့ထိုင်နေသည့် ခုံက အနည်းငယ် နောက်ဆုတ်သွားခဲ့ပြီး ဖြောင့်တန်းသည့် ခြေနှစ်ချောင်းအား စားပွဲပေါ်သို့ တင်လိုက်သည် ။ " ဒီသခင်က လျော်ကြေးကိုဘဲ စိတ်ဝင်စားတယ် .."

" ခေါင်းဆောင်ဟန်က အခြေအနေကို မသိသေးဘူးဘဲ .. မင်းမှာ ဘာအခွင့်အာဏာမှ မရှိတော့ဘူး "

ရိုဟန်သည် ချက်ချင်းပင် ပြန်ချေပလိုက်သည် ။ " မင်းလို အပြစ်သား တစ်ယောက်ကို ငါနဲ့ စကားပြောဖို့ ဘယ်သူက အခွင့်အာဏာ ပေးလိုက်တာလဲ .."

ထို အပြစ်သားဆိုသည့် စကားလုံးက ဟီရုန်အတွက်တော့ အထိမခံသည့် အရာပင် ။ သူက ချက်ချင်းထရပ်ကာ ခက်ထန်သည့် ဟော်မုန်းကို ထုတ်လွှတ်ပြီး ရိုဟန်အား တိုက်ခိုက်လိုက်သည် ။ သူသည် အရင်နှစ်နှစ်ကထက်စာလျှင် ပိုသန်မာလာပြီ ဖြစ်သည် ။ ရိုင်ယန်၏ မျိုးရိုးဗီဇ ပြောင်းလဲမှုက သူ့အပေါ်ကိုပါ သက်ရောက်ကာ သူသည်လည်း တဆင့်မြင့်သွားပြီ ဖြစ်သည် ။ တဖက်တွင် ရိုဟန် က ခရော့စ် ဆီမှ အကူအညီအား မရထားခဲ့ပေ ။ ခရော့စ်က မပေးသလို ပေးလျှင်လည်း သူက ယူမည် မဟုတ်ပေ ။

ရိုဟန်အား ဖိနှိပ်လိုက်နိုင်ကာ ဟီရုန်အား အားရကျေနပ်သွားစေသည် ။ သူက ရိုဟန်အား နံရံသို့ ပြင်းထန်စွာ တွန်းကပ်လိုက်ကာ " ငါ့ကို ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းဆိုရင်ရော .. ဘယ်လိုလဲ .. " သူက ရိုဟန်အား အသေအချာကြည့်လိုက်ကာ " လော့ က မင်းကို ရွေးချယ်လိုက်တဲ့အတွက် နောင်တရရမယ် .."

" သူ့ရဲ့ Alpha က ငါ့အောက်မှာ ဖိခံထားရတဲ့ မြင်ကွင်းကို မြင်ရတဲ့အချိန် ဖြစ်ပျက်သွားမဲ့ သူ့အမှုအရာက တန်ဖိုးဖြတ်လို့ ရမှာ မဟုတ်ဘူး ..ဟားးဟားး " ဒီနှစ်အတွင်း သူနားလည်သွားသည်က အနိုင်ရသူသည်သာလျှင် အမှန်ဖြစ်သည် ။ သူက လော့ အား ခံစားရစေဖို့ ရိုဟန်အား အသုံးချချင်နေခဲ့သည် ။ သူ့အတွေးအခေါ်များက အရင်ကနဲ့ ကွဲလွဲလာကာ Alpha Beta Omgea များ ဂရုမစိုက်တော‌့‌ပေ ။ သူ ကြိုက်လျှင် သူ့ဟာ ဖြစ်သည် ။ သူသာ အနိုင်ရလျှင် ဘယ်သူကများ သူ့ကို ငြင်းဆန်နိုင်ပါဦးမလဲ .. ။

သည်အချိန်တွင် ပြင်းထန်သည့် အားနှစ်ခုက သူ့အား တိုက်ခိုက်လာသဖြင့် ရိုဟန် အား လက်လွှတ်လိုက်ရသည် ။ သူက Liam အား ကြည့်ရင်း သူ့အကြည့်များက အေးစက်သွားသည် ။ ဘယ်အချိန်ထိ ငါ့ကို နှောက်ယှက်နေဦးမှာလဲ !!!!

ခရော့စ် : ".. " ဟေ့ .. ဟေ့ ငါ ငါ‌လေ .. အစီအစဉ်ကို ငါချခဲ့တာ .. ဒီပါးပါးက ဗီလိန်လေ ..

မြူမှုန်လေးလို အမြောက်စာ ဇာတ်ကောင်လေးအဖြစ်ကလဲ အကြီးဆုံး ဗီလိန်ဖြစ်‌အောင် လုပ်ပြီးတာ‌တောင် လစ်လျုရှုခံရတယ်

/ သခင်!.. အဆဲတောင်းနေတာလား /

"" သူတို့ရဲ့ အမုန်းတရားက ကြီးလေ ကမ်ဘာ့ စည်းမျဉ်းက ထိခိုက်လေဘဲ .. ဥပမာ - သားလေး စိတ်မကောင်းဖြစ်ရင် မိခင်ကြီးက အလိုလိုဝမ်းနည်းသလိုပေါ့ .. ""

/ ‌ဥပမာကြီးကလဲ -_- /

အခန်းတွင်း လေထုသည် လေးလံလာခဲ့သည် ။ အနက်ရောင်စစ်ယူနီဖောင်း ဝတ်ထားသည့် လူများက ခေါင်းဆောင်များအား ဝန်းရံလိုက်ကြသည် ။

ဟီရုန်က ဟမ့် ခနဲ နှာတစ်ချက်မှုတ်လိုက်ကာ " ငါ့ကို ဖမ်းနိုင်မယ် ထင်နေတာလား .. ဒီအခန်းထဲက ထွက်လို့ရတာနဲ့ .. မင်းတို့ အမှုန့်ဖြစ်ပြီသာမှတ် .."

အနက်ရောင်ဝတ် လူများက အမှန်ပင် ဟီရုန်အား တားဆီးရန် မတတ်နိုင်ခဲ့ပေ ။ သူက စစ်တပ်နဲ့ ဆက်သွယ်ရန် သူ့အဖွဲ့ကို ခေါ်ကာ အပြင်သို့ ထွက်ရန် ပြင်တော့သည် ။ တံခါးဖွင့်ရန် ခလုတ်ကို နှိပ်တော့မည့် အချိန်တွင် သူ့ ဦးခေါင်းသို့ ချိန်လာသည့် သေနတ်ကြောင့် ဟီရုန်၏ မျက်ဝန်းများက လုံးဝ အေးစက်မှောင်မည်း သွားခဲ့သည် ။

" မင်းက သစ္စာဖောက်ရဲတယ် !!! " သေနတ်ချိန်ထားသူမှာ သူရဲ့ လက်ထောက်ဖြစ်ကာ ရိုင်ယန်ပြီးလျှင် သူ အယုံကြည်ရဆုံးသူ ဖြစ်လေသည် ။

" ဟေးး ဘယ်လိုလုပ် သစ္စာဖောက်ဖြစ်ရမှာလဲ .. သူက အစကတည်း ငါ့ရဲ့ ကျားစေ့လေးဘဲဟာ .." ခရော့စ်က လက်တစ်‌ဖက်အား Liam ၏ ပုခုံးပေါ်သို့ တင်ထားရင်း နူတ်ခမ်းတွန့်ကာ ပြောလိုက်သည် ။ သူ အချက်ပြလိုက်သည်နဲ့ ခေါင်းဆောင်တိုင်းတွင် ပါသည့် အစောင့်များသည် တစ်ယောက်ပြီးတစ်ယောက် သူတို့ ခေါင်းဆောင်အား သေနတ်ဖြင့် ချိန်လိုက်ကြသည်။

ကြယ်တာယာညီလာခံ တွင် အကာအကွယ်ရရင် ခေါ်လာသည့် လူများသည် သူတို့အား သေနတ်ဖြင့် ချိန်ထားသည်ကို တွေ့လိုက်ကြရသည့်အခါ ခေါင်းဆောင်တိုင်း သွေးဆောင့်တက်သွားကြရသည် ။ သူတို့အား စစ်သား သိန်းပေါင်းများစွာနဲ့ ဝိုင်းရံထားသည်ထက် ဒီသစ္စာဖောက်မှုက သူတို့အား သတ်သေချင်စိတ်ပေါက်သွားစေသည် ။ သူတို့ ဘယ်လောက်တောင် တုံးအနေခဲ့ကြောင်း သိလိုက်ရသလိုပင် ။

" မင်းက ငါ့ကို ရချင်တယ်ပေါ့ .. " ရိုဟန်က သူ့လက်များကို တဖြောက်ဖြောက်မြည်အောင် ချိုးလိုက်ကာ ရှေ့တက်လာခဲ့သည် ။ သေနတ်ဖြင့် ထောက်ထားသည့် လူက အလိုက်တသိ နောက်ဆုတ်သွားခဲ့သည် ။ ရိုဟန်က ဟီရုန်အား ကြည့်ရင်း အေးစက်စွာ ရယ်လိုက်ကာ ပိတ်ကန်လိုက်သည် ။

ခရော့စ်က ရိုဟန်အား ကြည့်ရင်း နှာခေါင်းရှုံလိုက်ကာ Liam ၏ နား အနားသို့ တိုးကပ်လိုက်ကာ ပြောလိုက်သည်။ " သူကမှ အရမ်း အရှက်မရှိတာ မဟုတ်ဘူးလား .. "

Liam က ခရော့စ်အား စောင်းငဲ့ကြည့်ရင်း " အခြားသူတွေ သူ့ကို အဲ့လို ပြောလို့ရပေမဲ့ မင်းက မရဘူး "

' ကိုယ်ကိုယ်ကို ဘယ်လောက်ထိ အရှက်မဲ့လဲဆိုတာ မေ့ချင်ယောင်ဆောင်နေတာမလား .. '

တချက်နှစ်ချက်လောက် ရိုက်ခံလိုက်ရပြီးနောက် ဟီရုန်က ပြန်တိုပ်ခိုက်တော့သည် ။ သူနဲ့ ရိုဟန်အား နှစ်ယောက်တိုက်ပွဲ ပေးထားသည်ကို ကြည့်ရင်း သူ့မျက်လုံးများက ကောက်ကျစ်မှုများ ပြည့်နှက်သွားတော့သည် ။ ' ရိုဟန်ကို ဓားစာခံ လုပ်နိုင်ရင် ..'

သို့သော် ရိုဟန်နဲ့ တိုက်ခိုက်ရင်း ဟီရုန်က အနည်းငယ် အသာစည်းရသည်မှ လွဲ၍ မနိုင်ခဲ့ပေ ။ ရိုဟန်၏ မျက်နှာထက်တွင် ဂရုမစိုက်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည် ။ " Liam က နောက်ကျမနေခဲ့ရင် ငါက အချိန်ဆွဲဖို့ မင်းရဲ့ သောက်စကားတွေကို နားထောင်နေမှာ မဟုတ်ဘူး "

ဟီရုန်သည် အဖမ်းခံလိုက်သည့်တိုင် ရုန်းကန်မှု လျော့မသွားခဲ့ပေ ။ အနိုင်ရသူသည် အဖြေပေါ်သွားပြီ ဖြစ်သည့်တိုင် သူက ထိုအဖြေအား ပြောင်းပစ်ချင်နေသေးသည် ။ ' ရိုင်.. ရိုင်ယန် .. သူသာဆိုရင် အစီအစဉ် ဆွဲနိုင်မှာ ..' သို့သော် ရိုင်ယန် သည်လည်း မျှော်လင့်ချက်ပျောက်ဆုံးနေသည်ကို မြင်ချိန် သူ့ အားများ ပြတ်သွားတော့သည် ။

" ဘာလို့လဲ .. ဘာလို့လဲ!!! ငါက ရခဲလှတဲ့ ဒုတိယဘဝမှာ အချစ်စစ်နဲ့ အတူ ရှင်သန် ချင်ရုံလေးပါ .. ဘာလို့ ဖျက်ဆီးရတာလဲ !!!! " ရိုင်ယန်က ခရော့စ်အား စိမ်းစိမ်းဝါးဝါး ကြည့်လျက် အော်ဟစ်လိုက်သည် ။

' ဟားးဟားး ငါလိုချင်တာ ဒါဘဲ .. များများလေး မုန်း ကလဲ့စားချေချင်စိတ်တွေ ပေါက်ကွဲ ထွက်လိုက်စမ်း !! .. ' ခရော့စ်က စိတ်ထဲမှ ရေရွတ်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည် ။

" ပျင်းလို့လေ .."

ရိုင်ယန်၏ မျက်ဝန်းများက ဒေါသကြောင့် နီရဲလာလေသည် ။ လော့သည် ထိုမြင်ကွင်းအား မကြည့်ချင်သဖြင့် တဖက်သို့ လွဲလိုက်သည် ။

" မင်းမှာလဲ ချစ်ရသူ ရှိလျက်နဲ့ ... ရှိလျက်နဲ့ .. ဒီလောက် ရက်စက်တဲ့သူ .. မင်း ဝဋ်လည်မှာ မကြောက်ဘူးလား .."

Liam ၏ မျက်တောင်လေးများက တုန်ယင်သွားကာ ခရော့စ်၏ လက်အား ဆုပ်ကိုင်လိုက်သည် ။ ရိုင်ယန်သည် တပ်သားများ ဆွဲခေါ်ရာနောက်သို့ အော်ဟစ်ရင်း ပါသွားခဲ့သည်။  ဟီရုန်သည် အင်အားစုများကို စုစည်းထားသဖြင့် ဖြိုခွဲရာတွင် တစ်စုတစ်စည်းတည်း ဖြိုခွဲလိုက်နိုင်လေသည် ။ အောင်မြင်မှုကို ရချင်လျှင် အချိန်ကောင်းကို စောင့်ရသည်က အမှန်ပင် ။

ကိုင်းရာ အဖွဲ့အတွက် ဟီရုန်က အခမဲ့ဖြင့် အဆင်သင့် လုပ်ပေးထားခဲ့သည်ဟုပင် ဆို၍ ရလေသည် ။ သူတို့က အင်အားများကို ငြိမ်ဝပ်အောင် လုပ်နိုင်ခဲ့ပြီး အရင်ကလို တခွဲတပြား မဖြစ်တော့သဖြင့် ပြင်ပရန်ဖြင့် ရင်‌ဆိုင်ရလျှင် အရင်ကထက် ပိုကောင်းအောင် ရင်ဆိုင်နိုင်ကြတော့မည် ဖြစ်သည် ။ ဟီရုန်နဲ့ ရိုင်ယန်သည် လူသားမျိုးနွယ်၏ မျိုးရိုးဗီဇ တိုးတက်ရေးအတွက် အစမ်းသပ်ခံအနေဖြင့် တစ်ဘဝလုံး နေသွားခဲ့ရသည် ။ သူတို့ သေဆုံးသည်ထိတိုင်အောင် တဆထက်တဆ တိုးတက်လာသည့် အမုန်းများက ရပ်တန့်မသွားခဲ့ပေ ။

" မင်းတို့က ဘာကြောင့် နောက်ကျနေရတာလဲ ..  " ရိုဟန်က လော့အား ကြည့်လိုက်ရာ လော့သည် နေရခက်ဟန် တဖက်လှည့်သွားခဲ့သည် ။ Liam သည် သူ့ခြေထောက်များကို အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏ ။

ခရော့စ်က မျက်နှာ ရှုံ့မဲ့ကာ " ဟမ့် .. ဘာ မပြောရဲစရာရှိလဲ .. ငါနဲ့ Liam ဒိတ်လုပ်နေလို့လေ "

ရိုဟန်၏ မျက်နှာက ဒေါသကြောင့် နီရဲလာကာ အံတကြိတ်ကြိတ်ဖြစ်လာတော့သည် ။ ဒီအကောင်က အရေးကြီးကိစ္စကို အလေးအနက် မထားဘူး .. ။ သို့သော် နောက်ဆက်တွဲ ပြောလာသည့် ခရော့စ်၏ စကားကို ကြားသည့် အချိန်တွင် ရိုဟန်က သွေးအန်ချင်စိတ် ပေါက်သွားတော့သည် ။

" အရေးကြီးကိစ္စဆိုတာ အရင်လုပ်ရတယ်လေ .. အဲ့သဘောတရားလေးကို နားမလည်ဘူးလား "

ရိုဟန် :"...." ကမ်ဘာ့အရေးက အသေးအမွှားကိစ္စလေးလား

လော့ : "...."

Liam က ခရော့စ်၏ ခန္ဓာကိုယ်အား တွန်းလိုက်ကာ ဆွဲခေါ်ထုတ်သွားတော့သည် ။ " ငါက ပိုအရေးကြီးတယ်ဆိုတာ ငါသိရင် ပြီးပြီမို့ .. မပြောနဲ့တော့ .. ဟုတ်ပီလား .."

ခရော့စ်၏ လက်က Liam ၏ ပါးပြင်လေးအား ထိတွေ့လိုက်ကာ နူတ်ခမ်းလေးအား လက်မဖြင့် ပွတ်သပ်လိုက်သည်။ " ကိုယ့် နူတ်ခမ်းကို ပိတ်ဖို့ တစ်စုံတစ်ခု လိုအပ်တယ်လေ "

ခရော့စ်က Liam ၏ နူတ်ခမ်းမှ နူတ်ခမ်းပိတ်ဖို့ ကိရိယာ နာမည်များ မထွက်လာသေးခင် ဦးစွာ ဖိကပ်နမ်းလိုက်‌တော့သည်။

" နောက်ကို ကိုယ့်ကို စကားမပြောစေချင်ရင် .. ဒီနည်းလမ်း သုံးလို့ရတယ်နော် .."

ပြုံးစစဖြင့် ပြောလာသည့် စကားသံ ခပ်သဲ့သဲ့သည် အခန်းတွင်း ပဲ့တင်ထပ်နေခဲ့‌တော့သည် ။

______________________________
Arc.7. End ..

ရေးးရေးး ယို့ ယို့  arc . 7 ထိတောင် ပြီးပြီဟေ့ ..💃❤️

နောက် arc အတွက် ခေါင်းစားရဦးမည် .. 😣❤️

_____________

Continue Reading

You'll Also Like

289K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
439K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
372K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်