Hey! Mr.Rapper, I'm your Anti...
By HeatheryYM_9395
24.3K 3.8K 569
Everyone thinks that I'm his hardcore fan,Why??? More
01 [Intro]
02
03
04
05
06
07
08
09
10
Special Chapter : Travel blogspot.com
11
12
13
15
14
973 177 8
By HeatheryYM_9395
[Unicode]
တောင်ကိုရီးယား ရဲ့ အင်အားကြီးစီးပွားရေးလုပ်ငန်းစုများအနက်မှ
ထိပ်တန်းနေရာတွင် အမြဲ နေရာယူထားသည်ကတော့
Great Nation လုပ်ငန်းစု ဖြစ်ပြီး
လျှပ်စစ်ထမင်းပေါင်းအိုး ၊ ရေခဲသေတ္တာ ၊ TV မှအစ
အဝတ်အထည် အဆုံး လူသုံးကုန်ပစ္စည်းအများအပြား
ထုပ်လုပ်ရောင်းချသည့် ကြီးကျယ်လှသည့်
ဒီ group ကြီး ကိုတော့
Great Nation ရဲ့ Nation ကို ကိုယ်စားပြုသည့်
Min family က ပိုင်ဆိုင်တာဖြစ်သည်။
GN group ရဲ့
မန်နေဂျာချုပ် ရုံးခန်းရှေ့တွင်
သေချာဂရုစိုက်ပြီး ပြင်ဆင်ထားသော
ကော်ဖီဗန်းကိုင်ရင်း ရပ်နေသော
လူတစ်ယောက် ။
'ဘယ်လိုလုပ်ရ မလဲ "'
မန်နေဂျာချုပ်ရဲ့ ညီငယ်လေးက
မကြာခဏရောက်လာဖူးတယ်ဆိုပေမဲ့
အခေါက်တိုင်းလည်း သူ့မှာ ကြောက်နေရဆဲ။
သဘောကောင်းပေမဲ့ အမြဲခပ်တည်တည်ပဲ
နေတတ်တဲ့ ဥက္ကဌကြီး
ငယ်ရွယ်ပေမဲ့ ထူးချွန် ထက်မြက် တဲ့
လက်ရှိ company ကို ဦးစီးနေသော သားအကြီးဆုံး မန်နေဂျာချုပ်
အနုပညာ လောကမှာ
လျှမ်းလျှမ်းတောက် အောင်မြင်နေသော
Music genius သားအငယ်။
ဒီလို တစ်ယောက်ထပ် တစ်ယောက်
ဂုဏ်ရောင် ကြီးမားလှတဲ့ Min မိသားစု က
လူတွေက အမြဲ အေးစက်တဲ့ အရှိန်အဝါတွေ
ထုတ်လွှတ်နေတတ်သေးတာ
အခု ရုံးခန်းထဲမှာ
ရှိနေတဲ့ နှစ်ယောက်ကြောင့်
လေထု က ပြင်းထန်တဲ့ အအေးဓာတ်တွေအပြည့် နှင့် ။
အသာအယာလေး တံခါးခေါက်ပြီး
ဝင်သွားဖို့ လုပ်ပေမဲ့
ကြားလိုက်ရတဲ့ စကားတစ်စွန်းတစကြောင့်
အလိုလို ရပ်တန့်သွားသည်။
"အခု company ရော entertainmentရော hyung လက်အောက်မှာပဲလေ "
အိုးမိုင် မိုင် ...
ဒါက ဒရာမာ တွေထဲမှာပါနေကျ
အကြီးနဲ့ အငယ် အမွေဆက်ခံခွင့် အတွက်
တိုက်ခိုက်နေကြတာများလား
ငါတော့ သေပြီ
ဘယ်လောက်မှမကြားလိုက်သေးတာ
တစ်ကယ့် တစ်ကယ်တစ်ကယ်ကြီးပါ လို့
အခုပြောရင် အလုပ်ထုတ် နှုတ်ပိတ်ခံရမယ့်အဖြစ်ကို
ရှောင်လို့ ရနိုင်အုံးမလား ။
ဒီလူငယ်လေးက အခုမှ
အလုပ်ဝင်တာ သုံးလတောင်မပြည့်သေးတဲ့
အတွင်းရေးမှုးငယ်လေး ပါ
သူ.အလုပ်မထွက်ချင်သေးဘူး ဗြဲ (╥_╥)
ဒါပေမဲ့ လည်း လက်ကဖွင့်ပြီးတဲ့ တံခါးကို
ပြန်ပိတ်လို့ မရတာကြောင့်
အသက်ကို ဖက်နဲ့ထုပ်ပြီးတော့ သူဝင်သွားလိုက်ပါသည်။
ကံကောင်းစွာပဲ
နှစ်ယောက်လုံးက စကားစရပ်ထားသည်ကလွဲ၍
သူဝင်လာသည်ကို ဘာမှမပြောသောကြောင့်
မြန်မြန် ကော်ဖီချပြီး ပြန်ထွက်လာခဲ့သည်။
အတွင်းရေးမှုးငယ်လေး မသိလိုက်သည်က
ညီအစ်ကို နှစ်ယောက်သည်
အမွေလုသည့် ဒရာမာ ရိုက်နေခြင်းတော့မဟုတ်ပေ။
"အကုန်အဆင်ပြေနေတာပဲကို ဘာလို့လဲ"
"ဟင့်အင်း မပြေဘူး ငါ ကုမ္ပဏီ နဲ့ကို တော်တော်အလုပ်များနေတာ "
"မလုပ်ချင်ဘူး အကိုက သားကြီးပဲလေ ဒီအလုပ်တွေအကုန် အကိုတာဝန်ယူရမှာပဲလေ "
"ဒါပေမဲ့ မင်းကရော ငါတို့မိသားစုရဲ့ သားပဲလေ နည်းနည်းလောက်ဒီအကိုကြီးကို ကူပေးလို့မရဘူးလား"
"ကျွန်တော် "
"ကောင်းပြီ အဲ့ဒါဆို အဲ့လိုပဲ လုပ်လိုက်ပြီ.နောက်လကုန်မတိုင်မီ အပြီးသတ်ပြီး Sunday evening ကို မင်းက တာဝန်ယူလိုက်တော့"
"ဒီအတောအတွင်း အဲ့က ပြဿနာတွေပေါ်လာရင်လည်း မင်းပဲ ကြည့်ဖြေရှင်းလိုက်တာ့ အကို တော်တော်မအားလို့ "
"ဒါပဲ ပြန်လို့ရပြီ Yoongi "
တစ်ယောက်ထဲ ဆုံးဖြတ်ပြီး တစ်ယောက်ထဲ
သဘောတူညီမှူရသွားသော
သူ၏အစ်ကိုကြီးဖြစ်သူကို
Yoongi ဘာမှပြန်မဖြေ ဘဲ ခပ်တည်တည်ထိုင်ကြည့်နေတော့
အစ်ကိုကြီး က လည်းပြုံးပြီးပြန်ကြည့်လာသည်။
"ဘာလဲ မပြန်ချင်သေးဘူးလား"
"ဒါဆို ဒီတစ်ခေါက် ကုမ္ပဏီကအသစ်တိုးချဲ့မယ့် ယောကျာ်းလေးဝတ် အားကစားဝတ်စုံ တံဆိပ်အသစ်ကို မင်းက.."
"ပြန်ပြီ"
အတုံ့အဆိုင်းမရှိ
ထပြေးသွားသော Yoongi .
ရက်စက်လိုက်တဲ့ ကောင်စုတ်လေး
သူကပဲဖြစ်ဖြစ် နည်းနည်းလောက်
အလုပ်တွေမျှယူပေးမှ
ဒီအကိုကြီးက နည်းနည်းအချိန်လေးဘာလေးရပြီး
ကြင်ဖက်တွေ့ ရည်းစားလေးထားလို့ရမှာပေါ့ ။
မနက်ဖြန် သဘက်ခါ ပဲ လေးဆယ်ပြည့်တော့မယ်။
အိမ်ထောင်လေးဘာလေး ပြုချင်သေးတာကို
စာနာပါအုံး လား တစ်ကယ်ပဲ။
⌒(・x・)⌒
သူတို့နှစ်ယောက်က အချင်းချင်းအမွေလွှဲရင်း ရန်ဖြစ်နေကြတာပါ ။
နှစ်ယောက်လုံးသည် အလုပ်ပျင်းသူ နှင့် လူပျိုကြီး မဖြစ်ချင်သူများသာ ။
......
ရိုက်ကွင်းက အပြန်
ကုန်တိုက်မှာ ဝယ်စရာတစ်ခုရှိတယ်ဆိုကာ
ရောက်လာပေမဲ့ အကုန်လိုက်လျှောက်ကြည့်နေသောကောင်လေး
အေးအေးဆေးဆေးလုပ်နေရုံမက
သူနှင့် သက်ဆိုင်သည်မထင်ရသော
ဟင်းသီးဟင်းရွက်တွေရှေ့ ပါရောက်သွားပြီ။
Eun Seok မန်နေဂျာကြီး လိုက်တားမနေတော့ဘဲ
လွှတ်ထားပေးလိုက်သည်။
သိပ်မကြာခင်ဆို
ဒီလို အေးအေးဆေးဆေးလေး လူကြားထဲမှာ
လျှောက်သွားလို့ ရတော့မှာ မဟုတ်တော့ ။
ဇာတ်ကားသစ်မိတ်ဆက်ပွဲ လုပ်ပြီးသည်နှင့်
တစ်ပတ်လောက်ပဲခြားကာ
တိုမားတိုးဂျူးဆူး က စပြီးထုတ်လွှင့်တော့မှာဖြစ်သည်။
လူကြည့်များတဲ့ ရုပ်သံလိုင်းကနေ
လွှင့်မှာမို့ ကြည့်ရှုနှုန်း ကတော့
အာမခံပြီးသားပင် ။
အဓိက ဇာတ်ဆောင်တွေကလည်း
နာမည်ကြီး တွေပဲမို့ ။
ဇာတ်ကားပေါက်သွားတဲ့ အခါ
Jimin လည်းအခုထက်ပိုပြီးကို
လူသိများလာတော့မှာ ဖြစ်သည်။
အဲ့အခါကျ လွတ်လွတ်လပ်လပ်နေရတော့မှာမဟုတ်တော့ ။
ရုပ်ကလေးကလည်းချောမော ၊
လူကလေးကလည်းချစ်စရာ ၊
သရုပ်ဆောင်တာလေးလည်း
ကြိုးကြိုးစားစား လုပ်ထားတာမို့
သေချာပေါက် ငါတို့ ကလေးလေးက
အောင်မြင်လာမှာ ။
တော်လိုက်တဲ့ Jimin လေး ။
ဘာမှ မသိဘဲ ချီးကျူး ခံနေရသော
Jimin ကတော့တစ်စုံတစ်ယောက်ကို
စာပို့ရင်းသာ အလုပ်ရှုပ်နေလျက်။
'Yoongi hyung အခုအားလား ဖုန်းပြောလို့ရလား'
Jimin ဆီက message ပို့ လိုက်ပြီး သိပ်မကြာလိုက်ပါ။
တစ်ဖက်က ဖုန်းပြန်ဆက်လာသည်။
"..."
"..."
"ဟုတ်"
"ဟုတ်ကဲ့ "
ဖုန်းပြောရင်းနဲ့
ပစ္စည်းတွေသေချာ ရွေးချယ်ပြီး
ခြင်းထဲ ကောက်ထည့်နေတဲ့ ကောင်လေးကို
ကြည့်ရသည်က ပထမဆုံးလုပ်ဖူးသလို
မဟုတ်ဘဲ မကြာခဏ လုပ်ဖူးသလိုပုံစံပင်။
ပြီးတော့ ဒီကောင်လေးဘယ်သူနဲ့
ဖုန်းပြောနေလဲ
ချိုသာ နေပြီး နူးနူးညံ့ညံပြန်ဖြေနေသည်က
နာခံလွယ်တဲ့ ပါပီပေါက်စလေးလို ။
ဒီကလေး ရည်းစားထားနေတာတော့
မဟုတ်ပါဘူးနော်။
"စောနက အကြာကြီး ဖုန်းပြောနေတာဘယ်သူလဲ"
မီးပွိုင့် မီးနီ နေတာမို့
ကားရပ်နေတုန်း Eun Seok က
ဘေးမှာဖုန်းကြည့်နေတဲ့ Jimin ကို
အမှတ်မထင်လိုလိုနှင့် လှမ်းမေးလိုက်တာဖြစ်သည်။
" ဘယ်သူ? ဪ.. စောနကလား Yoongi hyung ပါ"
"ဪ ဟုတ်လား အေးပါ"
မိန်းကလေးတော့ မဟုတ်ဘူးပဲ
ရည်းစားစောစော ရဖို့ လမ်းစမဟုတ်ရင်
ပြီးတာပါပဲလေ ။
ဘယ်သူလဲလို့ မေးပြီး
ဘာမှ ဆက်မမေးတော့တာကြောင့်
Yoongi hyung ကလေကျွန်တော်စားချင်တာချက်ကျွေးမယ်တဲ့
အဲ့တာကြောင့် ဈေးဝယ်လာတာလေ .လို့
ခပ်ကြွားကြွားလေးပြန်ပြောချင်ရှာသည့်
Park Jiminine နည်းနည်းလေးတော့ စိတ်ပျက်သွားသည်။ (ˇ⊖ˇ)
ထားလိုက်ပါတော့
ပုံပဲဆက်ရွေးတော့မယ်
ဆယ်မိနစ်ကြာလောက် ဆက်ရွေးနေပြီးနောက်
တနေ့က ဟန်မြစ်သွားတုန်းက
ရိုက်ခဲ့တဲ့ ပုံတွေထဲကပဲ ရွေးပြီးတင်လိုက်သည်။
@ 지민 🔹 created a new post : " မနေ့က ဟန်မြစ်မှာ ညဘက်လေညင်းခံရင်း လမ်းလျှောက်ထွက်"
....
Mini theatre :
ဂျီဂျီလေး ၏ post အားမြင်ပြီးနောက်..
_အိုမို အိုမို ချောလိုက်တာ ။
_ချစ်စရာကောင်းလိုက်တဲ့ ကလေးလေး။
_အိုပါး ဒီလောက်ချောမောနေတာ မဖြစ်နိုင်လိုက်တာ ညီမနဲ့ ပဲဖြစ်လိုက်ပါလား။
_အိုပါးရေ ဘယ်နေ့အားလဲ လက်ထပ်စာချုပ်အသင့်ဖြစ်နေပြီလို့ ။
_လက်ဖယ်ပြီး သွားရည်တွေသုတ်လိုက်ကြနော် ငါတို့ ကလေးလေးက နှစ်ဆယ်တောင် မပြည့်သေးဘူးဟဲ့
_အိုး အဲ့လိုဆို ဘယ်နေ့ပြည့်မလဲ တစ်ခါတည်း တွက်ပေးလို့ရမလား
အိမ်ကို ဘယ်တော့မှမောင်လေးနဲ့ အိမ်ထောင်ပြုဖြစ်မယ် ပြောပြထားချင်လို့ပါ
_ . . .
ဒါကတော့ အိုစီကြမ်းနေတဲ့ ဖန်တစ်သိုက်ပါ။
_အားးးး
_အားးးး
_အားးးး
_နောက်မှာ Yoongi oppa ကြီး မဟုတ်လား
_ဟုတ်တယ်
_တိုက်ဆိုင်တာ မဟုတ်ဘူးဒါဖူးစာပဲ
_တစ်ကယ်လို့ ဒါကတိုက်ဆိုင်တာမဟုတ်ဘဲ
နှစ်ယောက်သားအတူတူ သွားခဲ့တာဆိုရင်ရော??
_အပေါ်ကတစ်ယောက်ရေ နင်စိတ်ကူးယဥ်တာတော့မိုက်
အဲ့လိုလေး fan fic တစ်ပုဒ်လောက်ရေးလိုက်တော့
ထပ်ပြီးတော့ ဒါကတော့
စူးရှသည့် မျက်လုံး ထက်မြက်သည့် အမြင်အာရုံ နှင့်
စက္ကန့်ပိုင်းအကြာမျှ ကြည့်ပြီးနောက် ပွကလောရိုက်သွားတဲ့ cpဖန်တစ်အုပ်စုပါပဲ ။
###
[Zawgyi]
ဒီ group ကြီး ကိုတော့
GN group ရဲ့
လူတစ်ယောက် ။
'ဘယ်လိုလုပ်ရ မလဲ "'
နေတတ်တဲ့ ဥက္ကဌကြီး
အနုပညာ လောကမှာ
Music genius သားအငယ်။
ထုတ်လွှတ်နေတတ်သေးတာ
အခု ရုံးခန်းထဲမှာ
အိုးမိုင် မိုင် ...
ငါတော့ သေပြီ
ဒီလူငယ်လေးက အခုမှ
ကံကောင်းစွာပဲ
"ကျွန်တော် "
သဘောတူညီမှူရသွားသော
"ပြန်ပြီ"
အတုံ့အဆိုင်းမရှိ
ထပြေးသွားသော Yoongi .
အလုပ်တွေမျှယူပေးမှ
⌒(・x・)⌒
......
ရိုက်ကွင်းက အပြန်
လွှတ်ထားပေးလိုက်သည်။
သိပ်မကြာခင်ဆို
တစ်ပတ်လောက်ပဲခြားကာ
အာမခံပြီးသားပင် ။
နာမည်ကြီး တွေပဲမို့ ။
လူကလေးကလည်းချစ်စရာ ၊
သရုပ်ဆောင်တာလေးလည်း
အောင်မြင်လာမှာ ။
"..."
"..."
"ဟုတ်"
"ဟုတ်ကဲ့ "
ဖုန်းပြောရင်းနဲ့
ဖုန်းပြောနေလဲ
မဟုတ်ပါဘူးနော်။
"ဪ ဟုတ်လား အေးပါ"
ပြီးတာပါပဲလေ ။
ဘယ်သူလဲလို့ မေးပြီး
ထားလိုက်ပါတော့
ပုံပဲဆက်ရွေးတော့မယ်
....
Mini theatre :
_ . . .
_အားးးး
_အားးးး
_အားးးး
_ဟုတ်တယ်
ထပ်ပြီးတော့ ဒါကတော့
###
Continue Reading
You'll Also Like
206K 7.2K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
142K 5K 39
โ if I knew that i'd end up with you then I would've been pretended we were together. โž She stares at me, all the air in my lungs stuck in my throat...
628K 31.8K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
135K 6.3K 35
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...