Love + Love
|Author Blackclock
Chapter 12
လျောင်းစက်နေလေသော သူ နံဘေးက
မိန်းမပျို။ သူမ ကိုယ်အထက်မှာကား အဝတ်
တစ်စ ကောင်းကောင်းမရှိ။ လစ်လပ်နေတဲ့
အဝတ်တို့နဲ့ ကိုယ်တုံးလုံး ဝတ်လစ်စလစ်နဲ့
မိန်းမပျို။
သူမ အနား ရှိသူက တုတ်တုတ်မျှ မလှုပ်။
ဤနေ့က မင်္ဂလာရှိသော နေ့ဖြစ်ပေမယ့်
မျက်နှာကြက်ကို မော့ကြည့်လို့ ငေးစိုက် ကြည့်
နေသူ ဦး ဘာကို အတွေးလွန်နေတယ် မသိ။
" ဦး "
"ဟွန်"
"ဦး ဘာတွေ အတွေးလွန်နေတာလဲ"
"ဒီလိုပါပဲ ဦးတို့ ဒီဘက်ကမ္ဘာကြီးမှာပဲ
ပျော်ပျော်ရွှင်ရွှင်နေကြရင် ကောင်းမလား လို့ပါ"
"ဦးကလည်းလေ ဦး လို့……"
ဦး မျက်နှာကို လက်နဲ့ ကိုင်လှည့်လို့
အသွေး စိတ်မရှည်တော့စွာ စိုက်ကြည့်
မိလေပြီ။
"ဘာတုန်းကွယ်"
"ဦး ဘာလို့ အတွေးတွေ လွန်နေတာလဲ
ဦးရယ်……၊ဘာလဲ ဘာကို စိုးရိမ်နေတာလဲ
အသွေးကို ပြောလေ"
"ပြောရမလား သွေး"
"ပြောပါဆိုနေမှ"
" သွေး ဇတ်ပိုးက အမှတ်အသားကြောင့်ပါ"
"ဟင် မြွေကြေးခွံအရုပ် တက်တူးကို ပြောတာလား"
"အွန်း"
"အော အဟင်း ဘာဆန်းသလဲ ဦးရယ်
ဘာမှ မဖြစ်ပါဘူး လပိုင်းလောက်ပဲ ခံတဲ့
တက်တူးလေးပဲဟာ"
"ဒါပေမယ့်"
"ရှူးတိုးတိုး"
"ဟင်……ဟင်း……ဟူး……"
ဦး မျက်ဝန်းတွေ မှေးစက်သွားလေအောင်
အသွေး စွမ်းဆောင်လိုက်တဲ့အခါ ဦးခေါင်း
ကို ထိုးဖွလာတဲ့ ဦးရဲ့ လက်ချောင်းတွေ…
နှုတ်ခမ်းလေးကိုက် ညည်းညူပြနေလေ
တော့ ဦး နို့အသီး မည်းမည်းလေးကို ဖွဖွ
လေး ကိုက်လိုက်တဲ့ အခါ ဦးခမြာ ကြက်သီးမွှေး
ညှင်း ထသွားရှာလေသည်။ ထို့နောက် အိပ်
ပျော်နေလေသော သားရဲကောင်ကို လှုပ်နှိုး
မိသလိုဆိုတော့……
တအောင့်အကြာ……၊ ငြိမ်သက်နေတဲ့ ပင်လယ်
ပြင်အထက် မုန်တိုင်းဝင်ရောက်လာသလို
မင်္ဂလာဦးည အိပ်ခန်းအတွင်း ဆူညံပွတ်လော
ရိုက်နေလေတော့သည်။
မြန်မာဆန်ဆန် နေတတ်အောင် နေတတ်
ခဲ့မိတဲ့ အသွေးတောင် အရိုင်းဆန်တဲ့
ကောင်မလေးသဖွယ်တောင် ပေါက်လို့။
ထိုညတော့ အခန်းတွင်းမီးရောင်က
မမှိတ်သွားလေခဲ့……။
တစ်ချိန်အရောက် ရောက်နေလေသော
နေရာတစ်ခု။
ဦးညှို့နက် အပြေးလိုက်နေပေမယ့်
မိုးလောက်မြင့်မားတဲ့ လူဘီလူးကြီးတွေ
ခြံရံကာ သွားနေလေသည့် သွေး။
အနောက်ကို တစ်ချက်လှည့်ကြည့်ကာ
ထွက်သွားလေတော့ ဦးညှို့နက် နုန်းချိနေ
လေပြီ ဖြစ်သော ခြေထောက်ကို အပြစ်တင်
ပြောဆိုလို့သာ ကျန်ခဲ့လေသည်။
"ဟင့် ဟင့်အင်း သွေး သွေးရေ
ဦးကို မထားခဲ့နဲ့လေကွယ် သွေး……"
နှလုံးသားပေါက်လုမတက် ရင်နာနာနဲ့
အော်လေသည့်တိုင်အောင် သွေးတစ်ယောက်
ကျောခိုင်းလို့ ထွက်သွားနေဆဲသာ။
မမီလေတော့……။
သွေး သူ့ကို ထားသွားခဲ့လေပြီ။
"ဟင်း……"
သက်ပြင်းချသံ။
နံနက်ခင်းမှာတင်
အလိုမကျထွက်ပေါ်လာသော
အသံ။
" ဟင် သွေး သွေး သွေးရေ "
အိပ်ရာထက် အသာအယာ မျက်လုံးဖွင့်ပြီး
နောက် နံဘေး အိပ်ရာထက်တွင် သွေး မရှိ
လေတော့ ဦးညှို့နက် အောက်ပိုင်း ဗလာကျင်း
နဲ့ အခန်းပြင် ထွက်ဖို့ ပြင်နေလေသည်။
" ကျွီ……"
"ဟယ် ဦး ဘယ်လဲ"
"သွေးရယ်"
တံခါးလက်ကိုင်ကို ကိုင်နေဆဲ သွေး တံခါး
ဖွင့် ဝင်လာလေတော့ ဦးညှို့နက် စိတ်လက်
ပြေလျော့ကာ ချစ်ရသူကို ပွေ့ဖက် ထားမိလေ
တော့သည်။
"အို ဦးကလည်း ဘာမှလဲ မဝတ်ထားသေးပါ့လား
ဖယ်ပါတော့ သွေး ဦးကို ရေချိုးပေးမယ် လာ"
အသွေး ဆရာမလေးလို ဆူပူပူဟန်လေး
နဲ့ ပြောနေလေတော့ စာမရတဲ့ ကျောင်းသား
လေးလို ဦးခမြာ သနားစဖွယ်လေးလုပ်၍ ငေးစိုက်
ကြည့်နေလေသည်။ ဖြန့်ချထားတဲ့ အသွေး
ဆံနွယ်စတို့ကို ထိုးဖွကိုင်ကာ ပါးကလေးနဲ့
ထိကပ်အပ်ထားလေသည်။
" ဦးကလည်း ကလေးကြနေတာ
ဘာလဲ အိပ်မက်တွေ မကောင်းပြန်ဘူးလား"
ဦး စကားပြန်မပြော။ ခေါင်းကိုသာ
တွင်တွင်ညိတ်ပြနေလေသည်။ထို့
နောက် အသွေး လက်မောင်းလေးကို
လက်မောင်းတုတ်ကြီးတွေနဲ့လာ ဆုပ်
ကိုင်ကာ ကလေးလို ပျစ်ချွဲချွဲ မျက်နှာပေး
လုပ်ပြနေလေရဲ့။
ရေမိုးချိုး သန့်စင်ပေးတော့လည်း
အသွေး နေရာအလပ်မကျန်စေအောင်
တိုက်ချွတ်ဆေးကြောပေးပြီးနောက်
နောက်ဆုံး ဦး မျက်နှာဖွေးနုနုကို ခရင်တစ်ခု
ပွတ်လိမ်းကာ ခေါင်းကို သုတ်ပေး၊ ဖြီးလိမ်း
ပေးနေမိလေသည်။
နှုတ်ခမ်းတဝိုက် နှုတ်ခမ်းမွှေးတို့ မရှိ
တော့တဲ့ အခါ ဦးဟာ သိပ်ကို ချောမော
လွန်းသူဆိုတာ သေချာစေခဲ့လေသည်။
"ဦး"
"ဟွန်"
"ဦး ဘာဖြစ်နေတာလဲ ဟင်"
ဟုတ်တယ်။ အသွေး မေးမိတယ်။
မှန်ထဲကနေ လူကို ဦး ကြည့်နေပုံက
ပုံမှန်မဟုတ်။ ကြောက်စဖွယ်အတိ။
မတော် ထသတ်နေလေမှ ဟုတ်ပေ့
ဖြစ်နေပေလိမ့်မည်။
" အသွေး "
"ရှင်"
"မင်း ဘာလို့ ဦး လက်ထက်တာကို
လက်ခံခဲ့တာလဲ"
"ရှင်"
"ဦးက ရူးနေတဲ့ ကောင်မှတ်လား"
"ဦးကလည်း အဲ့လိုမပြောပါနဲ့"
"ဦး ရူးနေတာ ဦးသိပါတယ် အဟင်း
မဆိုးဘူး ဦး လူရွေးတော်သွားပြီ"
"ဟင် ဘာလို့"
"အသွေးက လှလည်း လှတယ်၊
ကြင်လည်း ကြင်နာတတ်တယ်"
"ဒီလိုပဲ ဖြစ်ရမှာပေါ့"
"ဦးကို တစ်နေ့တော့ ထားခဲ့မှာမလား အသွေး"
"ဦး အခုက ပုံမှန် စိတ်အခြေအနေလား ဟင်"
"အွန်း ဆိုပါတော့……၊ အဟင်း
ဦး အသွေးအတွက် စီစဉ်ထားပြီ၊
နက်ဖြန် ဒေါက်တာနဲ့ အမေရိကန်ကို
လိုက်သွားပါ"
"ရှင်"
"ဦးဟာ ဒေါက်တာရဲ့ ကျေးဇူးရှင်
ဖြစ်ဖူးတာကြောင့် အသွေး ဝါသနာပါတဲ့
အဆိုနည်းပညာတွေ လေ့လာဆည်းပူး
ဖို့ ဒေါက်တာ့ အကူညီတွေနဲ့ အဆင်ပြေပါစေလိမ့်မယ်"
"အို ဦး ဘယ်လို ပြောလိုက်တယ်
ဒေါက်တာနဲ့ လိုက်သွားရမယ် ဟုတ်လား"
"အွင်း"
"ဟင့်အင်း သွေး ဦး ဦးအနားမှာပဲ
နေမယ်၊ ဦးနဲ့သွေးတို့ အတူတူတောင်
ကောင်းကောင်းမှ မနေရသေးတာဟာ"
"လိုက်သွားလိုက်ပါ ဦးကို ဒေါသထွက်အောင်
မလုပ်ပါနဲ့၊ စရိတ်အကုန် ဦး ကုန်ကျခံပေးပါ့မယ်"
"မလိုပါဘူး ဦးရယ်၊ ဦးက ဦးကို သိပ်ချစ်ပါမှ
နှင်လွှတ်ရက်တယ်နော် ဦး မကောင်းဘူး"
အသွေး စိတ်ချဉ်ပေါက်ကာ အိပ်ရာပေါ်
ပစ်ထိုင်ချ စိတ်ကောက်နေလေတော့ ဦး
ထိုင်ရာက ထ လိုက်လာလေသည်။ ထို့နောက်
အသွေး နဖူးကလေးကို လာနမ်းသည်။ အသွေး
မျက်ရည်ရစ်ဝဲလာမိသည်။ ဦး ဒေါက်တာနဲ့သူမ
တို့ ပြောခဲ့သည်ကို ကြားခဲ့တယ် ထင်ရဲ့။
နှုတ်ခမ်း ဦး နမ်းမယ်လုပ်တော့ အသွေး
မျက်နှာကို လွှဲပစ်မိလေသည်။
"အသွေး"
"ပြောဘူး"
"ဦးကို သားသားဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ်
မွေးပေးပါကွာနော် " တဲ့။
လျှပ်တစ်ပြတ် ဝင်လာသော
ဦးရဲ့ တောင်းဆိုစကား။
"ဘာမှ လာပြောမနေနဲ့ ၊ တော်ပြီ
အသွေး ကိုယ့်နေရာ ကိုယ်ပဲ ပြန်သွား နေ
တော့မယ့် သိပ်ကို စိတ်ရှုပ်တယ်"
" အသွေး"
ကျယ်လောင်လွန်းသည်။ အသွေး
လက်မောင်းကို လက်နဲ့ ကိုင်ဆုပ်လို့
အော်ငေါက်သံနဲ့ ခေါ်လိုက်သော
ဦးရဲ့ အသံက လန့်စဖွယ်။
ထိုချိန် အသွေး ချက်ချင်း သိလိုက်ရတာက
ဦးအမြင်မှာ သူမဟာ ငွေကြေးမက်လို့
အတူနေပေးမယ် ထင်နေတယ်ပေါ့။
ရပါတယ်လေ ဦးညှို့နက်ရယ်……
ရှင့်ကို မိန်းမအိနြေ္ဒပျက်ခံပြီး ချစ်ဖို့
တောင် ရှင်က အသည်းမာပြနေတာ
အသွေးလည်း မာနနဲ့ပါ ၊ ရှင်လိုချင်တာ
ရှင် ရနိုင် ယူနိုင်အောင် ကြိုးစားသလို
အသွေးလည်း ရသင့်တာ ယူပြီး ရှင့်ကို
သူစိမ်းဆန်ပြသွားပါ့မယ်……
သိပ်မုန်းချင်စရာ ကောင်းတဲ့
သူဋ္ဌေး လူရိုးလူအရူးကြီး။
ရှင့်ကို ဆောင့်ကိုင်
သတ်ပစ်ချင်တော့တယ်
ကိုလူအေးကြီးရယ်……။
အပိုင်း ၂၄မျှော်
blackclock/8:27pm - Nov16 2021
(အိပ်ငိုက်နေတဲ့အထိ ပင်ပန်းနေတဲ့ကြားက
ကြိုးစားရေးထားပါတယ်ဗျာ။)