Like Love But Not [ ဘာသာပြန် ]

By Kay_Wine

78.1K 10.7K 670

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

02

1.8K 262 17
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : ကြၽန္ေတာ္က ေကာင္းမြန္တဲ့အဆုံးသတ္ကို မႀကဳံရ႐ုံတင္မကဘူး ဒီလိုျပဇာတ္မ်ိဳးကိုလည္း ၾကည့္ေနရေသးတယ္။ ]

•ေရွာင္ဟန္း•

ဝိဉာဥ္ေတြက အိပ္ဖို႔မလိုဘူးဆိုတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

အနည္းဆုံးေတာ့ ဒီေလာက္ေနာက္က်ေနတာေတာင္မွ မဆိုစေလာက္ေတာင္ ပင္ပန္းႏြမ္းနယ္မႈကို မခံစားရတာေၾကာင့္ ကြၽန္ေတာ္လည္း အရွက္မဲ့စြာနဲ႔ ေလာဘတႀကီးအခြင့္ေကာင္းယူကာ ေလာ့ယြီခ်န္းကို မတင္းတိမ္ႏိုင္စြာ ဆက္ၾကည့္ရင္း ဒီႏွစ္ေတြမွာ ကြၽန္ေတာ္ေသာက္သုံးမႏိုင္ခဲ့တာကို အျပည့္အဝေသာက္ပစ္မယ္လို႔ ကြၽန္ေတာ့္ဖာသာ သႏၷိဌာန္ခ်လိုက္တယ္။

ကြၽန္ေတာ္တကယ္ပဲ ဘာေနာင္တတရားကိုမွ မသိဘူး။

အေျခအေနကို စိုးစိမွ်တိုးတက္လာေအာင္ မလုပ္ႏိုင္ခဲ့ဘူး။

ကြၽန္ေတာ့္ရဲ႕အ႐ိုးေတြထိတိုင္ စိတ္ပ်က္စရာေကာင္းၿပီး ကြၽန္ေတာ့္ကို ဘယ္လိုမွ မကယ္တင္ႏိုင္ေတာ့ဘူး။

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကား ဆယ္ႏွစ္တိုင္ ေန႔ေရာညပါ အတူတူေနထိုင္ခဲ့ၾကတယ္။

ကြၽန္ေတာ္တို႔ရဲ႕ျဖဴစင္သန႔္ရွင္းတဲ့ ႏွစ္ေတြလိုမ်ိဳးပဲ ကြၽန္ေတာ္တို႔ေတြ ျမက္ခင္းေတြေပၚ အတူေျပးလႊားကာ အလြန္ျမင့္မားတဲ့ရည္မွန္းခ်က္ေတြနဲ႔ လူငယ္ဖလားမွာ ပါဝင္ၿပီး တစ္သက္လုံး ေဘာလုံးအတူကန္ၾကမယ္ဆိုၿပီးေတာင္ ေျပာခဲ့ၾကေသးတယ္။

ထိုအခ်ိန္တုန္းကဆို သူက အံ့မခန္းစြမ္းရည္ရွိတဲ့ ေရွ႕တန္းသမားျဖစ္ၿပီး ကြၽန္ေတာ္က အေနာက္ဘက္မွာေနတဲ့ ဂိုးသမားျဖစ္တယ္။

သူ အၿမဲေျပာတတ္တယ္ "ေရွာင္ဟန္းသာ ဒီမွာရွိေနၿပီး အေနာက္ကေန ေစာင့္ေပးေနရင္ ငါ စိတ္အသက္သာဆုံးပဲ"

ဒီစကားေလးတစ္ခြန္းေၾကာင့္ ကြၽန္ေတာ့္ရဲ႕အခ်ိန္ေတြနဲ႔ ခြန္အားေတြကို မေယာင္မလည္နဲ႔ ဘယ္ေလာက္ေတာင္ ျဖဳန္းခဲ့ရလဲဆိုတာနဲ႔ လူမသိသူမသိ ဒဏ္ရာေတြ ဘယ္ေလာက္ရခဲ့လဲဆိုတာ သူမသိခဲ့ဘူး။

မိုး႐ြာ႐ြာ ေနသာသာ သူ႔ရဲ႕ေျပးလႊားေနတဲ့ ေနာက္ေက်ာကို ၾကည့္ေပးႏိုင္ဖို႔အတြက္၊ ေနေရာင္ကို ေနာက္ခံထားကာ ျပန္လွည့္လာၿပီး ၿပဳံးျပတာကို ျမင္ရဖို႔အတြက္၊ အႏိုင္ရၿပီးေနာက္ သေဘာထားႀကီးစြာ စြန႔္ႀကဲလာတဲ့ ေပြ႕ဖက္မႈေလးကို ရဖို႔အတြက္ ပါဝင္ခဲ့တယ္။

ထိုအခ်ိန္တုန္းက 'သူငယ္ခ်င္းေကာင္း'ဆိုတဲ့ အေရကိုၿခဳံထားရင္း သူ႔ရဲ႕ေႏြးေထြးမႈကိုထဲ လိုလိုလားလား နစ္ဝင္ခဲ့တယ္။

အခု ျပန္ၾကည့္လိုက္မွ ထိုအခ်ိန္က အမွန္တကယ္ကို လူငယ္သဘာဝ ပူပန္မႈေတြ ကင္းေဝးၿပီး ဘာဆိုဘာမွမျဖစ္ေသး၊ ကံဆိုးမႈေတြလည္း မျဖစ္ေသးဘဲ - အေတာက္ပအလင္းလက္ဆုံးအ႐ြယ္ျဖစ္ခဲ့တယ္ဆိုတာ သတိထားမိလိုက္တယ္။

သို႔ေပမယ့္ ေနာက္ပိုင္း ကိစၥေပါင္းေျမာက္ျမားစြာ ျဖစ္ေပၚခဲ့တယ္။

ေျမာက္ျမားစြာေသာကိစၥေတြက ကြၽန္ေတာ္တို႔ၾကား အကြာအေဝးကို ေဝးသထက္ေဝးသြားေစခဲ့တယ္။

ဒီႏွစ္ေတြက သူ႔အတြက္ မြန္းက်ပ္ေစခဲ့ၿပီး ကြၽန္ေတာ္ကေတာ့ ကိုယ့္ကိုကိုယ္ အသံေတြျပာအက္ကုန္တဲ့အထိ ေအာ္မိတယ္။ အခုေတာ့ ကြၽန္ေတာ္တို႔ရဲ႕အကြာအေဝးက အႂကြင္းမဲ့အတိုင္းအတာထိ ေဝးခဲ့ၿပီျဖစ္တာေၾကာင့္ ကိစၥေတြကလည္း တကယ့္ကို လြယ္ကူသြားေတာ့တယ္။

တစ္ခါတစ္ရံမ်ားဆို ကြၽန္ေတာ့္ရဲ႕အေတြးေတြက အမိန႔္ခ်မွတ္ခံရမွာကို ေၾကာက္လန႔္တၾကား တုန္ရီစြာ ေစာင့္ဆိုင္းေနရတဲ့ ရာဇဝတ္သားတစ္ေယာက္လိုျဖစ္ေနတယ္လို႔ေတာင္ ေတြးမိတယ္၊ အခုေနာက္ဆုံး ကြၽန္ေတာ္ ေသမိန႔္ခ်ခံရၿပီး တစ္စုံတစ္ခုကို ျပန္ရဖို႔ႀကိဳးစားေနသလိုမ်ိဳး ဆက္ၿပီးေမွ်ာ္လင့္ေနစရာ၊ ဆက္ၿပီးေဝဒနာခံစားေနစရာ၊ အခ်ည္းႏွီးျဖစ္စရာမလိုေတာ့ဘူး။

ကြၽန္ေတာ္ သူ႔ဆီကေန ထာဝရစာ ခြဲခြာလိုက္ရၿပီ။

သူက ေနေရာင္ထဲမွာ သူ႔လမ္းသူေလွ်ာက္ႏိုင္ၿပီျဖစ္သလို ကြၽန္ေတာ္ကလည္း ေျမေအာက္ကမာၻကိုသာ ေလွ်ာက္သြားႏိုင္ေတာ့တယ္။

****

တိတ္ဆိတ္တဲ့ညတစ္ည ကုန္လြန္ခဲ့ၿပီ။

ေနမင္းကလည္း ျမင့္တက္လာေလၿပီ။

ကြၽန္ေတာ္ အသားမက်ခဲ့တဲ့ က်ယ္ေလာင္စြာျမည္လာတဲ့ ႏႈိးစက္ေၾကာင့္လန႔္သြားရတယ္။

ကြၽန္ေတာ္တို႔အတူရွိစဥ္က ဒီလိုမ်ိဳး ႐ူးေလာက္ေအာင္က်ယ္ေလာင္စြာျမည္တဲ့အရာမ်ိဳး ဘယ္တုန္းကမွ မရွိခဲ့ဘူး။

ကြၽန္ေတာ္ကအၿမဲတမ္း သူ႔ကိုႏႈိးဖို႔ တာဝန္ယူေပးခဲ့တယ္။

ကြၽန္ေတာ္ သူ႔ကိုႏႈိးရတာ သေဘာက်တယ္ဆိုတာကလည္း အထူးသျဖင့္ အိပ္ေနရာကေန ေယာင္ေတာင္ေပါင္ေတာင္ေလးျဖစ္ေနဆဲ ေလာ့ယြီခ်န္ကို သေဘာက်တာေၾကာင့္ျဖစ္တယ္။

သူက ေယာင္ေတာင္ေတာင္ျဖစ္ေနခ်ိန္မွသာ ကြၽန္ေတာ့္မ်က္ႏွာျမင္ရင္ သိသာလွတဲ့ဥပကၡာတရားကို မျပသတာေၾကာင့္ ကြၽန္ေတာ္လည္း အနည္းငယ္ဆိုသေလာက္ ေမြ႕ေလ်ာ္ႏိုင္ၿပီး ခိုးေၾကာင္ခိုးဝွက္နဲ႔ ကြၽန္ေတာ္တို႔ေတြ တအားကိုခ်စ္ခင္ၿပီး အတူတကြ ေပ်ာ္႐ႊင္ေနရသလိုမ်ိဳး ကိစၥအေသးအမႊားေလးေတြကို ဟန္ေဆာင္ပန္ေဆာင္လုပ္ႏိုင္တယ္။

သူက မနက္ခင္းတိုင္းမွာ ဘယ္တုန္းကမွ အေတာ္ေလးစိတ္တိုတယ္ဆိုတာမ်ိဳးမရွိဖူးတာကို ကြၽန္ေတာ္မွတ္မိေပမယ့္ ဒီေန႔ေတာ့ တကယ္ႀကီး ႏႈိးစက္ကို စိတ္ဆိုးမာန္ဆိုးနဲ႔ ေပါက္ခြဲလိုက္တယ္။

သူ႔မ်က္ႏွာတစ္ခုလုံးမွာ ဝမ္းနည္းမႈတို႔ ျပည့္ေနခဲ့တယ္။ ဟိုေယာင္ဒီေယာင္လုပ္ၿပီးေနာက္ ဆိုဖာေပၚကေန အလြန္တရာတြန႔္ဆုတ္စြာနဲ႔ ထလိုက္ၿပီး မ်က္ႏွာကို ဂ႐ုမစိုက္စြာ သစ္ၿပီးေနာက္ အဝတ္အစားလဲကာ ထြက္သြားတယ္။

မနက္စာေလးေတာာင္ စားမသြားဘူး။

သူက အၿမဲတမ္း အစာအိမ္ျပႆနာေတြႀကဳံရတာေၾကာင့္ မနက္ပိုင္းမွာ ကြၽန္ေတာ္က ေစာေစာထၿပီး သူ႔အတြက္ ႏြားႏို႔ေႏႊးေပးကာ အာဟာရျဖစ္ေစၿပီး အလြယ္တကူအစာေၾကႏိုင္တဲ့ စားစရာေတြ ျပင္ဆင္ေပးတတ္တယ္။ အၿမဲလိုလို သူအေတာ္ေလးစိတ္အေႏွာင့္အယွက္ျဖစ္တယ္ဆိုေသာ္ျငား ကြၽန္ေတာ္ သူ႔ကိုေခ်ာ့ေမာ့ေျပာလိုက္ရင္ နည္းနည္းေလာက္ျဖစ္ျဖစ္ စားတတ္ေပမယ့္ အခုက...

ထားလိုက္ပါေတာ့ ကြၽန္ေတာ္လည္း ေသသြားၿပီပဲဟာကို၊ သူ႔ကို ဆက္ၿပီး စိတ္မပူသင့္ေတာ့ဘူး။

ဒီေလာက္အမ်ားႀကီး စိုးရိမ္ေနေတာ့ေရာ ေသသြားၿပီျဖစ္တဲ့လူတစ္ေယာက္က ဘာလုပ္ႏိုင္မွာမို႔လို႔လဲ?

အသက္ရွင္စဥ္တုန္းက ရယ္စရာေကာင္းတဲ့ျပဇာတ္တစ္ခုလိုမ်ိဳး ေနထိုင္ခဲ့ၿပီး ေသသြားတဲ့ေနာက္မွာေတာင္ ဒီလိုကိစၥေတြကို ႐ူး႐ူးမိုက္မိုက္ စိုးရိမ္ေနတုန္းလား? ဒီလိုမ်ိဳးေတြးမိခ်ိန္မွာ ကြၽန္ေတာ္က ကိုယ့္ကိုကိုယ္ ေလးစားမႈေတာင္ မရွိပါလားလို႔ ခံစားမိလိုက္တယ္။

ကြၽန္ေတာ္ ေခါင္းလွည့္ကာ ကားျပတင္းေပါက္ကို ၾကည့္လိုက္တယ္။ အနက္ေရာင္မွန္ထဲမွာ ကြၽန္ေတာ့္ရဲ႕ပုံရိပ္ေယာင္ေလးတစ္စြန္းတစ္စေတာင္ ရွိမေနဘူး။

တကယ္ကို သရဲတစ္ေကာင္ပါလား။

****

ႏွလုံးသားထဲမွာ ႀကိတ္မွိတ္သည္းခံရင္း သူနဲ႔အတူ ကုမၸဏီထဲ ကြၽန္ေတာ္ဝင္လိုက္တယ္။

တစ္ခ်ိန္က ကြၽန္ေတာ္ဒီေနရာကို ေန႔တိုင္းလာၿပီး အခ်ိန္တစ္ခုေလာက္အထိ ဒီကုမၸဏီႀကီးတစ္ခုလုံးကို ကြၽန္ေတာ့္အပိုင္အျဖစ္ သတ္မွတ္ခဲ့ဖူးတယ္။

အတိတ္တုန္းက ဒီလိုခမ္းနားလွတဲ့စီးပြားေရးလုပ္ငန္းႀကီးမွာ ကြၽန္ေတာ္က ဥကၠဌျဖစ္ခဲ့တယ္။ ႏိုင္ငံထဲမွာ အေကာင္းဆုံးေဖ်ာ္ေျဖေရးကုမၸဏီျဖစ္ၿပီး သူက ကြၽန္ေတာ့္ေအာက္မွာရွိတဲ့ ေဖ်ာ္ေျဖေရးသမားတစ္ေယာက္ျဖစ္တယ္။

ထိုအခ်ိန္မွာ ေန႔တိုင္း ကြၽန္ေတာ့္အတြက္ တိတ္တခိုးအၾကည္ႏူးရဆုံးက ဘာလဲဆိုရင္ တစ္ေန႔တာအလုပ္ကို အေကာင္းဆုံးလုပ္ကိုင္ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ရဲ႕venueေတြထဲမွာ သူ႔ကိုသြားရွာၾကည့္ႏိုင္ၿပီး သူက ကုမၸဏီရဲ႕စတူဒီယိုေတြထဲက တစ္ခုမွာ အသံသြင္းေနတာမ်ိဳးကို ရွာေတြ႕ႏိုင္တယ္။

ဒါဆိုရင္ ကြၽန္ေတာ္က သူ႔ရဲ႕ေတာက္ပေနတဲ့ပုံရိပ္ကို အေဝးကေန ၾကည့္ႏိုင္တယ္။

အခု ကြၽန္ေတာ္က ဆက္ႏြယ္ခံထားရတဲ့ဝိဉာဥ္တစ္ခုျဖစ္လာတာေၾကာင့္ ပိုၿပီးေတာ့ေတာင္ ႏႈိင္းယွဥ္မရစြာကပ္ရပ္ေနႏိုင္ၿပီး ဒီနာမည္ေက်ာ္ထင္ရွားသူႀကီးရဲ႕ ထူးျခားတဲ့ဟန္ပန္အမူအယာကို ေဝးကြာျခင္းမရွိ ရႈစားႏိုင္တယ္။

ေလာ့ယြီခ်န္က အရပ္ရွည္ၿပီး ခါး႐ိုးမတ္ကာ တမူထူးစြာ ႏႈိင္းယွဥ္မရေလာက္ေအာင္ ၾကည့္ေကာင္းတယ္ဆိုေပမယ့္ မ်ားျပားလွတဲ့လူေတြရဲ႕လက္ခုပ္သံေတြေၾကာင့္ မိတ္ကပ္ဆရာနဲ႔စတိုင္လစ္ေတြရဲ႕ ထပ္ေဆာင္းျပဳျပင္ေပးတာကို ခံရဆဲျဖစ္တယ္။

ကင္မရာေတြ သူ႔ဘက္ကို လွည့္လာခ်ိန္မွာ သူက နာခံစြာနဲ႔ ကိုယ္ဟန္ျပေပးတယ္။

အႏၲရာယ္မ်ားကာ ဆြဲေဆာင္မႈရွိတဲ့ ကိုယ့္ကိုကိုယ္သာ ေမြ႕ေလ်ာ္သူ။ ဝန္ထမ္းေတြက ဒီလိုမ်ိဳးကို ႀကိမ္ဖန္မ်ားစြာ ေတြ႕ဖူးၾကတယ္ဆိုေပမယ့္ လူနည္းစုေလာက္ကေတာ့ ေငးေမာမိေနၾကဆဲျဖစ္တယ္။

ေနာက္ၿပီး သူက အၿပဳံးေလးတစ္ပြင့္ ဖန္တီးလိုက္ခ်ိန္မွာ သူတို႔လက္ထဲမွာ ကိုင္ထားတဲ့ပစၥည္းေတြ ျပဳတ္က်ကုန္တာကိုေတာင္ သတိမထားမိလိုက္တဲ့လူေတြ ရွိေသးတယ္။

ကြၽန္ေတာ္ နားလည္ပါတယ္။ သူက ဒီေလာက္ေတာင္ ေတာက္ပေနမွေတာ့ သူ႔ကိုေတာင့္တတဲ့သူေတြ၊ သူ႔ကိုသေဘာက်တဲ့သူေတြ အမ်ားႀကီးဆိုမွ အမ်ားႀကီးရွိတယ္။

ကြၽန္ေတာ္ကလည္း ထိုသို႔ေသာလူေပါင္းမ်ားစြာထဲမွ တစ္ေယာက္ဆိုေပမယ့္ သူ႔ရဲ႕ေအးစက္ၿပီးဖန္သားလိုမ်က္လုံးေတြထဲမွာ ကြၽန္ေတာ္တို႔ကို ျမင္မွာေတာင္မဟုတ္ဘူး။

သူက အေတာ့္ကို ရွားရွားပါးပါး ၿပဳံးခဲတယ္။

သူ႔ရဲ႕ပိုစတာေတြနဲ႔ ဓာတ္ပုံေတြအားလုံးအလိုလိုမွာ အဖတ္မတန္သလို လ်စ္လ်ဴရႈမႈေတြျပည့္ေနတဲ့မ်က္ႏွာမ်ိဳးရွိၿပီး ဒါနဲ႔ဆန႔္က်င္စြာ ဒီလိုေအးစက္မႈအလႊာကပဲ အတိအက်ကို လူေပါင္းမ်ားစြာက သူ႔ကို ေသလုေအာင္ခ်စ္မိေစတဲ့အရာျဖစ္တယ္။

သူ႔အတြက္ ႁခြင္းခ်က္က တစ္ခုတည္းသာရွိတယ္။

ထိုႁခြင္းခ်က္က ရွမင္ရႈသာျဖစ္တယ္။

ေခါင္းေလာင္းေလးတစ္ခုနဲ႔ ေၾကာင္ေလးတစ္ေကာင္လို ဝတ္ဆင္ထားတဲ့ ခ်စ္စရာေကာင္းတဲ့လူ၊ စားပြဲတင္ဓာတ္ပုံအသစ္ထဲက လူပင္။

ထိုလူနဲ႔ရွိေနမွသာ သူ႔ဆီက ေပၚလာခဲတဲ့ႏူးညံ့မႈတို႔ကို ထုတ္ျပေလ့ရွိတယ္။ သူတို႔ႏွစ္ေယာက္တည္း ရွိေနခ်ိန္ဆို မၾကာခဏ ၿပဳံးျပေနမလားဆိုတာ ကြၽန္ေတာ္ သံသယဝင္မိတယ္။

ဒီလိုမ်ိဳးေျပာေနပုံက မသိရင္ပဲ ကြၽန္ေတာ္က သူၿပဳံးတာကို အရင္က တစ္ခါမွမျမင္ဖူးသလိုျဖစ္ေစေပမယ့္ တကယ္က အဲ့လိုမဟုတ္ဘူး။ ဟိုးအရင္တုန္းက သူက ေလာကႀကီးကို ဂ႐ုမစိုက္စြာ ၿပဳံးႏိုင္ခဲ့တယ္။ ဒီေန႔လို သူျဖစ္လာရတာ တကယ္ေတာ့ အားလုံးက ကြၽန္ေတာ့္အမွားေတြခ်ည္းပါပဲ။

"Mr.ေလာ့!" ႐ုတ္တရက္ ဓာတ္ပုံဆရာက ရပ္သြားၿပီး မ်က္ႏွာေပၚမွာ အေတာ္ေလးရွက္႐ြံ႕ေနတဲ့အမူအယာတစ္ခု ရွိေနတယ္။

ေလာ့ယြီခ်န္က မလႈပ္မယွက္နဲ႔ တစ္ဖက္လူကို စကားဆက္ေျပာဖို႔ မ်က္လုံးေတြနဲ႔သာ အခ်က္ျပလိုက္တယ္။

"ကြၽန္ေတာ္တို႔ေတြ ခဏေလာက္ ခင္ဗ်ားရဲ႕နားကပ္ကို ခြၽတ္လို႔ရႏိုင္မလား?"

အခု သူက ကိုယ္တိုင္ခ်ဳပ္Lu de Vici အေနာက္တိုင္းဝတ္စုံကို ဝတ္ဆင္ထားတာေၾကာင့္ သူ႔တစ္ကိုယ္လုံး အလြန္အမင္း ေသြးႀကီးေမြးႀကီးႏိုင္ကာ ျပင္းထန္လြန္းတဲ့သက္ေရာက္မႈကို ေပးစြမ္းေနတယ္။

သို႔ေပမယ့္ သူ႔နားေပၚမွာ တြဲေလာင္းက်ေနတဲ့ ေငြေရာင္လက္ဝါးကပ္တိုင္နားဆြဲေလးက သူ႔ပုံရိပ္နဲ႔ လိုက္ဖက္သင့္သေလာက္ မလိုက္ဖက္ေနဘူး။

ေသခ်ာေပါက္ ကြၽန္ေတာ္သာ အသက္ရွင္ေနေသးရင္ အခ်စ္ကေလးရဲ႕အႀကိဳက္ ျပင္သစ္ဒီဇိုင္နာကမာၻေက်ာ္ Mr.Lu de Viciကို ေနာက္တစ္ႀကိမ္သြားေတြ႕ၿပီး သူ႔ကို ဟာသလုပ္ဖို႔ အခြင့္အေရးရွာမိမွာပဲ။

ကြၽန္ေတာ္ေျပာမွာက 'ေရွာင္လုေရ၊ မင္းကိုယ္တိုင္ ဒီဇိုင္းဆြဲခဲ့တဲ့ နားဆြဲေလးက မင္းရဲ႕ကိုယ္တိုင္ခ်ဳပ္ဝတ္စုံနဲ႔ တကယ္ႀကီး လိုက္ဖက္မေနဘူးကြာ'လို႔ပင္ျဖစ္တယ္။

ေလာ့ယြီခ်န္ ဓာတ္ပုံဆရာကိုသာ စိုက္ၾကည့္ေနၿပီး ခ်က္ခ်င္းမတုံ႔ျပန္ခဲ့ဘူး။

ေဘးပတ္ပတ္လည္ရွိေလထုကလည္း တခဏခ်င္းမွာ ေအးစက္သြားၿပီး ဓာတ္ပုံဆရာရဲ႕အမူအယာကပါ အနည္းငယ္ ကိုး႐ို႕ကားယားျဖစ္လာတယ္။ ေဘးမွာရွိတဲ့လူေတြကလည္း ေခြၽးေတြကို တိတ္တိတ္ေလး ခိုးသုတ္ေနရတယ္။

အေၾကာင္းျပခ်က္ကေတာ့ လူတိုင္းသူတို႔ေတြၾကားခဲ့ရတဲ့ ေကာလဟလေတြကို ယုံၾကည္ေနၾကၿပီး တစ္ေယာက္ခ်င္းစီတိုင္း ထင္ေနၾကတာက ထိုလက္ဝါးကပ္တိုင္က ေလာ့ယြီခ်န္ရဲ႕ တန္ဖိုးအထားရဆုံးရတနာျဖစ္ၿပီး သူ႔အတြက္ အလြန္တရာအေရးပါတဲ့အရာတစ္ခုျဖစ္တယ္။

ဒီလိုမ်ိဳးနားလည္မႈလြဲရတာမွာလည္း အေၾကာင္းျပခ်က္တစ္ခုရွိတယ္။

ေလာ့ယြီခ်န္က ကိုးႏွစ္ေက်ာ္သက္တမ္းရွိ ေဖ်ာ္ေျဖေရးသမားတစ္ေယာက္ျဖစ္ကာ တျဖည္းျဖည္းနဲ႔ နာမည္ေက်ာ္ၾကယ္ပြင့္ျဖစ္လာၿပီး သူ႔ပုံရိပ္ကလည္း အႀကိမ္အနည္းငယ္ ေျပာင္းလဲေနတတ္တယ္။ ဘယ္ေတာ့မွ မေျပာင္းလဲတဲ့တစ္ခုတည္းေသာအရာက ထိုေငြေရာင္လက္ဝါးကပ္တိုင္နားဆြဲေလးသာ။

TVအစီအစဥ္မႈးေတြက သူတို႔ရဲ႕ပ႐ိုဂရမ္ေတြထဲမွာ မ်ိဳးစုံေသာနည္းလမ္းေတြနဲ႔ သူ႔ဆီက အမွန္တရားကို အစ္ေအာက္ထုတ္ၿပီး ဒီနားဆြဲရဲ႕ ေနာက္ကြယ္က ဇာတ္ေၾကာင္းကို သိခ်င္ေနၾကတယ္။ webမွာလည္း ထိုကဲ့သို႔ေသာအရာကို ေလွ်ာ့ေဈးေတြနဲ႔ အလြန္အမင္းေရာင္းခ်ေနရၿပီး မနည္းလွတဲ့ကုန္က်စရိတ္ေတြနဲ႔ လုကို ခ်ဥ္းကပ္ကာ ဆင္တူလုပ္ခိုင္းခ်င္တဲ့လူေတြေတာင္ ရွိလိုက္ေသးတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ကလည္း တုံ႔ဆိုင္းျခင္းမရွိ တားလိုက္ၿပီး ေရွာင္လုကို နားကပ္လုပ္ကာ အလြယ္တကူ ဝင္ေငြရွာမရေအာင္ ပိတ္ပင္ခဲ့တယ္။

ေသခ်ာေပါက္ ကြၽန္ေတာ္ ဒါကို တားခဲ့တာေပါ့။

ဘာေၾကာင့္လဲဆိုေတာ့ ဒါက ကမာၻေပၚမွာ တစ္ခုတည္းေသာ ဒီဇိုင္းျဖစ္ၿပီး သူ႔ရဲ႕ဆယ့္ရွစ္ႏွစ္ျပည့္ေမြးေန႔အတြက္ ကြၽန္ေတာ့္ရဲ႕လက္ေဆာင္လည္း ျဖစ္ေနေသးတယ္။

အဲ့တာေၾကာင့္ပဲျဖစ္ေလာက္မယ္၊ ကြၽန္ေတာ္ သူ႔ကိုေပးသမွ် လက္ေဆာင္ေတြအားလုံးမွာမွ ဒီတစ္ခုကိုသာ သူလက္ခံခဲ့တယ္။ တကယ္ေတာ့ သူ႔အတြက္ ကိုယ္တိုင္လုပ္ဒီဇိုင္းေလးရဖို႔ ဒီဇိုင္နာေခါင္းေဆာင္ကို ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္နဲ႔ လုပ္ခဲ့ရတာေၾကာင့္ သူဘယ္ေလာက္ပဲ ေခ်းမ်ားတဲ့သူျဖစ္ေနပါေစ ဒါေလးကိုေတာ့ သေဘာက်ခဲ့တယ္။

ဒါကို ခြၽတ္မပစ္ရဘူးဆိုတာကလည္း ကြၽန္ေတာ့္ရဲ႕ေတာင္းဆိုခ်က္ပဲျဖစ္တယ္။

ဒါကို ဆယ္ႏွစ္လုံးဝတ္ထားဖို႔ သူ႔ကိုအတင္းအက်ပ္လုပ္ခဲ့ေပမယ့္ အခု ကြၽန္ေတာ္တို႔ရဲ႕ သေဘာတူညီခ်က္က ၿပီးဆုံးသြားၿပီျဖစ္တာေၾကာင့္ ဒီလိုမ်ိဳးက်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ ေတာင္းဆိုခ်က္ကို ဆက္ၿပီး ထိန္းသိမ္းေနစရာမလိုေတာ့ဘူး။

ထင္တဲ့အတိုင္းပဲ သူက စိန္ေျပနေျပနဲ႔ ထိုနားဆြဲကိုခြၽတ္ကာ ၾကမ္းျပင္ေပၚကို ဂ႐ုမစိုက္စြာ လႊတ္ပစ္လိုက္တယ္။ ကြၽန္ေတာ့္ရဲ႕အားထုတ္မႈေတြအားလုံးကို ေဟာင္းႏြမ္းသြားတဲ့ဖိနပ္ေတြကို ကန္ထုတ္ပစ္သလိုမ်ိဳးအတိုင္း တူညီတဲ့အမူအယာနဲ႔သာျဖစ္တယ္။

ကြၽန္ေတာ့္ႏွလုံးသားက ဒါအတြက္ ျပင္ဆင္ထားၿပီးသား။

ဒီေန႔လိုမ်ိဳးက အေႏွးနဲ႔အျမန္ေရာက္လာလိမ့္မွာျဖစ္ၿပီး ကြၽန္ေတာ့္မ်က္လုံးေတြ ေရွ႕မွာျဖစ္ခဲ့တယ္ဆိုေပမယ့္ အတိအက်ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒါေတြအားလုံးက ကြၽန္ေတာ္ေသၿပီးေနာက္မွ ျဖစ္ပြားတာေၾကာင့္ ေရးႀကီးခြင္က်ယ္လုပ္ေတာ့ေရာ ဘာျဖစ္လာေတာ့မွာလဲ။

ဒီလိုအခ်ိန္မွာဆို သဘာဝက်စြာနဲ႔ သူ႔အတြက္ အားႀကိဳးမာန္တက္ ေကာက္ေပးမယ့္ အကူတစ္ေယာက္ေတာ့ ရွိလိမ့္မယ္။

သို႔ေပမယ့္အခု နားဆြဲကို ေကာက္လိုက္တဲ့လူက အားက်ေလာက္တဲ့ ရွည္သြယ္သြယ္လက္ေခ်ာင္းေလးေတြ၊ သြယ္လ်တဲ့ေျခတံေတြနဲ႔ လွပတဲ့ခါး၊ ေနရာတိုင္း ျပစ္ခ်က္ကင္းလြန္းတာေၾကာင့္ သူ ျပန္မတ္လိုက္တဲ့အခ်ိန္မွာ ကင္မရာကို အေႏွးကြက္နဲ႔ ဒုကၡသုကၡခံကာ ႐ိုက္ေပးထားတဲ့ ႐ုပ္ရွင္ထဲက ဇာတ္ကြက္တစ္ခုလိုမ်ိဳးျဖစ္ေနေစတဲ့ တစ္စုံတစ္ေယာက္ျဖစ္ေနခဲ့တယ္။

ထို႔ေနာက္ သူေခါင္းေမာ့လာတဲ့အခါ ေဆးဆိုးထားတဲ့ ေနေရာင္ျခည္လိုဆံပင္ေတြနဲ႔ ႏႈိင္းယွဥ္မရတဲ့မ်က္ႏွာအခ်ိဳးအစားေလးေတြ ထြက္ေပၚလာတယ္။

_ ကြၽန္ေတာ့္ဘဝရဲ႕ အႀကီးျမတ္ဆုံးနဲ႔ အားအေကာင္းဆုံး အကုသိုလ္ကံ ရွမင္ရႈ။

အၿမဲတမ္းလိုလိုပင္ သူ႔ရဲ႕လႈပ္ရွားမႈတိုင္းက ေတာက္ပတဲ့ေရာင္ျခည္တစ္ခုပါဝင္ေနၿပီး လူတိုင္းကို သိမ္ငယ္သလိုခံစားသြားရေစမယ့္ ၿပီးျပည့္စုံလွပါတယ္ဆိုတဲ့ လူစားမ်ိဳးျဖစ္တယ္။

ကြၽန္ေတာ္ အသက္ရွင္စဥ္တုန္းက သူ႔ရဲ႕ေကာင္းမြန္တဲ့အခ်က္မွန္သမွ်ကို အသိအမွတ္ျပဳဖို႔ အၿမဲတမ္းျငင္းဆန္ခဲ့တယ္။

ကြၽန္ေတာ္အၿမဲတမ္း ေခါင္းေၾကာမာစြာ ခံယူထားတာက ဒီလိုမ်ိဳးလွပတဲ့လူငယ္ဆန္မႈက လုံလုံေလာက္ေလာက္ ေယာက်ာ္းပီသျခင္းမရွိဘဲ သူ႔ရဲ႕အသုံးဝင္မယ့္ကာလကတည္း တိုေတာင္းလွတာေၾကာင့္ အ႐ြယ္တစ္ခုကို ေရာက္ၿပီဆို ၿပီးသြားလိမ့္မယ္ဆိုတာမ်ိဳး ေတြးမိတယ္။

ေနာက္ၿပီး အခုေတာ့ ၾကာရွည္ခံလြန္းလို႔ ကြၽန္ေတာ္ေတာင္ အျပင္လူတစ္ေယာက္ရဲ႕အျမင္ကေန ေနာက္ဆုံး ရပ္ၾကည့္ႏိုင္ၿပီး သူ႔အေပၚ သာမန္က်ကာ ညီမွ်တဲ့အကဲခတ္မႈကိုေတာင္ သုံးႏိုင္ေနၿပီ။

သူက တကယ့္ကို စိတ္ပူစရာမလိုတဲ့ ရာႏႈန္းျပည့္လွပတဲ့လူငယ္ေလးတစ္ေယာက္ပဲ။

"Mr.ရွ ေရာက္လာၿပီပဲ!" ခ်က္ခ်င္းဆိုသလို ဝန္ထမ္းေတြက ႏႈတ္ဆက္လာၿပီး ဆူညံသံေတြက နန္းတြင္းကုန္းကုန္းေတြ "ဧကရီ ေရာက္ရွိလာပါၿပီ"ဆိုတဲ့ ေအာ္တဲ့အသံမ်ိဳးနဲ႔ေတာင္ တူသေလာက္ရွိတယ္။

ေလာ့ယြီခ်န္နဲ႔ ရွမင္ရႈတို႔ အခ်င္းခ်င္းၾကည့္လိုက္ၾကတယ္။ အၾကည့္တစ္ခ်က္ပဲဆိုေပမယ့္ ကြၽန္ေတာ့္ကို သူၾကည့္စဥ္မွာ ဘယ္တုန္းကမွ မေတြ႕ခဲ့ဖူးတဲ့ သူ႔မ်က္လုံးေတြထဲက ျပင္းထန္တဲ့ခံစားမႈတစ္ခုကို ျမင္လိုက္ႏိုင္တယ္။

လက္ေတြ႕က ကြၽန္ေတာ့္မ်က္လုံးေတြေရွ႕ေမွာက္မွာတင္ ဒီေလာက္ထိျပတ္သားေနၿပီး ကြၽန္ေတာ့္ကို ထပ္ခါတလဲလဲ အခ်က္ျပေနတယ္။ ကြၽန္ေတာ့္ရဲ႕နိမ့္ပါးလွတဲ့ခံစားခ်က္ေတြက ဟိုးစစခ်င္းမွာတင္ အခ်ည္းႏွီးျဖစ္ဖို႔သာ ႀကိဳတင္ဆုံးျဖတ္ခံထားရတယ္။

စတင္ကတည္းက ေလာ့ယြီခ်န္ရဲ႕ႏွလုံးသားက ကြၽန္ေတာ့္အပိုင္ ဘယ္တုန္းကမွ မဟုတ္ခဲ့သလို ကြၽန္ေတာ့္ရဲ႕အခ်စ္ၿပိဳင္ဘက္ ရွမင္ရႈကလည္း အမွန္တကယ္ကို အားေကာင္းလြန္းလွတယ္ေလ။

ဒီတိုက္ပြဲမွာ ကြၽန္ေတာ့္အတြက္ အခြင့္အေရးနည္းနည္းေလးဆိုတာ ဘယ္တုန္းကမွေတာင္ မရွိခဲ့ဖူးဘူး။

[ Kay : ငိုရမယ့္အခန္း သိပ္မဟုတ္ေသးေပမယ့္ စိတ္က မခိုင္ခ်င္ေတာ့ဘူး ]


_____



{Unicode}

[ အကျဉ်းချုပ် : ကျွန်တော်က ကောင်းမွန်တဲ့အဆုံးသတ်ကို မကြုံရရုံတင်မကဘူး ဒီလိုပြဇာတ်မျိုးကိုလည်း ကြည့်နေရသေးတယ်။ ]

•ရှောင်ဟန်း•

ဝိဉာဉ်တွေက အိပ်ဖို့မလိုဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

အနည်းဆုံးတော့ ဒီလောက်နောက်ကျနေတာတောင်မှ မဆိုစလောက်တောင် ပင်ပန်းနွမ်းနယ်မှုကို မခံစားရတာကြောင့် ကျွန်တော်လည်း အရှက်မဲ့စွာနဲ့ လောဘတကြီးအခွင့်ကောင်းယူကာ လော့ယွီချန်းကို မတင်းတိမ်နိုင်စွာ ဆက်ကြည့်ရင်း ဒီနှစ်တွေမှာ ကျွန်တော်သောက်သုံးမနိုင်ခဲ့တာကို အပြည့်အဝသောက်ပစ်မယ်လို့ ကျွန်တော့်ဖာသာ သန္နိဌာန်ချလိုက်တယ်။

ကျွန်တော်တကယ်ပဲ ဘာနောင်တတရားကိုမှ မသိဘူး။

အခြေအနေကို စိုးစိမျှတိုးတက်လာအောင် မလုပ်နိုင်ခဲ့ဘူး။

ကျွန်တော့်ရဲ့အရိုးတွေထိတိုင် စိတ်ပျက်စရာကောင်းပြီး ကျွန်တော့်ကို ဘယ်လိုမှ မကယ်တင်နိုင်တော့ဘူး။

ကျွန်တော်တို့နှစ်ယောက်ကြား ဆယ်နှစ်တိုင် နေ့ရောညပါ အတူတူနေထိုင်ခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့ဖြူစင်သန့်ရှင်းတဲ့ နှစ်တွေလိုမျိုးပဲ ကျွန်တော်တို့တွေ မြက်ခင်းတွေပေါ် အတူပြေးလွှားကာ အလွန်မြင့်မားတဲ့ရည်မှန်းချက်တွေနဲ့ လူငယ်ဖလားမှာ ပါဝင်ပြီး တစ်သက်လုံး ဘောလုံးအတူကန်ကြမယ်ဆိုပြီးတောင် ပြောခဲ့ကြသေးတယ်။

ထိုအချိန်တုန်းကဆို သူက အံ့မခန်းစွမ်းရည်ရှိတဲ့ ရှေ့တန်းသမားဖြစ်ပြီး ကျွန်တော်က အနောက်ဘက်မှာနေတဲ့ ဂိုးသမားဖြစ်တယ်။

သူ အမြဲပြောတတ်တယ် "ရှောင်ဟန်းသာ ဒီမှာရှိနေပြီး အနောက်ကနေ စောင့်ပေးနေရင် ငါ စိတ်အသက်သာဆုံးပဲ"

ဒီစကားလေးတစ်ခွန်းကြောင့် ကျွန်တော့်ရဲ့အချိန်တွေနဲ့ ခွန်အားတွေကို မယောင်မလည်နဲ့ ဘယ်လောက်တောင် ဖြုန်းခဲ့ရလဲဆိုတာနဲ့ လူမသိသူမသိ ဒဏ်ရာတွေ ဘယ်လောက်ရခဲ့လဲဆိုတာ သူမသိခဲ့ဘူး။

မိုးရွာရွာ နေသာသာ သူ့ရဲ့ပြေးလွှားနေတဲ့ နောက်ကျောကို ကြည့်ပေးနိုင်ဖို့အတွက်၊ နေရောင်ကို နောက်ခံထားကာ ပြန်လှည့်လာပြီး ပြုံးပြတာကို မြင်ရဖို့အတွက်၊ အနိုင်ရပြီးနောက် သဘောထားကြီးစွာ စွန့်ကြဲလာတဲ့ ပွေ့ဖက်မှုလေးကို ရဖို့အတွက် ပါဝင်ခဲ့တယ်။

ထိုအချိန်တုန်းက 'သူငယ်ချင်းကောင်း'ဆိုတဲ့ အရေကိုခြုံထားရင်း သူ့ရဲ့နွေးထွေးမှုကိုထဲ လိုလိုလားလား နစ်ဝင်ခဲ့တယ်။

အခု ပြန်ကြည့်လိုက်မှ ထိုအချိန်က အမှန်တကယ်ကို လူငယ်သဘာဝ ပူပန်မှုတွေ ကင်းဝေးပြီး ဘာဆိုဘာမှမဖြစ်သေး၊ ကံဆိုးမှုတွေလည်း မဖြစ်သေးဘဲ - အတောက်ပအလင်းလက်ဆုံးအရွယ်ဖြစ်ခဲ့တယ်ဆိုတာ သတိထားမိလိုက်တယ်။

သို့ပေမယ့် နောက်ပိုင်း ကိစ္စပေါင်းမြောက်မြားစွာ ဖြစ်ပေါ်ခဲ့တယ်။

မြောက်မြားစွာသောကိစ္စတွေက ကျွန်တော်တို့ကြား အကွာအဝေးကို ဝေးသထက်ဝေးသွားစေခဲ့တယ်။

ဒီနှစ်တွေက သူ့အတွက် မွန်းကျပ်စေခဲ့ပြီး ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် အသံတွေပြာအက်ကုန်တဲ့အထိ အော်မိတယ်။ အခုတော့ ကျွန်တော်တို့ရဲ့အကွာအဝေးက အကြွင်းမဲ့အတိုင်းအတာထိ ဝေးခဲ့ပြီဖြစ်တာကြောင့် ကိစ္စတွေကလည်း တကယ့်ကို လွယ်ကူသွားတော့တယ်။

တစ်ခါတစ်ရံများဆို ကျွန်တော့်ရဲ့အတွေးတွေက အမိန့်ချမှတ်ခံရမှာကို ကြောက်လန့်တကြား တုန်ရီစွာ စောင့်ဆိုင်းနေရတဲ့ ရာဇဝတ်သားတစ်ယောက်လိုဖြစ်နေတယ်လို့တောင် တွေးမိတယ်၊ အခုနောက်ဆုံး ကျွန်တော် သေမိန့်ချခံရပြီး တစ်စုံတစ်ခုကို ပြန်ရဖို့ကြိုးစားနေသလိုမျိုး ဆက်ပြီးမျှော်လင့်နေစရာ၊ ဆက်ပြီးဝေဒနာခံစားနေစရာ၊ အချည်းနှီးဖြစ်စရာမလိုတော့ဘူး။

ကျွန်တော် သူ့ဆီကနေ ထာဝရစာ ခွဲခွာလိုက်ရပြီ။

သူက နေရောင်ထဲမှာ သူ့လမ်းသူလျှောက်နိုင်ပြီဖြစ်သလို ကျွန်တော်ကလည်း မြေအောက်ကမ္ဘာကိုသာ လျှောက်သွားနိုင်တော့တယ်။

****

တိတ်ဆိတ်တဲ့ညတစ်ည ကုန်လွန်ခဲ့ပြီ။

နေမင်းကလည်း မြင့်တက်လာလေပြီ။

ကျွန်တော် အသားမကျခဲ့တဲ့ ကျယ်လောင်စွာမြည်လာတဲ့ နှိုးစက်ကြောင့်လန့်သွားရတယ်။

ကျွန်တော်တို့အတူရှိစဉ်က ဒီလိုမျိုး ရူးလောက်အောင်ကျယ်လောင်စွာမြည်တဲ့အရာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။

ကျွန်တော်ကအမြဲတမ်း သူ့ကိုနှိုးဖို့ တာဝန်ယူပေးခဲ့တယ်။

ကျွန်တော် သူ့ကိုနှိုးရတာ သဘောကျတယ်ဆိုတာကလည်း အထူးသဖြင့် အိပ်နေရာကနေ ယောင်တောင်ပေါင်တောင်လေးဖြစ်နေဆဲ လော့ယွီချန်ကို သဘောကျတာကြောင့်ဖြစ်တယ်။

သူက ယောင်တောင်တောင်ဖြစ်နေချိန်မှသာ ကျွန်တော့်မျက်နှာမြင်ရင် သိသာလှတဲ့ဥပက္ခာတရားကို မပြသတာကြောင့် ကျွန်တော်လည်း အနည်းငယ်ဆိုသလောက် မွေ့လျော်နိုင်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ကျွန်တော်တို့တွေ တအားကိုချစ်ခင်ပြီး အတူတကွ ပျော်ရွှင်နေရသလိုမျိုး ကိစ္စအသေးအမွှားလေးတွေကို ဟန်ဆောင်ပန်ဆောင်လုပ်နိုင်တယ်။

သူက မနက်ခင်းတိုင်းမှာ ဘယ်တုန်းကမှ အတော်လေးစိတ်တိုတယ်ဆိုတာမျိုးမရှိဖူးတာကို ကျွန်တော်မှတ်မိပေမယ့် ဒီနေ့တော့ တကယ်ကြီး နှိုးစက်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပေါက်ခွဲလိုက်တယ်။

သူ့မျက်နှာတစ်ခုလုံးမှာ ဝမ်းနည်းမှုတို့ ပြည့်နေခဲ့တယ်။ ဟိုယောင်ဒီယောင်လုပ်ပြီးနောက် ဆိုဖာပေါ်ကနေ အလွန်တရာတွန့်ဆုတ်စွာနဲ့ ထလိုက်ပြီး မျက်နှာကို ဂရုမစိုက်စွာ သစ်ပြီးနောက် အဝတ်အစားလဲကာ ထွက်သွားတယ်။

မနက်စာလေးတောာင် စားမသွားဘူး။

သူက အမြဲတမ်း အစာအိမ်ပြဿနာတွေကြုံရတာကြောင့် မနက်ပိုင်းမှာ ကျွန်တော်က စောစောထပြီး သူ့အတွက် နွားနို့နွှေးပေးကာ အာဟာရဖြစ်စေပြီး အလွယ်တကူအစာကြေနိုင်တဲ့ စားစရာတွေ ပြင်ဆင်ပေးတတ်တယ်။ အမြဲလိုလို သူအတော်လေးစိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုသော်ငြား ကျွန်တော် သူ့ကိုချော့မော့ပြောလိုက်ရင် နည်းနည်းလောက်ဖြစ်ဖြစ် စားတတ်ပေမယ့် အခုက...

ထားလိုက်ပါတော့ ကျွန်တော်လည်း သေသွားပြီပဲဟာကို၊ သူ့ကို ဆက်ပြီး စိတ်မပူသင့်တော့ဘူး။

ဒီလောက်အများကြီး စိုးရိမ်နေတော့ရော သေသွားပြီဖြစ်တဲ့လူတစ်ယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ?

အသက်ရှင်စဉ်တုန်းက ရယ်စရာကောင်းတဲ့ပြဇာတ်တစ်ခုလိုမျိုး နေထိုင်ခဲ့ပြီး သေသွားတဲ့နောက်မှာတောင် ဒီလိုကိစ္စတွေကို ရူးရူးမိုက်မိုက် စိုးရိမ်နေတုန်းလား? ဒီလိုမျိုးတွေးမိချိန်မှာ ကျွန်တော်က ကိုယ့်ကိုကိုယ် လေးစားမှုတောင် မရှိပါလားလို့ ခံစားမိလိုက်တယ်။

ကျွန်တော် ခေါင်းလှည့်ကာ ကားပြတင်းပေါက်ကို ကြည့်လိုက်တယ်။ အနက်ရောင်မှန်ထဲမှာ ကျွန်တော့်ရဲ့ပုံရိပ်ယောင်လေးတစ်စွန်းတစ်စတောင် ရှိမနေဘူး။

တကယ်ကို သရဲတစ်ကောင်ပါလား။

****

နှလုံးသားထဲမှာ ကြိတ်မှိတ်သည်းခံရင်း သူနဲ့အတူ ကုမ္ပဏီထဲ ကျွန်တော်ဝင်လိုက်တယ်။

တစ်ချိန်က ကျွန်တော်ဒီနေရာကို နေ့တိုင်းလာပြီး အချိန်တစ်ခုလောက်အထိ ဒီကုမ္ပဏီကြီးတစ်ခုလုံးကို ကျွန်တော့်အပိုင်အဖြစ် သတ်မှတ်ခဲ့ဖူးတယ်။

အတိတ်တုန်းက ဒီလိုခမ်းနားလှတဲ့စီးပွားရေးလုပ်ငန်းကြီးမှာ ကျွန်တော်က ဥက္ကဌဖြစ်ခဲ့တယ်။ နိုင်ငံထဲမှာ အကောင်းဆုံးဖျော်ဖြေရေးကုမ္ပဏီဖြစ်ပြီး သူက ကျွန်တော့်အောက်မှာရှိတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်တယ်။

ထိုအချိန်မှာ နေ့တိုင်း ကျွန်တော့်အတွက် တိတ်တခိုးအကြည်နူးရဆုံးက ဘာလဲဆိုရင် တစ်နေ့တာအလုပ်ကို အကောင်းဆုံးလုပ်ကိုင်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့venueတွေထဲမှာ သူ့ကိုသွားရှာကြည့်နိုင်ပြီး သူက ကုမ္ပဏီရဲ့စတူဒီယိုတွေထဲက တစ်ခုမှာ အသံသွင်းနေတာမျိုးကို ရှာတွေ့နိုင်တယ်။

ဒါဆိုရင် ကျွန်တော်က သူ့ရဲ့တောက်ပနေတဲ့ပုံရိပ်ကို အဝေးကနေ ကြည့်နိုင်တယ်။

အခု ကျွန်တော်က ဆက်နွယ်ခံထားရတဲ့ဝိဉာဉ်တစ်ခုဖြစ်လာတာကြောင့် ပိုပြီးတော့တောင် နှိုင်းယှဉ်မရစွာကပ်ရပ်နေနိုင်ပြီး ဒီနာမည်ကျော်ထင်ရှားသူကြီးရဲ့ ထူးခြားတဲ့ဟန်ပန်အမူအယာကို ဝေးကွာခြင်းမရှိ ရှုစားနိုင်တယ်။

လော့ယွီချန်က အရပ်ရှည်ပြီး ခါးရိုးမတ်ကာ တမူထူးစွာ နှိုင်းယှဉ်မရလောက်အောင် ကြည့်ကောင်းတယ်ဆိုပေမယ့် များပြားလှတဲ့လူတွေရဲ့လက်ခုပ်သံတွေကြောင့် မိတ်ကပ်ဆရာနဲ့စတိုင်လစ်တွေရဲ့ ထပ်ဆောင်းပြုပြင်ပေးတာကို ခံရဆဲဖြစ်တယ်။

ကင်မရာတွေ သူ့ဘက်ကို လှည့်လာချိန်မှာ သူက နာခံစွာနဲ့ ကိုယ်ဟန်ပြပေးတယ်။

အန္တရာယ်များကာ ဆွဲဆောင်မှုရှိတဲ့ ကိုယ့်ကိုကိုယ်သာ မွေ့လျော်သူ။ ဝန်ထမ်းတွေက ဒီလိုမျိုးကို ကြိမ်ဖန်များစွာ တွေ့ဖူးကြတယ်ဆိုပေမယ့် လူနည်းစုလောက်ကတော့ ငေးမောမိနေကြဆဲဖြစ်တယ်။

နောက်ပြီး သူက အပြုံးလေးတစ်ပွင့် ဖန်တီးလိုက်ချိန်မှာ သူတို့လက်ထဲမှာ ကိုင်ထားတဲ့ပစ္စည်းတွေ ပြုတ်ကျကုန်တာကိုတောင် သတိမထားမိလိုက်တဲ့လူတွေ ရှိသေးတယ်။

ကျွန်တော် နားလည်ပါတယ်။ သူက ဒီလောက်တောင် တောက်ပနေမှတော့ သူ့ကိုတောင့်တတဲ့သူတွေ၊ သူ့ကိုသဘောကျတဲ့သူတွေ အများကြီးဆိုမှ အများကြီးရှိတယ်။

ကျွန်တော်ကလည်း ထိုသို့သောလူပေါင်းများစွာထဲမှ တစ်ယောက်ဆိုပေမယ့် သူ့ရဲ့အေးစက်ပြီးဖန်သားလိုမျက်လုံးတွေထဲမှာ ကျွန်တော်တို့ကို မြင်မှာတောင်မဟုတ်ဘူး။

သူက အတော့်ကို ရှားရှားပါးပါး ပြုံးခဲတယ်။

သူ့ရဲ့ပိုစတာတွေနဲ့ ဓာတ်ပုံတွေအားလုံးအလိုလိုမှာ အဖတ်မတန်သလို လျစ်လျူရှုမှုတွေပြည့်နေတဲ့မျက်နှာမျိုးရှိပြီး ဒါနဲ့ဆန့်ကျင်စွာ ဒီလိုအေးစက်မှုအလွှာကပဲ အတိအကျကို လူပေါင်းများစွာက သူ့ကို သေလုအောင်ချစ်မိစေတဲ့အရာဖြစ်တယ်။

သူ့အတွက် ခြွင်းချက်က တစ်ခုတည်းသာရှိတယ်။

ထိုခြွင်းချက်က ရှမင်ရှုသာဖြစ်တယ်။

ခေါင်းလောင်းလေးတစ်ခုနဲ့ ကြောင်လေးတစ်ကောင်လို ဝတ်ဆင်ထားတဲ့ ချစ်စရာကောင်းတဲ့လူ၊ စားပွဲတင်ဓာတ်ပုံအသစ်ထဲက လူပင်။

ထိုလူနဲ့ရှိနေမှသာ သူ့ဆီက ပေါ်လာခဲတဲ့နူးညံ့မှုတို့ကို ထုတ်ပြလေ့ရှိတယ်။ သူတို့နှစ်ယောက်တည်း ရှိနေချိန်ဆို မကြာခဏ ပြုံးပြနေမလားဆိုတာ ကျွန်တော် သံသယဝင်မိတယ်။

ဒီလိုမျိုးပြောနေပုံက မသိရင်ပဲ ကျွန်တော်က သူပြုံးတာကို အရင်က တစ်ခါမှမမြင်ဖူးသလိုဖြစ်စေပေမယ့် တကယ်က အဲ့လိုမဟုတ်ဘူး။ ဟိုးအရင်တုန်းက သူက လောကကြီးကို ဂရုမစိုက်စွာ ပြုံးနိုင်ခဲ့တယ်။ ဒီနေ့လို သူဖြစ်လာရတာ တကယ်တော့ အားလုံးက ကျွန်တော့်အမှားတွေချည်းပါပဲ။

"Mr.လော့!" ရုတ်တရက် ဓာတ်ပုံဆရာက ရပ်သွားပြီး မျက်နှာပေါ်မှာ အတော်လေးရှက်ရွံ့နေတဲ့အမူအယာတစ်ခု ရှိနေတယ်။

လော့ယွီချန်က မလှုပ်မယှက်နဲ့ တစ်ဖက်လူကို စကားဆက်ပြောဖို့ မျက်လုံးတွေနဲ့သာ အချက်ပြလိုက်တယ်။

"ကျွန်တော်တို့တွေ ခဏလောက် ခင်ဗျားရဲ့နားကပ်ကို ချွတ်လို့ရနိုင်မလား?"

အခု သူက ကိုယ်တိုင်ချုပ်Lu de Vici အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် သူ့တစ်ကိုယ်လုံး အလွန်အမင်း သွေးကြီးမွေးကြီးနိုင်ကာ ပြင်းထန်လွန်းတဲ့သက်ရောက်မှုကို ပေးစွမ်းနေတယ်။

သို့ပေမယ့် သူ့နားပေါ်မှာ တွဲလောင်းကျနေတဲ့ ငွေရောင်လက်ဝါးကပ်တိုင်နားဆွဲလေးက သူ့ပုံရိပ်နဲ့ လိုက်ဖက်သင့်သလောက် မလိုက်ဖက်နေဘူး။

သေချာပေါက် ကျွန်တော်သာ အသက်ရှင်နေသေးရင် အချစ်ကလေးရဲ့အကြိုက် ပြင်သစ်ဒီဇိုင်နာကမ္ဘာကျော် Mr.Lu de Viciကို နောက်တစ်ကြိမ်သွားတွေ့ပြီး သူ့ကို ဟာသလုပ်ဖို့ အခွင့်အရေးရှာမိမှာပဲ။

ကျွန်တော်ပြောမှာက 'ရှောင်လုရေ၊ မင်းကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တဲ့ နားဆွဲလေးက မင်းရဲ့ကိုယ်တိုင်ချုပ်ဝတ်စုံနဲ့ တကယ်ကြီး လိုက်ဖက်မနေဘူးကွာ'လို့ပင်ဖြစ်တယ်။

လော့ယွီချန် ဓာတ်ပုံဆရာကိုသာ စိုက်ကြည့်နေပြီး ချက်ချင်းမတုံ့ပြန်ခဲ့ဘူး။

ဘေးပတ်ပတ်လည်ရှိလေထုကလည်း တခဏချင်းမှာ အေးစက်သွားပြီး ဓာတ်ပုံဆရာရဲ့အမူအယာကပါ အနည်းငယ် ကိုးရို့ကားယားဖြစ်လာတယ်။ ဘေးမှာရှိတဲ့လူတွေကလည်း ချွေးတွေကို တိတ်တိတ်လေး ခိုးသုတ်နေရတယ်။

အကြောင်းပြချက်ကတော့ လူတိုင်းသူတို့တွေကြားခဲ့ရတဲ့ ကောလဟလတွေကို ယုံကြည်နေကြပြီး တစ်ယောက်ချင်းစီတိုင်း ထင်နေကြတာက ထိုလက်ဝါးကပ်တိုင်က လော့ယွီချန်ရဲ့ တန်ဖိုးအထားရဆုံးရတနာဖြစ်ပြီး သူ့အတွက် အလွန်တရာအရေးပါတဲ့အရာတစ်ခုဖြစ်တယ်။

ဒီလိုမျိုးနားလည်မှုလွဲရတာမှာလည်း အကြောင်းပြချက်တစ်ခုရှိတယ်။

လော့ယွီချန်က ကိုးနှစ်ကျော်သက်တမ်းရှိ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ကာ တဖြည်းဖြည်းနဲ့ နာမည်ကျော်ကြယ်ပွင့်ဖြစ်လာပြီး သူ့ပုံရိပ်ကလည်း အကြိမ်အနည်းငယ် ပြောင်းလဲနေတတ်တယ်။ ဘယ်တော့မှ မပြောင်းလဲတဲ့တစ်ခုတည်းသောအရာက ထိုငွေရောင်လက်ဝါးကပ်တိုင်နားဆွဲလေးသာ။

TVအစီအစဉ်မှုးတွေက သူတို့ရဲ့ပရိုဂရမ်တွေထဲမှာ မျိုးစုံသောနည်းလမ်းတွေနဲ့ သူ့ဆီက အမှန်တရားကို အစ်အောက်ထုတ်ပြီး ဒီနားဆွဲရဲ့ နောက်ကွယ်က ဇာတ်ကြောင်းကို သိချင်နေကြတယ်။ webမှာလည်း ထိုကဲ့သို့သောအရာကို လျှော့ဈေးတွေနဲ့ အလွန်အမင်းရောင်းချနေရပြီး မနည်းလှတဲ့ကုန်ကျစရိတ်တွေနဲ့ လုကို ချဉ်းကပ်ကာ ဆင်တူလုပ်ခိုင်းချင်တဲ့လူတွေတောင် ရှိလိုက်သေးတယ်။ ဒါကြောင့် ကျွန်တော်ကလည်း တုံ့ဆိုင်းခြင်းမရှိ တားလိုက်ပြီး ရှောင်လုကို နားကပ်လုပ်ကာ အလွယ်တကူ ဝင်ငွေရှာမရအောင် ပိတ်ပင်ခဲ့တယ်။

သေချာပေါက် ကျွန်တော် ဒါကို တားခဲ့တာပေါ့။

ဘာကြောင့်လဲဆိုတော့ ဒါက ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဒီဇိုင်းဖြစ်ပြီး သူ့ရဲ့ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့အတွက် ကျွန်တော့်ရဲ့လက်ဆောင်လည်း ဖြစ်နေသေးတယ်။

အဲ့တာကြောင့်ပဲဖြစ်လောက်မယ်၊ ကျွန်တော် သူ့ကိုပေးသမျှ လက်ဆောင်တွေအားလုံးမှာမှ ဒီတစ်ခုကိုသာ သူလက်ခံခဲ့တယ်။ တကယ်တော့ သူ့အတွက် ကိုယ်တိုင်လုပ်ဒီဇိုင်းလေးရဖို့ ဒီဇိုင်နာခေါင်းဆောင်ကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ လုပ်ခဲ့ရတာကြောင့် သူဘယ်လောက်ပဲ ချေးများတဲ့သူဖြစ်နေပါစေ ဒါလေးကိုတော့ သဘောကျခဲ့တယ်။

ဒါကို ချွတ်မပစ်ရဘူးဆိုတာကလည်း ကျွန်တော့်ရဲ့တောင်းဆိုချက်ပဲဖြစ်တယ်။

ဒါကို ဆယ်နှစ်လုံးဝတ်ထားဖို့ သူ့ကိုအတင်းအကျပ်လုပ်ခဲ့ပေမယ့် အခု ကျွန်တော်တို့ရဲ့ သဘောတူညီချက်က ပြီးဆုံးသွားပြီဖြစ်တာကြောင့် ဒီလိုမျိုးကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုချက်ကို ဆက်ပြီး ထိန်းသိမ်းနေစရာမလိုတော့ဘူး။

ထင်တဲ့အတိုင်းပဲ သူက စိန်ပြေနပြေနဲ့ ထိုနားဆွဲကိုချွတ်ကာ ကြမ်းပြင်ပေါ်ကို ဂရုမစိုက်စွာ လွှတ်ပစ်လိုက်တယ်။ ကျွန်တော့်ရဲ့အားထုတ်မှုတွေအားလုံးကို ဟောင်းနွမ်းသွားတဲ့ဖိနပ်တွေကို ကန်ထုတ်ပစ်သလိုမျိုးအတိုင်း တူညီတဲ့အမူအယာနဲ့သာဖြစ်တယ်။

ကျွန်တော့်နှလုံးသားက ဒါအတွက် ပြင်ဆင်ထားပြီးသား။

ဒီနေ့လိုမျိုးက အနှေးနဲ့အမြန်ရောက်လာလိမ့်မှာဖြစ်ပြီး ကျွန်တော့်မျက်လုံးတွေ ရှေ့မှာဖြစ်ခဲ့တယ်ဆိုပေမယ့် အတိအကျပွင့်ပွင့်လင်းလင်းပြောရရင် ဒါတွေအားလုံးက ကျွန်တော်သေပြီးနောက်မှ ဖြစ်ပွားတာကြောင့် ရေးကြီးခွင်ကျယ်လုပ်တော့ရော ဘာဖြစ်လာတော့မှာလဲ။

ဒီလိုအချိန်မှာဆို သဘာဝကျစွာနဲ့ သူ့အတွက် အားကြိုးမာန်တက် ကောက်ပေးမယ့် အကူတစ်ယောက်တော့ ရှိလိမ့်မယ်။

သို့ပေမယ့်အခု နားဆွဲကို ကောက်လိုက်တဲ့လူက အားကျလောက်တဲ့ ရှည်သွယ်သွယ်လက်ချောင်းလေးတွေ၊ သွယ်လျတဲ့ခြေတံတွေနဲ့ လှပတဲ့ခါး၊ နေရာတိုင်း ပြစ်ချက်ကင်းလွန်းတာကြောင့် သူ ပြန်မတ်လိုက်တဲ့အချိန်မှာ ကင်မရာကို အနှေးကွက်နဲ့ ဒုက္ခသုက္ခခံကာ ရိုက်ပေးထားတဲ့ ရုပ်ရှင်ထဲက ဇာတ်ကွက်တစ်ခုလိုမျိုးဖြစ်နေစေတဲ့ တစ်စုံတစ်ယောက်ဖြစ်နေခဲ့တယ်။

ထို့နောက် သူခေါင်းမော့လာတဲ့အခါ ဆေးဆိုးထားတဲ့ နေရောင်ခြည်လိုဆံပင်တွေနဲ့ နှိုင်းယှဉ်မရတဲ့မျက်နှာအချိုးအစားလေးတွေ ထွက်ပေါ်လာတယ်။

_ ကျွန်တော့်ဘဝရဲ့ အကြီးမြတ်ဆုံးနဲ့ အားအကောင်းဆုံး အကုသိုလ်ကံ ရှမင်ရှု။

အမြဲတမ်းလိုလိုပင် သူ့ရဲ့လှုပ်ရှားမှုတိုင်းက တောက်ပတဲ့ရောင်ခြည်တစ်ခုပါဝင်နေပြီး လူတိုင်းကို သိမ်ငယ်သလိုခံစားသွားရစေမယ့် ပြီးပြည့်စုံလှပါတယ်ဆိုတဲ့ လူစားမျိုးဖြစ်တယ်။

ကျွန်တော် အသက်ရှင်စဉ်တုန်းက သူ့ရဲ့ကောင်းမွန်တဲ့အချက်မှန်သမျှကို အသိအမှတ်ပြုဖို့ အမြဲတမ်းငြင်းဆန်ခဲ့တယ်။

ကျွန်တော်အမြဲတမ်း ခေါင်းကြောမာစွာ ခံယူထားတာက ဒီလိုမျိုးလှပတဲ့လူငယ်ဆန်မှုက လုံလုံလောက်လောက် ယောကျာ်းပီသခြင်းမရှိဘဲ သူ့ရဲ့အသုံးဝင်မယ့်ကာလကတည်း တိုတောင်းလှတာကြောင့် အရွယ်တစ်ခုကို ရောက်ပြီဆို ပြီးသွားလိမ့်မယ်ဆိုတာမျိုး တွေးမိတယ်။

နောက်ပြီး အခုတော့ ကြာရှည်ခံလွန်းလို့ ကျွန်တော်တောင် အပြင်လူတစ်ယောက်ရဲ့အမြင်ကနေ နောက်ဆုံး ရပ်ကြည့်နိုင်ပြီး သူ့အပေါ် သာမန်ကျကာ ညီမျှတဲ့အကဲခတ်မှုကိုတောင် သုံးနိုင်နေပြီ။

သူက တကယ့်ကို စိတ်ပူစရာမလိုတဲ့ ရာနှုန်းပြည့်လှပတဲ့လူငယ်လေးတစ်ယောက်ပဲ။

"Mr.ရှ ရောက်လာပြီပဲ!" ချက်ချင်းဆိုသလို ဝန်ထမ်းတွေက နှုတ်ဆက်လာပြီး ဆူညံသံတွေက နန်းတွင်းကုန်းကုန်းတွေ "ဧကရီ ရောက်ရှိလာပါပြီ"ဆိုတဲ့ အော်တဲ့အသံမျိုးနဲ့တောင် တူသလောက်ရှိတယ်။

လော့ယွီချန်နဲ့ ရှမင်ရှုတို့ အချင်းချင်းကြည့်လိုက်ကြတယ်။ အကြည့်တစ်ချက်ပဲဆိုပေမယ့် ကျွန်တော့်ကို သူကြည့်စဉ်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့ သူ့မျက်လုံးတွေထဲက ပြင်းထန်တဲ့ခံစားမှုတစ်ခုကို မြင်လိုက်နိုင်တယ်။

လက်တွေ့က ကျွန်တော့်မျက်လုံးတွေရှေ့မှောက်မှာတင် ဒီလောက်ထိပြတ်သားနေပြီး ကျွန်တော့်ကို ထပ်ခါတလဲလဲ အချက်ပြနေတယ်။ ကျွန်တော့်ရဲ့နိမ့်ပါးလှတဲ့ခံစားချက်တွေက ဟိုးစစချင်းမှာတင် အချည်းနှီးဖြစ်ဖို့သာ ကြိုတင်ဆုံးဖြတ်ခံထားရတယ်။

စတင်ကတည်းက လော့ယွီချန်ရဲ့နှလုံးသားက ကျွန်တော့်အပိုင် ဘယ်တုန်းကမှ မဟုတ်ခဲ့သလို ကျွန်တော့်ရဲ့အချစ်ပြိုင်ဘက် ရှမင်ရှုကလည်း အမှန်တကယ်ကို အားကောင်းလွန်းလှတယ်လေ။

ဒီတိုက်ပွဲမှာ ကျွန်တော့်အတွက် အခွင့်အရေးနည်းနည်းလေးဆိုတာ ဘယ်တုန်းကမှတောင် မရှိခဲ့ဖူးဘူး။

[ Kay : ငိုရမယ့်အခန်း သိပ်မဟုတ်သေးပေမယ့် စိတ်က မခိုင်ချင်တော့ဘူး ]


_____


Thanks 🌹




Continue Reading

You'll Also Like

712K 42K 31
story description>>>>> start-5/10/2021 end-1/1/2022
180K 8.7K 23
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်​ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မ...
919K 18.5K 10
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke