HYUNG? NOT.... || JINKOOK ✔︎

بواسطة Rionakookie

243K 19.6K 9K

" ဘယ်သူက ခင်ဗျား ညီလဲ?? ကျွန်​ေတာ် ခင်ဗျားကို အစ်ကို မတော်ချင်ဘူး" " ဘယ္သူက ခင္ဗ်ား ညီလဲ?? ကြၽန္ေတာ္ ခင္ဗ... المزيد

~1~
~ 2 ~
~ 3 ~
~ 4 ~
~ 5 ~
~ 6 ~
~ 7 ~
~ 8 ~
~ 10 ~
~ 11 ~
~ 12 ~
~ 13 ~
~ 14 ~
~ 15 ~
~ 16 ~
~ 17 ~
~ 18 ~
~ 19 ~
~ 20 ~
~ 21 ~
~ Ending ~
Hello
Extra - 1
Extra - 2
Announcement❗
📣📣
📘

~ 9 ~

9.1K 793 356
بواسطة Rionakookie

Unicode
_________

ကျွန်တော့်ခြေထောက်များသည် ဘယ်လောက် အရှိန်နှုန်းနဲ့ သွားမိနေမှန်းတောင် မသိ။ မဟုတ်ဘူး..ကျွန်တော် ပြေးနေမိတာ။ မေမေ ဘယ်လိုပုံစံနဲ့ ကျန်နေခဲ့သည်ကို ဂရုမစိုက်နိုင်အား။ ဒီကောင်လေးကြောင့် အခုကတည်းက ကယောက်ကယက်တွေ ဖြစ်နေပြီ။ နောက်ဆို ဘယ်လောက်တောင်များ ရင်တုန်စရာ ကိစ္စတွေ ဖြစ်လာဦးမယ်မသိ။

"ဂျောင်ကု.."

အခန်းတံခါးက သော့ခတ်မထား။ ပွင့်နေသည်။ သူ ရောက်နေပြီလား။

မှောင်မဲနေသည့် အခန်းထဲမှာ ကျွန်တော့်ခမျာ အကန်းတစ်ယောက်လိုပင် ဟိုစမ်းစမ်း, ဒီစမ်းစမ်းလုပ်ရင်း သူ့နာမည်ကို နောက်တစ်ခေါက် ခေါ်လိုက်သည်။

"ဂျောင် ကု.."

"အမယ်လေး....အ မေ..."

အခန်းထောင့်စွန်းက မဲမဲသဏ္ဍာန်တစ်ခု ရုတ်တရက်ထွက်လာပြီး ကျွန်တော့်လက်ကောက်ဝတ်ကို လာဆွဲလိုက်တာကြောင့် အော်လိုက်မိခြင်းဖြစ်သည်။ သို့ရာတွင် ကျွန်တော့်အော်သံ မဆုံးခင်မှာပင် လက်ဖဝါး တစ်ဖက်က ပါးစပ်ကို လာပိတ်သည်။

"ရှူး...တိုးတိုး"

သူက ဖုန်း flash မီးကို ဖွင့်ပြီး နှုတ်ခမ်းပေါ် လက်တင်ပြီး အချက်ပြသည်။ ထိုသို့တိုင် ကျွန်တော့်ရင်တုန်မှုက ပျောက်မသွာ။ သူက ကျွန်တော်နဲ့မျက်နှာချင်းဆိုင် ရပ်ပြီး ဖုန်းကို ဘေးက စားပွဲပေါ် တင်လိုက်သည်။ မီးရောင်ကြောင့် သူ့မျက်နှာ တစ်ခြမ်းတွင် အလင်းကျရောက်နေသည်။တိုစိပ်စိပ် မျက်တောင်များ၏ အရိပ်က သူ့ပါးပြင်ပေါ်မှာ ထင်ဟပ်နေသည်။ အမြဲတစေ ခပ်တင်းတင်း စေ့ပိတ်ထားသော နှုတ်ခမ်းပါးလှပ်လှပ်၊ ထင်းနေသော မေးရိုးများကြောင့် ညအမှောင်ထဲမှာတောင် သူကကြည့်ကောင်းနေသည်။

"မေမေ သိသွားပြီ။ ငါတို့အပြင်ထွက်ရအောင် ဂျောင်ကု"

"အပြင်ထွက်ရင် ခင်ဗျားက ကျွန်တော့်ကို အနားမှအကပ်မခံတာ"

"မဟုတ်ဘူး...ငါ..."

ထိုအခိုက်မှာပင် အခန်းရှေ့က ခြေသံကြောင့် သူရော ကျွန်တော်ရော စကားစ,ပြတ်သွားပြီး အခန်းရှေ့ကို ပြိုင်တူကြည့်လိုက်မိသည်။ သူလည်း အနည်းငယ်ထိတ်လန့်သွားပုံတော့ရသည်။ သို့သော် သူက သူ့ပုံစံအတိုင်းပင်။ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဖုန်းမီးကို ပိတ်လိုက်ပြီး ကျွန်တော့်ခါးကို လက်တစ်ဖက်ဖြင့် ဆွဲယူပြီး သူ့ကိုယ်နဲ့ ကပ်ပစ်လိုက်သည်။

"ဂျောင်ကု...ငါ ကြောက်တယ်။ မေမေ...သိသွားလိမ့်မယ်"

သူ့ရှပ်အကျီ ရင်ဘတ်စကို ကျွန်တော်မလွတ်တမ်းဆုတ်ဆွဲထားလိုက်သည်။ ကျွန်တော့်လက်ချောင်းများက ရေခဲတမျှအေးစက်ပြီး တဆတ်ဆတ်တုန်နေသည်။ သူ့ကြောင့် ကျွန်တော့်တစ်ဘဝလုံးမှာ မလုပ်ဖူးတာတွေလုပ်နေရပြီ။ ဂျွန်ဂျောင်ကု...မင်းတကယ်ဆိုးတယ်။

"ဖျပ်...ဖျပ်..."

ခြေသံက အခန်းတံခါးရှေ့တည့်တည့်မှာ ရပ်သွားသည်။

ေကျးဇူးပြူပြီး..မေမေ မသိပါစေနဲ့။

"ဂျောင်ကု..."

ကြောက်စိတ်ကြောင့် ကျွန်တော့်မျက်လုံးတွေထဲ မျက်ရည်တောင် ဝဲလာ၏။ သူ့နာမည်ကို နောက်တစ်ခေါက် ခေါ်ရင်း သတိပေးလိုက်တော့ သူက သူ့ရင်ခွင်ထဲရောက်နေသည့် ကျွန်တော့်မျက်နှာကို ငုံ့ကြည့်သည်ထင်။ အမှောင်ထဲမှာမို့ သူ့မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရ။ သူ့အသက်ရှုငွေ့လေ၏ ခပ်နွေးနွေးအထိအတွေ့ကိုသာ ခံစားနေရသည်။

"ဘာမှမဖြစ်ဘူး...ကိုယ့်ကိုယုံ"

သူ့အသံက စိုးရိမ်သည့် အရိပ်အယောင်တောင် ရောယှက်မနေ။ တစ်စုံတစ်ခုကို အသေအချာ ဆုံးဖြတ်ချက်ချထားသလိုမျိုး လေးနက်တည်ငြိမ်နေသည်။ တကယ်ဆို သူက ကျွန်တော့်ထက်တောင် ငယ်တာ။သူ့ထက် အသက်ကြီးတဲ့ ကျွန်တော်ကသာတည်ငြိမ်နေရမှာ မဟုတ်လား။ အခုတော့ သူကပဲ ကျွန်တော့်အပေါ် စိုးမိုးချုပ်ကိုင်နေပြီ။

"ကျွီ..."

အခန်းတံခါးပွင့်သွားသံက ကျွန်တော့်ရင်ခုန်သံနှင့်အပြိုင်။ ကျွန်တော့် တစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွားသည်။ ဒါကို သူက သတိထားမိသည်ထင်။ ကျွန်တော့် ခေါင်းအနောက်ဘက်ကို ထိန်းကိုင်ပြီး သူ့ရင်ခွင်ထဲသို့ ဝှက်ထားစေသည်။ ကျွန်တော့်နှုတ်ခမ်းတစ်စုံလုံး သူ့ရင်ဘတ်ကို ဖိကပ်မိသွားသည်။

"တံခါးကလည်း သော့ပြုတ်နေပါလား။ အခန်းထဲလည်း မှောင်မဲနေတော့တယ်"

မေမေ့အသံက တစ်စုံတစ်ခုကို ဝေခွဲလို့မရတဲ့ အသံမျိုး။ အခန်းမီးဖွင့်လိုက်ရင်တော့ သွားပါပြီ။

"ဂျောင်ကုအဖေကတော့ ငါ့ကိုနောက်ပြီ။ တွေ့မယ်...ဒင်းကို တစ်ပတ်လောက်အထိ ပစ်ထားဦးမယ်။ သူပဲစာတစ်တန် ပေတစ်တန်နဲ့ ချိန်းပြီး အခုကျတော့ ဘယ်ရောက်နေတယ်မသိဘူး။ ဒီလူကြီး အသက်ကြီးကာမှ သူငယ်ပြန်နေပြီ"

မေမေက မကျေမနပ်ဖြင့် မြည်တွန်တောက်တီးကာ အခန်းတံခါး ဒုန်းကနဲ ပြန်ပိတ်သွားသည်။

မေမေ့ခြေသံက တဖြည်းဖြည်း ဝေးသွားသည်။

"အင့်.."

သူ့ရင်ဘတ်ကြီးကို တွန်းပစ်လိုက်ပြီး ကျွန်တော် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ဒေါသကြောင့်ရော ၊ မပြယ်သေးတဲ့ ကြောက်စိတ်ကြောင့်ရော ကျွန်တော့်မျက်လုံးထဲ အရည်ကြည်တွေ ရစ်သိုင်းနေဆဲပင်။

"မင်း...မကောင်းဘူး။ ကြာရင် နှလုံးရပ်ပြီး ငါသေလိမ့်မယ်။ နောက်ကို အဲ့ဒီလိုမလုပ်နဲ့"

ကျွန်တော်က ရင်ဘတ်ကို ဖိရင်း သူ့ကို မျက်လုံးထောင့်ကပ်ပြီး ကြည့်ပစ်လိုက်တော့ သူက ပြုံးသည်။သူများ ဒေါသထွက်နေတာကို ပြုံးရဲသေးတယ်။ဒီကောင်တော့..တစ်စက်မှကို အကြောက်အလန့်မရှိဘူးပဲ။

"အဲ့ဒါဆို ကိုယ့်ကို အနားကပ်ခွင့်ပေးလေ။ မေမေ့အနားမှာပဲ တပူးပူးတကပ်ကပ်လုပ်နေပြီးတော့ ကိုယ့်ကို အတွေ့မှမခံတာ"

သူ ပြောတာ မှန်နေသဖြင့် ကျွန်တော်ဘာမှ ပြန်လည်မချေပတတ်။ 'မင်းကို မြင်ရင် ရင်ခုန်လို့ အနားကပ်မခံတာ'လို့ ကျွန်တော် ဘယ်လိုထုတ်ပြောရဲပါ့မလဲ။ ထို့ကြောင့် စကားလမ်းကြောင်း လွှဲပစ်လိုက်သည်။

"ဘာလုပ်ဖို့ ချိန်းတာလဲ။ အခုရပြီမလား...ပြန်မယ်"

သူဘာမှ ပြန်မပြောခင်မှာပင် ကျွန်တော် ထရပ်လိုက်သည်။ တကယ်တော့ သူ့ကို ကျွန်တော်ကြောက်နေတာ။ စာထဲမှာပါတယ်မဟုတ်လား။ 'သူ့လက်ကနေ လွတ်မယ်ထင်နေလား' ဆိုပြီး။ ဘယ်သူမှ မရှိတဲ့ အမှောင်ကျနေတဲ့ အခန်းထဲမှာ သူ ကျွန်တော့်ကို ဒေါသဖြစ်ဖြစ်နဲ့ လည်ပင်းညှစ်လိုက်ရင်တောင် အော်ချိန်ရလိုက်မှာမဟုတ်ဘူး။ ကိုယ့်အန္တရာယ်တော့ ကိုယ်သိရတာပေါ့။

"နေပါဦး...အရူးကွက်နင်းပြီး ပြန်ဖို့မကြိုးစားနဲ့"

သူက ချက်ချင်း ထ,ရပ်လာပြီး ကျွန်တော့်လက်ကိ​ု မလွှတ်တမ်း ဆွဲထားသည်။

အမယ်လေး..ဘုရားရေ။ သူက မေမေ့ထက်တောင် ကြောက်ဖို့ကောင်းနေသေးတယ်။ ကျွန်တော်တော့ မှားပြီ။

သူက ဖုန်းမီးဖွင့်ပြီး စားပွဲအစွန်းတွင် တင်လိုက်ကာကျွန်တော့် အနားသို့ တဖြည်းဖြည်း ကပ်လာသည်။

္ဖ"ဒီအထိ ရောက်လာပြီးမှ ဒီအတိုင်းပြန်လွှတ်မယ် ထင်နေလား"

ကျွန်တော့် မျက်နှာကို တည့်တည့်စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သောကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားသည်။

ထင်သည့်အတိုင်းပါပင်။ သူ့လက်ချောင်းတွေက ကျွန်တော့် လည်ပင်းကို ဆုပ်ကိုင်လာသည်။ ကျွန်တော်ကြောက်ကြောက်လန့်လန့်ဖြင့် အောက်နှုတ်ခမ်းကို သွားဖြင့် ပေါက်ထွက်မတတ် ဖိကိုက်ထားလိုက်သည်။

"မင်း...မင်း မယုတ်မာနဲ့နော်။ မေမေနဲ့တိုင်ပြောလိုက်မှာ"

"ဘယ်လိုတိုင်မှာလဲ။ ေမမေ့သားငယ်က ကျွန်တော့်ကို နမ်းပါတယ်လို့လား"

"ဟင်!"

ဒီကောင်လေး အတော်ရဲတင်းပါ့လား။ ပြောချလိုက်တာများ။ ကျွန်တော့်မျက်နှာ တစ်ခုလုံး ပူကနဲ ဖြစ်သွားသည်။ နားရွက်တွေလည်း ပူထူသွားသည်။

သူ့ မျက်တောင်တွေက မှေးစင်းသွားပြီး ကျွန်တော့်နှုတ်ခမ်းတွေကို စိုက်ကြည့်လာသည်။

"နမ်း ရ အောင်"

္"ဟင့်အင်း....မနမ်းဘူး။ မင်းဘာတွေလာပြောနေတာလဲ"

ကျွန်တော် သူ့မျက်နှာကို ရဲရဲမကြည့်ရဲတော့။ မျက်လုံးတွေကို စုံမှိတ်ထားလိုက်မိသည်။ နှုတ်ခမ်းတွေကိုလည်း သူနမ်းလို့မရအောင် အတင်းစေ့ထားမိသည်။ ကျွန်တော်ထင်တာက သည်လိုမဟုတ်ဘူးလေ။ အခုတော့ ကျွန်တော့်နှုတ်ခမ်းကို နမ်းမလို့တဲ့လား။

နေပါဦး...အရင်တစ်ခါတုန်းကလည်း သူ့ကိုကျွန်တော်ဆေးထည့်ပေးတုန်းက ကျွန်တော့်နှုတ်ခမ်းတွေကို စိုက်ကြည့်ပြီးမှ မျက်နှာလွှဲ,လွှဲသွားတာ။ အခုလိုအကြည့်မျိုးပဲ။ ဒါဆို အရင်ကတည်းက သူ...ဒီလိုအကြံတွေရှိနေတာပေါ့။

သေပါပြီ...ရှက်လိုက်တာ။

ကျွန်တော်က ဒါလေးတောင်မရိပ်မိဘဲ အမျိုးမျိုးတွေလျှောက်တွေးနေခဲ့တာ။ ဒီ ကောင်စုတ်လေး ဟိုးငယ်ငယ်လေးကတည်းက မရိုးသားတာပေါ့။

အနောက်မှာက စားပွဲစွန်းရှိနေသည်မို့ ထပ်ဆုတ်လို့လည်း မရတော့။ သူ့ကိုယ်နဲ့ စားပွဲကြားမှာ ညှပ်ပူးညှပ်ပိတ် ဖြစ်နေသည်။ ကျွန်တော် ကြောက်နေမှန်းသိတော့ သူက ပိုစ,သည်။ မျက်နှာနားကို အတင်းကပ်လာပြီး သူ့နှာခေါင်းထိပ်နဲ့ကျွန်တော့်ပါးပြင်တစ်ခုလုံးကို ခပ်ဖြေးဖြေး ပွတ်ဆွဲပစ်သည်။ သူ့အသက်ရှုလေက မထိတထိဖြတ်ပြေးနေသည်မို့ ကျွန်တော့်မှာ ဒူးတောင်မခိုင်ချင်တော့။

"ဟင့်..မင်း..."

ကျွန်တော်ဘယ်လိုမှ ပါးစပ်ပိတ်ထားလို့ မရတော့ကိုယ်တိုင် သတိမထားမိလိုက်ဘဲ နှုတ်ခမ်းဖျားက အသံတစ်မျိုးထွက်သွားသည်။ ထိုအသံက ပုံမှန်အသံနှင့်မတူဘဲ ကျွန်တော့်ရင်ထဲက ပူလောင်ပြင်းပြမှုတို့ကို ကိုယ်စားပြုသည့် အမှတ်သကေ်တတစ်ခုလိုမျိုး။

သူ့အကျီကော်လံစကို ဆုပ်မိဆုပ်ရာ အတင်းဆွဲလိုက်တော့ သူ့ခန္ဓာကိုယ်က ကျွန်တော့်မျက်နှာထက် အုပ်မိုးလာသည်။

"ငါ...ငါ...မနမ်းတတ်ဘူး"

သူစိတ်ပျက်သွားအောင် ကျွန်တော် တမင်ပြောလိုက်သည်။ တကယ်လည်း ကျွန်တော် ထိုအပြုအမူတွေကို မပြုလုပ်တတ်။ ဒီအရွယ်အထိ ဘယ်မိန်းကလေးနဲ့မှ ပတ်သက်ဖူးတာမှ မဟုတ်ဘဲ။ ပြီးတော့ ထိုအရာကိုအမြင်နဲ့တောင် အတွေ့အကြုံမရှိ။ ဇာတ်ကားကြည့်နေရင်း မတော်တဆ ပါလာရင်တောင် ကျွန်တော် ကျော်ပစ်ခဲ့မိတာ။ အခုတော့ ဒါကို ပထမဆုံးလုပ်ရမှာ သူနဲ့တဲ့လား။

"ရတယ်...ကိုယ်နမ်းပေးမယ်။ ဒီအတိုင်းနေ..နှုတ်ခမ်းကို စေ့မထားနဲ့"

"ဂျောင် ကု...ငါ တို့ ဒါကို လုပ်မှ ဖြစ်မှာလား။ ငါ..ကြောက်တယ်"

သူ့ကို အသနားခံသလို ကြည့်ရင်း တောင်းဆိုမိတော့ သူ့နှုတ်ခမ်းပါးတွေက လှစ်ကနဲ ပြုံးသည်။ ထိုအခါမှ သူ့နှုတ်ခမ်းတွေကို အသေအချာကြည့်မိသည်။ သွေးရောင်လွှမ်းပြီး အနားသပ်တိကျတဲ့ နှုတ်ခမ်းလေးတွေ။ အပေါ်နှုတ်ခမ်းက ပါးပေမယ့် အောက်နှုတ်ခမ်းလေးကတော့ ထူပြည့်ပြည့်ရှိသည်။

"ဘာမှ မဖြစ်ဘူး။ ဘယ်လောက်တောင် တွေးထားတာလဲ ဟမ်...နမ်းရုံပဲလေ။ ကိုက်မစားပါဘူး"

ကျွန်တော့်နဖူးပေါ်က ဆံပင်တွေကို သပ်ပြီး ချော့မြူသလိုပြောတော့မှ အနည်းငယ်စိတ်သက်သာရာ,ရသွားသည်။

"ရှက်ရင် မျက်လုံးမှိတ်ထား..ဘာမှမဖြစ်ဘူး"

သူ ပြောသလိုပင် ကျွန်တော်မျက်လုံးမှိတ်ထားလိုက်သည်။ ဘယ်ဘက်ရင်အုံက ခုန်လှုပ်နေသော တစ်စုံတစ်ရာက နှေးလိုက်မြန်လိုက်နဲ့ ကြာရင် ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်လာတော့မလားဟုတောင် ထင်ရ၏။

ကျွန်တော့်လက်ထဲက သူ့အကျီကော်လံစက တဖြည်းဖြည်း ရှေ့တိုးလာသည်။ သူ့အသက်ရှုသံကို အတိုင်းသား ကြားနေရသည်။

နူးညံ့အိစက်နေသော ခပ်နွေးနွေး အထိအတွေ့တစ်ခုက ကျွန်တော့်နှုတ်ခမ်းတွေပေါ် ရောက်လာသည်။သူ့လက်ချောင်းတွေက ကျွန်တော့် ခါးတစ်ခုလုံးကို ထိန်းကိုင်လိုက်ပြီး နှုတ်ခမ်းပေါ်က ထိကပ်မှုကိုလည်း ပိုပြီး အားထည့်လိုက်သည်။ သူ့နှုတ်ခမ်းသားတွေက ကျွန်တော့်နှုတ်ခမ်းတွေအပေါ် နစ်ဝင်လာသည်။

"အွန်း.."

ခါးပေါ်က သူ့လက်တွေက ပိုပြီးတင်းကြပ်လာကာ ကျွန်တော့်တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ စားပွဲပေါ်ကို နောက်ပြန် ထောက်ထားသော ကျွန်တော့်လက်များသည် သူ့လည်ပင်းကို အလိုအလျောက်ပင် ဖက်တွယ်မိသွားသည်။

ကျွန်တော့် နှုတ်ခမ်းတစ်လွှာချင်းစီက သူ့နှုတ်ခမ်းတွေကြားထဲ ညှပ်ပါသွားပြီး စိုစွတ်သွားသည်။သူက တော်တော်နှင့်လွှတ်မပေး။ စိမ်ပြေနပြေ နမ်းလို့ဝတော့မှ နောက်ဆုံးတစ်ချက် စုပ်ဆွဲပြီး လွှတ်ပေးသည်။

"ပြွတ်.."

"ဟင်း.."

ကျွန်တော့်ဆီက သက်ပြင်းချသံကြားတော့ သူကနဖူးချင်းထိကာ ရယ်သည်။

"ဂျွန်ဆော့ဂျင်ရယ်...ခင်ဗျားကို ချစ်ရတာလည်းမလွယ်လိုက်တာ"

"မလွယ်ရင် မချစ်နဲ့။ ဖယ်ပေး...သွားမယ်"

"နေပါဦး..စိတ်ဆိုးသွားတာလား"

"မဆိုးပါဘူး။ ငါအခုမှအသက်ရှုချောင်သွားတာ။ မဟုတ်ရင် အသက်ရှုကျပ်ပြီး သေတော့မလို့"

"စိတ်ကို အရမ်းတင်းထားတာကိုး"

ထိုသို့တိုင်အောင် ကျွန်တော် သူ့မျက်နှာကို ရဲရဲမကြည့်ရဲသေး။ သူ့လည်ပင်းပေါ်က ကျွန်တော့်လက်တွေကို ဖြုတ်ပစ်လိုက်ရင်း စားပွဲအစွန်းကို မှီထားလိုက်သည်။ ထိုအခါ သူကအလိုက်တသိပင် ခါးပေါ်က သူ့လက်တွေကိုဖြုတ်ပေးသည်။

"ချစ်လား..ကျွန်တော့်ကို..."

ငြိမ်သက်စပြုနေသော ကျွန်တော့်ရင်ခုန်သံတွေက တစ်ဖန် ပြန်ခုန်စပြုလာသည်။ ထိုအဖြေကို ကျွန်တော်လွယ်လွယ်မပေးချင်ပါ။ သူ့ကိုအဖြေပေးပြီး မေမေ့မျက်နှာကို ဘယ်လိုစိတ်နဲ့ ကြည့်ရပါ့မလဲ။

"ဂျောင်ကု ငါတို့ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူး။အားလုံး မျက်နှာနာစရာတွေ ဖြစ်ကုန်မယ်"

္"ကိုယ် မေးတာကိုပဲ ဖြေ"

သူ့ မျက်နှာတွင် အပြုံးရိပ်များပျောက်သွားပြီး အရင်လို အေးစက်စက် မျက်နှာပေးမျိုး ပြန်ဖြစ်သွားသည်။ငယ်ငယ်ကတည်းက သူ့မျက်နှာတစ်ချက်ငြိုးသွားမှာ၊ ကျွန်တော့်အပေါ်စိတ်ဆိုးသွားမှာကို ကြောက်ခဲ့တဲ့ကျွန်တော်ဟာ ဒီတစ်ခါလည်း သူ့အလိုကို လိုက်ရတော့မှာလား။ဟင့်အင်း..မဖြစ်ဘူး။ ဘယ်မိဘက ကိုယ့်သားကို မွေးစားသားနဲ့ သဘောတူမှာလဲ။ပြီးတော့ ကျွန်တော်က ယောက်ျားလေး။

"ငါ မင်းကို မချစ်ဘူး"

မျက်နှာ တစ်ဖက်လွှဲပြီး ဖြေလိုက်မိသည်။ သူ့ကို မကြည့်မိအောင် ကြိုးစားပြီး စားပွဲအစွန်းကို အကြည့်ပို့ထားလိုက်သည်။ ခုနကသူနမ်းနေတုန်းက ကျွန်တော်ကိုယ်တိုင် စိတ်လွတ်လက်လွတ်နဲ့ တုံ့ပြန်နေမိခဲ့တာ။ဟုတ်တယ်။ ကျွန်တော် ကြည်နူးသွားခဲ့တာ။အချိန်တွေကို ရပ်ပစ်ချင်လောက်တဲ့အထိ ကြည်နူးနေခဲ့တာ။

"ကိုယ့် မျက်လုံးတွေကို သေသေချာချာ ကြည့်ဖြေစမ်းပါ"

သူ့အသံက ခက်ထန်နေသည်။ သူ့ရင်ဘတ် တစ်ခုလုံး အသက်ရှုသံ ပြင်းပြင်းကြောင့် လှုပ်ရှားသွားသည်။သူဒေါသဖြစ်နေပြီ ထင်သည်။

"မင်း ငါ့ကို အဲ့လို ချောင်ပိတ်မမေးနဲ့။ အစကတည်းက မဖြစ်သင့်တဲ့ ဆက်ဆံရေးကို မင်းစ,ခဲ့တာ"

သူက ကိုယ်ကို ကိုင်းထားရာမှ ချက်ချင်းမတ်သွားသည်။ ထို့နောက် စိတ်ပျက်သလို တစ်ချက်ကြည့်ကာ မျက်နှာလွှဲသွားသည်။

"ခင်ဗျား...ကျွန်တော့်ကို မချစ်ရဲဘူးပဲ"

"မေမေတို့ သိသွားရင်....."

"တော်တော့။ ခဏခဏ မေမေတို့ကို အကြောင်းပြလိုက် ညီအစ်ကိုဆိုပြီး အကြောင်းပြလိုက်နဲ့။ ခင်ဗျားနဲ့ ကျွန်တော် တစ်မအေတည်းက မွေးတဲ့သွေးသားရင်းစစ်စစ်လည်း မဟုတ်ဘူး။ အသက်၅နှစ်ပဲကွာတဲ့ ကျွန်တော်တို့ ချစ်ခြင်းက အပြစ်တစ်ခုလား။ ဒါဆို ဒီအမှုမှာ ကျွန်တော်က တရားခံဆိုရင် ခင်ဗျားလည်းကြံရာပါပဲ"

သူ ကျွန်တော့်ကို တစ်ချက်လေးတောင် လှည့်မကြည့်တော့ဘဲ အခန်းအပြင်သို့ ခြေလှမ်းကြဲကြီးများဖြင့် ထွက်သွားသည်။

ကျွန်တော် ဘာမှပြန်မပြောနိုင်တော့။ ထိုနေရာမှာပင် ငိုင်ပြီး ကျန်ရစ်ခဲ့၏။

~~~~~~~~~~~ // ~~~~~~~~~~~

နောက်နေ့များတွင် သူက ပြောင်းလဲသွားသည်။ ကျွန်တော် ဘေးကဖြတ်လျှောက်ရင်တောင် တစ်ချက်မှ မကြည့်သလို စကားလည်းမပြောတော့။

ကျွန်တော် အိမ်ရှေ့မှာ ရှိလျှင် သူက အခန်းထဲအောင်းသည်။ ကျွန်တော် အခန်းထဲဝင်မှ သူကအိမ်ရှေ့ထွက်သည်။

"သားရေ..ကုကုကို သွားခေါ်ချည်..ထမင်းစားဖို့။ ဒီကောင်လေး ဒီရက်ထဲ ဘာဖြစ်နေတယ်မသိဘူး။ သိပ်လည်းစကားမပြောတော့ဘူး။ ငြိမ်ချက်သား ကောင်းနေတယ်"

"ဟုတ်..မေမေ"

တကယ်တော့ သူ့အခန်းထဲကို ကျွန်တော်မသွားချင်။မေမေတို့ရိပ်မိမှာ ကြောက်လို့သာ သွားရတာ။ သူကျွန်တော့်ကို ဟိုနေ့ကတည်းက စိတ်ဆိုးသွားပုံရသည်။

"ဂျောင် ကု..."

အခန်းတံခါးကို ခေါက်မယ် ​ပြင်လိုက်စဥ်မှာပင် သူကလည်း တံခါးကို ဆွဲအဖွင့်နဲ့ တိုးသွားသည်။ ထို့ကြောင့်
ကျွန်တော့်လက်က သူ့ရင်ဘတ်အနားသို့ ရောက်သွားသည်။ သူက ရေးချိုးပြီးစထင်သည်။ ဆံပင်တွေကို နဖူးပေါ်လှန်တင်ထားတာမို့ သူ့ရုပ်သွင်က အတော်လေးရင့်ကျက်နေသည်။

"မေမေက ထမင်းစားဖို့တဲ့"

ထိုအမှာ စကားတစ်ခွန်းပဲ ပြောပြီး ကျွန်တော်နောက်ကြောင်း ပြန်လှည့်လာသည်။ သူ့မျက်လုံးတွေကို ကျွန်တော်ကြာကြာမကြည့်ရဲ။

"ပျော်တယ် မလား"

သူ့စကားကြောင့် ကျွန်တော့်ခြေလှမ်းတွေ ရပ်သွားသည်။ သို့သော် လှည့်တော့မကြည့်ဖြစ်။

"ပြီးရင် လိုက်လာခဲ့။ မေမေတို့ စောင့်နေတယ်"

"နေဦး...ခင်ဗျား"

သူက ကျွန်တော့်လက်ကို အမိအရဆွဲပြီး အခန်းထဲသို့ဆွဲသွင်းသည်။ အမှတ်တမဲ့မို့ ကျွန်တော်မရုန်းနိုင်တော့ဘဲ သူ့ဆွဲခေါ်ရာ နောက်ကိုပါသွားသည်။

"မေးတာကို ဖြေ"

"ကျွန်တော့်ကို တကယ်မချစ်ဖူးလား"

"မ ချစ် ဘူး "

သည်တစ်ခါတော့ မဆိုင်းမတွပင် ကျွန်တော်ဖြေလိုက်သည်။ နို့မို့ဆို ကျွန်တော်ဟန်မဆောင်တတ်ပုံနဲ့ သူရိပ်မိသွားမှာ။ မော့မကြည့်နဲ့။ ကျွန်တော် မော့ကြည့်လိုက်ရင် ကျွန်တော့်မျက်လုံးထဲက အဖြေကို သူသိသွားတော့မယ်။

ကျွန်တော့် လက်ကောက်ဝတ်က သူ့လက်တွေ အားလျော့သွားသည်။ ကျွန်တော့်ဘက်က ဘာမှထပ်မပြောတာ သေချာမှ သူ့ဆီက အေးစက်စက် စကားသံတစ်ခွန်းထွက်လာ၏။

"သွားတော့"

ကျွန်တော် လှည့်ထွက်လာရင်း အောက်နှုတ်ခမ်းကို ဖိကိုက် ထားမိလိုက်သည်။ ရင်ထဲဆို့တက်လာသမျှကို နှုတ်ခမ်းတွေဆီ အပြစ်ပုံချရင်း သွေးစို့သည်အထိ ကိုက်ထားမိသည်။

ဒီရွေးချယ်မှုကပဲ ငါတို့နှစ်ယောက်အတွက် အကောင်းဆုံးဖြစ်မှာပါ ။

ငါ့ကိ​ု မေ့လိုက်ပါတော့..ဂျောင်ကုရယ်။

~~~~~~~~~~~ // ~~~~~~~~~~~

"မေမေ....ညီလေးရော"

သူ့ကို မတွေ့ရသည်မှာ သုံးရက်ရှိပြီ။ သုံးရက်လုံးလုံး သူအိမ်ပြန်မလာ။ဘယ်တွေ ရောက်နေတာလဲ ဂျောင်ကုရယ်။

"သားငယ်က စာမေးပွဲရှိလို့ ပြန်မလာဘူးတဲ့ သားရေ။ သူ့သူငယ်ချင်းအိမ်မှာ အိပ်တယ်။စာမေးပွဲပြီးမှ ပြန်လာမယ်တဲ့"

ဟုတ်သားပဲ...အထက်တန်း နောက်ဆုံးနှစ် စာမေးပွဲရှိတာပဲ။ သူများအိမ်မှာ သူအဆင်ရောပြေပါ့မလား။စာမေးပွဲရက်မို့ စားချိန် အိပ်ချိန် မှန်ပါ့မလားလို့ကျွန်တော် တွေးပူမိသွားသည်။ ကျွန်တော်ကြောင့် အိမ်ပြန်မလာတာလားဟု တွေးမိတော့ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရသည်။

မြင်နေကျ သူ့ရဲ့မထိတရိမပြုံးတွေ၊ ကြားနေကျ အေးစက်စက် စကားသံတွေကို မကြားရတော့ ကျွန်တော်ရင်ထဲ ဟာသွားသည်။ ထိုရက်ပိုင်းတွေအတွင်း ဘာကိုလိုအပ်လို့ လိုနေမှန်းမသိ။ တခြားအလုပ်တွေကို အာရုံစိုက်ထားသော်လည်း မရ။ လွမ်းတယ်ဆိုတာ ဒါမျိုးလား။

မြန်မြန်ပြန်လာပါတော့ ဂျောင်ကုရယ်။ ငါ မင်းကို တကယ်လွမ်းနေပြီ။
.
.
.
.
တစ်ညနေတွင်တော့ သူပြန်လာခဲ့ပါသည်။

အိမ်ရှေ့က စကားပြောသံတွေကြောင့် ကျွန်တော်အခန်းထဲက အပြေးအလွှား ထွက်ကြည့်လိုက်မိသည်။

သို့သော် သူတစ်ယောက်တည်းတော့ မဟုတ်။

သူ့နံဘေးတွင်ရွယ်တူ မိန်းကလေးတစ်ယောက်ပါလာသည်။

~~~~~~~~~~~ // ~~~~~~~~~~~

.
.

Note: Fic up ကာနီးမှ 'မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး' ဆိုတဲ့ သီချင်းလေး နားထောင်ရင်း ကုကုနဲ့ ကိုကို့ကို သွားမြင်ယောင်လို့ အပေါ်က media မှာ ထည့်ပေးလိုက်ပါတယ် 💖

မနက်ဖြန်ညတော့ တစ်ညလောက် နားမယ်
​ေလနော်။ မျက်လုံးက တော်တော် အားနည်းလာပြီ 😣

Thanks for your reading & voting

Riona

.
.

Zawgyi
________

ကြၽန္ေတာ္႕ေျခေထာက္မ်ားသည္ ဘယ္ေလာက္ အ႐ွိန္ႏႈန္းနဲ႔ သြားမိေနမွန္းေတာင္ မသိ။ မဟုတ္ဘူး..ကြၽန္ေတာ္ ေျပးေနမိတာ။ ေမေမ ဘယ္လိုပုံစံနဲ႔ က်န္ေနခဲ့သည္ကို ဂ႐ုမစိုက္ႏိုင္အား။ ဒီေကာင္ေလးေၾကာင့္ အခုကတည္းက ကေယာက္ကယက္ေတြ ျဖစ္ေနၿပီ။ ေနာက္ဆို ဘယ္ေလာက္ေတာင္မ်ား ရင္တုန္စရာ ကိစၥေတြ ျဖစ္လာဦးမယ္မသိ။

"ေဂ်ာင္ကု.."

အခန္းတံခါးက ေသာ့ခတ္မထား။ ပြင့္ေနသည္။ သူ ေရာက္ေနၿပီလား။

ေမွာင္မဲေနသည့္ အခန္းထဲမွာ ကြၽန္ေတာ္႕ခမ်ာ အကန္းတစ္ေယာက္လိုပင္ ဟိုစမ္းစမ္း, ဒီစမ္းစမ္းလုပ္ရင္း သူ႕နာမည္ကို ေနာက္တစ္ေခါက္ ေခၚလိုက္သည္။

"ေဂ်ာင္ ကု.."

"အမယ္ေလး....အ ေမ..."

အခန္းေထာင့္စြန္းက မဲမဲသ႑ာန္တစ္ခု ႐ုတ္တရက္ထြက္လာၿပီး ကြၽန္ေတာ္႕လက္ေကာက္ဝတ္ကို လာဆြဲလိုက္တာေၾကာင့္ ေအာ္လိုက္မိျခင္းျဖစ္သည္။ သို႔ရာတြင္ ကြၽန္ေတာ္႕ေအာ္သံ မဆုံးခင္မွာပင္ လက္ဖဝါး တစ္ဖက္က ပါးစပ္ကို လာပိတ္သည္။

"႐ွဴး...တိုးတိုး"

သူက ဖုန္း flash မီးကို ဖြင့္ၿပီး ႏႈတ္ခမ္းေပၚ လက္တင္ၿပီး အခ်က္ျပသည္။ ထိုသို႔တိုင္ ကြၽန္ေတာ္႕ရင္တုန္မႈက ေပ်ာက္မသြာ။ သူက ကြၽန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ ရပ္ၿပီး ဖုန္းကို ေဘးက စားပြဲေပၚ တင္လိုက္သည္။ မီးေရာင္ေၾကာင့္ သူ႕မ်က္ႏွာ တစ္ျခမ္းတြင္ အလင္းက်ေရာက္ေနသည္။တိုစိပ္စိပ္ မ်က္ေတာင္မ်ား၏ အရိပ္က သူ႕ပါးျပင္ေပၚမွာ ထင္ဟပ္ေနသည္။ အၿမဲတေစ ခပ္တင္းတင္း ေစ့ပိတ္ထားေသာ ႏႈတ္ခမ္းပါးလွပ္လွပ္၊ ထင္းေနေသာ ေမး႐ိုးမ်ားေၾကာင့္ ညအေမွာင္ထဲမွာေတာင္ သူကၾကည့္ေကာင္းေနသည္။

"ေမေမ သိသြားၿပီ။ ငါတို႔အျပင္ထြက္ရေအာင္ ေဂ်ာင္ကု"

"အျပင္ထြက္ရင္ ခင္ဗ်ားက ကြၽန္ေတာ္႕ကို အနားမွအကပ္မခံတာ"

"မဟုတ္ဘူး...ငါ..."

ထိုအခိုက္မွာပင္ အခန္းေ႐ွ႕က ေျခသံေၾကာင့္ သူေရာ ကြၽန္ေတာ္ေရာ စကားစ,ျပတ္သြားၿပီး အခန္းေ႐ွ႕ကို ၿပိဳင္တူၾကည့္လိုက္မိသည္။ သူလည္း အနည္းငယ္ထိတ္လန္႔သြားပုံေတာ့ရသည္။ သို႔ေသာ္ သူက သူ႕ပုံစံအတိုင္းပင္။ တည္တည္ၿငိမ္ၿငိမ္ျဖင့္ပင္ ဖုန္းမီးကို ပိတ္လိုက္ၿပီး ကြၽန္ေတာ္႕ခါးကို လက္တစ္ဖက္ျဖင့္ ဆြဲယူၿပီး သူ႕ကိုယ္နဲ႔ ကပ္ပစ္လိုက္သည္။

"ေဂ်ာင္ကု...ငါ ေၾကာက္တယ္။ ေမေမ...သိသြားလိမ့္မယ္"

သူ႕႐ွပ္အက်ီ ရင္ဘတ္စကို ကြၽန္ေတာ္မလြတ္တမ္းဆုတ္ဆြဲထားလိုက္သည္။ ကြၽန္ေတာ္႕လက္ေခ်ာင္းမ်ားက ေရခဲတမွ်ေအးစက္ၿပီး တဆတ္ဆတ္တုန္ေနသည္။ သူ႕ေၾကာင့္ ကြၽန္ေတာ္႕တစ္ဘဝလုံးမွာ မလုပ္ဖူးတာေတြလုပ္ေနရၿပီ။ ဂြၽန္ေဂ်ာင္ကု...မင္းတကယ္ဆိုးတယ္။

"ဖ်ပ္...ဖ်ပ္..."

ေျခသံက အခန္းတံခါးေ႐ွ႕တည့္တည့္မွာ ရပ္သြားသည္။

ေက်းဇူးျပဴၿပီး..ေမေမ မသိပါေစနဲ႔။

"ေဂ်ာင္ကု..."

ေၾကာက္စိတ္ေၾကာင့္ ကြၽန္ေတာ္႕မ်က္လုံးေတြထဲ မ်က္ရည္ေတာင္ ဝဲလာ၏။ သူ႕နာမည္ကို ေနာက္တစ္ေခါက္ ေခၚရင္း သတိေပးလိုက္ေတာ့ သူက သူ႕ရင္ခြင္ထဲေရာက္ေနသည့္ ကြၽန္ေတာ္႕မ်က္ႏွာကို ငုံ႔ၾကည့္သည္ထင္။ အေမွာင္ထဲမွာမို႔ သူ႕မ်က္ႏွာကိုေတာ့ သဲသဲကြဲကြဲမျမင္ရ။ သူ႕အသက္႐ႈေငြ႕ေလ၏ ခပ္ေႏြးေႏြးအထိအေတြ႕ကိုသာ ခံစားေနရသည္။

"ဘာမွမျဖစ္ဘူး...ကိုယ့္ကိုယုံ"

သူ႕အသံက စိုးရိမ္သည့္ အရိပ္အေယာင္ေတာင္ ေရာယွက္မေန။ တစ္စုံတစ္ခုကို အေသအခ်ာ ဆုံးျဖတ္ခ်က္ခ်ထားသလိုမ်ိဳး ေလးနက္တည္ၿငိမ္ေနသည္။ တကယ္ဆို သူက ကြၽန္ေတာ္႕ထက္ေတာင္ ငယ္တာ။သူ႕ထက္ အသက္ႀကီးတဲ့ ကြၽန္ေတာ္ကသာတည္ၿငိမ္ေနရမွာ မဟုတ္လား။ အခုေတာ့ သူကပဲ ကြၽန္ေတာ္႕အေပၚ စိုးမိုးခ်ဳပ္ကိုင္ေနၿပီ။

"ကြၽီ..."

အခန္းတံခါးပြင့္သြားသံက ကြၽန္ေတာ္႕ရင္ခုန္သံႏွင့္အၿပိဳင္။ ကြၽန္ေတာ္႕ တစ္ကိုယ္လုံး ဆတ္ကနဲ တုန္သြားသည္။ ဒါကို သူက သတိထားမိသည္ထင္။ ကြၽန္ေတာ္႕ ေခါင္းအေနာက္ဘက္ကို ထိန္းကိုင္ၿပီး သူ႕ရင္ခြင္ထဲသို႔ ဝွက္ထားေစသည္။ ကြၽန္ေတာ္႕ႏႈတ္ခမ္းတစ္စုံလုံး သူ႕ရင္ဘတ္ကို ဖိကပ္မိသြားသည္။

"တံခါးကလည္း ေသာ့ျပဳတ္ေနပါလား။ အခန္းထဲလည္း ေမွာင္မဲေနေတာ့တယ္"

ေမေမ့အသံက တစ္စုံတစ္ခုကို ေဝခြဲလို႔မရတဲ့ အသံမ်ိဳး။ အခန္းမီးဖြင့္လိုက္ရင္ေတာ့ သြားပါၿပီ။

"ေဂ်ာင္ကုအေဖကေတာ့ ငါ့ကိုေနာက္ၿပီ။ ေတြ႕မယ္...ဒင္းကို တစ္ပတ္ေလာက္အထိ ပစ္ထားဦးမယ္။ သူပဲစာတစ္တန္ ေပတစ္တန္နဲ႔ ခ်ိန္းၿပီး အခုက်ေတာ့ ဘယ္ေရာက္ေနတယ္မသိဘူး။ ဒီလူႀကီး အသက္ႀကီးကာမွ သူငယ္ျပန္ေနၿပီ"

ေမေမက မေက်မနပ္ျဖင့္ ျမည္တြန္ေတာက္တီးကာ အခန္းတံခါး ဒုန္းကနဲ ျပန္ပိတ္သြားသည္။

ေမေမ့ေျခသံက တျဖည္းျဖည္း ေဝးသြားသည္။

"အင့္.."

သူ႕ရင္ဘတ္ႀကီးကို တြန္းပစ္လိုက္ၿပီး ကြၽန္ေတာ္ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္သည္။ ေဒါသေၾကာင့္ေရာ ၊ မျပယ္ေသးတဲ့ ေၾကာက္စိတ္ေၾကာင့္ေရာ ကြၽန္ေတာ္႕မ်က္လုံးထဲ အရည္ၾကည္ေတြ ရစ္သိုင္းေနဆဲပင္။

"မင္း...မေကာင္းဘူး။ ၾကာရင္ ႏွလုံးရပ္ၿပီး ငါေသလိမ့္မယ္။ ေနာက္ကို အဲ့ဒီလိုမလုပ္နဲ႔"

ကြၽန္ေတာ္က ရင္ဘတ္ကို ဖိရင္း သူ႕ကို မ်က္လုံးေထာင့္ကပ္ၿပီး ၾကည့္ပစ္လိုက္ေတာ့ သူက ျပဳံးသည္။သူမ်ား ေဒါသထြက္ေနတာကို ျပဳံးရဲေသးတယ္။ဒီေကာင္ေတာ့..တစ္စက္မွကို အေၾကာက္အလန္႔မ႐ွိဘူးပဲ။

"အဲ့ဒါဆို ကိုယ့္ကို အနားကပ္ခြင့္ေပးေလ။ ေမေမ့အနားမွာပဲ တပူးပူးတကပ္ကပ္လုပ္ေနၿပီးေတာ့ ကိုယ့္ကို အေတြ႕မွမခံတာ"

သူ ေျပာတာ မွန္ေနသျဖင့္ ကြၽန္ေတာ္ဘာမွ ျပန္လည္မေခ်ပတတ္။ 'မင္းကို ျမင္ရင္ ရင္ခုန္လို႔ အနားကပ္မခံတာ'လို႔ ကြၽန္ေတာ္ ဘယ္လိုထုတ္ေျပာရဲပါ့မလဲ။ ထို႔ေၾကာင့္ စကားလမ္းေၾကာင္း လႊဲပစ္လိုက္သည္။

"ဘာလုပ္ဖို႔ ခ်ိန္းတာလဲ။ အခုရၿပီမလား...ျပန္မယ္"

သူဘာမွ ျပန္မေျပာခင္မွာပင္ ကြၽန္ေတာ္ ထရပ္လိုက္သည္။ တကယ္ေတာ့ သူ႕ကို ကြၽန္ေတာ္ေၾကာက္ေနတာ။ စာထဲမွာပါတယ္မဟုတ္လား။ 'သူ႕လက္ကေန လြတ္မယ္ထင္ေနလား' ဆိုၿပီး။ ဘယ္သူမွ မ႐ွိတဲ့ အေမွာင္က်ေနတဲ့ အခန္းထဲမွာ သူ ကြၽန္ေတာ္႕ကို ေဒါသျဖစ္ျဖစ္နဲ႔ လည္ပင္းညႇစ္လိုက္ရင္ေတာင္ ေအာ္ခ်ိန္ရလိုက္မွာမဟုတ္ဘူး။ ကိုယ့္အႏၲရာယ္ေတာ့ ကိုယ္သိရတာေပါ့။

"ေနပါဦး...အ႐ူးကြက္နင္းၿပီး ျပန္ဖို႔မႀကိဳးစားနဲ႔"

သူက ခ်က္ခ်င္း ထ,ရပ္လာၿပီး ကြၽန္ေတာ္႕လက္ကိ​ု မလႊတ္တမ္း ဆြဲထားသည္။

အမယ္ေလး..ဘုရားေရ။ သူက ေမေမ့ထက္ေတာင္ ေၾကာက္ဖို႔ေကာင္းေနေသးတယ္။ ကြၽန္ေတာ္ေတာ့ မွားၿပီ။

သူက ဖုန္းမီးဖြင့္ၿပီး စားပြဲအစြန္းတြင္ တင္လိုက္ကာကြၽန္ေတာ္႕ အနားသို႔ တျဖည္းျဖည္း ကပ္လာသည္။

ၹ"ဒီအထိ ေရာက္လာၿပီးမွ ဒီအတိုင္းျပန္လႊတ္မယ္ ထင္ေနလား"

ကြၽန္ေတာ္႕ မ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ရင္း တစ္လုံးခ်င္း ေျပာလိုက္ေသာေၾကာင့္ ကြၽန္ေတာ္႕တစ္ကိုယ္လုံး ၾကက္သီးေမႊးညင္းထသြားသည္။

ထင္သည့္အတိုင္းပါပင္။ သူ႕လက္ေခ်ာင္းေတြက ကြၽန္ေတာ္႕ လည္ပင္းကို ဆုပ္ကိုင္လာသည္။ ကြၽန္ေတာ္ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ ေအာက္ႏႈတ္ခမ္းကို သြားျဖင့္ ေပါက္ထြက္မတတ္ ဖိကိုက္ထားလိုက္သည္။

"မင္း...မင္း မယုတ္မာနဲ႔ေနာ္။ ေမေမနဲ႔တိုင္ေျပာလိုက္မွာ"

"ဘယ္လိုတိုင္မွာလဲ။ ေမေမ့သားငယ္က ကြၽန္ေတာ္႕ကို နမ္းပါတယ္လို႔လား"

"ဟင္!"

ဒီေကာင္ေလး အေတာ္ရဲတင္းပါ့လား။ ေျပာခ်လိုက္တာမ်ား။ ကြၽန္ေတာ္႕မ်က္ႏွာ တစ္ခုလုံး ပူကနဲ ျဖစ္သြားသည္။ နား႐ြက္ေတြလည္း ပူထူသြားသည္။

သူ႕ မ်က္ေတာင္ေတြက ေမွးစင္းသြားၿပီး ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြကို စိုက္ၾကည့္လာသည္။

"နမ္း ရ ေအာင္"

္"ဟင့္အင္း....မနမ္းဘူး။ မင္းဘာေတြလာေျပာေနတာလဲ"

ကြၽန္ေတာ္ သူ႕မ်က္ႏွာကို ရဲရဲမၾကည့္ရဲေတာ့။ မ်က္လုံးေတြကို စုံမွိတ္ထားလိုက္မိသည္။ ႏႈတ္ခမ္းေတြကိုလည္း သူနမ္းလို႔မရေအာင္ အတင္းေစ့ထားမိသည္။ ကြၽန္ေတာ္ထင္တာက သည္လိုမဟုတ္ဘူးေလ။ အခုေတာ့ ကြၽန္ေတာ္႕ႏႈတ္ခမ္းကို နမ္းမလို႔တဲ့လား။

ေနပါဦး...အရင္တစ္ခါတုန္းကလည္း သူ႕ကိုကြၽန္ေတာ္ေဆးထည့္ေပးတုန္းက ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြကို စိုက္ၾကည့္ၿပီးမွ မ်က္ႏွာလႊဲ,လႊဲသြားတာ။ အခုလိုအၾကည့္မ်ိဳးပဲ။ ဒါဆို အရင္ကတည္းက သူ...ဒီလိုအၾကံေတြ႐ွိေနတာေပါ့။

ေသပါၿပီ...႐ွက္လိုက္တာ။

ကြၽန္ေတာ္က ဒါေလးေတာင္မရိပ္မိဘဲ အမ်ိဳးမ်ိဳးေတြေလွ်ာက္ေတြးေနခဲ့တာ။ ဒီ ေကာင္စုတ္ေလး ဟိုးငယ္ငယ္ေလးကတည္းက မ႐ိုးသားတာေပါ့။

အေနာက္မွာက စားပြဲစြန္း႐ွိေနသည္မို႔ ထပ္ဆုတ္လို႔လည္း မရေတာ့။ သူ႕ကိုယ္နဲ႔ စားပြဲၾကားမွာ ညႇပ္ပူးညႇပ္ပိတ္ ျဖစ္ေနသည္။ ကြၽန္ေတာ္ ေၾကာက္ေနမွန္းသိေတာ့ သူက ပိုစ,သည္။ မ်က္ႏွာနားကို အတင္းကပ္လာၿပီး သူ႕ႏွာေခါင္းထိပ္နဲ႔ကြၽန္ေတာ္႕ပါးျပင္တစ္ခုလုံးကို ခပ္ေျဖးေျဖး ပြတ္ဆြဲပစ္သည္။ သူ႕အသက္႐ႈေလက မထိတထိျဖတ္ေျပးေနသည္မို႔ ကြၽန္ေတာ္႕မွာ ဒူးေတာင္မခိုင္ခ်င္ေတာ့။

"ဟင့္..မင္း..."

ကြၽန္ေတာ္ဘယ္လိုမွ ပါးစပ္ပိတ္ထားလို႔ မရေတာ့ကိုယ္တိုင္ သတိမထားမိလိုက္ဘဲ ႏႈတ္ခမ္းဖ်ားက အသံတစ္မ်ိဳးထြက္သြားသည္။ ထိုအသံက ပုံမွန္အသံႏွင့္မတူဘဲ ကြၽန္ေတာ္႕ရင္ထဲက ပူေလာင္ျပင္းျပမႈတို႔ကို ကိုယ္စားျပဳသည့္ အမွတ္သေက္တတစ္ခုလိုမ်ိဳး။

သူ႕အက်ီေကာ္လံစကို ဆုပ္မိဆုပ္ရာ အတင္းဆြဲလိုက္ေတာ့ သူ႕ခႏၶာကိုယ္က ကြၽန္ေတာ္႕မ်က္ႏွာထက္ အုပ္မိုးလာသည္။

"ငါ...ငါ...မနမ္းတတ္ဘူး"

သူစိတ္ပ်က္သြားေအာင္ ကြၽန္ေတာ္ တမင္ေျပာလိုက္သည္။ တကယ္လည္း ကြၽန္ေတာ္ ထိုအျပဳအမူေတြကို မျပဳလုပ္တတ္။ ဒီအ႐ြယ္အထိ ဘယ္မိန္းကေလးနဲ႔မွ ပတ္သက္ဖူးတာမွ မဟုတ္ဘဲ။ ၿပီးေတာ့ ထိုအရာကိုအျမင္နဲ႔ေတာင္ အေတြ႕အၾကဳံမ႐ွိ။ ဇာတ္ကားၾကည့္ေနရင္း မေတာ္တဆ ပါလာရင္ေတာင္ ကြၽန္ေတာ္ ေက်ာ္ပစ္ခဲ့မိတာ။ အခုေတာ့ ဒါကို ပထမဆုံးလုပ္ရမွာ သူနဲ႔တဲ့လား။

"ရတယ္...ကိုယ္နမ္းေပးမယ္။ ဒီအတိုင္းေန..ႏႈတ္ခမ္းကို ေစ့မထားနဲ႔"

"ေဂ်ာင္ ကု...ငါ တို႔ ဒါကို လုပ္မွ ျဖစ္မွာလား။ ငါ..ေၾကာက္တယ္"

သူ႕ကို အသနားခံသလို ၾကည့္ရင္း ေတာင္းဆိုမိေတာ့ သူ႕ႏႈတ္ခမ္းပါးေတြက လွစ္ကနဲ ျပဳံးသည္။ ထိုအခါမွ သူ႕ႏႈတ္ခမ္းေတြကို အေသအခ်ာၾကည့္မိသည္။ ေသြးေရာင္လႊမ္းၿပီး အနားသပ္တိက်တဲ့ ႏႈတ္ခမ္းေလးေတြ။ အေပၚႏႈတ္ခမ္းက ပါးေပမယ့္ ေအာက္ႏႈတ္ခမ္းေလးကေတာ့ ထူျပည့္ျပည့္႐ွိသည္။

"ဘာမွ မျဖစ္ဘူး။ ဘယ္ေလာက္ေတာင္ ေတြးထားတာလဲ ဟမ္...နမ္း႐ုံပဲေလ။ ကိုက္မစားပါဘူး"

ကြၽန္ေတာ္႕နဖူးေပၚက ဆံပင္ေတြကို သပ္ၿပီး ေခ်ာ့ျမဴသလိုေျပာေတာ့မွ အနည္းငယ္စိတ္သက္သာရာ,ရသြားသည္။

"႐ွက္ရင္ မ်က္လုံးမွိတ္ထား..ဘာမွမျဖစ္ဘူး"

သူ ေျပာသလိုပင္ ကြၽန္ေတာ္မ်က္လုံးမွိတ္ထားလိုက္သည္။ ဘယ္ဘက္ရင္အုံက ခုန္လႈပ္ေနေသာ တစ္စုံတစ္ရာက ေႏွးလိုက္ျမန္လိုက္နဲ႔ ၾကာရင္ ခႏၶာကိုယ္အျပင္ဘက္ကို ထြက္လာေတာ့မလားဟုေတာင္ ထင္ရ၏။

ကြၽန္ေတာ္႕လက္ထဲက သူ႕အက်ီေကာ္လံစက တျဖည္းျဖည္း ေ႐ွ႕တိုးလာသည္။ သူ႕အသက္႐ႈသံကို အတိုင္းသား ၾကားေနရသည္။

ႏူးညံ့အိစက္ေနေသာ ခပ္ေႏြးေႏြး အထိအေတြ႕တစ္ခုက ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြေပၚ ေရာက္လာသည္။သူ႕လက္ေခ်ာင္းေတြက ကြၽန္ေတာ္႕ ခါးတစ္ခုလုံးကို ထိန္းကိုင္လိုက္ၿပီး ႏႈတ္ခမ္းေပၚက ထိကပ္မႈကိုလည္း ပိုၿပီး အားထည့္လိုက္သည္။ သူ႕ႏႈတ္ခမ္းသားေတြက ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြအေပၚ နစ္ဝင္လာသည္။

"အြန္း.."

ခါးေပၚက သူ႕လက္ေတြက ပိုၿပီးတင္းၾကပ္လာကာ ကြၽန္ေတာ္႕တစ္ကိုယ္လုံးကို သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။ စားပြဲေပၚကို ေနာက္ျပန္ ေထာက္ထားေသာ ကြၽန္ေတာ္႕လက္မ်ားသည္ သူ႕လည္ပင္းကို အလိုအေလ်ာက္ပင္ ဖက္တြယ္မိသြားသည္။

ကြၽန္ေတာ္႕ ႏႈတ္ခမ္းတစ္လႊာခ်င္းစီက သူ႕ႏႈတ္ခမ္းေတြၾကားထဲ ညႇပ္ပါသြားၿပီး စိုစြတ္သြားသည္။သူက ေတာ္ေတာ္ႏွင့္လႊတ္မေပး။ စိမ္ေျပနေျပ နမ္းလို႔ဝေတာ့မွ ေနာက္ဆုံးတစ္ခ်က္ စုပ္ဆြဲၿပီး လႊတ္ေပးသည္။

"ႁပြတ္.."

"ဟင္း.."

ကြၽန္ေတာ္႕ဆီက သက္ျပင္းခ်သံၾကားေတာ့ သူကနဖူးခ်င္းထိကာ ရယ္သည္။

"ဂြၽန္ေဆာ့ဂ်င္ရယ္...ခင္ဗ်ားကို ခ်စ္ရတာလည္းမလြယ္လိုက္တာ"

"မလြယ္ရင္ မခ်စ္နဲ႔။ ဖယ္ေပး...သြားမယ္"

"ေနပါဦး..စိတ္ဆိုးသြားတာလား"

"မဆိုးပါဘူး။ ငါအခုမွအသက္႐ႈေခ်ာင္သြားတာ။ မဟုတ္ရင္ အသက္႐ႈက်ပ္ၿပီး ေသေတာ့မလို႔"

"စိတ္ကို အရမ္းတင္းထားတာကိုး"

ထိုသို႔တိုင္ေအာင္ ကြၽန္ေတာ္ သူ႕မ်က္ႏွာကို ရဲရဲမၾကည့္ရဲေသး။ သူ႕လည္ပင္းေပၚက ကြၽန္ေတာ္႕လက္ေတြကို ျဖဳတ္ပစ္လိုက္ရင္း စားပြဲအစြန္းကို မွီထားလိုက္သည္။ ထိုအခါ သူကအလိုက္တသိပင္ ခါးေပၚက သူ႕လက္ေတြကိုျဖဳတ္ေပးသည္။

"ခ်စ္လား..ကြၽန္ေတာ္႕ကို..."

ၿငိမ္သက္စျပဳေနေသာ ကြၽန္ေတာ္႕ရင္ခုန္သံေတြက တစ္ဖန္ ျပန္ခုန္စျပဳလာသည္။ ထိုအေျဖကို ကြၽန္ေတာ္လြယ္လြယ္မေပးခ်င္ပါ။ သူ႕ကိုအေျဖေပးၿပီး ေမေမ့မ်က္ႏွာကို ဘယ္လိုစိတ္နဲ႔ ၾကည့္ရပါ့မလဲ။

"ေဂ်ာင္ကု ငါတို႔ေ႐ွ႕ဆက္သြားလို႔ မျဖစ္ေတာ့ဘူး။အားလုံး မ်က္ႏွာနာစရာေတြ ျဖစ္ကုန္မယ္"

္"ကိုယ္ ေမးတာကိုပဲ ေျဖ"

သူ႕ မ်က္ႏွာတြင္ အျပဳံးရိပ္မ်ားေပ်ာက္သြားၿပီး အရင္လို ေအးစက္စက္ မ်က္ႏွာေပးမ်ိဳး ျပန္ျဖစ္သြားသည္။ငယ္ငယ္ကတည္းက သူ႕မ်က္ႏွာတစ္ခ်က္ၿငိဳးသြားမွာ၊ ကြၽန္ေတာ္႕အေပၚစိတ္ဆိုးသြားမွာကို ေၾကာက္ခဲ့တဲ့ကြၽန္ေတာ္ဟာ ဒီတစ္ခါလည္း သူ႕အလိုကို လိုက္ရေတာ့မွာလား။ဟင့္အင္း..မျဖစ္ဘူး။ ဘယ္မိဘက ကိုယ့္သားကို ေမြးစားသားနဲ႔ သေဘာတူမွာလဲ။ၿပီးေတာ့ ကြၽန္ေတာ္က ေယာက်္ားေလး။

"ငါ မင္းကို မခ်စ္ဘူး"

မ်က္ႏွာ တစ္ဖက္လႊဲၿပီး ေျဖလိုက္မိသည္။ သူ႕ကို မၾကည့္မိေအာင္ ႀကိဳးစားၿပီး စားပြဲအစြန္းကို အၾကည့္ပို႔ထားလိုက္သည္။ ခုနကသူနမ္းေနတုန္းက ကြၽန္ေတာ္ကိုယ္တိုင္ စိတ္လြတ္လက္လြတ္နဲ႔ တုံ႔ျပန္ေနမိခဲ့တာ။ဟုတ္တယ္။ ကြၽန္ေတာ္ ၾကည္ႏူးသြားခဲ့တာ။အခ်ိန္ေတြကို ရပ္ပစ္ခ်င္ေလာက္တဲ့အထိ ၾကည္ႏူးေနခဲ့တာ။

"ကိုယ့္ မ်က္လုံးေတြကို ေသေသခ်ာခ်ာ ၾကည့္ေျဖစမ္းပါ"

သူ႕အသံက ခက္ထန္ေနသည္။ သူ႕ရင္ဘတ္ တစ္ခုလုံး အသက္႐ႈသံ ျပင္းျပင္းေၾကာင့္ လႈပ္႐ွားသြားသည္။သူေဒါသျဖစ္ေနၿပီ ထင္သည္။

"မင္း ငါ့ကို အဲ့လို ေခ်ာင္ပိတ္မေမးနဲ႔။ အစကတည္းက မျဖစ္သင့္တဲ့ ဆက္ဆံေရးကို မင္းစ,ခဲ့တာ"

သူက ကိုယ္ကို ကိုင္းထားရာမွ ခ်က္ခ်င္းမတ္သြားသည္။ ထို႔ေနာက္ စိတ္ပ်က္သလို တစ္ခ်က္ၾကည့္ကာ မ်က္ႏွာလႊဲသြားသည္။

"ခင္ဗ်ား...ကြၽန္ေတာ္႕ကို မခ်စ္ရဲဘူးပဲ"

"ေမေမတို႔ သိသြားရင္....."

"ေတာ္ေတာ့။ ခဏခဏ ေမေမတို႔ကို အေၾကာင္းျပလိုက္ ညီအစ္ကိုဆိုၿပီး အေၾကာင္းျပလိုက္နဲ႔။ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ တစ္မေအတည္းက ေမြးတဲ့ေသြးသားရင္းစစ္စစ္လည္း မဟုတ္ဘူး။ အသက္၅ႏွစ္ပဲကြာတဲ့ ကြၽန္ေတာ္တို႔ ခ်စ္ျခင္းက အျပစ္တစ္ခုလား။ ဒါဆို ဒီအမႈမွာ ကြၽန္ေတာ္က တရားခံဆိုရင္ ခင္ဗ်ားလည္းၾကံရာပါပဲ"

သူ ကြၽန္ေတာ္႕ကို တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ေတာ့ဘဲ အခန္းအျပင္သို႔ ေျခလွမ္းႀကဲႀကီးမ်ားျဖင့္ ထြက္သြားသည္။

ကြၽန္ေတာ္ ဘာမွျပန္မေျပာႏိုင္ေတာ့။ ထိုေနရာမွာပင္ ငိုင္ၿပီး က်န္ရစ္ခဲ့၏။

~~~~~~~~~~~ // ~~~~~~~~~~~

ေနာက္ေန႔မ်ားတြင္ သူက ေျပာင္းလဲသြားသည္။ ကြၽန္ေတာ္ ေဘးကျဖတ္ေလွ်ာက္ရင္ေတာင္ တစ္ခ်က္မွ မၾကည့္သလို စကားလည္းမေျပာေတာ့။

ကြၽန္ေတာ္ အိမ္ေ႐ွ႕မွာ ႐ွိလွ်င္ သူက အခန္းထဲေအာင္းသည္။ ကြၽန္ေတာ္ အခန္းထဲဝင္မွ သူကအိမ္ေ႐ွ႕ထြက္သည္။

"သားေရ..ကုကုကို သြားေခၚခ်ည္..ထမင္းစားဖို႔။ ဒီေကာင္ေလး ဒီရက္ထဲ ဘာျဖစ္ေနတယ္မသိဘူး။ သိပ္လည္းစကားမေျပာေတာ့ဘူး။ ၿငိမ္ခ်က္သား ေကာင္းေနတယ္"

"ဟုတ္..ေမေမ"

တကယ္ေတာ့ သူ႕အခန္းထဲကို ကြၽန္ေတာ္မသြားခ်င္။ေမေမတို႔ရိပ္မိမွာ ေၾကာက္လို႔သာ သြားရတာ။ သူကြၽန္ေတာ္႕ကို ဟိုေန႔ကတည္းက စိတ္ဆိုးသြားပုံရသည္။

"ေဂ်ာင္ ကု..."

အခန္းတံခါးကို ေခါက္မယ္ ​ျပင္လိုက္စဥ္မွာပင္ သူကလည္း တံခါးကို ဆြဲအဖြင့္နဲ႔ တိုးသြားသည္။ ထို႔ေၾကာင့္
ကြၽန္ေတာ္႕လက္က သူ႕ရင္ဘတ္အနားသို႔ ေရာက္သြားသည္။ သူက ေရးခ်ိဳးၿပီးစထင္သည္။ ဆံပင္ေတြကို နဖူးေပၚလွန္တင္ထားတာမို႔ သူ႕႐ုပ္သြင္က အေတာ္ေလးရင့္က်က္ေနသည္။

"ေမေမက ထမင္းစားဖို႔တဲ့"

ထိုအမွာ စကားတစ္ခြန္းပဲ ေျပာၿပီး ကြၽန္ေတာ္ေနာက္ေၾကာင္း ျပန္လွည့္လာသည္။ သူ႕မ်က္လုံးေတြကို ကြၽန္ေတာ္ၾကာၾကာမၾကည့္ရဲ။

"ေပ်ာ္တယ္ မလား"

သူ႕စကားေၾကာင့္ ကြၽန္ေတာ္႕ေျခလွမ္းေတြ ရပ္သြားသည္။ သို႔ေသာ္ လွည့္ေတာ့မၾကည့္ျဖစ္။

"ၿပီးရင္ လိုက္လာခဲ့။ ေမေမတို႔ ေစာင့္ေနတယ္"

"ေနဦး...ခင္ဗ်ား"

သူက ကြၽန္ေတာ္႕လက္ကို အမိအရဆြဲၿပီး အခန္းထဲသို႔ဆြဲသြင္းသည္။ အမွတ္တမဲ့မို႔ ကြၽန္ေတာ္မ႐ုန္းႏိုင္ေတာ့ဘဲ သူ႕ဆြဲေခၚရာ ေနာက္ကိုပါသြားသည္။

"ေမးတာကို ေျဖ"

"ကြၽန္ေတာ္႕ကို တကယ္မခ်စ္ဖူးလား"

"မ ခ်စ္ ဘူး "

သည္တစ္ခါေတာ့ မဆိုင္းမတြပင္ ကြၽန္ေတာ္ေျဖလိုက္သည္။ ႏို႔မို႔ဆို ကြၽန္ေတာ္ဟန္မေဆာင္တတ္ပုံနဲ႔ သူရိပ္မိသြားမွာ။ ေမာ့မၾကည့္နဲ႔။ ကြၽန္ေတာ္ ေမာ့ၾကည့္လိုက္ရင္ ကြၽန္ေတာ္႕မ်က္လုံးထဲက အေျဖကို သူသိသြားေတာ့မယ္။

ကြၽန္ေတာ္႕ လက္ေကာက္ဝတ္က သူ႕လက္ေတြ အားေလ်ာ့သြားသည္။ ကြၽန္ေတာ္႕ဘက္က ဘာမွထပ္မေျပာတာ ေသခ်ာမွ သူ႕ဆီက ေအးစက္စက္ စကားသံတစ္ခြန္းထြက္လာ၏။

"သြားေတာ့"

ကြၽန္ေတာ္ လွည့္ထြက္လာရင္း ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ ထားမိလိုက္သည္။ ရင္ထဲဆို႔တက္လာသမွ်ကို ႏႈတ္ခမ္းေတြဆီ အျပစ္ပုံခ်ရင္း ေသြးစို႔သည္အထိ ကိုက္ထားမိသည္။

ဒီေ႐ြးခ်ယ္မႈကပဲ ငါတို႔ႏွစ္ေယာက္အတြက္ အေကာင္းဆုံးျဖစ္မွာပါ ။

ငါ့ကိ​ု ေမ့လိုက္ပါေတာ့..ေဂ်ာင္ကုရယ္။

~~~~~~~~~~~ // ~~~~~~~~~~~

"ေမေမ....ညီေလးေရာ"

သူ႕ကို မေတြ႕ရသည္မွာ သုံးရက္႐ွိၿပီ။ သုံးရက္လုံးလုံး သူအိမ္ျပန္မလာ။ဘယ္ေတြ ေရာက္ေနတာလဲ ေဂ်ာင္ကုရယ္။

"သားငယ္က စာေမးပြဲ႐ွိလို႔ ျပန္မလာဘူးတဲ့ သားေရ။ သူ႕သူငယ္ခ်င္းအိမ္မွာ အိပ္တယ္။စာေမးပြဲၿပီးမွ ျပန္လာမယ္တဲ့"

ဟုတ္သားပဲ...အထက္တန္း ေနာက္ဆုံးႏွစ္ စာေမးပြဲ႐ွိတာပဲ။ သူမ်ားအိမ္မွာ သူအဆင္ေရာေျပပါ့မလား။စာေမးပြဲရက္မို႔ စားခ်ိန္ အိပ္ခ်ိန္ မွန္ပါ့မလားလို႔ကြၽန္ေတာ္ ေတြးပူမိသြားသည္။ ကြၽန္ေတာ္ေၾကာင့္ အိမ္ျပန္မလာတာလားဟု ေတြးမိေတာ့ ကိုယ့္ကိုယ္ကို အျပစ္႐ွိသလို ခံစားရသည္။

ျမင္ေနက် သူ႕ရဲ႕မထိတရိမျပဳံးေတြ၊ ၾကားေနက် ေအးစက္စက္ စကားသံေတြကို မၾကားရေတာ့ ကြၽန္ေတာ္ရင္ထဲ ဟာသြားသည္။ ထိုရက္ပိုင္းေတြအတြင္း ဘာကိုလိုအပ္လို႔ လိုေနမွန္းမသိ။ တျခားအလုပ္ေတြကို အာ႐ုံစိုက္ထားေသာ္လည္း မရ။ လြမ္းတယ္ဆိုတာ ဒါမ်ိဳးလား။

ျမန္ျမန္ျပန္လာပါေတာ့ ေဂ်ာင္ကုရယ္။ ငါ မင္းကို တကယ္လြမ္းေနၿပီ။
.
.
.
.
တစ္ညေနတြင္ေတာ့ သူျပန္လာခဲ့ပါသည္။

အိမ္ေ႐ွ႕က စကားေျပာသံေတြေၾကာင့္ ကြၽန္ေတာ္အခန္းထဲက အေျပးအလႊား ထြက္ၾကည့္လိုက္မိသည္။

သို႔ေသာ္ သူတစ္ေယာက္တည္းေတာ့ မဟုတ္။

သူ႕နံေဘးတြင္႐ြယ္တူ မိန္းကေလးတစ္ေယာက္ပါလာသည္။

~~~~~~~~~~~ // ~~~~~~~~~~~

.
.

Note: Fic up ကာနီးမွ 'မုန္းခိုင္းတိုင္း မမုန္းႏိုင္ဘူး' ဆိုတဲ့ သီခ်င္းေလး နားေထာင္ရင္း ကုကုနဲ႔ ကိုကို႔ကို သြားျမင္ေယာင္လို႔ အေပၚက media မွာ ထည့္ေပးလိုက္ပါတယ္ 💖

မနက္ျဖန္ညေတာ့ တစ္ညေလာက္ နားမယ္
​ေလေနာ္။ မ်က္လုံးက ေတာ္ေတာ္ အားနည္းလာၿပီ 😣

Thanks for your reading & voting

Riona

واصل القراءة

ستعجبك أيضاً

610K 37K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
31.9K 2.6K 16
မေတ္တာနယ်မြေထဲ စုန်ချည် ဆန်ချည်. . ။
1.1M 48.8K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
73.5K 4.6K 38
"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖတ်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖတ်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်...