ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

848K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.7.14

2.7K 472 53
By devil61002

" မာရွယ္ .. ေပါက္ကြဲမႈေတြေၾကာင့္ ကယ္ဆယ္ေရး ယာဉ္က ၿဂိဳလ္ေပၚကေန ထြက္ခြာလို႔ မရဘူးတဲ့ .." ရိုဟန္ သည္  ျမဴျဂိဳလ္ေပၚက ကမ႓ာပ်က္ျမင္ကြင္းအား စခရင္ေပၚမွ တဆင့္ ၾကၫ့္ေနခဲ့ရင္း သူ႔မ်က္ႏွာက တျဖည္းျဖည္း မဲေမွာင္လာခဲ့သည္ ။ ' ေပါက္ကြဲမႈကို ရပ္တန႔္ရမယ္ .. ရပ္တန႔္ရမယ္ ..'

သည္အခ်ိန္တြင္ ထိန္းခ်ဳပ္ေရး အခန္းမွ တံခါးပြင့္သြားကာ ေလာ့ သည္ အလ်င္စလို ဝင္ေရာက္လာခဲ့သည္ ။ သူက အရာရိွ တစ္ေယာက္ဆီမွ ဆက္သြယ္ေရး ကိရိယာအား ယူလိုက္ၿပီး " Liam .. Liam .. ငါေျပာတာ ၾကားရလား .."

ဆက္သြယ္ေရး ကိရိယာတစ္ဖက္မွ Liam ၏ ျပတ္ေတာက္ျပတ္ေတာက္ အသံက ထြက္ေပၚလာခဲ့သည္ ။ " ၾကားတယ္ "

" မင္းရဲ့ ပတ္လည္မွာ ထင္ထင္ရွားရွား ျမင္ေနရတဲ့ အေဆာက္အဦး တစ္ခုခုရိွလား .. ‌ေသခ်ာသေလာက္ အေဆာက္အဦး ေဘးပတ္လည္မွာ ေပါက္ကြဲမႈ မရိွေသးဘူး .." ေလာ့၏ စကားေၾကာင့္ Liam က ပတ္လည္သို႔ ေဝ႔ွၾကၫ့္လိုက္၏ ။ အေဆာက္အဦး အမ်ားစုသည္ ပ်က္စီးမႈမွ မလြတ္ေျမာက္ခဲ့ဘဲ ၿပိဳလဲေနၾကၿပီ ျဖစ္ကာ ယႏၲရားကဲ့သို႔ အေဆာက္အဦးမ်ားသည္ ယခုအခါ ပံုပ်က္ေနၿပီ ျဖစ္သည္ ။ သူ႔အၾကၫ့္က အလယ္ဗဟို တြင္ မဟုတ္ဘဲ ယခုခ်ိန္ထိ ထိခိုက္မႈ ႀကီးႀကီးမားမား မရိွေသးသၫ့္ အေဆာက္အဦး ထံသို႔ ေရာက္သြားခဲ့သည္ ။

" ရိွတယ္ .. "

ေလာ့ က စခရင္ရိွ ျမင္ကြင္းအား အက်ယ္ခ်ဲ့ခိုင္းလိုက္ၿပီး အေဆာက္အဦးအား ရွာလိုက္သည္ ။ ေပါက္ကြဲမႈမ်ားေၾကာင့္ ဆက္သြယ္ေရးသည္ မတည္မၿငိမ္ျဖစ္ေနသၫ့္အျပင္ မီးခိုးမ်ား မီးေတာက္မ်ားျဖင့္ ေနရာအျပၫ့္ျဖစ္ေနသည္ ။

" ၿဂိဳလ္တစ္ခုလံုးကို ေဖာက္ခြဲဖို႔ အခ်ိန္ယူရမွာဘဲ .. အဲ့ေနရာက ထိန္းခ်ဳပ္ေရး စင္တာ ျဖစ္ႏိုင္ေခ် ..၈၀% ေလာက္ ရိွတယ္ .. ရပ္တန႔္ဖို႔ဆိုရင္ အဲ့ကို သြားရလိမ့္မယ္ .. " ေလာ့က အသက္ျပင္းျပင္းရႈလ်က္ ေျပာလိုက္သည္ ။ " အေဆာက္အဦးကို ေရာက္ရင္ ေနရာတစ္ခုလံုးကို အက်ဉ္းခ်ဳပ္ျပေပးပါ .. အထဲက အေျခအေနကို အတတ္ႏိုင္ဆံုး ၾကၫ့္ေပးမယ္.."

" Sir .. တစ္ေယာက္တည္း ျဖစ္ပါ့မလား .." အဖြဲ႔သားမ်ားက Liam အား စိုးရိမ္တႀကီး ၾကၫ့္လိုက္ၾကသည္ ။ Liam က " ဒီေနရာက အေဆာက္အဦးနဲ႔ သိပ္မေဝးလို႔ ေပါက္ကြဲမႈက ကြက္ၾကားျဖစ္ေနတာ .. အခ်ိန္မေရြး အႏၲရယ္ရိွတယ္ .. မင္းတို႔က ထြက္ခြာဖို႔ အၿမဲတမ္း အဆင္သင့္ျဖစ္ေနရမယ္ .. ေပါက္ကြဲမႈ မရပ္တန႔္ေသးေပမဲ့.. အႏၲရယ္ကင္းတဲ့လမ္းေၾကာင္း ေတြ့ရင္ ခ်က္ခ်င္း သြားေတာ့ .. "

Liam ၏ ေအးစက္ေနသၫ့္ အမႈအရာေၾကာင့္ ဘယ္သူမွ စကားထပ္မဆိုရဲေတာ့ေပ ။ သူတို႔က တိတ္တဆိတ္ အမိန႔္နာခံကာ ပံုရိပ္အေသးေလး က်န္သည္အထိ ထြက္သြားသၫ့္ Liam ၏ ေက်ာျပင္ကိုသာ ၾကၫ့္ေနလိုက္ၾကရေတာ့သည္ ။

Liam သည္ အေဆာက္အဦးအား ေမာ့ၾကၫ့္လိုက္ၿပီး လက္ပတ္အား အသာတို႔ထိလိုက္သည္ ။ " ေလာ့ .. ငါ ဝင္မဲ့ လမ္းေၾကာင္းကို စစ္ေဆးပါ "

ခဏအၾကာတြင္ လက္ပတ္မွ စက္သံတစ္ခ်က္ ျမည္သြားကာ အေဆာက္အဦး ပံုၾကမ္းတစ္ခု ေပၚလာခဲ့သည္ ။

" အေဆာက္အဦး ရဲ့ အထပ္တိုင္း ကို အသံုးျပဳခြင့္ ကဒ္နဲ႔ဝင္လို႔ရတဲ့ စနစ္ ပရိုဂရမ္တစ္ခု ထၫ့္ထားတယ္ .. အဲ့ဒါကို ငါေျဖရွင္းႏိုင္တယ္ .." Liam က ဘာမွေတြးမေနဘဲ အေပၚသို႔ တက္သြားလိုက္သည္ ။ သူက အဓိက အခန္းကို ရွာရန္ အခ်ိန္သိပ္မယူခ်င္ေနခဲ့ေပ ။

တီ!!!

အဓိက ထိန္းခ်ဳပ္ခန္းထဲသို႔ ဝင္လိုက္သည္နဲ႔ က်ယ္ေလာင္သၫ့္ အခ်က္ေပးသံကို ၾကားလိုက္ရသည္ ။ Liam သူ႔ေျခလွမ္းမ်ားကို ဂရုတစိုက္ လွမ္းရင္း မ်က္စိေရ႔ွက ဖန္သားျပင္ႀကီးအား ၾကၫ့္လိုက္သည္ ။ မ်က္ႏွာျပင္တြင္ ရာခိုင္ႏႈန္းျပ စာတန္းတစ္ခုသည္ ထင္ထင္ရွားရွား ရိွေနခဲ့၏ ။ ဒီ ပရိုဂရမ္ႀကီးသည္ ၿဂိဳလ္ကို ဖ်က္ဆီးဖို႔ တမင္ ျပဳလုပ္ထားသၫ့္ စနစ္ႀကီး ျဖစ္ေပေတာ့သည္ ။

" ဒါ.. ဒါ..ဒါက ေသစမ္း!! ဒီအရူးေတြေတာ့ Liam အဲ့ထဲက ျမန္ျမန္ထြက္လာခဲ့ေတာ့ .." စခရင္မွ ျမင္လိုက္ရသၫ့္ အရာေၾကာင့္ ေလာ့သည္ ထိတ္လန႔္သြားကာ က်ိန္ဆဲမိလိုက္ၿပီး Liam အား သတိေပးလိုက္သည္ ။

" အဲ့စနစ္က ဖ်က္ဆီးဖို႔ အဓိက လုပ္ထားတာဘဲ .. ရပ္တန႔္လို႔ မရဘူး .. ငါ့အဆင့္နဲ႔ေပါ့ .. အဲ့ပစၥည္းကို ဆက္သြယ္မႈ ျဖတ္ေတာက္လိုက္ရင္ေတာင္ မရဘူး .. " သူ႔အသံက အလြန္ေသခ်ာေနခဲ့သည္ ။

Liam က လက္ကို တင္းတင္းဆုပ္လိုက္ကာ " တျခားနည္းလမ္း မရိွဘူးလား .." ေလာ့၏ အသံက တိတ္ဆိတ္သြားသည္ ။ ရိုဟန္သည္ မ်က္ႏွာထက္တြင္ ေသြးေရာင္ပင္ မရိွေတာ့သၫ့္ ေလာ့ အား ၾကၫ့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္ကာ   " တျခားနည္းရိွရင္ ေျပာလိုက္ "

" ေပါက္ကြဲမႈက ေနရာက်ယ္ကေန တျဖည္းျဖည္း ခ်ံဳလာတာ .. အဲ့ ပရိုဂရမ္ကို ေျပာင္းျပန္လုပ္လို႔ရေပမဲ့ .. " ေလာ့၏ အသံက ‌တိုးဝင္သြားေတာ့သည္ ။ " ေပါက္ကြဲမႈက ဒီအေဆာက္အဦးကေန စတင္လိမ့္မယ္ .. မင္းလဲ လြတ္မွာ မဟုတ္ဘူး .. "

Liam က တစ္ခ်က္ၿပံဳးလိုက္ကာ " ဘယ္ဟာကို ႏိွပ္ရမလဲသာ ေျပာေတာ့ .."

သူ႔ ဆံုးျဖတ္ခ်က္အား ၾကားသၫ့္အခ်ိန္တြင္ ေလာ့က သူသိေနတယ္ဆိုသၫ့္ အမႈအရာျဖင့္ ႏူတ္ခမ္းမ်ား တုန္ယင္သြားေတာ့သည္ ။ သူသည္ အခ်ိန္မရိွသျဖင့္ အပိုစကားမ်ား မေျပာႏိုင္ခဲ့ေပ ။ Liam အား တုန္ယင္ေနသၫ့္ အသံျဖင့္ ၫႊန္ၾကားေနရင္း သူ႔မ်က္ဝန္းမ်ားမွ မ်က္ရည္မ်ား စီးက်လာသည္ ။ ၿဂိဳလ္သည္ ပ်က္စီးဖို႔ ၉၀% ရိွေနလ်ွင္ Liam သည္ ၉၉% ေသရန္ ေသခ်ာေနခဲ့သည္ မဟုတ္ပါလား ။

" အဲ့ဒီျဖစ္စဉ္မွာ .. စနစ္က ျပန္လည္စတင္တဲ့ ပံုစံျဖစ္သြားတဲ့အတြက္ ေပါက္ကြဲမႈက အခ်ိန္ ငါးမိနစ္ေလာက္ ရပ္တန႔္သြားလိမ့္မယ္ .. " ထို အခ်ိန္သည္ ခဏသာျဖစ္ေသာ္လည္း ကယ္ဆယ္ေရး ယာဉ္က ထြက္ခြာႏိုင္ရန္ လံုေလာက္သၫ့္အခ်ိန္ ရိွေပးသည္ ။

အခ်ိန္စတင္ ေရတြက္ေနခဲ့ရင္း လူတိုင္း၏ ႏွလံုးသားက တုန္ယင္လာခဲ့ၿပီး ဝမ္းနည္းမႈမ်ားျဖင့္ တင္းၾကပ္လာသည္ ။ စစ္ပြဲတြင္ ဆံုးရႈံးမႈမ်ား ရိွသည္က ေသခ်ာေသာ္လည္း ယခု သူတို႔က အေတာ္ဆံုး ကြန္မန္ဒါကို ဆံုးရႈံးရေတာ့မည္ ။ ရိုဟန္ သည္ စခရင္အား အၾကည္မလြဲဘဲ မ်က္ႏွာေသျဖင့္ ရိွေနခဲ့သည္ ။ သူသည္ အခ်ိန္တိုင္း Liam အား ယံုၾကည္ေနခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ ယံုၾကည္မႈက ယိမ္းယိုင္လာခဲ့သည္ ။

ကယ္ဆယ္ေရးယာဉ္က ၿဂိဳလ္ေပၚမွ ထြက္ခြာသြားၿပီးၿပီးခ်င္း Liam ရိွေနသၫ့္ အေဆာက္အဦးသည္ က်ယ္ေလာင္သၫ့္ ေပါက္ကြဲသံနဲ႔အတူ ‌ပ်က္စီးသြားေတာ့သည္ ။ ေလာ့သည္ ေျခေထာက္မ်ား မခိုင္ေတာ့သျဖင့္ ၾကမ္းျပင္ေပၚသို႔ ပံုလ်က္ လဲက်သြားေတာ့သည္ ။ ကယ္ဆယ္ေရး ယာဉ္နဲ႔ ဆက္သြယ္ေရးလိႈင္းသည္ ပ်က္မသြားခဲ့ေသာ္လည္း Liam နဲ႔ လံုးဝ ဆက္သြယ္၍ မရေတာ့ေပ ။ က်န္ရစ္ေနခဲ့သည္က မဲေမွာင္ေနသၫ့္ စခရင္ တစ္ခုသာ ။

သည္အခ်ိန္တြင္ ဟီရုန္ သည္ ထိန္းသိမ္းေရး အခန္းထဲတြင္ ရိွေနကာ အျပင္ဘက္က အေျခအေနအား တစ္ခ်က္ၾကၫ့္လိုက္သည္ ။ သူ႔ လက္ေမာင္းတြင္ ေသြးမ်ား ထြက္လာကာ ခနအၾကာတြင္ ေသးငယ္သၫ့္ ခ်ပ္စ္ ျပား ပံုသ႑ာန္ အရာေလးထြက္လာခဲ့သည္ ။ ထိုအရာေလးအား နားတြင္ ကပ္လိုက္သည္ ။ တစ္ဘက္မွ အသံလိႈင္းတစ္ခ်ိဳ႕ ကို လက္ခံၿပီးခ်ိန္တြင္ ဟီရုန္၏ မ်က္ႏွာထက္တြင္ ေက်နပ္သၫ့္ အၿပံဳးတစ္ခု ေပၚလာခဲ့သည္ ။ အသံလိႈင္းမွ ပို႔လႊတ္လိုက္သၫ့္ အရာသည္ အျခားမဟုတ္ေပ ။

" Liam ေသသြားၿပီ " ဟူ၍ပင္ ။

____________________
🙏🙏စိတ္ေလ်ာ့ၾကကုန္..😁
___________________
Unicode

" မာရှယ် .. ပေါက်ကွဲမှုတွေကြောင့် ကယ်ဆယ်ရေး ယာဉ်က ဂြိုလ်ပေါ်ကနေ ထွက်ခွာလို့ မရဘူးတဲ့ .." ရိုဟန် သည်  မြူဂြိုလ်ပေါ်က ကမ်ဘာပျက်မြင်ကွင်းအား စခရင်ပေါ်မှ တဆင့် ကြည့်နေခဲ့ရင်း သူ့မျက်နှာက တဖြည်းဖြည်း မဲမှောင်လာခဲ့သည် ။ ' ပေါက်ကွဲမှုကို ရပ်တန့်ရမယ် .. ရပ်တန့်ရမယ် ..'

သည်အချိန်တွင် ထိန်းချုပ်ရေး အခန်းမှ တံခါးပွင့်သွားကာ လော့ သည် အလျင်စလို ဝင်ရောက်လာခဲ့သည် ။ သူက အရာရှိ တစ်ယောက်ဆီမှ ဆက်သွယ်ရေး ကိရိယာအား ယူလိုက်ပြီး " Liam .. Liam .. ငါပြောတာ ကြားရလား .."

ဆက်သွယ်ရေး ကိရိယာတစ်ဖက်မှ Liam ၏ ပြတ်တောက်ပြတ်တောက် အသံက ထွက်ပေါ်လာခဲ့သည် ။ " ကြားတယ် "

" မင်းရဲ့ ပတ်လည်မှာ ထင်ထင်ရှားရှား မြင်နေရတဲ့ အဆောက်အဦး တစ်ခုခုရှိလား .. ‌သေချာသလောက် အဆောက်အဦး ဘေးပတ်လည်မှာ ပေါက်ကွဲမှု မရှိသေးဘူး .." လော့၏ စကားကြောင့် Liam က ပတ်လည်သို့ ဝှေ့ကြည့်လိုက်၏ ။ အဆောက်အဦး အများစုသည် ပျက်စီးမှုမှ မလွတ်မြောက်ခဲ့ဘဲ ပြိုလဲနေကြပြီ ဖြစ်ကာ ယန္တရားကဲ့သို့ အဆောက်အဦးများသည် ယခုအခါ ပုံပျက်နေပြီ ဖြစ်သည် ။ သူ့အကြည့်က အလယ်ဗဟို တွင် မဟုတ်ဘဲ ယခုချိန်ထိ ထိခိုက်မှု ကြီးကြီးမားမား မရှိသေးသည့် အဆောက်အဦး ထံသို့ ရောက်သွားခဲ့သည် ။

" ရှိတယ် .. "

လော့ က စခရင်ရှိ မြင်ကွင်းအား အကျယ်ချဲ့ခိုင်းလိုက်ပြီး အဆောက်အဦးအား ရှာလိုက်သည် ။ ပေါက်ကွဲမှုများကြောင့် ဆက်သွယ်ရေးသည် မတည်မငြိမ်ဖြစ်နေသည့်အပြင် မီးခိုးများ မီးတောက်များဖြင့် နေရာအပြည့်ဖြစ်နေသည် ။

" ဂြိုလ်တစ်ခုလုံးကို ဖောက်ခွဲဖို့ အချိန်ယူရမှာဘဲ .. အဲ့နေရာက ထိန်းချုပ်ရေး စင်တာ ဖြစ်နိုင်ချေ ..၈၀% လောက် ရှိတယ် .. ရပ်တန့်ဖို့ဆိုရင် အဲ့ကို သွားရလိမ့်မယ် .. " လော့က အသက်ပြင်းပြင်းရှုလျက် ပြောလိုက်သည် ။ " အဆောက်အဦးကို ရောက်ရင် နေရာတစ်ခုလုံးကို အကျဉ်းချုပ်ပြပေးပါ .. အထဲက အခြေအနေကို အတတ်နိုင်ဆုံး ကြည့်ပေးမယ်.."

" Sir .. တစ်ယောက်တည်း ဖြစ်ပါ့မလား .." အဖွဲ့သားများက Liam အား စိုးရိမ်တကြီး ကြည့်လိုက်ကြသည် ။ Liam က " ဒီနေရာက အဆောက်အဦးနဲ့ သိပ်မဝေးလို့ ပေါက်ကွဲမှုက ကွက်ကြားဖြစ်နေတာ .. အချိန်မရွေး အန္တရယ်ရှိတယ် .. မင်းတို့က ထွက်ခွာဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေရမယ် .. ပေါက်ကွဲမှု မရပ်တန့်သေးပေမဲ့.. အန္တရယ်ကင်းတဲ့လမ်းကြောင်း တွေ့ရင် ချက်ချင်း သွားတော့ .. "

Liam ၏ အေးစက်နေသည့် အမှုအရာကြောင့် ဘယ်သူမှ စကားထပ်မဆိုရဲတော့ပေ ။ သူတို့က တိတ်တဆိတ် အမိန့်နာခံကာ ပုံရိပ်အသေးလေး ကျန်သည်အထိ ထွက်သွားသည့် Liam ၏ ကျောပြင်ကိုသာ ကြည့်နေလိုက်ကြရတော့သည် ။

Liam သည် အဆောက်အဦးအား မော့ကြည့်လိုက်ပြီး လက်ပတ်အား အသာတို့ထိလိုက်သည် ။ " လော့ .. ငါ ဝင်မဲ့ လမ်းကြောင်းကို စစ်ဆေးပါ "

ခဏအကြာတွင် လက်ပတ်မှ စက်သံတစ်ချက် မြည်သွားကာ အဆောက်အဦး ပုံကြမ်းတစ်ခု ပေါ်လာခဲ့သည် ။

" အဆောက်အဦး ရဲ့ အထပ်တိုင်း ကို အသုံးပြုခွင့် ကဒ်နဲ့ဝင်လို့ရတဲ့ စနစ် ပရိုဂရမ်တစ်ခု ထည့်ထားတယ် .. အဲ့ဒါကို ငါဖြေရှင်းနိုင်တယ် .." Liam က ဘာမှတွေးမနေဘဲ အပေါ်သို့ တက်သွားလိုက်သည် ။ သူက အဓိက အခန်းကို ရှာရန် အချိန်သိပ်မယူချင်နေခဲ့ပေ ။

တီ!!!

အဓိက ထိန်းချုပ်ခန်းထဲသို့ ဝင်လိုက်သည်နဲ့ ကျယ်လောင်သည့် အချက်ပေးသံကို ကြားလိုက်ရသည် ။ Liam သူ့ခြေလှမ်းများကို ဂရုတစိုက် လှမ်းရင်း မျက်စိရှေ့က ဖန်သားပြင်ကြီးအား ကြည့်လိုက်သည် ။ မျက်နှာပြင်တွင် ရာခိုင်နှုန်းပြ စာတန်းတစ်ခုသည် ထင်ထင်ရှားရှား ရှိနေခဲ့၏ ။ ဒီ ပရိုဂရမ်ကြီးသည် ဂြိုလ်ကို ဖျက်ဆီးဖို့ တမင် ပြုလုပ်ထားသည့် စနစ်ကြီး ဖြစ်ပေတော့သည် ။

" ဒါ.. ဒါ..ဒါက သေစမ်း!! ဒီအရူးတွေတော့ Liam အဲ့ထဲက မြန်မြန်ထွက်လာခဲ့တော့ .." စခရင်မှ မြင်လိုက်ရသည့် အရာကြောင့် လော့သည် ထိတ်လန့်သွားကာ ကျိန်ဆဲမိလိုက်ပြီး Liam အား သတိပေးလိုက်သည် ။

" အဲ့စနစ်က ဖျက်ဆီးဖို့ အဓိက လုပ်ထားတာဘဲ .. ရပ်တန့်လို့ မရဘူး .. ငါ့အဆင့်နဲ့ပေါ့ .. အဲ့ပစ္စည်းကို ဆက်သွယ်မှု ဖြတ်တောက်လိုက်ရင်တောင် မရဘူး .. " သူ့အသံက အလွန်သေချာနေခဲ့သည် ။

Liam က လက်ကို တင်းတင်းဆုပ်လိုက်ကာ " တခြားနည်းလမ်း မရှိဘူးလား .." လော့၏ အသံက တိတ်ဆိတ်သွားသည် ။ ရိုဟန်သည် မျက်နှာထက်တွင် သွေးရောင်ပင် မရှိတော့သည့် လော့ အား ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ   " တခြားနည်းရှိရင် ပြောလိုက် "

" ပေါက်ကွဲမှုက နေရာကျယ်ကနေ တဖြည်းဖြည်း ချုံလာတာ .. အဲ့ ပရိုဂရမ်ကို ပြောင်းပြန်လုပ်လို့ရပေမဲ့ .. " လော့၏ အသံက ‌တိုးဝင်သွားတော့သည် ။ " ပေါက်ကွဲမှုက ဒီအဆောက်အဦးကနေ စတင်လိမ့်မယ် .. မင်းလဲ လွတ်မှာ မဟုတ်ဘူး .. "

Liam က တစ်ချက်ပြုံးလိုက်ကာ " ဘယ်ဟာကို နှိပ်ရမလဲသာ ပြောတော့ .."

သူ့ ဆုံးဖြတ်ချက်အား ကြားသည့်အချိန်တွင် လော့က သူသိနေတယ်ဆိုသည့် အမှုအရာဖြင့် နူတ်ခမ်းများ တုန်ယင်သွားတော့သည် ။ သူသည် အချိန်မရှိသဖြင့် အပိုစကားများ မပြောနိုင်ခဲ့ပေ ။ Liam အား တုန်ယင်နေသည့် အသံဖြင့် ညွှန်ကြားနေရင်း သူ့မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည် ။ ဂြိုလ်သည် ပျက်စီးဖို့ ၉၀% ရှိနေလျှင် Liam သည် ၉၉% သေရန် သေချာနေခဲ့သည် မဟုတ်ပါလား ။

" အဲ့ဒီဖြစ်စဉ်မှာ .. စနစ်က ပြန်လည်စတင်တဲ့ ပုံစံဖြစ်သွားတဲ့အတွက် ပေါက်ကွဲမှုက အချိန် ငါးမိနစ်လောက် ရပ်တန့်သွားလိမ့်မယ် .. " ထို အချိန်သည် ခဏသာဖြစ်သော်လည်း ကယ်ဆယ်ရေး ယာဉ်က ထွက်ခွာနိုင်ရန် လုံလောက်သည့်အချိန် ရှိပေးသည် ။

အချိန်စတင် ရေတွက်နေခဲ့ရင်း လူတိုင်း၏ နှလုံးသားက တုန်ယင်လာခဲ့ပြီး ဝမ်းနည်းမှုများဖြင့် တင်းကြပ်လာသည် ။ စစ်ပွဲတွင် ဆုံးရှုံးမှုများ ရှိသည်က သေချာသော်လည်း ယခု သူတို့က အတော်ဆုံး ကွန်မန်ဒါကို ဆုံးရှုံးရတော့မည် ။ ရိုဟန် သည် စခရင်အား အကြည်မလွဲဘဲ မျက်နှာသေဖြင့် ရှိနေခဲ့သည် ။ သူသည် အချိန်တိုင်း Liam အား ယုံကြည်နေခဲ့သော်လည်း ယခုအချိန်တွင် ယုံကြည်မှုက ယိမ်းယိုင်လာခဲ့သည် ။

ကယ်ဆယ်ရေးယာဉ်က ဂြိုလ်ပေါ်မှ ထွက်ခွာသွားပြီးပြီးချင်း Liam ရှိနေသည့် အဆောက်အဦးသည် ကျယ်လောင်သည့် ပေါက်ကွဲသံနဲ့အတူ ‌ပျက်စီးသွားတော့သည် ။ လော့သည် ခြေထောက်များ မခိုင်တော့သဖြင့် ကြမ်းပြင်ပေါ်သို့ ပုံလျက် လဲကျသွားတော့သည် ။ ကယ်ဆယ်ရေး ယာဉ်နဲ့ ဆက်သွယ်ရေးလှိုင်းသည် ပျက်မသွားခဲ့သော်လည်း Liam နဲ့ လုံးဝ ဆက်သွယ်၍ မရတော့ပေ ။ ကျန်ရစ်နေခဲ့သည်က မဲမှောင်နေသည့် စခရင် တစ်ခုသာ ။

သည်အချိန်တွင် ဟီရုန် သည် ထိန်းသိမ်းရေး အခန်းထဲတွင် ရှိနေကာ အပြင်ဘက်က အခြေအနေအား တစ်ချက်ကြည့်လိုက်သည် ။ သူ့ လက်မောင်းတွင် သွေးများ ထွက်လာကာ ခနအကြာတွင် သေးငယ်သည့် ချပ်စ် ပြား ပုံသဏ္႑ာန် အရာလေးထွက်လာခဲ့သည် ။ ထိုအရာလေးအား နားတွင် ကပ်လိုက်သည် ။ တစ်ဘက်မှ အသံလှိုင်းတစ်ချို့ ကို လက်ခံပြီးချိန်တွင် ဟီရုန်၏ မျက်နှာထက်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည် ။ အသံလှိုင်းမှ ပို့လွှတ်လိုက်သည့် အရာသည် အခြားမဟုတ်ပေ ။

" Liam သေသွားပြီ " ဟူ၍ပင် ။

____________________
🙏🙏စိတ်လျော့ကြကုန်..😁
___________________

Continue Reading

You'll Also Like

198K 20.4K 68
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
344K 34.8K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
414K 21.7K 47
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...