Love + Love [Normal Fiction]

By UNgeFicwriter

357K 4.1K 169

[Completed- Season one & two] Author... Blackclock More

part 1 (Zawgyi/Unicode)
part 2 (Zawgyi/Unicode)
part 3 (Zawgyi/Unicode)
part 4(Zawgyi)
part 4 (Unicode)
part 5 (Zawgyi)
part 5 (Unicode)
part 6(Zawgyi)
part6(Unicode)
part 7(Zawgyi)
part 7(Unicode)
part 8(Zawgyi)
part8(Unicode)
part9(Zawgyi)
part9(Unicode)
part10(Zawgyi)
part10(Unicode)
part11(zawgyi)
part11(unicode)
part12(zawgyi)
part12(unicode)
part13(zawgyi)
part14(zawgyi)
part13(unicode)
part14(unicode)
part15(zawgyi)
part15(unicode)
part16(zawgyi)
part16(unicode)
part17(zawgyi)
part17(unicode)
part18(zawgyi)
part18(unicode)
part19(zawgyi)
part19(unicode)
part20(unicode)
part21(zawgyi)
part21(unicode)
part22(zawgyi)
part22(unicode)
part23(zawgyi)
part23(unicode)
part24(zawgyi)
part24(unicode)
part25(zawgyi)
part25(unicode)
part26(zawgyi)
part26(unicode)
part27(zawgyi)
part27(unicode)
part28(zawgyi)
part28(unicode)
part29(zawgyi)
part29(unicode)
part30/End (zawgyi)
part30/End(unicode)
Question
Answer
part31/S-2 (zawgyi)
part31/S-2 (unicode )
part32/S-2 (zawgyi)
part32/S-2(unicode)
part33/S-2 (zawgyi)
part33/S-2 (unicode )
part34/S-2 (zawgyi)
part34/S-2 (unicode)
Hello !
---
part35/S-2 (zawgyi)
part35/S-2 (unicode)
part36/S-2 🅣🅗🅔 🅔🅝🅓 (zawgyi)
part36/S-2🅣🅗🅔 🅔🅝🅓 (unicode )
♥Special thank♥
(: 200K views:)
Season 3 / coming ?
p 1/S 3(Z&U)
p2/S3(Z&U)
p3/S3(Z&U)
p4/S3(Z&U)
p5/S3(Z&U)
p6/S3(Z&U)
!!!!!!!!!!!!!!!
p7/S3(Z&U)
p8/S3(Z&U)
p9/S3(Z&U)
p10/S3(Z&U)
p11/S3(Z&U)
p12/S3(Z&U)
clip clip ကြေငြာပါရစေ🖤
💜🤗
fic cover art
💜💜🙏💜💜
သခင်မအသုံးတော်ခံ သတို့သား(ep1)
(ep2)
(ep3)
(ep4)
(ep5)
(ep6)
(ep7)
(ep8)
(ep9)

part20(zawgyi)

1.2K 20 4
By UNgeFicwriter

Love + Love
|Author Blackclock

Chapter 11

   ဦးညှို့နက် လေးလံသော စိတ်ကို
ဖြေလျော့လို့ ချစ်ရသူ လာနေကြ
လမ်းမှာ လမ်းဘေးဝယ် ကားအကောင်း
စားကြီးကို ရပ်လို့ မှီလျက် စောင့်နေမိလေ
သည်။

   အသွေးက သိပ်ကို လှလွန်းပါပေ့။
ရှာဖွေခဲ့ရတဲ့ သက်တမ်းတစ်လျှောက်
သူမ ဘယ်လိုတွေတောင် ပင်ပန်းဆင်းရဲ
ခဲ့မယ် မသိ။

  " ဟင် ဟို ဟေး မိန်းကလေး "

       အလန့်တကြား ပြေးသွားကာ မိန်းမပျိုကို
ဦးညှို့နက် ပခုံးတို့ မေးကြည့်တော့ သူစိမ်း
မိန်းကလေးခင်မြာ လန့်သွားတဲ့ ဟန်။

" မိန်းကလေး ဟို"
"ဘယ်သူလဲရှင့် ရှင့်ကို ကျွန်မ မသိဘူးနော်"
"ဟုတ်ပါလိမ့်မယ်ဗျ အန်ကယ်က အသွေးရဲ့
အသိမိတ်ဆွေပါ ဟို အဲ့တာကြောင့်……"

"အော် အဟင်း ရိပ်မိပြီ အသွေးကို
မျှော်နေတာဖြစ်မယ်၊ သူ နေမကောင်းလို့
ဒီည ဆိုင်ကို မလာနိုင်ဘူးရှင့်"

"အော ဟုတ်ပြီ ဒါကြောင့် အတူတူ
လာတာ မတွေ့ရတာကိုး……
ဟို စိတ်မရှိရင် အိမ်လိပ်စာလေး
ပြောပြပေးပါ့လားဗျ"

  "ရှင် ဟုတ် ခဏနော် ကျွန်မ
လိပ်စာရေးပေးလိုက်မယ်"

   သန့်ပြန့်နေတဲ့ ဝတ်ဆင်မှုနဲ့ ရုပ်ရည်
ကြောင့် ထင်ရဲ့။ အသွေးပါတနာ မိန်းမပျို
ခမြာ စာရွက်နဲ့ ဘောပင်ထုတ်လို့ ရေးပေး
နေလေပြီ။

  " ကျေးဇူးပါဗျာ ခွင့်ပြုပါဦးနော် "

  အချိန်မဆွဲနိုင်တော့……။

   အလုပ်ရှုပ်နေတာနဲ့ ပစ်ထားမိခဲ့ရာက
ချစ်ရသူ နေမကောင်းဘူးတဲ့လေ။ စိတ်
ပူမှုတို့က ငယ်ထိပ်တက်လေပြီ။

  ဦးညှို့နက် အဆောင်ရှေ့ ရပ်လေမိ
တော့ ဧည့်ကောင်တာကပင် ငွေပေးလို့
အခန်းသော့ တောင်းလာခဲ့လေတော့
သည်။

  "ကျွီ……"

  ပူပန်တဲ့စိတ်ကြောင့် ဘာကိုမှ မတွေး
နိုင်တော့။ အခန်းတံခါးကို ဖွင့်လို့ ဝင်ခဲ့
မိလေတော့ အခန်းတွင်း လူရိပ်လူယောင်
မရှိ။

  " ဟင် ဟူး…… တော်ပါသေးရဲ့"

  သူ ထင်ထားသလို အသွေး အိပ်ရာပေါ်
လဲလျောင်းနေတာ မဟုတ်။ ငုတ်တုပ်လေး
ထိုင်လို့ အိပ်ရာပေါ် ငိုင်မှိုင်နေသည်။ ဒူး
လေးတွေပေါ် မေးလေးတင်ကာ မွေ့ရာ
ကို စိုက်ကြည့်နေသလိုလို။

  " ဒီ ဒီမှာဗျ"
"အို ရှင် ရှင် ဘယ်လိုလုပ် အဟင့်"

"ဟာ…"

  ကလေးဆိုးလေး တစ်ယောက်လို
အံ့အားသင့်ဟန် တစ်ချက် ဖြစ်လို့
လူကို ထ ပြေးလာကာ ပွေ့ဖက်လာလေ
သည်။

  ဦးညှို့နက် သွေး ကိုယ်ကလေးကို
သိမ်းကျုံ့ဖက်လို့ အလွမ်းဖြေမိလိုက်
သည်။

   အချိန်တစ်ခုကြာတဲ့အထိ ဖက်ထားမိဆဲ။
သို့သော် မကြာနိုင်တော့။ အကြောင်းက မြင်
လိုက်ရတဲ့ အရာ တစ်ခုကြောင့်……။

  သွေး ကိုယ်လေး အထက်က မြွေအကြေးခွံ။
ဇတ်ဂုတ်ပိုးလေးမှာ မြင်နေရတဲ့ မြွေရေခွံ
အကွက်ပုံလေး တချို့။

  ကိုယ်ကလေးတွေကလည်း ပူကြပ်လို့
ဖက်ထားတဲ့ လက်ကလေးတွေ ဦးညှို့
နက် ကျောပြင်က ပြုတ်ကျသွားလေမှ
အရေးပေါ် ပွေ့ချီ ခေါ်ခဲ့ရတဲ့ အဖြစ်။

    " အသွေး အသွေး ဟာကွာ……"
  ဆေးရုံရောက်တော့ ခေါ်မရ။ အရေးပေါ်
အခန်းဝင်မယ် လုပ်တော့ မြင်လိုက်ရသော
အရိပ်အခြည်ကြောင့် ဆေးရုံကနေ ပြန်ပြေး
ထွက်ခဲ့ရတဲ့ အဖြစ်။

   ဘာတွေကြောင့် မသိ။ သွေး ကိုယ်ကလေး
မှာက မြွေတစ်ကောင်အသွင် ပြောင်းတော့
မယ့် ပုံ။

  ထို့ကြောင့်လည်း ကားနဲ့ ပြန်ခေါ်ခဲ့တာက
နေထိုင်ရာ အိမ်တော်ကြီးဆီသို့ ပင်။

   စာရေးဆရာရဲ့ စာချုပ်အရဆို
သွေးဆီက ဖြူစင်စွာ ချစ်လာ
တဲ့ အချစ်ဖြစ်မှသာ သူမ အသက်
ရှင်နိုင်မယ်တဲ့။

  အကယ်၍ သွေးသာ သူ့အပေါ် တစ်စုံတစ်ခု
သော ပယောဂကြောင့် ချစ်မိတဲ့အခါ အချိန်
တစ်ခုကြာသော် သွေးဟာ မြွေမလေး တစ်ကောင်အနေနဲ့ တစ်သက်တာလုံး ရှင်သန်သွားရလိမ့်မယ်တဲ့လေ။

  မဖြစ်။

   လဲလျောင်းနေတဲ့ သွေးအနား ဟိုလျှောက်
တစ်လျှောက် လုပ်ရင်း ကုသပေးနေတဲ့
သီးသန့်ဒေါက်တာ မျက်စိနောက်အောင်အထိ
ပူပန်စိတ်ကြောင့် ထူပူနေလေသည်။

   "အဆင်ပြေမလား ဒေါက်တာ"
"ပြေပါတယ် ဒယ်ဒီရယ် အမေသက်သာ
သွားမှာပါ"
"ခွေးကောင် ပြောင်စပ်စပ်နဲ့"
"အမေက အတော်လှတာနော်
ဒယ်ဒီ အိုက်တင်ခံနေရင်တော့
သူများနောက် ပါသွားဦးမယ် တွေဝေ
မနေနဲ့တော့"

"ညှို့မှိုင်း ငါ့သားလေး တော်တိတ်
ဝတ္ထုဇာတ်လမ်းထဲကနေ အခုလို
လူပျိုပေါက်အရွယ်အတိုင်း ထွက်မလာ
ခဲ့ရင် ဘယ်လောက်ကောင်းမလဲ၊
မတော် မင်းကို သားမှန်းမသိပဲ ကြိုက်
နေမှဖြင့် ငါ့ရင်ကျိုးရချည်ရဲ့"

"ဒယ်ဒီကလည်း ပုံပြင်တွေအကြောင်း
မပါရင် မပြီးတော့ဘူး၊ အဖေတော်လို့
အရှုံးမရှိလို့သာ တော်ထားတာ ဒယ်ဒီ
ပြောတာတွေအကုန်က ပုံပြင်တွေကြည့်
ပဲ ကျွန်တော်တော့ မယုံရေးချ မယုံ"

"တော်ကွာ ခေါင်းရှုပ်ပါတယ်ဆို
အခြေအနေ ဘယ်လိုလဲ"

"အကုန်ပြေတယ် ဒယ်ဒီ အွန်း တစ်ခုဘဲ"
"ဘာလဲ အဲ့တစ်ခုက"
"မားသားကြီးဇတ်ပိုးက အမာရွတ်"
"ဘာဖြစ်လဲ"
"ပုံမှန်ဟုတ်ရဲ့လားလို့ ဒယ်ဒီပြောဖူးတာ
တွေကို မယုံပေမယ့် လန့်လာလို့"

"လန့်လို့သာပဲ ရပြီ သွားတော့
ပြီးရင် အောက်ထပ်က ငါ့လူကို
ပြောလိုက် မင်းလိုတာ သူ ပေးလိမ့်မယ်"

"အိုကေ  ကျေးဇူး ဒယ်ဒီ"

      သားဖြစ်သူ ထွက်သွားတော့ ဇနီးဖြစ်ခဲ့
ဖူးလေသော သွေး အနား တိုးကပ်လို့
ထိုင်နေမိလေသည်။ သွေးကို အရင် ရှာခဲ့
ပေမယ့် သားဖြစ်သူကိုသာ ချမ်းသာကြွယ်ဝ
အောင် စီးပွားရှာနိုင်လာချိန် တွေ့ဆုံခဲ့ရလေ
သည်။

"ဟွန် သွေး သွေး မင်း နိုးပြီလား ဟင်
သက်သာရဲ့လားကွ"

"အဟွတ် အဟွတ်"
"ဟင် ရေ ရေသောက်မလား သွေး
ဒေါ်မုရေ ဒေါ်မု"

ဟိန်းတက်သွားသော အမိန့်ပေးခေါ်သံ
အဆုံး အိပ်ခန်းထဲ ရောက်လာလေသော
လေးဆယ်ကျော်အရွယ် မိန်းမကြီးနဲ့ မိန်းမ
ငယ် ကလေးမ ၇ ယောက်။

"ရှင် ရှင်က"
"ဦး ပြောပြမယ် သွေး ရော့ လာ
ဒီရေလေး သောက်လိုက်ဦး
အာခြောက်နေမစိုးလို့"

  အသွေး ဘာမျှ မပြောနိုင်။နှုတ်ခမ်းဝက
ဦး လက်နဲ့ ကိုင်တိုက်လေတဲ့ ရေကို
အဝ သောက်လိုက် မိလေသည်။

   "သက်သာရဲ့လား ဟင်"
"ဟုတ် ဟွတ်  အဟွတ်"
"ချမ်းနေတာလား လာ ဦး ပွေ့ဖက်ထား
ပေးမယ်"

"အို ရှင် ဘယ်လိုလုပ်တာလဲ
သူများတွေ ရှိတာ"

   ပိုင်စိုးပိုင်းနင်း အိပ်ရာပေါ်
ဝုန်းခနဲ့ တက်လာတော့
နံဘေးရှိ လူတွေကြောင့် အသွေး
လန့်ထိတ် ရှက်ပြာသွားရလေသည်။

  ထိုချိန် ဦး လို့ ဆိုလာသော ထိုလူက
မျက်နှာရိပ်မျက်နှာကဲ တစ်ချက်လုပ်ပြ
လို့  အစေခံ မိန်းမတစ်စုကို အခန်းတွင်း
က မောင်းထုတ်လိုက်လေသည်။

အသွေးကိုတော့ ကျစ်နေအောင်
ဖက်ထားလေရဲ့။

  ဘယ်လိုလူကြီးပါလိမ့်။
ရလိုတာကို မရ ရအောင်
ယူတတ် လိုချင်တတ်တဲ့
အသွေးစရိုက်ထက်တောင်
ဆိုးနေပါရော့လား။

"ဖယ်ပါ မွန်းကြပ်တယ်"
"ဗျာ အော ဆော ဆောရီးကွာ နော်" တဲ့။

   အသည်းယားချင်စရာ။
"မွ"
"ဟေ"

  အသွေး ဖွေးနု ပြောင်ဝင်းနေတဲ့
ဦး ပါးကို နှုတ်ခမ်းဖူးဖူးလေးနဲ့ နမ်း
မိလိုက်တော့သည်။

  နမ်းလိုက်တော့ အသွေး ရှက်နေပေမယ့်
ဦးကတော့ ပြုံးနေလေရဲ့။

  ဦးတဲ့။ အဟိ။ သူ သုံးနှုန်းသလို
ဦးလို့သာ ခေါ်မိတော့မယ်။

     " လာနမ်းပြီး ရှက်နေတာလားကွ ဟင်"
"ဟုတ်"
"ဦးကို မှတ်မိရဲ့လား"
"အွန်း"
"ဟင် တကယ်"

   ရင်ထဲ ဆောင့်ခုန် လန့်သွားမိတာက
ဦးညှို့နက်……

"အွန်းလို့ အသွေး ဦးကို စောင့်နေခဲ့တာ
ဒါနဲ့ ဦးလို့ပဲ ခေါ်မယ်နော် အန် ကယ်"
"အင်း ဦးလို့ပဲ ခေါ်"
"ဟုတ် ဦး ဦးဆိုင်ကို မလာတော့
အသွေး လွမ်းနာကျနေတာ ဒီနေ့
တော့ ဖျားပါလေရော"

"အော အော်အော အင်း ထင်လို့ ဦး လိုက်လာခဲ့တာ
အခု နေလို့ထိုင်လို့ ကောင်းရဲ့လား သွေး"
"ဟုတ် ကောင်းပါတယ်"

  အခြေအနေက ထင်ထားသလို
မဟုတ်ပြန်။

"ဦး သွေးကို အပိုင်ခေါ်ထားတော့မယ်နော်
ဦး အဆင့်ကျော်တယ်ပဲ ပြောပြော သွေးကို
ဦး အနားမှာပဲ ထားတော့မယ် စိတ်မချလို့"

  အို ဘယ်လို လူကြီးပါလိမ့်။

"သွေး"
"ရှင် ဟို သွေးမဟုတ်ပါဘူးရှင့်
အသွေးပါ ကျွန်မနာမည်က အသွေး"

"ဟင့်အင်း မင်းရဲ့ နာမည်က အခုချိန်က
စပြီး အသွေးမြတ်လျှံခြယ်ပဲ မှတ်ထား
ဦးကတော့ ချစ်စနိုးနဲ့ သွေးလို့ပဲ ခေါ်မယ်"

"ဟွန်"
"ချစ်တယ်ကွာ"

"အို ဇွတ်……"

     ငုံ့ဆင်းလာတဲ့ ဦးမျက်နှာကြီး
တိုးကပ်လာချိန် အသွေး ဦး ရင်ဘတ်
ကြီးကို ဖွဖွထုနှက်လို့ ဦး နမ်းသမျှ
နှစ်ခြိုက်မက်မောစွာ ခံယူနေမိလေသည်။

   သွေးကိုယ်လုံးကို ပွေ့ဖက် နမ်းနေလေ
တော့ အောင့်လာလေတဲ့ နှလုံးသား။

  ချက်ချင်းဆိုသလို မူမမှန်တဲ့
စိတ်အခြေအနေ။ ဦးညှို့နက်
အမြန်ပင် အသိဝင်လာချိန် ဖျတ်
ခနဲ့ ထလာခဲ့မိလေတော့……

       မျက်နှာငယ်ကလေးနဲ့ ကျန်ရစ်ခဲ့
လေသည့် ဦး ချစ်သော ဦးညှို့နက်
ဆိုသူကြီး၏ နှလုံးသားတစ်စုံလုံးရဲ့
တစ်ပင်တိုင် ရွှေမင်းသမီးလေး။
အသွေးမြတ်လျှံခြယ်။

    သို့သော် အိပ်ခန်းထဲ သော့သော့
လှမ်းဝင်လို့ အခန်းတံခါး လော့ချ
ပိတ်လိုက်စဉ် ပြောင်းသွားလေသော
အောက်တစ်ပိုင်း မြွေခန္ဓာကိုယ်ကြီး။

ဟင်း……ဘာတွေလဲကွာ။

  နားမလည်တော့……။အမြီးကို
လှုပ်ရမ်းလို့ အိပ်ရာပေါ် လဲလျောင်း
လှန် အိပ် တွေးနေမိလေတော့
သည်။

  အချစ်စစ်မှ ဖြစ်မှာများလား
စာရေးဆရာစုတ်ရယ်……

အပိုင်း ၂၁မျှော်
blackclock|8:00pm - Nov13 /2021 Sat

(ဘာတွေ ဖြစ်လာဦးမယ် မသိ။
အားပေးနေပါဦးနော်။ မန့်လေးတွေ
ဖတ်ရတဲ့အခါ ရေးရတာ ပို အားတက်
စေပါတယ်လို့။ ကျေးဇူးခင်ဗျ။)

Continue Reading

You'll Also Like

1.2M 42.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
243K 6.5K 66
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
183K 18.8K 113
ဘာသာပြန်သူ - စွဲညို့အသင်း
3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်