Love + Love [Normal Fiction]

By UNgeFicwriter

357K 4.1K 169

[Completed- Season one & two] Author... Blackclock More

part 1 (Zawgyi/Unicode)
part 2 (Zawgyi/Unicode)
part 3 (Zawgyi/Unicode)
part 4(Zawgyi)
part 4 (Unicode)
part 5 (Zawgyi)
part 5 (Unicode)
part 6(Zawgyi)
part6(Unicode)
part 7(Zawgyi)
part 7(Unicode)
part 8(Zawgyi)
part8(Unicode)
part9(Zawgyi)
part9(Unicode)
part10(Zawgyi)
part10(Unicode)
part11(zawgyi)
part11(unicode)
part12(zawgyi)
part12(unicode)
part13(zawgyi)
part14(zawgyi)
part13(unicode)
part14(unicode)
part15(zawgyi)
part15(unicode)
part16(zawgyi)
part16(unicode)
part17(zawgyi)
part17(unicode)
part18(zawgyi)
part18(unicode)
part19(unicode)
part20(zawgyi)
part20(unicode)
part21(zawgyi)
part21(unicode)
part22(zawgyi)
part22(unicode)
part23(zawgyi)
part23(unicode)
part24(zawgyi)
part24(unicode)
part25(zawgyi)
part25(unicode)
part26(zawgyi)
part26(unicode)
part27(zawgyi)
part27(unicode)
part28(zawgyi)
part28(unicode)
part29(zawgyi)
part29(unicode)
part30/End (zawgyi)
part30/End(unicode)
Question
Answer
part31/S-2 (zawgyi)
part31/S-2 (unicode )
part32/S-2 (zawgyi)
part32/S-2(unicode)
part33/S-2 (zawgyi)
part33/S-2 (unicode )
part34/S-2 (zawgyi)
part34/S-2 (unicode)
Hello !
---
part35/S-2 (zawgyi)
part35/S-2 (unicode)
part36/S-2 🅣🅗🅔 🅔🅝🅓 (zawgyi)
part36/S-2🅣🅗🅔 🅔🅝🅓 (unicode )
♥Special thank♥
(: 200K views:)
Season 3 / coming ?
p 1/S 3(Z&U)
p2/S3(Z&U)
p3/S3(Z&U)
p4/S3(Z&U)
p5/S3(Z&U)
p6/S3(Z&U)
!!!!!!!!!!!!!!!
p7/S3(Z&U)
p8/S3(Z&U)
p9/S3(Z&U)
p10/S3(Z&U)
p11/S3(Z&U)
p12/S3(Z&U)
clip clip ကြေငြာပါရစေ🖤
💜🤗
fic cover art
💜💜🙏💜💜
သခင်မအသုံးတော်ခံ သတို့သား(ep1)
(ep2)
(ep3)
(ep4)
(ep5)
(ep6)
(ep7)
(ep8)
(ep9)

part19(zawgyi)

1.2K 18 2
By UNgeFicwriter

Love + Love
|Author Blackclock

Chapter 10

          ည၏ အသွေးရောင်ကား မှိုင်တွေနေလေ
သော မိန်းမပျိုကလေးအပေါ် ရိပ်ထိုး ကျနေလေ
သည်။ သူမက အဘယ်သူနည်း။

  တခြားသူ မဟုတ်။

          ဝတ္ထုကမ္ဘာထဲက ထွက်လာလေသော
လူသား မိန်းကလေး အသွေးမြတ်လျှံခြယ်
သာ တည့်။
  အသွေးမြတ်လျှံခြယ် တဲ့။

      စာရေးဆရာရဲ့ အပေးအယူစာချုပ်အရ
ချစ်ရသူ သူမရဲ့ ဦးညှို့နက် လာအခေါ်ကို စောင့်မျှော်
နေရမယ့်သူ။

   အခုလည်း သူမ ကာရာအိုကေဆိုဖို့
စင်မြင့်ကလေး နံဘေး ခြေတုံခြတုံ ဖြစ်
နေလေရဲ့။

  ဝတ်ထားတာကလည်း လုံလုံခြုံခြုံ။
သူများတွေလို အတိုအပြတ်မဟုတ်။

                   ရင်ဖုံးလက်ရှည်ကလေးနဲ့
လိုက်ဖက် ညီလှစွာသော ထဘီအဆင်
ဆန်းကလေးကို ဝတ်ထားသူ။

  ဒီကမ္ဘာမှာတော့ သူမက တစ်ကောင်ကြွက်
တစ်မျက်နှာ မိန်းကလေး တစ်ယောက်။ အမိ
မဲ့ အဖမဲ့ ဖြစ်လို့ ကိုယ့်ဝမ်း ကိုယ်ကျောင်းနေ
ရလေသူ။

     သူမ ဆိုဖို့ အလှည့်ကျတော့ စင်အောက်က
လူတစ်စုကို မကြည့်ရဲ။ အောက်က စားသောက်
နေသူ ပုရိသ ယောကျာ်းအများကတော့ သူမကို
သွားရည်တမြားမြားနဲ့ ကြည့်နေမှာတော့ အသေ
အချာပင်။

       ကိုယ်လုံးကိုယ်ထည် တင်းတင်းရင်းရင်း
ရှိလို့ မြန်မာဆန်လွန်းတဲ့ သူမ ကိုယ်လုံးလေး
က ရင် တင် ဘော်ဒီဆိုဒ် သိပ်မိုက်လွန်းတာမို့…

  ချိုမြိန်လွန်းတဲ့ အသံကလေး နှောလို့
သီချင်းကလေး စတင်ဆိုလိုက်ချိန် ခွက်
ကျသံ၊ ဟင် ဟာ အာမေဋိတ်သံတို့က
ခပ်ဆဆ ထွက်ပေါ်လာလေသည်။

  သို့ရာတွင် သူမ အတွက် သိပ်မထူးဆန်း
လေတော့…….

     ပြောင်းခဲ့ရတဲ့ ဆိုင်ပေါင်းကလည်း
လှပတဲ့ မျက်နှာဖြူဖြူဥဥ၊ တပ်မက်
ဖွယ် ကိုယ်ထည်အလုံးအရပ်တို့ကြောင့်
ခေါ်ချင်သူ ပေါသော နည်းခဲ့တာမဟုတ်။

  အကပ်များတဲ့ ယောကျာ်းရိုင်းကြီးတွေ
ကြောင့် သူမ ပြေးထွက်ခဲ့ရတာကြောင့်
နေရာပင် အတော်နှံ့ခဲ့လေပြီ။

       " အို……"

    သူမ အဆိုကို အာရုံစိုက်လို့ ဆိုနေစဉ်
ချထားသော မျက်လွှာကလေးကြောင့်
ပါးကလေးထက် လူတစ်ယောက်၏ အနမ်း
ကို ခံလိုက်ရလေသည်။

    "ဟင်း……"

  အသွေး ဘာဖြစ်တယ်မသိ။ ဟုတ်တယ်
သူမ သိသလောက် မှတ်မိသလောက်က
တော့ သူမနာမည်က အသွေး။

   အသွေး ဘာရယ်မသိ။ အသားကို လာထိ
စော်ကား နမ်းတဲ့သူကို မျက်စလှန် မော့
ကြည့်တော့ မျက်စောင်းရွယ်မိဖို့ နေနေသာသာ
ချောခန့်ညားတဲ့ ထိုလူကြီးအကြည့်က ရင်ဝ
ကို ဒုန်းခနဲ့ ဆောင့်တိုက်လာသလိုမို့ ……

     " ငြိုငြင်ချင်တာလားကွ ချစ်စရာကောင်းလို့
နမ်းတာပဲကွာ ဘာဖြစ်လဲ၊ ပြီးရင် အေးအေးဆေး
ဆေး စကားပြောမယ်နော် love u" တဲ့လေ။

   နှုတ်ခမ်းမွှေး ခပ်ထူထူပိန်းကလေးနဲ့
ဆီမွှေးအိနေ လက်နေအောင် လိမ်းထား
တဲ့ ကေဒီဇိုင်းအလွင့်နဲ့ ဦးလူ ခန့်ချော။

   အသွေး သီချင်းတွေတောင် အပြီးသတ်
မှားဆိုမိကုန်တဲ့အထိ ထိုလူက ဖမ်းစား
နိုင်လွန်းသည်။ အသွေး ဆိုလို့မပြီးခင် လူကို
စိုက်ကြည့်နေမှန်း သိသာနေတော့ တဒုတ်ဒုတ်
ခုန်လာတဲ့ ရင်ခုန်သံတွေက စည်းချက်တီးလုံး
သံတွေ ထက်ပင် ပိုကျယ်ချင် ပိုကျယ်နေပေလိမ့်မယ်။

    ဆိုလို့ပြီးတော့ ဆိုင်က အဆိုတော်မလေး
တွေရဲ့ မျက်စောင်းရွယ် ခံရပေမယ့် ဆုချငွေ
ကို အသွေး မတပ်မက်။

   တအောင့်နေ လာခေါ်သော စားပွဲထိုး
ကောင်လေး လာအခေါ်ရာ နောက်သာ
ရင်ခုန်ပျော်မွေ့စွာ လိုက်လာခဲ့မိလေသည်။

  ထိုလူချော ရှိရာ။

  " ထိုင်ပါ ၊ အန်ကယ် ဒီဘက် တိုးပေးမယ် "
"ဟုတ်ကဲ့ ကျေးဇူးပါ အန်ကယ်"

   အသွေး ထိုင်မိတော့ ကိုယ့်ကိုယ်ကိုတောင်
အံ့အားသင့်မိသည်။ ယောကျာ်းသားတွေကို
ကြောက်လွန်းလို့ အနားအကပ်မခံခဲ့တဲ့
သူမက အခုတော့ လူခန့်ချော၊ အန်ကယ်အရွယ်
လူတစ်ယောက်အနား ထိုင်နေမိလေပြီ။

  ဘယ်လိုစိတ်ကြောင့် မသိပေမယ့် ကြယ်သီး
သုံးလုံးအထိ ဖြုတ်ထားတဲ့ ထို ခပ်မိုက်မိုက်
အန်ကယ် လူချော ရင်ဘတ်ကြီးက အသည်း
ယားစရာ။

  သိမ်မွေ့ပါတယ်ဆိုတဲ့ အိနြေ္ဒကြီးသော
အသွေး ထိုလူနဲ့တွေ့မှ ဘယ်လိုတွေ
ထိန်းမရ သိမ်းမရ ဖြစ်နေတော့တယ် မသိ။

" အန်ကယ် မင်းကို ဝါးမစားပါဘူး
အဲ့လောက်လည်း လူကို ပြူးပြဲ
ကြည့်မနေပါနဲ့"
"အို ဟုတ် အဟင်း"

  အသွေး နဖူးကုပ် ခေါင်းကုပ်ကလေး
လုပ်နေမိလို့ သူလည်း ကိုယ့်ကို စိုက်
ကြည့် ကိုယ်လည်း သူ့ကို ငမ်းကြည့်နဲ့
တူနှစ်ကိုယ်ကြား စကားသံတွေ မဲ့နေ
လေရဲ့။

" ရော့……"
"ရှင်"
"အန်ကယ့် လိပ်စာကဒ်ပါ"
"အော် ဟုတ်ကဲ့"

  အသွေး ထိုလူပေးလာသော
လိပ်စာကဒ်ကလေးကို ယူကာ
ကြည့်လိုက်တော့ မြင်လိုက်ရ
တဲ့ နာမည်က……

    ' ဦးညှို့နက် 'တဲ့။
"မင်း အဆင်ပြေရင် အန်ကယ် ကုမ္ပဏီနဲ့
စာချုပ် ချုပ်ပါ့လား အန်ကယ် မင်းရဲ့အသံကို
သိပ် သဘောကျ နှစ်ခြိုက်လို့"

"ရှင် မဟုတ်တာ အသွေးက
ဝမ်းရေးအတွက် ဆိုရုံသပ်သပ်ပါ"

"မင်းကို အကောင်းဆုံး ပံ့ပိုးပေးမှာပါ
မိန်းကလေး၊ အန်ကယ်က လူကောင်းပါ"

"ဒါကတော့ ဟို"
"မလောပါနဲ့ကွ ရပါတယ်၊ အချိန်ကြိုက်
သလောက်ယူပြီး စဉ်းစားပါ ကိုင်း…ခွင့်ပြု
အန်ကယ် သွားတော့မယ်"တဲ့။

အသွေး ရင်ဘတ်ကြီးထဲ ဘာလို့များ
ဟာတာတာကြီး ကျန်နေခဲ့တယ် မသိ။

ပို၍ ဆိုးသေးတာက ထိုတစ်ညပြီး
နောက်ညတွေမှာ ထိုလူ ပေါ်မလာ
လေတော့……။

  ဦးညှို့နက်……

  နာမည်က ဦးညှို့နက်……
သူဋ္ဌေးကြီး တစ်ယောက်……။
အချစ်တွေ လွင့်မြောနေတဲ့ မျက်ဝန်းအိမ်
တွေနဲ့ ဦး။ ဦးညှို့နက်။

အပိုင်း ၂၀မျှော်
blackclock|8:29pm - Nov12 2021 Fri

Continue Reading

You'll Also Like

4.6M 519K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
247K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
183K 18.8K 113
ဘာသာပြန်သူ - စွဲညို့အသင်း
196K 33.1K 89
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .