"လီယို ကောကို ဒီနေ့သင်သွားတဲ့စာအုပ်လေးတွေ ငှားပါဦး"
"ဘာဖြစ်လို့လဲ ကော"
"ရိပေါ် မနေ့က လက်ထိခိုက်သွားလို့လေ
ဒီနေ့ ခွင့်ယူထားတာ
အဲ့တာ စာကူးပေးမလို့"
"သြော်...သက်သာရဲ့လား"
"ခုတော့ သက်သာပါတယ်
ချုပ်ရိုးမဖြည်ရသေးတော့လေ"
"ဒါဆို ယူသွားလေ ကော"
"အင်း"
"ကျွန်တော်တောင် ဒီည ကောတို့အိမ်လာမလို့"
"လာခဲ့လေ ကောရှိပါတယ်"
"ဟုတ်"
ညနေ မှောင်ရီစပျိုးလာသည့်အချိန်မှာပင် လီယိုက ရောက်လာသည်။
"လီယို စောလိုက်တာ
ထမင်းစားခဲ့ပြီလား
မစားရသေးရင် တစ်ခါတည်း ဝင်စားသွားပါလား"
"ဟုတ် စားခဲ့ပြီ ကောရဲ့"
"အဲ့တာဆို ခဏစောင့်ဦးနော်
ကော ထမင်းစားလိုက်ဦးမယ်"
"ဟုတ်"
လီယိုက ဧည့်ခန်းထဲမှာ စာဖတ်ရင်း ထိုင်စောင့်နေသည်။ထိုစဥ် ရိပေါ်က တစ်ဖက်ခြံမှ ကူးလာသည်။
"ရှောင်းကျန့်ရေ..."
"ရှောင်ရှောင်းကျန့်"
"သြော မင်းရောက်နေတာပဲ
ရှောင်းကျန့်ရော"
"ထမင်းစားနေတယ်"
ရိပေါ်က ဧည့်ခန်းထဲ ဝင်မထိုင်ပဲ ထမင်းစားခန်းဆီ တန်းဝင်သွားသည်။ ရိပေါ်နောက်မှ လီယိုကလည်း ထလိုက်သွားသည်။
"ရှောင်းကျန့် မင်းကထမင်းတောင်စားနေပြီလား"
"ရိပေါ်...စားလာပြီလား"
"မစားရသေးဘူးလေ... မင်းကိုစောင့်နေတာ
မနေ့ကတည်းက ပြောထားသားပဲ
ငါစားချင်တာရှိရင် မင်းပဲ ခွံ့ကျွေးရမှာလို့"
"ကဲ လာ... လာ ထိုင်"
"မင်းစားတဲ့အထဲကပဲခွံ့
အသစ်ပြင်မပေးနဲ့"
"ပြီးတာပဲ... လီယိုရော စားချင်သေးလား"
"ရတယ် ကော ကျွန်တော် ရေသောက်ချင်လို့"
"ဟိုဟင်းလေး ထည့်ခွံ့"
"အရိုးနွှင်ပြီးခွံ့နော်"
"မင်းလည်းစားလေ ရှောင်းကျန့်"
"အင်း...သေချာဝါးစားနော်
အရိုးစူးမယ်"
ရှောင်းကျန့်က ရိပေါ် ဝါးစားနေတာကို စိတ်ရှည်လက်ရှည်စောင့်ပေးသည်။
လီယိုကတော့ မျက်နှာချင်းဆိုင်ခုံမှာထိုင်၍ ထုံးစံအတိုင်း ရှောင်းကျန့်မျက်နှာကိုသာ ငေးကြည့်နေသည်။
"စားလို့ကောင်းလိုက်တာ"
"ကောင်းရင် များများစား"
ထမင်းစားပြီးသွားတော့ ရှောင်းကျန့်က ပန်းကန်ဆေးစရာရှိတာဆေး ၊ သိမ်းစရာရှိတာ သိမ်းနေသည်။ လီယိုနှင့်ရိပေါ်ကတော့ ထမင်းစားပွဲမှာ ထိုင်ရာကမထ။
"ရှောင်းကျန့် ဘောင်းဘီအနားတွေ
ရေမစိုစေနဲ့"
"အင်းပါ မင်းကလည်း
ငါ ကလေးမဟုတ်ပါဘူး"
"ကလေးမဟုတ်လို့ ပြောနေရတာပေါ့"
"ဒါနဲ့ ရိပေါ်
အိမ်ပြန်ပြီး စာအုပ်တွေသွားယူလေ
ငါ မင်းစာအုပ်တွေထဲ စာကူးပေးမလို့"
"ရပါတယ် နောက်မှ ဖြစ်သလို..."
"မရပါဘူး သွား အခုသွားယူ"
"ဟုတ်ပါပြီဗျာ"
"ရွှတ်"
ရိပေါ်က မသွားခင် ရှောင်းကျန့်နားကိုကပ်ကာ ပါးကို တစ်ချမ်းလှမ်းနမ်းပြီးပြေးထွက်သွားသည်။
"ရိပေါ်!!!"
ရိပေါ်ထွက်သွားမှ ရှောင်းကျန့်က သူရှက်ရင် လုပ်နေကျအတိုင်း ဂုတ်ကို လက်နှင့်ပွတ်ကာ လီယို့နား ဝင်ထိုင်သည်။
"ကော..."
"ရိပေါ်က နည်းနည်းတဇွတ်ထိုးနိုင်တယ်
လီယိုသိတယ်မလား"
"..."
"ဧည့်ခန်းထဲသွားရအောင်လေ"
"ဟုတ်..."
ခဏကြာတော့ ရိပေါ်က စာအုပ်တပွေ့တပိုက်နှင့် ပြန်ရောက်လာသည်။ရှောင်းကျန့်က ရိပေါ်စာအုပ်တွေထဲ စာကူးပေးသည်။ လီယိုက ရှောင်းကျန့်ဘေးမှာ ထိုင်နေပြီး ရိပေါ်ကတော့ ဂိမ်းထိုင်ဆော့နေသည်။
"ကူကူးပေးရဦးမလား ကော"
"ရတယ် ရတယ်
ကောဘာသာ ကူးလိုက်မယ်"
"ဟုတ်"
ဧည့်ခန်းထဲမှာ ရိပေါ်ရဲ့ဂိမ်းထဲက အသံကလွဲရင် ဘာစကားသံမှမကြားရပေ။
"ရှောင်မားတို့က ဘယ်သွားလို့လဲ"
"မိတ်ဆွေတစ်ယောက်ရဲ့ ညစာစားပွဲလို့ပြောသွားတာပဲ"
"မိုးတောင်ချုပ်နေပြီ ပြန်မလာကြသေးဘူးနော်"
"ဟုတ်ပါ့... အယ် လီယိုရော ပြန်ချင်ပြီလား"
"ကျွန်တော် ဒီမှာ..."
"ရှောင်းကျန့် ငါ ဒီမှာ အိပ်မှာနော်"
"သဘော... လီယို ပြောလေ ဘာလဲ"
"ပြန်လိုက်တော့မယ် မနက်ဖြန်မှတွေ့ရအောင်လေ ကော"
"လိုက်ပို့မယ်လေ"
"ခြံတံခါးဝထိပဲ လိုက်ပို့ပါ"
လီယိုနှင့်ရှောင်းကျန့် ထထွက်သွားပေမယ့် ရိပေါ်လိုက်မသွားပါ။
"ဂရုစိုက်သွားနော်"
"ဟုတ်"
"ကော...ချစ်တယ်နော်"
"အင်း...တာ့တာ"
"တာ့တာ"
ရှောင်းကျန့် ပြန်ဝင်လာသည်အထိ ရိပေါ်က ဂိမ်းဆော့မပျက်ပါပေ။
"ရိပေါ် စာရှင်းပြမယ် လာခဲ့"
"နောက်မှ"
"မရဘူး အခုလာ"
"ပြီးတော့မယ်...ခဏ"
"ငါလာဆို လာလိုက်"
"ဟုတ်"
ရိပေါ်က ဖုန်းပိတ်ကာ ရှောင်းကျန့်ဘေး ဝင်ထိုင်သည်။
"ဒီပုစ္ဆာမှာဆို x တန်ဖိုး ပေးထားပြီး yကို ရှာခိုင်းတာ.....
ဘယ်လိုတွက်ရမလဲ မင်းပြောကြည့်"
"မသိဘူး"
"မင်းသိတာ ဘာရှိလဲ"
"ရှောင်းကျန့်"
"ဟင်"
"ရှောင်းကျန့်လို့
ငါသိတာ ရှောင်းကျန့်လို့"
"ခေါင်းခေါက်လိုက်မှာနော်
အတည်မေးနေတာ"
"ငါလည်း အတည်ပြောနေတာလေ"
"အဲ့ပုစ္ဆာစဥ်းစားကြည့်"
"အင်း"
တစ်ခဏကြာပြီးနောက်
"ဝမ်ရိပေါ် ပုစ္ဆာက စာအုပ်ထဲမှာ
ငါ့မျက်နှာမှာမဟုတ်ဘူး"
"အင်း"
"ဝမ်ရိပေါ် ...စာကြည့်..."
"ဝမ်ရိပေါ်...ငေးနေပြန်ပြီလား"
"ဝမ်ရိပေါ်...ငါ့လက်စာမိချင်နေတာလား"
"ဝမ်ရိပေါ်...ခြေထောက်နှစ်ဖက်ကို လွှတ်စမ်း"
ဒေါက်
"လက်နဲ့ဖက်လို့မရလို့ ခြေထောက်နဲ့ခွပြီးဖက်တာလေ ခေါင်းကို ခေါက်စရာလားလို့"
"ဝမ်ရိပေါ်... ဟိုဘက်တိုးထိုင် "
"ဝမ်ရိပေါ်...... "
"ဝမ်ရိပေါ်......"
........................................................................
Note:
ရှယ်ပလန်နဲ့ကို ပျင်းနေပါတယ်:))
Motiပေးတဲ့အနေနဲ့ ကျန့်ကောအမျိုးသမီးလေးလို့ တစ်ယောက်တစ်ခွန်းခေါ်သွားကြ