|| 11 || Unicode

2.5K 314 0
                                    

"လီယို အိမ်ထဲဝင်ပါဦး"

"မဝင်တော့ပါဘူး ကော
နောက်မှ လာခဲ့တော့မယ်"

"အွန်း အဲ့တာဆိုလည်း ဂရုစိုက်ပြန်နော်"

"ဟုတ်"

ရှောင်းကျန့် လီယိုကိုနှုတ်ဆက်နေစဥ် ရိပေါ်က သူတို့ခြံထဲမှ ထွက်လာသည်။

"ရှောင်းကျန့် မင်းလက်ထဲက ဘာတွေလဲ"

"ပန်းချီဆွဲဖို့ ဟိုဟိုဒီဒီ တွေပါ"

"ငါနဲ့ကောနဲ့ ဆင်တူသုံးမလို့ ဝယ်လာတာ"

"ပေး ငါ့ကို အဲ့အထုပ်"

"ဘာလုပ်မလို့လဲ ရိပေါ်"

"စကားမများနဲ့ ပေးဆိုပေး"

ရိပေါ်က ပြောပြောဆိုဆို ရှောင်းကျန့် လက်ထဲမှ အထုပ်ကိုဆွဲယူကာ ဘေးက အုတ်တံတိုင်းဆီ လွှင့်ပစ်လိုက်သည်။
အိတ်ထဲမှ စုတ်တံတွေ ဆေးဘူးတွေက
လွင့်ထွက်ပြီး ပြန့်ကျဲကုန်သည်။

"ဝမ်ရိပေါ် မင်း!!"

လီယိုက ရိပေါ်မျက်နှာဆီ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ ရိပေါ်က နဂိုကတည်းက ကိုယ့်ကိုတစ်ချက်ထိရင် သုံးချက်လောက် ပြန်ဆော်လိုက်ရမှ ကျေနပ်သည့်ကောင်ပင်။
လီယို့ရှပ်ကော်လာကို ဆွဲကာ လက်သီးနှစ်ချက်လောက် ဆက်တိုက်ပြန်ထိုးသည်။

ရှောင်းကျန့်ဝင်ဆွဲလို့မနိုင်ပါ။
ဘယ်ဘဝကများ အငြိုးတွေထားလာလည်း
မသိ။
တစ်ယောက်နဲ့တစ်​ယောက် အပြန်အလှန်
သည်းကြီးမည်းကြီး သတ်ပုတ်နေ​ကြသည်။

"တော်ကြပါတော့"

ရှောင်းကျန့်က ဘယ်လိုမှ ထိန်းမနိုင်သည့်အဆုံးမှာ အသံကုန်ဟစ်၍ အော်ချလိုက်သည်။ ထိုအခါမှ နှစ်ယောက်လုံး ရပ်သွားပြီး
ရှောင်းကျန့်ကို လှည့်ကြည့်လာသည်။

"တော်ကြပါတော့ ငါ တကယ်တောင်းပန်ပါတယ်"

"ကော..."

လီယိုက ရှောင်းကျန့်ဆီပြေးလာပြီး လက်ကိုဆွဲကာ ထွက်သွားဖို့ပြင်သည်။ ရိပေါ်ကလည်း အလွတ်မပေး ၊ ရှောင်းကျန့်လက်တစ်ဖက်ကို လှမ်းဆွဲသည်။ ယခု ရှောင်းကျန့်တစ်ယောက် အလယ်မှာ ကားကားကြီးဖြစ်နေပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ ကိုယ်တော်ချောနှစ်ယောက်က အကြည့်ချင်းစစ်ခင်းနေသည်။

By Fair Means or Foul || Completed ||Where stories live. Discover now