|| 27 || Unicode

2.2K 274 6
                                    

နှစ်နှစ်ခန့်ကြာပြီးနောက်.....

ဟုတ်ပါသည်။ အချိန်နှစ်နှစ်ဆိုသည့်ကာလက ခပ်မြန်မြန်ပဲ ကုန်ဆုံးသည်။ ရှောင်းကျန့်က တက္ကသိုလ်ကျောင်းသားကြီးပင် ဖြစ်နေပြီ။ ရိပေါ်နှင့် လီယိုကတော့ အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲ ရလဒ်ကို စောင့်နေကြသည့် လူငယ်များဖြစ်လေသည်။ အင်း နောက်ထပ်... နောက်ထပ်... ဘဝနဲ့ဆိုင်တဲ့ရလဒ်တစ်ခုကိုလည်း သူတို့ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြပါသည်။

ဒီကာလအတွင်းမှာ ထိုနှလုံးသားရေးရာနှင့်ပတ်သတ်၍ စကားစလာတိုင်း ရှောင်းကျန့်က စကားအလိမ္မာနှင့် ရှောင်လွှဲတတ်ပါသေးသည်။ သူတို့ နှစ်ဦးစလုံးကို သာတူညီမျှ ပုံမှန်အတိုင်းပဲ ပြောဆို ဆက်ဆံသည့် ရှောင်းကျန့်၏စိတ်သဘောကိုလည်း ခန့်မှန်းမရပါပေ။

"ဆိုတော့က တစ်ပတ်ပဲလိုတော့တာပေါ့"

လီယိုက ခေါင်းတစ်ချက်ငြိမ့်ပြသည်။

"မင်းတို့တော့ ဘယ်လိုနေမယ်မသိဘူး
ငါတော့ မင်းတို့အစား ရင်ခုန်နေပြီ"

ရိပေါ်က ပခုံးတစ်ချက်တွန့်ပြပြီး စားပွဲပေါ်က ပန်းသီးကို ယူကာ ဂျွတ်ခနဲ မြည်အောင် ကိုက်သည်။

"သေချာဖြေခဲ့ကြတယ်မလား"

"ဟုတ် ကော"

"ထင်တာပဲ"

"ရိပေါ်!"

"ဘာလဲ မင်း ဒါပဲမေးနေတာ စာမေးပွဲခန်းထဲက ထွက်ကတည်းကလေ"

ရှောင်းကျန့်က ဟွန့်ခနဲ နှာခေါင်းရှုံ့ကာ ရိပေါ်လက်ထဲက ပန်းသီးကို လုကာ ကိုက်စားသည်။

"ငါ့ပန်းသီး ပြန်ပေး"

"ပေးဘူးကွာ"

ရှောင်းကျန့်က ရိပေါ်ကို လျှာထုတ်ပြကာ ပန်းသီးကို သုံးလေးချက် ဆက်ကိုက်ကာ ပလုပ်ပလောင်း စားသည်။ နောက်ထပ် ပန်းသီးကို ထပ်ကိုက်နေတုန်းမှာပဲ ရိပေါ်ကလည်း ဖြတ်ခနဲ ပန်းသီးကို လှမ်းကိုက်သည်။ လွှတ်မသွားပဲ ပန်းသီးကိုကိုက်ကာ သူ့ကို စိုက်ကြည့်နေသည့် ရိပေါ်ကြောင့် ရှောင်းကျန့်နှင့် ရိပေါ်မှာ တစ်ယောက်အသက်ရှုသံကို တစ်ယောက်ကြားရလောက်အောင်ထိ အင်မတန် နီးကပ်သည့်အနေအထား။ ခဏကြာတော့ ရှောင်းကျန့်ကပဲ အနေရခက်စွာ ခွာလိုက်သည်။
သူတို့နှစ်ဦးကို ကြည့်နေသော လီယိုကို အရှက်ပြေ ရယ်ပြလိုက်သေးသည်။

By Fair Means or Foul || Completed ||Where stories live. Discover now