ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

856K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.7.9

3K 513 60
By devil61002

" ကိုယ့္ကို ဂရုေလးစိုက္ပါဦး .. အဲ့စာရြက္ေတြက ကိုယ့္ေလာက္ ၾကၫ့္ေကာင္းလို႔လား .." ခေရာ့စ္က လက္ႏွစ္ဖက္ျဖင့္ ေမွးေထာက္လိုက္ကာ ပ်င္းရိစြာ ေျပာလိုက္သည္ ။

" အရမ္းပ်င္းေနရင္ .. ခုနကလူေတြကို ျပန္ေခၚေပးရမလား.. စလို႔ရတာေပါ့.." Liam သည္ ေမာ့မၾကၫ့္လာဘဲ စာရြက္ကိုသာ စူးစိုက္ၾကၫ့္ေနခဲ့သည္ ။ ခေရာ့စ္က ခဏတာ ေၾကာင္သြားၿပီးမွ ရယ္လိုက္ကာ Liam ေဘးနားသို႔ သြားလိုက္သည္ ။

" သဝန္တိုေနတာလား .." ခေရာ့စ္က ေျပာရင္း အနားသို႔ တိုးကပ္လိုက္သည္ ။ Liam က တစ္ဖက္သို႔ လွၫ့္လိုက္ကာ ေအးစက္စက္ ျပန္ေျဖလိုက္သည္ ။ " ငါက အရမ္း သေဘာထားေသးသိမ္တဲ့ပံုေပါက္ေနလို႔လား .. မဟုတ္ဘူး "

" ဒါနဲ႔ .. အရင္ဘဝက အျဖစ္အပ်က္ေတြ အကုန္ မွတ္မိတာလား .." Liam သည္ ခဏတာ အေတြးထဲ နစ္ဝင္သြားသျဖင့္ တိုးကပ္လာသၫ့္ ခေရာ့စ္အား တားဆီးရန္ ေမ့ေလ်ာ့သြားသည္ ။

Liam.က ေခါင္း အသာညိတ္လိုက္သျဖင့္ ခေရာ့စ္၏ အၿပံဳးက ပိုအသက္ဝင္လာကာ ဆြဲေဆာင္မႈ ရိွသၫ့္ အၿပံဳးတစ္ခု ေပၚလာခဲ့သည္ ။ " ဒါဆို .. အခု ကိုယ္ မင္းကို အမွတ္အသားျပဳလို႔ ရၿပီေပါ့ေနာ္ .." 

" ဘာဆိုင္လို႔လဲ .." Liam သည္ တုန႔္ဆိုင္းသြားကာ ေခါင္းအသာ ေစာင္းငဲ့ကာ ၾကၫ့္လိုက္ၿပီး စိတ္ရႈပ္သြားသည္။ ထို တုန႔္ဆိုင္းသြားသၫ့္အခ်ိန္ခဏ‌ေလးတြင္ ခေရာ့စ္သည္ သူ႔အား ေအာင္ျမင္စြာ ဆိုဖာေပၚသို႔ ဖိခ်ႏိုင္လိုက္သည္ ။ ရုတ္တရက္ ျပင္းထန္သၫ့္ ေဟာ္မုန္းမ်ားသၫ့္ သူ႔ပိုင္နက္ထဲသို႔ တိုးဝင္လာသည္ကို ခံစားမိလိုက္သျဖင့္ Liam ၏ မ်က္ဝန္းမ်ားက ေတာင့္တင္းသြားသည္ ။

ဦးေဆာင္သူမ်ား ျဖစ္သၫ့္ အေလ်ာက္ Alpha မ်ားသည္ အခ်င္းခ်င္း အလိုအေလ်ာက္ တြန္းကန္သၫ့္ သဘာဝရိွေလသည္ ။ Liam ၏ ကိုယ္တြင္းမွ ဖိႏိွပ္ထားသၫ့္ ေဟာ္မုန္းမ်ားသည္ ခေရာ့စ္ ၏ ေဟာ္မုန္းမ်ားအား ခ်က္ခ်င္း တိုက္ခိုက္လိုက္ကာ တြန္းထုတ္ေနခဲ့သည္ ။

ခေရာ့စ္ သည္ အေျခအေနကို ၾကၫ့္လိုက္ၿပီး ခပ္ဟဟ ရယ္လိုက္ကာ Liam ၏ နား အနားေလးသို႔ ကပ္ကာ ေျပာလိုက္သည္ ။ " မင္းက ကိုယ့္ကို အမွတ္အသားျပဳဖို႔ ေတာင္းဆိုခဲ့တာ .. "

အထိမခံသၫ့္ အေျခအေနတြင္ နားသို႔ ရိုက္ခတ္လာသၫ့္ ေလေၾကာင့္ Liam ၏ ခႏၶာကိုယ္သၫ့္ တစ္ခ်က္ တုန္ယင္သြားကာ ကိုယ္တြင္း၌ ပူေလာင္လာသည္ကို ခံစားမိလိုက္သည္ ။ ‌သူ၏ ေဟာ္မုန္းမ်ားသည္ Alpha မ်ားထဲတြင္ပင္ ခက္ထန္တိုက္ခိုက္သၫ့္ ေနရာတြင္ ထိပ္တန္းျဖစ္သည္ ။ သို႔ေသာ္ သူ႔ကိုယ္တြင္းမွ စိတ္စြမ္းအားသည္ ေဟာ္မုန္းအား ဖိႏိွပ္ေနသၫ့္အျပင္ လြန္ခဲ့သၫ့္ တစ္ပတ္ကပင္ သူ႔ထက္ အားနည္းပံုရသၫ့္ ခေရာ့စ္ ၏ ေဟာ္မုန္းမ်ားသည္ ရုတ္ခ်ည္း အားေကာင္းလာခဲ့သၫ့္အတြက္ သူအား မလူးသာ မလြန႔္သာ အေျခအေနသို႔ တြန္းပို႔ လာခဲ့သည္။ 

" မ..မျဖစ္ႏိုင္တာ .. မင္း နားၾကားမွားတာဘဲ ျဖစ္လိမ့္မယ္ .ငါက ဒီလို ကိစၥကို စတင္ၿပီး ေတာင္းဆိုမွာ မဟုတ္ဘူး " Liam သည္ ဒီလို ကိစၥမ်ိဳးအား အေတြ့အႀကံဳရိွၿပီးသား ျဖစ္ေသာ္လည္း လံုးဝ စတင္ေတာင္းဆိုမည္ မဟုတ္ဟု သူ႔ကိုယ္သူ အျပၫ့္အဝ ယံုၾကည္ေလသည္ ။ သူက ခေရာ့စ္သၫ့္ သူ႔အား ဂ်င္းထၫ့္ေနသည္ဟုသာ မွတ္ယူလိုက္သည္ ။

သို႔ေသာ္ သူက သိပ္ၾကာၾကာ မေတြးလိုက္ရေပ ။ သူ႔ပိုင္နက္ထဲသို႔ ေအာင္ျမင္စြာ က်ဳးေက်ာ္ႏိုင္သြားသၫ့္ ေဟာ္မုန္းမ်ားသည္ အေနြးစီးေၾကာင္းေလးသဖြယ္ ဆက္တိုက္တိုးဝင္လာသျဖင့္ Liam ၏ နဖူးထက္မွ ေခြၽးမ်ား စီးက်လာခဲ့ၿပီး လႈပ္လႈပ္ရွားရွား ျဖစ္လာခဲ့သည္ ။

ခ‌ေရာ့စ္သည္ တုန္ရီေနသၫ့္ ခႏၶာကိုယ္ေလးအား ေဘးနားရိွ ကုတင္ေပၚသို႔ ေပြ့ခ်ီကာ တင္လိုက္သည္ ။ Liam သည္ ခေရာ့စ္ ထိထားသၫ့္ အေရျပားမ်ားက ပိုလို႔ပင္ ပူလာသည္ဟု ခံစားမိလာေသာ္လည္း ရုန္းထြက္ရန္ သူ႔ထံ၌ အားမရိွေတာ့ေပ ။ ခေရာ့စ္ ၏ ႏူတ္ခမ္းမ်ားက သူ႔လည္တိုင္ကို ထိလာသၫ့္အခ်ိန္တြင္ သူ႔မွာ မထိန္းႏိုင္စြာ ညည္းၫူမိသည္အထိပင္ ။

သူ ဒီကမ႓ာတြင္ မွတ္ဉာဏ္မ်ားျဖင့္ ေမြးလာသၫ့္ အခ်ိန္က ဒီဘဝတြင္ေတာ့ သူသည္ ဒီအရူးေကာင္အား ဖိႏိွပ္ႏိုင္ၿပီဟု ထင္ထားေသာ္လည္း လက္ရိွအေျခအေနက သူ႔အား ဟားတိုက္ ရယ္ေနသလို ခံစားရသည္ ။ သူသည္ ျငင္းဆန္မည္ မဟုတ္ေသာ္လည္း ဒီလို လံုးဝ မခုခံႏိုင္သၫ့္ အေျခအေနက သူ႔မာနအား အနည္းငယ္ ထိခိုက္ေစသည္ ။ သူ႔ ႏူတ္က မေနႏိုင္စြာ စကားတစ္ခြန္း ထြက္လာခဲ့သည္ ။

" အက်င့္မေကာင္းတဲ့ အေကာင္ "

ခေရာ့စ္ ၏ ႏူတ္ခမ္းေတာင့္စြန္းမ်ားက ျမင့္တက္သြားကာ Liam နဲ႔ မ်က္ႏွာခ်င္း ဆိုင္လိုက္ၿပီး " ဒီ ကိုယ္ရံေတာ္က အရွင့္ရဲ့ ေတာင္းဆိုခ်က္ကို ျဖၫ့္ဆည္းေပးေနတာပါ .. ဘယ္ႏွယ္ေၾကာင့္ ဆဲဆို‌ေနရတာပါလဲ .."

" ဟမ့္.. မင့္ဘိုးေအ ကို ေတာင္းဆို .."

Liam ၏ အျပဳအမႈေၾကာင့္ ခေရာ့စ္က သေဘာတက်ရယ္လိုက္ကာ အခန္းထဲတြင္ Liam ၏ ဆဲဆိုသံမ်ားနဲ႔အတူ ခေရာ့စ္၏ ရယ္သံမ်ား ႀကီးစိုးေနခဲ့သည္ ။

****

ခေရာ့စ္သည္ Liam ၏ အဖြဲ႔ဝင္အျဖစ္ ေနခဲ့ၿပီး သူ႔အဖြဲ႔သားမ်ားသည္ အျပင္ဘက္ လႈပ္ရွားမႈမ်ားကို တာဝန္ယူခဲ့သည္ ။ သူတို႔က ကိုင္းရာ အဖြဲ႔အစည္း၏ မ်က္စိေအာက္မွာပင္ အင္အားခ်ဲ့ထြင္ေနျခင္းက ဘယ္ေလာက္ ရဲတင္းေၾကာင္း ျပေနသၫ့္ႏွယ္ ။

ေလာ့ သည္ အစပိုင္းတြင္ ယႏၲရားနဲ႔ ပတ္သက္သၫ့္ အရာမ်ားကိုသာ လာေမးေသာ္လည္း သူသည္ နည္းပညာပိုင္းတြင္ ပိုကြၽမ္းက်င္သည္ကို မေတာ္တဆသိရိွသြားကာ သူ႔ထံသို႔ ေမးခြန္းမ်ား တရစပ္ပစ္လႊတ္ေတာ့သည္ ။ ဤသို႔ျဖင့္ နည္းပညာ အဖြဲ႔၏ SSS မစ္ရွင္ စာရင္းမွာ ပလံုသြားေတာ့သည္ ။ ရိုင္ယန္သည္ သူ႔ကမ႓ာမွ နည္းပညာမ်ားကို အသံုးျပဳကာ နည္းပညာအဖြဲ႔တြင္ ေနရာ မယူႏိုင္ခဲ့ေတာ့ေပ ။

ကံေကာင္းစြာျဖင့္ ေလာ့ သည္ သူက မ်ိဳးရိုးဗီဇ အေၾကာင္းပါက်ြမ္းက်င္ ‌ေနခဲ့သည္ကို မသိရိွသြားေပ ။

ေလာ့သည္ ဟီရုန္ နဲ႔ ရိုင္ယန္ ၏ ကိစၥအား မ်က္လံုးစံုမိွတ္ကာ မသိခ်င္ေယာင္ေတာင္ထားခဲ့ၿပီး အလုပ္မ်ားသာ ဖိလုပ္ေနခဲ့သည္ ။ တကယ္တမ္းတြင္လည္း သူ႔ထံတြင္ အလြန္မ်ားျပားသၫ့္ အလုပ္မ်ားရိွေနခဲ့သည္ ။ အထူးသျဖင့္ သူမသိသၫ့္ ကိစၥမ်ားကို ေျဖရွင္းေပးဖို႔ လူတစ္ေယာက္ဂိွေနခ်ိန္တြင္ သူက အလုပ္လုပ္ရာတြင္ အလြန္ေပ်ာ္ရြင္ေနေတာ့သည္ ။

" ငါ ဆံုးျဖတ္ၿပီးၿပီမို႔ .. ကူညီေပးပါ .." ေလာ့ သည္ ဆံုးျဖတ္ခ်က္ခိုင္မာသၫ့္ အၾကၫ့္ျဖင့္ Liam နဲ႔ ခေရာ့စ္အား ၾကၫ့္လိုက္သည္ ။ ႏွစ္ေယာက္လံုး၏ မ်က္ႏွာတြင္ အခက္ေတြ့ေနသၫ့္ အမႈအရာကို ခ်ိတ္ဆြဲထားခဲ့သည္ ။

ခေရာ့စ္ က Liam ၏ ေပါင္ေပၚတြင္ လဲေနခဲ့ၿပီး Liam ၏ လက္ေခ်ာင္းမ်ားအား ကစားေနရာမွ " ေလာ့ .. ဒါက ေနာက္စရာ မဟုတ္ဘူးေနာ္ .." Liam.ကလည္း ေထာက္ခံသၫ့္သေဘာျဖင့္ ေခါင္းညိတ္လိုက္သည္ ။ " မင္းရဲ့ ဂုဏ္သတင္းကို ဂရုစိုက္သင့္တယ္ .."

ေလာ့ သည္ ခနမ်ွတုန႔္ဆိုင္းေနသၫ့္ အခ်ိန္တြင္ ကြမ္တမ္လက္ပတ္ေလးမွ အသံျမည္လာခဲ့သည္ ။ ခလုတ္တစ္ခုအား ဖိလိုက္ရာ ဟီရုန္ ၏ အသံက ထြက္ေပၚလာခဲ့သည္ ။ ဟီရုန္၏ အသံက အနည္းငယ္ ခ်ီတံုခ်တံု ျဖစ္ေနဟန္ ေပါက္ေနသည္ ။ " ေလာ့ .. ေတာင္းပန္ပါတယ္ ..လက္ရိွ ငါ့အဆင့္က အရမ္းနိမ့္ေသးေတာ့  ငါ မင္းကို လက္မထပ္ႏိုင္ေသးဘူး .. ငါက မင္းကို ခမ္းခမ္းနားနားနဲ႔ လက္ထပ္ခ်င္တာမို႔ .. အရင္ ႀကိဳးစားခ်င္ေသးတယ္ .. "

" ဒါေပမဲ့ .. မင္းက ငါ့ကို အမွတ္အသားျပဳထားၿပီးၿပီေလ .. ငါ့မိသားစုနဲ႔ ငါ့ ဂုဏ္သိကၡာကို ငဲ့ကြက္သင့္တယ္ .." ေလာ့ က ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ျဖင့္ အံႀကိတ္ကာ ျပန္ေျပာလိုက္သည္ ။ " ငါ့ မိသားစု အဆင့္နဲ႔ဆိုရင္ ဗိုလ္ခ်ဳပ္ တစ္ေယာက္ မျဖစ္ႏိုင္စရာ အေၾကာင္းမရိွဘူး .. မင္းရဲ့ အနာဂတ္ကို ေတြးပူစရာမလိုဘူး .." ေလာ့၏ စကားမ်ားက ဟီရုန္အား နိမ္ခ်ရာေရာက္ေပသည္ ။ သို႔ေသာ္ စကားသည္လည္း အမွန္ပင္ ျဖစ္ေနေသးသည္ ။

တဖက္တြင္ ဟီရုန္က ေဒါပြလာခဲ့သည္ ။ သူ႔လို ကြန္မန္ဒါ တစ္ေယာက္က ေလာ့ အား အားကိုးကာ ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္လာစရာ မလိုေပ ။ သူ႔အဖြဲ႔အစည္းက ဘယ္ေလာက္ ေသးငယ္ပါေစ သူသည္ ကြန္မန္ဒါ ျဖစ္သည္ ဆိုသၫ့္ အခ်က္အား မေျပာင္းလဲႏိုင္ေပ ။

" မတတ္ႏိုင္ဘူး .. ဒါက ငါ့သေဘာထားကို မင္းကို အသိေပးတာဘဲ .. ေတာင္းဆိုေနတာ မဟုတ္ဘူး .. လက္ခံခံ မခံခံ မင္းသေဘာဘဲ ..." ဟီရုန္ သည္ စကားလံုးမ်ားကို ထိန္းခ်ုပ္ထားခဲ့ျခင္း မရိွေပ ။ အေၾကာင္းအရင္းမရိွ သူ႔စိတ္ထဲတြင္ အၿမဲတမ္း ေလာ့သည္ သူ႔စကားကို နားေထာင္လိမ့္မည္ ဟု ယံုၾကည္ေနမိသည္ ။ ဒါ့အျပင္ ေလာ့က ျငင္းဆန္ခ်င္လ်ွင္ေတာင္ သူ႔အမွတ္အသားက သူ႔( ေလာ့ ) ထံတြင္ ရိွေနကာ သူ႔အပိုင္ျဖစ္သည္ ။ ထိုအရာက အမွန္တရားျဖစ္သည္ ။

______________
ဘုရားမလို႔ .. wattpad ႀကီး ဖ်က္မိေတာ့မလို႔ .. ဖ်က္မိလို႔ကေတာ့  password မမွတ္မိတာနဲ႔ အဆင္ေတ အရမ္းေျပေနပါၿပီ .. 🙂
____________________
Unicode

" ကိုယ့်ကို ဂရုလေးစိုက်ပါဦး .. အဲ့စာရွက်တွေက ကိုယ့်လောက် ကြည့်ကောင်းလို့လား .." ခရော့စ်က လက်နှစ်ဖက်ဖြင့် မှေးထောက်လိုက်ကာ ပျင်းရိစွာ ပြောလိုက်သည် ။

" အရမ်းပျင်းနေရင် .. ခုနကလူတွေကို ပြန်ခေါ်ပေးရမလား.. စလို့ရတာပေါ့.." Liam သည် မော့မကြည့်လာဘဲ စာရွက်ကိုသာ စူးစိုက်ကြည့်နေခဲ့သည် ။ ခရော့စ်က ခဏတာ ကြောင်သွားပြီးမှ ရယ်လိုက်ကာ Liam ဘေးနားသို့ သွားလိုက်သည် ။

" သဝန်တိုနေတာလား .." ခရော့စ်က ပြောရင်း အနားသို့ တိုးကပ်လိုက်သည် ။ Liam က တစ်ဖက်သို့ လှည့်လိုက်ကာ အေးစက်စက် ပြန်ဖြေလိုက်သည် ။ " ငါက အရမ်း သဘောထားသေးသိမ်တဲ့ပုံပေါက်နေလို့လား .. မဟုတ်ဘူး "

" ဒါနဲ့ .. အရင်ဘဝက အဖြစ်အပျက်တွေ အကုန် မှတ်မိတာလား .." Liam သည် ခဏတာ အတွေးထဲ နစ်ဝင်သွားသဖြင့် တိုးကပ်လာသည့် ခရော့စ်အား တားဆီးရန် မေ့လျော့သွားသည် ။

Liam.က ခေါင်း အသာညိတ်လိုက်သဖြင့် ခရော့စ်၏ အပြုံးက ပိုအသက်ဝင်လာကာ ဆွဲဆောင်မှု ရှိသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည် ။ " ဒါဆို .. အခု ကိုယ် မင်းကို အမှတ်အသားပြုလို့ ရပြီပေါ့နော် .." 

" ဘာဆိုင်လို့လဲ .." Liam သည် တုန့်ဆိုင်းသွားကာ ခေါင်းအသာ စောင်းငဲ့ကာ ကြည့်လိုက်ပြီး စိတ်ရှုပ်သွားသည်။ ထို တုန့်ဆိုင်းသွားသည့်အချိန်ခဏ‌လေးတွင် ခရော့စ်သည် သူ့အား အောင်မြင်စွာ ဆိုဖာပေါ်သို့ ဖိချနိုင်လိုက်သည် ။ ရုတ်တရက် ပြင်းထန်သည့် ဟော်မုန်းများသည့် သူ့ပိုင်နက်ထဲသို့ တိုးဝင်လာသည်ကို ခံစားမိလိုက်သဖြင့် Liam ၏ မျက်ဝန်းများက တောင့်တင်းသွားသည် ။

ဦးဆောင်သူများ ဖြစ်သည့် အလျောက် Alpha များသည် အချင်းချင်း အလိုအလျောက် တွန်းကန်သည့် သဘာဝရှိလေသည် ။ Liam ၏ ကိုယ်တွင်းမှ ဖိနှိပ်ထားသည့် ဟော်မုန်းများသည် ခရော့စ် ၏ ဟော်မုန်းများအား ချက်ချင်း တိုက်ခိုက်လိုက်ကာ တွန်းထုတ်နေခဲ့သည် ။

ခရော့စ် သည် အခြေအနေကို ကြည့်လိုက်ပြီး ခပ်ဟဟ ရယ်လိုက်ကာ Liam ၏ နား အနားလေးသို့ ကပ်ကာ ပြောလိုက်သည် ။ " မင်းက ကိုယ့်ကို အမှတ်အသားပြုဖို့ တောင်းဆိုခဲ့တာ .. "

အထိမခံသည့် အခြေအနေတွင် နားသို့ ရိုက်ခတ်လာသည့် လေကြောင့် Liam ၏ ခန္ဓာကိုယ်သည့် တစ်ချက် တုန်ယင်သွားကာ ကိုယ်တွင်း၌ ပူလောင်လာသည်ကို ခံစားမိလိုက်သည် ။ ‌သူ၏ ဟော်မုန်းများသည် Alpha များထဲတွင်ပင် ခက်ထန်တိုက်ခိုက်သည့် နေရာတွင် ထိပ်တန်းဖြစ်သည် ။ သို့သော် သူ့ကိုယ်တွင်းမှ စိတ်စွမ်းအားသည် ဟော်မုန်းအား ဖိနှိပ်နေသည့်အပြင် လွန်ခဲ့သည့် တစ်ပတ်ကပင် သူ့ထက် အားနည်းပုံရသည့် ခရော့စ် ၏ ဟော်မုန်းများသည် ရုတ်ချည်း အားကောင်းလာခဲ့သည့်အတွက် သူအား မလူးသာ မလွန့်သာ အခြေအနေသို့ တွန်းပို့ လာခဲ့သည်။ 

" မ..မဖြစ်နိုင်တာ .. မင်း နားကြားမှားတာဘဲ ဖြစ်လိမ့်မယ် .ငါက ဒီလို ကိစ္စကို စတင်ပြီး တောင်းဆိုမှာ မဟုတ်ဘူး " Liam သည် ဒီလို ကိစ္စမျိုးအား အတွေ့အကြုံရှိပြီးသား ဖြစ်သော်လည်း လုံးဝ စတင်တောင်းဆိုမည် မဟုတ်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်လေသည် ။ သူက ခရော့စ်သည့် သူ့အား ဂျင်းထည့်နေသည်ဟုသာ မှတ်ယူလိုက်သည် ။

သို့သော် သူက သိပ်ကြာကြာ မတွေးလိုက်ရပေ ။ သူ့ပိုင်နက်ထဲသို့ အောင်မြင်စွာ ကျုးကျော်နိုင်သွားသည့် ဟော်မုန်းများသည် အနွေးစီးကြောင်းလေးသဖွယ် ဆက်တိုက်တိုးဝင်လာသဖြင့် Liam ၏ နဖူးထက်မှ ချွေးများ စီးကျလာခဲ့ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည် ။

ခ‌ရော့စ်သည် တုန်ရီနေသည့် ခန္ဓာကိုယ်လေးအား ဘေးနားရှိ ကုတင်ပေါ်သို့ ပွေ့ချီကာ တင်လိုက်သည် ။ Liam သည် ခရော့စ် ထိထားသည့် အရေပြားများက ပိုလို့ပင် ပူလာသည်ဟု ခံစားမိလာသော်လည်း ရုန်းထွက်ရန် သူ့ထံ၌ အားမရှိတော့ပေ ။ ခရော့စ် ၏ နူတ်ခမ်းများက သူ့လည်တိုင်ကို ထိလာသည့်အချိန်တွင် သူ့မှာ မထိန်းနိုင်စွာ ညည်းညူမိသည်အထိပင် ။

သူ ဒီကမ်ဘာတွင် မှတ်ဉာဏ်များဖြင့် မွေးလာသည့် အချိန်က ဒီဘဝတွင်တော့ သူသည် ဒီအရူးကောင်အား ဖိနှိပ်နိုင်ပြီဟု ထင်ထားသော်လည်း လက်ရှိအခြေအနေက သူ့အား ဟားတိုက် ရယ်နေသလို ခံစားရသည် ။ သူသည် ငြင်းဆန်မည် မဟုတ်သော်လည်း ဒီလို လုံးဝ မခုခံနိုင်သည့် အခြေအနေက သူ့မာနအား အနည်းငယ် ထိခိုက်စေသည် ။ သူ့ နူတ်က မနေနိုင်စွာ စကားတစ်ခွန်း ထွက်လာခဲ့သည် ။

" အကျင့်မကောင်းတဲ့ အကောင် "

ခရော့စ် ၏ နူတ်ခမ်းတောင့်စွန်းများက မြင့်တက်သွားကာ Liam နဲ့ မျက်နှာချင်း ဆိုင်လိုက်ပြီး " ဒီ ကိုယ်ရံတော်က အရှင့်ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနေတာပါ .. ဘယ်နှယ်ကြောင့် ဆဲဆို‌နေရတာပါလဲ .."

" ဟမ့်.. မင့်ဘိုးအေ ကို တောင်းဆို .."

Liam ၏ အပြုအမှုကြောင့် ခရော့စ်က သဘောတကျရယ်လိုက်ကာ အခန်းထဲတွင် Liam ၏ ဆဲဆိုသံများနဲ့အတူ ခရော့စ်၏ ရယ်သံများ ကြီးစိုးနေခဲ့သည် ။

****

ခရော့စ်သည် Liam ၏ အဖွဲ့ဝင်အဖြစ် နေခဲ့ပြီး သူ့အဖွဲ့သားများသည် အပြင်ဘက် လှုပ်ရှားမှုများကို တာဝန်ယူခဲ့သည် ။ သူတို့က ကိုင်းရာ အဖွဲ့အစည်း၏ မျက်စိအောက်မှာပင် အင်အားချဲ့ထွင်နေခြင်းက ဘယ်လောက် ရဲတင်းကြောင်း ပြနေသည့်နှယ် ။

လော့ သည် အစပိုင်းတွင် ယန္တရားနဲ့ ပတ်သက်သည့် အရာများကိုသာ လာမေးသော်လည်း သူသည် နည်းပညာပိုင်းတွင် ပိုကျွမ်းကျင်သည်ကို မတော်တဆသိရှိသွားကာ သူ့ထံသို့ မေးခွန်းများ တရစပ်ပစ်လွှတ်တော့သည် ။ ဤသို့ဖြင့် နည်းပညာ အဖွဲ့၏ SSS မစ်ရှင် စာရင်းမှာ ပလုံသွားတော့သည် ။ ရိုင်ယန်သည် သူ့ကမ်ဘာမှ နည်းပညာများကို အသုံးပြုကာ နည်းပညာအဖွဲ့တွင် နေရာ မယူနိုင်ခဲ့တော့ပေ ။

ကံကောင်းစွာဖြင့် လော့ သည် သူက မျိုးရိုးဗီဇ အကြောင်းပါကျွမ်းကျင် ‌နေခဲ့သည်ကို မသိရှိသွားပေ ။

လော့သည် ဟီရုန် နဲ့ ရိုင်ယန် ၏ ကိစ္စအား မျက်လုံးစုံမှိတ်ကာ မသိချင်ယောင်တောင်ထားခဲ့ပြီး အလုပ်များသာ ဖိလုပ်နေခဲ့သည် ။ တကယ်တမ်းတွင်လည်း သူ့ထံတွင် အလွန်များပြားသည့် အလုပ်များရှိနေခဲ့သည် ။ အထူးသဖြင့် သူမသိသည့် ကိစ္စများကို ဖြေရှင်းပေးဖို့ လူတစ်ယောက်ဂှိနေချိန်တွင် သူက အလုပ်လုပ်ရာတွင် အလွန်ပျော်ရွင်နေတော့သည် ။

" ငါ ဆုံးဖြတ်ပြီးပြီမို့ .. ကူညီပေးပါ .." လော့ သည် ဆုံးဖြတ်ချက်ခိုင်မာသည့် အကြည့်ဖြင့် Liam နဲ့ ခရော့စ်အား ကြည့်လိုက်သည် ။ နှစ်ယောက်လုံး၏ မျက်နှာတွင် အခက်တွေ့နေသည့် အမှုအရာကို ချိတ်ဆွဲထားခဲ့သည် ။

ခရော့စ် က Liam ၏ ပေါင်ပေါ်တွင် လဲနေခဲ့ပြီး Liam ၏ လက်ချောင်းများအား ကစားနေရာမှ " လော့ .. ဒါက နောက်စရာ မဟုတ်ဘူးနော် .." Liam.ကလည်း ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည် ။ " မင်းရဲ့ ဂုဏ်သတင်းကို ဂရုစိုက်သင့်တယ် .."

လော့ သည် ခနမျှတုန့်ဆိုင်းနေသည့် အချိန်တွင် ကွမ်တမ်လက်ပတ်လေးမှ အသံမြည်လာခဲ့သည် ။ ခလုတ်တစ်ခုအား ဖိလိုက်ရာ ဟီရုန် ၏ အသံက ထွက်ပေါ်လာခဲ့သည် ။ ဟီရုန်၏ အသံက အနည်းငယ် ချီတုံချတုံ ဖြစ်နေဟန် ပေါက်နေသည် ။ " လော့ .. တောင်းပန်ပါတယ် ..လက်ရှိ ငါ့အဆင့်က အရမ်းနိမ့်သေးတော့  ငါ မင်းကို လက်မထပ်နိုင်သေးဘူး .. ငါက မင်းကို ခမ်းခမ်းနားနားနဲ့ လက်ထပ်ချင်တာမို့ .. အရင် ကြိုးစားချင်သေးတယ် .. "

" ဒါပေမဲ့ .. မင်းက ငါ့ကို အမှတ်အသားပြုထားပြီးပြီလေ .. ငါ့မိသားစုနဲ့ ငါ့ ဂုဏ်သိက္ခာကို ငဲ့ကွက်သင့်တယ် .." လော့ က နောက်ဆုံးမျှော်လင့်ချက်ဖြင့် အံကြိတ်ကာ ပြန်ပြောလိုက်သည် ။ " ငါ့ မိသားစု အဆင့်နဲ့ဆိုရင် ဗိုလ်ချုပ် တစ်ယောက် မဖြစ်နိုင်စရာ အကြောင်းမရှိဘူး .. မင်းရဲ့ အနာဂတ်ကို တွေးပူစရာမလိုဘူး .." လော့၏ စကားများက ဟီရုန်အား နိမ်ချရာရောက်ပေသည် ။ သို့သော် စကားသည်လည်း အမှန်ပင် ဖြစ်နေသေးသည် ။

တဖက်တွင် ဟီရုန်က ဒေါပွလာခဲ့သည် ။ သူ့လို ကွန်မန်ဒါ တစ်ယောက်က လော့ အား အားကိုးကာ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာစရာ မလိုပေ ။ သူ့အဖွဲ့အစည်းက ဘယ်လောက် သေးငယ်ပါစေ သူသည် ကွန်မန်ဒါ ဖြစ်သည် ဆိုသည့် အချက်အား မပြောင်းလဲနိုင်ပေ ။

" မတတ်နိုင်ဘူး .. ဒါက ငါ့သဘောထားကို မင်းကို အသိပေးတာဘဲ .. တောင်းဆိုနေတာ မဟုတ်ဘူး .. လက်ခံခံ မခံခံ မင်းသဘောဘဲ ..." ဟီရုန် သည် စကားလုံးများကို ထိန်းချုပ်ထားခဲ့ခြင်း မရှိပေ ။ အကြောင်းအရင်းမရှိ သူ့စိတ်ထဲတွင် အမြဲတမ်း လော့သည် သူ့စကားကို နားထောင်လိမ့်မည် ဟု ယုံကြည်နေမိသည် ။ ဒါ့အပြင် လော့က ငြင်းဆန်ချင်လျှင်တောင် သူ့အမှတ်အသားက သူ့( လော့ ) ထံတွင် ရှိနေကာ သူ့အပိုင်ဖြစ်သည် ။ ထိုအရာက အမှန်တရားဖြစ်သည် ။

______________
ဘုရားမလို့ .. wattpad ကြီး ဖျက်မိတော့မလို့ .. ဖျက်မိလို့ကတော့  password မမှတ်မိတာနဲ့ အဆင်တေ အရမ်းပြေနေပါပြီ .. 🙂
____________________

Continue Reading

You'll Also Like

5.3M 349K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
363K 36.2K 112
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
316K 12.7K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1M 86.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.