အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

165K 21.6K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF Chapter-(1)

7.3K 611 38
By Cup-Of-Luckiness

Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်။

နွေရာသီလယ်ခေါင်ကြီးဖြစ်နေတော့ မခံမရပ်နိုင်အောင်ပူလို့နေသည်။ ယခုကဲ့သို့သောရာသီဥတုမျိုးတွင် လူများပို၍ကသိကအောက်ဖြစ်မည်မှာလည်းမလွဲပေ၊ အထူးသဖြင့်
'ယိချန်' အတွက်တော့ဤသည်ကမှန်ကန်နေ၏။

သူတစ်စုံယောက်ကိုတောင်းပန်ရန်အတွက် ဆေးရုံသို့လာရန်ဖိအားပေးခံခဲ့ရ​ပြီးနောက်
အနည်းငယ်ရန်စရုံနှင့်ပင် ပေါက်ကွဲသွားနိုင်သည့်ချိန်ကိုက်ဗုံးတစ်လုံးအလား ဆေးရုံထဲသို့ရောက်လာခဲ့သည်။

ဆေးရုံမှာ လူများဝင်ထွက်နေ၍အတော်လေးဆူညံနေ၏။ သို့သော်ယိချန် ဆေးရုံ၏
VIP လူနာဆောင်သို့ရောက်သောအခါ အရာရာတိုင်းကတိတ်ဆိတ်သွားတော့သည်။

ဆရာဝန်နှင့်သူနာပြုများက အနားယူနေသောလူနာများအား မတော်တစ်ဆနှောင့်ယှက်မိမည်စိုး၍ လေသံနှင့်ပြောဆိုနေကြသည်။ မတူသည်ကား ယိချန်သည်ဆူဆူညံညံအသံပြုလုပ်ရန် တုံ့ဆိုင်းမနေခဲ့ပါချေ။ VIPအခန်းတံခါးမဖွင့်ခင်သူတံခါးမခေါက်ခဲ့ပါ။

ဒုန်းကနဲမြည်သံနှင့်အတူ အခန်းနံရံကိုရိုက်မိသွားသောတံခါးက ဆေးရုံအိပ်ရာထက်တွင်အနားယူနေသော အမျိုးသမီးတစ်ယောက်ကို သတိပြုမိသွားစေသည်။အမျိိုးသမီးငယ်၏ခန္ဓာကိုယ်မှာ နူးညံ့သောခြုံစောင်ကိုသက်တောင့်သက်သာမှီလျက် နွေးထွေးဇိမ်ရှိသောအခြေအနေတွင်ရှိနေ၏။

သူမ၏အနီမှိုင်းမှိုင်းဆံနွယ်အတွန့်များက ဖျော့တော့သောမျက်နှာနှင့်သိသိသာသာ
ဆန့်ကျင်ကွဲပြားလျက်သူမအား အန္တရာယ်ကင်းမဲ့၍သနားစရာကောင်းပုံ ပေါ်စေသည်။

အမျိုးသမီးငယ်လေး၏ ကျိုးပဲ့လွယ်သောဖြစ်တည်မှုအား မြင်လိုက်ရချိန်တွင်ယိချန်အံအားသင့်သွားသည်။ ဤမျှကျိုးပဲ့လွယ်သောသူမ​၏ဖြစ်တည်မှုအား သူမြင်ဖူးသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။

သို့သော်လည်းသူ၏အံ့အားသင့်မှုများက အမျိုးသမီးမျက်လုံးမဖွင့်မီ စက္ကန့်အနည်းငယ်မျှသာခံလေသည်​။ သူမ၏အကြည့်များကစူးရှဟန်ရှိကာ သူ့ကိုကြည့်လိုက်သည့်အခါ
ခြိမ်းခြောက်နေပုံပေါ်သည်။ ခုနမတိုင်မီက ကျိုးပဲ့လွယ်၍ အန္တရယ်မဲ့သောပုံရိပ်ရှိခဲ့သော်လည်း ပျောက်ကွယ်သွားချေပြီ။

ယိချန်မျက်မှောင်ကျုပ်ကာပြောလိုက်သည်။

"ချူရှောင်း မင်းငါ့ကိုပြသနာဖြစ်စေတာ လုံလောက်ပြီလို့မထင်ဘူးလား။ငါမင်းကိုလုံးဝ မကြိုက်ဘူး။ဒီတော့မင်းနဲ့အတူရှိအောင် ငါ့ကိုဖိအားပေးပြီးကြိုးစားနေစရာ အကြောင်းမရှိဘူး"

ချူ​ရှောင်း သူမရှေ့တွင်ရပ်နေသည့်ရင်းနှီးသောသူစိမ်းအားစိုက်ကြည့်နေခဲ့၏။သူကိုစိုက်ကြည့်မိသောအခိုက်တွင် သူမနှလုံးသားကရင်ဘတ်ကိုတွန်းကန်လျက်တစ်ဒုန်းဒုန်းခုန်နေကာ မျက်လုံးတွင်မျက်ရည်များဖြင့်စနိုးစနှောင့်ဖြစ်နေခဲ့သည်။

ထိုအရာသည်ကား မူလခန္ဓာပိုင်ရှင်ဆီမှာ ချန်ရစ်ခဲ့သောမှတ်ညဏ်များဖြစ်လေသည်။ ချူရှောင်းသည် မူလကိုယ်၏ပရမ်းပတာမှတ်ညဏ်များကို သူမ၏အင်အားကြီးသောအသိစိတ်ဖြင့် ရှင်းလင်းပြီးနောက် နှစ်စက္ကန့်အတွင်းအရာအားလုံးကို နားလည်နိုင်သွားခဲ့တော့သည်။

သူမရှေ့တွင်ရပ်နေသော ပုဂ္ဂိုလ်မှာသူမ၏ ခင်ပွန်းလောင်းဖြစ်၏။ သူမခင်ပွန်းလောင်းသည် သူမနှင့်စေ့စပ်မှုကိုဖျက်သိမ်းလိုသည်။ ထိုသည်ကား သူမနောက်မှလိုက်၍ ဆယ်နှစ်ကြာအလုပ်လုပ်ခဲ့သော အမျိုးသမီး၊ သူမအိမ်ဖော်၏သမီးကို ချစ်မိသွားခဲ့၍ပင်။

ချူရှောင်း သူမမျက်လုံးကြီးတွေကိုခတ်လိုက်သည်။ စူးရှတဲ့အကြည့်က တစ်ခဏချင်းပျောက်ကွယ်သွားပြီး သူ့ကိုကြည့်လိုက်သည်နှင့် ရေခဲတစ်မျှအေးစက်သည့်အကြည့်တို့​က အစားထိုးဝင်ရောက်လာသည်။

အတိတ်တွင်တော့ ချူရှောင်းသည် ယိချန်အားအစဥ်အဖြင့်ကြင်နာယုယစွာသာကြည့်လေ့ရှိကာ ယခုမူကားသူမမျက်လုံးထဲတွင် အထင်သေးခြင်းသာရှိနေလေ၏။

"ယိချန်...ရှင်ပဲကျွန်မကို ချစ်ပါတယ်၊လက်ထပ်ချင်ပါတယ်လို့ပြောတဲ့သူမဟုတ်ဘူးလား?
ကျွန်မကိုလက်ထပ်ခွင့်တောင်းတဲ့သူကလည်း ရှင်ပဲမဟုတ်ဘူးလား? ရှင့်မှာဇနီးလောင်းရှိနေလျက်နဲ့ တခြားမိန်းမတစ်ယောက်နဲ့ ဟိုလိုလိုဒီလိုလိုဆက်ဆံရေးမျိုး ဘယ်လိုများရှိနေရတာလဲ?"

ယိချန်၏သူငယ်အိမ်သည် သူမစကားလုံးများကြောင့်မဲမှောင်သွားကာ ဆန့်ကျင့်လိုက်သည်။

"​မင်းကိုလက်ထပ်ဖို့ကတိပေးတဲ့အချိန်တုန်းက ငါကငယ်သေးတယ်။ ချူရှောင်း...ငါတို့ငယ်ငယ်က ငါပေးခဲ့တဲ့ကလေးဆန်ဆန်ကတိတွေနဲ့ ငါ့ကိုဖက်တွယ်ထားဖို့မကြိုးစားစမ်းနဲ့။ ပြီးတော့လည်း ငါမင်းကိုမကြိုက်တာသူမအပြစ်မဟုတ်လို့ 'ရွယ်ဝေ့'(1) ကိုဒုက္ခမဖြစ်စေနဲ့။ မင်းကိုမင်းသတ်သေရင်တောင်မှ ငါမင်းကိုလက်ထပ်မှာမဟုတ်ဘူး"

"ရှင်ကျွန်မကိုမကြိုက်ရင် ဘာလို့လက်ထပ်ခွင့်တောင်းခဲ့သေးလဲ?တခြားမိန်းမနဲ့မရှုပ်ခင် ရှင်စေ့စပ်ပွဲဖျက်ခဲ့ရင် ကောင်းမှာ။ဒါပေမယ့် ကျွန်မနောက်ကွယ်မှာ မိန်းမတစ်ယောက်ထပ်မတွေ့ခင်ထိ ရှင်စေ့စပ်ပွဲကိုမရုတ်သိမ်းခဲ့ဘူးလေ!

အခုကျွန်မရဲ့ ဆေးရုံအခန်းကိုဖောက်ဝင်လာပြီး ရှင့်မိန်းကလေးအကြောင်းကို တောင်စဥ်ရေမရဆက်ပြောနေတယ်။ ယိချန် ရှင်လုံးဝရှက်တယ်လို့မခံစားရဘူးလား။ ရှင်ကဒါတွေအားလုံးဖြစ်စေတဲ့သူပဲလေ။ ဒါတောင်မှ ကျွန်မအခန်းထဲမှာ ကျွန်မကိုလာပြီးအော်ရဲသေးတယ်ပေါ့။"

ချူရှောင်းမှာ အလွန်တည်ငြိမ်နေခဲ့ကာ ယိချန်းကို ယှဥ်ရန်တွေးနေခဲ့သည်။ သူမပြောခဲ့သောဝါကျအကုန်လုံးရော တစ်ကြောင်းစီတိုင်းကပါ သစ္စာမဲ့ယောက်ျားကတမင်သက်သက် အမှန်တရားကိုထင်ယောင်ထင်မှားဖြစ်အောင် ကြိုးစားနေကြောင်းကို ပို၍ဖော် ပြလို့နေသည်။

ယိချန်သည် ချူရှောင်း၏ မတုန်မလှုပ်ရန်လိုတတ်သော သဘောထားကိုမုန်းတီးပြီး ပိုင်ရွယ်​ဝေ့၏ နူးညံချိုသာသောစရိုက်ကို ပို၍နှစ်သက်ပေသည်။

သူနှင့် ချူရှောင်းသည် ပုံမှန်အကြောင်းရင်းပေါ်မူတည်၍ အတောမသတ်နိုင်အောင် ရန်ဖြစ်လိမ့်မည်ဖြစ်ကာ ထပ်ကာထပ်ကာအငြင်းပွားမှုများကြောင့် သူသည်လည်းလွန်စွာသည်းမခံနိုင်ဖြစ်ရသည်။

သို့သော် ချူရှောင်း၏ အေးစက်ကွဲပြားသောသဘောထားကြောင့် လှောင်ပြောင်စရာဖြစ်၍ ခါတိုင်းထက်ပိုမွန်းကြပ်ကာ အဆင်မပြေဖြစ်မည်ဟုတော့ သူ မမျှော်လင့်ခဲ့ပါချေ။

ယိချန်သည် ပြန်လည်ချေပရန် အငြိုးထားသောလေသံဖြင့် သူမကိုအေးစက်စက်လှောင်ပြုံးပြုံးကာ ပြောပစ်လိုက်သည်။

"ငါကမင်းပြောသလိုဆိုးရွားတယ်ဆိုလည်း ဘာလို့ငါ့ကိုတွယ်ကပ်ဖို့ခက်ခက်ခဲခဲကြိုးစားနေသေးလဲ? ဘယ်သူကပိုအရှက်မရှိတာလို့မင်းထင်လဲ၊ မင်းလား ငါလား?"

"လူတစ်ယောက်က သူတို့တစ်ဘဝလုံးမျက်ကန်းဖြစ်သွားမှာမဟုတ်ဘူး။ ကမ္ဘာကြီးကကျယ်ပြောမှတော့ ကျွန်မဘဝမှာဆန်ကုန်မြေလေးအချို့နဲ့တွေ့ရမှာကို ရှောင်လွဲလို့မရနိုင်ဘူးပေါ့။ အခုထွက်သွားတော့!"

ချူရှောင်းလက်ဆန့်ကာ call buttonကိုဖိလိုက်သည်။ သူမခလုတ်ကိုဖိလိုက်သောအခါ ဆရာဝန်များနှင့် သူနာပြုများအခန်းထဲသို့အပြေးအလွား ရောက်ရှိလာကြတော့သည်။ အခန်းထဲသို့ရောက်လာသော ဆရာဝန်များနှင့်သူနာပြုများကို ချူရှောင်းမျက်နှာချင်းဆိုင်ကာ ပြောလိုက်၏။

"ဒီလူက ကျွန်မအခန်းထဲဇွတ်ဝင်လာပြီး ကျွန်မကျန်းမာရေးအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်စေတယ်။ ကျေးဇူးပြုပြီး သူ့ကိုအခုနှင်ထုတ်လိုက်ပါ။ နောက်အနာဂတ်မှာ ကျွန်မဆေးရုံအခန်းထဲ ခြေတစ်လှမ်းကျွံလာတာတောင် မမြင်ချင်ဘူး။"

"နားလည်ပါပြီ ၊ missချူ။ ဒီလူကြီးမင်းရဲ့နာမည်ကို ဧည့်သည်အမည်ပျက်စာရင်းသွင်းလိုက်ပါမယ်။ ဆရာ ​ကျေးဇူးပြုပြီးဒီအခန်းကနေ ချက်ချင်းထွက်သွားပေးပါ မဟုတ်ရင် လုံခြုံရေးအစောင့်တွေခေါ်ရပါလိမ့်မယ်။"

VIP လူနာဆောင်၏ လူနာများအတွက်ဆေးရုံ၏ဝန်ဆောင်မှုက အကောင်းဆုံးပင်။ ဆေးရုံဝန်ထမ်းများက ယိချန်ကိုချက်ချင်း အဝင်အထွက်ပိတ်ဆို့လိုက်ပြီး ပြတ်သားစွာပင် ထွက်သွားပေးရန်တောင်းဆိုသည်။

ယိချန်ရော ချူရှောင်းရော ရွှေဇွန်းကိုက်၍မွေးဖွားလာသည်ဖြစ်ရာ အခြားသူများကသူတို့အား တလေးတစ်စားဆက်ဆံကြ၏။ ယိချန်ဤသို့မောင်းထုတ်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ရာ သူ့မျက်နှာမှာဒေါသကြောင့် အစိမ်းရောင် ပြောင်းချေပြီ။ ယိချန် သူမကိုစူးစိုက်ကြည့်ကာ အံကြိတ်လိုက်သည်။

"တော်တယ် ချူရှောင်း...အနာဂတ်မှာ ငါ့ကိုလာလည်ဖို့သာ မတောင်းဆိုနဲ့"
10.11.2021💖

Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္။

ႏြေရာသီလယ္ေခါင္ႀကီးျဖစ္ေနေတာ့ မခံမရပ္နိုင္ေအာင္ပူလို႔ေနသည္။ ယခုကဲ့သို႔ေသာရာသီဥတုမ်ိဳးတြင္ လူမ်ားပို၍ကသိကေအာက္ျဖစ္မည္မွာလည္းမလြဲေပ၊ အထူးသျဖင့္
'ယိခ်န္' အတြက္ေတာ့ဤသည္ကမွန္ကန္ေန၏။

သူတစ္စုံေယာက္ကိုေတာင္းပန္ရန္အတြက္ ေဆး႐ုံသို႔လာရန္ဖိအားေပးခံခဲ့ရၿပီး၊အနည္းငယ္ရန္စ႐ုံႏွင့္ပင္ ေပါက္ကြဲသြားနိုင္သည့္ခ်ိန္ကိုက္ဗုံးတစ္လုံးအလား ေဆး႐ုံထဲသို႔ဝင္ေရာက္လာခဲ့သည္။

ေဆး႐ုံမွာ လူမ်ားဝင္ထြက္ေန၍အေတာ္ေလးဆူညံေန၏။ သို႔ေသာ္ယိခ်န္ ေဆး႐ုံ၏
VIP လူနာေဆာင္သို႔ေရာက္ေသာအခါ အရာရာတိုင္းကတိတ္ဆိတ္သြားေတာ့သည္။

ဆရာဝန္ႏွင့္သူနာျပဳမ်ားက အနားယူေနေသာလူနာမ်ားအား မေတာ္တစ္ဆႏွောင့္ယွက္မိမည္စိုး၍ ေလသံႏွင့္ေျပာဆိုေနၾကသည္။ မတူသည္ကား ယိခ်န္သည္ဆူဆူညံညံအသံျပဳလုပ္ရန္ တုံ႕ဆိုင္းမေနခဲ့ပါေခ်။ VIPအခန္းတံခါးမဖြင့္ခင္သူတံခါးမေခါက္ခဲ့ပါ။

ဒုန္းကနဲျမည္သံႏွင့္အတူ အခန္းနံရံကိုရိုက္မိသြားေသာတံခါးက ေဆး႐ုံအိပ္ရာထက္တြင္အနားယူေနေသာ အမ်ိဳးသမီးတစ္ေယာက္ကို သတိျပဳမိသြားေစသည္။အမ်ိိုးသမီးငယ္၏ခႏၶာကိုယ္မွာ ႏူးညံ့ေသာၿခဳံေစာင္ကိုသက္ေတာင့္သက္သာမွီလ်က္ ႏြေးေထြးဇိမ္ရွိေသာအေျခအေနတြင္ရွိေန၏။

သူမ၏အနီမွိုင္းမွိုင္းဆံႏြယ္အတြန့္မ်ားက ေဖ်ာ့ေတာ့ေသာမ်က္ႏွာႏွင့္သိသိသာသာ
ဆန့္က်င္ကြဲျပားလ်က္သူမအား အႏၱရာယ္ကင္းမဲ့၍သနားစရာေကာင္းပုံ ေပၚေစသည္။

အမ်ိဳးသမီးငယ္ေလး၏ က်ိဳးပဲ့လြယ္ေသာျဖစ္တည္မႈအား ျမင္လိုက္ရခ်ိန္တြင္ယိခ်န္အံအားသင့္သြားသည္။ ဤမွ်က်ိဳးပဲ့လြယ္ေသာသူမ၏ျဖစ္တည္မႈအား သူျမင္ဖူးသည္မွာပထမဆုံးအႀကိမ္ျဖစ္သည္။

သို႔ေသာ္လည္းသူ၏အံ့အားသင့္မႈမ်ားက အမ်ိဳးသမီးမ်က္လုံးမဖြင့္မီ စကၠန့္အနည္းငယ္မွ်သာခံေလသည္။ သူမ၏အၾကည့္မ်ားကစူးရွဟန္ရွိကာ သူ႕ကိုၾကည့္လိုက္သည့္အခါ
ၿခိမ္းေျခာက္ေနပုံေပၚသည္။ ခုနမတိုင္မီက က်ိဳးပဲ့လြယ္၍ အႏၱရယ္မဲ့ေသာပုံရိပ္ရွိခဲ့ေသာ္လည္း ေပ်ာက္ကြယ္သြားေခ်ၿပီ။

ယိခ်န္မ်က္ေမွာင္က်ဳပ္ကာေျပာလိုက္သည္။

"ခ်ဴေရွာင္း မင္းငါ့ကိုျပသနာျဖစ္ေစတာ လုံေလာက္ၿပီလို႔မထင္ဘူးလား။ငါမင္းကိုလုံးဝ မႀကိဳက္ဘူး။ဒီေတာ့မင္းနဲ႕အတူရွိေအာင္ ငါ့ကိုဖိအားေပးဖို႔ႀကိဳးစားေနစရာ အေၾကာင္းမရွိဘူး"

ခ်ဴေရွာင္း သူမေရွ႕တြင္ရပ္ေနသည့္ရင္းႏွီးေသာသူစိမ္းအားစိုက္ၾကည့္ေနခဲ့၏။သူကိုစိုက္ၾကည့္မိေသာအခိုက္တြင္ သူမႏွလုံးသားကရင္ဘတ္ကိုတြန္းကန္လ်က္တစ္ဒုန္းဒုန္းခုန္ေနကာ မ်က္လုံးတြင္မ်က္ရည္မ်ားျဖင့္စနိုးစႏွောင့္ျဖစ္ေနခဲ့သည္။

ထိုအရာသည္ကား မူလခႏၶာပိုင္ရွင္ဆီမွာ ခ်န္ရစ္ခဲ့ေသာမွတ္ညဏ္မ်ားျဖစ္ေလသည္။ ခ်ဴေရွာင္းသည္ မူလကိုယ္၏ပရမ္းပတာမွတ္ညဏ္မ်ားကို သူမ၏အင္အားႀကီးေသာအသိစိတ္ျဖင့္ ရွင္းလင္းၿပီးေနာက္ ႏွစ္စကၠန့္အတြင္းအရာအားလုံးကို နားလည္နိုင္သြားခဲ့ေတာ့သည္။

သူမေရွ႕တြင္ရပ္ေနေသာ ပုဂၢိုလ္မွာသူမ၏ ခင္ပြန္းေလာင္းျဖစ္၏။ သူမခင္ပြန္းေလာင္းသည္ သူမႏွင့္ေစ့စပ္မႈကိုဖ်က္သိမ္းလိုသည္။ ထိုသည္ကား သူမေနာက္မွလိုက္၍ ဆယ္ႏွစ္ၾကာအလုပ္လုပ္ခဲ့ေသာ အမ်ိဳးသမီး၊ သူမအိမ္ေဖာ္၏သမီးကို ခ်စ္မိသြားခဲ့၍ပင္။

ခ်ဴေရွာင္း သူမမ်က္လုံးႀကီးေတြကိုခတ္လိုက္သည္။ စူးရွတဲ့အၾကည့္က တစ္ခဏခ်င္းေပ်ာက္ကြယ္သြားၿပီး သူ႕ကိုၾကည့္လိုက္သည္ႏွင့္ ေရခဲတစ္မွ်ေအးစက္သည့္အၾကည့္တို႔က အစားထိုးဝင္ေရာက္လာသည္။

အတိတ္တြင္ေတာ့ ခ်ဴေရွာင္းသည္ ယိခ်န္အားအစဥ္အျဖင့္ၾကင္နာယုယစြာသာၾကည့္ေလ့ရွိကာ ယခုမူကားသူမမ်က္လုံးထဲတြင္ အထင္ေသးျခင္းသာရွိေနေလ၏။

"ယိခ်န္...ရွင္ပဲကြၽန္မကို ခ်စ္ပါတယ္၊လက္ထပ္ခ်င္ပါတယ္လို႔ေျပာတဲ့သူမဟုတ္ဘူးလား?
ကြၽန္မကိုလက္ထပ္ခြင့္ေတာင္းတဲ့သူကလည္း ရွင္ပဲမဟုတ္ဘူးလား? ရွင့္မွာဇနီးေလာင္းရွိေနလ်က္နဲ႕ တျခားမိန္းမတစ္ေယာက္နဲ႕ ဟိုလိုလိုဒီလိုလိုဆက္ဆံေရးမ်ိဳး ဘယ္လိုမ်ားရွိေနရတာလဲ?"

ယိခ်န္၏သူငယ္အိမ္သည္ သူမစကားလုံးမ်ားေၾကာင့္မဲေမွာင္သြားကာ ဆန့္က်င့္လိုက္သည္။

"မင္းကိုလက္ထပ္ဖို႔ကတိေပးတဲ့အခ်ိန္တုန္းက ငါကငယ္ေသးတယ္။ ခ်ဴေရွာင္း...ငါတို႔ငယ္ငယ္က ငါေပးခဲ့တဲ့ကေလးဆန္ဆန္ကတိေတြနဲ႕ ငါ့ကိုဖက္တြယ္ထားဖို႔မႀကိဳးစားစမ္းနဲ႕။ ၿပီးေတာ့လည္း ငါမင္းကိုမႀကိဳက္တာသူမအျပစ္မဟုတ္လို႔ '႐ြယ္ေဝ့'(1) ကိုဒုကၡမျဖစ္ေစနဲ႕။ မင္းကိုမင္းသတ္ေသရင္ေတာင္မွ ငါမင္းကိုလက္ထပ္မွာမဟုတ္ဘူး"

"ရွင္ကြၽန္မကိုမႀကိဳက္ရင္ ဘာလို႔လက္ထပ္ခြင့္ေတာင္းခဲ့ေသးလဲ?တျခားမိန္းမနဲ႕မရႈပ္ခင္ ရွင္ေစ့စပ္ပြဲဖ်က္ခဲ့ရင္ ေကာင္းမွာ။ဒါေပမယ့္ ကြၽန္မေနာက္ကြယ္မွာ မိန္းမတစ္ေယာက္ထပ္မေတြ႕ခင္ထိ ရွင္ေစ့စပ္ပြဲကိုမ႐ုတ္သိမ္းခဲ့ဘူးေလ!

အခုကြၽန္မရဲ႕ ေဆး႐ုံအခန္းကိုေဖာက္ဝင္လာၿပီး ရွင့္မိန္းကေလးအေၾကာင္းကို ေတာင္စဥ္ေရမရဆက္ေျပာေနတယ္။ ယိခ်န္ ရွင္လုံးဝရွက္တယ္လို႔မခံစားရဘူးလား။ ရွင္ကဒါေတြအားလုံးျဖစ္ေစတဲ့သူပဲေလ။ ဒါေတာင္မွ ကြၽန္မအခန္းထဲမွာ ကြၽန္မကိုလာၿပီးေအာ္ရဲေသးတယ္ေပါ့။"

ခ်ဴေရွာင္းမွာ အလြန္တည္ၿငိမ္ေနခဲ့ကာ ယိခ်န္းကို ယွဥ္ရန္ေတြးေနခဲ့သည္။ သူမေျပာခဲ့ေသာဝါက်အကုန္လုံးေရာ တစ္ေၾကာင္းစီတိုင္းကပါ သစၥာမဲ့ေယာက္်ားကတမင္သက္သက္ အမွန္တရားကိုထင္ေယာင္ထင္မွားျဖစ္ေအာင္ ႀကိဳးစားေနေၾကာင္းကို ပို၍ေဖာ္ ျပလို႔ေနသည္။

ယိခ်န္သည္ ခ်ဴေရွာင္း၏ မတုန္မလႈပ္ရန္လိုတတ္ေသာ သေဘာထားကိုမုန္းတီးၿပီး ပိုင္႐ြယ္ေဝ့၏ ႏူးညံခ်ိဳသာေသာစရိုက္ကို ပို၍ႏွစ္သက္ေပသည္။

သူႏွင့္ ခ်ဴေရွာင္းသည္ ပုံမွန္အေၾကာင္းရင္းေပၚမူတည္၍ အေတာမသတ္နိုင္ေအာင္ ရန္ျဖစ္လိမ့္မည္ျဖစ္ကာ ထပ္ကာထပ္ကာအျငင္းပြားမႈမ်ားေၾကာင့္ သူသည္လည္းလြန္စြာသည္းမခံနိုင္ျဖစ္ရသည္။

သို႔ေသာ္ ခ်ဴေရွာင္း၏ ေအးစက္ကြဲျပားေသာသေဘာထားေၾကာင့္ ေလွာင္ေျပာင္စရာျဖစ္၍ ခါတိုင္းထက္ပိုမြန္းၾကပ္ကာ အဆင္မေျပျဖစ္မည္ဟုေတာ့ သူ မေမွ်ာ္လင့္ခဲ့ပါေခ်။

ယိခ်န္သည္ ျပန္လည္ေခ်ပရန္ အၿငိဳးထားေသာေလသံျဖင့္ သူမကိုေအးစက္စက္ေလွာင္ၿပဳံးၿပဳံးကာ ေျပာပစ္လိုက္သည္။

"ငါကမင္းေျပာသလိုဆိုး႐ြားတယ္ဆိုလည္း ဘာလို႔ငါ့ကိုတြယ္ကပ္ဖို႔ခက္ခက္ခဲခဲႀကိဳးစားေနေသးလဲ? ဘယ္သူကပိုအရွက္မရွိတာလို႔မင္းထင္လဲ၊ မင္းလား ငါလား?"

"လူတစ္ေယာက္က သူတို႔တစ္ဘဝလုံးမ်က္ကန္းျဖစ္သြားမွာမဟုတ္ဘူး။ ကမၻာႀကီးကက်ယ္ေျပာမွေတာ့ ကြၽန္မဘဝမွာဆန္ကုန္ေျမေလးအခ်ိဳ႕နဲ႕ေတြ႕ရမွာကို ေရွာင္လြဲလို႔မရနိုင္ဘူးေပါ့။ အခုထြက္သြားေတာ့!"

ခ်ဴေရွာင္းလက္ဆန့္ကာ call buttonကိုဖိလိုက္သည္။ သူမခလုတ္ကိုဖိလိုက္ေသာအခါ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ားအခန္းထဲသို႔အေျပးအလြား ေရာက္ရွိလာၾကေတာ့သည္။ အခန္းထဲသို႔ေရာက္လာေသာ ဆရာဝန္မ်ားႏွင့္သူနာျပဳမ်ားကို ခ်ဴေရွာင္းမ်က္ႏွာခ်င္းဆိုင္ကာ ေျပာလိုက္၏။

"ဒီလူက ကြၽန္မအခန္းထဲဇြတ္ဝင္လာၿပီး ကြၽန္မက်န္းမာေရးအေပၚ ျပင္းျပင္းထန္ထန္သက္ေရာက္ေစတယ္။ ေက်းဇူးျပဳၿပီး သူ႕ကိုအခုႏွင္ထုတ္လိုက္ပါ။ ေနာက္အနာဂတ္မွာ ကြၽန္မေဆး႐ုံအခန္းထဲ ေျခတစ္လွမ္းကြၽံလာတာေတာင္ မျမင္ခ်င္ဘူး။"

"နားလည္ပါၿပီ ၊ missခ်ဴ။ ဒီလူႀကီးမင္းရဲ႕နာမည္ကို ဧည့္သည္အမည္ပ်က္စာရင္းသြင္းလိုက္ပါမယ္။ ဆရာ ေက်းဇူးျပဳၿပီးဒီအခန္းကေန ခ်က္ခ်င္းထြက္သြားေပးပါ မဟုတ္ရင္ လုံၿခဳံေရးအေစာင့္ေတြေခၚရပါလိမ့္မယ္။"

VIP လူနာေဆာင္၏ လူနာမ်ားအတြက္ေဆး႐ုံ၏ဝန္ေဆာင္မႈက အေကာင္းဆုံးပင္။ ေဆး႐ုံဝန္ထမ္းမ်ားက ယိခ်န္ကိုခ်က္ခ်င္း အဝင္အထြက္ပိတ္ဆို႔လိုက္ၿပီး ျပတ္သားစြာပင္ ထြက္သြားေပးရန္ေတာင္းဆိုသည္။

ယိခ်န္ေရာ ခ်ဴေရွာင္းေရာ ေ႐ႊဇြန္းကိုက္၍ေမြးဖြားလာသည္ျဖစ္ရာ အျခားသူမ်ားကသူတို႔အား တေလးတစ္စားဆက္ဆံၾက၏။ ယိခ်န္ဤသို႔ေမာင္းထုတ္ခံရသည္မွာ ပထမဆုံးအႀကိမ္ျဖစ္ရာ သူ႕မ်က္ႏွာမွာေဒါသေၾကာင့္ အစိမ္းေရာင္ ေျပာင္းေခ်ၿပီ။ ယိခ်န္ သူမကိုစူးစိုက္ၾကည့္ကာ အံႀကိတ္လိုက္သည္။

"ေတာ္တယ္ ခ်ဴေရွာင္း...အနာဂတ္မွာ ငါ့ကိုလာလည္ဖို႔သာ မေတာင္းဆိုနဲ႕"
10.11.2021💖

Continue Reading

You'll Also Like

150K 16.5K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
545K 74.7K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
48.8K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
11.5K 1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...