( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 125K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

[ 24 ]

30.3K 2.6K 29
By GeGeDiDimimi

[ သူကြီးသမက် ]

အင်းထဲရောက်တာနဲ့ရိုးကအရိပ်ကိုအင်းတဲမှာနေစေပြီး သူကတော့အင်းထဲဆင်းသွား၏ အရိပ်လည်းအပိုယူလာတဲ့ရိုးရဲ့ပုဆိုးကိုခင်းအိပ်ကာငှားလာတဲ့ သရဲစာအုပ်ထဲကချောင်းထဲကအလောင်းဆိုတာကိုစတင်ဖတ်လိုက်သည်။

စာအုပ်ဇာတ်ကြောင်းကသူငယ်ချင်းလေးယောက်တောထဲကိုအပျော်ခရီးထွတ်လာရာချောင်းထဲမှာလေဖောင်းလှေစီးကြရာကျောက်ဆောင်နဲ့တိုက်မိပြီး လှေစောင်းမှောက်သွားရာကစလို့ လူစုကွဲသွားရာတစ်ယောက်ကိုတစ်ယောက်သေမှန်းမသိကြ သူသေသလို ကိုယ့်သေသလိုနဲ့ပြန်ခြောက်လှန်နေကြပုံမှာအရိပ်ဖတ်နေရင်းကျော့ချမ်းစွာကြောက်နေမိပေမဲ့ ဆက်မဖတ်ပဲလဲမနေနိုင်စွာဖတ်နေမိသည်။

တစ်အုပ်ပြီးသွားချိန်တွင် အရိပ်ရိုးကိုလှမ်းကြည့်လိုက်တော့ အင်းထဲမှာအလုပ်လုပ်ရင်းနဲ့အောင်သက်ကိုဘာတွေပြောလို့ရယ်နေကြမှန်းမသိ အရိပ်လည်းနောက်တစ်အုပ်ကိုဖတ်ရန်ပြင်လိုက်သည်။

ထိုစာအုပ်ကလေယာဉ်ပေါ်ကအလောင်းဖြစ်၏ ခုနကစာအုပ်ထက်ပိုကြောက်စရာကောင်းလွန်းလှသည်။

လေယာဉ်ပေါ်တွင်း လေယာဉ်မောင်းသူနဲ့ လေယာဉ်မယ်နှစ်ဦးသာပါရှိပြီးထိုလေယာဉ်မယ်သည်။ ထိုအလောင်းနဲ့အတူအနောက်ခန်း၌စောင့်ရကာတော်တော်ကိုသည်းထိတ်ရင်ဖိုနဲ့အရိပ်ဖတ်ရင်းပတ်ဝန်းကျင်ကိုမေ့၍ စာအုပ်ထဲစိတ်ရောက်နေမိသည်။

" အရိပ်လေး "

" အမေ !!!"

" ဟင် "

ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ ရိုးခေါ်သံကြောင့် အရိပ်ခန္ဓာကိုယ်လေးတုန်ယင်သွားတဲ့အထိထိတ်လန့်သွားမိကာအားကုန်အော်လိုက်မိတော့ ရိုးကအရိပ်ကိုမျက်မှောင်ကြုတ်ကြီးနဲ့ကြည့်လာ၍။

" ဘာစာအုပ်ကိုငှားခဲ့လို့ ဖတ်ပြီးအဲလောက်လန့်သွားရတာလဲ "

ရိုးရဲ့အမေးစကားကို အရိပ်ပြန်မဖြေနိုင်သေး ရင်ဘက်ထဲတလှပ်လှပ်ဖြစ်နေတဲ့သူ့နှလုံးခုန်သံကို ငြိမ်သက်အောင်ခဏအနားယူလိုက်ပြီးမှရိုးကိုကြည့်၍ဖြေလိုက်သည်။

" သရဲ စာအုပ် "

အရိပ်အပြောကြောင့် ရိုးရယ်ချင်သွားသည်။

သရဲစာအုပ်ဖတ်နေပြီးသူခေါ်လိုက်တာကို ငယ်သံပါတဲ့အထိအော်လိုက်တဲ့ အရိပ်က တော်တော်လေးကိုသတ္တိကောင်းလှသည်။

" သရဲကြောက်တတ်ရင် ဘာလို့အဲလိုစာအုပ်တွေဖတ်နေတာလဲ တခြားဟာတွေမငှားခဲ့ပဲနဲ့ "

ရိုး အရိပ်ကိုပြောရင်းရေဘူးထဲကရေတစ်ခွက်ငှဲ့သောက်လိုက်ပြီးနောက် ... အင်းထဲပြန်ဆင်းရန်ပြင်လိုက်သည်။

" ရိုး အရိပ်အိမ်ပြန်ပြီ ထမင်းချိုင့်သွားယူတော့မယ် "

" အင်း နေပူတယ် ခမောက်စောင်းသွား "

" ဟုတ် "

အရိပ်က ရိုးကိုပြောကာအင်းထဲကနေရွာကိုထမင်းချိုင့်ယူရန်ပြန်လာခဲ့လိုက်သည်။

" ဦးလေး ဟင်းကျက်ပြီလား "

" အေးကျက်ပြီ ထမင်းချိုင့်လာယူတာလား "

" ဟုတ်ကဲ့ ဦးလေး "

အရိပ်ယောက္ခထီးလုပ်သူဦးလေးရိုးဟန်ကိုမေးရင်းနဲ့ထမင်းထုပ်ရန်လေးဆင့်ချိုင့်ကိုယူကာ ရေဆေးလိုက်၍။

" ဟင်းကတော့ကျက်ပြီ ကြက်သားကြော်ထားတယ် ခရမ်းချဉ်သီးငပိချက် ချက်ထားတယ် လက်ဖက်သုပ်စားချင်ရင်သုပ်သွားလိုက် "

" ဟုတ်ကဲ့ "

အရိပ်လည်းလက်ဖက်သုပ်ရန်ပြင်လိုက်ပြီး ရွာထွက်ကြက်သွန်ဖြူဥသေးသေးလေးတွေကိုနှစ်လုံးလောက်အခွံနွှာလိုက်သည်။

ချစ်ယောက်ျားရိုးကလက်ဖက်သုပ်စားရင် ကြက်သွန်ဖြူများများကိုက်စားရတာကိုပိုကြိုက်သူဖြစ်၏ ရိုးအကြိုက်ပုစွန်ခြောက်များများပါ ထည့်သုပ်လိုက်ပြီးနောက် အိမ်ရှေ့ကဦးလေးရိုးဟန်ကိုကြည့်ကာ။

" ဦးလေးထမင်းစားတော့မလား ကျွန်တော်ခူးထားခဲ့လိုက်မယ် "

" မစားသေးဘူး နွားတွေယာခင်းထဲမှာချည်ထားခဲ့တာနေပူနေလောက်ပြီ သွားပြောင်းလိုက်ဦးမယ် မင်းတို့အတွက်လောက်အောင်ထည့်သွား "

ဦးလေးရိုးဟန်တစ်ယောက်ကအရိပ်ကိုပြောပြီး ခမောက်ကောက်စောင်းထွက်သွားတော့ အရိပ်လည်းထမင်းချိုင့်ထုပ်ယူပြီးမီးဖိုတံခါးကိုကြက်တွေမဝင်နိုင်အောင် သေချာပိတ်ထားခဲ့လိုက်ကာ အင်းထဲပြန်သွားရန်ထွတ်လာစဉ်။

" သား လက်ထဲမှာလဲထမင်းချိုင့်ကြီးနဲ့ဘယ်လဲ "

ရွာထဲလမ်းမှာအမေနဲ့ဆုံတော့ အမေရဲ့အမေးစကားကြောင့်အရိပ်ပြုံးလိုက်၍။

" ရိုးကိုအင်းထဲမှာထမင်းသွားပို့မလို့ အမေရောဘယ်ကပြန်လာတာလဲ "

" ဒေါ်လေးခင်ကြိုင်ဆီခဏသွားတာ သားအဖေမနက်ကပြောနေတယ် ဒီနေ့ကျောင်းပိတ်ရက်အိမ်မလာလိုတဲ့ ခဏလိုက်ခဲ့ဦး အိမ်မှာသားညီမ အမဲသားနှပ်ထားတယ် အဲဒါလည်းလိုက်ယူဦးလာခဲ့ "

" ဟုတ် "

အရိပ်အမေနဲ့အတူအိမ်ကိုလိုက်လာခဲ့တော့ အိမ်ရောက်တော့ထုံးစံအတိုင်းဖေဖေကအိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေသည်။

" ဟော့ ပေါ်တော်မူလာပြီပေါ့ ကျောင်းပိတ်ရက်တောင် မိဘအိမ်တစ်ခေါက်လာဖို့အရေး ဒီလောက်ခက်ခဲလား !"

အရိပ်ကိုမြင်တာနဲ့ဖေဖေကဆူငေါက်လာတော့၏ အရိပ်ဖေဖေအနားထိုင်လိုက်ပြီးထမင်းချိုင့်ကိုချလိုက်ကာဖေဖေလက်မောင်းကိုဖက်ချွဲလိုက်သည်။

" သားမနက်ကလာမလို့ပါ ဒီနေ့ကရိုးနဲ့အင်းထဲလိုက်သွားကူမလို့ဆိုပြီးမလာတာပါ ဖေဖေအတွက်သားမ‌‌စောထွေးကိုပုဆိုးမှာထားတယ် အမေအတွက်ကပါတိတ်လုံးချည် "

အရိပ်ကပ်ချွဲလိုက်မှဖေဖေရဲ့မျက်နှာထားတင်းတင်းကြီးကပြေလျော့သွား၏ မစောထွေးဆိုတာအထည်လေးတွေကိုမြို့ကနေဝယ်ပြီးတစ်ရာစားနှစ်ရာစားလောက်နဲ့ရွာထဲကလူတွေကိုလကုန်ပေးနဲ့ပြန်ရောင်းတာဖြစ်သည်။

" ညီမလေးအတွက်မပါဘူးလား ကိုကို "

ညီမလုပ်သူကအရိပ်အတွက် စတီးအုပ်လေးနဲ့ အမဲသားနှပ်ထည့်ယူလာရင်းဘေးနားမှာဝင်ထိုင်ကာမျက်နှာစူပုပ်ပုပ်လေးနဲ့မေးလာတော့။

" ညီမကအငယ်လေ ကိုကိုကလုံချည်ဝယ်ပေးရင် ညီမငရဲကြီးမှာပေါ့ "

" ဟွန်း ဘာဖြစ်လဲ ကိုကိုညီမလေးပဲကိုပြီးတော့ အသစ်ဝယ်ပေးတာလေ ဘာမှငရဲမကြီးဘူး "

" ဟုတ်ပါပြီ ကိုကိုဝယ်ပေးပါမယ် ညနေမစောထွေးလာရင် ညီမကြိုက်တာသွားရွေးယူလိုက် ကိုကိုပိုက်ဆံရှင်းလိုက်မယ် "

" တကယ်နော် ကိုကို "

ညီမလုပ်သူနှင်းနုတစ်ယောက်အရိပ်ကဝယ်ပေးမယ်ဆိုတော့ပျော်ရွှင်သွား၏ မေမေကကြားထဲကနေရယ်ရင်အရိပ်ကိုစလာသည်။

" အေး လုပ်နေလိုက် ငရိုးကသူရှာထားတဲ့ပိုက်ဆံတွေကုန်ပါပြီဆိုပြီးတော့ ပြဿနာရှာနေမယ် "

မေမေစကားကြောင့် အရိပ်ရှက်ပြုံးပြုံးလိုက်မိသည်။

" ရှာမနေဘူး ရှာရဲရင်လဲရှာကြည့်ပါလား အခုဝယ်ပေးတာသူရှာတဲ့ပိုက်ဆံမဟုတ်ပါဘူးနော် သားကျောင်းလခထဲကဝယ်ပေးတာ "

" အဟိ ကိုကို ညီမလေးကဝမ်းဆက်စယူမယ်နော် "

" အင်း ကြိုက်တာယူ အခုတော့ထမင်းပို့နောက်ကျနေပြီ ဖေဖေသားသွားတော့မယ်နော် မနက်ဖြန်မှ လာခဲ့မယ် "

အရိပ်လည်းဖေဖေနဲ့မေမေကိုပြောပြီး အင်းထဲကိုခပ်မြန်မြန်လာခဲ့လိုက်သည်။

အခုလောက်ဆိုရိုးတစ်ယောက် အရိပ်ကိုဗိုက်ဆာလိုမျှော်နေမလား စိတ်ပဲတိုနေပြီလားမသိ အချိန်ကနေ့လယ်ဆယ်နှစ်နာရီတောင်ထိုးတော့မယ်ဖြစ်၏ ခါတိုင်းဆို ရိုးတို့ကနေ့လယ်ဆယ်တစ်နာရီထမင်းစားနားကြပြီးတစ်ရေးလောက်အိပ်ရင် မအိပ်လည်းခဏနားပြီးနေ့လယ်တစ်နာရီခွဲလောက်မှအင်းထဲပြန်ဆင်းကြတာဖြစ်သည်။

" ဟေ့ကောင်ငရိုး မင်းတော့ ထမင်းငတ်ပြီထင်တယ် အရိပ်ကအခုထိမလာသေးဘူး "

မောင်လှကသူ့မိန်းမမိအေးထမင်းလာပို့ပြီမို့ အခုထိထမင်းချိုင့်ယူဆိုကာပြန်သွားတဲ့အရိပ်ပြန်မလာသေးတာကြောင့်ရိုးကိုစနေသည်။

" ဟား , ဟား ငါ့တို့သူငယ်လေးချင်း ငရိုးတော့ လူပျိုဘဝကဦးလေးရိုးဟန်ကထမင်းချိုင့်အချိန်မှန်ပို့ပေးလို့ထမင်းနှပ်မှန်ပေမဲ့ ယောကျ်ားရပြီးမှထမင်းငတ်ပြီထင်တယ် "

" ဟား , ဟား "

‌မောင်လှတင်မဟုတ်တော့ပဲအောင်သက်တို့ကပါ ဝင်ရောက်၍အဖွဲ့လိုက်ရိုးကိုဝိုင်းစနောက်လာကြသည်။

" စဉ်းစားလေ ငါ့အရိပ်လေးက ငါ့ကိုအငတ်ဘယ်တော့မှမထားဘူး "

" ဟဲ့ ငရိုး စကားကိုရှင်းရှင်းပြောစမ်း အရိပ်ကဘာကိုအငတ်မထားတာလဲ ထမင်းကိုလား "

မမိအေးကအင်းတဲထဲမှာထိုင်နေရင်းနဲ့အရိပ်ရဲ့သရဲစာအုပ်တွေကောက်ဖတ်နေရာက ရိုးကိုစနောက်လာပြန်တော့ မမိအေးရဲ့အမေးကြောင့် အားလုံးကဝိုင်းရယ်ကြတော့သည်။

အရိပ်အင်းနားရောက်တော့ ရိုးတို့ရယ်သံတွေကို အဝေးကနေလှမ်းကြားနေသည်။ ဘာတွေပြောပြီးအဲလောက်တောင်အဖွဲ့လိုက်ပွဲကြနေတယ်မသိရ။

" ဘာတွေ ရယ်နေကြတာတုန်း "

အရိပ် အင်းတဲထဲအရောက်မေးလိုက်တော့။

" ရိုးကပြောနေတာ အရိပ်ကသူ့ကိုအငတ်မထားဘူးတဲ့ အဲဘာကိုအငတ်မထားတာလဲ ထမင်းလားလို့မေးနေတာ "

မမိအေးစကားကြောင့် အရိပ်မှာနားရွက်လေးများရဲတက်သွားရသည်။

" အဲမမိအေးကလေ ဘာတွေပေါက်ကရလျှောက်ပြောနေမှန်းကိုမသိဘူး "

" ဟား , ဟား "

ရှက်သွားတဲ့အရိပ်ကိုကြည့်၍မမိအေးတစ်ယောက် အာကြီးအာကျယ်နဲ့အော်ဟစ်ရယ်နေသည်။

" ရိုး ထမင်းစားမယ်လေ လာခဲ့တော့ "

အရိပ် ရိုးကိုလှမ်းအော်ခေါ်ရင်နဲ့ ရိုးရဲ့ပုဆိုးအဟောင်းတစ်ထည်ကိုကြမ်းခင်းပေါ်ဖြန့်ခင်းလိုက်ပြီးနောက်ထမင်းချိုင့်ကိုဖွင့်ချလိုက်သည်။

" ဘာလို့ ကြာနေတာလဲ ကိုယ့်ကအိမ်မှာဆန်မရှိတော့လို့ မကွေးအထိသွားဝယ်ပြီးချက်နေတယ်ထင်နေတာ "

ရိုးရဲ့ခနဲ့တဲ့တဲ့စကားကြောင့်။

" ဟုတ်တယ် မကွေးအထိသွားဝယ်တာ စပါးခွံချွတ်နေတုန်းဆိုလို့ စောင့်နေရင်ကြာသွားတာ !"

အရိပ်ကရိုးစကားကိုလေသံမာမာနဲ့ပြန်ရွဲပစ်လိုက်သည်။

" ဟား , ဟား ကိုယ့်အရိပ်လေးကတော့ တကယ်ငရွဲလေးပဲကွာ "

" ဘယ်သူအရင်ရွဲတာလဲ စကားကိုဘာလိုကြာတာဆိုတာ ကောင်းကောင်းမမေးပဲနဲ့ !"

" အင်းပါ အင်းပါ ကိုယ့်အမှား ဟုတ်ပြီလား ကိုယ့်ဗိုက်ဆာနေပြီစားရအောင် "

အားလုံးသောထမင်းချိုင့်ကိုယ်စီဖွင့်လိုက်ကြ၍ သူ့ဟင်း ကိုယ့်ဟင်းနှိုက်စားကြရာထမင်းဆိုတာအိမ်မှာစားတာထက်ပိုစားလိုကောင်းလွန်းလှသည်။

" အစ်မမိအေး မစားဘူးလား "

" ငါ့အိမ်မှာစားခဲ့ပြီ "

အစ်မမိအေးကအရိပ်ငှားထားတဲ့သရဲစာအုပ်ကိုဖတ်နေရင်းကပြန်ဖြေလာသည်။

အရိပ်လည်းရိုးထမင်းချိုင့်ထဲကိုသူ့ထဲကထမင်းတစ်ဝက်ကိုခွဲကာထပ်ထည့်ပေးလိုက်တော့ ရိုးက အရိပ်ကိုကြည့်လာကာ။

" အရိပ် ဘာလို့လဲ မကုန်လို့လား "

" မဟုတ်ဘူး ရိုးမဝမှာဆိုလို့ "

" အမလေးဗျာ ချစ်တတ်လိုက်တဲ့ အရိပ်တို့များ ဒါကြောင့်လဲ ငရိုးကပြောတာအရိပ်ကသူ့ကိုအငတ်မထားဘူးလို့ "

အောင်သက်ထမင်းစားနေရင်းကထစလိုက်ပြန်တော့ အကုန်လုံးရဲ့ရယ်သံသည်။ အင်းထဲမှာဆူညံနေတော့သည်။

" အရိပ် မမိအေးနဲ့ပြန်လိုက်သွားတော့ "

စားပြီးကုန်သွားတဲ့ ထမင်းချိုင့်တွေကိုအရိပ်ဆင့်ရင်နဲ့ရိုးကိုပြန်ပြောလိုက်သည်။

" ဘာလို့လဲ ညနေထိ စောင့်မယ်လေ "

" မစောင့်ပါနဲ့ကိုယ့်ကအင်းထဲဆင်းရင် အရိပ်တစ်ယောက်တည်းတဲထဲမှာပျင်းနေမယ် ပြီးတော့ကြောက်ကလဲကြောက်တတ်သေးတယ် အိမ်မှာပဲပြန်နေတော့ "

" ဟွန်း , ဒါဆိုရင်ညနေရိုးစောစောပြန်လာမယ်လို့ ကတိပေး "

" ပေးပါတယ်ဗျာ ကိုယ့်ကစောစောပြန်မလာလို့ ဘယ်သွားရဦးမှာလဲ "

" အရက်ဆိုင်လေ အရက်ဆိုင်ဝင်နေမှာစိုးလို့ !"

" မဝင်ပါဘူးဗျာ စိတ်ဖြောင့်ဖြောင့်နဲ့ပြန် ဟုတ်ပြီလား "

" အင်း "

အရိပ်လည်းမပြန်ခင်အင်းစပ်နားဆင်း၍ ကဇွန်းရွက်အနည်းငယ်ခူးလိုက်သည်။

" ရိုး အရိပ်ပြန်ပြီနော် ညနေအရက်ဆိုင်ဝင်မနေနဲ့ "

" မဝင်ပါဘူးဆိုကွာ ဒါပဲထပ်ထပ်အခါခါမှာနေတာပဲ "

" ထပ်ခါထပ်ခါမှာမှ ရိုးကတော်ကာကြတာလေ !"

" ကိုယ့်မဝင်ပါဘူးဆိုကွာ "

" အင်းပြီးရော ပြန်ပြီ !"

အရိပ်တို့ပြန်သွားမှအောင်သက်ကရိုးကိုကြည့်လာ၍။

" ဟေ့ကောင် ငရိုး ညနေကြတကယ်မသောက်တော့ဘူးပေါ့ "

" တစ်ခွက်လောက်တော့ ကစ်အုံးမှာပါကွာ အပြန်မာကလာရွက်ဝါးသွားလိုက်မယ် အနံပျောက်အောင်လို့ "

" ဟား , ဟား "

အောင်သက်အပါဝင်အကုန်လုံးကရိုးအပြောကိုဝိုင်းရယ်လာကုန်တော့သည်။

< 10 , 11 , 2021 >

[ သူႀကီးသမက္ ]

အင္းထဲေရာက္တာနဲ႕ရိုးကအရိပ္ကိုအင္းတဲမွာေနေစၿပီး သူကေတာ့အင္းထဲဆင္းသြား၏ အရိပ္လည္းအပိုယူလာတဲ့ရိုးရဲ႕ပုဆိုးကိုခင္းအိပ္ကာငွားလာတဲ့ သရဲစာအုပ္ထဲကေခ်ာင္းထဲကအေလာင္းဆိုတာကိုစတင္ဖတ္လိုက္သည္။

စာအုပ္ဇာတ္ေၾကာင္းကသူငယ္ခ်င္းေလးေယာက္ေတာထဲကိုအေပ်ာ္ခရီးထြတ္လာရာေခ်ာင္းထဲမွာေလေဖာင္းေလွစီးၾကရာေက်ာက္ေဆာင္နဲ႕တိုက္မိၿပီး ေလွေစာင္းေမွာက္သြားရာကစလို႔ လူစုကြဲသြားရာတစ္ေယာက္ကိုတစ္ေယာက္ေသမွန္းမသိၾက သူေသသလို ကိုယ့္ေသသလိုနဲ႕ျပန္ေျခာက္လွန္ေနၾကပုံမွာအရိပ္ဖတ္ေနရင္းေက်ာ့ခ်မ္းစြာေၾကာက္ေနမိေပမဲ့ ဆက္မဖတ္ပဲလဲမေနနိုင္စြာဖတ္ေနမိသည္။

တစ္အုပ္ၿပီးသြားခ်ိန္တြင္ အရိပ္ရိုးကိုလွမ္းၾကည့္လိုက္ေတာ့ အင္းထဲမွာအလုပ္လုပ္ရင္းနဲ႕ေအာင္သက္ကိုဘာေတြေျပာလို႔ရယ္ေနၾကမွန္းမသိ အရိပ္လည္းေနာက္တစ္အုပ္ကိုဖတ္ရန္ျပင္လိုက္သည္။

ထိုစာအုပ္ကေလယာဥ္ေပၚကအေလာင္းျဖစ္၏ ခုနကစာအုပ္ထက္ပိုေၾကာက္စရာေကာင္းလြန္းလွသည္။

ေလယာဥ္ေပၚတြင္း ေလယာဥ္ေမာင္းသူနဲ႕ ေလယာဥ္မယ္ႏွစ္ဦးသာပါရွိၿပီးထိုေလယာဥ္မယ္သည္။ ထိုအေလာင္းနဲ႕အတူအေနာက္ခန္း၌ေစာင့္ရကာေတာ္ေတာ္ကိုသည္းထိတ္ရင္ဖိုနဲ႕အရိပ္ဖတ္ရင္းပတ္ဝန္းက်င္ကိုေမ့၍ စာအုပ္ထဲစိတ္ေရာက္ေနမိသည္။

" အရိပ္ေလး "

" အေမ !!!"

" ဟင္ "

ဘယ္အခ်ိန္ကေရာက္လာမွန္းမသိတဲ့ ရိုးေခၚသံေၾကာင့္ အရိပ္ခႏၶာကိုယ္ေလးတုန္ယင္သြားတဲ့အထိထိတ္လန႔္သြားမိကာအားကုန္ေအာ္လိုက္မိေတာ့ ရိုးကအရိပ္ကိုမ်က္ေမွာင္ၾကဳတ္ႀကီးနဲ႕ၾကည့္လာ၍။

" ဘာစာအုပ္ကိုငွားခဲ့လို႔ ဖတ္ၿပီးအဲေလာက္လန႔္သြားရတာလဲ "

ရိုးရဲ႕အေမးစကားကို အရိပ္ျပန္မေျဖနိုင္ေသး ရင္ဘက္ထဲတလွပ္လွပ္ျဖစ္ေနတဲ့သူ႕ႏွလုံးခုန္သံကို ၿငိမ္သက္ေအာင္ခဏအနားယူလိုက္ၿပီးမွရိုးကိုၾကည့္၍ေျဖလိုက္သည္။

" သရဲ စာအုပ္ "

အရိပ္အေျပာေၾကာင့္ ရိုးရယ္ခ်င္သြားသည္။

သရဲစာအုပ္ဖတ္ေနၿပီးသူေခၚလိုက္တာကို ငယ္သံပါတဲ့အထိေအာ္လိုက္တဲ့ အရိပ္က ေတာ္ေတာ္ေလးကိုသတၱိေကာင္းလွသည္။

" သရဲေၾကာက္တတ္ရင္ ဘာလို႔အဲလိုစာအုပ္ေတြဖတ္ေနတာလဲ တျခားဟာေတြမငွားခဲ့ပဲနဲ႕ "

ရိုး အရိပ္ကိုေျပာရင္းေရဘူးထဲကေရတစ္ခြက္ငွဲ႕ေသာက္လိုက္ၿပီးေနာက္ ... အင္းထဲျပန္ဆင္းရန္ျပင္လိုက္သည္။

" ရိုး အရိပ္အိမ္ျပန္ၿပီ ထမင္းခ်ိဳင့္သြားယူေတာ့မယ္ "

" အင္း ေနပူတယ္ ခေမာက္ေစာင္းသြား "

" ဟုတ္ "

အရိပ္က ရိုးကိုေျပာကာအင္းထဲကေန႐ြာကိုထမင္းခ်ိဳင့္ယူရန္ျပန္လာခဲ့လိုက္သည္။

" ဦးေလး ဟင္းက်က္ၿပီလား "

" ေအးက်က္ၿပီ ထမင္းခ်ိဳင့္လာယူတာလား "

" ဟုတ္ကဲ့ ဦးေလး "

အရိပ္ေယာကၡထီးလုပ္သူဦးေလးရိုးဟန္ကိုေမးရင္းနဲ႕ထမင္းထုပ္ရန္ေလးဆင့္ခ်ိဳင့္ကိုယူကာ ေရေဆးလိုက္၍။

" ဟင္းကေတာ့က်က္ၿပီ ၾကက္သားေၾကာ္ထားတယ္ ခရမ္းခ်ဥ္သီးငပိခ်က္ ခ်က္ထားတယ္ လက္ဖက္သုပ္စားခ်င္ရင္သုပ္သြားလိုက္ "

" ဟုတ္ကဲ့ "

အရိပ္လည္းလက္ဖက္သုပ္ရန္ျပင္လိုက္ၿပီး ႐ြာထြက္ၾကက္သြန္ျဖဴဥေသးေသးေလးေတြကိုႏွစ္လုံးေလာက္အခြံႏႊာလိုက္သည္။

ခ်စ္ေယာက္်ားရိုးကလက္ဖက္သုပ္စားရင္ ၾကက္သြန္ျဖဴမ်ားမ်ားကိုက္စားရတာကိုပိုႀကိဳက္သူျဖစ္၏ ရိုးအႀကိဳက္ပုစြန္ေျခာက္မ်ားမ်ားပါ ထည့္သုပ္လိုက္ၿပီးေနာက္ အိမ္ေရွ႕ကဦးေလးရိုးဟန္ကိုၾကည့္ကာ။

" ဦးေလးထမင္းစားေတာ့မလား ကြၽန္ေတာ္ခူးထားခဲ့လိုက္မယ္ "

" မစားေသးဘူး ႏြားေတြယာခင္းထဲမွာခ်ည္ထားခဲ့တာေနပူေနေလာက္ၿပီ သြားေျပာင္းလိုက္ဦးမယ္ မင္းတို႔အတြက္ေလာက္ေအာင္ထည့္သြား "

ဦးေလးရိုးဟန္တစ္ေယာက္ကအရိပ္ကိုေျပာၿပီး ခေမာက္ေကာက္ေစာင္းထြက္သြားေတာ့ အရိပ္လည္းထမင္းခ်ိဳင့္ထုပ္ယူၿပီးမီးဖိုတံခါးကိုၾကက္ေတြမဝင္နိုင္ေအာင္ ေသခ်ာပိတ္ထားခဲ့လိုက္ကာ အင္းထဲျပန္သြားရန္ထြတ္လာစဥ္။

" သား လက္ထဲမွာလဲထမင္းခ်ိဳင့္ႀကီးနဲ႕ဘယ္လဲ "

႐ြာထဲလမ္းမွာအေမနဲ႕ဆုံေတာ့ အေမရဲ႕အေမးစကားေၾကာင့္အရိပ္ၿပဳံးလိုက္၍။

" ရိုးကိုအင္းထဲမွာထမင္းသြားပို႔မလို႔ အေမေရာဘယ္ကျပန္လာတာလဲ "

" ေဒၚေလးခင္ႀကိဳင္ဆီခဏသြားတာ သားအေဖမနက္ကေျပာေနတယ္ ဒီေန႕ေက်ာင္းပိတ္ရက္အိမ္မလာလိုတဲ့ ခဏလိုက္ခဲ့ဦး အိမ္မွာသားညီမ အမဲသားႏွပ္ထားတယ္ အဲဒါလည္းလိုက္ယူဦးလာခဲ့ "

" ဟုတ္ "

အရိပ္အေမနဲ႕အတူအိမ္ကိုလိုက္လာခဲ့ေတာ့ အိမ္ေရာက္ေတာ့ထုံးစံအတိုင္းေဖေဖကအိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ေနသည္။

" ေဟာ့ ေပၚေတာ္မူလာၿပီေပါ့ ေက်ာင္းပိတ္ရက္ေတာင္ မိဘအိမ္တစ္ေခါက္လာဖို႔အေရး ဒီေလာက္ခက္ခဲလား !"

အရိပ္ကိုျမင္တာနဲ႕ေဖေဖကဆူေငါက္လာေတာ့၏ အရိပ္ေဖေဖအနားထိုင္လိုက္ၿပီးထမင္းခ်ိဳင့္ကိုခ်လိဳက္ကာေဖေဖလက္ေမာင္းကိုဖက္ခြၽဲလိုက္သည္။

" သားမနက္ကလာမလို႔ပါ ဒီေန႕ကရိုးနဲ႕အင္းထဲလိုက္သြားကူမလို႔ဆိုၿပီးမလာတာပါ ေဖေဖအတြက္သားမ‌‌ေစာေထြးကိုပုဆိုးမွာထားတယ္ အေမအတြက္ကပါတိတ္လုံးခ်ည္ "

အရိပ္ကပ္ခြၽဲလိုက္မွေဖေဖရဲ႕မ်က္ႏွာထားတင္းတင္းႀကီးကေျပေလ်ာ့သြား၏ မေစာေထြးဆိုတာအထည္ေလးေတြကိုၿမိဳ႕ကေနဝယ္ၿပီးတစ္ရာစားႏွစ္ရာစားေလာက္နဲ႕႐ြာထဲကလူေတြကိုလကုန္ေပးနဲ႕ျပန္ေရာင္းတာျဖစ္သည္။

" ညီမေလးအတြက္မပါဘူးလား ကိုကို "

ညီမလုပ္သူကအရိပ္အတြက္ စတီးအုပ္ေလးနဲ႕ အမဲသားႏွပ္ထည့္ယူလာရင္းေဘးနားမွာဝင္ထိုင္ကာမ်က္ႏွာစူပုပ္ပုပ္ေလးနဲ႕ေမးလာေတာ့။

" ညီမကအငယ္ေလ ကိုကိုကလုံခ်ည္ဝယ္ေပးရင္ ညီမငရဲႀကီးမွာေပါ့ "

" ဟြန္း ဘာျဖစ္လဲ ကိုကိုညီမေလးပဲကိုၿပီးေတာ့ အသစ္ဝယ္ေပးတာေလ ဘာမွငရဲမႀကီးဘူး "

" ဟုတ္ပါၿပီ ကိုကိုဝယ္ေပးပါမယ္ ညေနမေစာေထြးလာရင္ ညီမႀကိဳက္တာသြားေ႐ြးယူလိုက္ ကိုကိုပိုက္ဆံရွင္းလိုက္မယ္ "

" တကယ္ေနာ္ ကိုကို "

ညီမလုပ္သူႏွင္းႏုတစ္ေယာက္အရိပ္ကဝယ္ေပးမယ္ဆိုေတာ့ေပ်ာ္႐ႊင္သြား၏ ေမေမကၾကားထဲကေနရယ္ရင္အရိပ္ကိုစလာသည္။

" ေအး လုပ္ေနလိုက္ ငရိုးကသူရွာထားတဲ့ပိုက္ဆံေတြကုန္ပါၿပီဆိုၿပီးေတာ့ ျပႆနာရွာေနမယ္ "

ေမေမစကားေၾကာင့္ အရိပ္ရွက္ၿပဳံးၿပဳံးလိုက္မိသည္။

" ရွာမေနဘူး ရွာရဲရင္လဲရွာၾကည့္ပါလား အခုဝယ္ေပးတာသူရွာတဲ့ပိုက္ဆံမဟုတ္ပါဘူးေနာ္ သားေက်ာင္းလခထဲကဝယ္ေပးတာ "

" အဟိ ကိုကို ညီမေလးကဝမ္းဆက္စယူမယ္ေနာ္ "

" အင္း ႀကိဳက္တာယူ အခုေတာ့ထမင္းပို႔ေနာက္က်ေနၿပီ ေဖေဖသားသြားေတာ့မယ္ေနာ္ မနက္ျဖန္မွ လာခဲ့မယ္ "

အရိပ္လည္းေဖေဖနဲ႕ေမေမကိုေျပာၿပီး အင္းထဲကိုခပ္ျမန္ျမန္လာခဲ့လိုက္သည္။

အခုေလာက္ဆိုရိုးတစ္ေယာက္ အရိပ္ကိုဗိုက္ဆာလိုေမွ်ာ္ေနမလား စိတ္ပဲတိုေနၿပီလားမသိ အခ်ိန္ကေန႕လယ္ဆယ္ႏွစ္နာရီေတာင္ထိုးေတာ့မယ္ျဖစ္၏ ခါတိုင္းဆို ရိုးတို႔ကေန႕လယ္ဆယ္တစ္နာရီထမင္းစားနားၾကၿပီးတစ္ေရးေလာက္အိပ္ရင္ မအိပ္လည္းခဏနားၿပီးေန႕လယ္တစ္နာရီခြဲေလာက္မွအင္းထဲျပန္ဆင္းၾကတာျဖစ္သည္။

" ေဟ့ေကာင္ငရိုး မင္းေတာ့ ထမင္းငတ္ၿပီထင္တယ္ အရိပ္ကအခုထိမလာေသးဘူး "

ေမာင္လွကသူ႕မိန္းမမိေအးထမင္းလာပို႔ၿပီမို႔ အခုထိထမင္းခ်ိဳင့္ယူဆိုကာျပန္သြားတဲ့အရိပ္ျပန္မလာေသးတာေၾကာင့္ရိုးကိုစေနသည္။

" ဟား , ဟား ငါ့တို႔သူငယ္ေလးခ်င္း ငရိုးေတာ့ လူပ်ိဳဘဝကဦးေလးရိုးဟန္ကထမင္းခ်ိဳင့္အခ်ိန္မွန္ပို႔ေပးလို႔ထမင္းႏွပ္မွန္ေပမဲ့ ေယာက်္ားရၿပီးမွထမင္းငတ္ၿပီထင္တယ္ "

" ဟား , ဟား "

‌ေမာင္လွတင္မဟုတ္ေတာ့ပဲေအာင္သက္တို႔ကပါ ဝင္ေရာက္၍အဖြဲ႕လိုက္ရိုးကိုဝိုင္းစေနာက္လာၾကသည္။

" စဥ္းစားေလ ငါ့အရိပ္ေလးက ငါ့ကိုအငတ္ဘယ္ေတာ့မွမထားဘူး "

" ဟဲ့ ငရိုး စကားကိုရွင္းရွင္းေျပာစမ္း အရိပ္ကဘာကိုအငတ္မထားတာလဲ ထမင္းကိုလား "

မမိေအးကအင္းတဲထဲမွာထိုင္ေနရင္းနဲ႕အရိပ္ရဲ႕သရဲစာအုပ္ေတြေကာက္ဖတ္ေနရာက ရိုးကိုစေနာက္လာျပန္ေတာ့ မမိေအးရဲ႕အေမးေၾကာင့္ အားလုံးကဝိုင္းရယ္ၾကေတာ့သည္။

အရိပ္အင္းနားေရာက္ေတာ့ ရိုးတို႔ရယ္သံေတြကို အေဝးကေနလွမ္းၾကားေနသည္။ ဘာေတြေျပာၿပီးအဲေလာက္ေတာင္အဖြဲ႕လိုက္ပြဲၾကေနတယ္မသိရ။

" ဘာေတြ ရယ္ေနၾကတာတုန္း "

အရိပ္ အင္းတဲထဲအေရာက္ေမးလိုက္ေတာ့။

" ရိုးကေျပာေနတာ အရိပ္ကသူ႕ကိုအငတ္မထားဘူးတဲ့ အဲဘာကိုအငတ္မထားတာလဲ ထမင္းလားလို႔ေမးေနတာ "

မမိေအးစကားေၾကာင့္ အရိပ္မွာနား႐ြက္ေလးမ်ားရဲတက္သြားရသည္။

" အဲမမိေအးကေလ ဘာေတြေပါက္ကရေလွ်ာက္ေျပာေနမွန္းကိုမသိဘူး "

" ဟား , ဟား "

ရွက္သြားတဲ့အရိပ္ကိုၾကည့္၍မမိေအးတစ္ေယာက္ အာႀကီးအာက်ယ္နဲ႕ေအာ္ဟစ္ရယ္ေနသည္။

" ရိုး ထမင္းစားမယ္ေလ လာခဲ့ေတာ့ "

အရိပ္ ရိုးကိုလွမ္းေအာ္ေခၚရင္နဲ႕ ရိုးရဲ႕ပုဆိုးအေဟာင္းတစ္ထည္ကိုၾကမ္းခင္းေပၚျဖန႔္ခင္းလိုက္ၿပီးေနာက္ထမင္းခ်ိဳင့္ကိုဖြင့္ခ်လိဳက္သည္။

" ဘာလို႔ ၾကာေနတာလဲ ကိုယ့္ကအိမ္မွာဆန္မရွိေတာ့လို႔ မေကြးအထိသြားဝယ္ၿပီးခ်က္ေနတယ္ထင္ေနတာ "

ရိုးရဲ႕ခနဲ႕တဲ့တဲ့စကားေၾကာင့္။

" ဟုတ္တယ္ မေကြးအထိသြားဝယ္တာ စပါးခြံခြၽတ္ေနတုန္းဆိုလို႔ ေစာင့္ေနရင္ၾကာသြားတာ !"

အရိပ္ကရိုးစကားကိုေလသံမာမာနဲ႕ျပန္႐ြဲပစ္လိုက္သည္။

" ဟား , ဟား ကိုယ့္အရိပ္ေလးကေတာ့ တကယ္င႐ြဲေလးပဲကြာ "

" ဘယ္သူအရင္႐ြဲတာလဲ စကားကိုဘာလိုၾကာတာဆိုတာ ေကာင္းေကာင္းမေမးပဲနဲ႕ !"

" အင္းပါ အင္းပါ ကိုယ့္အမွား ဟုတ္ၿပီလား ကိုယ့္ဗိုက္ဆာေနၿပီစားရေအာင္ "

အားလုံးေသာထမင္းခ်ိဳင့္ကိုယ္စီဖြင့္လိုက္ၾက၍ သူ႕ဟင္း ကိုယ့္ဟင္းႏွိုက္စားၾကရာထမင္းဆိုတာအိမ္မွာစားတာထက္ပိုစားလိုေကာင္းလြန္းလွသည္။

" အစ္မမိေအး မစားဘူးလား "

" ငါ့အိမ္မွာစားခဲ့ၿပီ "

အစ္မမိေအးကအရိပ္ငွားထားတဲ့သရဲစာအုပ္ကိုဖတ္ေနရင္းကျပန္ေျဖလာသည္။

အရိပ္လည္းရိုးထမင္းခ်ိဳင့္ထဲကိုသူ႕ထဲကထမင္းတစ္ဝက္ကိုခြဲကာထပ္ထည့္ေပးလိုက္ေတာ့ ရိုးက အရိပ္ကိုၾကည့္လာကာ။

" အရိပ္ ဘာလို႔လဲ မကုန္လို႔လား "

" မဟုတ္ဘူး ရိုးမဝမွာဆိုလို႔ "

" အမေလးဗ်ာ ခ်စ္တတ္လိုက္တဲ့ အရိပ္တို႔မ်ား ဒါေၾကာင့္လဲ ငရိုးကေျပာတာအရိပ္ကသူ႕ကိုအငတ္မထားဘူးလို႔ "

ေအာင္သက္ထမင္းစားေနရင္းကထစလိုက္ျပန္ေတာ့ အကုန္လုံးရဲ႕ရယ္သံသည္။ အင္းထဲမွာဆူညံေနေတာ့သည္။

" အရိပ္ မမိေအးနဲ႕ျပန္လိုက္သြားေတာ့ "

စားၿပီးကုန္သြားတဲ့ ထမင္းခ်ိဳင့္ေတြကိုအရိပ္ဆင့္ရင္နဲ႕ရိုးကိုျပန္ေျပာလိုက္သည္။

" ဘာလို႔လဲ ညေနထိ ေစာင့္မယ္ေလ "

" မေစာင့္ပါနဲ႕ကိုယ့္ကအင္းထဲဆင္းရင္ အရိပ္တစ္ေယာက္တည္းတဲထဲမွာပ်င္းေနမယ္ ၿပီးေတာ့ေၾကာက္ကလဲေၾကာက္တတ္ေသးတယ္ အိမ္မွာပဲျပန္ေနေတာ့ "

" ဟြန္း , ဒါဆိုရင္ညေနရိုးေစာေစာျပန္လာမယ္လို႔ ကတိေပး "

" ေပးပါတယ္ဗ်ာ ကိုယ့္ကေစာေစာျပန္မလာလို႔ ဘယ္သြားရဦးမွာလဲ "

" အရက္ဆိုင္ေလ အရက္ဆိုင္ဝင္ေနမွာစိုးလို႔ !"

" မဝင္ပါဘူးဗ်ာ စိတ္ေျဖာင့္ေျဖာင့္နဲ႕ျပန္ ဟုတ္ၿပီလား "

" အင္း "

အရိပ္လည္းမျပန္ခင္အင္းစပ္နားဆင္း၍ ကဇြန္း႐ြက္အနည္းငယ္ခူးလိုက္သည္။

" ရိုး အရိပ္ျပန္ၿပီေနာ္ ညေနအရက္ဆိုင္ဝင္မေနနဲ႕ "

" မဝင္ပါဘူးဆိုကြာ ဒါပဲထပ္ထပ္အခါခါမွာေနတာပဲ "

" ထပ္ခါထပ္ခါမွာမွ ရိုးကေတာ္ကာၾကတာေလ !"

" ကိုယ့္မဝင္ပါဘူးဆိုကြာ "

" အင္းၿပီးေရာ ျပန္ၿပီ !"

အရိပ္တို႔ျပန္သြားမွေအာင္သက္ကရိုးကိုၾကည့္လာ၍။

" ေဟ့ေကာင္ ငရိုး ညေနၾကတကယ္မေသာက္ေတာ့ဘူးေပါ့ "

" တစ္ခြက္ေလာက္ေတာ့ ကစ္အုံးမွာပါကြာ အျပန္မာကလာ႐ြက္ဝါးသြားလိုက္မယ္ အနံေပ်ာက္ေအာင္လို႔ "

" ဟား , ဟား "

ေအာင္သက္အပါဝင္အကုန္လုံးကရိုးအေျပာကိုဝိုင္းရယ္လာကုန္ေတာ့သည္။

< 10 , 11 , 2021 >

Continue Reading

You'll Also Like

2.2M 144K 90
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
138K 4.8K 49
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...
261K 13.2K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
434K 32.7K 42
[Mini-story] Love has no pride!