သာမန် နံနက်ခင်းတစ်ခုပါ။
ထုံးစံအတိုင်း ကျောင်းသွားချိန်မှာ ရှောင်းကျန့် စက်ဘီးနောက် ဝမ်ရိပေါ်ပါလာတာပါပဲ။
လီယိုတို့ အိမ်ရှေ့ကဖြတ်သွားတဲ့အခါ ခြံတံခါးဝမှာ ရပ်စောင့်နေတဲ့လီယိုကတော့ ခါတိုင်းထက် ထူးနေတဲ့တစ်ချက်ဖြစ်သည်။
"ကော"
"လီယို..."
"ကောကို စောင့်နေတာ"
"အင်း... သွားမယ်လေ"
"ကျွန်တော့်စက်ဘီးပေါ် လာလေ"
"ရှောင်းကျန့် ငါစက်ဘီးမနင်းနိုင်ဘူးနော်"
"ကော..."
"လီယို... ရိပေါ်က...."
"ဝမ်ရိပေါ် မင်းလည်း စက်ဘီးစီးတတ်နေတာပဲ ကိုယ့်ဘာသာကိုယ်စီးသွားလည်း ရနေတာကို"
"မင်းလည်း တစ်ယောက်တည်းစီးခဲ့လို့ ရနေတာပဲလေ ဘာလို့အလေးခံပြီး ရှောင်းကျန့်ကို ခေါ်နေတာလဲ"
"ငါက မင်းနဲ့မတူဘူး"
"ငါကလည်း တူတယ်လို့မပြောမိပါဘူး"
"ဝမ်ရိပေါ်!"
"ရှောင်းကျန့် စီးလေ ငါဗိုက်ဆာနေပြီ
အိမ်က ဘာမှမစားခဲ့ရဘူး"
"ကဲပါ လီယိုက လိမ္မာပါတယ်
နောက်ကနေ တစ်ယောက်တည်းစီးခဲ့နော်
ကောကအဆင်ပြေပါတယ်"
"..."
"နော် လီယို ကောကလေးလေးက လိမ္မာပါတယ်"
"ရှောင်းကျန့် မင်း သူ့နောက်က လိုက်သွားချင်ရင်လည်း လိုက်သွား ၊ ငါ့ရှေ့မှာ
အီစီကလီတွေ လာမပြောနဲ့
နားယားတယ်"
"ရိပေါ်ကလည်း..."
"ဟုတ်...ကော
အဲ့တာဆို ရှေ့ကစီးနှင့်လေ ကျောင်းကျမှတွေ့မယ်"
"အွန်း"
ရှောင်းကျန့် ရှေ့ကနေစီးထွက်တော့ ရိပေါ်က ခါးကို လှမ်းဖက်လိုက်ပြီး ပြောသေးသည်။
"ဖြည်းဖြည်းစီး"
ကျောင်းရောက်တော့ ဝမ်ရိပေါ်က ကန်တင်းလ်ကို ဦးဆောင်သွားသည်။
ရှောင်းကျန့်ကို ဆွဲခေါ်ခဲ့ဖို့လည်း မမေ့ပေ။
လီယိုကလည်း နောက်ကနေလိုက်လာသည်။
"ရှောင်းကျန့် ဒီမှာထိုင်နေနော်
ငါ milk teaသွားယူပေးမယ်"
"အွန်း"
"ကော ဘာစားမလဲ"
"မစားတော့ဘူး အိမ်က စားခဲ့ပြီ
လီယိုရော"
"ကျွန်တော်လည်း စားခဲ့ပြီ"
"အင်း ...အားရီရေ
ခေါက်ဆွဲတစ်ပွဲ ကြက်သားနဲ့ အစပ်လျှော့ပေးနော် နံနံပင်များများထည့်ပေး"
"လီယို တစ်ခုခုသောက်ဦးလေ"
"တော်ပြီ ကျွန်တော် ရင်ပြည့်နေလို့"
"ဟုတ်လား ဆေးမသောက်ဘူးလား"
"ဆေးသောက်ရလောက်အောင်ထိ မဟုတ်ပါဘူး ကောရဲ့"
"သြော်...အွန်း"
"ကော..."
"ဗျာ"
ထိုစဥ် ရိပေါ်က milk tea ဘူးကို ကိုင်ကာ ပြန်ရောက်လာသည်။
"ရှောင်းကျန့်...ရော့"
ရှောင်းကျန့်က ဘူးကိုလှမ်းယူကာ ချက်ချင်းဖောက်သောက်သည်။
"အား...အရသာရှိလိုက်တာ
ရိပေါ်...ခေါက်ဆွဲမှာထားတယ်နော်"
"အင်း"
"ကော..."
"ဗျာ"
"ဘာမှမစားတော့ရင် သွားရအောင်လေ"
"အာ...ရိပေါ်ကို စောင့်ပေးလိုက်ဦးမယ်လေ
လီယို အရေးကြီးလို့လား သွားနှင့်မလား"
"ရပါတယ်...ကောမှမလိုက်တာ မသွားနှင့်တော့ပါဘူး"
"အာ့ဆို...ထိုင်စောင့်ပေးဦးနော် ခဏပဲ"
"ရှောင်းကျန့်...ရေ"
"သြော် မင်းကလည်း ဖြည်းဖြည်းစားလေ"
"စပ်လို့"
"ငါအစပ်လျှော့ခိုင်းထားပါတယ်"
ရိပေါ်က ရှောင်းကျန့်ပေးတဲ့ ရေဘူးကိုယူကာ တဂွတ်ဂွတ်သောက်ချသည်။
လီယိုကတော့ ဘာမှဝင်မပြော ၊ ရှောင်းကျန့်ကိုသာ ငေးကြည့်နေသည်။
ရိပေါ်စားပြီးသွားမှ သုံးယောက်သား စာသင်ခန်းတွေဘက် ထွက်လာခဲ့သည်။
"ငါ သွားပြီနော်"
"ကော...ညနေကျရင်တော့ ကျွန်တော့်စက်ဘီးနောက်က လိုက်မယ်မလား"
"..."
ရှောင်းကျန့် စာသင်ခန်းထဲဝင်သွားမှ ရိပေါ်နှင့်လီယို ဆက်လျှောက်လာခဲ့သည်။ နှစ်ဦးလုံး ငြိမ်သက်ပြီး မည်သည့်စကားမှ မဆိုကြ။
အတော်ကြာမှ လီယိုဘက်က စကားစသည်။
"မင်းသိပြီးပြီမလား"
"အင်း"
"အင်း??"
"နောက်ဆုတ်ပေးဖို့တော့ လာမပြောနဲ့
ငါ ရှောင်းကျန့်ကို လုံးဝလက်လွှတ်ပေးမှာမဟုတ်ဘူး"
"ငါကလည်း ကောကို မရ ရအောင်ဆွဲထားမှာ"
"လုပ်လေ မတားပါဘူး"
"စောင့်ကြည့်ပေါ့"
"ငါကတော့
ရှောင်းကျန့်ကို ရဖို့ဆို တရားတဲ့နည်းပဲဖြစ်ဖြစ် မတရားတဲ့နည်းပဲဖြစ်ဖြစ်..."
"ဝမ်ရိပေါ်!!"
ရိပေါ်က ပခုံးတွန့်ပြပြီး ဆက်လျှောက်သွားသည်။
ညနေကျောင်းဆင်းတော့ လီယိုနှင့်ရိပေါ်က စက်ဘီးဘေးနား အရင်ရောက်နှင့်နေသည်။
ရှောင်းကျန့်ကတော့မရောက်သေး။
ရိပေါ်က မေးသည်။
"ဘယ်လိုထင်လဲ"
"ကောသဘောအတိုင်းပါပဲ
ငါကတော့ ကောနင်းတဲ့နောက်မှာ ထိုင်စီးမှာမဟုတ်ဘူး ငါပဲနင်းမှာ"
မိနစ်ဝက်ခန့်ကြာတော့ ရှောင်းကျန့်က အပြေးတပိုင်းရောက်လာသည်။
"ကြာသွားလား"
"ကျွန်တော်တို့လည်း ခုမှရောက်တာ"
"အေး... ရိပေါ်"
"အင်း"
"မင်း ဒီညနေတော့ တစ်ယောက်တည်းစီးသွားလိုက်နော်"
"..."
"ငါ...လီယိုနောက်က လိုက်သွားလိုက်မယ်"
"မနင်းချင်လို့လား
မင်းမနင်းချင်ရင် ငါတင်နင်း..."
"မဟုတ်ဘူး မဟုတ်ဘူး
ဒီတိုင်းပဲ..."
"လာ...ကော"
လီယိုက ရှောင်းကျန့်ကို စက်ဘီးပေါ်တင်ကာ နင်းထွက်သွားသည်။ ရိပေါ်ကိုမစောင့်။
ရှောင်းကျန့်ကတော့ လီယို့စက်ဘီးပေါ်ကနေ
သူ့ကို လိုက်ခဲ့ဖို့ လက်ယပ်ပြသည်။
ရိပေါ်ကတော့ ကျန်နေခဲ့တဲ့ စက်ဘီးဘေးမှာ
ရပ်နေခဲ့ပါသည်။
"ထပ်ပြီးတော့လား...
ထပ်ပြီးတော့ ထားသွားပြန်ပြီလား"