Love + Love [Normal Fiction]

By UNgeFicwriter

355K 4.1K 169

[Completed- Season one & two] Author... Blackclock More

part 1 (Zawgyi/Unicode)
part 2 (Zawgyi/Unicode)
part 3 (Zawgyi/Unicode)
part 4(Zawgyi)
part 4 (Unicode)
part 5 (Zawgyi)
part 5 (Unicode)
part 6(Zawgyi)
part6(Unicode)
part 7(Zawgyi)
part 7(Unicode)
part 8(Zawgyi)
part8(Unicode)
part9(Zawgyi)
part9(Unicode)
part10(Zawgyi)
part10(Unicode)
part11(zawgyi)
part11(unicode)
part12(zawgyi)
part12(unicode)
part13(zawgyi)
part14(zawgyi)
part13(unicode)
part14(unicode)
part15(zawgyi)
part15(unicode)
part16(unicode)
part17(zawgyi)
part17(unicode)
part18(zawgyi)
part18(unicode)
part19(zawgyi)
part19(unicode)
part20(zawgyi)
part20(unicode)
part21(zawgyi)
part21(unicode)
part22(zawgyi)
part22(unicode)
part23(zawgyi)
part23(unicode)
part24(zawgyi)
part24(unicode)
part25(zawgyi)
part25(unicode)
part26(zawgyi)
part26(unicode)
part27(zawgyi)
part27(unicode)
part28(zawgyi)
part28(unicode)
part29(zawgyi)
part29(unicode)
part30/End (zawgyi)
part30/End(unicode)
Question
Answer
part31/S-2 (zawgyi)
part31/S-2 (unicode )
part32/S-2 (zawgyi)
part32/S-2(unicode)
part33/S-2 (zawgyi)
part33/S-2 (unicode )
part34/S-2 (zawgyi)
part34/S-2 (unicode)
Hello !
---
part35/S-2 (zawgyi)
part35/S-2 (unicode)
part36/S-2 🅣🅗🅔 🅔🅝🅓 (zawgyi)
part36/S-2🅣🅗🅔 🅔🅝🅓 (unicode )
♥Special thank♥
(: 200K views:)
Season 3 / coming ?
p 1/S 3(Z&U)
p2/S3(Z&U)
p3/S3(Z&U)
p4/S3(Z&U)
p5/S3(Z&U)
p6/S3(Z&U)
!!!!!!!!!!!!!!!
p7/S3(Z&U)
p8/S3(Z&U)
p9/S3(Z&U)
p10/S3(Z&U)
p11/S3(Z&U)
p12/S3(Z&U)
clip clip ကြေငြာပါရစေ🖤
💜🤗
fic cover art
💜💜🙏💜💜
သခင်မအသုံးတော်ခံ သတို့သား(ep1)
(ep2)
(ep3)
(ep4)
(ep5)
(ep6)
(ep7)
(ep8)
(ep9)

part16(zawgyi)

2K 22 4
By UNgeFicwriter

Love + Love
|Author Blackclock

Chapter 8

         အိပ်ငိုက်ကျရာက ခုံပေါ်မှ ပြုတ်ကျသွားလေတဲ့
   ဖုန်းကလေး။ ထိုသူ ခုံထက် နှစ်ခြိုက်စွာ မှောက်အိပ်
   သွားချိန်……။

   နေရာတစ်ခုကနေ ပြေးလာနေသော
ကောင်ကလေး။ညှို့ မှိုင်းသခင်။

    " ဟင် ဒါက ဘာများလဲ "

   ညှို့မှိုင်းသခင် မြင်မိသော အရာကို
ကားပေါ်က ဆင်းလို့ စမ်းသပ်ကိုင်
ကြည့်နေမိလေသည်။ သို့သော် သူ ထိုး
ထည့်လိုက်သော လက်က မှန်သဖွယ်ဖြစ်
နေသော နံရံကို ထိုးဖောက်ဝင်သွားလေ
သည်။

  " ဟင်……"

  ရှေ့ဆက် မတိုးလိုတော့ အလန့်တကြား
နောက်ဆုတ်လို့သာ ပြန်လှည့် ပြေးလာခဲ့
မိလေသည်။

    အနက်ရောင်နာရီ တတ်တူးပါ
လူဆိုးတစ်ကောင်ကို ဖန်တီးသူ
၏ နေရာကို ပစ်ခွာ၍ ပေါ့။

   "  ဟင်း…… ဘာတွေပါလိမ့်ကွာ
ကျစ် ငါ ပြန်လှည့်ကြည့်ရင် ကောင်း
မလား အင်း……"

   လက်မကို သွားနဲ့ ကိုက်လို့ ကားမောင်း
ရင်း ဆုံးဖြတ်ချက်ချမရ။ခြေလှုပ်ခေါင်းလှုပ်
တွေးနေမိတော့………

  " အား အမေ့"
"ကျွီ ကျွိကျွိ"

       ဖြစ်သွားလေသော အက်ဆီးဒင့်။
ညှို့မှိုင်းသခင် ခေါင်းနပမ်း ကြီးသွား
ရတော့သည်။

  အတိုက်ခံရသော လူကို ကားပေါ်က
ပြေးဆင်း ကြည့်မိလေသည်။

  တစ်နေ့သော အခါက မိန်းကလေး။

  သို့ရာတွင် ဖြစ်ပျက်နေတာက ဇာတ်ကား
တစ်ကားကို အနောက်ပြန်ရစ်နေသလိုလို။

       သူ ဘယ်က ဘယ်လို ကားပေါ် အလိုလို
ပြန်ရောက်သွားတယ် မသိ။ မိန်းကလေးလည်း
အနောက်ပြန်သွားနေသလို သူလည်း မှန်နဲ့တူ
တဲ့အရာကို ထိစမ်းခဲ့မိသည့် နေရာသို့ ပြန်ရောက်
နေလေသည်။

  ထူးဆန်းလိုက်ပါဘိ။

   ဘာတွေ ဖြစ်ကုန်တယ် မသိ။
ထို့နောက် အလိုလို မောင်းထွက်
နေပြန်သော ကား။  သိနှင့်ပြီးသား
သကဲ့သို့ ဖြစ်နေတော့ အက်ဆီးဒင့်
ဖြစ်မယ့် နေရာအရောက် သတိထား
လို့ ဘရိတ်အုပ်ပေမယ့် မရမက တိုက်မိ
သွားတဲ့ ထူးဆန်းလွန်းတဲ့ ကား။

ချက်ချင်းဆိုသလို ကားပေါ်က ဆင်းလို့
ကောင်မလေးကို ရပ်ကြည့်နေမိချိန်အထိ
အလုပ်တစ်ခုကို နှစ်ကြိမ်ထပ်လုပ်ရသလို
ဖြစ်နေတဲ့ ဖြစ်ရပ်ဆန်း။

  ထူးဆန်းလိုက်လေခြင်း။
  " ပြေရဲ့လားဗျ "
"အား နာ နာတယ်ရှင့် ကျွတ် ကျွတ်"

   ညှို့မှိုင်းသခင် အရှေ့က မိန်းမလှလေး
ကြောင့် အဖြစ်အပျက်အဆန်းအချို့ကို
ခေါက်သိမ်းထားလိုက်တော့သည်။ မိန်းက
လေးကို ပွေ့ချီ မ လို့ ကားပေါ် တင်လိုက်
လေသည်။

  ထို့နောက် ဆေးရုံကို မောင်းလာခဲ့မိလေ
သည်။ မောင်းရင်း တွေးမိတာက ဝေခွဲမရ။
တစ်ခုခုတော့ တစ်ခုခုပင်။

    " ဒီမှာ ရှင် ကျွန်မကို
ဘယ်ခေါ်သွားမလို့လဲ"

"ဟင် ခင်ဗျာ အော် ဟုတ်၊ခြေထောက်
အဆစ်လွဲသွားတယ် ထင်လို့
နီးရာ ဆေးရုံ လိုက်ပို့မလို့ပါဗျ"

"နည်းနည်း နာရုံပါ ရပါတယ်
ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးပါ"

       " ဟာ ခဏလောက်ပါဗျ "

    ရှည်ရှည်ဝေးဝေး မပြောလိုတော့။
ဆေးရုံကို ရောက်တော့ တွဲကူပို့လို့သာ
ဆေးကု ပေးလိုက်မိသည်။ ဒဏ်ရာက
ပေါ့သေးသေး မဟုတ်။ တစ်ရက်တန်
သည် နှစ်ရက်တန်သည်တော့ ဆေးရုံ
တက်ရမယ်တဲ့။

  " အဟင့် ဟင့် ဟင့်"
"ဟင် မင်း ငိုနေတာလား ဟို မငို မငိုပါနဲ့ကွာ
ကို မင်းရဲ့ အိမ်ကို လိုက်ပြောပေးပါ့မယ်"

"ဟင့် ဟင့်အင်း အစ်ကို
နန်းမုံ နန်းမုံလေ"

     ဆေးရုံခုတင်လေးထက် ကျောနောက်
ခေါင်းအုံးကလေးခံလို့  မှီလျက်သား ငို
ပြနေလေသော ကညာပျို။ နံဘေးနား အတွေး
နဲ့ ဇယားရှုပ်လို့ ထိုင်နေခိုက် သူမ ငိုနေ
တော့ ညှို့မှိုင်းသခင် မနေတတ်တော့။
အနားကို ကပ်ထိုင်လို့ မျက်ရည်စတို့ကို
သုတ်ပေးနေမိလေသည်။

"ဘာဖြစ်လို့လဲ အစ်ကို့ကို
ပြောပါ အစ်ကိုက လူကောင်းကြီး
မဟုတ်နိုင်ပေမယ့် လူကောင်းဖြစ်
အောင် နေထိုင်နေတဲ့သူပါ"

"နန်းမုံ ထွက်ပြေးလာခဲ့တာပါ အစ်ကို
သွားစရာနေစရာ မဲ့နေတော့ ကားတိုက်ခံ
ပြီး သတ်သေမလို့ အဟင့် အခုတော့……"

"အော် မိန်းကလေးရယ် ဒါများ
မင်းကို အစ်ကို မေမေတို့ မင်္ဂလာပွဲမှာ
တစ်ခါ မြင်ဖူးကတည်းက စွဲလန်းနေတာပါ"

  ဟင် ငါ ဘာတွေ ပြောနေပါလိမ့်။

  ညှို့မှိုင်းသခင် နှုတ်ဖျားက အလိုလို
ထွက်လာတဲ့ စကားတို့အတွက် ကိုယ့်
ကိုယ်တောင် အထူးတဆန်း လန့်နေ
မိလေသည်။

  သည်ကြားထဲ ရင်ခွင်ထဲက နန်းမုံဆိုသော
မိန်းကလေး မှီထားပြန်လေတော့ ခုန်
လာပြန်တဲ့ နှလုံးသား။

" နန်းမုံကို အစ်ကို စောင့်ရှောက်ပါ့မယ်"
"ကျေးဇူးပါအစ်ကို နန်းမုံဘဝကလေ သောင်ပြင်မှာ
အလွှတ်ခံရတဲ့ ခွေးတစ်ကောင်လို
ဖြစ်နေပါပြီ အစ်ကိုရယ်……"

"မပူနဲ့ အစ်ကိုရှိပါတယ် အစ်ကို နန်းမုံ
အနား အတူရှိပေးသွားမယ်နော် ဆေးရုံ
တက်နေတဲ့ တစ်လျှောက် အစ်ကို စောင့်
နေပေးမယ်နော်၊ စိတ်ချပါ တကယ်လို့
နန်းမုံ အဆင်ပြေရင် နန်းမုံ နှလုံးသားလေး
ကို အစ်ကို့ဆီ အပ်နှံပေါ့ကွယ် နော်"

"အစ်ကိုရယ်……"

  အို နွေးလိုက်တာကွာ။

  ကောင်မလေး ရင်ခွင်ထဲ တိုးဝင်ကာ
ခါးကို ဖက်လာတော့ လူပျိုရိုင်း ညှို့မှိုင်း
အဖို့ ရင်ဖို လှိုက်မောဖွယ်ရာ။

   ထို့ကြောင့်လည်း  ထူးဆန်းသော
အရာတို့ကို မေ့ဖျောက်ပစ်လို့ ချစ်သူ
ဖြစ်လာသော မိန်းကလေးကို အချစ်ပို
ဖို့သာ …….

   " သား……"

   ဟင်…… ။ ခေါ်သံ တစ်ချက်။

           နန်းမုံကို ပွေ့ဖက် ထားရာက
မျက်လုံးကို မှိတ်ထားစဉ် ကြားလိုက်
ရတဲ့ အသံ။

  " သား အဖေ ခေါ်နေတယ်လေကွယ်"

   
   ပြတ်သားစွာ ကြားလိုက်ရသော
ခေါ်သံ။ အဖေခေါ်နေတယ်တဲ့။

      စိုးရိမ်ပူပန်မှု ဖြစ်လာတော့
နန်းမုံကို ချော့မော့လို့ အိမ်ကို
အရောက် ပြန်ခဲ့စဉ်………

" ဝုန်း…… ခလွမ်း ……"

    ဆူညံနေလေသော အိမ်တွင်းက
အသံတချို့။ ညှို့မှိုင်း အမြန်ပင်
အိမ်ထဲ ပြေးဝင်လာမိတော့ သွေးစွန်း
နေတဲ့ မှန်ကွဲစအချွန်ကို ကိုင်ထားလေ
တဲ့ အမေ။

  ကြမ်းပြင်မှာလည်း လဲကျနေတာက
အဖေ။ ဝမ်းဗိုက်တွင်လည်း သွေးတို့
စိမ့်ထွက်နေတာမို့ လက်ဖြင့် ဖိထား
ရှာလေတဲ့ အဖေ။ ဦးညှို့နက်။

      " သား……"
"အဖေ ……"။

   လူကို မြင်တာနဲ့ သား လို့ခေါ်ကာ
ကြမ်းပြင်ထက် ခေါင်းကလေး ချ
မေ့မြောသွားလေသော အဖေဦးညှို့နက်။

အပိုင်း ၁၇မျှော်
blackclock|Nov8-2021 Mon/ 7:02pm


Continue Reading

You'll Also Like

175K 13.1K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
534K 55K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
179K 30.7K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
332K 34.4K 107
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်