Is Love Real ??

Bởi Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... Xem Thêm

Is Love Real?? (intro)
Is Love Real?? (part 1)
Is Love Real ?? (part 2)
Is Love Real ?? (part3)
Is Love Real ?? (part 4)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real ??(part 9)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ??(part 15)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part19)
Is Love Real?? (part20)
Is Love Real?? (part22)
Is Love Real?? (part23)
Is Love Real?? (part 24)

Is Love Real?? (part21)

111 10 1
Bởi Sol_Sol_01


ယွန်း - good morning

သင်း - good morning

ယွန်း -  class ပြီးပြီမလား မနက်စာစားအုံးနော်

သင်း - ဟုတ် ယွန်းလည်းစားအုံး

ဒီလိုမျိုးတွေလောက်ဘဲ ပြောဖြစ်ပြီး စကားလက်ဆုံကြပြီး ပြောဖြစ်တာမရှိတော့ဘူး ပထမ ၂ရက် လောက်ကတော့ အဆင်ပြေနေပေမယ့် နောက်ရက်တွေကျ ပိုဆိုးလာတယ် မနက်နိုးတိုင်းသင်းက အမြဲနှုတ်ဆက်လေ့ရှိတယ့် good morning ကို မပို့ဖြစ်တော့ဘူး

တစ်နေ့ ... ယွန်း ၉ နာရီခွဲလောက်နိုးလာပြီး လိုင်းတက်ခဲ့တယ်......

" ဟမ် အရင်ကဆို သင်း ငါ့ကို နှုတ်ဆက်နေကြလေ active now ကြီးလည်း ဖြစ်နေတာကို ဘာလို့ပါလိမ့်"....

ဒီလိုနဲ့ ယွန်းလည်း group ထဲ ဝင်ကြညိ့တဲ့အချိန်မှာ ၈ နာရီလောက် သူကျူရှင်ဝင်နေတဲ့အချိန်လောက်မှာ ဂွတ်စမောနင်းဆိုတာနဲ့အတူ manhwa ပုံထဲက ကောင်မလေးကိုပို့ပြီး မီးမမ ဆိုပြီးပြောထားတာကို တွေ့လိုက်တယ်

ယွန်း တစ်မျိုးတော့ ဖြစ်သွားတယ် အဲ့တာနဲ့အတူ အတွေးများစွာကလည်း ဝင်လာပြန်တာပေါ့

" အရင်နေ့တွေက သင်းများမအားဘူးလားဆိုပြီး ထင်ခဲ့တာ အခုကျတော့ မအားတာလား မပြောဖြစ်တာလား" ဆိုပြီး ယွန်းကိုယ့်ဘာသာ မေးခွန်းတွေထုတ်နေတာပေါ့......

ယွန်းဘက်စပြီး စကားပြောချင်ပေမယ့် "ငါများ သင်းကို အနှောင့်ယှက်ပေးမိသွားမလား သူအားရဲ့လား အဆင်ပြေပါ့မလား" ဆိုတဲ့ အတွေးကြောင့် သွားမပြောဖြစ်ခဲဘူး

ဒီလိုမျိူး စကားတွေ သေချာ သိပ်မပြောဖြစ်ပေမယ့် ယွန်းဆီမှာ သင်းဘာလုပ်လုပ် noti တက်ပါတယ် ဘာ share တယ် ဘာမန့်တယ်ကအစပေါ့ အရင်ကလည်း တက်ပေမယ့် အခုရက်ပိုင်း သင်းက တအားရှဲ တအားမန့်နေတော့ ယွန်းရဲ့ fb noti မှာ သင်းရဲ့ noti ဘဲရှိတော့တာပါ ယွန်းရဲ့ ကိုယ်ပိုင် noti တောင်မရှိတဲ့အထိပါ အဲ့တာကြောင့် ယွန်းလည်း သင်းကို သွားစပါတယ် 

ယွန်း - သင်း ဒီမှာကြည့်အုံး noti တွေဆက်တိုက်ဘဲ တစ်နေ့တည်းထဲတင်အများကြီး ဒါတောင်အရင်ရက်ကဟာတွေမပါသေးဘူး

သင်း - haha ထပ် share ထပ်မန့်အုံးမှာ ငါ့ကောင်မလေးရဲ့ noti မှာ ငါဘဲရှိရမယ်ကွ

ယွန်း - ရှိချက်ကပြောမနေနဲ့ ယွန်းရဲ့ကိုယ်ပိုင် noti တောင်ပျောက်

သင်း - haha

သင်းပြောတာကြောင့် ယွန်း အပျော်လေးရလိုက်ရတယ် ငါ့ကောင်မလေးရဲ့ noti မှာငါဘဲရှိရမယ်ဆိုတဲ့ စကားကြောင့်ပါ အဲ့တာကြောင့် စိတ်နည်း"သက်သာရာရခဲ့ပေမယ့်

နောက်ရက်တွေကျတော့ တစ်ခါထပ်ပြီး စကားပြတ်သွားပြန်တာပေါ့

ယွန်း - ငါကောင်မလေးနဲ့ စကားမပြောဖြစ်ဘူး ဟင့် ငိုချင်တယ်

ကြယ်စင် - ဘာလို့လဲ

ယွန်း လည်းရှင်းပြလိုက်တယ်

ယွန်း - ဘာလို့လဲ မသိဘူး ငါ့နဲ့စကားမပြောချင်လို့လား

ကြယ်စင် - နင်က ပေါက်"ရှာ"တွေးပြန်ပြီ အဲ့လိုတော့ မဟုတ်လောက်ပါဘူး

ယွန်း - ဒါပေမယ့် သူက ငါ့ကို စကားလာမပြောဘူး ဟင့်

ကြယ်စင် - သူမအားတို့ ဖြစ်မှာပါ စိတ်ထဲမထားနဲ့ နင်က သွားပြောပေးပေါ့

ယွန်း - သူမအားတာကို ငါကသွားပြောရင် နှောင့်ယှက်သလိုဖြစ်မှာပေါ့ဟ

ကြယ်စင် - အော် အာါဆိုနင့်သဘော ငါ class တက်အုံးမယ်

ယွန်း - omm

ယွန်းလည်း ကြယ်စင့်ဆီမှာ နားပူဆာလုပ်ပြီးတော့ တစ်ဖန်

ယွန်း - သင်းက ငါ့ဆီစကားလာမပြောဘူး ငါ့ကိုမချစ်တော့လို့လား

ယွန်းညီမ -ချစ်မှာပါ

ယွန်း - စကားလည်းလာမပြောဘူး ဒီလောက်သတိရနေတာကို ငါပြောရင်လည်း မအားတာကို နှောင့်ယှက်မိမှာ ဆိုးတယ် သင်းကို အရမ်းချစ်တယ် သင်းကို သွားပြောသင့်လား ဘာလုပ်ရမလဲ သင်း....

ယွန်းညီမ - ahhh နေ့တိုင်း တစ်သင်းသင်းနဲ့  ကြားရတာ နားပူလာပြီ တစ်ရက်လောက် သင်းကို မပြောဘဲ နေပါအုံးလား

ယွနိး - အမလေး ညဉ်းလည်း ချစ်တဲ့သူရှိလာမှ သိလာပါလိမ့်မယ် မပြောတော့ဘူး

ယွန်းလည်း သင်းနဲ့ စကားသေချာမပြောဖြစ်တိုင်း ကြယ်စင်နဲ့ အငယ်မဆီမှာ နားပူဆာလုပ်လေ့ရှိပါတယ် သူတို့က မအားတော့ရင် သင်း active ကြည့်လိုက် Ruining Man / the return of superman တို့လို show လေးတွေကြည့်နေလေ့ရှိတယ် တစ်ခါတစ်လေ
ကြယ်စင် က လာ recomand ပေးတဲ့ Kdrama တွေကြည့်လေ့ရှိတယ်  ဒါတွေက သင်းနဲ့ စကားသေချာမပြောဖြစ်တိုင်း လုပ်လေ့ရှိတဲ့အရာလေးတွေပေါ့.....

ယွန်း kdrama တွေကို စွဲကြည့်တာရှားပါတယ် ဘာလို့ဆို ယွန်းစွဲပြီဆိုရင် တစ်နေ့တည်း အပြီးကြည့်တဲ့သူပါ k dramaတွေကတစိပိုင်းကို ၁ နာရီလောက်ကြာတဲ့အတွက် တစ်နေ့လုံးကြည့်ရပါတယ်

ယွန်းအရင်က squid game ကိုကြည့်တာ စွဲသွားတာကြောင့် တစ်နေ့လုံကြည့်နေတာမလို့ လိုင်းမတက်ဖြစ်ခဲ့ဘူး အဲ့တာက သင်းကို အချိန်မပေးသလို ဖြစ်မိသွားလို့ နောက်နောင် ယွန်းဘယ်ကားကိုမှ စွဲနေအောင်မကြည့်တော့ပါဘူး

တစ်နေ့ ယွန်း Nf ပွတ်ရင်း တွေ့လိုက်တာက ယွန်းကို လန့်သွားစေတယ်

"LDRS ဆိုတာ စောက်ပိုအလကားတဲ့ အများဆုံးမှ ၄လဘဲခံမှာ" တဲ့ ယွန်းအဲ့ဒါကို မြင်မြင်ချင်း ကြောက်နေတာနဲ့ အတူ အဲ့တာက မမှန်ဘူးဆိုတာက သင်းနဲ့အတူသက်သေပြချင်နေတော့တယ်

ယွန်းရဲ့  idol couple ကလည်း LDRS ကိုမှ ၁ နှစ်ခွဲနေပြီလေ အဲ့တော့ သူတို့ပြောတာ မဟုတ်ဘူးဆိုတာ အရမ်းသက်သေပြချင်ခဲ့တယ်

အဲ့ဒါနဲ့အတူ ကြားထဲမှာလည်း သင်းနဲ့ စကားသေချာမပြောဖြစ်တာကြောင့် စိတ်တွေထင့်နေတယ်

တစ်နေ့ ယွန်း အပြင်က convenience store ပြန်လာပြီး အဖြစ်အပျက်တစ်ခုနဲ့အတူ သင်းကိုပါ စမ်းချင်တာလေးဖြစ်လာတယ်

ယွန်း - ဟဲ့ ငါ ဒီနေ့ အပြင်သွားတော့ လေ ထီးမပါသွားဘူး G & G ကို သွားတာကွာ ငါက ဟိုလည်းရောက်ရော မိုးလည်းရွာကော အဲ့မှာ လူတစ်ယောက်က ငါ့ကိုကူပေးတယ် gentleman ပီသတာပေါ့

ကြယ်စင် - ဟမ် ဟမ် ချောလား ချောလား

ယွန်း - omm ချောတယ်ပြောရမလားသန့်ပါတယ်

ကြယ်စင် - ဟ ငါလည်း ထီးမယူဘဲ အပြင်ထွက်အုံးမယ်

ယွန်း - အဲ့ဒါခဏထားအုံး နင်ငါ့ကို တစ်ခုကူပေး

ကြယ်စင် - ဘာလို့လဲ

ယွန်း - သင်းနဲ့ စကားသိပ်မပြောဖြစ်ဘူး ဒါကို ငါက နင်နဲ့ ပြောပြီး story တင်မယ် သူမြင်ပြီး စကားများလာပြောမလားလို့

ကြယ်စင် - အော် အေး နားလည်ပြီး

ယွန်း - ငါလေ gentleman ကြီးကိုတွေ့ခဲ့တာ အရမ်းချော.......... ဘာညာဆိုပြီး ယွန်းစိတ်မပါဘဲ အကုန်ပြောချနေတယ် သူနဲ့ထပ်တွေ့ချင်တယ်ဆိုတာက အစပေါ့

ကြယ်စင် - နင် အဲ့ဒါ အတည်လား သရုပ်ဆောင်နေတာလား

ယွန်း - အတည်ဖြစ်မလားဟ ငါက လွယ်လွယ် သဘောကျပြီး ချစ်တတ်တဲ့ ထဲမပါဘူးဟဲ့ နင်တို့အရမ်းချောပါတယ် ဘာညာပြောပြီး တကောကော လုပ်နေချိန်မှာ ငါက I don't feel nothing ပါနော်

ကြယ်စင် - အမလေး ဟုတ်ပါပြီ ရေခဲမကြီးလည်း သင်းနဲ့ကျမှ အချစ်နွံနစ်

ယွန်း - ဟယ်" သူက ချွင်းချက်လေ

ဒီလိုနဲ့ ယွန်းလည်း ကြယ်စင်နဲ့ပြောတာကို ss ရိူက်ပြီးတင်ခဲ့တယ် ......သင်းက story ကိုဝင်ကြည့်သွားပေမယ့် ဘာစာမှမလာခဲ့ပါဘူး အဲ့ဒါကြောင့်ယွန်းလည်း story ကို only me လုပ်လိုက်တော့တယ်

ယွန်း - ဟဲ့ အဆင်မပြေဘူး စကားလာပြောမယ် ထင်ထားတာ လာမပြောဘူး

ကြယ်စင် - သူ မအားတာနေမှာပါ

ယွန်း - အေးပါ

အဲ့လိုတွေနဲ့အတူ ယွန်းစိတ်လည်း အရမ်းစိုးရိမ်စိတ်တွေ မြင့်တက်နေပြီပေါ့
အဲ့တာနဲ့ ယွန်းလည်း သင်းအတွက်နဲ့ ဝင်ထားတဲ့ Gl group တစ်ခုဆီမှာ မေးရန် ဆုံးဖြတ်လိုက်တော့တယ်

"LDRS ကိုမှ နှစ်အကြာကြီးနဲ့ လက်တွဲနေကြတဲ့သူတွေရှိလားဟင် အမတို့ LDRS ကိုမှ အဲ့လိုမျိုး အကြာကြီးချစ်ပြီး လက်တွဲနိုင်အောင် ဘယ်လိုလုပ်ကြလဲ" လို့ဆိုပြီး မေးခဲ့တယ်

ညဘက်တင်မေးခဲ့တော့ admin က post approve မပေးခဲ့ဘူးပေါ့....

ဒီလိုနဲ့ မနက်ကြမှ

သင်း - good morning

ယွန်း - good morning

သင်း - ဖုန်းကတော်"အခြေအနေဆိုးနေပြီ error တွေအရမ်းတက်နေတာ  messenger တွေလည်း error တက်နေတာ

ယွန်း - အော် error တက်နေတာလား

သင်း - ဟုတ်တယ် ဒါနဲ့ မနေ့ကဟာလေးပြောပါအုံး gentleman နဲ့ တွေ့ခဲ့တာဆိုတာလေး

ယွန်းတိုင်ပတ်ပြီလေ အဲ့တုန်းက သင်းများ စကားလာ ပြောမလားစိတ်နဲ့ လျှောက်ရေးပြီး သရုပ်ဆောင်ခဲ့တာ အခု သင်းက ပြန်မေးနေတော့ ယွန်းဆက်သရုပ်ဆောင်မှ ရတော့ မယ် မဟုတ်ရင် အလိမ်ပေါ်ပြီး သင်းကတစ်မျိုးထင်သွားရင် ဘယ်လိုလုပ်မလဲဆိုကာ .....

သင်း - အော် အဲ့လိုလား တွေ့ချင်ရင် တစ်နေ့ တွေ့ရမှာ ကံဆုံရင်ပေါ့

ယွန်း လိုချင်တာ အဲ့လိုအဖြေမျိုး မဟုတ်ဘူးလေ ဘယ်သူက ကိုယ့်ကောင်မလေးကို ပစ်ထားပြီး တစ်ခြားသူဆီ စိတ်ရောက်နေမှာလဲ

ယွန်း - ယွန်းလည်း မတွေ့ချင်တော့ပါဘူး ယွန်း အဲ့လိုဖြစ်တုန်းကဆို ရန်ကုန်မှာနေတဲ့သူက မန္တလေးမှာ ရှိနေတဲ့ သင်းကို လှမ်းသတိရနေတာပါနော် ယွန်းစိတ်ထဲ သင်းဘဲရှိတာ

သင်း - aww haha sorry sorry

ဒီလိုနဲ့ မနေ့ညက ယွန်းမေးထားတဲ့ဟာကလည်း admin approve ပေးလိုက်တာကြောင့် group မှာ တင်ပြီးသားဖြစ်သွားတာပေါ့

ခဏအကြာ ယွန်းမှာ noti တွေတက်လာတယ်

"အမတို့က LDRS ဘဲ တွဲလာတာ ၇ နှစ်ကျော်နေပြီ  သူများတွေလို အချိန်တိုင်း မတွေ့နိုင်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ ချစ်ပေးနိုင်ရင် ရပြီ"

"LDRS မှ မဟုတ်ပါဘူး အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိပြီး ချစ်ကြရင်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေရှိကြရင် ရပါပြီ ဘာမှမလိုဘူး"

"အဓိကက သစ္စာရှိရှိ ချစ်ဖို့ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေယူ အထင်လွဲတာတွေရှိခဲ့ရင်တောင် ပြန်ညှိယူကြ အနာဂတ် plan အတွက် သေချာ အစီမံချပြီး တူတူလုပ် တူတူပိုက်ဆံစု တူတူ supporting လုပ်ရင် ဘာမဆိုအဆင်ပြေပါတယ် ညီမ"

" တစ်ယောက်အကြောင်းတစ်ယောက် ထဲ"ဝင်နဲ့ နားလည်မှုရှိရမယ် ညီမ နားလည်မှုလွဲခဲ့ရင်တောင် ရအောင် ပြန်ရှင်းပြီး နားလည်မှုရမယ် ကိုယ့်ဘက်ကလည်း နားလည်မှုအပြည့်ပေးနိုင်ရင် အချစ်တွေက အလိုလို တိုးလာသလို သစ္စာပါတစ်ခါတည်းရှိလာတယ် ညီမ"

အဲ့လိုမျိုး အားပေးထားတဲ့ မန့်များစွာကြောင့် ယွန်းလည်း စိတ်သက်သာရာကာ အခုတလောစကားမပြောဖြစ်တာနဲ့ပက်သက်ပြီး Over thinking ဖြစ်နေမယ့်အစား တစ်ခုခုတော့ လုပ်ရမယ်လို့ ယွန်းနားလည်လိုက်ပါပြီ

ညကျ ယွန်းနဲ့ သင်း စကားနည်း"ပြောဆိုကြပြီး

သင်း - messenger error တက်တာကြောင့်လဲ အခုတစ်ယောက်တည်းနေနိုင်ပြီမဟုတိဘူးလား

ယွန်း - မိထယ်မနေနိုင်ဘူး လုံးဝမနေနိုင်ဘူး

သင်း - နေနိုင်အောင်ကြိုးစားရမယ်လေ ထားပါတော့ အိပ်တော့မယ် good night

ယွန်း - .....good night

ယွန်း တစ်ကယ်တော့ သင်းနဲ့အများကြီး စကားဆက်ပြောချင်သေးတာပါ စကားပြောဖို့လည်းစိတ်ကူထားတာပါ ဒါပေမယ့်လည်း လောဘမကြီးသင့်ဘူးလေ ဆိုကာ ကိုယိ့ဘာသာ ဖြေသိမ့်ရင်း အတွေးများစွာနဲ့ အတူ မျက်ရည်များကျလာတော့တယ်

"ငါ့အပေါ် သင်းအေးစက်နေသလိုဘဲ ကြောက်တယ်" ဆိုကာ ယွန်းငိုနေမိတယ်
ထို့နောက် ယွန်းလည်း စိတ်မထိန်းနိုင်တော့ကာ

ယွန်း - သင်း ယွန်းကို ချစ်သေးရဲ့လား ယွန်းအပေါ် အေးစက်သွားသလိုဘဲ

လို့ပြောပြီး လိုင်းဆင်းသွားခဲ့တယ် ဒါပေမယ့်လည်း စိတ်က အရမ်း ot ဝင်နေတာကြောင့် အိပ်မရဖြစ်ကာ အိပ်ပျော်အောင် တစ်ခုခု ကြည့်မယ်ဆိုပြီး လိုင်းပြန်တက်လာခဲ့တယ်

အဲ့မှာ ယွန်း noti bar ကိုကြည့်မိတော့

သင်း - ချစ်တာပေါ့ စကားတွေသာ သိပ်မပြောဖြစ်ပေမယ့် ချစ်တာကချစ်တုန်းဘဲ ယွန်းနဲ့ ခဏလေးဘဲ စကားပြောရပေမယ့်လည်း အဲ့ခဏလေးကို အရမ်းပျော်တယ်

သင်းစကားကြောင့် ယွန်းအရမ်းပျော်သွားတယ်

ယွန်း - အော် မသိဘူးလေ ယွန်းကို သင်းက မချစ်တော့ဘူးထင်ပြီး ငိုတောင်ငိုနေတာ

သင်း - haha messenger error ကြောင့်ပါဆို

ယွန်း - ဘာဘဲဖြစ်" ယွန်းပုံစံတစ်ခုလုပ်တော့မယ် ပြောစရာစကားရှိမှ ပြောမယ်မလုပ်နဲ့ ထမင်းစားလည်း စာပို့ မျက်နှာသစ်လည်းပို့ ဘာလုပ်လုပ်ပို့ အီးပါ သေးပေါက်တာကအစ ပို့လို့ရတယ် ယွန်းလည်း ပို့မယ်  ပြီးတော့ နောက်တစ်ခုက အိပ်ခါနီးရင်ဖြစ်" ချစ်တယ်လို့ပြောပြီး အိပ်ကြမယ် အဆင်ပြေလား မပြေတာရှိရင် ပြော

သင်း - ရှိတယ်ရှိတယ် ညတိုင်း ချစ်တယ် လို့ပြောတာကြီးကလေ သင်းက မ ro  တတ်တော့ ပြောဖို့အဆင်မပြေလောက်ဘူး

ယွန်း - အော်ရတယ် ရတယ် အဲ့တာ မထည့်တော့ဘူး ကျန်တာက ရတယ်မလား

သင်း - omm ရတယ် အီးပါသေးပေါက်ကအစ ပြောမယ်

ယွန်း - haha ရပါတယ်ပြောပါတယ်

ဒီလိုနဲ့ ယွန်းလည်း စိတ်အေးစွာအိပ်သွားနိုင်တော့တယ်

အဲ့နေ့ကစပြီး ဘာမဆို အကုန်ပြောပြကြတယ် ထမင်းစား ဘာလုပ်နေတယ်ဆိုတာ ကအစအကုန် ပုံလေးနဲ့ပို့ပြီး ပြောကြတယ် မိုးရွာရင်လည်း ရွာသလို အပြင်သွားရင်လည်း သွားသလို အသေးစိတ်ကအစ ပြောပြတယ် ယွန်းဘာတွေပါ ပြောပြလာလဲဆို သေး"မွှား" စိတ်ညစ်စရာလေးတွေ secret တွေပါပြောလာခဲ့တယ်  Dark side ကလွဲလို့ အကုန် ပြောခဲ့တာပေါ့

ယွန်းဒီလိုလုပ်ရတဲ့ အဓိကအကြောင်းက သင်းနဲ့ အဆက်သွယ် ပြတ်နေတာမျိုး မဖြစ်ချင်တာကြောင့်ပါ.....

တစ်နေ့ စကားဆက်နေရင်း....

ယွန်း - စာလုပ်အုံးနော်

သင်း - ဘေးအိမ်ကို သူခိုးဝင်တယ်

ယွန်း - တကယ်လား .... စာမလုပ်ချင်လို့နောက်နေတာလား

အချိန်တစ်ခုရောက်တဲ့ထိ စာမပြန်လာခဲ့တော့ ယွန်းအရမ်းစိတ်ပူသွားတယ်

ယွန်း - အဆင်ပြေရဲ့လား

သင်း - အဆင်ပြေပါတယ် ဘေးအိမ်ကို ဝင်တာ

ယွန်း - သင်း အိမ်က အဆင်ပြေတယ်မလား ဘာမှမဖြစ်ဘူးမလား

သင်း - အင်း အဆင်ပြေတယ် ဘာမှမဖြစ်ဘူး

ယွန်း - တံခါးတွေ သေချာပိတ် လုံလုံခြုံခြုံ အိပ်နော်

သင်း - ဟုတ်ကဲ့ပါ

ယွန်း - အခုတော့ စာမလုပ်နဲ့ အိပ်တော့ သူခိုးကို ကျေးဇူးတင်ရမယ် အစက စာမလုပ်လို့ ဆူမလို့

သင်း - haha သူခိုးရေ ကျေးဇူးဘဲ.....

-------------------------------------------

ဒီလိုနဲ့ ၂ ရက်ခန့်ထပ်ကြာသောအခါ

သင်း - ဘေးအိမ်ကို သူခိုးထပ်ဝင်ပြန်ပြီ

ယွန်း - ဟင် သင်း အဆင်ပြေရဲ့လား ဘာလို့ တစ်ချိန်လုံး ဝင်နေတာလဲ နိုင်ငံကလည်း တဖြည်း"ဆုတ်ယုတ်နေပြီ သာမာန်ဘဝကိုတောင် save ဖြစ်အောင် မနေနိုင်တော့ဘူး တကယ်ဘဲ

သင်း - ဟုတ်တယ်

ယွန်း - သင်းတို့ အိမ်လည်း ဝင်သေးလား

သင်း - မဝင်ဘူး သူတို့အိမ်နဲ့ သင်းတို့အိမ်ကကြားလမ်းသေးသေးလေးက လူသွားလမ်းလေးလို ဖြစ်နေတော့ အဲ့ကနေပြေး"သွားတာ

ယွန်း - ဂရုစိုက်နော် လုံလုံခြုံခြုံ တံခါးပိတ်အိပ် တစ်ခုခုဆို အကူအညီတောင်း

သင်း - အသံတစ်ခုခုကြားသလိုဘဲ

ယွန်းစိုးရိမ်စိတ်တွေမြင့်တက်လာတာနဲ့အတူ

ယွန်း - စပ်စုပြီး ပြတင်းပေါက်ကို သွားမကြည့်နဲ့နော် တစ်ခုခုနဲ့ ပစ်ပေါက်လိုက်မှ ဖြင့် ဂရုစိုက်နော် တကယ် save မဖြစ်တဲ့ ဘဝ ဂရုစိုက်

ယွန်းလည်းသင်းကို ဒီလိုဘဲပြောနိုင်တယ် သင်းဆီလာပြီး ဘာမှကူပေးလို့ မရဘူး ဆိုကာ ယွန်းမျက်ရည်ကျတွေကျလာတယ် ဘာလို့ဆို ယွန်း က သင်းအတွက် ဘာမှအားမကိုးရတဲ့ အသုံးမကျတဲ့ လူတစ်ယောက်လို ခံစားလိုက်ရတာကြောင့်ပါ

ပါးစပ်ကနေ ဂရုစိုက်ပါပြောပြီး စိတ်ကနေ စိတ်ပူပေးလို့ဘဲရတယ် သင်းဆီထိ လာပြီး ကာကွယ်ပေး ကူပေးလို့မရဘူးလေ ဒီလိုပုံစံနဲ့ ယွန်းဖြစ်ချင်တဲ့ သင်းအတွက် အကောင်းဆုံးလုပ်ပေးချင်တယ်ဆိုတာ ကဖြစ်လာပါ့မလား ဆိုပြီး ငိုနေမိတော့တယ်

သင်း - စိတ်မပူပါနဲ့ ဥဖြတ်ရောင်းစားမှာ

ယွန်း - haha ဟုတ်တယ် ချချ ဒေါ်လာဈေးတတ်နေတာနဲ့အတော်ဘဲ

သင်း - haha

ဒီလိုနဲ့  သင်းနဲ့ ယွန်းတို့ conversation လေးဟာ ထုံးစံအတိုင်း ထပ်မံအဆုံးသတ်သွားပြန်ပါပြီ

ယွန်းကလည်း ထုံးစံအတိုင်းအတွေးများစွာနဲ့အတူ "အခုငါသင်းကို အကောင်းဆုံးတွေ မလုပ်ပေးနိုင်ရင်တောင် နောက်လုပ်ပေးနိုင်ဖို့အတွက် အခုတည်းက ကြိုးစားရမယ် ဒါက ငါအခုလုပ်နိုင်တဲ့ ဟာဘဲ fighting " ဆိုပြီးယွန်းတစ်ယောက် ကိုယ့်ဘာသာပြန်အားပေးနေခဲ့တယ်

ဒီလိုနဲ့ ကြာလာတော့ သင်းနဲ့က ပုံမှန် ဆက်ဆံရေးအတိုင်းပြန်ဖြစ်လာပြီပေါ့.....
အဲ့လိုတွေနဲ့အတူ ယွန်းစိတ်မှာလည်း positive စိတ်တွေနဲ့ဘဲ ပြည့်နေခဲ့တယ် ot ဝင်တာလည်းမရှိ ပျော်နေခဲ့ပြီး Group က စီနီယာ အတွဲတွေ ပြောထားသလို နားလည်မှု စိတ်အပြည့်နဲ့ အကောင်းဆုံးကြိုးစားခဲ့တယ်

အဲ့စိတ်က ယွန်းအတွက်အရမ်းအားဖြစ်စေခဲ့တယ်  အဲ့စိတ်ကဘဲ သင်းအ
အတွက်ဆိုပြီး ဘာမဆို အကောင်းဆုံးဖြစ်အောင်သင်ယူခဲ့တယ် သင်းအတွက်ဟင်းချက်သင်တယ် တစ်နေ့ သင်းနဲ့အတူ နေနိုင်ဖို့အတွက် Japan စာကိုဖိလုပ်တယ် အဲ့လိုသေးသေးသေးတွေကအစ သင်းအတွက်ဘဲ သင်းရှိတယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တယ်

တစ်နေ့ ယွန်း ထုံးစံအတိုင်း ဟိုကြည့်ဒီကြည့်လုပ်နေတုန်း

သင်း - hello အမ hii

ယွန်း - hii

သင်း - အမခင်လို့ရမလား ခင်ချင်လို့ပါ

ယွန်း - aww မခင်ချင်ပါနဲ့ ခင်လို့မရဘူးရှင့် ကောင်မလေးရှိတယ်ရှင့်

သင်း - အော် ကောင်မလေးရှိရင် ခင်လို့မရဘူးပေါ့

ယွန်း - ဟုတ်ပါတယ် ရှင့် ခင်လို့မရပါဘူး ကျွန်မက ကောင်မလေးချစ်တာဘဲ ခံမှာပါရှင့်

သင်း - အော်ဟုတ် ကောင်မလေးရှိမှန်းမသိလို့ပါရှင့် sorry ပါ

ယွန်း - ရပါတယ်ရှင့်

သင်း - ယွန်း ချစ်တယ်

ယွန်း - ဒီကလည်း ချစ်ပါတယ် အများကြီးပိုချစ်

ဒီလိုနဲ့  ယွန်းနဲ့ သင်းတို့စနောက်ပြီး ပြောကြတာလေးဟာ ချစ်တယ်ဆိုတာနဲ့အတူ အဆုံးသတ်သွားပါပြီ

အရမ်းပျော်တယ် အရမ်းပျော်ရလွန်းလို့ ဖြစ်နိုင်ရင် အဲ့အချိန်တွေကို ရပ်တန့်ထားချင်မိတယ်~~~

ပထမဆုံးရေးသားခြင်းမလို့ အရေးအသားမကောင်းသည်ရှိသော် စာလုံးပေါင်းမှာသည်ရှ်သော် တောင်းပန်ပါတယ်🙇‍♀️

SOL

Đọc tiếp

Bạn Cũng Sẽ Thích

1.4K 81 7
ကမ္ဘာကုန်ကျယ်သရွှေ့ပြေးစမ်းပါ စေလေ။မေခက်ကတော့ သူမကို တွေ့အောင်ရှာမည်။ဥတုတစ်ဥတု ၌ သူမကိုပြန်ရှာတွေ့နိူင်ကောင်းပါရဲ့။ဟင်း....!ဒီနွေဦးသာဖြစ်လိုက်စမ်းစေခ...
10.5K 2.6K 18
"හරි නරකයි ඔහෙ මට ඉන්න දෙන්නැ ඉහි..ඉහි ,අනික මන් ඔහෙගෙ නමවත් දන්නෑ" යෙහස් බිම බලාගෙන කිව්වා.. "මගෙ නම විහංඟ , විහංඟ ප්‍රභාෂ්වර රත්නායක ....කවුරැහරි උ...
To Cathy With Love Bởi Scarlett

Tiểu Thuyết Chung

31.2K 2.6K 28
တစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပ...
11.1K 813 35
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...