Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

01

3.5K 317 27
By Kay_Wine

[ Brief of E-Translator Note - ဒါကို free versionအေနဲ႔ Snowy Codexက ဘာသာျန္ထားခဲ့ပီးျစ္ကာ အခုကေတာ့ book version ဘာသာျန္ဆိုခ်က္ျစ္ပါည္မူင္းကေတာ့ 2008ခုႏွစ္မွာရးသားခဲ့ပီး 2020 Aprilမွာ စာေရးသူက Jinjiangေပၚတြင္ (book versionကို)ျပန္င္ခဲ့ည္။ ]

[ Kay : အရွည္ႀကီးက္ရွိေပမယ့္ က်န္တာေတြက ဓားေတြအေျမာက္အျမားပါေၾကာင္း၊ တခ်ိဳ႕ဇာတ္ကြက္ေလးေတြပ္ျည့္ထားေကာင္းရးထားတာပါ။ ေနာက္ၿပီး ဒါကို ဘာသာျန္တာ E-translatorဆီက ခြင့္ျပဳခ်က္မေတာင္းထားပါဘူးသူက ဘာသာျန္ခ်င္င္ယ္သူမဆို ျပန္လို႔ရယ္သူ႔ကို လာမေျပာနဲ႔ဆိုပီး ေျပာထားလို႔ပါအဲ့တာေလးကိုကိဳၿပီး ေျပာျထားေပးတာပါအားလုံးပဲ လိုက္ပါစီးေျမာေပးပါအုံးရွင့္ ]

{Zawgyi}

•ေရွာင္ဟန္ 01•

လူတစ္ေယာက္ ေသဆုံးသြားၿပီးတဲ့ေနာက္မွာ 'ဝိဉာဥ္'လို႔ေခၚတဲ့အရာ မက်န္ခဲ့ဘူးလို႔ ကြၽန္ေတာ္ ယုံၾကည္ခဲ့ဖူးတယ္။

ဝိဉာဥ္ေတြဆိုတာသာ တည္ရွိရင္ လူအေရအတြက္က ေတာ္ေတာ္ေလးနည္းေနလိမ့္မယ္။ ဆႏၵမျပည့္ဝလိုက္တဲ့သူေတြနဲ႔ ေနာက္ဆုံးေနာင္တတရားေတြပိုက္ကာ ထြက္သြားရတဲ့သူေတြက အထီးက်န္ဝိဉာဥ္ေတြအျဖစ္ လွည့္လည္သြားလာေနၿပီး ကမာၻေျမေပၚမွာ ထာဝရဝဲလည္လည္ျဖစ္ေနေတာ့မွာ။

အခုေတာ့ ကိစၥေတြက ကြၽန္ေတာ္ ထင္ထားခဲ့တဲ့အတိုင္း ဟုတ္ေနတဲ့ပုံမေပၚဘူး။

ကြၽန္ေတာ္ ေသဆုံးခဲ့တယ္။ လက္ေကာက္ဝတ္ေတြကိုျဖတ္ၿပီး ကိုယ့္ကိုကိုယ္ သတ္ေသခဲ့တာ။ ကြၽန္ေတာ္ ထင္ခဲ့တာက ကြၽန္ေတာ္ေသတဲ့အခ်ိန္မွာ ဝန္ေလးတာမ်ိဳး ဒါမွမဟုတ္ မေက်မခ်မ္းနဲ႔ အၿငိဳးအေတးျဖစ္ေနတာမ်ိဳးမရွိခဲ့ဘဲ အသက္ဆက္ရွင္ေနဖို႔ ဘာအဓိပၸါယ္မွ မရွိေတာ့ဘူးလို႔သာ ယုံၾကည္ခဲ့တာျဖစ္တယ္။

လူသားေတြက စိတ္ပ်က္အားငယ္ျခင္းရဲ႕အနက္ရႈိင္းဆုံးေနရာကို အမွန္တကယ္က်ေရာက္သြားတဲ့ေနာက္ 'ေသဆုံးျခင္း'ဆိုတာ ေၾကာက္႐ြံ႕ျခင္းကို အဆုံးသတ္ဖို႔အရာျဖစ္လာတယ္။

ေရခဲတမွ်ေအးစက္ေနတဲ့ေရေတြက ဆိုး႐ြားလွတဲ့ လက္ေကာက္ဝတ္ေပၚက ဓားဒဏ္ရာေတြေပၚ စီးဆင္းသြားၿပီး နာက်င္မႈကို စူးေအာင့္မႈအျဖစ္ ေျပာင္းလဲသြားေစတယ္။ ေရခ်ိဳးကန္ထဲကေရေတြက ၾကည္လင္ေနတဲ့အေရာင္ကေန ၾကက္ေသြးနီေရာင္ေျပာင္းလဲသြားတာကို ကြၽန္ေတာ္ တည္ၿငိမ္စြာၾကည့္ေနမိတယ္။ ႏြမ္းလ်တဲ့ခံစားခ်က္ က်ေရာက္လာခ်ိန္မွာ ကြၽန္ေတာ္လည္း ေရခ်ိဳးကန္အစြန္းကိုမွီၿပီး မ်က္လုံးေတြ ေျဖးေျဖးခ်င္း ပိတ္ခ်လိုက္တယ္။

'ၿပီးဆုံးသြားၿပီ'

'ေနာက္ဆုံးေတာ့ ငါအရာအားလုံးကို လႊတ္ခ်ႏိုင္သြားၿပီ၊ ေနာက္ဆုံးေတာ့ ငါ လက္ေလွ်ာ့ႏိုင္သြားၿပီ'

'ခံစားခဲ့ရတဲ့ေဝဒနာေတြ၊ တမ္းတမႈေတြနဲ႔ ပူပန္ေသာကေတြအားလုံးက ေနာက္ဆုံးေတာ့ အခိုးအေငြ႕လိုမ်ိဳး ေပ်ာက္ကြယ္သြားၿပီ'

'ဒီတစ္ႀကိမ္ေတာ့ ငါမင္းကို တကယ္ သြားခြင့္ေပးလိုက္ၿပီ'

'ဒါနဲ႔ ငါ အမွန္တကယ္ကို ႏွလုံးသားတစ္ခုလုံးနဲ႔ရင္းၿပီး မင္း အၿမဲတမ္းေပ်ာ္႐ႊင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္တယ္'

****

အလင္းေရာင္ကို ျမင္ေတြ႕ဖို႔ ေနာက္တစ္ႀကိမ္အခြင့္အေရး ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ ထင္မထားခဲ့ဘူး။

ၾကာရွည္ၿပီး အဆုံးမဲ့တဲ့အေမွာင္ထုထဲမွာ ေသးငယ္တဲ့အလင္းတန္းေလးတစ္ခုက ႐ုတ္ျခည္းေတာက္ပလာကာ ပိုပိုၿပီး အားေကာင္းလာတယ္။

ဝိုးတိုးဝါးတားနဲ႔ ထပ္ေနတဲ့အရိပ္ေတြက ကြၽန္ေတာ့္ေရွ႕မွာ ေပၚလာတယ္။ အိပ္တစ္ဝက္ ႏိုးတစ္ဝက္နဲ႔ သစ္႐ြက္ေလးတစ္ခုက က်ယ္ေျပာတဲ့ေကာင္းကင္ႀကီးမွာ လြင့္ေျမာေနရသလိုမ်ိဳး ကြၽန္ေတာ့္ခႏၶာကိုယ္တစ္ခုလုံး အလြန္တရာေပါ့ပါးေနတာကိုသာ ခံစားလိုက္ရတယ္။

ေႏြးေထြးမႈ ေအးစက္မႈ၊ နာက်င္မႈ ေပ်ာ္႐ႊင္မႈေတြကို ဘာမွမခံစားဘဲ ဘာဆိုဘာမွမရွိတဲ့ ႏူးညံ့တဲ့အေမႊးေလးတစ္ခုက ေပြ႕ဖက္ေနသလိုသာ ခံစားရတယ္။

အေတာ့္ကို ရွည္ၾကာသြားၿပီး ေနာက္ဆုံးမွာ ကြၽန္ေတာ့္ရဲ႕အသိစိတ္က ေဝဝါးေနဆဲဆိုေပမယ့္ ခႏၶာကိုယ္တစ္ခုလုံးကေတာ့ လြင့္ေျမာမေနေတာ့ဘူးဆိုတာ ခံစားမိလိုက္တယ္။ ကြၽန္ေတာ္ကိုယ္တိုင္ ဘာဆိုဘာမွမရွိတဲ့လမ္းေၾကာင္းေပၚမွာ ေရွ႕ကို ေျဖးေျဖးခ်င္းေလွ်ာက္ေနတာကို ခံစားရတယ္။

ကြၽန္ေတာ္ ဘယ္ကိုသြားေနမွန္း မသိဘူး။

သို႔ေပမယ့္ နားလည္ရခက္စြာ ေရွာင္လႊဲမရစြာ တစ္စုံတစ္ရာက ကြၽန္ေတာ့္ကို အေရွ႕ဘက္ဆီ ဆြဲေခၚေနသလိုျဖစ္ေနတယ္။ ကြၽန္ေတာ့္ရဲ႕ေဘးပတ္ပတ္လည္က ရွည္ၾကာတဲ့လြန္ဆြဲပြဲတစ္ခု ရင္ဆိုင္ေနရသလိုမ်ိဳး လင္းလာၿပီးေနာက္ ေမွာင္သြားတယ္၊ ထို႔ေနာက္ ျပန္လင္းလာျပန္တယ္။

အဆုံးမွာ အေမွာင္ထုကို ထိုးခြဲကာ အလင္းေရာင္ေတြ ျပည့္လွ်ံလာတယ္။ သိပ္မၾကာခင္ တဖန္ျပန္မွိန္က်သြားၿပီး ေႏြးေထြးကာ လြမ္းဆြတ္ဖြယ္ေလး ျဖာက်ေနတယ္။

ျမင္ကြင္းက ပန္းခ်ီကားလိပ္တစ္ခ်ပ္ကို ျဖည္းျဖည္းခ်င္း ျဖည္ျပေနသလိုမ်ိဳး ကြၽန္ေတာ့္ရဲ႕မ်က္လုံးေတြေရွ႕မွာတင္ ၾကည္သထက္ၾကည္၊ စစ္မွန္သထက္ စစ္မွန္လာတယ္။

ကြၽန္ေတာ္ ပတ္ပတ္လည္ကို ရီေဝေဝၾကည့္မိတယ္ - ဒီေနရာက ကြၽန္ေတာ္ ဒီ့ထက္ေတာင္ ပိုမရင္းႏွီးႏိုင္ေတာ့တဲ့ေနရာတစ္ခုျဖစ္တယ္။

ဒါက ကြၽန္ေတာ့္ရဲ႕အိမ္ျဖစ္ခဲ့တာ။

တစ္ခ်ိန္က သူနဲ႔ကြၽန္ေတာ္ရဲ႕အိမ္ျဖစ္ခဲ့ဖူးတယ္။

မေဟာ္ဂနီၾကမ္းခင္းနဲ႔ ျဖဴဆြတ္ဆြတ္ဆိုဖာ။ မီးအိမ္ဆီကအလင္းေရာင္ကလည္း အရင္အတိုင္း သက္ေသာင့္သက္သာနဲ႔ လိေမၼာ္ေရာင္ေလးရွိကာ သူ႔ရဲ႕ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာေလးေပၚ အရိပ္က်ေနတယ္။

ပထမဆုံးအခိုက္အတန႔္မွာ ကြၽန္ေတာ္က လက္ေတြ႕ဆန္စြာ အခ်ိန္ကိုက္ျပန္ေရာက္ရွိလာၿပီး ႐ူးေၾကာင္ေၾကာင္ေက်းဇူးတင္ကာ ထိုေနရာမွာ ရပ္ေနမိတယ္။

သူက မီးဖြင့္ၿပီး ဆိုဖာေပၚမွာ အိပ္ေနက်ျဖစ္တယ္။ ေနာက္ၿပီး ကြၽန္ေတာ္က သူအိပ္ေပ်ာ္ေနတဲ့ေဘးမွာ ထိုင္ရင္း သူ႔ရဲ႕လွပတဲ့ပုံရိပ္ေလးကို တိတ္တဆိတ္ၾကည့္ေနရတာကို အၿမဲတမ္းသေဘာက်ခဲ့တယ္။

ကြၽန္ေတာ္ ၾကည့္ေနရင္း ႐ုတ္တရက္သူလွည့္သြားတယ္။ အိပ္တစ္ဝက္နဲ႔ပဲ ေအးသလိုခံစားရတာေၾကာင့္ျဖစ္မယ္ လက္တစ္ဖက္က ေစာင္ကို လွမ္းၿပီးစမ္းေနတယ္။

ေစာင္ကေတာ့ ၾကမ္းျပင္ေပၚ ကန္ခ်ခံထားရၿပီးျဖစ္တယ္။ သူ႔ရဲ႕အိပ္ပုံအိပ္နည္းက ဘယ္တုန္းကမွ ေကာင္းေကာင္းမြန္မြန္မရွိခဲ့ဘူး၊ အတိတ္တုန္းကေတာ့ သူ႔ကို ေစာင္ျပန္လႊားေပးဖို႔ကို ကြၽန္ေတာ္ပဲ အၿမဲကူခဲ့ရတယ္။ သို႔ေပမယ့္ အခုခ်ိန္မွာေတာ့ ကြၽန္ေတာ္ ဒီေနရာမွာသာ ရပ္ေနရၿပီး ဘယ္ေလာက္ပဲလုပ္ခ်င္ေနပါေစ မကူႏိုင္ျဖစ္ေနတယ္။

ေစာင္ကို စမ္းလို႔မမိတာေၾကာင့္ မ်က္လုံးေတြသာ ဖြင့္လိုက္ရေတာ့တယ္။

ထိုအခိုက္အတန႔္မွာ သူအိပ္ေပ်ာ္ေနခ်ိန္ ကြၽန္ေတာ္သူ႔ကို ေခ်ာင္းၾကည့္တာကို လက္ပူးလက္ၾကပ္မိသြားသလိုမ်ိဳး တူညီတဲ့အျပစ္မကင္းသလိုခံစားခ်က္ကို ရလိုက္ၿပီး သတိလက္လြတ္နဲ႔ ကြၽန္ေတာ့္ရဲ႕ႏွလုံးသားက လည္ေခ်ာင္းထဲက ခုန္ထြက္သြားရတယ္။

သို႔ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ၾကမ္းျပင္ေပၚကေစာင္ကို တိတ္ဆိတ္စြာမေကာက္ယူခင္ မၾကည္ျဖဴျခင္း ျငဴစူျခင္းမရွိ သူ႔အၾကည့္က ႐ိုးရွင္းစြာ ကြၽန္ေတာ့္ကို ျဖတ္ေက်ာ္သြားတယ္။

ကြၽန္ေတာ္ သူနဲ႔ဒီေလာက္ နီးနီးကပ္ကပ္ရပ္ေနၿပီး သူ႔လက္က ကြၽန္ေတာ့္ခႏၶာကိုယ္ကေန ျဖတ္ထြက္သြား​ေပမယ့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံး တစိုးတစိေတာင္ မခံစားလိုက္ရဘူး။

သူက ကြၽန္ေတာ့္ကို မျမင္ႏိုင္သလို ကြၽန္ေတာ့္ကို ထိလို႔လည္း မရဘူး။

သူက ကြၽန္ေတာ့္ရဲ႕ တည္ရွိမႈကို သတိမျပဳမိဘူး။

တကယ္ေတာ့ ဒါကလည္း အဲ့ေလာက္အေရးမပါပါဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ သူ ကြၽန္ေတာ့္ကို ျမင္ႏိုင္ခ်ိန္တုန္းက ကြၽန္ေတာ့္ကို လ်စ္လ်ဴရႈခဲ့ၿပီး ကြၽန္ေတာ့္ကို ထိေတြ႕ႏိုင္ခ်ိန္တုန္းကလည္း ကြၽန္ေတာ့္ကို ေရွာင္တိမ္းဖို႔ နည္းလမ္းေတြ ရွာခဲ့တာပဲျဖစ္တယ္။

ကြၽန္ေတာ္ သူ႔နား ရွိေနစဥ္မွာ ကြၽန္ေတာ့္ကို ေလလိုမ်ိဳးဆက္ဆံခဲ့တယ္။ ဒါေၾကာင့္ ဂုဏ္ယူပါတယ္ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ တကယ္ပဲ ေလလိုမ်ိဳး ျဖစ္သြားၿပီ။

ေစာင္ကိုၿခဳံလိုက္ၿပီး ဆိုဖာေပၚ ျပန္လွဲခ်ကာ မ်က္ေတာင္တစ္ခတ္အတြင္း ေနာက္တစ္ႀကိမ္ အိမ္မက္ေတြထဲ နစ္ျမဳပ္သြားျပန္တယ္။

ေနာက္ၿပီး ကြၽန္ေတာ္က ဒီေနရာမွာ တိတ္ဆိတ္စြာ ရပ္ေနဆဲျဖစ္ၿပီး ကြၽန္ေတာ့္ရဲ႕ႀကီးမားတဲ့ထိန္းခ်ဳပ္ႏိုင္စြမ္းအတြက္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ အသံတိတ္ ခ်ီးက်ဴးလိုက္တယ္။

ဒီမွာ ေသခ်ာေပါက္ ကြၽန္ေတာ္အဖို႔ အနည္းငယ္ ဂေယာင္ေျခာက္ျခားျဖစ္တာ ဒါမွမဟုတ္ ထိန္းမရသိမ္းမရ လန႔္ျဖန႔္တာ ဒါမွမဟုတ္ ေဒါသပုန္ထတာမ်ိဳးအတြက္ အေၾကာင္းျပခ်က္ေတြရွိတယ္လို႔ ခံစားရတယ္။ အကယ္၍မ်ား နတ္ဘုရားတစ္ပါးျဖစ္ျဖစ္ သနားဂ႐ုဏာေတြျပည့္ေနတဲ့မ်က္ႏွာနဲ႔ ဘယ္သူပဲျဖစ္ျဖစ္ အခုခ်ိန္ ကြၽန္ေတာ့္ေရွ႕မွာ တကယ္ေပၚလာမယ္ဆိုရင္ သူတို႔ရဲ႕ေကာ္လံကို ကိုင္ဆြဲၿပီး ဘာေတြျဖစ္ကုန္တာလဲဆိုတာသိရဖို႔ ေတာင္းဆိုမိမွာ အေသအခ်ာပဲ။

သို႔ေပမယ့္ လက္ရွိကြၽန္ေတာ္က အေတာ္ေလးတည္ၿငိမ္ေနတယ္။

ဘာေၾကာင့္ဆို ကြၽန္ေတာ္က နတ္ဘုရားတစ္ပါးနဲ႔မဆုံရဘူး၊ အနက္နဲ႔အျဖဴမၿမဲျခင္းနဲ႔ မဆုံရဘူး၊ ငရဲမင္းႀကီးနဲ႔လည္း မဆုံရဘူး _ [ T/N : Black and White Impermanence ကို ဘယ္လိုေျပာရမွန္းမသိလို႔ အနက္နဲ႔အျဖဴမၿမဲျခင္းလို႔ ေရးမိထားပါတယ္။ မွားေနရင္လည္း ျပန္ေျပာေပးပါေနာ္။ သူက တ႐ုတ္ဒ႑ာရီေတြအရ ေသဆုံးသြားတဲ့ဝိဉာဥ္ေတြကို ေျမေအာက္ကမာၻဆီ လိုက္ပါပို႔ေဆာင္ေပးတဲ့ နတ္ႏွစ္ပါးပါ ]

ေသဆုံးသြားတဲ့သူေတြကို လမ္းျပေပးဖို႔ ဒါမွမဟုတ္လည္း အလြန္ဆုံး လူကို ေနာက္ထပ္က ဘာဆိုတာေျပာေပးမယ့္ ထိုဒ႑ာရီလာအရာေတြနဲ႔ ဆုံေတာင္မဆုံရဘူး။

ကြၽန္ေတာ္ ဒီတိုင္းသာ ေသခဲ့ရတယ္။

ဒါက ရွင္းမျပတတ္ေအာင္ပဲ၊ ေကာင္းကင္ဘုံကိုလည္း ဆန္မတက္ရ ငရဲကိုလည္း မလားရနဲ႔ ထိုအစား အႀကံေပးသူမဲ့ အထီးက်န္ေလလြင့္သရဲေလးျဖစ္လာရတယ္။

ေနာက္ၿပီး အေၾကာတင္းစြာနဲ႔ သူ႔ေဘးမွာ ကပ္တြယ္ေနရတယ္ _

ကြၽန္ေတာ္ ႀကိဳးစားၾကည့္ၿပီးၿပီ။ တကယ္ေတာ့ ကြၽန္ေတာ္က သူနဲ႔ ဆြဲငင္အားလိုမ်ိဳး လုံးဝကို ကပ္တြယ္ေနတာျဖစ္တယ္။

အခုခ်ိန္မွာ သူ႔ဆီကေန သိပ္ေဝးေဝးေတာင္ မသြားႏိုင္ဘူး။ အကြာအေဝးတစ္ခုကို ေရာက္သြားၿပီဆိုတာနဲ႔ ႐ုတ္ျခည္း ႀကီးမားတဲ့အားတစ္ခုက ကြၽန္ေတာ့္ကို သူ႔ေဘးနား ျပန္ဆြဲေခၚသြားတတ္တယ္။

ဒီလိုမ်ိဳးျဖစ္စဥ္မ်ိဳးကို အတိအက်ဘယ္လိုေခၚတယ္ဆိုတာ ကြၽန္ေတာ္ မမွတ္မိဘူး _ ကမာၻႀကီးကိုမွီခိုတဲ့သရဲလား?

***

ေသခ်ာေပါက္ ကြၽန္ေတာ္တစ္ခုခုကို လြဲခဲ့တယ္လို႔ သံသယျဖစ္မိတယ္။

ဥပမာအေနနဲ႔ ေကာင္းကင္ဘုံဂိတ္တံခါးႀကီးေတြ ပြင့္သြားခ်ိန္မွာ ကြၽန္ေတာ္က အမႈမဲ့အမွတ္မဲ့ မေတြ႕လိုက္တာတို႔ ဒါမွမဟုတ္လည္း အနက္နဲ႔အျဖဴမၿမဲျခင္းက အေရးတႀကီးလုပ္စရာကိစၥေလးတခ်ိဳ႕ရွိလို႔ ကြၽန္ေတာ့္ကိုပဲ ဒီမွာယာယီထားရစ္ခဲ့ၿပီး ေမ့သြားတယ္ဆိုတာတို႔ေပါ့။

အဲ့လိုေတာ့လည္း မျဖစ္ႏိုင္ဘူး၊ ကြၽန္ေတာ္ ဘယ္ေလာက္​ေတာင္မွ ဂ႐ုမစိုက္ေၾကာင္း ကိုယ့္ကိုကိုယ္ လိမ္ညာေနတုန္းမွာ ကြၽန္ေတာ့္ရဲ႕ႏွလုံးသားထဲရွိ အနက္ရႈိင္းဆုံး ေထာင့္တစ္ေနရာေလးမွာ နာၾကည္းခ်က္ေတြနဲ႔ မေက်နပ္ခ်က္ေတြ အေျမာက္အျမား ပုန္းကြယ္က်န္ရွိေနေသးတယ္။

ကြၽန္ေတာ္ကိုယ္တိုင္လည္း မသိေတာ့ဘူး။

ကြၽန္ေတာ္ ပထမဆုံး သတိျပန္ဝင္လာတဲ့အခ်ိန္မွာ အိမ္မက္ဆိုးတစ္ခုဆီကေန ႏိုးထလာသလိုျဖစ္ခဲ့တယ္။

အခိုက္အတန႔္တစ္ခုမွာ ကြၽန္ေတာ္က ေသြးေတြ ထြက္ေနခဲ့ၿပီး ေသျခင္းတရားဆီ တည္ၿငိမ္စြာ ေ႐ႊ႕လ်ားေနခဲ့တယ္။ ေနာက္ခဏမွာပဲ ႐ုတ္ျခည္းဆိုသလို ကြၽန္ေတာ္က ကားတစ္စီးထဲ ေရာက္ရွိေနတာသိလိုက္ရၿပီး သူက ကားမွန္ကို မ်က္ႏွာအပ္ကာ ႏြမ္းလ်စြာ အိပ္ေပ်ာ္ေနခဲ့တယ္။

ဒါက ေနာက္ထပ္သာမန္ေန႔တစ္ေန႔လို႔ေတာင္ ကြၽန္ေတာ္ ယုံၾကည္မိလုနီးပါးျဖစ္ခဲ့တယ္။

ေန႔တိုင္း ကြၽန္ေတာ္ အလုပ္ဆင္းတာနဲ႔ အတူျပန္လို႔ရေအာင္ သူ႔ကို ေစာင့္ခဲ့ၿပီး သူကေတာ့ အၿမဲတမ္း ဂ႐ုေလးတစ္ခ်က္ေတာင္ မစိုက္ဘဲ အိပ္ေနေလ့ရွိတယ္။ ကြၽန္ေတာ္ သူ႔ကိုသနားမိတယ္ _ ေနာက္ဆုံးေတာ့လည္း အလုပ္က မ်ားတယ္ေလ၊ ၿပီးေတာ့ တစ္ခါတစ္ေလမ်ားဆို ႐ိုက္ကူးေရးက တစ္ေနကုန္ၾကာသြားတတ္တာေၾကာင့္ အားရွိဖို႔အေတာ္ေလး လိုအပ္တယ္။

မေရမတြက္ႏိုင္တဲ့ပရိတ္သတ္ေတြရွိတဲ့ နာမည္ေက်ာ္ၾကယ္ပြင့္တစ္ေယာက္ျဖစ္ရတာ လက္ေတြ႕မွာ အလြန္ခက္ခဲလွတယ္။

ထို႔ေၾကာင့္ ကြၽန္ေတာ္ အက်င့္အတိုင္း လက္တစ္ဖက္ဆန႔္ထုတ္ေပးလိုက္ေပမယ့္ တကယ့္တကယ္က သူ႔ေခါင္းေပၚက ဆံပင္ေလးတစ္ေခ်ာင္းကိုေတာင္ ထိဖို႔မတတ္ႏိုင္ခဲ့ဘူး။

အဲ့ေတာ့မွသာ ကြၽန္ေတာ္က တစ္စုံတစ္ရာကြဲျပားေနမွန္း ႐ုတ္တရက္သတိထားမိသြားတယ္။ ကြၽန္ေတာ္ ဒ႐ိုင္ဘာကို ေခၚလိုက္ေပမယ့္ ဒ႐ိုင္ဘာက ေခါင္းေတာင္ လွည့္မလာဘူး။ ကြၽန္ေတာ္ သူ႔ကိုပုတ္လိုက္ခ်င္ေပမယ့္ ႐ိုးရွင္းစြာနဲ႔ ကြၽန္ေတာ္ ေလထုအလြတ္ႀကီးကိုသာ ဆြဲမိခဲ့တယ္။

ကြၽန္ေတာ့္ခႏၶာကိုယ္က အလြန္တရာေပါ့ပါးေနတယ္။ ၾကည့္ရတာ ကြၽန္ေတာ္ ထိလိုက္တဲ့အရာအားလုံးကို ေဖာက္ထြက္လိုက္ႏိုင္ၿပီး ကြၽန္ေတာ္ ဘယ္ေလာက္ပဲ ေအာ္ေနပါေစ ကြၽန္ေတာ့္ကို ျမင္ႏိုင္တဲ့သူ ဒါမွမဟုတ္ ၾကားႏိုင္တဲ့သူ ဘယ္ေတာ့မွ ထပ္ရွိလာမယ့္ပုံမေပၚဘူး။

ပထမဆုံးမိနစ္ေတြအတြင္းမွာ ကြၽန္ေတာ္ တကယ္ပဲ ႐ူးသြားေတာ့မလို ခံစားခဲ့ရတယ္။

သို႔ေပမယ့္ ကြၽန္ေတာ့္ရဲ႕စိတ္ကလည္း ႏွစ္ေပါင္းမ်ားစြာေလာက္ မ်ိဳးစုံေသာအသိုင္းအဝိုင္းေတြရဲ႕ သူမတူထူးကဲလွတဲ့ ေလ့က်င့္ေပးခဲ့မႈေတြေၾကာင့္ျဖစ္မယ္၊ ဆယ္မိနစ္အၾကာ ကားက အိမ္ေရွ႕မွာ ရပ္သြားတဲ့အခ်ိန္ ကြၽန္ေတာ္က သရဲတစ္ေကာင္ျဖစ္သြားခဲ့ၿပီဆိုတဲ့အခ်က္ကို လက္ခံႏိုင္လုနီးပါး ျဖစ္ေနခဲ့ၿပီ။

သူ ကားေပၚက ဆင္းသြားၿပီး ထိုဆြဲငင္အားေၾကာင့္ ကြၽန္ေတာ္လည္း ရင္းႏွီးေနတဲ့အိမ္ထဲကို ျပန္ဆြဲေခၚခံလိုက္ရတယ္။

ျပတင္းေပါက္ေတြမွာ အိမ္ရဲ႕က်န္တဲ့ေက်ာ့ရွင္းလွတဲ့ပုံစံနဲ႔ လုံးဝကြဲထြက္ေနတဲ့ ကြၽန္ေတာ္ ေ႐ြးခဲ့ဖူးတဲ့ အလြန္တရာ ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ပုံေတြနဲ႔ ဘဲေတြကို ႐ိုက္ႏွိပ္ထားတဲ့ ထိုမေထာ္မနန္းအဝါေဖ်ာ့ေရာင္ လိုက္ကာေတြကို ခ်ိတ္ထားတုန္းပဲ။

အျပင္အဆင္က မ်ားမ်ားစားစား ေျပာင္းလဲသြားတာမရွိဘူး။ အလင္းေရာင္၊ ဆိုဖာ၊ ေခါင္းအုံး အားလုံးက ကြၽန္ေတာ္ မွတ္မိေနတဲ့အတိုင္း ရွိေနတုန္းပဲ။

တစ္ခုတည္းေသာအရာက စားပြဲေပၚမွာတင္ထားတဲ့ ဓာတ္ပုံက ကြၽန္ေတာ္ သူ႔ကိုမွီထားၿပီး ေနၾကာပန္းေတြကို ရီေဝေဝၾကည့္ေနတဲ့ ဓာတ္ပုံမဟုတ္ေတာ့ဘဲ သူနဲ႔ထိုလူရဲ႕ဓာတ္ပုံအျဖစ္ ေျပာင္းလဲသြားတာပဲရွိတယ္။

ထိုလူ႔မ်က္ႏွာက အၿမဲတမ္းျမင္ေနက်အတိုင္း တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ေတာင္ မေမ့ႏိုင္တဲ့ လွပမႈနဲ႔ ႏွစ္လိုမႈတို႔ရွိေနတယ္။

ထိုလူက ကြၽန္ေတာ္တို႔ထက္ ႏွစ္အနည္းငယ္ေလာက္သာ ငယ္တယ္ဆိုေပမယ့္ သူ႔တစ္ကိုယ္လုံးက လူငယ္ဆန္တဲ့အေငြ႕အသက္ေတြနဲ႔ အျပစ္ကင္းမႈေတြ ျပည့္ႏွက္ေနပုံေပၚတယ္။

ထိုဓာတ္ပုံက မဂၢဇင္းတစ္ခုအတြက္ ေၾကာ္ျငာတစ္ခုျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ေႏြးေထြးမႈတို႔ ျပည့္ေနတယ္။ ထိုလူက ေခါင္းေလာင္းေလးတစ္ခုနဲ႔ ေၾကာင္ေလးတစ္ေကာင္လို ဝတ္ဆင္ထားကာ ေတာက္ပျခင္းအတိနဲ႔ ၿပဳံးေနၿပီး သူကေတာ့ ေခြးေလးတစ္ေကာင္လိုမ်ိဳး အတင္းအက်ပ္ဝတ္ဆင္ခိုင္းျခင္း ခံထားရကာ သူ႔ရဲ႕ေအးစက္တဲ့မ်က္ႏွာတစ္ခုလုံးမွာ မတတ္သာတဲ့စိတ္ပ်က္မႈတို႔ရွိေနတယ္။ တစ္စုံတစ္ေယာက္သာ ေသခ်ာၾကည့္မယ္ဆိုရင္ေတာ့ ဖတ္ရခက္တဲ့ ႏူးညံ့မႈလြင္လြင္ေလးတစ္ခု ရွိေနအုံးမွာပင္။

အခုလိုမ်ိဳးျဖစ္လာလိမ့္မယ္ဆိုတာ ဟိုးအရင္တုန္းတည္းက သိထားတယ္ဆိုေသာ္ျငား။

တကယ္တမ္း ကြၽန္ေတာ့္မ်က္လုံးေတြနဲ႔ ဒါကိုျမင္လိုက္တဲ့အခါ ကြၽန္ေတာ့္ကို စိတ္အားငယ္ေစတုန္းပဲ။

ဒီၾကယ္ပြင့္ႀကီးႏွစ္ဦးက ႏွစ္ကိုယ္ၾကား မၿဖိဳခြဲႏိုင္တဲ့ခံစားခ်က္ေတြ ရွိေန႐ုံတင္မက ကုမၸဏီကလည္း လူသိရွင္ၾကား တရားဝင္တြဲၿပီး အတည္ျပဳေပးထားတာျဖစ္တယ္။

ေန႔တိုင္း စိတ္ကူးယဥ္ဆန္တဲ့ပရိတ္သတ္ေတြဆီကေန သြန္ေလာင္းလာတဲ့အားေပးမႈေတြက တရားဝင္websiteနဲ႔ blogေတြမွာ ေပါေသာေနၿပီး မ်ားျပားလြန္းတာေၾကာင့္ ကြၽန္ေတာ့္ကိုေတာင္ မူးေဝေစတယ္။

ကြၽန္ေတာ္ သူ႔ရဲ႕blogထဲကို ဝင္ၾကည့္ခ်ိန္တိုင္း ဒြိဟျဖစ္ေစတဲ့ဓာတ္ပုံေတြနဲ႔ ပရိတ္သတ္ေတြရဲ႕မွတ္ခ်က္ေတြအားလုံးကို ျမင္ရေလ့ရွိၿပီး ကြၽန္ေတာ့္ကို ရွင္းမျပႏိုင္တဲ့ မလိုတမာစိတ္ျဖစ္ေပၚေစတယ္။ အကယ္၍မ်ား တစ္ေန႔ေန႔မွာ 'ၿပီးခဲ့တဲ့ဆယ္ႏွစ္တာလုံး ေလာ့ယြီခ်န္းဆိုတဲ့လူက ေရွာင္ဟန္တစ္ဦးတစ္ေယာက္တည္းနဲ႔သာ အၿမဲသက္ဆိုင္တယ္'ဆိုတဲ့စာတစ္ခု သူ႔ရဲ႕accountေပၚမွာ ေပၚထြက္လာခဲ့ရင္ လူထုအုံႂကြမႈတစ္ခု ျဖစ္သြားမလား?

ဆယ္ႏွစ္ဆိုတဲ့အခ်ိန္က ကြၽန္ေတာ္သူ႔ကိုပိုင္တယ္ဆိုၿပီး ကြၽန္ေတာ္တို႔ သေဘာတူထားၾကတဲ့ အခ်ိန္ပမာဏျဖစ္တယ္။

ဆယ္ႏွစ္ဆိုတာ ခင္ဗ်ားတို႔ေတြးၾကည့္ရင္ တကယ္က သိပ္ကို ၾကာေညာင္းလွတဲ့အခ်ိန္တစ္ခုပါ။

ကြၽန္ေတာ္က ဘဝသ႐ုပ္ေဖာ္ဇာတ္လမ္းတြဲေတြထဲမွာ မၾကာခဏျမင္ရေလ့ရွိတဲ့ အေျမႇာက္စာမိမယ့္ဇာတ္ပို႔ေလးေတြလိုမ်ိဳးပါပဲ - ဇာတ္လိုက္ကို တတ္ႏိုင္သမွ် ဖက္တြယ္တယ္၊ လႊတ္ေပးဖို႔ ျငင္းဆန္တယ္၊ ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ထိုက္တန္မႈကို အလြန္အမင္းေမွ်ာ္လင့္ထားၿပီး သူ႔ဘဝထဲကို မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဆြဲသြင္းတယ္၊ ခ်စ္သူေတြ ျပန္မေပါင္းစပ္ႏိုင္ခင္ သူတို႔ေတြကို ႏွစ္ေပါင္းမ်ားစြာ အတင္းအက်ပ္ခြဲခဲ့တယ္။

ေနာက္ၿပီး အဆုံးသတ္မွာ ဘဝသ႐ုပ္ေဖာ္ဇာတ္လမ္းတြဲေတြအတိုင္းပါပဲ။ အမုန္းခံဇာတ္ပို႔က အမႈိက္စလို ရွင္းထုတ္ခံရ႐ုံတင္မက လူတိုင္းကို သိပ္ေက်နပ္ေစေလာက္ေအာင္ ျမန္ျမန္ဆန္ဆန္နဲ႔ ေပ်ာ္စရာမေကာင္းတဲ့အဆုံးသတ္ကို ႀကဳံရတယ္။

ကြၽန္ေတာ္ ေခါင္းေမာ့လိုက္ခ်ိန္မွာ ကြၽန္ေတာ္ အေရးနိမ့္စြာ သိလိုက္ရေသးတာက နံရံေပၚမွာ ကြၽန္ေတာ္ အတင္းအၾကပ္ခ်ိတ္ဆြဲခဲ့တဲ့ သူ႔ရဲ႕အလြန္တရာႀကီးမားလွတဲ့ပိုစတာႀကီးေတြအားလုံးကို ျဖဳတ္ခ်ထားၿပီဆိုတာ သိလိုက္ရတယ္။

ကြၽန္ေတာ္ ဟိုးတုန္းတည္းက ႀကိဳတင္ခန႔္မွန္းခဲ့တဲ့ စားပြဲေပၚက ဓာတ္ပုံနဲ႔ယွဥ္ရင္ ဒါက ကြၽန္ေတာ့္ကို တကယ္ႀကီး သိပ္ေဒါသထြက္ေစတယ္။

အခုအဲ့တာေတြကို ဘယ္နားသြားပစ္ထားလဲဆိုတာ ဘယ္သူသိမွာလဲ : ဒီပိုစတာေတြအားလုံးကို ကြၽန္ေတာ္ ဒုကၡသုကၡခံၿပီး စုေဆာင္းထားခဲ့ရတာျဖစ္တယ္။

အာ ထားလိုက္ပါ ထားလိုက္ပါေတာ့၊ ကြၽန္ေတာ္လည္း ဒီကမာၻေပၚမွာ ရွိေတာ့တာမွမဟုတ္ဘဲ အဲ့ေတာ့ ဒီလိုမ်ိဳးကိစၥေတြအတြက္ ဘာေၾကာင့္မ်ား ေရးႀကီးခြင္က်ယ္လုပ္ေနရအုံးမွာလဲ။

မိနစ္ေတြေျပာင္းလဲေနၿပီး ကြၽန္ေတာ္ကလည္း ဆက္လက္စူးစမ္းဖို႔ ျပင္ဆင္ေနတုန္းမွာ သူက ကြၽန္ေတာ္ မဟုတ္မမွန္ရည္႐ြယ္ခ်က္ေတြနဲ႔ အေသအခ်ာေ႐ြးခဲ့တဲ့ တစ္ဝက္ေလာက္သာဝါးတဲ့မွန္တံခါးနဲ႔ ေရခ်ိဳးခန္းထဲကို ေရခ်ိဳးဖို႔ဝင္သြားၿပီျဖစ္တယ္။ ေရခ်ိဳးခန္းရဲ႕အလင္းေရာင္ေၾကာင့္ ကြၽန္ေတာ္ သူ႔ရဲ႕ၿပီးျပည့္စုံတဲ့ခႏၶာကိုယ္အခ်ိဳးအစားကို အရွင္းသားျမင္ေတြ႕ႏိုင္တယ္။

အခုေတာင္မွ ကြၽန္ေတာ္သူ႔ကိုၾကည့္ရတာ မိုးႀကိဳးအပစ္ခံလိုက္ရသလို ခံစားေနရဆဲျဖစ္တယ္။ တကယ္ပဲ ကြၽန္ေတာ့္ကို ကယ္တင္လို႔ မရေတာ့ဘူး။

နဂိုတုန္းက ကြၽန္ေတာ္ထင္ခဲ့တာ ေသသြားရင္ လူတိုင္း အရာအားလုံးကို လႊတ္ခ်ႏိုင္သြားၿပီလို႔။ သို႔ေပမယ့္ ကြၽန္ေတာ့္ရဲ႕အ႐ူးအမူးစြဲလမ္းမႈက ေနာက္ေလာကတစ္ခုေရာက္တာေတာင္ အဆုံးသတ္မသြားဘဲ သိပ္ကို႐ူးသြပ္ေနဆဲျဖစ္ေနလိမ့္မယ္လို႔ ဘယ္သူသိမွာလဲ။

ေသသြားတာေတာင္မွ ကြၽန္ေတာ့္ႏွလုံးသားက သူ႔ေပၚမွာ ရွိေနဆဲပဲ။

သို႔ေပမယ့္ အနည္းဆုံးေတာ့ ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ေျဖသိမ့္ႏိုင္တဲ့ တစ္စုံတစ္ရာေတာ့ရွိတယ္ _ ကြၽန္ေတာ္က ေသသြားၿပီျဖစ္တဲ့အတြက္ သူ႔ဆီက ခ်စ္ျခင္းေမတၱာကို ဆက္ေတာင္းခံေနစရာမလိုေတာ့ဘူး။

ကြၽန္ေတာ့္ရဲ႕အေရးမပါတဲ့ ေတြးေခၚႀကံဆမႈေတြအေပၚ သူ႔ကိုယ္သူ ႏွိမ့္ခ်ဖို႔အတြက္လည္း ကြၽန္ေတာ္ဘယ္ေတာ့မွ သူ႔ကို ဖိအားေပးႏိုင္ေတာ့မွာမဟုတ္ဘူး။

ေနာက္ဆုံးေတာ့ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ လက္ေတြ႕ဘဝဆီ လုံးဝႏိုးထလာၿပီး ကြၽန္ေတာ္ မရႏိုင္မယ့္ စိတ္ကူးယဥ္မႈျဖစ္တဲ့ 'ျဖစ္ႏိုင္မွာပါ ဒီတိုင္းျဖစ္ႏိုင္မွာပါ၊ တစ္ေန႔ေတာ့ သူငါ့ဆီကို နည္းနည္းေလာက္ေလးျဖစ္ျဖစ္ လွမ္းလာႏိုင္တယ္'ဆိုတာကို ဘယ္ေတာ့မွ ထပ္မံဆုပ္ကိုင္ထားႏိုင္ေတာ့မွာ မဟုတ္ဘူး။

ဒါက ကြၽန္ေတာ့္ရဲ႕ေသဆုံးမႈကေန ရရွိလိုက္တဲ့ သနားဖြယ္ေငြေရာင္အနားကြပ္ေလးသာျဖစ္တယ္။

_____


[ Brief of E-Translator Note - ဒါကို free versionအနေနဲ့ Snowy Codexက ဘာသာပြန်ထားခဲ့ပြီးဖြစ်ကာ အခုကတော့ book version ဘာသာပြန်ဆိုချက်ဖြစ်ပါသည်။ မူရင်းကတော့ 2008ခုနှစ်မှာ ရေးသားခဲ့ပြီး 2020 Aprilမှာ စာရေးသူက Jinjiangပေါ်တွင် (book versionကို)ပြန်တင်ခဲ့သည်။ ]

[ Kay : အရှည်ကြီးဆက်ရှိပေမယ့် ကျန်တာတွေက ဓားတွေအမြောက်အမြားပါကြောင်း၊ တချို့ဇာတ်ကွက်လေးတွေ ထပ်ဖြည့်ထားကြောင်း ရေးထားတာပါ။ နောက်ပြီး ဒါကို ဘာသာပြန်တာ E-translatorဆီက ခွင့်ပြုချက်မတောင်းထားပါဘူး။ သူက ဘာသာပြန်ချင်ရင် ဘယ်သူမဆို ပြန်လို့ရတယ်၊ သူ့ကို လာမပြောနဲ့ဆိုပြီး ပြောထားလို့ပါ။ အဲ့တာလေးကို ကြိုပြီး ပြောပြထားပေးတာပါ။ အားလုံးပဲ လိုက်ပါစီးမြောပေးပါအုံးရှင့် ]

{Unicode}

•ရှောင်ဟန် 01•

လူတစ်ယောက် သေဆုံးသွားပြီးတဲ့နောက်မှာ 'ဝိဉာဉ်'လို့ခေါ်တဲ့အရာ မကျန်ခဲ့ဘူးလို့ ကျွန်တော် ယုံကြည်ခဲ့ဖူးတယ်။

ဝိဉာဉ်တွေဆိုတာသာ တည်ရှိရင် လူအရေအတွက်က တော်တော်လေးနည်းနေလိမ့်မယ်။ ဆန္ဒမပြည့်ဝလိုက်တဲ့သူတွေနဲ့ နောက်ဆုံးနောင်တတရားတွေပိုက်ကာ ထွက်သွားရတဲ့သူတွေက အထီးကျန်ဝိဉာဉ်တွေအဖြစ် လှည့်လည်သွားလာနေပြီး ကမ္ဘာမြေပေါ်မှာ ထာဝရဝဲလည်လည်ဖြစ်နေတော့မှာ။

အခုတော့ ကိစ္စတွေက ကျွန်တော် ထင်ထားခဲ့တဲ့အတိုင်း ဟုတ်နေတဲ့ပုံမပေါ်ဘူး။

ကျွန်တော် သေဆုံးခဲ့တယ်။ လက်ကောက်ဝတ်တွေကိုဖြတ်ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ။ ကျွန်တော် ထင်ခဲ့တာက ကျွန်တော်သေတဲ့အချိန်မှာ ဝန်လေးတာမျိုး ဒါမှမဟုတ် မကျေမချမ်းနဲ့ အငြိုးအတေးဖြစ်နေတာမျိုးမရှိခဲ့ဘဲ အသက်ဆက်ရှင်နေဖို့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူးလို့သာ ယုံကြည်ခဲ့တာဖြစ်တယ်။

လူသားတွေက စိတ်ပျက်အားငယ်ခြင်းရဲ့အနက်ရှိုင်းဆုံးနေရာကို အမှန်တကယ်ကျရောက်သွားတဲ့နောက် 'သေဆုံးခြင်း'ဆိုတာ ကြောက်ရွံ့ခြင်းကို အဆုံးသတ်ဖို့အရာဖြစ်လာတယ်။

ရေခဲတမျှအေးစက်နေတဲ့ရေတွေက ဆိုးရွားလှတဲ့ လက်ကောက်ဝတ်ပေါ်က ဓားဒဏ်ရာတွေပေါ် စီးဆင်းသွားပြီး နာကျင်မှုကို စူးအောင့်မှုအဖြစ် ပြောင်းလဲသွားစေတယ်။ ရေချိုးကန်ထဲကရေတွေက ကြည်လင်နေတဲ့အရောင်ကနေ ကြက်သွေးနီရောင်ပြောင်းလဲသွားတာကို ကျွန်တော် တည်ငြိမ်စွာကြည့်နေမိတယ်။ နွမ်းလျတဲ့ခံစားချက် ကျရောက်လာချိန်မှာ ကျွန်တော်လည်း ရေချိုးကန်အစွန်းကိုမှီပြီး မျက်လုံးတွေ ဖြေးဖြေးချင်း ပိတ်ချလိုက်တယ်။

'ပြီးဆုံးသွားပြီ'

'နောက်ဆုံးတော့ ငါအရာအားလုံးကို လွှတ်ချနိုင်သွားပြီ၊ နောက်ဆုံးတော့ ငါ လက်လျှော့နိုင်သွားပြီ'

'ခံစားခဲ့ရတဲ့ဝေဒနာတွေ၊ တမ်းတမှုတွေနဲ့ ပူပန်သောကတွေအားလုံးက နောက်ဆုံးတော့ အခိုးအငွေ့လိုမျိုး ပျောက်ကွယ်သွားပြီ'

'ဒီတစ်ကြိမ်တော့ ငါမင်းကို တကယ် သွားခွင့်ပေးလိုက်ပြီ'

'ဒါနဲ့ ငါ အမှန်တကယ်ကို နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး မင်း အမြဲတမ်းပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်'

****

အလင်းရောင်ကို မြင်တွေ့ဖို့ နောက်တစ်ကြိမ်အခွင့်အရေး ရလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။

ကြာရှည်ပြီး အဆုံးမဲ့တဲ့အမှောင်ထုထဲမှာ သေးငယ်တဲ့အလင်းတန်းလေးတစ်ခုက ရုတ်ခြည်းတောက်ပလာကာ ပိုပိုပြီး အားကောင်းလာတယ်။

ဝိုးတိုးဝါးတားနဲ့ ထပ်နေတဲ့အရိပ်တွေက ကျွန်တော့်ရှေ့မှာ ပေါ်လာတယ်။ အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ သစ်ရွက်လေးတစ်ခုက ကျယ်ပြောတဲ့ကောင်းကင်ကြီးမှာ လွင့်မြောနေရသလိုမျိုး ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး အလွန်တရာပေါ့ပါးနေတာကိုသာ ခံစားလိုက်ရတယ်။

နွေးထွေးမှု အေးစက်မှု၊ နာကျင်မှု ပျော်ရွှင်မှုတွေကို ဘာမှမခံစားဘဲ ဘာဆိုဘာမှမရှိတဲ့ နူးညံ့တဲ့အမွှေးလေးတစ်ခုက ပွေ့ဖက်နေသလိုသာ ခံစားရတယ်။

အတော့်ကို ရှည်ကြာသွားပြီး နောက်ဆုံးမှာ ကျွန်တော့်ရဲ့အသိစိတ်က ဝေဝါးနေဆဲဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကတော့ လွင့်မြောမနေတော့ဘူးဆိုတာ ခံစားမိလိုက်တယ်။ ကျွန်တော်ကိုယ်တိုင် ဘာဆိုဘာမှမရှိတဲ့လမ်းကြောင်းပေါ်မှာ ရှေ့ကို ဖြေးဖြေးချင်းလျှောက်နေတာကို ခံစားရတယ်။

ကျွန်တော် ဘယ်ကိုသွားနေမှန်း မသိဘူး။

သို့ပေမယ့် နားလည်ရခက်စွာ ရှောင်လွှဲမရစွာ တစ်စုံတစ်ရာက ကျွန်တော့်ကို အရှေ့ဘက်ဆီ ဆွဲခေါ်နေသလိုဖြစ်နေတယ်။ ကျွန်တော့်ရဲ့ဘေးပတ်ပတ်လည်က ရှည်ကြာတဲ့လွန်ဆွဲပွဲတစ်ခု ရင်ဆိုင်နေရသလိုမျိုး လင်းလာပြီးနောက် မှောင်သွားတယ်၊ ထို့နောက် ပြန်လင်းလာပြန်တယ်။

အဆုံးမှာ အမှောင်ထုကို ထိုးခွဲကာ အလင်းရောင်တွေ ပြည့်လျှံလာတယ်။ သိပ်မကြာခင် တဖန်ပြန်မှိန်ကျသွားပြီး နွေးထွေးကာ လွမ်းဆွတ်ဖွယ်လေး ဖြာကျနေတယ်။

မြင်ကွင်းက ပန်းချီကားလိပ်တစ်ချပ်ကို ဖြည်းဖြည်းချင်း ဖြည်ပြနေသလိုမျိုး ကျွန်တော့်ရဲ့မျက်လုံးတွေရှေ့မှာတင် ကြည်သထက်ကြည်၊ စစ်မှန်သထက် စစ်မှန်လာတယ်။

ကျွန်တော် ပတ်ပတ်လည်ကို ရီဝေဝေကြည့်မိတယ် - ဒီနေရာက ကျွန်တော် ဒီ့ထက်တောင် ပိုမရင်းနှီးနိုင်တော့တဲ့နေရာတစ်ခုဖြစ်တယ်။

ဒါက ကျွန်တော့်ရဲ့အိမ်ဖြစ်ခဲ့တာ။

တစ်ချိန်က သူနဲ့ကျွန်တော်ရဲ့အိမ်ဖြစ်ခဲ့ဖူးတယ်။

မဟော်ဂနီကြမ်းခင်းနဲ့ ဖြူဆွတ်ဆွတ်ဆိုဖာ။ မီးအိမ်ဆီကအလင်းရောင်ကလည်း အရင်အတိုင်း သက်သောင့်သက်သာနဲ့ လိမ္မော်ရောင်လေးရှိကာ သူ့ရဲ့အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့မျက်နှာလေးပေါ် အရိပ်ကျနေတယ်။

ပထမဆုံးအခိုက်အတန့်မှာ ကျွန်တော်က လက်တွေ့ဆန်စွာ အချိန်ကိုက်ပြန်ရောက်ရှိလာပြီး ရူးကြောင်ကြောင်ကျေးဇူးတင်ကာ ထိုနေရာမှာ ရပ်နေမိတယ်။

သူက မီးဖွင့်ပြီး ဆိုဖာပေါ်မှာ အိပ်နေကျဖြစ်တယ်။ နောက်ပြီး ကျွန်တော်က သူအိပ်ပျော်နေတဲ့ဘေးမှာ ထိုင်ရင်း သူ့ရဲ့လှပတဲ့ပုံရိပ်လေးကို တိတ်တဆိတ်ကြည့်နေရတာကို အမြဲတမ်းသဘောကျခဲ့တယ်။

ကျွန်တော် ကြည့်နေရင်း ရုတ်တရက်သူလှည့်သွားတယ်။ အိပ်တစ်ဝက်နဲ့ပဲ အေးသလိုခံစားရတာကြောင့်ဖြစ်မယ် လက်တစ်ဖက်က စောင်ကို လှမ်းပြီးစမ်းနေတယ်။

စောင်ကတော့ ကြမ်းပြင်ပေါ် ကန်ချခံထားရပြီးဖြစ်တယ်။ သူ့ရဲ့အိပ်ပုံအိပ်နည်းက ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန်မရှိခဲ့ဘူး၊ အတိတ်တုန်းကတော့ သူ့ကို စောင်ပြန်လွှားပေးဖို့ကို ကျွန်တော်ပဲ အမြဲကူခဲ့ရတယ်။ သို့ပေမယ့် အခုချိန်မှာတော့ ကျွန်တော် ဒီနေရာမှာသာ ရပ်နေရပြီး ဘယ်လောက်ပဲလုပ်ချင်နေပါစေ မကူနိုင်ဖြစ်နေတယ်။

စောင်ကို စမ်းလို့မမိတာကြောင့် မျက်လုံးတွေသာ ဖွင့်လိုက်ရတော့တယ်။

ထိုအခိုက်အတန့်မှာ သူအိပ်ပျော်နေချိန် ကျွန်တော်သူ့ကို ချောင်းကြည့်တာကို လက်ပူးလက်ကြပ်မိသွားသလိုမျိုး တူညီတဲ့အပြစ်မကင်းသလိုခံစားချက်ကို ရလိုက်ပြီး သတိလက်လွတ်နဲ့ ကျွန်တော့်ရဲ့နှလုံးသားက လည်ချောင်းထဲက ခုန်ထွက်သွားရတယ်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ကြမ်းပြင်ပေါ်ကစောင်ကို တိတ်ဆိတ်စွာမကောက်ယူခင် မကြည်ဖြူခြင်း ငြူစူခြင်းမရှိ သူ့အကြည့်က ရိုးရှင်းစွာ ကျွန်တော့်ကို ဖြတ်ကျော်သွားတယ်။

ကျွန်တော် သူနဲ့ဒီလောက် နီးနီးကပ်ကပ်ရပ်နေပြီး သူ့လက်က ကျွန်တော့်ခန္ဓာကိုယ်ကနေ ဖြတ်ထွက်သွား​ပေမယ့် ကျွန်တော်တို့နှစ်ယောက်စလုံး တစိုးတစိတောင် မခံစားလိုက်ရဘူး။

သူက ကျွန်တော့်ကို မမြင်နိုင်သလို ကျွန်တော့်ကို ထိလို့လည်း မရဘူး။

သူက ကျွန်တော့်ရဲ့ တည်ရှိမှုကို သတိမပြုမိဘူး။

တကယ်တော့ ဒါကလည်း အဲ့လောက်အရေးမပါပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူ ကျွန်တော့်ကို မြင်နိုင်ချိန်တုန်းက ကျွန်တော့်ကို လျစ်လျူရှုခဲ့ပြီး ကျွန်တော့်ကို ထိတွေ့နိုင်ချိန်တုန်းကလည်း ကျွန်တော့်ကို ရှောင်တိမ်းဖို့ နည်းလမ်းတွေ ရှာခဲ့တာပဲဖြစ်တယ်။

ကျွန်တော် သူ့နား ရှိနေစဉ်မှာ ကျွန်တော့်ကို လေလိုမျိုးဆက်ဆံခဲ့တယ်။ ဒါကြောင့် ဂုဏ်ယူပါတယ် နောက်ဆုံးတော့ ကျွန်တော် တကယ်ပဲ လေလိုမျိုး ဖြစ်သွားပြီ။

စောင်ကိုခြုံလိုက်ပြီး ဆိုဖာပေါ် ပြန်လှဲချကာ မျက်တောင်တစ်ခတ်အတွင်း နောက်တစ်ကြိမ် အိမ်မက်တွေထဲ နစ်မြုပ်သွားပြန်တယ်။

နောက်ပြီး ကျွန်တော်က ဒီနေရာမှာ တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်ပြီး ကျွန်တော့်ရဲ့ကြီးမားတဲ့ထိန်းချုပ်နိုင်စွမ်းအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အသံတိတ် ချီးကျူးလိုက်တယ်။

ဒီမှာ သေချာပေါက် ကျွန်တော်အဖို့ အနည်းငယ် ဂယောင်ခြောက်ခြားဖြစ်တာ ဒါမှမဟုတ် ထိန်းမရသိမ်းမရ လန့်ဖြန့်တာ ဒါမှမဟုတ် ဒေါသပုန်ထတာမျိုးအတွက် အကြောင်းပြချက်တွေရှိတယ်လို့ ခံစားရတယ်။ အကယ်၍များ နတ်ဘုရားတစ်ပါးဖြစ်ဖြစ် သနားဂရုဏာတွေပြည့်နေတဲ့မျက်နှာနဲ့ ဘယ်သူပဲဖြစ်ဖြစ် အခုချိန် ကျွန်တော့်ရှေ့မှာ တကယ်ပေါ်လာမယ်ဆိုရင် သူတို့ရဲ့ကော်လံကို ကိုင်ဆွဲပြီး ဘာတွေဖြစ်ကုန်တာလဲဆိုတာသိရဖို့ တောင်းဆိုမိမှာ အသေအချာပဲ။

သို့ပေမယ့် လက်ရှိကျွန်တော်က အတော်လေးတည်ငြိမ်နေတယ်။

ဘာကြောင့်ဆို ကျွန်တော်က နတ်ဘုရားတစ်ပါးနဲ့မဆုံရဘူး၊ အနက်နဲ့အဖြူမမြဲခြင်းနဲ့ မဆုံရဘူး၊ ငရဲမင်းကြီးနဲ့လည်း မဆုံရဘူး _ [ T/N : Black and White Impermanence ကို ဘယ်လိုပြောရမှန်းမသိလို့ အနက်နဲ့အဖြူမမြဲခြင်းလို့ ရေးမိထားပါတယ်။ မှားနေရင်လည်း ပြန်ပြောပေးပါနော်။ သူက တရုတ်ဒဏ္ဍာရီတွေအရ သေဆုံးသွားတဲ့ဝိဉာဉ်တွေကို မြေအောက်ကမ္ဘာဆီ လိုက်ပါပို့ဆောင်ပေးတဲ့ နတ်နှစ်ပါးပါ ]

သေဆုံးသွားတဲ့သူတွေကို လမ်းပြပေးဖို့ ဒါမှမဟုတ်လည်း အလွန်ဆုံး လူကို နောက်ထပ်က ဘာဆိုတာပြောပေးမယ့် ထိုဒဏ္ဍာရီလာအရာတွေနဲ့ ဆုံတောင်မဆုံရဘူး။

ကျွန်တော် ဒီတိုင်းသာ သေခဲ့ရတယ်။

ဒါက ရှင်းမပြတတ်အောင်ပဲ၊ ကောင်းကင်ဘုံကိုလည်း ဆန်မတက်ရ ငရဲကိုလည်း မလားရနဲ့ ထိုအစား အကြံပေးသူမဲ့ အထီးကျန်လေလွင့်သရဲလေးဖြစ်လာရတယ်။

နောက်ပြီး အကြောတင်းစွာနဲ့ သူ့ဘေးမှာ ကပ်တွယ်နေရတယ် _

ကျွန်တော် ကြိုးစားကြည့်ပြီးပြီ။ တကယ်တော့ ကျွန်တော်က သူနဲ့ ဆွဲငင်အားလိုမျိုး လုံးဝကို ကပ်တွယ်နေတာဖြစ်တယ်။

အခုချိန်မှာ သူ့ဆီကနေ သိပ်ဝေးဝေးတောင် မသွားနိုင်ဘူး။ အကွာအဝေးတစ်ခုကို ရောက်သွားပြီဆိုတာနဲ့ ရုတ်ခြည်း ကြီးမားတဲ့အားတစ်ခုက ကျွန်တော့်ကို သူ့ဘေးနား ပြန်ဆွဲခေါ်သွားတတ်တယ်။

ဒီလိုမျိုးဖြစ်စဉ်မျိုးကို အတိအကျဘယ်လိုခေါ်တယ်ဆိုတာ ကျွန်တော် မမှတ်မိဘူး _ ကမ္ဘာကြီးကိုမှီခိုတဲ့သရဲလား?

***

သေချာပေါက် ကျွန်တော်တစ်ခုခုကို လွဲခဲ့တယ်လို့ သံသယဖြစ်မိတယ်။

ဥပမာအနေနဲ့ ကောင်းကင်ဘုံဂိတ်တံခါးကြီးတွေ ပွင့်သွားချိန်မှာ ကျွန်တော်က အမှုမဲ့အမှတ်မဲ့ မတွေ့လိုက်တာတို့ ဒါမှမဟုတ်လည်း အနက်နဲ့အဖြူမမြဲခြင်းက အရေးတကြီးလုပ်စရာကိစ္စလေးတချို့ရှိလို့ ကျွန်တော့်ကိုပဲ ဒီမှာယာယီထားရစ်ခဲ့ပြီး မေ့သွားတယ်ဆိုတာတို့ပေါ့။

အဲ့လိုတော့လည်း မဖြစ်နိုင်ဘူး၊ ကျွန်တော် ဘယ်လောက်​တောင်မှ ဂရုမစိုက်ကြောင်း ကိုယ့်ကိုကိုယ် လိမ်ညာနေတုန်းမှာ ကျွန်တော့်ရဲ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး ထောင့်တစ်နေရာလေးမှာ နာကြည်းချက်တွေနဲ့ မကျေနပ်ချက်တွေ အမြောက်အမြား ပုန်းကွယ်ကျန်ရှိနေသေးတယ်။

ကျွန်တော်ကိုယ်တိုင်လည်း မသိတော့ဘူး။

ကျွန်တော် ပထမဆုံး သတိပြန်ဝင်လာတဲ့အချိန်မှာ အိမ်မက်ဆိုးတစ်ခုဆီကနေ နိုးထလာသလိုဖြစ်ခဲ့တယ်။

အခိုက်အတန့်တစ်ခုမှာ ကျွန်တော်က သွေးတွေ ထွက်နေခဲ့ပြီး သေခြင်းတရားဆီ တည်ငြိမ်စွာ ရွှေ့လျားနေခဲ့တယ်။ နောက်ခဏမှာပဲ ရုတ်ခြည်းဆိုသလို ကျွန်တော်က ကားတစ်စီးထဲ ရောက်ရှိနေတာသိလိုက်ရပြီး သူက ကားမှန်ကို မျက်နှာအပ်ကာ နွမ်းလျစွာ အိပ်ပျော်နေခဲ့တယ်။

ဒါက နောက်ထပ်သာမန်နေ့တစ်နေ့လို့တောင် ကျွန်တော် ယုံကြည်မိလုနီးပါးဖြစ်ခဲ့တယ်။

နေ့တိုင်း ကျွန်တော် အလုပ်ဆင်းတာနဲ့ အတူပြန်လို့ရအောင် သူ့ကို စောင့်ခဲ့ပြီး သူကတော့ အမြဲတမ်း ဂရုလေးတစ်ချက်တောင် မစိုက်ဘဲ အိပ်နေလေ့ရှိတယ်။ ကျွန်တော် သူ့ကိုသနားမိတယ် _ နောက်ဆုံးတော့လည်း အလုပ်က များတယ်လေ၊ ပြီးတော့ တစ်ခါတစ်လေများဆို ရိုက်ကူးရေးက တစ်နေကုန်ကြာသွားတတ်တာကြောင့် အားရှိဖို့အတော်လေး လိုအပ်တယ်။

မရေမတွက်နိုင်တဲ့ပရိတ်သတ်တွေရှိတဲ့ နာမည်ကျော်ကြယ်ပွင့်တစ်ယောက်ဖြစ်ရတာ လက်တွေ့မှာ အလွန်ခက်ခဲလှတယ်။

ထို့ကြောင့် ကျွန်တော် အကျင့်အတိုင်း လက်တစ်ဖက်ဆန့်ထုတ်ပေးလိုက်ပေမယ့် တကယ့်တကယ်က သူ့ခေါင်းပေါ်က ဆံပင်လေးတစ်ချောင်းကိုတောင် ထိဖို့မတတ်နိုင်ခဲ့ဘူး။

အဲ့တော့မှသာ ကျွန်တော်က တစ်စုံတစ်ရာကွဲပြားနေမှန်း ရုတ်တရက်သတိထားမိသွားတယ်။ ကျွန်တော် ဒရိုင်ဘာကို ခေါ်လိုက်ပေမယ့် ဒရိုင်ဘာက ခေါင်းတောင် လှည့်မလာဘူး။ ကျွန်တော် သူ့ကိုပုတ်လိုက်ချင်ပေမယ့် ရိုးရှင်းစွာနဲ့ ကျွန်တော် လေထုအလွတ်ကြီးကိုသာ ဆွဲမိခဲ့တယ်။

ကျွန်တော့်ခန္ဓာကိုယ်က အလွန်တရာပေါ့ပါးနေတယ်။ ကြည့်ရတာ ကျွန်တော် ထိလိုက်တဲ့အရာအားလုံးကို ဖောက်ထွက်လိုက်နိုင်ပြီး ကျွန်တော် ဘယ်လောက်ပဲ အော်နေပါစေ ကျွန်တော့်ကို မြင်နိုင်တဲ့သူ ဒါမှမဟုတ် ကြားနိုင်တဲ့သူ ဘယ်တော့မှ ထပ်ရှိလာမယ့်ပုံမပေါ်ဘူး။

ပထမဆုံးမိနစ်တွေအတွင်းမှာ ကျွန်တော် တကယ်ပဲ ရူးသွားတော့မလို ခံစားခဲ့ရတယ်။

သို့ပေမယ့် ကျွန်တော့်ရဲ့စိတ်ကလည်း နှစ်ပေါင်းများစွာလောက် မျိုးစုံသောအသိုင်းအဝိုင်းတွေရဲ့ သူမတူထူးကဲလှတဲ့ လေ့ကျင့်ပေးခဲ့မှုတွေကြောင့်ဖြစ်မယ်၊ ဆယ်မိနစ်အကြာ ကားက အိမ်ရှေ့မှာ ရပ်သွားတဲ့အချိန် ကျွန်တော်က သရဲတစ်ကောင်ဖြစ်သွားခဲ့ပြီဆိုတဲ့အချက်ကို လက်ခံနိုင်လုနီးပါး ဖြစ်နေခဲ့ပြီ။

သူ ကားပေါ်က ဆင်းသွားပြီး ထိုဆွဲငင်အားကြောင့် ကျွန်တော်လည်း ရင်းနှီးနေတဲ့အိမ်ထဲကို ပြန်ဆွဲခေါ်ခံလိုက်ရတယ်။

ပြတင်းပေါက်တွေမှာ အိမ်ရဲ့ကျန်တဲ့ကျော့ရှင်းလှတဲ့ပုံစံနဲ့ လုံးဝကွဲထွက်နေတဲ့ ကျွန်တော် ရွေးခဲ့ဖူးတဲ့ အလွန်တရာ ရူးကြောင်ကြောင်နိုင်တဲ့ပုံတွေနဲ့ ဘဲတွေကို ရိုက်နှိပ်ထားတဲ့ ထိုမထော်မနန်းအဝါဖျော့ရောင် လိုက်ကာတွေကို ချိတ်ထားတုန်းပဲ။

အပြင်အဆင်က များများစားစား ပြောင်းလဲသွားတာမရှိဘူး။ အလင်းရောင်၊ ဆိုဖာ၊ ခေါင်းအုံး အားလုံးက ကျွန်တော် မှတ်မိနေတဲ့အတိုင်း ရှိနေတုန်းပဲ။

တစ်ခုတည်းသောအရာက စားပွဲပေါ်မှာတင်ထားတဲ့ ဓာတ်ပုံက ကျွန်တော် သူ့ကိုမှီထားပြီး နေကြာပန်းတွေကို ရီဝေဝေကြည့်နေတဲ့ ဓာတ်ပုံမဟုတ်တော့ဘဲ သူနဲ့ထိုလူရဲ့ဓာတ်ပုံအဖြစ် ပြောင်းလဲသွားတာပဲရှိတယ်။

ထိုလူ့မျက်နှာက အမြဲတမ်းမြင်နေကျအတိုင်း တစ်ချက်ကြည့်လိုက်ရုံနဲ့တောင် မမေ့နိုင်တဲ့ လှပမှုနဲ့ နှစ်လိုမှုတို့ရှိနေတယ်။

ထိုလူက ကျွန်တော်တို့ထက် နှစ်အနည်းငယ်လောက်သာ ငယ်တယ်ဆိုပေမယ့် သူ့တစ်ကိုယ်လုံးက လူငယ်ဆန်တဲ့အငွေ့အသက်တွေနဲ့ အပြစ်ကင်းမှုတွေ ပြည့်နှက်နေပုံပေါ်တယ်။

ထိုဓာတ်ပုံက မဂ္ဂဇင်းတစ်ခုအတွက် ကြော်ငြာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နွေးထွေးမှုတို့ ပြည့်နေတယ်။ ထိုလူက ခေါင်းလောင်းလေးတစ်ခုနဲ့ ကြောင်လေးတစ်ကောင်လို ဝတ်ဆင်ထားကာ တောက်ပခြင်းအတိနဲ့ ပြုံးနေပြီး သူကတော့ ခွေးလေးတစ်ကောင်လိုမျိုး အတင်းအကျပ်ဝတ်ဆင်ခိုင်းခြင်း ခံထားရကာ သူ့ရဲ့အေးစက်တဲ့မျက်နှာတစ်ခုလုံးမှာ မတတ်သာတဲ့စိတ်ပျက်မှုတို့ရှိနေတယ်။ တစ်စုံတစ်ယောက်သာ သေချာကြည့်မယ်ဆိုရင်တော့ ဖတ်ရခက်တဲ့ နူးညံ့မှုလွင်လွင်လေးတစ်ခု ရှိနေအုံးမှာပင်။

အခုလိုမျိုးဖြစ်လာလိမ့်မယ်ဆိုတာ ဟိုးအရင်တုန်းတည်းက သိထားတယ်ဆိုသော်ငြား။

တကယ်တမ်း ကျွန်တော့်မျက်လုံးတွေနဲ့ ဒါကိုမြင်လိုက်တဲ့အခါ ကျွန်တော့်ကို စိတ်အားငယ်စေတုန်းပဲ။

ဒီကြယ်ပွင့်ကြီးနှစ်ဦးက နှစ်ကိုယ်ကြား မဖြိုခွဲနိုင်တဲ့ခံစားချက်တွေ ရှိနေရုံတင်မက ကုမ္ပဏီကလည်း လူသိရှင်ကြား တရားဝင်တွဲပြီး အတည်ပြုပေးထားတာဖြစ်တယ်။

နေ့တိုင်း စိတ်ကူးယဉ်ဆန်တဲ့ပရိတ်သတ်တွေဆီကနေ သွန်လောင်းလာတဲ့အားပေးမှုတွေက တရားဝင်websiteနဲ့ blogတွေမှာ ပေါသောနေပြီး များပြားလွန်းတာကြောင့် ကျွန်တော့်ကိုတောင် မူးဝေစေတယ်။

ကျွန်တော် သူ့ရဲ့blogထဲကို ဝင်ကြည့်ချိန်တိုင်း ဒွိဟဖြစ်စေတဲ့ဓာတ်ပုံတွေနဲ့ ပရိတ်သတ်တွေရဲ့မှတ်ချက်တွေအားလုံးကို မြင်ရလေ့ရှိပြီး ကျွန်တော့်ကို ရှင်းမပြနိုင်တဲ့ မလိုတမာစိတ်ဖြစ်ပေါ်စေတယ်။ အကယ်၍များ တစ်နေ့နေ့မှာ 'ပြီးခဲ့တဲ့ဆယ်နှစ်တာလုံး လော့ယွီချန်းဆိုတဲ့လူက ရှောင်ဟန်တစ်ဦးတစ်ယောက်တည်းနဲ့သာ အမြဲသက်ဆိုင်တယ်'ဆိုတဲ့စာတစ်ခု သူ့ရဲ့accountပေါ်မှာ ပေါ်ထွက်လာခဲ့ရင် လူထုအုံကြွမှုတစ်ခု ဖြစ်သွားမလား?

ဆယ်နှစ်ဆိုတဲ့အချိန်က ကျွန်တော်သူ့ကိုပိုင်တယ်ဆိုပြီး ကျွန်တော်တို့ သဘောတူထားကြတဲ့ အချိန်ပမာဏဖြစ်တယ်။

ဆယ်နှစ်ဆိုတာ ခင်ဗျားတို့တွေးကြည့်ရင် တကယ်က သိပ်ကို ကြာညောင်းလှတဲ့အချိန်တစ်ခုပါ။

ကျွန်တော်က ဘဝသရုပ်ဖော်ဇာတ်လမ်းတွဲတွေထဲမှာ မကြာခဏမြင်ရလေ့ရှိတဲ့ အမြှောက်စာမိမယ့်ဇာတ်ပို့လေးတွေလိုမျိုးပါပဲ - ဇာတ်လိုက်ကို တတ်နိုင်သမျှ ဖက်တွယ်တယ်၊ လွှတ်ပေးဖို့ ငြင်းဆန်တယ်၊ ကျွန်တော့်ရဲ့ကိုယ်ပိုင်ထိုက်တန်မှုကို အလွန်အမင်းမျှော်လင့်ထားပြီး သူ့ဘဝထဲကို မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဆွဲသွင်းတယ်၊ ချစ်သူတွေ ပြန်မပေါင်းစပ်နိုင်ခင် သူတို့တွေကို နှစ်ပေါင်းများစွာ အတင်းအကျပ်ခွဲခဲ့တယ်။

နောက်ပြီး အဆုံးသတ်မှာ ဘဝသရုပ်ဖော်ဇာတ်လမ်းတွဲတွေအတိုင်းပါပဲ။ အမုန်းခံဇာတ်ပို့က အမှိုက်စလို ရှင်းထုတ်ခံရရုံတင်မက လူတိုင်းကို သိပ်ကျေနပ်စေလောက်အောင် မြန်မြန်ဆန်ဆန်နဲ့ ပျော်စရာမကောင်းတဲ့အဆုံးသတ်ကို ကြုံရတယ်။

ကျွန်တော် ခေါင်းမော့လိုက်ချိန်မှာ ကျွန်တော် အရေးနိမ့်စွာ သိလိုက်ရသေးတာက နံရံပေါ်မှာ ကျွန်တော် အတင်းအကြပ်ချိတ်ဆွဲခဲ့တဲ့ သူ့ရဲ့အလွန်တရာကြီးမားလှတဲ့ပိုစတာကြီးတွေအားလုံးကို ဖြုတ်ချထားပြီဆိုတာ သိလိုက်ရတယ်။

ကျွန်တော် ဟိုးတုန်းတည်းက ကြိုတင်ခန့်မှန်းခဲ့တဲ့ စားပွဲပေါ်က ဓာတ်ပုံနဲ့ယှဉ်ရင် ဒါက ကျွန်တော့်ကို တကယ်ကြီး သိပ်ဒေါသထွက်စေတယ်။

အခုအဲ့တာတွေကို ဘယ်နားသွားပစ်ထားလဲဆိုတာ ဘယ်သူသိမှာလဲ : ဒီပိုစတာတွေအားလုံးကို ကျွန်တော် ဒုက္ခသုက္ခခံပြီး စုဆောင်းထားခဲ့ရတာဖြစ်တယ်။

အာ ထားလိုက်ပါ ထားလိုက်ပါတော့၊ ကျွန်တော်လည်း ဒီကမ္ဘာပေါ်မှာ ရှိတော့တာမှမဟုတ်ဘဲ အဲ့တော့ ဒီလိုမျိုးကိစ္စတွေအတွက် ဘာကြောင့်များ ရေးကြီးခွင်ကျယ်လုပ်နေရအုံးမှာလဲ။

မိနစ်တွေပြောင်းလဲနေပြီး ကျွန်တော်ကလည်း ဆက်လက်စူးစမ်းဖို့ ပြင်ဆင်နေတုန်းမှာ သူက ကျွန်တော် မဟုတ်မမှန်ရည်ရွယ်ချက်တွေနဲ့ အသေအချာရွေးခဲ့တဲ့ တစ်ဝက်လောက်သာဝါးတဲ့မှန်တံခါးနဲ့ ရေချိုးခန်းထဲကို ရေချိုးဖို့ဝင်သွားပြီဖြစ်တယ်။ ရေချိုးခန်းရဲ့အလင်းရောင်ကြောင့် ကျွန်တော် သူ့ရဲ့ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစားကို အရှင်းသားမြင်တွေ့နိုင်တယ်။

အခုတောင်မှ ကျွန်တော်သူ့ကိုကြည့်ရတာ မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားနေရဆဲဖြစ်တယ်။ တကယ်ပဲ ကျွန်တော့်ကို ကယ်တင်လို့ မရတော့ဘူး။

နဂိုတုန်းက ကျွန်တော်ထင်ခဲ့တာ သေသွားရင် လူတိုင်း အရာအားလုံးကို လွှတ်ချနိုင်သွားပြီလို့။ သို့ပေမယ့် ကျွန်တော့်ရဲ့အရူးအမူးစွဲလမ်းမှုက နောက်လောကတစ်ခုရောက်တာတောင် အဆုံးသတ်မသွားဘဲ သိပ်ကိုရူးသွပ်နေဆဲဖြစ်နေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။

သေသွားတာတောင်မှ ကျွန်တော့်နှလုံးသားက သူ့ပေါ်မှာ ရှိနေဆဲပဲ။

သို့ပေမယ့် အနည်းဆုံးတော့ ကျွန်တော် ကိုယ့်ကိုကိုယ်ဖြေသိမ့်နိုင်တဲ့ တစ်စုံတစ်ရာတော့ရှိတယ် _ ကျွန်တော်က သေသွားပြီဖြစ်တဲ့အတွက် သူ့ဆီက ချစ်ခြင်းမေတ္တာကို ဆက်တောင်းခံနေစရာမလိုတော့ဘူး။

ကျွန်တော့်ရဲ့အရေးမပါတဲ့ တွေးခေါ်ကြံဆမှုတွေအပေါ် သူ့ကိုယ်သူ နှိမ့်ချဖို့အတွက်လည်း ကျွန်တော်ဘယ်တော့မှ သူ့ကို ဖိအားပေးနိုင်တော့မှာမဟုတ်ဘူး။

နောက်ဆုံးတော့ နောက်ဆုံးတော့ ကျွန်တော် လက်တွေ့ဘဝဆီ လုံးဝနိုးထလာပြီး ကျွန်တော် မရနိုင်မယ့် စိတ်ကူးယဉ်မှုဖြစ်တဲ့ 'ဖြစ်နိုင်မှာပါ ဒီတိုင်းဖြစ်နိုင်မှာပါ၊ တစ်နေ့တော့ သူငါ့ဆီကို နည်းနည်းလောက်လေးဖြစ်ဖြစ် လှမ်းလာနိုင်တယ်'ဆိုတာကို ဘယ်တော့မှ ထပ်မံဆုပ်ကိုင်ထားနိုင်တော့မှာ မဟုတ်ဘူး။

ဒါက ကျွန်တော့်ရဲ့သေဆုံးမှုကနေ ရရှိလိုက်တဲ့ သနားဖွယ်ငွေရောင်အနားကွပ်လေးသာဖြစ်တယ်။

_____


Thanks 🌹




Continue Reading

You'll Also Like

76.6K 5K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
54.1K 3.3K 41
" ကျောင်းဆရာရဲ့သားသမီးဖြစ်တာနဲ့ပဲ စံပြတစ်ယောက်ပါလိုက်ဖြစ်ပေးရမှာလား..သူများလုပ်သလိုနေသလို နေလို့မရဘူးလား..အဆင့်ကောင်းမှ လိမ္မာရေးခြားရှိမှ ပေါင်းသင်း...
601K 46.6K 61
ကျုပ်က လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် ချစ်တယ်...။ သိပ်ပြီး အရာရာပြည့်စုံတဲ့ ကျောင်းသားခေါင်းဆောင် ခင်ဗျားကိုပေါ့။ School / unilife/Age gap/countr...
334K 20K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...