[Unicode]
အခန်း(၈၇):အကြားအာရုံကောင်းချက် နှင့် သူ့ကို ငါပြောသင့်လား?
“စောသေးတယ်။ ဆေးရုံသွားကြရအောင်။" အိုးရန်လုံသည် ကားမောင်းနေရင်း အကြံပြုလိုက်သည်။
“သွားကြမယ်လေ။”ဆုနိုသည် သူ့နှုတ်ခမ်းပေါ်က ဆောစ်အနည်းငယ်ကို စုပ်လိုက်ပြီး "ဥက္ကဌမုကော ဘယ်လိုနေသေးလဲ?"
"အခြေအနေက သိပ်မဆိုးဘူးလို့ ထင်တယ်။ ကိုယ် ဒီနေ့ သူ့ဆီဖုန်းခေါ်တော့ ဒါရိုက်တာကျုံးက သူ အနားယူနေတယ်လို့ ပြောတယ်။"
ကျုံးလီဖုန်းပိုင်က မုချိုးအစား ဖုန်းဖြေပေးနေတယ်ပေါ့။ ဟမ်...ဆုရှောင်းနိုသည် ချက်ခြင်းငြူစူမိသွားသည်။ ဒါက ဇနီးမောင်နှံနှင့် ပိုတူစေတာကြောင့် မစ္စတာဒါရိုက်တာ၏ခေါ်ဆိုမှုတွေကိုလည်း သူက အစားဖြေပေးချင်မိသည်။
_____________________________
"ဒါနောက်ဆုံးပဲ။နည်းနည်း ကျန်တာလေးတွေကို စားပြီးရင် ပြီးပြီ" ကျုံးလီဖုန်းပိုင်သည် ဆေးရုံခန်းထဲတွင် မုချိုးကို ညလယ်စာ ကျွေးနေသည်။
"ဒီနေ့ ဒါက ကိုယ့်ရဲ့ပဉ္စမအကြိမ်မြောက် စားတာနော်။" မုချိုးက သတိပေးလိုက်သည်။
"အဲ့တော့ ဘာဖြစ်လဲ?!"ကျုံးလီဖုန်းပိုင်သည် ဇွန်းကို ပါးစပ်နားသို့ တွန်းလိုက်သည်။
"ကိုယ် ဗိုက်ပြည့်ပြီ။" မုချိုးသည် အပြစ်ကင်းသည့်အကြည့်လေးဖြင့် ကြည့်လိုက်သည်။
"........."
ကျုံးလီဖုန်းပိုင်သည် အေးစက်စက်ဖြင့် "ဟွန့်" တစ်ချက်ပေးလိုက်သည်။
ခင်ဗျားကို*ချက်ပေးချင်လို့*ချက်ပေးနေတာ*မဟုတ်ဘူး*ဘာလို့လဲဆိုတော့*ခင်ဗျားကို သနားလို့!
"ထားလိုက်ပါ။ကိုယ် ပြီးရင်စားလိုက်ပါ့မယ်" မုချိုးသည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ဒီနေ့ မင်း အနားယူနေတာ မတွေ့မိသေးဘူး"
ကျုံးလီဖုန်းပိုင်သည် ငါးဆန်ပြုတ်အနည်းငယ်ကို အပြီးမသတ်မီ သူ့လက်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။
"......."
ဥက္ကဌမု၏အမြင်အာရုံမှာ မှုန်ဝါးနေသော်လည်း သူ တစ်လုံးတစ်ဝတည်း စိတ်လှုပ်ရှားသွားရသည်။
ငါ့အကျန်တွေကို စားလိုက်တယ်!
ထို့ကြောင့် သူ “ဒါလင်.....” ဟု ချစ်မြတ်နိုးစွာ ခေါ်ခဲ့မိ၏။
"ပါးစပ်ပိတ်ထား!" ကျုံးလီဖုန်းပိုင်သည် မုချိုး၏နူးညံ့သည့်စကားလုံးတွေကို နားမထောင်နိုင်
သည့်အတွက် သန့်စင်ခန်းဆီသို့ လျှောက်သွားခဲ့သည်။
သူ သေသာသေလိုက်ချင်တယ်!
မုချိုးသည်ကား ကုတင်ပေါ်တွင် လှဲနေလျက်သား တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။မျှော်လင့်ထားသည့်အတိုင်း အသက်ကြီးစုံတွဲတွေလိုဆက်ဆံရေးမျိုးရှိနေတာ မယုံနိုင်စရာပဲ။
“ကြည့်စမ်း။မင်း အပြုံးကြီးက ဘယ်လောက်ညစ်ညမ်းနေလဲ?” အိုးရန်လုံသည် တံခါးဝတွင် ရပ်ကာ အထင်အမြင်သေးစွာ ကြည့်နေ၏။
"ပါးစပ်ပိတ်ထား!" မုချိုးသည် တံခါးနားက ခပ်ဝါးဝါးပုံပေါက်နေတဲ့ပုံရိပ်ကို ကြည့်ကာ အော်ဟောက်လိုက်ပြီး "မင်း ဒီကိုမလာဘဲ ဆုနိုနဲ့ အချစ်ကိစ္စလေးတွေ မလုပ်ရတာလဲ?"
မင်းအချစ်ကိစ္စတွေကိုဖန်တီးနိုင်တယ်ဆိုရင် မင်း ဘာလို့ဒီကိုရောက်နေရတာလဲ!စိတ်ထဲမှာ လုပ်ရတာ ပျင်းလာနေလို့လား?
"အင်း...ကျွန်တော်တို့ ဥက္ကဌမုဆီကို အလည်လာခဲ့တာပါ"
ဆုရှောင်းနို၏မျက်နှာသည် ချက်ချင်းနီမြန်းသွားတော့သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် 'အချစ်ကိစ္စလေးတွေ လုပ်' ဆိုတဲ့စကားကိုကြားရတာ အရမ်းရှက်စရာကောင်းတယ်လေ!
shit! မုချိုး၏မျက်နှာသည် ချက်ချင်းပင် အပြုံးတစ်ခုလို ပွင့်လန်းသွားပြီး စူးစမ်းလိုစိတ်များ ပြည့်နှက်နေတော့သည်။
သူတို့*အတူတူ*ဒီကို*လာခဲ့တယ်ပေါ့!
ဒါအမှန်ပါပဲ(ရေးထားတာ အမှန်ပါပဲ)။မုချိုးသည် သူ့အချစ်လေးရဲ့ သြဇာလွှမ်းမိုးမှုကို ခံလိုက်ရလေသည်။
စကားလုံးတစ်လုံးကို*တစ်ချိန်တည်းမှာ*တစ်ဖြတ်*ပြောရမယ်!
"ဟမ်?နိုနို?" ကျုံးလီဖုန်းပိုင်သည် ရေချိုးခန်းထဲက ထွက်လာပြီး အံ့အားသင့်သွားကာ "မင်းတို့နှစ်ယောက် ဘာလို့ အတူတူလာတာလဲ?ပါပါရာဇီတွေ ဖမ်းမိသွားမှာကို မင်းမစိုးရိမ်ဘူးလား?"
"ရပါတယ်။ ငါတို့ သတိထားပြီးလာတာပါ။" ဆုနိုသည် ထိုင်ခုံပေါ်ထိုင်ပြီး "ဥက္ကဌမု သက်သာလာပြီလား?"
"သူ့ဒဏ်ရာတွေက ပျောက်လုနီးပါးဖြစ်နေပြီ၊ ဒါပေမယ့် သူ့အမြင်အာရုံတွေကတော့ မှုန်ဝါးနေတုန်းပဲ။" ကျုံးလီဖုန်းပိုင်သည် သူ့ကို ရေတစ်ဘူး ပေးကာ "ဒါပေမယ့် အဆင်ပြေပါတယ်။ သူက အခုချိန်မှာ အလုပ်တွေ လုပ်စရာမလိုတဲ့အတွက် သူ့အချိန်နဲ့သူ ပြန်သက်သာလာနိုင်ပါတယ်။”
“အလွှာပေါင်းစုံ ရှော့ပင်းမောလ် စျေးကွက်ထဲဝင်ဖို့ မင်းနဲ့ ဆွေးနွေးဖို့ ငါ့သူငယ်ချင်းတစ်ယောက်က အချိန်ရမလား ဖုန်းဆက်မေးထားတယ်။" အိုးရန်လုံသည် မုချိုးရှေ့မှာ သူ့လက်တွေကို ဝှေ့ယမ်းလိုက်ပြီး "နောက်သုံးလလောက်ကြာရင် ရက်ချိန်းပေးစေချင်လား?"
“အဲဒါက ကြာလွန်းတယ်။ တစ်လပဲ။" မုချိုး၏ ပြန်ဖြေချက်ကတော့ အကြောင်းရင်းနှင့် ပြည့်နေ၏။
“တစ်လအတွင်း ဘယ်လိုလုပ်ပြီး ပြန်သက်သာလာမှာလဲ? အနည်းဆုံး နှစ်ဝက်လောက် အနားယူရမယ်!" ကျုံးလီဖုန်းပိုင်သည် မုချိုး၏ဆုံးဖြတ်ချက်အပေါ် စောင်စိုဖြင့် တစ်ချက်တည်း ပစ်ချလိုက်ပြီး သူ၏လေသံမှာ ရေခဲကဲ့သို့ အေးစက်သွားသည်။
"နှစ်ဝက်?" မုချိုး၏မျက်နှာသည် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။ သူ့နေ့ရက်တွေကို အေးအေးဆေးဆေး ကုန်ဆုံးချင်ပေမယ့် ခြောက်လလုံး အလုပ်မလုပ်ရတော့ဘူးဆိုရင်တော့ သူ ကြေကွဲသွားမှာ သေချာ၏။
"ဘာလဲ?ခင်ဗျားအတွက် အရမ်းကြာနေပြီလား?" ကျုံးလီဖုန်းပိုင်သည် သူ့လေသံကို မြှင့်လိုက်သည်။
"မဟုတ်ပါဘူး။" မုချိုးသည် ချက်ချင်းပင် သူ့မျက်နှာပေါ်တွင် လေးနက်သည့်အမူအရာကို ထားလိုက်ပြီး "ကိုယ်မင်းနဲ့ နေ့တိုင်းရှိနေရရင် ရာစုနှစ်ဝက်တောင်မှ မျက်စိတစ်မှိတ်လို့ပဲ ခံစားရလိမ့်မယ်!" ငါ ဘယ်လောက်ချောချောမွေ့မွေ့ပြောနိုင်လဲ ကြည့်ကြည့်လိုက်!
ဒါရိုက်တာက သူ့ကို လက်မထောင်ပြလိုက်သည်။ထိုကဲ့သို့ အရှက်မဲ့ခြင်းက ချီးကျူးစရာပင်။
"ဘာလို့ လက်ဖက်ရည်သောက်ဖို့ လသာဆောင်ကို မသွားတာလဲ?" ဆုနိုသည် ကျုံးလီဖုန်းပိုင်၏လက်ကို ဆွဲကာ "အလုပ်ကိစ္စ ဆွေးနွေးကြလေ"
အလုပ်ကိစ္စတွေက ပျင်းစရာကြီး။လော့လီဆိုတဲ့ နှာဘူးကောင်လုပ်ငန်းရှင် အကြောင်း အတင်းပြောရတာက ပိုပြီး စိတ်ဝင်စားစရာကောင်းသေးတယ်။
လသာဆောင်သည် ဆေးရုံ၏ အပြင်ဘက်တွင်ရှိသည်။ လေထုထဲတွင် ပန်းရနံ့များဖြင့် ထုံမွှေးပျံ့နေပြီး ကြယ်ပွင့်များကလည်း ကောင်းကင်ကို အလှဆင်ထားသောကြောင့် အတော်လေး စတိုင်ကျလှသည်။
ဒီလိုပတ်ဝန်းကျင်အောက်မှာ ဟိုစပ်စပ်ဒီစပ်စပ်စကားပြောရတာ အရမ်းလိုက်ဖက်၏။
“ရူ့ခင်းကောင်းပဲ။” အိုးရန်လုံသည် လသာဆောင်ရှိ bottom လေး နှစ်ယောက်ဆီမှ သူ့အကြည့်ကို လွှဲလိုက်သည်။
“သောက်ပါးစပ်ကို ပိတ်ထားပြီး အလုပ်အကြောင်းပြောဖို့ ဒီကို လာခဲ့တော့!” ဥက္ကဌမုသည် ဘာကိုမှ မမြင်နိုင်တာကြောင့် သူ့အတွက်တော့ လှောင်ရယ်ခံရသလိုပင်။မနာလိုမှုတွေ၊ မုန်းတီးမှုတွေနှင့် ဝန်တိုမှုတွေက မနည်း ဖိနှိပ်ခံထားရလို့ ထွက်လာတဲ့အသံမှာ အသံသြကြီးအဖြစ် ထွက်လာ၏။
“သောက်ကြည့်” ကျုံးလီဖုန်းပိုင်သည် ဆုနိုကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးခဲ့ပြီး "ဒါက မုချိုးရဲ့ တန်ဖိုးရှိတဲ့ collections ထဲက လက်ဖက်ခြောက်ပဲ"
"မင်းတို့နှစ်ယောက်က ရင်းရင်းနှီးနှီးရှိနေကြတာပဲ" ဆုနိုသည် သူ့ရဲ့လေးစားသမှုကိုဖြင့် ရိုးသားစွာ မှုန်ဝါးဝါးပြောလိုက်သည်။ သူသည် အမာရွတ်နဲ့လော့လီအကြောင်းကို ချက်ချင်း အတင်းပြောလိုသော်လည်း 'လုပ်ငန်းရှင်တစ်ယောက်က မကြာသေးမီကပဲ ငါ့ကို မျက်စိကျနေတယ်' လို့ စပြီး စကားစ ပြောလိုက်တာက အနည်းငယ်အနှစ်သာရ မဲ့လွန်းသောကြောင့် ချုံပုတ်တစ်ဝိုက်ကို အရင်ရှင်းပြီးမှ ခေါင်းစဉ်ကို ဖြည်းညှင်းစွာ ဦးဆောင်သွားခြင်းက ပိုကောင်းသည်။
"တခြား အကြောင်းကိုပဲ ပြောရအောင်။" ကျုံးလီဖုန်းပိုင်၏tsundere ဆန်ဆန်မျက်နှာထားသည် ပန်းနုရောင်ထသွားလေသည်။
ငါက*သူနဲ့*လုံးဝ*ရင်းရင်းနှီးနှီး*ရှိနေတာ*မဟုတ်ဘူး!
အိုခေပြီ။ငါက အဲဒီစကားကိုကြားဖို့ စောင့်နေတာ! ချက်ခြင်းပင် ဆုနို အလျင်စလိုမေးလိုက်သည်။ "အိမ်ယာလုပ်ငန်းရှင် လော့လီအကြောင်း မင်းသိလား?"
ကျုံးလီဖုန်းပိုင်က ဤကဲ့သို့သော အဓိပ္ပာယ်မဲ့တဲ့ နာမည်ကိုကြားလိုက်ရလျှင် သုံးမိနစ်ကြာအောင် ရယ်နေမည်မှာ သေချာသည်။
သို့သော် သူ၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဒါရိုက်တာကျုံးက ပုံမှန်အတိုင်း ခေါင်းညိတ်ပြလိုက်ကာ “သိတယ်။ဂျက်ဆန် ငါ့ဆီကို ဟိုတလောတုန်းက ဖုန်းခေါ်ပြီး သူက ငါ့ရုပ်ရှင်ကို စပွန်ဆာပေးချင်တယ်လို့ ပြောခဲ့သေးတယ်။”
Wut?!ဆုနို၏အတွေးရထားက ပြတ်တောက်သွား၏။
"သူက ဂျက်ဆန်နဲ့ ဆက်ဆံရေးကောင်းရှိနေတာပဲ။ ဘာဖြစ်လို့လဲ?" ကျုံးလီဖုန်းပိုင်က မေးလိုက်သည်။
"...ခဏလောက်နေပါဦး" ဆုနို၏အမူအရာမှာ လေးနက်စွာဖြင့် "ငါ့အတွေးတွေကို ပြန်စီပါရစေဦး"
ကျုံးလီဖုန်းပိုင် သူ့ကို ရယ်ချင်မိ၏။ "ဘာအတွက်လဲ?"
သို့သော် ဆုနိုသည် သူ့စိတ်အခြေအနေမှာ အနည်းငယ် ဖရိုဖရဲဖြစ်နေသောကြောင့် သူ့အား အဖြေပြန်မပေးနိုင်ပေ။
သူ့ရုပ်ရှင်တွေကို စပွန်ဆာပေးတာက သိပ်တော့ ကြီးကြီးမားမားကိစ္စမဟုတ်ဘူး။ဒါပေမယ့် သူက ဂျက်ဆန်နဲ့ သူငယ်ချင်းတွေဖြစ်ပြီး အစ်ကိုကြီးကလည်း လော့လီနဲ့လည်း သူငယ်ချင်းတွေ... ဒါဆို အစ်ကိုကြီးက ဂျက်ဆန်နဲ့ သူငယ်ချင်းတွေ ဖြစ်နိုင်မလား?!ဝှက်သဖက်!!
ဆုနို၏မေးရိုး ပြုတ်ကျသွားတော့သည်။
"ဘာဖြစ်နေတာလဲ?" ကျုံးလီဖုန်းပိုင်သည် သူ့ရှေ့တွင် သူ့လက်တွေကို ဝှေ့ယမ်းလိုက်သည်။
"မင်းနားလည်မှာမဟုတ်ဘူး။" ဆုနိုသည် ဝမ်းနည်းမှုကြောင့် မျက်နှာဖြူဖျော့သွားသည်။
သူသိလိုက်သည်နှင့် သူ့အတွက် ကြီးစွာထိုးနှက်ချက် ဖြစ်ခဲ့သည်။ အမှန်တကယ်ပင် သူက အစ်ကိုကြီး၏စောင့်ရှောက်မှုအောက်တွင် ရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် လွတ်လပ်ပြီး အလုပ်ကြိုးကြိုးစားစားရှိတဲ့ လူတစ်ဦးဖြစ်လာခြင်းဟူသော ယူဆချက်မှာ အပေါ်ယံမျှသာ။
"သေချာတာပေါ့။ မင်းငါ့ကိုမပြောရင် ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ?" ကျုံးလီဖုန်းပိုင်သည် သူ့အား မကျေနပ်ကြောင်း ဖွင့်ဟခဲ့သည်။
“ugh...” ဆုရှောင်းနိုတစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
ကြီးမားတဲ့ ကျောက်တုံးကြီးတစ်တုံးက သူ့နှလုံးသားကို ဖိချနေသလို ခံစားရသည်။
"မင်း ဘာဖြစ်နေတာလဲ?" ကျုံးလီဖုန်းပိုင်သည် သူ ဘာတွေဖြစ်ချင်နေတာလဲ ဆိုတာကို သိချင်လွန်းလို့ တရွရွဖြစ်နေပြီ။
ရက်အနည်းငယ်အကြာတွင် ကစားကြမည့် ကာစီနိုတွင် အကြိတ်အနယ် ပြတ်ပြတ်သားသား တစ်ကြိမ် အနိုင်ရရှိဖို့ လိုအပ်သေး၏။ဆုနိုသည် ဒါရိုက်တာကျုံး၏လက်ကို မကိုင်မီ သူလက်များကို လက်သီးအဖြစ်ဆုပ်ကာ ပြောလိုက်သည်။ "လော့လီနဲ့ ခပ်ဝေးဝေးမှာနေ"
"ဘာလို့လဲ?" ကျုံးလီဖုန်းပိုင် အံ့ဩသွားသည်။
"ဘာလို့လဲဆိုတော့ သူက နှာဘူးကောင်မို့လို့ပဲ။" ဆုရှောင်းနိုသည် အဓိကခေါင်းစဥ်ကို ဦးတည်လိုက်သည်။ "သူက ငါ့ကို လိင်ပိုင်းဆိုင်ရာအရ နှောင့်ယှက်ချင်နေတာ"
"ဟင်?" ကျုံးလီဖုန်းပိုင်သည် ပြင်းပြင်းထန်ထန် အသက်ကိုရှူ ရှိုက်လိုက်ပြီး "ဒါရိုက်တာအိုးရန်လုံ သိလား?"
"ဘယ်သိပါ့မလဲ!သူက အလုပ်များနေတာလေ။ အဲဒါကို ငါက ဘယ်လိုလုပ်ပြီး အနှောင့်အယှက်ပေးနိုင်ရမှာလဲ?” ဆုနို သေချာစဉ်းစားပြီးပြီ။
"ဒါပေမယ့် ဂျက်ဆန်က လော့လီကဖော်ရွေတတ်တယ်လို့ ပြောတယ်" ကျုံးလီဖုန်းပိုင်သည် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ပုံမှန်ပဲ! သူက ဂျက်ဆန်ကို လိင်ပိုင်းဆိုင်ရာ စော်ကားချင်တာမျိုးမှ မဟုတ်တာ။ ဒါကြောင့် သူ့ပင်ကိုယ်သဘောသဘာဝကို သိသာထင်ရှားစွာ ဖုံးကွယ်ထားလိမ့်မယ်။ဂျက်ဆန်က တကယ်ကို ကြမ်းကြမ်းတမ်းတမ်းသမားလေ။ သူ့ကို ကြုံရာကျပမ်းလူတစ်ယောက်က လိင်ပိုင်းဆိုင်ရာအရ လာပြီးနှောင့်ယှက်ရဲမှာ မဟုတ်ဘူး။ အရမ်းအရသာရှိတဲ့ သူတစ်ယောက်ကသာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှာ။ ”
"ဒါဆို မင်းလို ခပ်သွယ်သွယ်ကောင်လေးတွေကို ကြိုက်တာလား?" ကျုံးလီဖုန်းပိုင်က မေးလိုက်သည်။
ခဏနေအုံး! ငါ့ကို 'ခပ်သွယ်သွယ်' လို့ ပြောလိုက်တာလား? 'ခပ်သွယ်သွယ်' ဆိုတဲ့စကားလုံးက မိန်းကလေးဆန်လွန်းတယ်။ဆုနိုသည် ဒေါသပုန်ထတော့သည်။ "ငါက ရဲရင့်တာ,အိုခေ!" ဒါက အများကြီး ပိုပြီး manly ဖြစ်စေတဲ့ နာမဝိသေသနစကားလုံးပဲ!
"ခေ...နောက်တစ်ခါ သူနဲ့တွေ့တဲ့အခါ မှတ်ထားလိုက်မယ်" ကျုံးလီဖုန်းပိုင်သည် တကယ် မယုံကြည်ပေမယ့်လည်း သူနဲ့အပြိုင် မငြင်းဆန်ခဲ့ပေ။
"သူ မင်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ဖို့ကြိုးစားလာရင် သူ့ဘောကို ပြင်းပြင်းထန်ထန် ကန်လိုက်နော်" ဆုနိုရဲ့ လေသံကိုက ရက်စက်သည့်ပုံပင်။
ကျုံးလီဖုန်းပိုင် ပြန်လည် ပြောလိုက်သည်။ "မင်းကြည့်ရတာ လူဆိုးကောင်နဲ့တူတယ်"
ကောင်းပြီ!ငါက အမိုက်စား လူဆိုးကောင်ပဲ!
ဆုနို၏စိတ်ထဲတွင် လက်မထောင်ပြလိုက်သည်။တကယ့်ကို စူးရှတဲ့ ထိုးထွင်းဉာဏ်ပဲ!
"သူက မင်းကို ဘယ်လိုလိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာလဲ?" ကျုံးလီဖုန်းပိုင် သိချင်လာသည်။
မေးခွန်းကောင်းပဲ!ဆုရှောင်းနိုသည် ချက်ချင်းဆိုသလို အကျိုးမဲ့အကြောင်းမဲ့ ပြောဆိုတော့သည်။ "သူ ငါ့ကိုစတွေ့တုန်းက သူက ငါ့ကိုချစ်တဲ့အကြောင်း ရူးသွပ်စွာဝန်ခံပြီး ငါ့လက်ကိုတောင် ကိုင်ဖို့ကြိုးစားခဲ့တယ်!" အတင်းအဖျင်းသတင်းတွေဆိုတာက ချဲ့ကားရမယ်။အဖြစ်မှန်ကို အတင်းပြောတာက အမြဲလိုလို ချဲ့ကားလွန်းတဲ့ အတင်းအဖျင်းပဲ ဖြစ်လိမ့်မယ်!
"အဲ့တုန်းက မင်းဘာပြန်လုပ်ခဲ့လဲ?" ကျုံးလီဖုန်းပိုင်သည် အနည်းငယ် ထိတ်လန့်သွားသည်။
"ငါ့ သူ့ကို ရိုက်နှက်ကန်ကျောက်ပစ်ခဲ့တယ်" ဆုနိုက ချောချောမွေ့မွေ့ ဆက်ပြောသည်။တကယ့်ကို ဂုဏ်ကျက်သရေရှိလွန်းတယ်!
"..........."
"မင်း? သူ့ကို ရိုက်နှက်ကန်ကျောက်လိုက်တယ်?” ကျုံးလီဖုန်းပိုင်က သံသယဖြစ်မိသည်။
"ဟုတ်တယ်!" ဆုနိုက ခပ်မြန်မြန်ဖြေသည်။
“တစ်ခြားအကြောင်းကိုပဲ ပြောင်းရအောင်…” ကျုံးလီဖုန်းပိုင်၏ စိတ်ဝင်စားမှုက ချက်ချင်း လျော့ကျသွားသည်။
"မင်းငါ့ကိုမယုံဘူးလား?" ဆုနို အော်ဟောက်လိုက်သည်။
"မင်းမရိုက်ခင်မှာ မင်းပြောသမျှ စကားလုံးတစ်လုံးတိုင်းကို ငါယုံခဲ့တယ်" ကျုံးလီဖုန်းပိုင်သည် အပြစ်ကင်းပုံပေါက်နေသည်။ ဆုနိုက အခြားသူကို ရိုက်နှက်ကန်ကျောက်တယ်ဆိုတာက မယုံနိုင်လောက်အောင်ပင် မယုံနိုင်ဖွယ်ရာ ဖြစ်ပြီး ယုံကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
"အဲဒီတုန်းက ကြောက်စရာကောင်းတဲ့ မြင်ကွင်း ဖြစ်ခဲ့တယ်!" ဆုနိုသည်ကား သူ၏စိတ်ကူးစိတ်သန်းတွေကို ပေါက်တက်ကရ ထုတ်လွှတ်နေဆဲ ဖြစ်၏။ "သူက အိမ်ဝိုင်းကန်ချက်ကိုတောင် အသုံးပြုခဲ့သေးတယ်!"
ကျုံးလီဖုန်းပိုင် သမ်းဝေလိုက်သည်။
“.....” လာစမ်းပါ။ လေးစားသမှုလေးတော့ ပြလေ။ဆုရှောင်းနိုသည် သူ့ကို စူးစူးရဲရဲ အကြည့်တစ်ချက် ပို့လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ကျုံးလီဖုန်းပိုင်သည် လုံးဝပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ပေ။ ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းကို သူနားထောင်ဖို့ ငြင်းဆိုခဲ့ရုံသာမကဘဲ 'မုချိုးက ရေချိုးပြီး အနားယူဖို့ လိုတယ်' ဆိုတဲ့ ဆင်ခြေကိုတောင်သုံးပြီး သူတို့နှစ်ယောက်ကို အတင်းအကြပ် နှင်လွှတ်လိုက်သေးသည်။ သေချာတာကတော့ သူက ဧည့်ဝတ်မကျေဘူးပဲ!
"သူဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရတာလဲ!" ဆုနိုသည် ကားပေါ်မတက်မချင်း ငြီးတွားပြီး "နောက်တစ်ခါ ဧည့်သည်သရုပ်ဆောင်အနေနဲ့လာလုပ်ခိုင်းရင် သူ့ကို ငြင်းပစ်လိုက်မယ်!"
အိုးရန်လုံ သူ့ဘက်သို့ လှည့်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
ဆုနို စိတ်ရှုပ်သွားသည်။ဒါရိုက်တာကြီးက ဘာလို့မမောင်းသေးရတာလဲ? ပြင်သစ်အနမ်းလိုချင်တယ်လို့ ပြောမလို့လား?
စိတ်ကူးကောင်းလိုက်တာ!ကျွန်တော်တို့ အခု တစ်roundလောက် ရနိုင်သေးတယ်။
ဆုနိုသည် idol ဒရာမာဇာတ်ကားထဲက အဓိကဇာတ်ဆောင်တစ်ယောက်လို ချစ်သူထံမှ ပြင်းပြင်းရှရှအနမ်းကို ကြိုဆိုဖို့ရာ ဆုံးဖြတ်လိုက်ပြီး သူ့မျက်လုံးတွေ မှိတ်ချလိုက်သည်။
သို့သော် အိုးရန်လုံထံမှ ရရှိသည့်တစ်ခုတည်းသောအရာ မေးခွန်းတစ်ခုပင်။
"မင်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ဖို့ ဘယ်သူက ကြိုးစားနေတာလဲ?"
အို...shittt!
ဒီမေးခွန်းက ကြည်လင်တဲ့ ကောင်းကင်ယံမှ ထွက်ပေါ်လာတာပဲ!
တခဏအတွင်းမှာပဲ ဆုနိုရဲ့မျက်နှာက 'This is Sparta' meme ထဲမှာ အတပ်ခံလိုက်ရတော့သည်။
အခု သူ့လူကြီးက ဘာပြောလိုက်တာလဲ?
"ကိုယ့်ကို ပြောပြ,ဟုတ်ပြီလား?" အိုးရန်လုံသည် သူ့ပါးလေးကို ညစ်လိုက်သည်။
"ဘာ...ဘာတွေပြောနေတာလဲ?" ဆုနိုသည် နှာခေါင်းလေးကိုကုတ်ရင်း ဖုံးကွယ်ဖို့ရာ ကြိုးစားခဲ့သည်။
"အဲဒီတုန်းက ဒါရိုက်တာကျုံးနဲ့ ဘာတွေပြောခဲ့လဲ ပြောပါဦး။" အိုးရန်လုံရဲ့ လေသံက ပျော့ပျောင်းနေပေမယ့် သူ့မျက်လုံးထဲမှာတော့ ဒေါသလှိုင်းတွေက ပေါ်နေတုန်းပင်။
“အချစ်....” ဒီအချိန်ဟာ ချိုမြိန်တဲ့ စကားလုံးလေးတွေကို သုံးပြီးပြောဆိုဖို့ အကောင်းဆုံး ကြိုးစားရမယ့် အချိန်ပါပဲ။
“လိမ္မာပါကွာ။ကိုယ် မင်းကို အပြစ်မတင်ပါဘူး။ဘာဖြစ်တာလဲ ပြောပြရမယ်လေ။" အိုးရန်လုံသည် သူ့ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး "ဒီကို လာ"
“အင်း...စပွန်ဆာ...” ဆုရှောင်းနိုသည် မပြောချင်ပေမယ့် မစ္စတာဒါရိုက်တာကို ဆက်ပြီး မပြောဘဲနေ,နေရင် သူ ဒေါသထွက်သွားမှာ သေချာ၏။ ထို့ကြောင့် ဆုနိုသည် နာခံစွာဖြင့် ချောင်းတစ်ချက် ဆိုးလိုက်ပြီး "သူက ကျွန်တော်ကို တစ်ဖက်သတ်ကြိုက်နေတာ!"
"ဘယ်သူလဲ?"အိုးရန်လုံ မေးလိုက်သည်။
ဆုနိုသည် ချက်ချင်း တုန်တက်သွားသည်။
အဲဒါကို ဘယ်လို ပြောပြရမှာလဲ?လော့လီက ငါ့အစ်ကိုကြီးနဲ့ ကာစီနိုကို ရက်အနည်းငယ်ကြာရင် သွားရအုံးမယ်လေ။
သူ့နာမည်ကို အခုပဲ ထုတ်ဖော်လိုက်မယ်ဆိုရင် သူ့ရဲ့ချောမောခန့်ညားတဲ့ ချစ်သူက သူကို သွားရှာပြီး ရန်သွားဖြစ်မှာ သေချာတယ်။ ထုံးစံအတိုင်း သူက အဲ့ဒီနှာဘူးကောင်ကို အသားချောင်းဖြစ်သွားတဲ့အထိ အနိုင်ယူလိုက်မယ်ဆိုရင် ကျေနပ်ဖွယ်ကောင်းလိမ့်မယ်။ ဒါပေမယ့်လည်း ဒါက သူ့အစ်ကိုကြီးရဲ့ မဟာမိတ်တစ်ဦးကို ဆုံးရှုံးရလိမ့်မည် ဆိုတဲ့အဓိပ္ပါယ်ပဲ။
ဒါတောင် တိုက်ပွဲမှာ သူ(လော့လီ) ရှုံးနိုင်တယ်လို့ မဆိုနိုင်ဘူး။ပြောရရင် သူ့(အိုးရန်လုံ)ရဲ့ပြိုင်ဘက်က ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးဂိုဏ်းကလေ!
ဘယ်လောက်ခက်တဲ့မေးခွန်းလဲ!
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၈၇):အၾကားအာ႐ုံေကာင္းခ်က္ ႏွင့္ သူ႕ကို ငါေျပာသင့္လား?
“ေစာေသးတယ္။ ေဆး႐ုံသြားၾကရေအာင္။" အိုးရန္လုံသည္ ကားေမာင္းေနရင္း အၾကံျပဳလိုက္သည္။
“သြားၾကမယ္ေလ။”ဆုႏိုသည္ သူ႕ႏႈတ္ခမ္းေပၚက ေဆာစ္အနည္းငယ္ကို စုပ္လိုက္ၿပီး "ဥကၠဌမုေကာ ဘယ္လိုေနေသးလဲ?"
"အေျခအေနက သိပ္မဆိုးဘူးလို႔ ထင္တယ္။ ကိုယ္ ဒီေန႔ သူ႕ဆီဖုန္းေခၚေတာ့ ဒါ႐ိုက္တာက်ံဳးက သူ အနားယူေနတယ္လို႔ ေျပာတယ္။"
က်ံဳးလီဖုန္းပိုင္က မုခ်ိဳးအစား ဖုန္းေျဖေပးေနတယ္ေပါ့။ ဟမ္...ဆုေ႐ွာင္းႏိုသည္ ခ်က္ျခင္းျငဴစူမိသြားသည္။ ဒါက ဇနီးေမာင္ႏွံႏွင့္ ပိုတူေစတာေၾကာင့္ မစၥတာဒါ႐ိုက္တာ၏ေခၚဆိုမႈေတြကိုလည္း သူက အစားေျဖေပးခ်င္မိသည္။
_____________________________
"ဒါေနာက္ဆုံးပဲ။နည္းနည္း က်န္တာေလးေတြကို စားၿပီးရင္ ၿပီးၿပီ" က်ံဳးလီဖုန္းပိုင္သည္ ေဆး႐ုံခန္းထဲတြင္ မုခ်ိဳးကို ညလယ္စာ ေကြၽးေနသည္။
"ဒီေန႔ ဒါက ကိုယ့္ရဲ႕ပၪၥမအႀကိမ္ေျမာက္ စားတာေနာ္။" မုခ်ိဳးက သတိေပးလိုက္သည္။
"အဲ့ေတာ့ ဘာျဖစ္လဲ?!"က်ံဳးလီဖုန္းပိုင္သည္ ဇြန္းကို ပါးစပ္နားသို႔ တြန္းလိုက္သည္။
"ကိုယ္ ဗိုက္ျပည့္ၿပီ။" မုခ်ိဳးသည္ အျပစ္ကင္းသည့္အၾကည့္ေလးျဖင့္ ၾကည့္လိုက္သည္။
"........."
က်ံဳးလီဖုန္းပိုင္သည္ ေအးစက္စက္ျဖင့္ "ဟြန္႔" တစ္ခ်က္ေပးလိုက္သည္။
ခင္ဗ်ားကို*ခ်က္ေပးခ်င္လို႔*ခ်က္ေပးေနတာ*မဟုတ္ဘူး*ဘာလို႔လဲဆိုေတာ့*ခင္ဗ်ားကို သနားလို႔!
"ထားလိုက္ပါ။ကိုယ္ ၿပီးရင္စားလိုက္ပါ့မယ္" မုခ်ိဳးသည္ သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး "ဒီေန႔ မင္း အနားယူေနတာ မေတြ႕မိေသးဘူး"
က်ံဳးလီဖုန္းပိုင္သည္ ငါးဆန္ျပဳတ္အနည္းငယ္ကို အၿပီးမသတ္မီ သူ႕လက္ကို ျဖည္းညႇင္းစြာ ႐ုပ္သိမ္းလိုက္သည္။
"......."
ဥကၠဌမု၏အျမင္အာ႐ုံမွာ မႈန္ဝါးေနေသာ္လည္း သူ တစ္လုံးတစ္ဝတည္း စိတ္လႈပ္႐ွားသြားရသည္။
ငါ့အက်န္ေတြကို စားလိုက္တယ္!
ထို႔ေၾကာင့္ သူ “ဒါလင္.....” ဟု ခ်စ္ျမတ္ႏိုးစြာ ေခၚခဲ့မိ၏။
"ပါးစပ္ပိတ္ထား!" က်ံဳးလီဖုန္းပိုင္သည္ မုခ်ိဳး၏ႏူးညံ့သည့္စကားလုံးေတြကို နားမေထာင္ႏိုင္
သည့္အတြက္ သန္႔စင္ခန္းဆီသို႔ ေလွ်ာက္သြားခဲ့သည္။
သူ ေသသာေသလိုက္ခ်င္တယ္!
မုခ်ိဳးသည္ကား ကုတင္ေပၚတြင္ လွဲေနလ်က္သား တစ္ေယာက္တည္း က်န္ရစ္ခဲ့သည္။ေမွ်ာ္လင့္ထားသည့္အတိုင္း အသက္ႀကီးစုံတြဲေတြလိုဆက္ဆံေရးမ်ိဳး႐ွိေနတာ မယုံႏိုင္စရာပဲ။
“ၾကည့္စမ္း။မင္း အျပဳံးႀကီးက ဘယ္ေလာက္ညစ္ညမ္းေနလဲ?” အိုးရန္လုံသည္ တံခါးဝတြင္ ရပ္ကာ အထင္အျမင္ေသးစြာ ၾကည့္ေန၏။
"ပါးစပ္ပိတ္ထား!" မုခ်ိဳးသည္ တံခါးနားက ခပ္ဝါးဝါးပုံေပါက္ေနတဲ့ပုံရိပ္ကို ၾကည့္ကာ ေအာ္ေဟာက္လိုက္ၿပီး "မင္း ဒီကိုမလာဘဲ ဆုႏိုနဲ႔ အခ်စ္ကိစၥေလးေတြ မလုပ္ရတာလဲ?"
မင္းအခ်စ္ကိစၥေတြကိုဖန္တီးႏိုင္တယ္ဆိုရင္ မင္း ဘာလို႔ဒီကိုေရာက္ေနရတာလဲ!စိတ္ထဲမွာ လုပ္ရတာ ပ်င္းလာေနလို႔လား?
"အင္း...ကြၽန္ေတာ္တို႔ ဥကၠဌမုဆီကို အလည္လာခဲ့တာပါ"
ဆုေ႐ွာင္းႏို၏မ်က္ႏွာသည္ ခ်က္ခ်င္းနီျမန္းသြားေတာ့သည္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ 'အခ်စ္ကိစၥေလးေတြ လုပ္' ဆိုတဲ့စကားကိုၾကားရတာ အရမ္း႐ွက္စရာေကာင္းတယ္ေလ!
shit! မုခ်ိဳး၏မ်က္ႏွာသည္ ခ်က္ခ်င္းပင္ အျပဳံးတစ္ခုလို ပြင့္လန္းသြားၿပီး စူးစမ္းလိုစိတ္မ်ား ျပည့္ႏွက္ေနေတာ့သည္။
သူတို႔*အတူတူ*ဒီကို*လာခဲ့တယ္ေပါ့!
ဒါအမွန္ပါပဲ(ေရးထားတာ အမွန္ပါပဲ)။မုခ်ိဳးသည္ သူ႕အခ်စ္ေလးရဲ႕ ၾသဇာလႊမ္းမိုးမႈကို ခံလိုက္ရေလသည္။
စကားလုံးတစ္လုံးကို*တစ္ခ်ိန္တည္းမွာ*တစ္ျဖတ္*ေျပာရမယ္!
"ဟမ္?ႏိုႏို?" က်ံဳးလီဖုန္းပိုင္သည္ ေရခ်ိဳးခန္းထဲက ထြက္လာၿပီး အံ့အားသင့္သြားကာ "မင္းတို႔ႏွစ္ေယာက္ ဘာလို႔ အတူတူလာတာလဲ?ပါပါရာဇီေတြ ဖမ္းမိသြားမွာကို မင္းမစိုးရိမ္ဘူးလား?"
"ရပါတယ္။ ငါတို႔ သတိထားၿပီးလာတာပါ။" ဆုႏိုသည္ ထိုင္ခုံေပၚထိုင္ၿပီး "ဥကၠဌမု သက္သာလာၿပီလား?"
"သူ႕ဒဏ္ရာေတြက ေပ်ာက္လုနီးပါးျဖစ္ေနၿပီ၊ ဒါေပမယ့္ သူ႕အျမင္အာ႐ုံေတြကေတာ့ မႈန္ဝါးေနတုန္းပဲ။" က်ံဳးလီဖုန္းပိုင္သည္ သူ႕ကို ေရတစ္ဘူး ေပးကာ "ဒါေပမယ့္ အဆင္ေျပပါတယ္။ သူက အခုခ်ိန္မွာ အလုပ္ေတြ လုပ္စရာမလိုတဲ့အတြက္ သူ႕အခ်ိန္နဲ႔သူ ျပန္သက္သာလာႏိုင္ပါတယ္။”
“အလႊာေပါင္းစုံ ေ႐ွာ့ပင္းေမာလ္ ေစ်းကြက္ထဲဝင္ဖို႔ မင္းနဲ႔ ေဆြးေႏြးဖို႔ ငါ့သူငယ္ခ်င္းတစ္ေယာက္က အခ်ိန္ရမလား ဖုန္းဆက္ေမးထားတယ္။" အိုးရန္လုံသည္ မုခ်ိဳးေ႐ွ႕မွာ သူ႕လက္ေတြကို ေဝွ႔ယမ္းလိုက္ၿပီး "ေနာက္သုံးလေလာက္ၾကာရင္ ရက္ခ်ိန္းေပးေစခ်င္လား?"
“အဲဒါက ၾကာလြန္းတယ္။ တစ္လပဲ။" မုခ်ိဳး၏ ျပန္ေျဖခ်က္ကေတာ့ အေၾကာင္းရင္းႏွင့္ ျပည့္ေန၏။
“တစ္လအတြင္း ဘယ္လိုလုပ္ၿပီး ျပန္သက္သာလာမွာလဲ? အနည္းဆုံး ႏွစ္ဝက္ေလာက္ အနားယူရမယ္!" က်ံဳးလီဖုန္းပိုင္သည္ မုခ်ိဳး၏ဆုံးျဖတ္ခ်က္အေပၚ ေစာင္စိုျဖင့္ တစ္ခ်က္တည္း ပစ္ခ်လိုက္ၿပီး သူ၏ေလသံမွာ ေရခဲကဲ့သို႔ ေအးစက္သြားသည္။
"ႏွစ္ဝက္?" မုခ်ိဳး၏မ်က္ႏွာသည္ မႈန္ကုပ္ကုပ္ ျဖစ္သြားသည္။ သူ႕ေန႔ရက္ေတြကို ေအးေအးေဆးေဆး ကုန္ဆုံးခ်င္ေပမယ့္ ေျခာက္လလုံး အလုပ္မလုပ္ရေတာ့ဘူးဆိုရင္ေတာ့ သူ ေၾကကြဲသြားမွာ ေသခ်ာ၏။
"ဘာလဲ?ခင္ဗ်ားအတြက္ အရမ္းၾကာေနၿပီလား?" က်ံဳးလီဖုန္းပိုင္သည္ သူ႕ေလသံကို ျမႇင့္လိုက္သည္။
"မဟုတ္ပါဘူး။" မုခ်ိဳးသည္ ခ်က္ခ်င္းပင္ သူ႕မ်က္ႏွာေပၚတြင္ ေလးနက္သည့္အမူအရာကို ထားလိုက္ၿပီး "ကိုယ္မင္းနဲ႔ ေန႔တိုင္း႐ွိေနရရင္ ရာစုႏွစ္ဝက္ေတာင္မွ မ်က္စိတစ္မွိတ္လို႔ပဲ ခံစားရလိမ့္မယ္!" ငါ ဘယ္ေလာက္ေခ်ာေခ်ာေမြ႕ေမြ႕ေျပာႏိုင္လဲ ၾကည့္ၾကည့္လိုက္!
ဒါ႐ိုက္တာက သူ႕ကို လက္မေထာင္ျပလိုက္သည္။ထိုကဲ့သို႔ အ႐ွက္မဲ့ျခင္းက ခ်ီးက်ဴးစရာပင္။
"ဘာလို႔ လက္ဖက္ရည္ေသာက္ဖို႔ လသာေဆာင္ကို မသြားတာလဲ?" ဆုႏိုသည္ က်ံဳးလီဖုန္းပိုင္၏လက္ကို ဆြဲကာ "အလုပ္ကိစၥ ေဆြးေႏြးၾကေလ"
အလုပ္ကိစၥေတြက ပ်င္းစရာႀကီး။ေလာ့လီဆိုတဲ့ ႏွာဘူးေကာင္လုပ္ငန္း႐ွင္ အေၾကာင္း အတင္းေျပာရတာက ပိုၿပီး စိတ္ဝင္စားစရာေကာင္းေသးတယ္။
လသာေဆာင္သည္ ေဆး႐ုံ၏ အျပင္ဘက္တြင္႐ွိသည္။ ေလထုထဲတြင္ ပန္းရနံ႔မ်ားျဖင့္ ထုံေမႊးပ်ံ႕ေနၿပီး ၾကယ္ပြင့္မ်ားကလည္း ေကာင္းကင္ကို အလွဆင္ထားေသာေၾကာင့္ အေတာ္ေလး စတိုင္က်လွသည္။
ဒီလိုပတ္ဝန္းက်င္ေအာက္မွာ ဟိုစပ္စပ္ဒီစပ္စပ္စကားေျပာရတာ အရမ္းလိုက္ဖက္၏။
“႐ူ႕ခင္းေကာင္းပဲ။” အိုးရန္လုံသည္ လသာေဆာင္႐ွိ bottom ေလး ႏွစ္ေယာက္ဆီမွ သူ႕အၾကည့္ကို လႊဲလိုက္သည္။
“ေသာက္ပါးစပ္ကို ပိတ္ထားၿပီး အလုပ္အေၾကာင္းေျပာဖို႔ ဒီကို လာခဲ့ေတာ့!” ဥကၠဌမုသည္ ဘာကိုမွ မျမင္ႏိုင္တာေၾကာင့္ သူ႕အတြက္ေတာ့ ေလွာင္ရယ္ခံရသလိုပင္။မနာလိုမႈေတြ၊ မုန္းတီးမႈေတြႏွင့္ ဝန္တိုမႈေတြက မနည္း ဖိႏွိပ္ခံထားရလို႔ ထြက္လာတဲ့အသံမွာ အသံၾသႀကီးအျဖစ္ ထြက္လာ၏။
“ေသာက္ၾကည့္” က်ံဳးလီဖုန္းပိုင္သည္ ဆုႏိုကို လက္ဖက္ရည္တစ္ခြက္ ငွဲ႔ေပးခဲ့ၿပီး "ဒါက မုခ်ိဳးရဲ႕ တန္ဖိုး႐ွိတဲ့ collections ထဲက လက္ဖက္ေျခာက္ပဲ"
"မင္းတို႔ႏွစ္ေယာက္က ရင္းရင္းႏွီးႏွီး႐ွိေနၾကတာပဲ" ဆုႏိုသည္ သူ႕ရဲ႕ေလးစားသမႈကိုျဖင့္ ႐ိုးသားစြာ မႈန္ဝါးဝါးေျပာလိုက္သည္။ သူသည္ အမာ႐ြတ္နဲ႔ေလာ့လီအေၾကာင္းကို ခ်က္ခ်င္း အတင္းေျပာလိုေသာ္လည္း 'လုပ္ငန္း႐ွင္တစ္ေယာက္က မၾကာေသးမီကပဲ ငါ့ကို မ်က္စိက်ေနတယ္' လို႔ စၿပီး စကားစ ေျပာလိုက္တာက အနည္းငယ္အႏွစ္သာရ မဲ့လြန္းေသာေၾကာင့္ ခ်ံဳပုတ္တစ္ဝိုက္ကို အရင္႐ွင္းၿပီးမွ ေခါင္းစဥ္ကို ျဖည္းညႇင္းစြာ ဦးေဆာင္သြားျခင္းက ပိုေကာင္းသည္။
"တျခား အေၾကာင္းကိုပဲ ေျပာရေအာင္။" က်ံဳးလီဖုန္းပိုင္၏tsundere ဆန္ဆန္မ်က္ႏွာထားသည္ ပန္းႏုေရာင္ထသြားေလသည္။
ငါက*သူနဲ႔*လုံးဝ*ရင္းရင္းႏွီးႏွီး*႐ွိေနတာ*မဟုတ္ဘူး!
အိုေခၿပီ။ငါက အဲဒီစကားကိုၾကားဖို႔ ေစာင့္ေနတာ! ခ်က္ျခင္းပင္ ဆုႏို အလ်င္စလိုေမးလိုက္သည္။ "အိမ္ယာလုပ္ငန္း႐ွင္ ေလာ့လီအေၾကာင္း မင္းသိလား?"
က်ံဳးလီဖုန္းပိုင္က ဤကဲ့သို႔ေသာ အဓိပၸာယ္မဲ့တဲ့ နာမည္ကိုၾကားလိုက္ရလွ်င္ သုံးမိနစ္ၾကာေအာင္ ရယ္ေနမည္မွာ ေသခ်ာသည္။
သို႔ေသာ္ သူ၏ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ ဆန္႔က်င္ဘက္ျဖစ္စြာ ဒါ႐ိုက္တာက်ံဳးက ပုံမွန္အတိုင္း ေခါင္းညိတ္ျပလိုက္ကာ “သိတယ္။ဂ်က္ဆန္ ငါ့ဆီကို ဟိုတေလာတုန္းက ဖုန္းေခၚၿပီး သူက ငါ့႐ုပ္႐ွင္ကို စပြန္ဆာေပးခ်င္တယ္လို႔ ေျပာခဲ့ေသးတယ္။”
Wut?!ဆုႏို၏အေတြးရထားက ျပတ္ေတာက္သြား၏။
"သူက ဂ်က္ဆန္နဲ႔ ဆက္ဆံေရးေကာင္း႐ွိေနတာပဲ။ ဘာျဖစ္လို႔လဲ?" က်ံဳးလီဖုန္းပိုင္က ေမးလိုက္သည္။
"...ခဏေလာက္ေနပါဦး" ဆုႏို၏အမူအရာမွာ ေလးနက္စြာျဖင့္ "ငါ့အေတြးေတြကို ျပန္စီပါရေစဦး"
က်ံဳးလီဖုန္းပိုင္ သူ႕ကို ရယ္ခ်င္မိ၏။ "ဘာအတြက္လဲ?"
သို႔ေသာ္ ဆုႏိုသည္ သူ႕စိတ္အေျခအေနမွာ အနည္းငယ္ ဖ႐ိုဖရဲျဖစ္ေနေသာေၾကာင့္ သူ႕အား အေျဖျပန္မေပးႏိုင္ေပ။
သူ႕႐ုပ္႐ွင္ေတြကို စပြန္ဆာေပးတာက သိပ္ေတာ့ ႀကီးႀကီးမားမားကိစၥမဟုတ္ဘူး။ဒါေပမယ့္ သူက ဂ်က္ဆန္နဲ႔ သူငယ္ခ်င္းေတြျဖစ္ၿပီး အစ္ကိုႀကီးကလည္း ေလာ့လီနဲ႔လည္း သူငယ္ခ်င္းေတြ... ဒါဆို အစ္ကိုႀကီးက ဂ်က္ဆန္နဲ႔ သူငယ္ခ်င္းေတြ ျဖစ္ႏိုင္မလား?!ဝွက္သဖက္!!
ဆုႏို၏ေမး႐ိုး ျပဳတ္က်သြားေတာ့သည္။
"ဘာျဖစ္ေနတာလဲ?" က်ံဳးလီဖုန္းပိုင္သည္ သူ႕ေ႐ွ႕တြင္ သူ႕လက္ေတြကို ေဝွ႔ယမ္းလိုက္သည္။
"မင္းနားလည္မွာမဟုတ္ဘူး။" ဆုႏိုသည္ ဝမ္းနည္းမႈေၾကာင့္ မ်က္ႏွာျဖဴေဖ်ာ့သြားသည္။
သူသိလိုက္သည္ႏွင့္ သူ႕အတြက္ ႀကီးစြာထိုးႏွက္ခ်က္ ျဖစ္ခဲ့သည္။ အမွန္တကယ္ပင္ သူက အစ္ကိုႀကီး၏ေစာင့္ေ႐ွာက္မႈေအာက္တြင္ ႐ွိေနဆဲျဖစ္ၿပီး ေနာက္ဆုံးတြင္ လြတ္လပ္ၿပီး အလုပ္ႀကိဳးႀကိဳးစားစား႐ွိတဲ့ လူတစ္ဦးျဖစ္လာျခင္းဟူေသာ ယူဆခ်က္မွာ အေပၚယံမွ်သာ။
"ေသခ်ာတာေပါ့။ မင္းငါ့ကိုမေျပာရင္ ငါ ဘယ္လိုလုပ္ၿပီး သိမွာလဲ?" က်ံဳးလီဖုန္းပိုင္သည္ သူ႕အား မေက်နပ္ေၾကာင္း ဖြင့္ဟခဲ့သည္။
“ugh...” ဆုေ႐ွာင္းႏိုတစ္ေယာက္ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
ႀကီးမားတဲ့ ေက်ာက္တုံးႀကီးတစ္တုံးက သူ႕ႏွလုံးသားကို ဖိခ်ေနသလို ခံစားရသည္။
"မင္း ဘာျဖစ္ေနတာလဲ?" က်ံဳးလီဖုန္းပိုင္သည္ သူ ဘာေတြျဖစ္ခ်င္ေနတာလဲ ဆိုတာကို သိခ်င္လြန္းလို႔ တ႐ြ႐ြျဖစ္ေနၿပီ။
ရက္အနည္းငယ္အၾကာတြင္ ကစားၾကမည့္ ကာစီႏိုတြင္ အႀကိတ္အနယ္ ျပတ္ျပတ္သားသား တစ္ႀကိမ္ အႏိုင္ရ႐ွိဖို႔ လိုအပ္ေသး၏။ဆုႏိုသည္ ဒါ႐ိုက္တာက်ံဳး၏လက္ကို မကိုင္မီ သူလက္မ်ားကို လက္သီးအျဖစ္ဆုပ္ကာ ေျပာလိုက္သည္။ "ေလာ့လီနဲ႔ ခပ္ေဝးေဝးမွာေန"
"ဘာလို႔လဲ?" က်ံဳးလီဖုန္းပိုင္ အံ့ဩသြားသည္။
"ဘာလို႔လဲဆိုေတာ့ သူက ႏွာဘူးေကာင္မို႔လို႔ပဲ။" ဆုေ႐ွာင္းႏိုသည္ အဓိကေခါင္းစဥ္ကို ဦးတည္လိုက္သည္။ "သူက ငါ့ကို လိင္ပိုင္းဆိုင္ရာအရ ေႏွာင့္ယွက္ခ်င္ေနတာ"
"ဟင္?" က်ံဳးလီဖုန္းပိုင္သည္ ျပင္းျပင္းထန္ထန္ အသက္ကို႐ွဴ ႐ိႈက္လိုက္ၿပီး "ဒါ႐ိုက္တာအိုးရန္လုံ သိလား?"
"ဘယ္သိပါ့မလဲ!သူက အလုပ္မ်ားေနတာေလ။ အဲဒါကို ငါက ဘယ္လိုလုပ္ၿပီး အေႏွာင့္အယွက္ေပးႏိုင္ရမွာလဲ?” ဆုႏို ေသခ်ာစဥ္းစားၿပီးၿပီ။
"ဒါေပမယ့္ ဂ်က္ဆန္က ေလာ့လီကေဖာ္ေ႐ြတတ္တယ္လို႔ ေျပာတယ္" က်ံဳးလီဖုန္းပိုင္သည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ဒါက ပုံမွန္ပဲ! သူက ဂ်က္ဆန္ကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားခ်င္တာမ်ိဳးမွ မဟုတ္တာ။ ဒါေၾကာင့္ သူ႕ပင္ကိုယ္သေဘာသဘာဝကို သိသာထင္႐ွားစြာ ဖုံးကြယ္ထားလိမ့္မယ္။ဂ်က္ဆန္က တကယ္ကို ၾကမ္းၾကမ္းတမ္းတမ္းသမားေလ။ သူ႕ကို ၾကဳံရာက်ပမ္းလူတစ္ေယာက္က လိင္ပိုင္းဆိုင္ရာအရ လာၿပီးေႏွာင့္ယွက္ရဲမွာ မဟုတ္ဘူး။ အရမ္းအရသာ႐ွိတဲ့ သူတစ္ေယာက္ကသာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ခံရမွာ။ ”
"ဒါဆို မင္းလို ခပ္သြယ္သြယ္ေကာင္ေလးေတြကို ႀကိဳက္တာလား?" က်ံဳးလီဖုန္းပိုင္က ေမးလိုက္သည္။
ခဏေနအုံး! ငါ့ကို 'ခပ္သြယ္သြယ္' လို႔ ေျပာလိုက္တာလား? 'ခပ္သြယ္သြယ္' ဆိုတဲ့စကားလုံးက မိန္းကေလးဆန္လြန္းတယ္။ဆုႏိုသည္ ေဒါသပုန္ထေတာ့သည္။ "ငါက ရဲရင့္တာ,အိုေခ!" ဒါက အမ်ားႀကီး ပိုၿပီး manly ျဖစ္ေစတဲ့ နာမဝိေသသနစကားလုံးပဲ!
"ေခ...ေနာက္တစ္ခါ သူနဲ႔ေတြ႕တဲ့အခါ မွတ္ထားလိုက္မယ္" က်ံဳးလီဖုန္းပိုင္သည္ တကယ္ မယုံၾကည္ေပမယ့္လည္း သူနဲ႔အၿပိဳင္ မျငင္းဆန္ခဲ့ေပ။
"သူ မင္းကို လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ဖို႔ႀကိဳးစားလာရင္ သူ႕ေဘာကို ျပင္းျပင္းထန္ထန္ ကန္လိုက္ေနာ္" ဆုႏိုရဲ႕ ေလသံကိုက ရက္စက္သည့္ပုံပင္။
က်ံဳးလီဖုန္းပိုင္ ျပန္လည္ ေျပာလိုက္သည္။ "မင္းၾကည့္ရတာ လူဆိုးေကာင္နဲ႔တူတယ္"
ေကာင္းၿပီ!ငါက အမိုက္စား လူဆိုးေကာင္ပဲ!
ဆုႏို၏စိတ္ထဲတြင္ လက္မေထာင္ျပလိုက္သည္။တကယ့္ကို စူး႐ွတဲ့ ထိုးထြင္းဉာဏ္ပဲ!
"သူက မင္းကို ဘယ္လိုလိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့တာလဲ?" က်ံဳးလီဖုန္းပိုင္ သိခ်င္လာသည္။
ေမးခြန္းေကာင္းပဲ!ဆုေ႐ွာင္းႏိုသည္ ခ်က္ခ်င္းဆိုသလို အက်ိဳးမဲ့အေၾကာင္းမဲ့ ေျပာဆိုေတာ့သည္။ "သူ ငါ့ကိုစေတြ႕တုန္းက သူက ငါ့ကိုခ်စ္တဲ့အေၾကာင္း ႐ူးသြပ္စြာဝန္ခံၿပီး ငါ့လက္ကိုေတာင္ ကိုင္ဖို႔ႀကိဳးစားခဲ့တယ္!" အတင္းအဖ်င္းသတင္းေတြဆိုတာက ခ်ဲ႕ကားရမယ္။အျဖစ္မွန္ကို အတင္းေျပာတာက အၿမဲလိုလို ခ်ဲ႕ကားလြန္းတဲ့ အတင္းအဖ်င္းပဲ ျဖစ္လိမ့္မယ္!
"အဲ့တုန္းက မင္းဘာျပန္လုပ္ခဲ့လဲ?" က်ံဳးလီဖုန္းပိုင္သည္ အနည္းငယ္ ထိတ္လန္႔သြားသည္။
"ငါ့ သူ႕ကို ႐ိုက္ႏွက္ကန္ေက်ာက္ပစ္ခဲ့တယ္" ဆုႏိုက ေခ်ာေခ်ာေမြ႕ေမြ႕ ဆက္ေျပာသည္။တကယ့္ကို ဂုဏ္က်က္သေရ႐ွိလြန္းတယ္!
"..........."
"မင္း? သူ႕ကို ႐ိုက္ႏွက္ကန္ေက်ာက္လိုက္တယ္?” က်ံဳးလီဖုန္းပိုင္က သံသယျဖစ္မိသည္။
"ဟုတ္တယ္!" ဆုႏိုက ခပ္ျမန္ျမန္ေျဖသည္။
“တစ္ျခားအေၾကာင္းကိုပဲ ေျပာင္းရေအာင္…” က်ံဳးလီဖုန္းပိုင္၏ စိတ္ဝင္စားမႈက ခ်က္ခ်င္း ေလ်ာ့က်သြားသည္။
"မင္းငါ့ကိုမယုံဘူးလား?" ဆုႏို ေအာ္ေဟာက္လိုက္သည္။
"မင္းမ႐ိုက္ခင္မွာ မင္းေျပာသမွ် စကားလုံးတစ္လုံးတိုင္းကို ငါယုံခဲ့တယ္" က်ံဳးလီဖုန္းပိုင္သည္ အျပစ္ကင္းပုံေပါက္ေနသည္။ ဆုႏိုက အျခားသူကို ႐ိုက္ႏွက္ကန္ေက်ာက္တယ္ဆိုတာက မယုံႏိုင္ေလာက္ေအာင္ပင္ မယုံႏိုင္ဖြယ္ရာ ျဖစ္ၿပီး ယုံၾကည့္ဖို႔ဆိုတာ မျဖစ္ႏိုင္ေပ။
"အဲဒီတုန္းက ေၾကာက္စရာေကာင္းတဲ့ ျမင္ကြင္း ျဖစ္ခဲ့တယ္!" ဆုႏိုသည္ကား သူ၏စိတ္ကူးစိတ္သန္းေတြကို ေပါက္တက္ကရ ထုတ္လႊတ္ေနဆဲ ျဖစ္၏။ "သူက အိမ္ဝိုင္းကန္ခ်က္ကိုေတာင္ အသုံးျပဳခဲ့ေသးတယ္!"
က်ံဳးလီဖုန္းပိုင္ သမ္းေဝလိုက္သည္။
“.....” လာစမ္းပါ။ ေလးစားသမႈေလးေတာ့ ျပေလ။ဆုေ႐ွာင္းႏိုသည္ သူ႕ကို စူးစူးရဲရဲ အၾကည့္တစ္ခ်က္ ပို႔လိုက္သည္။
မည္သို႔ပင္ဆိုေစကာမူ က်ံဳးလီဖုန္းပိုင္သည္ လုံးဝပူးေပါင္းေဆာင္႐ြက္မႈမ႐ွိခဲ့ေပ။ ထိတ္လန္႔စရာေကာင္းတဲ့ ဇာတ္လမ္းကို သူနားေထာင္ဖို႔ ျငင္းဆိုခဲ့႐ုံသာမကဘဲ 'မုခ်ိဳးက ေရခ်ိဳးၿပီး အနားယူဖို႔ လိုတယ္' ဆိုတဲ့ ဆင္ေျခကိုေတာင္သုံးၿပီး သူတို႔ႏွစ္ေယာက္ကို အတင္းအၾကပ္ ႏွင္လႊတ္လိုက္ေသးသည္။ ေသခ်ာတာကေတာ့ သူက ဧည့္ဝတ္မေက်ဘူးပဲ!
"သူဘယ္လိုလုပ္ၿပီး ဒီလိုလုပ္ရတာလဲ!" ဆုႏိုသည္ ကားေပၚမတက္မခ်င္း ၿငီးတြားၿပီး "ေနာက္တစ္ခါ ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔လာလုပ္ခိုင္းရင္ သူ႕ကို ျငင္းပစ္လိုက္မယ္!"
အိုးရန္လုံ သူ႕ဘက္သို႔ လွည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ?"
ဆုႏို စိတ္႐ႈပ္သြားသည္။ဒါ႐ိုက္တာႀကီးက ဘာလို႔မေမာင္းေသးရတာလဲ? ျပင္သစ္အနမ္းလိုခ်င္တယ္လို႔ ေျပာမလို႔လား?
စိတ္ကူးေကာင္းလိုက္တာ!ကြၽန္ေတာ္တို႔ အခု တစ္roundေလာက္ ရႏိုင္ေသးတယ္။
ဆုႏိုသည္ idol ဒရာမာဇာတ္ကားထဲက အဓိကဇာတ္ေဆာင္တစ္ေယာက္လို ခ်စ္သူထံမွ ျပင္းျပင္း႐ွ႐ွအနမ္းကို ႀကိဳဆိုဖို႔ရာ ဆုံးျဖတ္လိုက္ၿပီး သူ႕မ်က္လုံးေတြ မွိတ္ခ်လိုက္သည္။
သို႔ေသာ္ အိုးရန္လုံထံမွ ရ႐ွိသည့္တစ္ခုတည္းေသာအရာ ေမးခြန္းတစ္ခုပင္။
"မင္းကို လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ဖို႔ ဘယ္သူက ႀကိဳးစားေနတာလဲ?"
အို...shittt!
ဒီေမးခြန္းက ၾကည္လင္တဲ့ ေကာင္းကင္ယံမွ ထြက္ေပၚလာတာပဲ!
တခဏအတြင္းမွာပဲ ဆုႏိုရဲ႕မ်က္ႏွာက 'This is Sparta' meme ထဲမွာ အတပ္ခံလိုက္ရေတာ့သည္။
အခု သူ႕လူႀကီးက ဘာေျပာလိုက္တာလဲ?
"ကိုယ့္ကို ေျပာျပ,ဟုတ္ၿပီလား?" အိုးရန္လုံသည္ သူ႕ပါးေလးကို ညစ္လိုက္သည္။
"ဘာ...ဘာေတြေျပာေနတာလဲ?" ဆုႏိုသည္ ႏွာေခါင္းေလးကိုကုတ္ရင္း ဖုံးကြယ္ဖို႔ရာ ႀကိဳးစားခဲ့သည္။
"အဲဒီတုန္းက ဒါ႐ိုက္တာက်ံဳးနဲ႔ ဘာေတြေျပာခဲ့လဲ ေျပာပါဦး။" အိုးရန္လုံရဲ႕ ေလသံက ေပ်ာ့ေပ်ာင္းေနေပမယ့္ သူ႕မ်က္လုံးထဲမွာေတာ့ ေဒါသလိႈင္းေတြက ေပၚေနတုန္းပင္။
“အခ်စ္....” ဒီအခ်ိန္ဟာ ခ်ိဳၿမိန္တဲ့ စကားလုံးေလးေတြကို သုံးၿပီးေျပာဆိုဖို႔ အေကာင္းဆုံး ႀကိဳးစားရမယ့္ အခ်ိန္ပါပဲ။
“လိမၼာပါကြာ။ကိုယ္ မင္းကို အျပစ္မတင္ပါဘူး။ဘာျဖစ္တာလဲ ေျပာျပရမယ္ေလ။" အိုးရန္လုံသည္ သူ႕ကို သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး "ဒီကို လာ"
“အင္း...စပြန္ဆာ...” ဆုေ႐ွာင္းႏိုသည္ မေျပာခ်င္ေပမယ့္ မစၥတာဒါ႐ိုက္တာကို ဆက္ၿပီး မေျပာဘဲေန,ေနရင္ သူ ေဒါသထြက္သြားမွာ ေသခ်ာ၏။ ထို႔ေၾကာင့္ ဆုႏိုသည္ နာခံစြာျဖင့္ ေခ်ာင္းတစ္ခ်က္ ဆိုးလိုက္ၿပီး "သူက ကြၽန္ေတာ္ကို တစ္ဖက္သတ္ႀကိဳက္ေနတာ!"
"ဘယ္သူလဲ?"အိုးရန္လုံ ေမးလိုက္သည္။
ဆုႏိုသည္ ခ်က္ခ်င္း တုန္တက္သြားသည္။
အဲဒါကို ဘယ္လို ေျပာျပရမွာလဲ?ေလာ့လီက ငါ့အစ္ကိုႀကီးနဲ႔ ကာစီႏိုကို ရက္အနည္းငယ္ၾကာရင္ သြားရအုံးမယ္ေလ။
သူ႕နာမည္ကို အခုပဲ ထုတ္ေဖာ္လိုက္မယ္ဆိုရင္ သူ႕ရဲ႕ေခ်ာေမာခန္႔ညားတဲ့ ခ်စ္သူက သူကို သြား႐ွာၿပီး ရန္သြားျဖစ္မွာ ေသခ်ာတယ္။ ထုံးစံအတိုင္း သူက အဲ့ဒီႏွာဘူးေကာင္ကို အသားေခ်ာင္းျဖစ္သြားတဲ့အထိ အႏိုင္ယူလိုက္မယ္ဆိုရင္ ေက်နပ္ဖြယ္ေကာင္းလိမ့္မယ္။ ဒါေပမယ့္လည္း ဒါက သူ႕အစ္ကိုႀကီးရဲ႕ မဟာမိတ္တစ္ဦးကို ဆုံး႐ႈံးရလိမ့္မည္ ဆိုတဲ့အဓိပၸါယ္ပဲ။
ဒါေတာင္ တိုက္ပြဲမွာ သူ(ေလာ့လီ) ႐ႈံးႏိုင္တယ္လို႔ မဆိုႏိုင္ဘူး။ေျပာရရင္ သူ႕(အိုးရန္လုံ)ရဲ႕ၿပိဳင္ဘက္က ရက္စက္ၾကမ္းၾကဳတ္တဲ့ လူဆိုးဂိုဏ္းကေလ!
ဘယ္ေလာက္ခက္တဲ့ေမးခြန္းလဲ!