[Unicode]
အခန်း(၆၂):သွားဖာတာက စိတ်ရှုပ်စရာနှင့် အိမ်ကို အတူတူပြန်ကြရအောင်
သူနာပြုဆရာမက သူ့နာမည်ကိုခေါ်ဖို့စောင့်နေစဉ်အတွင်း ဆုနိုသည် ဆေးခန်းမှာ ဓါတ်အားပေး မလုံလောက်တာတို့ ပြီးတော့ မီးပန်းဆိုင်းကြီး ရုတ်တရက်ပြုတ်ကျလာတို့ မမျှော်လင့်ထားသည့် ကိစ္စတွေ ဖြစ်လာဖို့ကို အရူးအမူးမျှော်လင့်နေသည်.....
သို့သော် သူကသာ အတွေးတွေရှိနေတာ တကယ်ဖြစ်မလာနိုင်ချေ!!"ဘယ်လိုဖြစ်လို့ သူတို့က မကြောက်ကြတာလဲ?" ဆုနိုသည် သူ့ဘေးကလူတွေကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်သည် သဟဇာတဖြစ်မှုနှင့်အတူ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဆုနိုက ဒီလူတွေကို လုံး၀နားမလည်နိုင်ပေ။သူကဖြင့် သန့်စင်ခန်းထဲကို သွားတာ လေးကြိမ်မြောက် ဖြစ်နေပြီ!
“ မင်းက စိတ်ပူနေတာကိုး။ ဆေးခန်းပြပြီးရင် ကိုယ်တို့ အရသာရှိတာတွေ သွားစားကြမယ်လေ” အိုးရန်လုံ သူ့ကိုနှစ်သိမ့်လိုက်သည်။
"ဒါရိုက်တာကြီးက သွားဆေးခန်း မပြဖူးဘူးဆိုတာသိသာတယ်။ "
ဆုနိုသည် အစားအသောက်ကို စိတ်ဝင်စားမှုမရှိတာက အလွန်ရှားပါးပါသည်၊ "ကျွန်တော်ပါးစပ်က ဆေးအရသာတွေနဲ့ပြည့်နေမှာ။ အဲ့ဒီလိုမစားနိုင်ဘူး!"၎င်းသည် အစားအသောက်အရသာတွေကို ပျက်စီးစေပြီး အစွန်းအထင်းဖြစ်စေသည်။ သွားဆရာဝန်များသည် တကယ့်ကိုမကောင်းဆိုးဝါးတွေပင်။ သူတို့က အခြားသူများ၏ပါးစပ်တစ်ဝိုက်မှာ စက်သံတွေနဲ့ဆူညံစေရုံသာမက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ဆေးတွေနဲ့ပါ အစားအသောက်နိုင်ငံကိုပါ တိုက်ခိုက်ကြသည်။
အရမ်းများနေပြီ! ဒီလိုအပြစ်တွေကြောင့် သူတို့ကိုခွင့်မလွှတ်နိုင်ဘူး !!!
ဆုနိုသည် တွေးလေလေ သူပိုစိတ်ဆိုးလေလေဖြစ်သည်။
အိုးရန်လုံ သူ့ကို နှစ်သိမ့်ပေးလိုက်လိုက်သည်။ "ကိုယ် မင်းနဲ့အတူ အခန်းထဲလိုက်ခဲ့ပေးမယ်လေ"
ဒါဖြစ်လာမှာမဟုတ်ဘူး! ဆုနို ပြတ်ပြတ်သားသားငြင်းလိုက်သည်။ "မလိုက်နဲ့"
YOU ARE READING
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author - Yu Xiao Lanshan Eng Translator - Exiled Rebels Scanlations Total - 97Episodes+13Extras(Complete) S...