My Cutest Little Boy [ COMPLE...

By rain_fall_10

6.8K 627 39

စိတ်အားငယ်တတ်တဲ့ ချန်းယောလ်က တစ်နေ့မှာ သူ့ကို အတင်းလိုက်စနှောက်တတ်တဲ့ ဘတ်ခ်ဟျွန်းဆိုတဲ့ ကောင်လေးနဲ့ စတင်တွေ့ဆ... More

Part 1
part 2
part 3
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
Not Update ><
part 14
part 15
part 16
part 17
part 18 * Final
extra short

part 4

319 38 6
By rain_fall_10

________My Cutest Little Boy_______

ဆောင်းရာသီဖြစ်၍ ရာသီဥတုက ချမ်းအေးနေတာမို့ ဘတ်ဟျွန်း အရင်နှစ်မွေးနေ့က အမေဝယ်ပေးထားသော မာဖလာကို ပတ်ထားလိုက်သည်။ အိမ်ရှေ့ကို ထွက်တော့ ဒရိုက်ဘာဦးလေးကြီးက ထုံးစံအတိုင်းအသင့်စောင့်ကြိုနေသည်။

ကားကို မြင်တော့ ကျောင်းကို ဘတ်စ်ကားဖြင့်သာသွားရသော ချန်းယောလ်ကို သတိရမိပြန်သည်။

"ဟာကွာ ငါဘာတွေဖြစ်နေတာလဲ...
အင်း ချန်းယောလ်ကို လွမ်းနေတာမဟုတ်ဘူး
သတိထားစမ်း ဗြောင်ဘတ်ခ်ဟျွန်း!!!"

ထိုအခါ ဒရိုက်ဘာဦးလေးကြီးက ကြောင်သွားပြီး

"မတက်ဘူးလား သခင်လေး"

"ဟင်? ကျွန်တော့်ကို ဒီနေ့လိုက်မပို့နဲ့တော့
သူငယ်ချင်းကိုဝင်ခေါ်မှာမလို့"

ဘတ်ဟျွန်း အိမ်ရှေ့ကနေ လမ်းလျှောက်ပြီး ချန်းယောလ်တို့လမ်းဘက် ပြေးထွက်လာလိုက်သည်။

"သူဌေး ဆူလိမ့်မယ် သခင်လေး!!!"

"ဆူပါစေဗျာ!!!"

ဘတ်ဟျွန်းရဲ့အာရုံက ချန်းယောလ်ဆီကိုသာ ရောက်နေသည်မို့ အဖေက ဆူမှာကိုလည်းကြောက်မနေတော့ပေ။

သူ့ရဲ့ အိမ်ရှေ့ရောက်တော့ အချိန်က 7နာရီသာရှိသေးသည်။ ချန်းယောလ်က ကျောင်းကိုစောစော မလာဖူး၍ ဘတ်ဟျွန်း စောင့်ရဦးမည်။ သူငယ်ချင်းလာတာမကြိုက်တဲ့ သူ့မိဘတွေကြောင့် အိမ်ထဲကိုလည်း မဝင်ချင်တော့တာမို့ လမ်းမှာပဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။

အတော်ကြာတဲ့ထိ ချန်းယောလ်က ထွက်မလာသေး။ ဘတ်ဟျွန်း စိတ်မရှည်၍ အိမ်ရှေ့မှာ အပြေးလေ့ကျင့်ခန်းလုပ်နေရသည်။

ငါးပတ်လောက်ပြေးပြီးတဲ့အခါမှသာ ချန်းယောလ်က ကျောပိုးအိတ်လေးလွယ်ပြီး ထီးတစ်ချောင်းနဲ့ ထွက်လာသည်။

မောဟိုက်နေသော ဘတ်ဟျွန်းကိုမြင်တော့ မျက်လုံးအပြူးသားနဲ့ မျက်မှန်လေးကိုပင့်တင်လိုက်သေးသည်။

"ဘတ်ဟျွန်း ဒီမှာ ဘာလုပ်နေတာ?"

အမောဖြေလျက် အသက်ကိုလုရှူနေရရင်း ဘတ်ဟျွန်း တစ်လုံးချင်းဖြေရသည်။

"ဘတ်စ်ကားမမီမှာစိုးလို့ ပြေးလာတာလေ
မမြင်ဘူးလား ဟူးး..!
မင်းဘာလို့ ဒီလောက်နောက်ကျရတာလဲ!!!"

"ဘာလို့ စိတ်တိုနေတာလဲ
ငါနောက်မကျပါဘူး အမြဲ ဒီအချိန်ပဲဟာကို"

ခေါင်းလေးငုံ့လျက် လက်သည်းတွေကို ကစားကာ ပြန်ဖြေတော့ ဘတ်ဟျွန်း သူအော်မိတာ နောက်တပင်ရသွားသည်။

ဟုတ်တယ် ချန်းယောလ် နောက်မကျဘူး
ဘတ်ဟျွန်းက စောနေတာ။

"မဟုတ်ဘူး ငါက
ချန်း‌ယောလ် ကျောင်းနောက်ကျမှာစိုးလို့
စေတနာနဲ့ပြောတာ"

"တကယ်လား ဘတ်ဟျွန်း"

ထိုအခါမှ ခေါင်းမော့လာပြီး မျက်စောင်းလေးနဲ့ ချန်းယောလ်ကကြည့်လာသည်။

"တကယ်ပေါ့"

ဘတ်ဟျွန်း ပြေးလွှားထားတော့ ပတ်ထားတဲ့ မာဖလာကြီးတောင်မလိုတော့။ သွေးပူသွား၍ ခုနက ချမ်းနေတဲ့လူက ပူအိုက်သွားရသည်။

သို့ပေမယ့် ချန်းယောလ်ကိုကြည့်တော့ မာဖလာလည်းမပါ။ ပြာနေသောနှုတ်ခမ်း‌ တွေကအေးနေမှန်း သိသာလှသည်။

"Arshii ပူလိုက်တာကွာ ပြေးလာရတော့ ‌ချန်းယောလ် ရော့ ဒီမာဖလာ မင်းပဲပတ်ထားလိုက်တော့"

မာဖလာကိုချွတ်ကာ ချန်းယောလ် လည်ပင်းမှာ ပတ်ပေးကာ ‌ပါးအိအိလေးတွေထိမြုပ်နေအောင် ရစ်ပတ်ပေးလိုက်သည်။

"ငါ့ကို ဘာလို့ကောင်းပေးတာလဲ ဘတ်ဟျွန်း"

ရုတ်တရက်မေးလာသည်မို့ ဘတ်ဟျွန်း ခြေလှမ်းတွေ လေးလံသွားရသည်။ ချန်းယောလ်ကို ထူးထူးဆန်းဆန်း ဂရုစိုက်ပေးချင်သည်။ ကောင်းပေးချင်သည်။ ညတိုင်း မနက်တိုင်း သူ့အကြောင်းကို မပါမဖြစ် တွေးနေမိသည်။

ငါ ဘာလို့ သူ့ကိုကောင်းပေးနေရတာလဲ။

"ဟမ်လို့ ဘတ်ဟျွန်း"

"အော် အင်း
ငါက လူတိုင်းကို ကောင်းပေးတယ်"

"မဖြစ်နိုင်ဘူး"

"ဘာ!!?"

"ကျောင်းစတက်တဲ့နေ့က ကြားလိုက်တာ
ဘတ်ဟျွန်းက အနိုင်ကျင့်တတ်ပြီး အကျင့်မကောင်းဘူးတဲ့ ဘယ်သူ့အပေါ်မှလည်း မကောင်းပေးဘူးတဲ့ ပြီးတော့...."

"ဟေ့ ဟေ့ တော်လောက်ပြီ
ငါက အဲ့လောက်ကြီး မကောင်းတာလည်းမဟုတ်ပါဘူးကွာ"

ချန်းယောလ်က အလွန်သိချင်နေသော အမူအရာဖြင့်

"အဲ့တာကြောင့် ငါ့ကို
ဘာလို့ကောင်းပေးတာလဲလို့"

"ဒီနေ့ ကျောင်းနောက်ကျလို့မရဘူး မနေ့က Sam မှာလိုက်တာ ဒီနေ့ အတန်းထဲမှာ တစ်ခုခုလုပ်ဖို့ရှိတယ်တဲ့... ဘာလဲ အကြည့်က မယုံတာလား"

ချန်းယောလ်က မျက်မှန်လေးပင့်တင်လိုက်ရင်း

"မဖြေချင်လည်းနေပေါ့ ဟွန်းးး"

အရှေ့ကနေ ချန်းယောလ် ဦးစွာလျှောက်သွားတော့မှ ဘတ်ဟျွန်း သက်ပြင်းချနိုင်တော့သည်။

အရူး ငါဘာလို့ သူ့အပေါ်ကောင်းနေတာလဲ အရူးပဲ ဘတ်ဟျွန်း။

ကျောင်းရှေ့ရောက်တော့ အတူတူတွဲလျှောက်လာတဲ့ ချန်းယောလ်နဲ့ ဘတ်ဟျွန်းကိုမြင်ပြီး ကင်ဂျုံအင်တစ်ယောက် အံ့ဩသည့်အကြည့်နဲ့ကြည့်သည်။ သူ့ဘေးက ဆယ်ဟွန်းကတော့ လက်ကိုပိုက်ကာ ထုံးစံအတိုင်း မျက်ခုံးတွေကိုတွန့်ချိုးထားသည်။

"မော မောနင်း သူငယ်ချင်းတို့"

အထစ် အထစ်နဲ့ ဘတ်ဟျွန်းလက်ပြနှုတ်ဆက်လိုက်တော့ ဆယ်ဟွန်းရဲ့ အော်ငေါက်သံကို ကြားလိုက်ရသည်။

"မောနင်းလုပ်မနေနဲ့ မင်းအိမ်ကကားနဲ့ ဘာလို့မလာတာလဲ"

"အာ ကားပျက်နေလို့ပါ ဆယ်ဟွန်းရဲ့"

"ငါ မင်းအိမ်ကိုရောက်ခဲ့ပြီးပြီနော် ဘတ်ဟျွန်းဘာလို့ ထူးဆန်းတာတွေလုပ်နေတာလဲ သူကရောဘာလဲ"

ဆယ်ဟွန်းကချန်းယောလ်ရှိရာဘက် မေးငေါ့ပြတော့ သူကဘတ်ဟျွန်းနောက်ကို တိုးဝင်သွားကာ ခေါင်းလေးငုံ့ထားသည်။

ဒီကောင်လေးနှယ် ဘာတွေဒီလောက်ကြောက်နေတာလဲ။

"ချန်းယောလ်က သူ့ဟာသူလာတာ ငါကလမ်းမှာတွေ့လို့စကားလိုက်ပြောတာပါ ဆယ်ဟွန်းက‌လည်း ချန်းယောလ် ဟုတ်တယ်မလား"

"အင်း ဟုတ် ဟုတ်ပါတယ်"

ထိုအခါမှ ဆယ်ဟွန်းက လွယ်အိတ်ကို ပြင်ကာ အဆောင်ဘက်ကိုတစ်ယောက်ထဲထွက်သွားတော့သည်။ သူ့ကိုကြည့်ပြီး ဂျုံအင်က သက်ပြင်းချကာ ဘတ်ဟျွန်းနားကိုကပ်ပြီးပြောသည်။

"သူ့မွေးနေ့ကို မင်းမနက်စာလိုက်ကျွေးမယ်ပြောထားတယ်ဆို အရူးရ ဘာလို့ သူ့မွေးနေ့ကိုမှမေ့ရတာလဲ"

"ဘာ!!!! ဒီနေ့ ဆယ်ဟွန်းရဲ့မွေးနေ့လား"

"ဘတ်ဟျွန်း မင်းကတော့လေ ဆယ်ဟွန်း စိတ်မကောင်းဖြစ်သွားတော့မှာဘဲ"

ထိုအခါ ချန်းယောလ်က သူ့ဆီမှာပါလာတဲ့ ထမင်းဗူးလေးကို ဘတ်ဟျွန်းကိုပေးလာသည်။ ဘတ်ဟျွန်းက နားမလည်သည့်အမူအရာဖြင့်

"ဒါကဘာလဲ ချန်းယောလ်"

"ထမင်းဗူး သွားလေ လိုက်သွား ဆယ်ဟွန်းနောက်ကို"

ဘာလို့လဲ ချန်းယောလ်"

"အာ သူနဲ့ မနက်စာစားဖို့လေ မြန်မြန်သွားလိုက်နော် သူငယ်ချင်းရဲ့ မွေးနေ့မှာ ကတိပျက်လို့မရဘူးမလား"

ပါးချိုင့်လေးပေါ်တဲ့အထိ ပြုံးလျက်ပြောနေတဲ့ ချန်းယောလ်ဟာ ဒီလောက် စိတ်ထားကောင်းတာတောင် သူ့ဆီမှာ သူငယ်ချင်းမရှိဘူး။ ‌ရှေ့လျှောက် မင်းအတွက် ငါအမြဲရှိနေပေးပါ့မယ် ချန်း‌ယောလ်။

"ဘာလုပ်နေတာလဲ မြန်မြန်မသွားဘဲ"

"အော် အင်း ကျေးဇူးတင်ပါတယ်
ချန်းယောလ်"

သူပေးတဲ့ ထမင်းဗူးလေးကိုကိုင်လျက် ပြေးထွက်သွားတဲ့ ဘတ်ဟျွန်းကိုကြည့်ရင်း ချန်းယောလ် ပျော်နေမိပါသည်။

"ငါကလည်း ကျေးဇူးတင်ပါတယ် ငါပေးတဲ့အကူအညီကိုယူတာ မင်းက ပထမဦးဆုံးပဲ။ငါကူညီတာကို အသိအမှတ်ပြုပေးလို့ ကျေးဇူးပါ ဘတ်ဟျွန်း"

အထီးကျန်နေတဲ့ အပယ်ခံလူကို တစ်ယောက်ယောက်ကများ လာကောင်းပေးနေရင် ဘယ်သူက အထင်မလွဲဘဲနေပါ့မလဲ။

💌~~

"အရသာရှိလား ဆယ်ဟွန်း ငါက မင်းမွေးနေ့ကိုဘယ်မေ့ပါ့မလဲ ဟဲဟဲ"

‌ခေါင်မိုးထပ်မှာ ထမင်းဗူးလေးကို ဖွင့်ပြီး ဘတ်ဟျွန်း တူလေးတစ်စုံနဲ့ ဆယ်ဟွန်းကို ထမင်းခွံ့နေရသည်။ တစ်နည်းအားဖြင့် ‌စိတ်ကောက်နေတဲ့ သူငယ်ချင်းကိုချော့နေရသည်။

" ငါက မွေးနေ့မှာပေးထားတဲ့ကတိကို
ဘတ်ဟျွန်းမေ့သွားပြီထင်နေတာ"

"မမေ့ပါဘူး"

အတွေးထဲမှာ‌တော့ ချန်းယောလ်ကိုပဲ တွေးနေမိလို့ မေ့သွားကြောင်း။

"ပတ်ချန်းယောလ် သူနဲ့ မင်းကဘယ်တုန်းကဒီလောက်ရင်းနှီးသွားတာလဲ??? စကားလိုက်ပြောရတဲ့အထိ"

"ချန်းယောလ်က ကောင်းတဲ့သူတစ်ယောက်ပါ ငါသူ့ကိုစိတ်ဝင်စားမိတယ်"

"ဘာ!!!!!"

အံ့ဩပြီး ထမင်းစားနေရင်း အော်မိတော့ ထမင်းလုံးတွေက ဘတ်ဟျွန်းကိုစင်ကုန်သည်။

"ရားး မင်းတကယ်ပဲ"

"Sorry Sorry ချန်းယောလ်ကိုစိတ်ဝင်စားတာလား"

"ဟမ် အော် အင်း သူ့အကြောင်းကို စိတ်ဝင်စားတာပါ သူ့အိမ်ကတစ်မျိုးကြီးသိလား ဆယ်ဟွန်း"

"ဘတ်ဟျွန်း"

ဆယ်ဟွန်း တွေးခဲ့တာက သူ့မွေးနေ့မှာ ဘတ်ဟျွန်းကို ဆိုင်တစ်ဆိုင်ကိုခေါ်သွားပြီး သူ့ကိုသဘောကျနေကြောင်း ဖွင့်ပြောဖို့ဖြစ်သည်။ အခုတော့ ကျောင်းခေါင်မိုးထပ်မှာ လေတဖြူးဖြူးနဲ့ ထမင်းဗူးကိုစားနေရသည်။

"ဘတ်ဟျွန်း"

"ပြောလေ ဆယ်ဟွန်း"

"မင်း ကြိုက်နေတဲ့သူရှိပြီလား"

"ဟင် မရှိပါဘူး ဘာလို့လဲ"

"ဟင့်အင်း ဒီတိုင်းမေးတာ
မရှိရင်လည်း ပြီးတာပါပဲ"

ထိုနေ့က မွေးနေ့မှာ ချစ်ရသူဆီက ထမင်းခွံ့ကျွေးတာ ခံရလို့ အင်မတန်ပျော်နေတဲ့ ကောင်လေးရှိသလို သူငယ်ချင်းကိုကူညီဖို့နေ့လည်စာ မစားလိုက်ရတဲ့ ကောင်လေးလည်းရှိလေသည်။

💌~~~

9:51 pm Nov 10
Korea စံတော်ချိန်နဲ့ဆို Chanbaek Day 11:11 ကိုရောက်ပြီးခဲ့ပါပြီ။

ချသ်ရသော ကောင်လေးနှစ်ယောက် သက်ဆုံးတိုင်ပျော်ရွှင်ရပါစေ။

moment လေးတွေနဲ့ ချဘခစ်တွေကို အများကြီး ရှို့ပေးပါဦးနော် ❤️





Continue Reading

You'll Also Like

9.9K 1.2K 5
[ COMPLETED] ဘာတွေပဲဖြစ်ဖြစ် ပထမဆုံးကမင်း ဒုတိယကမင်း တတိယကမင်း အရာရာကမင်းပဲ Oh Sehun x Kim Jongin
16.3K 2.1K 33
OTP မြိုင်မြိုင်ဆိုင်ဆိုင်လေး နောက်တစ်ပုဒ်ပါ ဖတ်ပေးကြပါဦးနော် Edit 🚨🚨🚨 Main OTP က Binthew ပါနော်။ အပိုင်း ၃ မှာကတည်းက ပြောထားပေမယ့် ထပ်ပြီး သတိလာ...
200K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
6.8K 956 19
Kaihun Start Date - 10 . July . 2021 End Date - 23 . September . 2021 Bubble - Eri 😘😘