Love + Love [Normal Fiction]

By UNgeFicwriter

357K 4.1K 169

[Completed- Season one & two] Author... Blackclock More

part 1 (Zawgyi/Unicode)
part 2 (Zawgyi/Unicode)
part 3 (Zawgyi/Unicode)
part 4(Zawgyi)
part 4 (Unicode)
part 5 (Zawgyi)
part 5 (Unicode)
part 6(Zawgyi)
part6(Unicode)
part 7(Zawgyi)
part 7(Unicode)
part 8(Zawgyi)
part8(Unicode)
part9(Zawgyi)
part9(Unicode)
part10(Zawgyi)
part10(Unicode)
part11(zawgyi)
part11(unicode)
part12(zawgyi)
part12(unicode)
part14(zawgyi)
part13(unicode)
part14(unicode)
part15(zawgyi)
part15(unicode)
part16(zawgyi)
part16(unicode)
part17(zawgyi)
part17(unicode)
part18(zawgyi)
part18(unicode)
part19(zawgyi)
part19(unicode)
part20(zawgyi)
part20(unicode)
part21(zawgyi)
part21(unicode)
part22(zawgyi)
part22(unicode)
part23(zawgyi)
part23(unicode)
part24(zawgyi)
part24(unicode)
part25(zawgyi)
part25(unicode)
part26(zawgyi)
part26(unicode)
part27(zawgyi)
part27(unicode)
part28(zawgyi)
part28(unicode)
part29(zawgyi)
part29(unicode)
part30/End (zawgyi)
part30/End(unicode)
Question
Answer
part31/S-2 (zawgyi)
part31/S-2 (unicode )
part32/S-2 (zawgyi)
part32/S-2(unicode)
part33/S-2 (zawgyi)
part33/S-2 (unicode )
part34/S-2 (zawgyi)
part34/S-2 (unicode)
Hello !
---
part35/S-2 (zawgyi)
part35/S-2 (unicode)
part36/S-2 🅣🅗🅔 🅔🅝🅓 (zawgyi)
part36/S-2🅣🅗🅔 🅔🅝🅓 (unicode )
♥Special thank♥
(: 200K views:)
Season 3 / coming ?
p 1/S 3(Z&U)
p2/S3(Z&U)
p3/S3(Z&U)
p4/S3(Z&U)
p5/S3(Z&U)
p6/S3(Z&U)
!!!!!!!!!!!!!!!
p7/S3(Z&U)
p8/S3(Z&U)
p9/S3(Z&U)
p10/S3(Z&U)
p11/S3(Z&U)
p12/S3(Z&U)
clip clip ကြေငြာပါရစေ🖤
💜🤗
fic cover art
💜💜🙏💜💜
သခင်မအသုံးတော်ခံ သတို့သား(ep1)
(ep2)
(ep3)
(ep4)
(ep5)
(ep6)
(ep7)
(ep8)
(ep9)

part13(zawgyi)

2.2K 28 2
By UNgeFicwriter

Love + Love
|Author Blackclock

     " ဘာအတွက် အရေးတကြီး ခေါ်တာလဲ
ဒယ်ဒီ ပြောမှာသာ ပြောစမ်းပါ"

      ဒေါ်အသွေးမြတ်လျှံခြယ် မရှည်သော
စိတ်နဲ့ ပြတင်းပေါက်အနီး ခါးထောက်ရပ်
လို့ တွေးတောနေတဲ့ ဖခင်ဖြစ်သူကို အသံ
စူးစူးလေးနဲ့ ပြောမိလေတော့……

   " သမီး ဟိုကောင်ကို မမေ့နိုင်သေးဘူးလား"
"ဟင်……"

   မထင်မှတ်ထားတဲ့ စကားတစ်ခွန်း။

" ဒယ်ဒီ မေးနေတာ ဒယ်ဒီစီစဉ်ပေးတဲ့
မင်္ဂလာပွဲကို သမီး ငြင်းနေလို့ပါ ၊ အခုဆို
ဟိုကောင်နဲ့ ရတဲ့ ကိုယ်ဝန်တောင် မွေး
ပြီး မြေးတောင် အရွယ်အတော်ရောက်နေပြီ"

"ဦးကို သမီး မမေ့နိုင်ဘူးဒယ်ဒီ၊
သမီး နောက်စေ့အရိုက်ခံရလို့ မေ့လဲကျ
သွားတဲ့နောက် ဒယ်ဒီ ဦးကို ဘာလုပ်လိုက်လဲ
ဟင်"

"သမီး ဒီမေးခွန်းကိုပဲ မေးနေတာ နှစ်ပေါင်းဆယ်ချီ
နေပြီနော် မေ့လိုက်တော့ပါ့လားကွယ်၊ သမီး ဒယ်ဒီ
ကို အဲ့အကောင် လာသတ်မယ့် ဘေးအန္တရာယ်က ကယ်ခဲ့ သလို အခုလည်း ယိုင်နဲ့လာတဲ့ ဒယ်ဒီ စီးပွားရေးအတွက် လပ်ပလပ်ဆိုတဲ့ ဘော့စ်ကောင်ကို ယူလိုက်ပါ့လားကွယ်"

  " ပြောရက်လိုက်တာ ဒယ်ဒီရယ်၊ ဒယ်ဒီဟာလေ
သွေးစစ်ချက်အဖြေကြောင့်သာ သမီး ဖခင်အရင်း
လို့ ယုံမိတာ ဟင်း…… ၊ တကယ်တော့လည်း
သမီးက ဒယ်ဒီအတွက် အသုံးချခံ ပစ္စည်းသက်သက်
ပါပဲ၊ ဆောရီးပဲ ဒယ်ဒီ သားအတွက် ဦးတစ်ယောက်
ထဲပဲ ဖခင်ဖြစ်လာရစေမယ်၊ အကယ်လို့ ဦးကို ဒယ်ဒီ
သတ်ခဲ့လို့ သေသွားခဲ့ပြီဆိုရင်တောင် သားအတွက် ပထွေးဆိုတာ ရှိမလာစေရဘူး ဒယ်ဒီ သမီး သွားတော့မယ်"

  ဒေါ်အသွေးမြတ်လျှံခြယ် တစ်ယောက် ဒေါသ
ရှေ့တန်းတင်လို့ ပြောခဲ့ဆိုခဲ့ပြီးနောက် ထွက်
ချလာခဲ့လေတော့သည်။

   ဟင်း …… ဒီကောင်လေးက
တမှောင့် ဘယ်သွားပါလိမ့်……

  သားဖြစ်သူကို မတွေ့တော့ လိုက်ရှာဖို့
ပြင်ခဲ့ရပြန်လေသည်။

     " အား အ အား…… မြွေ မြွေ……အ"

"ဟင် ဒယ်ဒီ အသံ"

     အသံကြားတော့ ရောက်ရာနေရာကနေ
အမောတကော ပြန်ပြေးဝင်လာမိလေတော့
ဆိုဖာထက် သွေးကွက်တို့ ရွှဲရွှဲနစ်နေတဲ့အကြား
စုတ်ဖွာထွက်နေသော အသားစများနဲ့ ဖခင်ဖြစ်
လေသူ။

     မျက်ဖြူလန်လို့ မျက်နှာတစ်ခြမ်းသာ
မြင်ကောင်းပြီး တစ်ကိုယ်လုံး ကိုက်ဖြတ်
ခံလိုက်ရလေသော ဖခင်။

      သူမ အစောကမှ ညှိုးငယ်နေတဲ့ မျက်နှာ
နဲ့ ဖခင်ဖြစ်သူကို အော်မိခဲ့ပေမယ့် အခုတော့
အသက်မဲ့နေပြီဖြစ်တဲ့ ဖခင်။

           အကျည်းတန်ဆုံး အလုပ်တွေကို
လုပ်ခဲ့တဲ့ ဖခင်။ အဘယ်သူ၏ လက်
ချက်ပါလဲ။

       " မေမေ "
"ဟင် သား……"

    သားဖြစ်သူ အနားကို ပြေးဝင်လာတော့
သား မျက်နှာကလေးကို လက်ဖြင့် အုပ်လို့
အပြင်သို့ ထွက်လာခဲ့လေသည်။

"ဖိုးဖိုး ဘာဖြစ်တာလဲ ဟင်"တဲ့။

      သားဖြစ်သူ မေးနေလေတော့ ကိုယ့်စိတ်
ကို တွေးမရဖြစ်နေတဲ့ ဒေါ်အသွေးမြတ်လျှံခြယ်။
ဘာရယ်ကြောင့် ဝမ်းနည်းကြေကွဲစိတ် မဝင်
မိသလဲပေါ့။

   မကြာလိုက်သော အချိန်မှာ အရေးပေါ်ကား
တွေ လာလေတော့လည်း သူမ တွေဝေငေး
ငိုင်လို့သာ ရပ်ကြည့်နေမိလေသည်။ ထို့နောက်
သတိတရ ရှိမိလေတော့……

     ဦး သေသလား ရှင်သလား သိစေနိုင်မယ့်
သဲလွန်စကို ဒယ်ဒီ စာကြည့်ခန်းမှာ မွှေနှောက် ရှာနေမိလေတော့သည်။

     " မေမေ "
"ဒီမှာ သားခဏ နေဦးနော် မေမေ
ရှာစရာရှိသေးလို့"
"သား ကူရှာပေးမယ်လေ မေမေ ဘာရှာတာလဲဗျ"
"အို နေပါစေ သား ထိုင်နေပါ"

    မိခင် ပြောလေတော့ ညှို့မှိုင်းသခင်
ဆိုဖာကလေးအပေါ် ငြိမ်သက်စွာ ထိုင်နေ
မိလေသည်။

  ထို့နောက် သူ မြင်ခဲ့ရလေသော မိစ္ဆာလူဆိုးကြီး
မျက်နှာကို ပြန်မြင်ယောင် နေမိလေသည်။ကြောက်
ဖို့ထက် မျက်နှာကို လက်နဲ့ ပွတ်ကိုင်သွားတဲ့ အထိ
အတွေ့ကို မှိုင်းညှို့ ပြန်တွေးမိနေလေသည်။

  " တွေ့လား မေမေ"
"တွေ့ပါဘူးကွယ်"

  စိတ်ဓာတ်ကျစွာ မေမေ ဆိုလာပြီးနောက်
သေဆုံးသွားတယ်ဆိုသော အဖိုးဖြစ်သူ
ဈာပနပွဲအတွက် မေမေ့ခမြာ အလုပ်ရှုပ်နေ
လေတော့သည်။

  အလုပ်ပေါ့နေသည်က ညှို့မှိုင်းသခင်သာ။

           သူ ဖြုတ်ပေးလိုက်တဲ့ မြွေတစ်ပိုင်း
လူတစ်ပိုင်း အကောင်ကြီးပုံရိပ်တို့ကို မြင်ယောင်
မိရင်း ဥာဏ်မီသလောက် တွေးကြည့်တာ
မို့ အဖြေကောင်း ထွက်မလာ။

   အသုဘအခမ်းအနားပြီးတဲ့အထိ အဖိုးဖြစ်သူ
သေတဲ့အတွက် မျက်ရည်မကျလေသော မေမေ့
ကိုသာ အထူးတဆန်းအနေနဲ့ အံ့အားသင့်
ခဲ့ရလေတော့သည်။

  ညှို့မှိုင်း တွေးနေမိတာကာတော့
အမေက သိပ်ကို အသည်းမာတာပဲပေါ့……

  သို့ပေမယ့် အမေဟာ……။

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

Chapter 7

           ၅ နှစ်ခန့်အကြာ……။

   ဝေဟင်မှာပျံသန်းနေလေတဲ့
လေယာဉ်ကြီး တစ်စင်း။

     ခေတ်ပေါ်ဒီဇိုင်းဝတ်ထားတဲ့ ဖြူဖြု
သန့်သန့်ကောင်ချောလေးက အထူး
တန်းမှာ ထိုင်လိုက်နေရပေမယ့်  အားကျ
တဲ့ မျက်ဝန်းတွေနဲ့ တစ်စုံတစ်ယောက်ကို
အားကျလှစွာ ငေးနေလေ၏။

   "  ဟင် အို ဆော ဆောရီးပါရှင်"

  အရှေ့ခုံက ကလေးကြောင့် လေယာဉ်မယ်
ကလေး သယ်ယူလာတဲ့ အဖျော်ရည်ခွက်
တို့ ထိုလူပေါ် ဖိတ်စင်ကျသွားလေသည်။

  ညှို့မှိုင်းသခင် စိတ်ဝင်တစား ဖြစ်လွန်း၍
ထိုသန့်ခန့်နေတဲ့ လူချောကြီး တုန့်
ပြန်ချက်ကို စောင့်ကြည့်နေမိလေသည်။

   လေယာဉ်မယ်ကလေး ခမြာတော့
ကြောက်ဒူးတောင် တုန်နေလေပြီ။

     " ဟို တောင်း တောင်းပန်ပါတယ်ရှင် "
"ရပါတယ် don't worry, never mind"

           ကိစ္စမရှိဘူးဆိုကာ တည်ငြိမ်အေးချမ်းစွာ
ပြောပြီးနောက် ပေစွန်းသွားတဲ့ အပေါ်ဝတ်ကို
ချွတ်လိုက်လေတဲ့ လူချောကြီး။

       ဝတ်ထားသော အဝတ်နဲ့အသားအရေက
  ကြည့်သူအဖို့ ရင်အေးဖွယ်ရာ။ တောင့်ဖြောင့်
တဲ့ ရင်အုပ် ပခုံး မေးရိုး အရပ်အမောင်းတို့နဲ့
လုပ်ဟန်ကိုင်ဟန်တို့က နတ်သားတစ်ပါးပမာ။
လူကြီးလူကောင်းဆန်ချက်။

          လည်ကတုံး လက်ရှည်ကို စတိုင်ပင်
    ဘောင်းဘီရှည်နဲ့ တွဲလျက်ဝတ်ထားပုံက
    အသက်အားဖြင့် ကြီးနိုင်ပေမယ့် ချောမော
    မှုတွေကြောင့် သတိမူမိလိမ့်မယ် မဟုတ်။

ကော့ညွှတ်နေတဲ့ မျက်တောင်၊ စိုထိုင်း
နီစွေးနေတဲ့ နှုတ်ခမ်းတွေနဲ့ အတွေး
အတောများနေတဲ့ ထိုလူ။

  ညှို့မှိုင်းသခင် စမြင်ကတည်းက
လေယာဉ် ဆင်းချိန်အထိ ငေးမော
ကြည့်မိခဲ့သည်။

  " သား မေမေဒီမှာ ဒီမှာ……"

   လေယာဉ်ဆင်းတဲ့အချိန် အမေလာကြိုတာ
ကိုတောင် ညှို့မှိုင်းသခင် သတိမထားမိခဲ့။
ထိုလူ မြင်ကွင်းကနေ ပျောက်ကွယ် သွားလေ
မှ မအေကို ပွေ့ဖက် ထားမိလေသည်။

"ကိုယ်တော်လေး ဘာတွေ ငေးနေတာလဲ
မေမေ့ကို ပြောစမ်း မင်းနော် မေမေ့အပြင်
ချစ်ရမယ့် မိန်းကလေး ရှိနေပြီလား ပြောတော့
ဖြင့် စားဖိုမှူးကြီး ဖြစ်ချင်တာဆို"
"ဟော လုပ်ပြီ မာမီကတော့ မဟုတ်ပါဘူး
လာဗျာ ပင်ပန်းလာတယ် သွားကြစို့"

  မအေဖြစ်သူ ကို တစ်ချက်နမ်းလို့ ညှို့မှိုင်း
သခင်  အိမ်ကိုသာ ပြန်လာမိခဲ့လေတော့
သည်။ သို့သော် ထိုလူကိုတော့ အာရုံကနေ
ဖျောက်ဖျက်မရ။

      " သာကီး "
"ဗျာ အော် မမကြီး"
"ဘာတုန်း ဘာတုန်းဟယ် နင့်မျက်နှာက
စပ်ဖြဲဖြဲနဲ့ ပြော "
"ဧည့်ခန်းထဲမှာ ဧည့်သည်ရောက်နေတယ်
ပြော ပြောမလို့ပါ"

  " အို ရောက်လည်း ရောက်ပါစေပေါ့
ဘာ ထူးဆန်းသလဲ မျက်နှာပိုးကို သတ်စမ်း
ပြောင်ချော်ချော်နဲ့"

  " အမေ သွားစို့လေ"
"ဟုတ်ပါရဲ့ သား လာ အထုတ်တွေထားခဲ့
သာကီး သယ်လိမ့်မယ် ဧည့်သည်က ငါ့သား
ပြန်လာမှ ရောက်နေရသေး"

       "ဘယ်သူလဲပေါ့ မေမေနော် အဟား"
"ဘာတွေ စွပ်စွဲချင်နေတာတုန်း ဟင်း ဟင်း"

  သားအမိနှစ်ယောက် စနောက် ပြောင်
လို့ တိုက်တာအဆောက်အဦးကြီးထဲ
ဝင်လာတော့ မထင်မှတ်ထားလေသော
ဖြစ်ရပ်။ လူကြီးနှစ်ယောက်နဲ့ သူမ သိခဲ့
ဖူးသော လူတစ်ယောက်။

    " မင်္ဂလာပါ သမီး သွေး"
" ဟို ရှင်တို့က "
"ကျွန်တော် လပ်ပလပ်ပါ ဟို……"
"ရှင့်ကို ဟိုးအရင်ကတည်းက မပတ်သတ်ဖို့
အပြတ်ပြောပြီးသားလေ"
"ဟို ဒါက……"
"ဘာလဲ ရှင့်ကို ကျွန်မ ပြောထားခဲ့ပြီးပြီလေ
ဘာလဲ ရှင်တို့ငွေအတွက် လာပြန်ယူဦးမလို့
လား ရပါတယ် ယူသွားပါ ကျွန်မတို့ ဒီကျန်
တော့တဲ့ အိမ်ကနေ ဆင်းသွားပေးပါ့မယ်"

  "ဘယ်သူ့ သဘောနဲ့ ဆင်းမှာလဲကွ
မင်းက ကတိဖျက်ချင်တာလား ဒေါ်အသွေးမြတ်လျှံခြယ်"

          သားအမိနှစ်ယောက်စလုံး နောက်ကျော
ဆီက အာဏာပါဝါပြည့်လျှမ်းတဲ့ အသံကြောင့်
လန့်တုန်သွားရလေသည်။

  ဟင် ဟိုလူချောကြီးပါ့လား……။

" ရုဝ စာချုပ်ထုတ်လိုက် "
"ဟုတ် ဟုတ်ကဲ့ဗျ"

  ဒေါ်အသွေးမြတ်လျှံခြယ် ကြောင် ငိုင်
နေမိလေသည်။ တစ်ချိန်က မိဘချင်း
သဘောတူခဲ့လေသော ခပ်အေးအေး
လူကိုလည်း ကြောင်အမ်း ငေးနေမိသည်။

   " ဒီမှာ မင်း လက်မှတ် ထိုး"
"ရှင် ဟို ဦး…… ရှင် ရှင်……"

     "ငါ့နာမည်အမှန်က လပ်ပလပ်
မင်းနဲ့ တစ်ချိန်က ဆုံခဲ့ဖူးတဲ့ ဟို
ကောင်က ငါ့အတွင်းရေးမှူးကောင်
နာမည်က ရုဝ၊ ဒါကတော့ အသိရှေ့နေ
တွေ မင်းရဲ့ ဒယ်ဒီနဲ့ ထားခဲ့တဲ့ ကတိ
ရှိခဲ့တာအတွက် ငါကိုယ်တိုင် လာခဲ့တာ
အဲ့တာ မင်းကို မယားလုပ်ခိုင်းဖို့ "

    ဦးညှို့နက် နှစ်ပေါင်းရှည်ကြာလေမှ
မြင်တွေ့ရလေသော ချစ်ရသူ နဖူးလေး
ကို နမ်းမွေ့လို့ ဖက်ထားချင်မိသည်မှာ
အမှန်ပင်။

  သို့ရာတွင် သွေးကို သူ မယုံ။
နောက်ကျောကို ဓားနဲ့ထိုးဖူးခဲ့သလို
အဖြစ်ဆိုးမျိုး ပေးခဲ့ဖူးသည့် မိန်းမယုတ်ဖြစ်နိုင်နေတဲ့ မိန်းမကောင်း တစ်ယောက်။

   " ဟို ခင်များက "
"မင်း အနားလာ"
"ဗျာ"

  ဦးညှို့နက် ခပ်တည်တည်နဲ့ သားဖြစ်သူကို
အနားကို ခေါ်လေတော့ ခရီးတစ်လျှောက်
လူကို ငေးစိုက်ကြည့်ခဲ့တဲ့ မအေတူရုပ်နဲ့
ဖအေတူသားလေး။ ကယ်တင်ရှင်လေး။

  " မင်း အမေကို ငါယူတော့မယ် "
"ခင်ဗျာ"

      "မဗျာနဲ့ မင်းတို့တွေ ထောင်နန်းစံချင်ရင်
ငြင်းနိုင်ပါတယ် ဘာလို့ဆိုတော့ မင်း အဖိုး
ထားခဲ့တဲ့ အကြွေးတွေက မင်းတို့ သိပါတယ်"

   ဦးညှို့နက် သားဖြစ်သူ ခေါင်းလေးကို
ပုတ်လို့ ခပ်တည်တည် ပြောမိသည်။
ပိန်လှသော ကောင်လေး။ အငယ်တုန်းက
လို မဟုတ်။ ရင့်ကျက်ခြင်းတို့ ပြည့်နှက်
နေတဲ့ မျက်ဝန်း အကြည့်ကလေးတွေ။

   " ဟို အန် အန်ကယ်က မေမေ့ကို……"
"သား ……"

   သား ဖြစ်သူ ပြောတော့မည်ကို ဒေါ်အသွေးမြတ်
လျှံခြယ် ပိတ်ဆို့ တားဆီးလိုက်လေသည်။ထို့
နောက် ဦးညှို့နက်နဲ့ တူနေလေသော မျက်နှာ
နဲ့ လပ်ပလက်ဆိုသော လူကို လက်ဆွဲလို့ အပြင်
သို့ ခေါ်ခဲ့လေသည်။

" ဘာလို့လဲကွ "
"ရှင် ဘယ်သူလဲ"
"Love +"
"ဦးညှို့နက် မဟုတ်ဘူးလား"
"အဲ့ဒီလူက ဘယ်သူလဲ မင်း အရင်
ယောကျာ်းလား"

   "ဟင်း…… ထားပါတော့ ဘာလို့
ရှင် အခုမှ ပေါ်လာသလဲ၊ ဟိုလူ့ကို
ကော ဘာလို့ လိမ်ညာပြီး ပို့လိုက်တာ
လဲ၊ ရှင် ကျွန်မကို မလိုချင်လို့မလား အခုမှ
ဘာလုပ်ချင်တာလဲ"

"မင်းကို လုပ်ချင်တာလေ"
"အို ဖယ်စမ်းပါ ကျွန်မပါးကို လာမထိနဲ့"
"အံမယ် ချေလှပါ့လားကွ ဟင်
ဘယ်လိုလဲ ကြည့်ရတာ မင်းလင်တော်မောင်
နဲ့ ငါက သိပ်တူနေတယ် ထင်တယ် ဟင်"

    "………"

  ဒီလိုတော့လည်း မိန်းမလှက သနားစရာ။

"မင်းတို့ကို တစ်ပတ်အချိန်ပေးမယ်
သဘောတူညီချက်တွေကို ဖတ်ကြည့်
ပြီးရင် အကြောင်းပြန်ပေါ့ "

" ရှင် တကယ်ပဲ ဦး မဟုတ်တာလား ဟင်
ကျွန်မ ဦးကို သိပ်သတိရတာပဲ"

  တတ်လည်း တတ်နိုင်တဲ့ မိန်းမ။ မင်းဘာလို့
အရင်ကလို ပစ်ဆော်ချင်စရာ ပေါက်အောင်
မူပြနေတာလဲကွာ။ နေနှင့်ဦးပေါ့။

"ဘိုင့်"

      ကားထဲကိုသာ ဝင်လို့ ဦးညှို့နက်
မောင်းထွက်လာဖို့ ပြင်လိုက်မိလေ
တော့သည်။ သည်ကြားထဲ အိမ်ပေါက်ဝ
ကနေ ထွက် လာကြည့်လာတဲ့ သား
ဖြစ်သူ။ လူပျိုဖားဖားကြီးတောင် ဖြစ်လို့။

သားကို ချစ်သော်လည်း
အမုန်းကြွေးနဲ့
အရှုံးကြွေးအတွက်
သွေးကို ပြန်ဆပ်ခိုင်းပြီးမှ
ွှရင်ထဲက အချစ်တွေကို
ဖွင့်ဟ ပြရပေတော့မည်။

     တခဏတာတော့ လူယုတ်မာကြီး
ညှို့နက် လုပ်ရပေဦးမှာပေါ့။

  သွေးရေ မင်းကို မုန်းဖို့ ဦး ပြန်လာ
ခဲ့ပါပြီကွာ။

အပိုင်း ၁၄ မျှော်
blackclock | 8:03pm - Nov 5/2021 Fri

(နောက်ပိုင်းက စလို့ ပြန်လည်
မှောင်ပါတော့မည်။ အားပေးလွန်းကြလို့
ရေးဖို့ အားသိပ်ရှိနေပါတယ်ဗျ။ ကျေးဇူး
ပါ ခင်ဗျ။)


Continue Reading

You'll Also Like

1.2M 89.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
325K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...