ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 289K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

45

10.4K 2K 55
By Melinoe_Megami

Unicode

“ကောင်းပြီ.. ကျွန်တော် အမှန်အတိုင်းပြောမယ်.. တကယ်တော့ ခင်ဗျားကို ပွင့်ဖတ်ကိုးလွှာကျောက်စိမ်းကြာပွင့်ပေးတာ တခြားအကြောင်းအရင်းရှိတယ်..”

ရွှယ်ယို့ရှန်းက သူ့ရဲ့အမှားကို ရင်းဆုယဲ့ဆီမှာ ဝန်ခံကတိပေးပြီးတာတောင် လိမ်ညာခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြဖို့ မမေ့ခဲ့ပါဘူး။

“အင်း..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ‘ဆက်ပြော’ဆိုတဲ့ အမူအရာမျိုး ပြလိုက်ပြီး စိတ်ရှည်လက်ရှည် ဆက်နားထောင်ခဲ့တယ်။

“ကျွန်တော်တို့နှစ်ယောက်က အခုဆို အတူရှိနေရတော့မှာလေ.. အဲ့တော့ ခင်ဗျားအင်အားကြီးလာရင် ကျွန်တော်လည်း အင်အားကြီးလာတဲ့ သဘောပဲမဟုတ်ဘူးလား..?”

ရင်းဆုယဲ့ ယုံကြည်လာအောင် ပြောနိုင်ဖို့အတွက် ရွှယ်ယို့ရှန်းက အခြေအနေတွေအားလုံးကို အစအဆုံး သုံးသပ်ပြဖို့ ဆုံးဖြတ်လိုက်တယ်။ သခင်-အစေခံစာချုပ်ကို ဖြေရှင်းလို့ မပြီးမချင်း ရင်းဆုယဲ့အနားကနေ ထွက်မသွားပါဘူးလို့ ကတိပေးထားတာကိုလည်း ပြန်သတိရလိုက်တယ်။ စာချုပ်ကို အချိန်တိုအတွင်း ဖြေရှင်းလို့မရနိုင်ဘူးဆိုတာ သိသာနေတာပဲလေ။ အဲ့တော့ သူတို့နှစ်ယောက် အချိန်အကြာကြီး အတူရှိနေရဦးမှာပဲ။

“ပြီးတော့လည်း ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပွင့်က သိုင်းစွမ်းအားကိုပဲ အဓိကတိုးမြှင့်ပေးတာ.. ဝိဉာဉ်စွမ်းအားကို သိပ်ပြီး အထောက်အကူမပြုဘူး..”

သူ့ကိုယ်သူ ‘ရှေ့ဖြစ်ဟောသူ’နဲ့ ‘မန္တန်အရှင်သခင်’ ပါလို့ မိတ်ဆက်ထားတာကြောင့် သိုင်းစွမ်းအင်ထက် ဝိဉာဉ်စွမ်းအင်ကို ပိုပြီး လိုအပ်တယ်။ အဲ့တော့ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကို သူ့အတွက် အသုံးပြုလိုက်ရင် ဖြုန်းတီးလိုက်သလိုပဲ။

“တခြားဟာတွေထက် ကျွန်တော်မှ မတိုက်ခိုက်တတ်တာ.. ကြာပန်းကို စားလိုက်လည်း တိုက်ခိုက်ရေးညံ့တဲ့လူက ချက်ချင်းကြီး တော်လာမှာမဟုတ်ဘူး..”

တကယ့်အကြောင်းအရင်းမှန်က ဒီအချက်ပဲ။ Combat Value 5 လောက်ပဲရှိတဲ့ ရွှယ်ယို့ရှန်းလို အိမ်တွင်းပုန်းလေးက အဆင့်မြင့် တိုက်ခိုက်နိုင်စွမ်းတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ..? မဟုတ်ရင် ပြန်တိုက်ခိုက်ရမှာတောင် မေ့လျော့နေတဲ့အထိ ဝံပုလွေတွေကို ကြောက်နေခဲ့မှာမဟုတ်ဘူး။ သူ ဝိဉာဉ်ကူးပြောင်းလာခဲ့တဲ့ ဒီခန္ဓာကိုယ်ပိုင်ရှင်မှာ ဘာစွမ်းအားတွေ ရှိနေသလဲဆိုတာတော့ ရွှယ်ယို့ရှန်းလည်း မသိသေးပါဘူး။ အဲ့တာကြောင့် ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းသုံးပြီး စွမ်းအားမြှင့်တင်နိုင်ခဲ့ရင်တောင် ဘယ်လိုအသုံးပြုရမှန်း သိမှာမဟုတ်ဘူး။

(TN : Combat Value က တိုက်ခိုက်နိုင်စွမ်းကိုပဲ ပြောချင်တာပါ။ Game တွေထဲမှာတော့ မြင်ဖူးကြမယ်ထင်တယ်။ ပိုတော်လေ Combat Value ပိုများလေ အဲ့လိုမျိုးပေါ့။ လွေ့ရွယ်လေးရဲ့ Combat Value ကလည်း 5 ပဲ ရှိတာပါ။)

“ခင်ဗျား ပိုပြီးသန်မာလာရင် ကျွန်တော့်ကို ပိုပြီးကာကွယ်ပေးနိုင်တယ်လေ..”

ရွှယ်ယို့ရှန်းခမျာ သူ့ရဲ့ လက်ရှိခန္ဓာကိုယ်သေးသေးလေးကို အားမလိုအားမရ ဖြစ်လာခဲ့တယ်။ သူ့ကိုယ်သူ အားကိုးနေတာထက် တခြားသူကို မှီခိုလိုက်တာ ပိုကောင်းတယ်..!

“အတိုချုပ်ပြောရရင် ကျွန်တော့်ရဲ့ လုံခြုံရေးက ခင်ဗျားအပေါ် မူတည်နေတာ..”

ရွှယ်ယို့ရှန်းက နောက်ဆုံးသုံးသပ်ချက်ကို ပြောလိုက်ပြီး သူ့ရဲ့ ရှင်းပြမှုကို အဆုံးသတ်လိုက်တယ်။ သူ့ရဲ့ အရပ်အမောင်းက ခွင့်မပြုလို့သာပေါ့၊ မဟုတ်ရင် ယုံကြည်မှုကို ဖော်ပြတဲ့အနေနဲ့ ရင်းဆုယဲ့အနားကို လျှောက်သွားပြီး ညီအစ်ကိုကောင်းတွေလို ပခုံးပုတ်ပစ်လိုက်ပြီ။

“ကောင်းပြီ..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်ပြခဲ့တယ်။ သူ့ရဲ့ တည်ကြည်လေးနက်လွန်းတဲ့ အမူအရာက တစ်စုံတစ်ရာအပေါ် အာရုံစူးစိုက်ထားသကဲ့သို့…

“………..”

သူ့မှာတော့ ရင်းဆုယဲ့ကို ဖျောင်းဖျနိုင်ဖို့ ဦးနှောက်ထဲကနေ အကြောင်းပြချက်မျိုးစုံ အသည်းအသန် ညှစ်ထုတ်ထားခဲ့ရတာ။ အဲ့တာကို ရင်းဆုယဲ့က ‘ကောင်းပြီ’ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ အဆုံးသတ်သွားရောတဲ့လား။

ကွာခြားချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ..? နေပါဦး.. သူက ရင်းဆုယဲ့ကို ကြာပန်းလေး လက်ခံပေးဖို့ပဲ ပြောခဲ့မိတာပါ။ ရင်းဆုယဲ့က ဘာလို့ အရမ်းဖြစ်ပျက်နေရတာလဲ..? မသိရင် သူကပဲ တစ်ဖက်လူကို သူ့အတွက် ကတိသစ္စာကျမ်းကျိန်ဆိုဖို့ အတင်းအကျပ် ဖိအားပေးနေသလိုလို…

ဒီထူးဆန်းတဲ့ ခံစားချက်ကြီးက ဘယ်ကရောက်လာတာလဲဟ..?

“သဘောတူပြီဆိုလည်း ပွင့်ဖတ်ကိုးလွှာကျောက်စိမ်းကြာပွင့်ကို မြန်မြန်သုံးလိုက်တော့လေ..”

ရွှယ်ယို့ရှန်းလည်း အချိန်နဲ့အမျှ ခံစားမိနေတဲ့ ထူးဆန်းတဲ့ ခံစားချက်ကြီးကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်တယ်။ ရင်းဆုယဲ့နဲ့ စတွေ့ပြီးအချိန်ကတည်းက ရုတ်တရက်ဆိုသလို ပေါ်လာတတ်တဲ့ ရှင်းပြရခက်တဲ့ ခံစားချက်တွေနဲ့ အသားကျနေပြီလို့တောင် ဆိုလို့ရတယ်။ အခုအချိန်မှာ အရေးကြီးဆုံးက ရင်းဆုယဲ့ စွမ်းအားတိုးလာဖို့ပဲ..!

“ကောင်းပြီ..” ရင်းဆုယဲ့က ခေါင်းညိတ်ပြလိုက်တယ်။

“ဒီမှာ..”

ရင်းဆုယဲ့ သဘောတူလိုက်တာနဲ့ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့လက်ထဲကို ကြာပန်း အတင်းထိုးပေးလိုက်လေတယ်။ ရွှယ်ယို့ရှန်းရဲ့ စိတ်အားထက်သန်နေပုံက ရင်းဆုယဲ့ စိတ်ပြောင်းသွားမှာကို စိုးရိမ်နေတာနဲ့ မတူတော့ဘဲ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကို အရမ်းမုန်းတီးနေသလိုတောင် ထင်မှတ်ရတယ်။

“………….”

ရင်းဆုယဲ့လည်း လက်ထဲထိုးထည့်ခံလိုက်ရတဲ့ ကြာပန်းလေးကို ငုံ့ကြည့်လိုက်တယ်။ ကြာပန်းရဲ့ အသွင်အပြင်က အရမ်းကို သနားစရာကောင်းနေပြီ။ အဲ့တာနဲ့ ရင်းဆုယဲ့လည်း ကြေမွလုနီးပါးကြာပန်းလေးကို ကြည့်ကောင်းအောင် အသာဆွဲဖြန့်ပေးလိုက်တယ်။

“စားပဲစားတော့မှာကို.. ဘာလို့ ကြည့်ကောင်းအောင် လုပ်နေသေးတာလဲ..?”

ကြာပန်းအပေါ် ရင်းဆုယဲ့ရဲ့ နူးညံ့မှုတွေကို မြင်လိုက်ရတော့ ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲ ရုတ်ချည်း မကျေမနပ် ဖြစ်သွားခဲ့တယ်။ ရင်းဆုယဲ့ပုံစံက ကြာပန်းကို အရမ်းဂရုစိုက်နေသလိုပဲ။ သူက ကြာပန်းကို ကြမ်းကြမ်းတမ်းတမ်း၊ ပစ်စလက်ခတ် ကိုင်ပါတယ်ဆိုပြီး သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ နှိုင်းယှဉ်ပြနေတာ မဟုတ်ဘူးလား..? အနိုင်ကျင့်ချင်နေတာ မဟုတ်ဘူးလား..?

“မဟုတ်ပါဘူး.. ဒီလိုဆို စားရတာ ပိုလွယ်တယ်လေ..”

ရွှယ်ယို့ရှန်းရဲ့ စိတ်အခြေအနေက ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားလဲဆိုတာ ရင်းဆုယဲ့ နားမလည်နိုင်တော့ဘူး။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ပြန်ပြောပြခဲ့တယ်။

“မတူဘူးပေါ့..?” ရွှယ်ယို့ရှန်းက မေးကို အသာပင့်လိုက်ရင်း အဖြေကို ကျေနပ်ကြောင်း ဖော်ပြလိုက်တယ်။

“အင်း..” ကလေးလေးက စိတ်အပြောင်းအလဲ အရမ်းမြန်တာပဲ..!

“ဒါဆိုရင် ကြာပန်းကိုချေဖျက်ဖို့ လုံခြုံတဲ့နေရာတစ်ခုခု ရှာကြရအောင်..”

ရင်းဆုယဲ့ကြည့်ရတာ မတုန်မလှုပ်နဲ့။ သူကပဲ အချိန်တိုင်း လိုက်သတိပေးနေရတယ်လို့ ရွှယ်ယို့ရှန်း ခံစားလိုက်ရတယ်။

“ဒီမှာလည်း အဆင်ပြေပါတယ်..”

ရင်းဆုယဲ့က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သန့်ရှင်းတဲ့ မြေနေရာတစ်ခုမှာ ထိုင်ချလိုက်တယ်။

“နေရာရွေးဖို့ ပျင်းနေပြန်ပြီ..”

ရင်းဆုယဲ့က လက်ရှိနေရာမှာပဲ ကျင့်ကြံဖို့ ရွေးချယ်လိုက်တော့ ရွှယ်ယို့ရှန်းမှာ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ အနာဂတ်မရှိတဲ့ သာမန်ကျင့်ကြံသူတွေတောင် လျှို့ဝှက်နေရာကောင်းတစ်ခုကို သေသေချာချာ ရွေးချယ်၊ အကာအကွယ်စည်း အထပ်ထပ်ချပြီး အရာအားလုံး အဆင်သင့်ဖြစ်တော့မှ ကာလရှည်ကျင့်ကြံမှုကြီးကို စတင်ကြတာ မဟုတ်ဘူးလား..?

ဒါပေမဲ့ ရင်းဆုယဲ့ကျတော့ အရာအားလုံး ပြောင်းပြန်ပဲ။ ကျင့်ကြံတဲ့နေရာကို ဖြစ်သလို ရွေးလိုက်တဲ့အပြင် သူ့ကိုယ်စား ကျန်ရစ်တဲ့လူ စိတ်ပူနေရအောင် လုပ်သွားသေးတယ်..!

“ဘာမှမဖြစ်စေရဘူး.. ကိုယ့်ကိုယုံ..”

ရင်းဆုယဲ့က လက်ဆန့်ထုတ်ပြီး ရွှယ်ယို့ရှန်းကို ခေါင်းပုတ်ပေးလိုက်တယ်။ ရွှယ်ယို့ရှန်း သူ့အတွက် စိုးရမ်နေမှန်း သိပေမယ့် နိမိတ်ဆိုးကြမ္မာငင်ရေကန်က တကယ့်ကို နေရာကောင်းတစ်ခုပဲ။ တခြားထက် သူ့ကိုယ်သူ ယုံတယ်။ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကို ချေဖျက်နိုင်ဖို့ အချိန်သိပ်မယူရပါဘူး။

အတိတ်ဘဝတုန်းကဆို ကိုယ့်အားကိုယ်ကိုးပြီး ရွှေရောင်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာပဲလေ။ သူ့ရဲ့ လက်ရှိဝိဉာဉ်စွမ်းအားက ရွှေရောင်တော်ဝင်အဆင့်မှာ ရှိနေတုန်းပဲဆိုတော့ ကြီးမြတ်တဲ့ဘုရင်တစ်ပါး အမြန်ဆုံး ဖြစ်လာလိမ့်မယ်။ ဒီတော့ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းက သူ့ရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်မယ့် လှေကားထစ်တစ်ခုပဲ..!

(TN : ကောင်းကင်အဆင့်၊ မြေကြီးအဆင့်၊ ကနဦးအဆင့်၊ ရွှေရောင်အဆင့်.. မေ့နေကြမှာစိုးလို့နော်။)

တစ်ခဏစဉ်းစားပြီးနောက် ရင်းဆုယဲ့က ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းမှ ကြာစေ့ထုတ်ယူရန် လက်လှမ်းလိုက်တယ်။ သူသိထားသလောက်ဆို ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းက နှစ်တစ်ရာမှာ ကြာစေ့တစ်ခုပဲ ထုတ်ပေးတယ်။ ကြာပန်းရဲ့ အဓိကစွမ်းအားက ကြာစေ့ထဲမှာ သိုလှောင်ထားတာဆိုတော့ ကြာစေ့တစ်စေ့စီက နှစ်တစ်ရာစွမ်းအားနဲ့ ညီမျှလေတယ်။

“ခဏလေး.. ကြာစေ့တွေကို မထုတ်လိုက်နဲ့.. ကြာပန်းတစ်ခုလုံးကို တစ်ခါတည်းစားပစ်လိုက်..”

ရင်းဆုယဲ့က ကြာစေ့တွေကို စားမလို့လုပ်နေတော့ ရွှယ်ယို့ရှန်းလည်း အမြန်တားလိုက်ပြီး နည်းမှန်လမ်းမှန်ကို ပြောပြလိုက်တယ်။

ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပွင့်အကြောင်း သူရေးဖွဲ့ခဲ့တုန်းက အတော်လေး အချိန်ပေးခဲ့ရတာ။ အဓိကဇာတ်လိုက်အတွက် မမျှော်လင့်ထားတဲ့ ကံကောင်းမှုတွေ အလှလေးတွေ ပိုင်ဆိုင်ရလေအောင် ရည်ရွယ်ထားတာဆိုတော့ ကြာစေ့ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေ ပါဝင်တယ်လို့ ရေးဖွဲ့ခဲ့မိတယ်။ အစေ့ကို တိုက်ရိုက်စားသုံးမိသူတိုင်း ခန္ဓာကိုယ်အတွင်းပိုင်းမှာ မီးလောင်ကျွမ်းသလို ပူလောင်လာလိမ့်မယ်။ ကမောက်ကမတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တဲ့အထိ ဖြစ်သွားလိမ့်မယ်။

ဇာတ်ကြောင်းအရဆိုရင် ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကို အဓိကဇာတ်လိုက် ရသွားတဲ့အချိန် သူခိုးမလေးတစ်ယောက် ရောက်လာခဲ့တယ်။ သူခိုးမလေးက မနားတမ်း အနှောင့်အယှက်ပေးနေတော့ အဓိကဇာတ်လိုက်လည်း သူမကို ကြာစေ့ ၃ စေ့ ပေးလိုက်ရတယ်။ ထိုလုပ်ရပ်ကြောင့် သူခိုးမလေးရဲ့ အဓိကဇာတ်လိုက်အပေါ် စိတ်ခံစားချက်တွေက အံ့ဩစရာကောင်းအောင် တိုးတက်လာခဲ့တော့တယ်။

အဲ့နောက်မှာတော့ ကြာစေ့အကြောင်း ဘာမှမသိထားတဲ့ နလပိန်းတုံးနှစ်ယောက်က နေရာတစ်ခုတည်းမှာ အတူတူကျင့်ကြံမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ အဲ့တာမှ တစ်ဦးကိုတစ်ဦး အကာအကွယ်ပေးနိုင်မှာ ဆိုပြီးတော့လေ။

လိုဏ်ဂူတစ်ခုကို ရွေးချယ်လိုက်ကြပြီး တစ်ပြိုင်တည်း ကြာစေ့တွေကို စားလိုက်ကြတယ်။ ရလဒ်ကတော့ အသိစိတ်ပျောက်သွားတဲ့ နှစ်ယောက်သား ချိုမြန်တဲ့ ရမ္မက်တွေကြားမှာ လွှမ်းမိုးခံလိုက်ရပြီး ကလေးတွေမကြည့်သင့်တဲ့ ကိစ္စတွေ ဖြစ်ပျက်သွားတော့တာပဲ။ အဲ့ဖြစ်ရပ်ပြီးတော့ သူတို့နှစ်ယောက်က အတွဲဖြစ်သွားရုံတင်မကဘူး၊ စွမ်းအားလည်း အတူတူ တိုးတက်သွားခဲ့တယ်။

နှမြောစရာပဲ၊ သူ တစ်ညလုံး မအိပ်မနေရေးဖွဲ့ခဲ့ရတဲ့၊ အရမ်းမိုက်လွန်းတဲ့ ဇာတ်ကွက်က သူ့လုပ်ရပ်ကြောင့် ပျက်စီးသွားရှာပြီ။ ရွှယ်ယို့ရှန်းခမျာ သက်ပြင်းသာ ချလိုက်မိတော့တယ်။ ဆုံးရှုံးမှုအတွက် နောင်တရနေပေမယ့် တခြားရွေးချယ်စရာမှ မရှိတာလေ။

ရင်းဆုယဲ့သာ ကြာစေ့စားမိပြီး ချီစွမ်းအားတွေ ကမောက်ကမဖြစ်သွားရင် သူနဲ့အတူတူ မီးတောက်ကြားမှာ ကခုန်ပေးမယ့်လူကို ဘယ်လိုလုပ် လိုက်ရှာပေးရမလဲ။ အဲ့တာကြောင့် ကြာပန်းတစ်ပင်လုံးကို စားမှဖြစ်မယ်။

(TN : မီးတောက်ကြားမှာ ကခုန်ခြင်း = papapa)

ကြာရွက်နဲ့အမြစ်က ကြာစေ့ထဲမှာပါတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေကို ကူပြီးချေဖျက်ပေးနိုင်ရုံတင်မကဘူး၊ ကြာပန်းရဲ့ စွမ်းအားတွေကို ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်အောင် ကူညီပေးလိမ့်မယ်။ ဒီလိုနည်းနဲ့ စွမ်းအားအကုန်လုံးကို အန္တရာယ်ကင်းကင်း စုပ်ယူနိုင်လိမ့်မယ်။

“ကောင်းပြီ..”

ရင်းဆုယဲ့လည်း ရပ်တန့်သွားပြီး ရိုးတံတစ်ခုလုံးကို ပါးစပ်ထဲထည့်ကာ ဖြည်းဖြည်းချင်း ဝါးစားလိုက်တော့တယ်။ ကြာပန်းပင်တစ်ခုလုံးကို သပ်ရပ်ကျော့ရှင်းစွာ ဝါးစားပြီးနောက် ရင်းဆုယဲ့က မျက်လုံးပိတ်ကာ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းရဲ့ စွမ်းအားတွေကို စတင်စုပ်ယူရင်း စွမ်းအားမြှင့်တင်လိုက်လေတယ်။

ရင်းဆုယဲ့က သူ့ပြောသမျှကို အကြွင်းမဲ့ယုံကြည်ပြီး တစ်ပင်လုံးကို မတုံ့မဆိုင်း ဝါးစားပစ်လိမ့်မယ်လို့ ရွှယ်ယို့ရှန်း လုံးဝမထင်ထားခဲ့ဘူး။ ထိုကိစ္စက သူ့ကို စိတ်ရှုပ်ထွေးလာစေတယ်။ နောက်ဆုံးတော့ ရွှယ်ယို့ရှန်းလည်း မူလနေရာမှာသာ ခြေစုံရပ်နေရင်း မျက်လုံးမှိတ်ကာ ကျင့်ကြံနေတဲ့ ရင်းဆုယဲ့ကို စောင့်ကြည့်ပေးနေလိုက်တယ်။

မြူခိုးလွှာတစ်ခုက ရင်းဆုယဲ့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝန်းရံလာခဲ့ပြီး ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့တယ်။ မြူခိုးငွေ့တွေ အကုန်လုံးကုန်သွားတဲ့အထိ တစ်ဖက်လူရဲ့ မျက်နှာက မျက်ခုံးလေးတောင် တစ်ချက်မပင့်တော့ ရွှယ်ယို့ရှန်းမှာ နားလည်ရခက်လာတော့တယ်။

ရင်းဆုယဲ့က မျက်လုံးမဖွင့်ဘဲ ဆက်ထိုင်နေတုန်းပဲ။

ရင်းဆုယဲ့ရဲ့ လက်ရှိအခြေအနေက စုပ်ယူခဲ့တဲ့ စွမ်းအားတွေကို သူ့ရဲ့ ကိုယ်ပိုင်ချီစွမ်းအင်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲနေတာ ဖြစ်လောက်မယ်။ သူကတော့ ဘေးနားမှာ စောင့်ပြီးရင်း စောင့်ရင်းပေါ့။

နေကျလာတဲ့အချိန်ထိ ရင်းဆုယဲ့ မျက်လုံးဖွင့်လာမယ့် အရိပ်အယောင်ကို မမြင်ရတာကြောင့် ရွှယ်ယို့ရှန်းလည်း စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။

“ပြောကြည့်.. ရင်းဆုယဲ့ ဘယ်အချိန်နိုးလာမယ်ထင်လဲ..? သူသာ အချိန်တိုအတွင်း ကျင့်ကြံလို့မပြီးရင် ငါတို့နှစ်ယောက်လည်း စားစရာမရှိဘူးဆိုတဲ့ သဘောမဟုတ်လား..?”

ကျင့်ကြံတဲ့အချိန်က လူပေါ်မူတည်ပြီး မတူညီဘူးဆိုတာ သူသိပေမယ့်လည်း ရွှယ်ယို့ရှန်းတစ်ယောက် ပွစိပွစိ ပြောနေမိတယ်။ ခေါင်းငုံ့ကြည့်လိုက်တော့ လွေ့ရွယ်က သူ့ခြေထောက်ကို ပွတ်သပ်ရင်း အသနားခံနေလေရဲ့။

အခုတော့ သူနားလည်လိုက်ပါပြီ။ တဇွတ်ထိုးဆန်တယ်ဆိုတာ တကယ်မကောင်းဘူး။ ဟိုလေးယောက်ချန်ခဲ့တဲ့ အစားအစာတွေကို မငြင်းဆန်ခဲ့သင့်ဘူး..!

အိမ်ထဲကအိမ်ပြင်မထွက်တဲ့ အိမ်တွင်းပုန်းလေးအနေနဲ့ အစားအစာမရှာဖွေတတ်တော့ ရင်းဆုယဲ့သာ အချိန်တိုအတွင်း ပြန်မနိုးလာခဲ့ရင် သူတော့ တကယ်ကြီး အငတ်ဘေးဆိုက်တော့မှာပဲဟ..!

…………………………………….

Zawgyi

“ေကာင္းၿပီ.. ကြၽန္ေတာ္ အမွန္အတိုင္းေျပာမယ္.. တကယ္ေတာ့ ခင္ဗ်ားကို ပြင့္ဖတ္ကိုးလႊာေက်ာက္စိမ္းၾကာပြင့္ေပးတာ တျခားအေၾကာင္းအရင္းရွိတယ္..”

႐ႊယ္ယို႔ရွန္းက သူ႔ရဲ႕အမွားကို ရင္းဆုယဲ့ဆီမွာ ဝန္ခံကတိေပးၿပီးတာေတာင္ လိမ္ညာခဲ့ရတဲ့ အေၾကာင္းအရင္းကို ေျပာျပဖို႔ မေမ့ခဲ့ပါဘူး။

“အင္း..?”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို ‘ဆက္ေျပာ’ဆိုတဲ့ အမူအရာမ်ိဳး ျပလိုက္ၿပီး စိတ္ရွည္လက္ရွည္ ဆက္နားေထာင္ခဲ့တယ္။

“ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အခုဆို အတူရွိေနရေတာ့မွာေလ.. အဲ့ေတာ့ ခင္ဗ်ားအင္အားႀကီးလာရင္ ကြၽန္ေတာ္လည္း အင္အားႀကီးလာတဲ့ သေဘာပဲမဟုတ္ဘူးလား..?”

ရင္းဆုယဲ့ ယုံၾကည္လာေအာင္ ေျပာႏိုင္ဖို႔အတြက္ ႐ႊယ္ယို႔ရွန္းက အေျခအေနေတြအားလုံးကို အစအဆုံး သုံးသပ္ျပဖို႔ ဆုံးျဖတ္လိုက္တယ္။ သခင္-အေစခံစာခ်ဳပ္ကို ေျဖရွင္းလို႔ မၿပီးမခ်င္း ရင္းဆုယဲ့အနားကေန ထြက္မသြားပါဘူးလို႔ ကတိေပးထားတာကိုလည္း ျပန္သတိရလိုက္တယ္။ စာခ်ဳပ္ကို အခ်ိန္တိုအတြင္း ေျဖရွင္းလို႔မရႏိုင္ဘူးဆိုတာ သိသာေနတာပဲေလ။ အဲ့ေတာ့ သူတို႔ႏွစ္ေယာက္ အခ်ိန္အၾကာႀကီး အတူရွိေနရဦးမွာပဲ။

“ၿပီးေတာ့လည္း ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပြင့္က သိုင္းစြမ္းအားကိုပဲ အဓိကတိုးျမႇင့္ေပးတာ.. ဝိဉာဥ္စြမ္းအားကို သိပ္ၿပီး အေထာက္အကူမျပဳဘူး..”

သူ႔ကိုယ္သူ ‘ေရွ႕ျဖစ္ေဟာသူ’နဲ႔ ‘မႏၲန္အရွင္သခင္’ ပါလို႔ မိတ္ဆက္ထားတာေၾကာင့္ သိုင္းစြမ္းအင္ထက္ ဝိဉာဥ္စြမ္းအင္ကို ပိုၿပီး လိုအပ္တယ္။ အဲ့ေတာ့ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းကို သူ႔အတြက္ အသုံးျပဳလိုက္ရင္ ျဖဳန္းတီးလိုက္သလိုပဲ။

“တျခားဟာေတြထက္ ကြၽန္ေတာ္မွ မတိုက္ခိုက္တတ္တာ.. ၾကာပန္းကို စားလိုက္လည္း တိုက္ခိုက္ေရးညံ့တဲ့လူက ခ်က္ခ်င္းႀကီး ေတာ္လာမွာမဟုတ္ဘူး..”

တကယ့္အေၾကာင္းအရင္းမွန္က ဒီအခ်က္ပဲ။ Combat Value 5 ေလာက္ပဲရွိတဲ့ ႐ႊယ္ယို႔ရွန္းလို အိမ္တြင္းပုန္းေလးက အဆင့္ျမင့္ တိုက္ခိုက္ႏိုင္စြမ္းေတြ ဘယ္လိုလုပ္ရွိႏိုင္မွာလဲ..? မဟုတ္ရင္ ျပန္တိုက္ခိုက္ရမွာေတာင္ ေမ့ေလ်ာ့ေနတဲ့အထိ ဝံပုေလြေတြကို ေၾကာက္ေနခဲ့မွာမဟုတ္ဘူး။ သူ ဝိဉာဥ္ကူးေျပာင္းလာခဲ့တဲ့ ဒီခႏၶာကိုယ္ပိုင္ရွင္မွာ ဘာစြမ္းအားေတြ ရွိေနသလဲဆိုတာေတာ့ ႐ႊယ္ယို႔ရွန္းလည္း မသိေသးပါဘူး။ အဲ့တာေၾကာင့္ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းသုံးၿပီး စြမ္းအားျမႇင့္တင္ႏိုင္ခဲ့ရင္ေတာင္ ဘယ္လိုအသုံးျပဳရမွန္း သိမွာမဟုတ္ဘူး။

(TN : Combat Value က တိုက္ခိုက္ႏိုင္စြမ္းကိုပဲ ေျပာခ်င္တာပါ။ Game ေတြထဲမွာေတာ့ ျမင္ဖူးၾကမယ္ထင္တယ္။ ပိုေတာ္ေလ Combat Value ပိုမ်ားေလ အဲ့လိုမ်ိဳးေပါ့။ ေလြ႕႐ြယ္ေလးရဲ႕ Combat Value ကလည္း 5 ပဲ ရွိတာပါ။)

“ခင္ဗ်ား ပိုၿပီးသန္မာလာရင္ ကြၽန္ေတာ့္ကို ပိုၿပီးကာကြယ္ေပးႏိုင္တယ္ေလ..”

႐ႊယ္ယို႔ရွန္းခမ်ာ သူ႔ရဲ႕ လက္ရွိခႏၶာကိုယ္ေသးေသးေလးကို အားမလိုအားမရ ျဖစ္လာခဲ့တယ္။ သူ႔ကိုယ္သူ အားကိုးေနတာထက္ တျခားသူကို မွီခိုလိုက္တာ ပိုေကာင္းတယ္..!

“အတိုခ်ဳပ္ေျပာရရင္ ကြၽန္ေတာ့္ရဲ႕ လုံၿခဳံေရးက ခင္ဗ်ားအေပၚ မူတည္ေနတာ..”

႐ႊယ္ယို႔ရွန္းက ေနာက္ဆုံးသုံးသပ္ခ်က္ကို ေျပာလိုက္ၿပီး သူ႔ရဲ႕ ရွင္းျပမႈကို အဆုံးသတ္လိုက္တယ္။ သူ႔ရဲ႕ အရပ္အေမာင္းက ခြင့္မျပဳလို႔သာေပါ့၊ မဟုတ္ရင္ ယုံၾကည္မႈကို ေဖာ္ျပတဲ့အေနနဲ႔ ရင္းဆုယဲ့အနားကို ေလွ်ာက္သြားၿပီး ညီအစ္ကိုေကာင္းေတြလို ပခုံးပုတ္ပစ္လိုက္ၿပီ။

“ေကာင္းၿပီ..”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို နက္နက္ရႈိင္းရႈိင္း စိုက္ၾကည့္လိုက္ရင္း ျဖည္းညင္းစြာ ေခါင္းညိတ္ျပခဲ့တယ္။ သူ႔ရဲ႕ တည္ၾကည္ေလးနက္လြန္းတဲ့ အမူအရာက တစ္စုံတစ္ရာအေပၚ အာ႐ုံစူးစိုက္ထားသကဲ့သို႔…

“………..”

သူ႔မွာေတာ့ ရင္းဆုယဲ့ကို ေဖ်ာင္းဖ်ႏိုင္ဖို႔ ဦးေႏွာက္ထဲကေန အေၾကာင္းျပခ်က္မ်ိဳးစုံ အသည္းအသန္ ညႇစ္ထုတ္ထားခဲ့ရတာ။ အဲ့တာကို ရင္းဆုယဲ့က ‘ေကာင္းၿပီ’ဆိုတဲ့ စကားတစ္ခြန္းတည္းနဲ႔ အဆုံးသတ္သြားေရာတဲ့လား။

ကြာျခားခ်က္က ဘာလို႔ ဒီေလာက္ေတာင္ ႀကီးမားေနရတာလဲ..? ေနပါဦး.. သူက ရင္းဆုယဲ့ကို ၾကာပန္းေလး လက္ခံေပးဖို႔ပဲ ေျပာခဲ့မိတာပါ။ ရင္းဆုယဲ့က ဘာလို႔ အရမ္းျဖစ္ပ်က္ေနရတာလဲ..? မသိရင္ သူကပဲ တစ္ဖက္လူကို သူ႔အတြက္ ကတိသစၥာက်မ္းက်ိန္ဆိုဖို႔ အတင္းအက်ပ္ ဖိအားေပးေနသလိုလို…

ဒီထူးဆန္းတဲ့ ခံစားခ်က္ႀကီးက ဘယ္ကေရာက္လာတာလဲဟ..?

“သေဘာတူၿပီဆိုလည္း ပြင့္ဖတ္ကိုးလႊာေက်ာက္စိမ္းၾကာပြင့္ကို ျမန္ျမန္သုံးလိုက္ေတာ့ေလ..”

႐ႊယ္ယို႔ရွန္းလည္း အခ်ိန္နဲ႔အမွ် ခံစားမိေနတဲ့ ထူးဆန္းတဲ့ ခံစားခ်က္ႀကီးကို လ်စ္လ်ဴရႈထားဖို႔ ဆုံးျဖတ္လိုက္တယ္။ ရင္းဆုယဲ့နဲ႔ စေတြ႕ၿပီးအခ်ိန္ကတည္းက ႐ုတ္တရက္ဆိုသလို ေပၚလာတတ္တဲ့ ရွင္းျပရခက္တဲ့ ခံစားခ်က္ေတြနဲ႔ အသားက်ေနၿပီလို႔ေတာင္ ဆိုလို႔ရတယ္။ အခုအခ်ိန္မွာ အေရးႀကီးဆုံးက ရင္းဆုယဲ့ စြမ္းအားတိုးလာဖို႔ပဲ..!

“ေကာင္းၿပီ..” ရင္းဆုယဲ့က ေခါင္းညိတ္ျပလိုက္တယ္။

“ဒီမွာ..”

ရင္းဆုယဲ့ သေဘာတူလိုက္တာနဲ႔ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့လက္ထဲကို ၾကာပန္း အတင္းထိုးေပးလိုက္ေလတယ္။ ႐ႊယ္ယို႔ရွန္းရဲ႕ စိတ္အားထက္သန္ေနပုံက ရင္းဆုယဲ့ စိတ္ေျပာင္းသြားမွာကို စိုးရိမ္ေနတာနဲ႔ မတူေတာ့ဘဲ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းကို အရမ္းမုန္းတီးေနသလိုေတာင္ ထင္မွတ္ရတယ္။

“………….”

ရင္းဆုယဲ့လည္း လက္ထဲထိုးထည့္ခံလိုက္ရတဲ့ ၾကာပန္းေလးကို ငုံ႔ၾကည့္လိုက္တယ္။ ၾကာပန္းရဲ႕ အသြင္အျပင္က အရမ္းကို သနားစရာေကာင္းေနၿပီ။ အဲ့တာနဲ႔ ရင္းဆုယဲ့လည္း ေၾကမြလုနီးပါးၾကာပန္းေလးကို ၾကည့္ေကာင္းေအာင္ အသာဆြဲျဖန႔္ေပးလိုက္တယ္။

“စားပဲစားေတာ့မွာကို.. ဘာလို႔ ၾကည့္ေကာင္းေအာင္ လုပ္ေနေသးတာလဲ..?”

ၾကာပန္းအေပၚ ရင္းဆုယဲ့ရဲ႕ ႏူးညံ့မႈေတြကို ျမင္လိုက္ရေတာ့ ႐ႊယ္ယို႔ရွန္းရဲ႕ စိတ္ထဲ ႐ုတ္ခ်ည္း မေက်မနပ္ ျဖစ္သြားခဲ့တယ္။ ရင္းဆုယဲ့ပုံစံက ၾကာပန္းကို အရမ္းဂ႐ုစိုက္ေနသလိုပဲ။ သူက ၾကာပန္းကို ၾကမ္းၾကမ္းတမ္းတမ္း၊ ပစ္စလက္ခတ္ ကိုင္ပါတယ္ဆိုၿပီး သြယ္ဝိုက္တဲ့ နည္းလမ္းနဲ႔ ႏႈိင္းယွဥ္ျပေနတာ မဟုတ္ဘူးလား..? အႏိုင္က်င့္ခ်င္ေနတာ မဟုတ္ဘူးလား..?

“မဟုတ္ပါဘူး.. ဒီလိုဆို စားရတာ ပိုလြယ္တယ္ေလ..”

႐ႊယ္ယို႔ရွန္းရဲ႕ စိတ္အေျခအေနက ဘာေၾကာင့္ ႐ုတ္တရက္ ေျပာင္းလဲသြားလဲဆိုတာ ရင္းဆုယဲ့ နားမလည္ႏိုင္ေတာ့ဘူး။ ဒါေပမဲ့ အက်ိဳးသင့္အေၾကာင္းသင့္ ျပန္ေျပာျပခဲ့တယ္။

“မတူဘူးေပါ့..?” ႐ႊယ္ယို႔ရွန္းက ေမးကို အသာပင့္လိုက္ရင္း အေျဖကို ေက်နပ္ေၾကာင္း ေဖာ္ျပလိုက္တယ္။

“အင္း..” ကေလးေလးက စိတ္အေျပာင္းအလဲ အရမ္းျမန္တာပဲ..!

“ဒါဆိုရင္ ၾကာပန္းကိုေခ်ဖ်က္ဖို႔ လုံၿခဳံတဲ့ေနရာတစ္ခုခု ရွာၾကရေအာင္..”

ရင္းဆုယဲ့ၾကည့္ရတာ မတုန္မလႈပ္နဲ႔။ သူကပဲ အခ်ိန္တိုင္း လိုက္သတိေပးေနရတယ္လို႔ ႐ႊယ္ယို႔ရွန္း ခံစားလိုက္ရတယ္။

“ဒီမွာလည္း အဆင္ေျပပါတယ္..”

ရင္းဆုယဲ့က ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး သန႔္ရွင္းတဲ့ ေျမေနရာတစ္ခုမွာ ထိုင္ခ်လိုက္တယ္။

“ေနရာေ႐ြးဖို႔ ပ်င္းေနျပန္ၿပီ..”

ရင္းဆုယဲ့က လက္ရွိေနရာမွာပဲ က်င့္ႀကံဖို႔ ေ႐ြးခ်ယ္လိုက္ေတာ့ ႐ႊယ္ယို႔ရွန္းမွာ ဘာေျပာလို႔ေျပာရမွန္းမသိ ျဖစ္သြားခဲ့တယ္။ အနာဂတ္မရွိတဲ့ သာမန္က်င့္ႀကံသူေတြေတာင္ လွ်ိဳ႕ဝွက္ေနရာေကာင္းတစ္ခုကို ေသေသခ်ာခ်ာ ေ႐ြးခ်ယ္၊ အကာအကြယ္စည္း အထပ္ထပ္ခ်ၿပီး အရာအားလုံး အဆင္သင့္ျဖစ္ေတာ့မွ ကာလရွည္က်င့္ႀကံမႈႀကီးကို စတင္ၾကတာ မဟုတ္ဘူးလား..?

ဒါေပမဲ့ ရင္းဆုယဲ့က်ေတာ့ အရာအားလုံး ေျပာင္းျပန္ပဲ။ က်င့္ႀကံတဲ့ေနရာကို ျဖစ္သလို ေ႐ြးလိုက္တဲ့အျပင္ သူ႔ကိုယ္စား က်န္ရစ္တဲ့လူ စိတ္ပူေနရေအာင္ လုပ္သြားေသးတယ္..!

“ဘာမွမျဖစ္ေစရဘူး.. ကိုယ့္ကိုယုံ..”

ရင္းဆုယဲ့က လက္ဆန႔္ထုတ္ၿပီး ႐ႊယ္ယို႔ရွန္းကို ေခါင္းပုတ္ေပးလိုက္တယ္။ ႐ႊယ္ယို႔ရွန္း သူ႔အတြက္ စိုးရမ္ေနမွန္း သိေပမယ့္ နိမိတ္ဆိုးၾကမၼာငင္ေရကန္က တကယ့္ကို ေနရာေကာင္းတစ္ခုပဲ။ တျခားထက္ သူ႔ကိုယ္သူ ယုံတယ္။ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းကို ေခ်ဖ်က္ႏိုင္ဖို႔ အခ်ိန္သိပ္မယူရပါဘူး။

အတိတ္ဘဝတုန္းကဆို ကိုယ့္အားကိုယ္ကိုးၿပီး ေ႐ႊေရာင္အဆင့္ထိေရာက္ေအာင္ က်င့္ႀကံႏိုင္ခဲ့တာပဲေလ။ သူ႔ရဲ႕ လက္ရွိဝိဉာဥ္စြမ္းအားက ေ႐ႊေရာင္ေတာ္ဝင္အဆင့္မွာ ရွိေနတုန္းပဲဆိုေတာ့ ႀကီးျမတ္တဲ့ဘုရင္တစ္ပါး အျမန္ဆုံး ျဖစ္လာလိမ့္မယ္။ ဒီေတာ့ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းက သူ႔ရဲ႕က်င့္ႀကံဆင့္ကို ျမႇင့္တင္ေပးႏိုင္မယ့္ ေလွကားထစ္တစ္ခုပဲ..!

(TN : ေကာင္းကင္အဆင့္၊ ေျမႀကီးအဆင့္၊ ကနဦးအဆင့္၊ ေ႐ႊေရာင္အဆင့္.. ေမ့ေနၾကမွာစိုးလို႔ေနာ္။)

တစ္ခဏစဥ္းစားၿပီးေနာက္ ရင္းဆုယဲ့က ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းမွ ၾကာေစ့ထုတ္ယူရန္ လက္လွမ္းလိုက္တယ္။ သူသိထားသေလာက္ဆို ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းက ႏွစ္တစ္ရာမွာ ၾကာေစ့တစ္ခုပဲ ထုတ္ေပးတယ္။ ၾကာပန္းရဲ႕ အဓိကစြမ္းအားက ၾကာေစ့ထဲမွာ သိုေလွာင္ထားတာဆိုေတာ့ ၾကာေစ့တစ္ေစ့စီက ႏွစ္တစ္ရာစြမ္းအားနဲ႔ ညီမွ်ေလတယ္။

“ခဏေလး.. ၾကာေစ့ေတြကို မထုတ္လိုက္နဲ႔.. ၾကာပန္းတစ္ခုလုံးကို တစ္ခါတည္းစားပစ္လိုက္..”

ရင္းဆုယဲ့က ၾကာေစ့ေတြကို စားမလို႔လုပ္ေနေတာ့ ႐ႊယ္ယို႔ရွန္းလည္း အျမန္တားလိုက္ၿပီး နည္းမွန္လမ္းမွန္ကို ေျပာျပလိုက္တယ္။

ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပြင့္အေၾကာင္း သူေရးဖြဲ႕ခဲ့တုန္းက အေတာ္ေလး အခ်ိန္ေပးခဲ့ရတာ။ အဓိကဇာတ္လိုက္အတြက္ မေမွ်ာ္လင့္ထားတဲ့ ကံေကာင္းမႈေတြ အလွေလးေတြ ပိုင္ဆိုင္ရေလေအာင္ ရည္႐ြယ္ထားတာဆိုေတာ့ ၾကာေစ့ထဲမွာ ရက္စက္ၾကမ္းၾကဳတ္တဲ့ စြမ္းအားေတြ ပါဝင္တယ္လို႔ ေရးဖြဲ႕ခဲ့မိတယ္။ အေစ့ကို တိုက္႐ိုက္စားသုံးမိသူတိုင္း ခႏၶာကိုယ္အတြင္းပိုင္းမွာ မီးေလာင္ကြၽမ္းသလို ပူေလာင္လာလိမ့္မယ္။ ကေမာက္ကမေတြျဖစ္ၿပီး ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္တဲ့အထိ ျဖစ္သြားလိမ့္မယ္။

ဇာတ္ေၾကာင္းအရဆိုရင္ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းကို အဓိကဇာတ္လိုက္ ရသြားတဲ့အခ်ိန္ သူခိုးမေလးတစ္ေယာက္ ေရာက္လာခဲ့တယ္။ သူခိုးမေလးက မနားတမ္း အေႏွာင့္အယွက္ေပးေနေတာ့ အဓိကဇာတ္လိုက္လည္း သူမကို ၾကာေစ့ ၃ ေစ့ ေပးလိုက္ရတယ္။ ထိုလုပ္ရပ္ေၾကာင့္ သူခိုးမေလးရဲ႕ အဓိကဇာတ္လိုက္အေပၚ စိတ္ခံစားခ်က္ေတြက အံ့ဩစရာေကာင္းေအာင္ တိုးတက္လာခဲ့ေတာ့တယ္။

အဲ့ေနာက္မွာေတာ့ ၾကာေစ့အေၾကာင္း ဘာမွမသိထားတဲ့ နလပိန္းတုံးႏွစ္ေယာက္က ေနရာတစ္ခုတည္းမွာ အတူတူက်င့္ႀကံမယ္ဆိုၿပီး ဆုံးျဖတ္လိုက္ၾကတယ္။ အဲ့တာမွ တစ္ဦးကိုတစ္ဦး အကာအကြယ္ေပးႏိုင္မွာ ဆိုၿပီးေတာ့ေလ။

လိုဏ္ဂူတစ္ခုကို ေ႐ြးခ်ယ္လိုက္ၾကၿပီး တစ္ၿပိဳင္တည္း ၾကာေစ့ေတြကို စားလိုက္ၾကတယ္။ ရလဒ္ကေတာ့ အသိစိတ္ေပ်ာက္သြားတဲ့ ႏွစ္ေယာက္သား ခ်ိဳျမန္တဲ့ ရမၼက္ေတြၾကားမွာ လႊမ္းမိုးခံလိုက္ရၿပီး ကေလးေတြမၾကည့္သင့္တဲ့ ကိစၥေတြ ျဖစ္ပ်က္သြားေတာ့တာပဲ။ အဲ့ျဖစ္ရပ္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္က အတြဲျဖစ္သြား႐ုံတင္မကဘူး၊ စြမ္းအားလည္း အတူတူ တိုးတက္သြားခဲ့တယ္။

ႏွေျမာစရာပဲ၊ သူ တစ္ညလုံး မအိပ္မေနေရးဖြဲ႕ခဲ့ရတဲ့၊ အရမ္းမိုက္လြန္းတဲ့ ဇာတ္ကြက္က သူ႔လုပ္ရပ္ေၾကာင့္ ပ်က္စီးသြားရွာၿပီ။ ႐ႊယ္ယို႔ရွန္းခမ်ာ သက္ျပင္းသာ ခ်လိုက္မိေတာ့တယ္။ ဆုံးရႈံးမႈအတြက္ ေနာင္တရေနေပမယ့္ တျခားေ႐ြးခ်ယ္စရာမွ မရွိတာေလ။

ရင္းဆုယဲ့သာ ၾကာေစ့စားမိၿပီး ခ်ီစြမ္းအားေတြ ကေမာက္ကမျဖစ္သြားရင္ သူနဲ႔အတူတူ မီးေတာက္ၾကားမွာ ကခုန္ေပးမယ့္လူကို ဘယ္လိုလုပ္ လိုက္ရွာေပးရမလဲ။ အဲ့တာေၾကာင့္ ၾကာပန္းတစ္ပင္လုံးကို စားမွျဖစ္မယ္။

(TN : မီးေတာက္ၾကားမွာ ကခုန္ျခင္း = papapa)

ၾကာ႐ြက္နဲ႔အျမစ္က ၾကာေစ့ထဲမွာပါတဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ စြမ္းအားေတြကို ကူၿပီးေခ်ဖ်က္ေပးႏိုင္႐ုံတင္မကဘူး၊ ၾကာပန္းရဲ႕ စြမ္းအားေတြကို ခႏၶာကိုယ္နဲ႔ ေပါင္းစပ္ႏိုင္ေအာင္ ကူညီေပးလိမ့္မယ္။ ဒီလိုနည္းနဲ႔ စြမ္းအားအကုန္လုံးကို အႏၲရာယ္ကင္းကင္း စုပ္ယူႏိုင္လိမ့္မယ္။

“ေကာင္းၿပီ..”

ရင္းဆုယဲ့လည္း ရပ္တန႔္သြားၿပီး ႐ိုးတံတစ္ခုလုံးကို ပါးစပ္ထဲထည့္ကာ ျဖည္းျဖည္းခ်င္း ဝါးစားလိုက္ေတာ့တယ္။ ၾကာပန္းပင္တစ္ခုလုံးကို သပ္ရပ္ေက်ာ့ရွင္းစြာ ဝါးစားၿပီးေနာက္ ရင္းဆုယဲ့က မ်က္လုံးပိတ္ကာ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းရဲ႕ စြမ္းအားေတြကို စတင္စုပ္ယူရင္း စြမ္းအားျမႇင့္တင္လိုက္ေလတယ္။

ရင္းဆုယဲ့က သူ႔ေျပာသမွ်ကို အႂကြင္းမဲ့ယုံၾကည္ၿပီး တစ္ပင္လုံးကို မတုံ႔မဆိုင္း ဝါးစားပစ္လိမ့္မယ္လို႔ ႐ႊယ္ယို႔ရွန္း လုံးဝမထင္ထားခဲ့ဘူး။ ထိုကိစၥက သူ႔ကို စိတ္ရႈပ္ေထြးလာေစတယ္။ ေနာက္ဆုံးေတာ့ ႐ႊယ္ယို႔ရွန္းလည္း မူလေနရာမွာသာ ေျခစုံရပ္ေနရင္း မ်က္လုံးမွိတ္ကာ က်င့္ႀကံေနတဲ့ ရင္းဆုယဲ့ကို ေစာင့္ၾကည့္ေပးေနလိုက္တယ္။

ျမဴခိုးလႊာတစ္ခုက ရင္းဆုယဲ့ရဲ႕ ခႏၶာကိုယ္ပတ္ပတ္လည္မွာ ဝန္းရံလာခဲ့ၿပီး ခႏၶာကိုယ္အတြင္းသို႔ ျဖည္းျဖည္းခ်င္း စိမ့္ဝင္သြားခဲ့တယ္။ ျမဴခိုးေငြ႕ေတြ အကုန္လုံးကုန္သြားတဲ့အထိ တစ္ဖက္လူရဲ႕ မ်က္ႏွာက မ်က္ခုံးေလးေတာင္ တစ္ခ်က္မပင့္ေတာ့ ႐ႊယ္ယို႔ရွန္းမွာ နားလည္ရခက္လာေတာ့တယ္။

ရင္းဆုယဲ့က မ်က္လုံးမဖြင့္ဘဲ ဆက္ထိုင္ေနတုန္းပဲ။

ရင္းဆုယဲ့ရဲ႕ လက္ရွိအေျခအေနက စုပ္ယူခဲ့တဲ့ စြမ္းအားေတြကို သူ႔ရဲ႕ ကိုယ္ပိုင္ခ်ီစြမ္းအင္အျဖစ္ ျဖည္းျဖည္းခ်င္း ေျပာင္းလဲေနတာ ျဖစ္ေလာက္မယ္။ သူကေတာ့ ေဘးနားမွာ ေစာင့္ၿပီးရင္း ေစာင့္ရင္းေပါ့။

ေနက်လာတဲ့အခ်ိန္ထိ ရင္းဆုယဲ့ မ်က္လုံးဖြင့္လာမယ့္ အရိပ္အေယာင္ကို မျမင္ရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း စိတ္ပ်က္လက္ပ်က္ ေခါင္းငိုက္စိုက္က်သြားခဲ့တယ္။

“ေျပာၾကည့္.. ရင္းဆုယဲ့ ဘယ္အခ်ိန္ႏိုးလာမယ္ထင္လဲ..? သူသာ အခ်ိန္တိုအတြင္း က်င့္ႀကံလို႔မၿပီးရင္ ငါတို႔ႏွစ္ေယာက္လည္း စားစရာမရွိဘူးဆိုတဲ့ သေဘာမဟုတ္လား..?”

က်င့္ႀကံတဲ့အခ်ိန္က လူေပၚမူတည္ၿပီး မတူညီဘူးဆိုတာ သူသိေပမယ့္လည္း ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ပြစိပြစိ ေျပာေနမိတယ္။ ေခါင္းငုံ႔ၾကည့္လိုက္ေတာ့ ေလြ႕႐ြယ္က သူ႔ေျခေထာက္ကို ပြတ္သပ္ရင္း အသနားခံေနေလရဲ႕။

အခုေတာ့ သူနားလည္လိုက္ပါၿပီ။ တဇြတ္ထိုးဆန္တယ္ဆိုတာ တကယ္မေကာင္းဘူး။ ဟိုေလးေယာက္ခ်န္ခဲ့တဲ့ အစားအစာေတြကို မျငင္းဆန္ခဲ့သင့္ဘူး..!

အိမ္ထဲကအိမ္ျပင္မထြက္တဲ့ အိမ္တြင္းပုန္းေလးအေနနဲ႔ အစားအစာမရွာေဖြတတ္ေတာ့ ရင္းဆုယဲ့သာ အခ်ိန္တိုအတြင္း ျပန္မႏိုးလာခဲ့ရင္ သူေတာ့ တကယ္ႀကီး အငတ္ေဘးဆိုက္ေတာ့မွာပဲဟ..!

…………………………………….

Continue Reading

You'll Also Like

1M 118K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
193K 21.2K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
94.4K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...
3.4M 278K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...