ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

846K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.7.5

3.3K 543 77
By devil61002

ခေရာ့စ္သည္ ရုတ္တရက္တိုက္ခိုက္ခံလိုက္ရၿပီးၿပီးခ်င္း ထပ္ေရာက္လာသၫ့္ ကန္ခ်က္ေၾကာင့္ လက္ျဖင့္ အလ်င္စလို ကာကြယ္လိုက္ရသည္ ။ သို႔တိုင္ေအာင္ ျပင္းထန္သၫ့္ အားေၾကာင့္ အေနာက္သို႔ ဆက္တိုက္လြင့္သြားကာ နံရံနဲ႔ တိုက္မိၿပီးမွသာ ျပန္က်လာခဲ့သည္ ။

ႏူတ္ခမ္းမွ ေသြးမ်ားအား လက္မျဖင့္ အသာပြတ္ဆြဲ သုတ္လိုက္ကာ ၿပံဳးလိုက္သည္ ။ အၿပံဳးသည္ ရက္စက္ေတာ့မၫ့္ အၿပံဳးလဲ မဟုတ္သလို .. ေကာက္က်စ္သၫ့္ အၿပံဳးလဲ မဟုတ္ေပ ။ သူ႔ကို ၾကၫ့္ရသည္မွာ အထိုးခံလိုက္ရသည္ကိုပင္ ေပ်ာ္ရြင္ေနသည္ဟန္ ေပါက္ေနသည္ ။

အဖြဲ႔ကိုးမွ လူမ်ား : "..." ငါတို႔ ဗိုလ္မွဴးက စိတ္လြတ္သြားၿပီဘဲ ..

" Liam!! .. သူ မခံႏိုင္ေတာ့ဘူးထင္တယ္ ..ေသသြားရင္ မာရွယ္ကို ရွင္းျပေနရဦးမယ္.. " ေလာ့သည္ ဤမေကာင္းဆိုးဝါးအား ရန္စရဲသၫ့္ ဒီအငယ္တန္းဗိုလ္မွဴးေလး၏ အရဲတင္းမႈအား အေလးျပဳရေတာ့မလိုပင္ ။ သူက Liam အား ဒီေလာက္ ေဒါသထြက္ေအာင္ လုပ္ႏိုင္သည္လူ မေတြ့ဖူးေပ ။

ေလာ့က ဆက္မေျပာရေသးခင္ပင္ Liam ၏ ႏူတ္မွ ေအးစက္သၫ့္ အသံက ထြက္ေပၚလာသည္ ။ " ဟက္... ဒီအရူးလား ေသမွာ.. !! " စကားဆံုးသည္နဲ႔ ခ်က္ခ်င္း ခုန္ထြက္သြားကာ ခေရာ့စ္ ေရ႔ွသို႔ ေရာက္သြားခဲ့သည္ ။

အက်ႌေကာ္လံစအား ဆုပ္ကိုင္လိုက္ကာ " ဒါက လုပ္ခ်င္ရာလုပ္တဲ့ အတြက္ " ဟု ေရရြတ္လိုက္ကာ ေနာက္တစ္ဖန္ လြင့္ပစ္လိုက္သည္ ။

လူတိုင္းသည္ မ်က္စိေရ႔ွမွ ျမင္ကြင္းအား မၾကၫ့္ရက္ေတာ့ဘဲ ေကာင္းကင္ေပၚသို႔ ‌ေမာ့ၾကၫ့္မိၾကသည္ ။ ေလ့က်င့္ေရးကြင္းထဲတြင္ ခေရာ့စ္သည္ အရုပ္ကေလးတစ္ရုပ္အလား ပစ္ေပါက္ခံေနရသည္ကို ျမင္ႏိုင္ေပသည္ ။

" ငါ.. ငါတို႔ ဝင္ပါသင့္လား .." အဖြဲ႔ကိုးမွ တစ္ေယာက္က ခ်ီတံုခ်တံုျဖင့္ ေျပာလိုက္ကာ အသင့္ျပင္လိုက္သည္ ။ တစ္ေယာက္က ေျပာသၫ့္လူ၏ ေခါင္းအေနာက္ကို တစ္ခ်က္ရိုက္လိုက္ကာ " မျမင္ဘူးလား .. ေခါင္းေဆာင္က ျပန္မတိုက္နိုင္တာ .. ငါတို႔ ဝင္ပါရင္ ေခါင္းေဆာင္နဲ႔အတူ အရိုက္ခံေနရရံုဘဲကို .. " ေျပာသၫ့္လူသည္ အေတြ့အႀကံဳရိွသၫ့္ တိုက္ခိုက္ေရးသမား ျဖစ္သည္ ။ သူက တိုက္ပြဲတစ္ခုတြင္ ဒဏ္ရာရရိွၿပီး စြမ္းရည္နိမ့္သြားကာ အဖြဲ႔ကိုးသို႔ အပို႔ခံလိုက္ရသူျဖစ္သည္ ။ ကိုင္းရာ အင္ပါယာသည္ ထုတ္ပယ္ျခင္း စနစ္ကို က်င့္သံုးသၫ့္ အဖြဲ႔အစည္းျဖစ္ကာ သူ႔လို လူမ်ိဳးမ်ား ေပါမ်ားေပသည္ ။ ထိုကဲ့သို႔ေသာ လူက ေျပာလာသျဖင့္ အကုန္လံုး ၿငိမ္ေနလိုက္ၾကရသည္ ။

စကားစျပတ္သြားခ်ိန္တြင္ အဖြဲ႔သားတစ္ေယာက္က ေခါင္းကုတ္က မေရမရာ ေရရြတ္လိုက္သည္ ။ " ေခါင္းေဆာင္က တမင္ အရိုက္ခံေနတယ္လို႔ ထင္ေနတာ .. ငါတစ္ေယာက္တည္းလား .."

ထိုစကားသံေၾကာင့္ အားလံုး တိတ္ဆိတ္သြားကာ ကြင္းျပင္သို႔ ေသခ်ာျပန္ၾကၫ့္လိုက္သည္ ။ အနက္ေရာင္ပံုရိပ္သည္ ခက္ထန္ၾကမ္းတမ္းသၫ့္ သားရဲ‌တစ္ေကာင္ကဲ့သို႔ အမႈအရာကို ထုတ္ေဖာ္ေနကာ စူးရဲသၫ့္ အၾကၫ့္မ်ားျဖင့္ ခေရာ့စ္အား အသက္မပါသကဲ့သို႔ ၾကၫ့္ေနၿပီး  အက်ႌေကာ္လံမ်ားကို ဆုပ္ကိုင္ထားခဲ့သည္ ။ တစ္ဖက္၏ အသက္သည္ သူ႔လက္ထဲတြင္ ရိွေနသၫ့္အလား မ်က္ဝန္းမ်ားက ၾကၫ့္မိသူတိုင္း ေက်ာရိုးတစ္ေလ်ာက္ စိမ့္သြားေစသည္ ။

သို႔ေသာ္ ခေရာ့စ္သည္ ထိုမ်က္ဝန္းမ်ားအား အေသအခ်ာၾကၫ့္ေနရင္း သေဘာတက်ၿပံဳးေနခဲ့သည္ ။ သူ႔အမႈအရာက အလြန္တရာ ႏွစ္သက္ျမတ္ႏိုးေနပံုေပၚေနခဲ့သျဖင့္ လူတိုင္း ေမးရိုးမ်ား ျပဳတ္က်သည္အထိ အံ့အားသင့္ေနၾကသည္ ။

ဒီလူ.. ဒီလူက ဒီအေျခအေနမွာေတာင္ ခ်စ္က်ီစယ္တဲ့ အမႈအရာ လုပ္ေနေသးတာလား ... ၿပီးေတာ့ အဲ့ဒါကလည္း Liam! အေပၚမွာ..

ေလာ့က မေနႏိုင္စြာ သူႏွဖူးသူ ျပန္ရိုက္မိလိုက္ၿပီး ခပ္ဖြဖြရယ္ေမာလိုက္သည္ ။

ခေရာ့စ္သည္ လူအမ်ားၾကၫ့္ေနသည္ကို ဂရုမစိုက္ေပ။  သူက အလြန္ေဒါသထြက္ေနသၫ့္ လူအား ၿပံဳးေနေသာ မ်က္ဝန္းမ်ားျဖင့္ ေမွးၾကၫ့္လိုက္ကာ " စိတ္ေျပသြားၿပီလား ... အြတ္..."

ရုတ္တရက္ ဗိုက္မွ နာက်င္မႈကို ခံစားလိုက္ရကာ သူ႔အစာအိမ္မ်ား ေျပာင္းျပန္လွန္သြားၿပီလား ဟုပင္ ထင္မိလိုက္သည္။ 

" မင္းက အခု ငါ့ကို ေမးရဲေသးတာလား .." Liam က ေအးစက္စြာ ရယ္လိုက္သည္ ။ ေဒါသထြက္သည္.. သူက ဒီလူ တစ္ေခါက္ၿပီး တစ္ေခါက္ ထားသြားျခင္းကို ေဒါသထြက္သည္ .. ထပ္ၿပီး သူက ဘာမွမလုပ္ႏိုင္ဘဲ ကူကယ္ရာမဲ့ေနတာကို ေဒါသထြက္သည္ ။

ယခု ျပန္ေတြ့သည္အခါ ဘာမွမျဖစ္သလို ေနေနသၫ့္ လူအား ေဒါသထြက္သည္ ။ " သူမ်ား ခံစားခ်က္ကို နဲနဲေလး အ‌ေလးထားလို႔ မရဘူးလား ... အရူးရဲ့!!! "

သူသည္ သူတို႔ႏွစ္ေယာက္ၾကားက တူညီသၫ့္ ခံစားခ်က္ကို သိေနေသာေၾကာင့္ ဒီထက္ပိုၿပီးလည္း ေဒါသမထြက္ႏိုင္ခဲ့‌ေပ။ သူသည္ ဒီလူျဖစ္ေနလို႔သာ ဒီေလာက္ သည္းခံေနတာျဖစ္ၿပီး ဒီလူသည္လည္း သူျဖစ္ေနလို႔ အခုလို ဘာမွမတုန႔္ျပန္ဘဲ အေလ်ာ့ေပးထားတာ ျဖစ္ေၾကာင္း သိေနသည္ ။ သို႔တိုင္ေအာင္ လက္ရိွ စိတ္အေျခအေနဆိုးရြားျခင္းက ရပ္တန႔္သြားခဲ့ျခင္း မရိွေပ ။

" ေနာင္တရလား.. " ခေရာ့စ္၏ မ်က္ႏွာထက္က အၿပံဳးသည္ တစ္ခါမွ မရိွခဲ့ဘူးသကဲ့သို႔ ေပ်ာက္ကြယ္သြားခဲ့သည္ ။ သူ၏ စိတ္စြမ္းအင္ျဖင့္ ခ်ိတ္ဆက္ထားသၫ့္ ေရွာင္ထ်န္းက တစ္ခုခု ဆိုးရြားတာ ျဖစ္ေတာ့ မည္ဟု ခံစားလိုက္ရသည္ ။

ေခေရာ့စ္က သူ႔ေရ႔ွက လူအား အေလးအနက္ စူးစိုက္ၾကၫ့္ေနသည္ ။ ပါးစပ္က ထြက္လာသၫ့္ အေျဖသည္ သက္ရိွတိုင္း၏ အသက္အေပၚ မူတည္ေနသၫ့္ ပံုစံေပါက္ေနခဲ့သည္ ။ သူသည္ " မင္းက ေနာင္တရဖို႔ မမီေတာ့ဘူး " ဟု ေျပာခ်င္ေသာ္လည္း သူက အေျဖကို ေစာင့္ေနဆဲ ။

Liam သည္ တခနေတာင္ မတံု႔ဆိုင္းေနေပ ။ သူက ခေရာ့စ္အား နံရံသို႔ ပစ္လြတ္လိုက္သည္ ။ " ဟမ့္.. ေနာင္တရမွာ မင္းလား .. ငါလား ဆိုတာ မေသခ်ာ‌ဘူးေနာ္ .. အခု ေသခ်ာတာေတာ့ .. ငါမင္းကို ေသေအာင္ ရိုက္မွာ !! "

ခေရာ့စ္၏ မ်က္ႏွာထက္တြင္ အၿပံဳးမ်ား ျပန္လည္ဝင္ေရာက္လာကာ " ဟားးဟားး ဒါဆို လံုေလာက္ၿပီ.. အ‌ဟြတ္.. အဟြတ္.." ေခ်ာင္းဆိုးရာမွ ေသြးမ်ားပါလာကာ ခနအၾကာတြင္ သူ႔အေတြးမ်ား အေမွာင္က်သြားေတာ့သည္ ။ သူက အတိုက္ခိုက္ခံႏိုင္ေသာ္လည္း မူလကိုယ္၏ အားနည္းသၫ့္ သဘာဝအား မျငင္းဆန္ႏိုင္ေပ ။ အဆံုးတြင္ ျပင္းထန္ေသာ ဒဏ္ရာမ်ားေၾကာင့္ ေမ့လဲသြားေတာ့သည္ ။ အမ်ားအျမင္တြင္ သူက ေသေလာက္ေအာင္ ဒဏ္ရာရထားသၫ့္ ပံုေပၚေသာ္လည္း တကယ္တမ္းတြင္ Liam သည္ အႏၲရာယ္မရိွသၫ့္ ေနရာမ်ားကိုသာ တိုက္ခိုက္ခဲ့ျခင္းပင္ ။

***

" ႏွစ္ေယာက္သား အရင္ကတည္းက သိတဲ့ပံုဘဲ .." ေလာ့ သည္ ကုတင္ေပၚတြင္ ေမ့ေမ်ာေနသၫ့္ ခေရာ့စ္အား ၾကၫ့္ရင္း ဆိုဖာေပၚတြင္ ေျခခ်ိတ္ကာ ထိုင္ေနသၫ့္ Liam အား ေမးလိုက္သည္ ။

Liam သည္ မ်က္လႊာအသာပင့္ကာ တစ္ခ်က္သာ ၾကၫ့္လိုက္ၿပီး " မသိဘူး " ဟု ေျပာလိုက္သည္ ။ သူက ထရပ္လိုက္ကာ ေျခလွမ္းမ်ားကို အခန္းျပင္သို႔ ဦးတည္လိုက္သည္ ။ " မင္းရဲ့ သုေတသနအဖြဲ႔မွာ အခ်ိန္ေတြ အရမ္း ေပါေနတဲ့ ပံုဘဲ .. ငါ့ကိစၥေတြကိုေတာင္ ဂရုစိုက္ႏိုင္တယ္ ဆိုေတာ့.."

ေလာ့၏ မ်က္ႏွာလွ‌လွေလးထက္တြင္ အၿပံဳးေလး ေပၚလာကာ စေနာက္လိုက္ကာ အခန္းမွလိုက္ထြက္လိုက္သည္ " ဂရုမစိုက္လို႔ရိွရင္ .. မင္းက အျခားသူေနာက္ ပါသြားမွာေပါ့ .  "

Liam က ခပ္တည္တည္ပင္ " ပါသြားရေအာင္.. ငါက အစကတည္းက မင္းဆီမွာမွ မဟုတ္တာ .." သူက ခနရပ္လိုက္ၿပီး ေလာ့အား မ်က္ခံုးပင့္ကာ ေျပာလိုက္သည္ ။ " ဟိုတစ္ေယာက္က မင္းေထာက္ခံေပးထားတဲ့လူမလား .. "

‌သူ႔အၾကၫ့္အတိုင္း လိုက္ၾကၫ့္လိုက္ခ်ိန္တြင္ ေလာ့က ပံုရိပ္ႏွစ္‌ခုကို ေတြ့လိုက္သည္ ။ ရိုင္ယန္ သည္ ဟီရုန္၏ ရင္ခြင္ထဲတြင္ရိွေနကာ တစ္စံုတသ္ခုကို ဖိႏိွပ္ထားရသျဖင့္ ေမာဟိုက္ေနသၫ့္ ဟန္ျဖင့္ ေခြၽးစက္ေလးမ်ားက နဖူးျပင္ေလးမွ က်ဆင္းေနခဲ့သည္ ။ လက္ေခ်ာင္းမ်ားက ဟီရုန္၏ လည္တိုင္ထက္တြင္ ခိုတြဲလ်က္ ပြတ္သပ္ေနခဲ့သည္ ။

" Omgea ဘဲ .." Liam က စိတ္ဝင္စားစရာေကာင္းသၫ့္ ေလသံျဖင့္ ေရရြတ္လိုက္ၿပီး လက္သီးတင္းတင္း ဆုပ္ထားသည့္ ေလာ့ အား လွၫ့္ၾကၫ့္လိုက္သည္ ။ " ၾကၫ့္ရတာ .. ငါ့အစား မင္းရဲ့လူကိုဘဲ ပိုဂရုစိုက္သင့္တယ္ .. Omgea တစ္ေယာက္ .. က်စ္! က်စ္! ကိုင္းရာ အဖြဲ႔ရဲ့ လံုၿခံဳေရး‌က တကယ္ညံ့တာဘဲ ...."

ေလာ့သည္ အေလ်ာ့မေပးသၫ့္ ေလသံျဖင့္ ေဆး‌ေပးခန္းဘက္သို႔ ေမးေငါ့ျပလိုက္ကာ " ကိစၥမရိွဘူး ..ငါက သူ႔ကို သြားဆြဲေဆာင္လိုက္မွာေပါ့ .. ဒီသခင္ေလးက အၿမဲတမ္း အရည္အေသြးျမင့္ Omgea တစ္ေယာက္ဘဲေလ.. သူ ျငင္းမယ္ ထင္လား .." သူက စကားလမ္းေၾကာင္း လြဲရန္ ထိုသို႔ ေျပာေနရင္း အလြန္သေဘာေတြ့သြားသၫ့္ဟန္ .." Liam မင္းက ငါ့ကို ေသခ်ာေလး ဂရုစိုက္ေပးသင့္တယ္ေနာ္.. မဟုတ္ရင္ ငါက အဲ့ဘက္ေရာက္သြား မလား မေျပာႏိုင္ဘူး .. ဟီးး .."

Liam က မတုန႔္ျပန္သျဖင့္ ေလာ့သည္ သူ စေနာက္တာ ေအာင္ျမင္သြားၿပီ ဟု ထင္မွတ္လိုက္သည္ ။ သည္အခ်ိန္တြင္ Liam ၏ ႏူတ္ခမ္းမ်ား တြန႔္သြားကာ " သြားစမ္းၾကၫ့္ေလ.. မင္းရဲ့ အလွအေပၚ ယံုၾကည္မႈေပ်ာက္ဆံုးေစဖို႔ ငါ့အျပင္ ေနာက္တစ္ေယာက္ ေပၚလာတာေပါ့ .."

သူ႔အသံသၫ့္ ယံုၾကည္မႈအျပၫ့္ရိွေနကာ ေလာ့သည္ မခံမရပ္ႏိုင္ျဖစ္သြားသည္ ။ သူသည္ ေမြးကတည္းက ထူးျခားသူတစ္ေယာက္ျဖစ္ၿပီး သူ႔ရုပ္ရည္ကို ေတြ့ဖူးသူတိုင္း အနည္းနဲ႔ အမ်ားေတာ့ ဆြဲေဆာင္ ႏိုင္ဆဲပင္ ။ သို႔ေသာ္ Liam အေပၚတြင္ေတာ့ အသံုးမဝင္ေပ ။ ထိုသူက သူထက္ သူ႔ရဲ့ နည္းပညာအရည္အခ်င္းကို ပို စိတ္ဝင္စားေလသည္ ။ Liam လို လူမ်ိဳးက ရွားပါးလူစာရင္းတြင္ ရိွကာ ထိုကဲ့သို႔ လူမ်ိဳး ေနာက္တစ္ေယာက္ဆိုသည္က သူ႔အား မာနထိခိုက္ေစေသာ္လည္း ေဒါသေတာ့ မထြက္ေပ ။ သူက အငယ္တန္းဗိုလ္တစ္ေယာက္အေပၚထားသၫ့္ Liam ၏ယံုၾကည္မႈကို အံ့အား သင့္ေနျခင္း ။ သူက စမ္းသပ္ခ်င္စိတ္ တဖြားဖြားပင္ ေပၚလာခဲ့သည္ ။

" ေဟ့.. ဘာလို႔ အဲ့ေလာက္ယံုၾကည္မႈ ရိွေနတာလဲ ငါ့ကို ေျပာစမ္းပါ .. ေဟ့.. ေဟ့ .. ဘာလို႔ ေျခေထာက္က အဲ့ေလာက္ ရွည္ေနရတာလဲ .. ငါလိုက္မမွီေတာ့ဘူးဟ .. ေဟ့..ငါ့ကို ေျပာစမ္းလို႔ .. "

______________

အျခား CP မ်ား ..❤️

" အြတ္!!. "

ႏူတ္ခမ္းခ်င္း ထိသြား ခံစားခ်က္အျပၫ့္ျဖင့္ နမ္းရိႈက္.. 

ကိုင္းရာအဖြဲ႔အစည္း၏ ဒ႑ာရီလာ CP 😳

" အြတ္!! "

ဗိုက္ကို အကန္ခံရ .. လက္သီးျဖင့္ အထိုးခံလိုက္ရ .. လြင့္ထြက္သြား .. နံရံျဖင့္ ေဆာင့္မိ ..

( နတ္ဆိုးရယ္သံ: ဗက္... ဟက္.. ဟက္ 🙂 )

________________________
Unicode

ခရော့စ်သည် ရုတ်တရက်တိုက်ခိုက်ခံလိုက်ရပြီးပြီးချင်း ထပ်ရောက်လာသည့် ကန်ချက်ကြောင့် လက်ဖြင့် အလျင်စလို ကာကွယ်လိုက်ရသည် ။ သို့တိုင်အောင် ပြင်းထန်သည့် အားကြောင့် အနောက်သို့ ဆက်တိုက်လွင့်သွားကာ နံရံနဲ့ တိုက်မိပြီးမှသာ ပြန်ကျလာခဲ့သည် ။

နူတ်ခမ်းမှ သွေးများအား လက်မဖြင့် အသာပွတ်ဆွဲ သုတ်လိုက်ကာ ပြုံးလိုက်သည် ။ အပြုံးသည် ရက်စက်တော့မည့် အပြုံးလဲ မဟုတ်သလို .. ကောက်ကျစ်သည့် အပြုံးလဲ မဟုတ်ပေ ။ သူ့ကို ကြည့်ရသည်မှာ အထိုးခံလိုက်ရသည်ကိုပင် ပျော်ရွင်နေသည်ဟန် ပေါက်နေသည် ။

အဖွဲ့ကိုးမှ လူများ : "..." ငါတို့ ဗိုလ်မှူးက စိတ်လွတ်သွားပြီဘဲ ..

" Liam!! .. သူ မခံနိုင်တော့ဘူးထင်တယ် ..သေသွားရင် မာရှယ်ကို ရှင်းပြနေရဦးမယ်.. " လော့သည် ဤမကောင်းဆိုးဝါးအား ရန်စရဲသည့် ဒီအငယ်တန်းဗိုလ်မှူးလေး၏ အရဲတင်းမှုအား အလေးပြုရတော့မလိုပင် ။ သူက Liam အား ဒီလောက် ဒေါသထွက်အောင် လုပ်နိုင်သည်လူ မတွေ့ဖူးပေ ။

လော့က ဆက်မပြောရသေးခင်ပင် Liam ၏ နူတ်မှ အေးစက်သည့် အသံက ထွက်ပေါ်လာသည် ။ " ဟက်... ဒီအရူးလား သေမှာ.. !! " စကားဆုံးသည်နဲ့ ချက်ချင်း ခုန်ထွက်သွားကာ ခရော့စ် ရှေ့သို့ ရောက်သွားခဲ့သည် ။

အကျႌကော်လံစအား ဆုပ်ကိုင်လိုက်ကာ " ဒါက လုပ်ချင်ရာလုပ်တဲ့ အတွက် " ဟု ရေရွတ်လိုက်ကာ နောက်တစ်ဖန် လွင့်ပစ်လိုက်သည် ။

လူတိုင်းသည် မျက်စိရှေ့မှ မြင်ကွင်းအား မကြည့်ရက်တော့ဘဲ ကောင်းကင်ပေါ်သို့ ‌မော့ကြည့်မိကြသည် ။ လေ့ကျင့်ရေးကွင်းထဲတွင် ခရော့စ်သည် အရုပ်ကလေးတစ်ရုပ်အလား ပစ်ပေါက်ခံနေရသည်ကို မြင်နိုင်ပေသည် ။

" ငါ.. ငါတို့ ဝင်ပါသင့်လား .." အဖွဲ့ကိုးမှ တစ်ယောက်က ချီတုံချတုံဖြင့် ပြောလိုက်ကာ အသင့်ပြင်လိုက်သည် ။ တစ်ယောက်က ပြောသည့်လူ၏ ခေါင်းအနောက်ကို တစ်ချက်ရိုက်လိုက်ကာ " မမြင်ဘူးလား .. ခေါင်းဆောင်က ပြန်မတိုက်နိုင်တာ .. ငါတို့ ဝင်ပါရင် ခေါင်းဆောင်နဲ့အတူ အရိုက်ခံနေရရုံဘဲကို .. " ပြောသည့်လူသည် အတွေ့အကြုံရှိသည့် တိုက်ခိုက်ရေးသမား ဖြစ်သည် ။ သူက တိုက်ပွဲတစ်ခုတွင် ဒဏ်ရာရရှိပြီး စွမ်းရည်နိမ့်သွားကာ အဖွဲ့ကိုးသို့ အပို့ခံလိုက်ရသူဖြစ်သည် ။ ကိုင်းရာ အင်ပါယာသည် ထုတ်ပယ်ခြင်း စနစ်ကို ကျင့်သုံးသည့် အဖွဲ့အစည်းဖြစ်ကာ သူ့လို လူမျိုးများ ပေါများပေသည် ။ ထိုကဲ့သို့သော လူက ပြောလာသဖြင့် အကုန်လုံး ငြိမ်နေလိုက်ကြရသည် ။

စကားစပြတ်သွားချိန်တွင် အဖွဲ့သားတစ်ယောက်က ခေါင်းကုတ်က မရေမရာ ရေရွတ်လိုက်သည် ။ " ခေါင်းဆောင်က တမင် အရိုက်ခံနေတယ်လို့ ထင်နေတာ .. ငါတစ်ယောက်တည်းလား .."

ထိုစကားသံကြောင့် အားလုံး တိတ်ဆိတ်သွားကာ ကွင်းပြင်သို့ သေချာပြန်ကြည့်လိုက်သည် ။ အနက်ရောင်ပုံရိပ်သည် ခက်ထန်ကြမ်းတမ်းသည့် သားရဲ‌တစ်ကောင်ကဲ့သို့ အမှုအရာကို ထုတ်ဖော်နေကာ စူးရဲသည့် အကြည့်များဖြင့် ခရော့စ်အား အသက်မပါသကဲ့သို့ ကြည့်နေပြီး  အကျႌကော်လံများကို ဆုပ်ကိုင်ထားခဲ့သည် ။ တစ်ဖက်၏ အသက်သည် သူ့လက်ထဲတွင် ရှိနေသည့်အလား မျက်ဝန်းများက ကြည့်မိသူတိုင်း ကျောရိုးတစ်လျောက် စိမ့်သွားစေသည် ။

သို့သော် ခရော့စ်သည် ထိုမျက်ဝန်းများအား အသေအချာကြည့်နေရင်း သဘောတကျပြုံးနေခဲ့သည် ။ သူ့အမှုအရာက အလွန်တရာ နှစ်သက်မြတ်နိုးနေပုံပေါ်နေခဲ့သဖြင့် လူတိုင်း မေးရိုးများ ပြုတ်ကျသည်အထိ အံ့အားသင့်နေကြသည် ။

ဒီလူ.. ဒီလူက ဒီအခြေအနေမှာတောင် ချစ်ကျီစယ်တဲ့ အမှုအရာ လုပ်နေသေးတာလား ... ပြီးတော့ အဲ့ဒါကလည်း Liam! အပေါ်မှာ..

လော့က မနေနိုင်စွာ သူနှဖူးသူ ပြန်ရိုက်မိလိုက်ပြီး ခပ်ဖွဖွရယ်မောလိုက်သည် ။

ခရော့စ်သည် လူအများကြည့်နေသည်ကို ဂရုမစိုက်ပေ။  သူက အလွန်ဒေါသထွက်နေသည့် လူအား ပြုံးနေသော မျက်ဝန်းများဖြင့် မှေးကြည့်လိုက်ကာ " စိတ်ပြေသွားပြီလား ... အွတ်..."

ရုတ်တရက် ဗိုက်မှ နာကျင်မှုကို ခံစားလိုက်ရကာ သူ့အစာအိမ်များ ပြောင်းပြန်လှန်သွားပြီလား ဟုပင် ထင်မိလိုက်သည်။ 

" မင်းက အခု ငါ့ကို မေးရဲသေးတာလား .." Liam က အေးစက်စွာ ရယ်လိုက်သည် ။ ဒေါသထွက်သည်.. သူက ဒီလူ တစ်ခေါက်ပြီး တစ်ခေါက် ထားသွားခြင်းကို ဒေါသထွက်သည် .. ထပ်ပြီး သူက ဘာမှမလုပ်နိုင်ဘဲ ကူကယ်ရာမဲ့နေတာကို ဒေါသထွက်သည် ။

ယခု ပြန်တွေ့သည်အခါ ဘာမှမဖြစ်သလို နေနေသည့် လူအား ဒေါသထွက်သည် ။ " သူများ ခံစားချက်ကို နဲနဲလေး အ‌လေးထားလို့ မရဘူးလား ... အရူးရဲ့!!! "

သူသည် သူတို့နှစ်ယောက်ကြားက တူညီသည့် ခံစားချက်ကို သိနေသောကြောင့် ဒီထက်ပိုပြီးလည်း ဒေါသမထွက်နိုင်ခဲ့‌ပေ။ သူသည် ဒီလူဖြစ်နေလို့သာ ဒီလောက် သည်းခံနေတာဖြစ်ပြီး ဒီလူသည်လည်း သူဖြစ်နေလို့ အခုလို ဘာမှမတုန့်ပြန်ဘဲ အလျော့ပေးထားတာ ဖြစ်ကြောင်း သိနေသည် ။ သို့တိုင်အောင် လက်ရှိ စိတ်အခြေအနေဆိုးရွားခြင်းက ရပ်တန့်သွားခဲ့ခြင်း မရှိပေ ။

" နောင်တရလား.. " ခရော့စ်၏ မျက်နှာထက်က အပြုံးသည် တစ်ခါမှ မရှိခဲ့ဘူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည် ။ သူ၏ စိတ်စွမ်းအင်ဖြင့် ချိတ်ဆက်ထားသည့် ရှောင်ထျန်းက တစ်ခုခု ဆိုးရွားတာ ဖြစ်တော့ မည်ဟု ခံစားလိုက်ရသည် ။

ခေရော့စ်က သူ့ရှေ့က လူအား အလေးအနက် စူးစိုက်ကြည့်နေသည် ။ ပါးစပ်က ထွက်လာသည့် အဖြေသည် သက်ရှိတိုင်း၏ အသက်အပေါ် မူတည်နေသည့် ပုံစံပေါက်နေခဲ့သည် ။ သူသည် " မင်းက နောင်တရဖို့ မမီတော့ဘူး " ဟု ပြောချင်သော်လည်း သူက အဖြေကို စောင့်နေဆဲ ။

Liam သည် တခနတောင် မတုံ့ဆိုင်းနေပေ ။ သူက ခရော့စ်အား နံရံသို့ ပစ်လွတ်လိုက်သည် ။ " ဟမ့်.. နောင်တရမှာ မင်းလား .. ငါလား ဆိုတာ မသေချာ‌ဘူးနော် .. အခု သေချာတာတော့ .. ငါမင်းကို သေအောင် ရိုက်မှာ !! "

ခရော့စ်၏ မျက်နှာထက်တွင် အပြုံးများ ပြန်လည်ဝင်ရောက်လာကာ " ဟားးဟားး ဒါဆို လုံလောက်ပြီ.. အ‌ဟွတ်.. အဟွတ်.." ချောင်းဆိုးရာမှ သွေးများပါလာကာ ခနအကြာတွင် သူ့အတွေးများ အမှောင်ကျသွားတော့သည် ။ သူက အတိုက်ခိုက်ခံနိုင်သော်လည်း မူလကိုယ်၏ အားနည်းသည့် သဘာဝအား မငြင်းဆန်နိုင်ပေ ။ အဆုံးတွင် ပြင်းထန်သော ဒဏ်ရာများကြောင့် မေ့လဲသွားတော့သည် ။ အများအမြင်တွင် သူက သေလောက်အောင် ဒဏ်ရာရထားသည့် ပုံပေါ်သော်လည်း တကယ်တမ်းတွင် Liam သည် အန္တရာယ်မရှိသည့် နေရာများကိုသာ တိုက်ခိုက်ခဲ့ခြင်းပင် ။

***

" နှစ်ယောက်သား အရင်ကတည်းက သိတဲ့ပုံဘဲ .." လော့ သည် ကုတင်ပေါ်တွင် မေ့မျောနေသည့် ခရော့စ်အား ကြည့်ရင်း ဆိုဖာပေါ်တွင် ခြေချိတ်ကာ ထိုင်နေသည့် Liam အား မေးလိုက်သည် ။

Liam သည် မျက်လွှာအသာပင့်ကာ တစ်ချက်သာ ကြည့်လိုက်ပြီး " မသိဘူး " ဟု ပြောလိုက်သည် ။ သူက ထရပ်လိုက်ကာ ခြေလှမ်းများကို အခန်းပြင်သို့ ဦးတည်လိုက်သည် ။ " မင်းရဲ့ သုတေသနအဖွဲ့မှာ အချိန်တွေ အရမ်း ပေါနေတဲ့ ပုံဘဲ .. ငါ့ကိစ္စတွေကိုတောင် ဂရုစိုက်နိုင်တယ် ဆိုတော့.."

လော့၏ မျက်နှာလှ‌လှလေးထက်တွင် အပြုံးလေး ပေါ်လာကာ စနောက်လိုက်ကာ အခန်းမှလိုက်ထွက်လိုက်သည် " ဂရုမစိုက်လို့ရှိရင် .. မင်းက အခြားသူနောက် ပါသွားမှာပေါ့ .  "

Liam က ခပ်တည်တည်ပင် " ပါသွားရအောင်.. ငါက အစကတည်းက မင်းဆီမှာမှ မဟုတ်တာ .." သူက ခနရပ်လိုက်ပြီး လော့အား မျက်ခုံးပင့်ကာ ပြောလိုက်သည် ။ " ဟိုတစ်ယောက်က မင်းထောက်ခံပေးထားတဲ့လူမလား .. "

‌သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ချိန်တွင် လော့က ပုံရိပ်နှစ်‌ခုကို တွေ့လိုက်သည် ။ ရိုင်ယန် သည် ဟီရုန်၏ ရင်ခွင်ထဲတွင်ရှိနေကာ တစ်စုံတသ်ခုကို ဖိနှိပ်ထားရသဖြင့် မောဟိုက်နေသည့် ဟန်ဖြင့် ချွေးစက်လေးများက နဖူးပြင်လေးမှ ကျဆင်းနေခဲ့သည် ။ လက်ချောင်းများက ဟီရုန်၏ လည်တိုင်ထက်တွင် ခိုတွဲလျက် ပွတ်သပ်နေခဲ့သည် ။

" Omgea ဘဲ .." Liam က စိတ်ဝင်စားစရာကောင်းသည့် လေသံဖြင့် ရေရွတ်လိုက်ပြီး လက်သီးတင်းတင်း ဆုပ်ထားသည့် လော့ အား လှည့်ကြည့်လိုက်သည် ။ " ကြည့်ရတာ .. ငါ့အစား မင်းရဲ့လူကိုဘဲ ပိုဂရုစိုက်သင့်တယ် .. Omgea တစ်ယောက် .. ကျစ်! ကျစ်! ကိုင်းရာ အဖွဲ့ရဲ့ လုံခြုံရေး‌က တကယ်ညံ့တာဘဲ ...."

လော့သည် အလျော့မပေးသည့် လေသံဖြင့် ဆေး‌ပေးခန်းဘက်သို့ မေးငေါ့ပြလိုက်ကာ " ကိစ္စမရှိဘူး ..ငါက သူ့ကို သွားဆွဲဆောင်လိုက်မှာပေါ့ .. ဒီသခင်လေးက အမြဲတမ်း အရည်အသွေးမြင့် Omgea တစ်ယောက်ဘဲလေ.. သူ ငြင်းမယ် ထင်လား .." သူက စကားလမ်းကြောင်း လွဲရန် ထိုသို့ ပြောနေရင်း အလွန်သဘောတွေ့သွားသည့်ဟန် .." Liam မင်းက ငါ့ကို သေချာလေး ဂရုစိုက်ပေးသင့်တယ်နော်.. မဟုတ်ရင် ငါက အဲ့ဘက်ရောက်သွား မလား မပြောနိုင်ဘူး .. ဟီးး .."

Liam က မတုန့်ပြန်သဖြင့် လော့သည် သူ စနောက်တာ အောင်မြင်သွားပြီ ဟု ထင်မှတ်လိုက်သည် ။ သည်အချိန်တွင် Liam ၏ နူတ်ခမ်းများ တွန့်သွားကာ " သွားစမ်းကြည့်လေ.. မင်းရဲ့ အလှအပေါ် ယုံကြည်မှုပျောက်ဆုံးစေဖို့ ငါ့အပြင် နောက်တစ်ယောက် ပေါ်လာတာပေါ့ .."

သူ့အသံသည့် ယုံကြည်မှုအပြည့်ရှိနေကာ လော့သည် မခံမရပ်နိုင်ဖြစ်သွားသည် ။ သူသည် မွေးကတည်းက ထူးခြားသူတစ်ယောက်ဖြစ်ပြီး သူ့ရုပ်ရည်ကို တွေ့ဖူးသူတိုင်း အနည်းနဲ့ အများတော့ ဆွဲဆောင် နိုင်ဆဲပင် ။ သို့သော် Liam အပေါ်တွင်တော့ အသုံးမဝင်ပေ ။ ထိုသူက သူထက် သူ့ရဲ့ နည်းပညာအရည်အချင်းကို ပို စိတ်ဝင်စားလေသည် ။ Liam လို လူမျိုးက ရှားပါးလူစာရင်းတွင် ရှိကာ ထိုကဲ့သို့ လူမျိုး နောက်တစ်ယောက်ဆိုသည်က သူ့အား မာနထိခိုက်စေသော်လည်း ဒေါသတော့ မထွက်ပေ ။ သူက အငယ်တန်းဗိုလ်တစ်ယောက်အပေါ်ထားသည့် Liam ၏ယုံကြည်မှုကို အံ့အား သင့်နေခြင်း ။ သူက စမ်းသပ်ချင်စိတ် တဖွားဖွားပင် ပေါ်လာခဲ့သည် ။

" ဟေ့.. ဘာလို့ အဲ့လောက်ယုံကြည်မှု ရှိနေတာလဲ ငါ့ကို ပြောစမ်းပါ .. ဟေ့.. ဟေ့ .. ဘာလို့ ခြေထောက်က အဲ့လောက် ရှည်နေရတာလဲ .. ငါလိုက်မမှီတော့ဘူးဟ .. ဟေ့..ငါ့ကို ပြောစမ်းလို့ .. "

______________

အခြား CP များ ..❤️

" အွတ်!!. "

နူတ်ခမ်းချင်း ထိသွား ခံစားချက်အပြည့်ဖြင့် နမ်းရှိုက်.. 

ကိုင်းရာအဖွဲ့အစည်း၏ ဒဏ္႑ာရီလာ CP 😳

" အွတ်!! "

ဗိုက်ကို အကန်ခံရ .. လက်သီးဖြင့် အထိုးခံလိုက်ရ .. လွင့်ထွက်သွား .. နံရံဖြင့် ဆောင့်မိ ..

( နတ်ဆိုးရယ်သံ: ဗက်... ဟက်.. ဟက် 🙂 )

________________________

Continue Reading

You'll Also Like

433K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
165K 17.2K 108
ဘာသာပြန်သူ - စွဲညို့အသင်း
310K 24.9K 29
Mini Story Uni Life Style Sweet Romance
174K 13.1K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...