Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[28]

390 15 0
By --KO--

[Unicode]

(သွေးထွက်သံယို အခန်းတွေ ၊လူသတ်ခန်းတွေပါဝင်တဲ့အတွက် နှလုံးအားနည်းသူများ အထိအခိုက်မခံနိုင်သူများ မဖတ်ကြဖို့အကြံပေးပါတယ် )

လမင်းက အထိန်းအကွပ်မဲ့စွာ သာနေခဲ့ပြီး လရောင်မှာ ရှင်း အပေါ်ဖြာကျနေခဲ့သည်။ ထိုညတာက အလွန်ရှည်လျားနေခဲ့ကာ ခွဲခွာရသည့်တစ်ညတာသည် တစ်သက်စာနှင့် ညီမျှနေခဲ့သယောင် ရှိနေခဲ့သည်။ နောက်မဆုတ်သည့်ခြေလှမ်း အသင်္ချေမှာလည်း ကိုးလ် နှင့်ဆန့်ကျင်ရာအရပ်ဆီသာ ဦးတည်နေခဲ့သည်။ တိုက်ခတ်သည့် လေညှင်းအစုံတွင် ပျော်ဝင်လာသော သွေးညှီနံ့နှင့် ညှော်နံ့များကိုရှုရှိုက်လိုက်ကာ ရှေ့ဆက်ရမည့် အန္တရာယ်ကိုပေါ့ပေါ့တန်တန်ပင် ကလေးကစားစရာနှယ် မှတ်ယူလိုက်သည်။

ထင်ထားသည့်အချိန်နှင့် အံကိုက်ပင် မီးအလုံးစုံကိုငြိမ်းသတ်နိုင်သွားပြီဖြစ်သည်။ ထိုသော်ထိုလူများမှာ အံ့ဩရန်အချိန်မရလိုက်ခင်မှာပင် ရှင်းတို့နှစ်ယောက်၏ ကျည်များကနှဖူးပြင်ကို ဖောက်ထွင်းလျက် နောက်စေ့မှပြန်ထွက်သွားကြချေ၏။ အလွန်တရာကျယ်လောင်နေသော သေနတ်သံများအပြင် နာကျင်စူးရှလွန်းသည့် အော်ဟစ်သံများကြောင့် စံအိမ်ထဲရှိလူများ အောက်သို့အပြေးအလွှား ပြေးဆင်းလာကြသည်။ မရပ်ဆဲသွားသော သေနတ်သံများမှာ လသာသာအောက်တွင် အတိုင်းအဆမဲ့ပဲ့တင်ထပ်နေခဲ့သည်။ အပေါ်ထပ်မှ ပြေးဆင်းလာသော သူများထဲမှတစ်ယောက်သည် ထူးကဲသည့်လျင်မြန်ဖြတ်လတ်မှုကို ပိုင်ဆိုင်ထားသည့်အတွက် ရှင်း သတိလွတ်သွားသည့်အခိုက်တွင် သေနတ်တစ်ချက်အား အောင်အောင်မြင်မြင် ပစ်ခတ်သွားနိုင်ခဲ့ းလေသည်။ ကံကောင်းထောက်မစွာပင် ကျည်ဆံမှာဝမ်းဗိုက်ကို ရှပ်ထိသွားသည့်အတွက် အဆုံးမရှိသည့်သွေးများ ထွက်လာပါသော်လည်း သေစေနိုင်သည့်ဒဏ်ရာတစ်ခု‌တော့ မဟုတ်ပေ။

" ဒိုင်း..... "

ရှင်း၏ ပြန်လည်ပစ်ခတ်မှုအဆုံးတွင် ထိုလျင်မြန်လှပါပြီဆိုသောလူသည် မြေပြင်ပေါ်ရှိသွေးအိုင်ထဲတွင် အသက်မဲ့သွားပြီဖြစ်သည်။ နာကျင်မှုတစ်ရပ်က လေပြေရှင်းကို ကောင်းကောင်းဒုက္ခပေးနေခဲ့ကာ ဒဏ်ရာပေါ် လက်ဖိထားလိုက်တော့ နှင်းကဲ့သို့ဖြူစင်သော အင်္ကျီမှာ လက်ပံပွင့်ကဲ့သို့ ခြောက်ခြားဖွယ် သွေးနီနီတို့ဖြင့် စွန်းထင်းစပြုလာသည်။ မျက်နှာရှုံ့သွားပုံမှာ ဒဏ်ရာ၏နာကျင်မှုပရောဂ ပါဝင်ခြင်းအလျင်းမရှိဘဲ အဖြူပေါ်တွင်နေရာယူနေသော အနီရောင်သွေးကွက်များကြောင့် ကိုးလ်ဆီသွားသည့်အခါတွင် အနှောက်အယှက်ဖြစ်နေမည်အား သိနေသောကြောင့်ဖြစ်သည်။

တိုက်ရိုက်တိုးဝင်လာသော ဓားချက်ကိုရှောင်တိမ်းလိုက်ကာ ဓားပိုင်ရှင်၏ လက်ကိုလိမ်ချိုးလိုက်ရင်း တိုက်ခိုက်ရန်ချောင်းနေသော အနောက်ဘက်ကလူကို ခြေတံ‌ရှည်ခြေထောက်များနှင့် အရှိန်ပြင်းပြင်းကန်လိုက်ကာ မြေပြင်ပေါ်လဲကျသွားသော ထိုသူအားခြေထောက်ဖြင့်နင်းထားပြီး လက်ထဲကသေနတ်ဖြင့် ညှာတာမှုကင်းမဲ့စွာ သတ်ပစ်လိုက်သည်။လိမ်ချိုးထားသော လက်ပိုင်ရှင်သည်လည်း ထိုနည်းတူစွာ လေပြေရှင်း၏ ရက်စက်မှုကို မချည့်မဆံ့ခံစားရပြီးသော် အကောင်းပဂဓိ ခြေလက်အင်္ဂါဟူ၍ မရှိတော့ပေ။အဆစ်နေရာတွင် အဆစ်လွဲနေပြီး အရိုးနေရာတွင် အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးခံထားရသည်။ ရိုက်ချိုးခံထားရသည့် ထိုလူ့ခြေထောက်များသည် လုံးဝဥဿုံပျက်ဆီးသွားပြီဖြစ်သည့်အတွက် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေပြီး သေဖို့ရန်သာတောင်းဆိုခွင့်ရှိတော့သည်။

အမဲလိုက်တောဘုရင်ထံတွင် ရက်စက်ကြမ်းကြုတ်သည့် မျက်ဝန်းတစ်စုံသာရှိပြီး သနားညှာတာမှုဆိုသည်မှာ ပေါင်းစပ်လို့မရသည့် ကောင်းကင်နှင့်မြေကြီးလိုသာဖြစ်လေသည်။ လေပြေရှင်းသည်လည်း ထိုနည်းအတူပင်။ စိတ်ဆုံးဖြတ်ထားလျှင် ရေဆုံးမြေဆုံးရအောင် အမဲလိုက်မည့် တောဘုရင်လိုလူစားမျိုးဖြစ်သည်။ ဒီနေ့ည ဒီနေရာတွင်ရှိနေသော လူများအား အလွတ်မပေးဘဲ သတ်မည်ဟုဆုံးဖြတ်ထားသည့်အတွက် မိမိ၏ရှေ့တွင် ဒူးထောက်လျက် ဒဏ်ရာဗလပွဖြင့် အရုပ်ကြိုးပြတ်ဖြစ်နေသော ထိုသူအားဖြောင့်တန်းသောလက် သန်မာသောခွန်အားဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ သေနတ်တစ်လက်ဖြင့် အသက်ဖျောက်လိုက်သည်။

" ဖြုတ်လောက်အကွက်လေးနဲ့  ငါ့အပေါ်သက်ရောက်မယ်ထင်နေလား "

အံကြိတ်၍ပြောလိုက်သောအသံတွင် ဒေါသတရားတို့အပြည့်နေရာယူနေပြီး မြေပြင်ပေါ်ရှိအသက်မဲ့သွားသောသူ နောက်ဆုံးကြားလိုက်ရသောအသံမှာ ရှင်း၏ ဇီဝိန်ခြွေသွားနိုင်သည့် အသွားထက်သည့် ဓားတစ်လက်နှယ် စကားများဖြစ်သည်။ စူးရှသည့်အကြည့်အား ပင့်မြှောက်လိုက်ချိန်ဝယ် အယောက်၂၀ခန့်လူများက ရှင်းအရှေ့တွင် ရှိနေခဲ့ပြန်သည်။ နှုတ်ခမ်းထောင့်ကစီးကျနေသော သွေးတို့ကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး နောက်တစ်ကြိမ် ရင်ဆိုင်ရန်အသင့်ဖြစ်နေခဲ့ပြန်သည်။

" မင်းတို့အားလုံး သေချင်နေတာပဲ .....ငါသွားမဲ့လမ်းကို အကြောက်အလန့်မရှိ ပိတ်ရဲသေးတယ်။ ဒီနေ့ မင်းတို့ရဲ့သွေးနဲ့ အရင်ကရှုံးနိမ့်ခဲ့တာတွေအားလုံးကို အလဲအထပ်လုပ်ပစ်မယ် "

မရပ်ဆဲသွားသည့် ပစ်ခတ်မှုများအကြားတွင် မပျက်စီးသွားသည့် လမင်းသည်သာ ရှင်ကျန်ရစ်နေသည်။

" သူကခြင်္သေ့တစ်ကောင်လိုပဲ ရဲရင့်ပြီးရက်စက်တဲ့နှလုံးသားတစ်စုံရှိတယ်။ သူ့မျက်ဝန်းထဲမှာ မှတ်တေးထားရင် မြွေတစ်ကောင်လိုလည်း ကလဲ့စားချေတတ်သေးတယ်။ လင်းယုန်လိုလျင်မြန်ပြီး စွန်တစ်ကောင်လိုစူးရှတဲ့မျက်ဝန်းတစ်စုံရှိတယ်။ သူကတကယ့်ပြိုင်ဖက်ကောင်းပဲ။ "

စံအိမ်အပေါ်ဆုံးထပ်မှလူသည် ဝိုင်ခွက်ကိုင်ထားရင်း ရှင်း၏လှုပ်ရှားမှုများကို အသေးစိတ်ကြည့်ရှုနေခဲ့သည်။ ထိုလူက အေးအေးလူလူပင် ဝရံတာဘက်ကြည့်နေရင်း အကဲခတ်နေရာမှ အနောက်ဘက်ရှိလူတစ်ယောက်ကြားအောင် အသံကိုမြှင့်ပြောလိုက်သည်။ ထိုသူ၏ကျောခိုင်းထားသော အခန်းထဲတွင် လူတစ်ယောက်ရှိနေခဲ့ပြီး ပုံပန်းသဏ္ဍာန်မှာခန့်မှန်းမရချေ။ ယောက်ျားလား မိန်းမပင်လားတောင် ခွဲခြားမရသည်အထိ ထိုသူဟာသိုသိပ်လွန်းလှသည်။ အသံတစ်ချက် လှုပ်ရှားတစ်ခုပင်မပြုပဲ ထိုသူဟာတိတ်ဆိတ်လွန်းသေးသည်။

ဝိုင်ကိုင်ထားသော အမျိုးသားကဆက်ပြောလာလေသည်။

" မင်းနဲ့တော့မတူဘူး။ မင်းမှာမျက်နှာဖုံးတွေ အများကြီးရှိတယ်။ မင်းအနားမှာ အမြဲနေလာတဲ့ငါတောင် မင်းရဲ့ပုံစံအစစ်ကို မခန့်မှန်းနိုင်ဘူး။ အဲ့များလွန်းတဲ့မျက်နှာဖုံးတွေအောက်က မင်းရဲ့မျက်နှာအစစ်က ဘယ်လိုမျိုးလဲဆိုတာ တစ်ကယ်သိချင်မိတယ်။ မြင်နေကျ အထီးကျန်ပြီး သွေးအေးတဲ့အသွင်လား။ သနားချင်စရာကောင်းတဲ့ ရိုးသားတဲ့အသွင်လား။ အကြံကြီးတဲ့ ဆက်ခံသူတစ်ယောက်လား "

" ခွမ်..... "

အနောက်ဘက်က ထွက်ပေါ်လာသောအသံကြောင့် နောက်လှည့်ကြည့်ချိန်တွင် ထိုလျိုှ့ဝှက်ပုဂ္ဂိုလ်၏ ဖိနပ်နားတွင် အစိတ်စိတ်အမွှာမွှာကွဲနေသော ဖန်ခွက်အကွဲများကို တွေ့လိုက်ရသည်။ အနက်ရောင်ဝတ်စုံနှင့်လူသည် ဝိုင်အားမော့သောက်လိုက်ပြီး မတိုးလွန်းမကျယ်လွန်းသော အသံဖြင့်စိတ်ပျက်နေဟန် ပြောလာခဲ့သည်။

" အရင်လိုအထိမခံဖြစ်နေတုန်းပဲ .....ဘယ်အသွင်နဲ့ပဲဖြစ်ဖြစ် မင်းကမပြောင်းလဲသေးဘူး "

စံအိမ်အောက်တွင် မကောင်းဆိုးဝါးနှယ် တစ်ကိုယ်လုံးသွေးတို့ဖြင့်ရွှန်းရွှန်းစိုနေသော ရှင်းတစ်ယောက်နှင့် ရှင်း၏ခြေထောက်နားတွင် သွေးတို့ဖြင့်ဒူးထောက်နေသော တစ်ယောက်သာ အသက်ရှင်လျက်ကျန်ရှိနေခဲ့သည်။ ရှင်းကခြောက်ခြားဖွယ် မော့ကြည့်လာခဲ့ပြီး သူ့အားစူးဆန်းနေသောလူအား မြင်သည့်အခါ လက်မအား ဓားသဖွယ်ပြုမူလျက် လည်ပင်းတစ်ဝိုက်အား လှီးဖြတ်သောသဏ္ဍာန်လုပ်ပြလေသည်။ စံအိမ်ပေါ်ထပ်ရှိလူသည် ရှင်း၏အမူအယာကြောင့် အံ့ဩမှင်သက်သွားခဲ့ပြီး ခဏအကြာတွင် မနှစ်မြို့ဖွယ်ပြုံးလာခဲ့သည်။

" သူကစိတ်ဝင်စားဖို့တော့ကောင်းသားပဲ "

အိမ်ပေါ်ထပ်ရှိလူအား လျစ်လျူရှုလိုက်ကာ လာရင်းကိစ္စ၏ အဓိကမူပိုင်ရှင်အကြောင်း မေးမြန်းလိုက်သည်။

" Sera diamondတွေ ဘယ်မှာလဲ "

လေပြေရှင်း၏ ‌မာကြောသောအသံသည် အသက်မျော့မျော့ကျန်နေသော လူဆီဦးတည်သွားလေသည်။

" ကျွန်တော်မသိဘူး အဲ့တာက တန်ဖိုးကြီးပစ္စည်းတွေ bossကိုယ်တိုင်သိမ်းထားတာ "

" မင်းမသိဘူးပေါ့လေ..... "

ထိုသို့ပြောနေရင်းမှ သေနတ်အားမောင်းတင်ကာ ဒူးထောက်နေသောလူ၏ နှဖူးတည့်တည့်သို့ ချိန်ရွယ်ထားလိုက်သည်။

" ဒါဆိုလည်း မင်းကအသုံးမဝင်တော့ဘူး "

ရှင်းတစ်ယောက်သာ ကျန်ရှိလေသည်။ အလောင်းပုံများကြားတွင် ရှင်းတစ်ယောက်သာ အသက်ရှင်လျက်ရှိနေခဲ့သည်။ လေပြေရှင်းအပြင် စံအိမ်ပေါ်ရှိ လူနှစ်ယောက်သည်သာ ချွင်းချက်ဖြစ်လေသည်။Sers diamondကိုရှာရန်ပတွက် လှေ‌ကားထစ်ပေါ်ဖြေးညှင်းစွာ တက်လာရင်း သွေးတို့ဖြင့်စိုစွတ်နေသော ဖိနပ်ရာများက လှေကားတစ်ထစ်ခြင်းစီအား နေရာယူလာစေသည်။ ဗိုက်နားက သေနတ်ဒဏ်ရာကို လက်ဖြင့်ဖိထားရင်း လေပြေရှင်းမှာအလွန်အမင်း ပင်ပန်းနေခဲ့ပြီဖြစ်သည်။ အင်္ကျီအဖြူမှာတော့ ပြောရက်စရာမရှိတော့ပေ။၎င်းက လုံးဝချင်းချင်းနီနေခဲ့ပြီဖြစ်သည်။ တစ်ဖြည်းဖြည်းပြာဝေလာသော မျက်လုံးတို့သည် ပတ်ဝန်းကျင်ကို ကောင်းစွာမြင်ခွင့်မပေးတော့ဘဲ အနှောက်အယှက်ပြုလာခဲ့သည်။ သုံးထပ်လောက်တက်လာပြီးသည့်အခါတွင် အရာအားလုံးအမှောင်ကျသွားခဲ့‌ေတာ့စသည်။ စံအိမ်တစ်ခုလုံးမှာ မဟူရာသန်းခေါင်ယံညလို့ ပိန်းပိတ်အောင်မဲမှောင်နေခဲ့သည်။ လ၏ အလင်းယောင်မှိန်ဖျဖျတစ်ခုသာ တစ်ခုတည်းသောအလင်းဟု ဆိုနိုင်ဖွယ်ရာဖြစ်လေသည်။

" ဝုန်း "

အရှိန်ပြင်းပြင်းအရိုက်ခံလိုက်ရသောကြောင့် လေပြေရှင်းတစ်ယောက် ထောင်တစ်ထောင့်လို့ လွှင့်ထွက်သွားခဲ့လေသည်။ အမှောင်ထဲရှိလူမှာ ဘယ်သူမှန်းမသိရသော်လည်း ထိုသူ၏အားကုန်သုံးထားသော ရိုက်ချက်သည် ရှင်း၏ သေနတ်ဒဏ်ရာပေါ်သို့ တည့်တည့်ထိမှန်သွားခဲ့သည်။

" အား.... "

နာကျင်မှုကြောင့် ထွက်ကျလာသောအသံသည် သွေးတို့အပြည့်နေရာယူလာခြင်းကြောင့် ‌လုံးထွေးသွားလေတော့သည်။ ပါးစပ်အပြည့်နေရာယူလာသော သွေးတို့အားကုန်စင်အောင် အန်ချလိုက်ပြီး အားအင်မှန်သမျှ ချည့်နဲ့သွားခဲ့သည်။ အရိုက်ခံရသည့်အရာမှ ရှင်းနှင့်လွန်စွာရင်းနှီးနေခဲ့ဖူးသော အရာဖြစ်လေသောကြောင့် မမြင်ရသော်လည်း ၎င်းမှာ လက်ကိုင်သံတုတ်ဖြစ်မှန်း သိနေခဲ့သည်။

" မင်းရှာနေတာ ဒါလား "

အမှောင်ထဲကလူဆီမှ အသံထပ်ကြားလာခဲ့ပြီး လေထဲတွင်အရောင်လက်လက်နေသော အရာကို တွေ့လိုက်ရလေသည်။ ဖြစ်နိုင်သည်မှာ ထိုလူဟာ Sera diamondတွေကို ဝှေ့ယမ်းပြနေရင်း လေပြေရှင်းကို မေးလာခဲ့ခြင်းဖြစ်သည်။

" ငါ့ကိုအလဲထိုးနိုင်ရင် မင်းလိုချင်တာရစေရမယ် "

" ဒါကအရင်ထဲက ငါတို့ပိုင်တဲ့ပစ္စည်း‌ပဲ မင်းကိုအလဲထိုးနိုင်ဖို့ကလည်း လက်ဖြောင့်တီးသလို အလွယ်လေးပဲ "

ထိုစကားအဆုံးတွင် တိတ်ဆိတ်နေသော စံအိမ်သည် တစ်ဖန်ပြန်လည်ဆူညံလာလေသည်။ လေပြေရှင်း၏လျင်မြန်သော လှုပ်ရှားမှုကို စံအိမ်အပေါ်ထပ်မှ‌အသေးစိတ်ကြည့်ရှုထားခဲ့သည့်အတွက် ထိုသူဟာအနည်းငယ်တော့ ယဉ်ပါးနေခဲ့ခြင်းဖြစ်သည်။ အားပြင်းသည့် ရှင်း၏ကန်ချက်သည် လေထုအလယ်ဖောက်ထွင်းသွားပြီး ဝတ်စုံအနက်နှင့်လူဆီ တိုးဝင်သွားသည်။ ထိုသူ၏ကိုယ်ခံပညာသည် ရှင်းနဲ့မတိမ်းမယိမ်းရှိနေခဲ့သည့်အတွက် ထိုကန်ချက်အားအလွယ်လေး ရှောင်တိမ်းနိုင်ခဲ့လေသည်။ ထို့ပြင်မလစ်ဟင်းဘဲတိုးဝင်လာသော ဆက်တိုက်ထိုးနှက်မှုများကြောင့် အနက်ရောင်ဝတ်လူ၏ ဟန်ချက်ပျက်ယွင်းကာ အရှိုက်ထိသွားခဲ့သည်။

လေပြေရှင်းသည်လည်း အလွန်အမင်းရိုက်နှက်ခံထားရသည့်အတွက် မတ်တပ်ရပ်ရန်တောင် အနိုင်နိုင်ဖြစ်နေခဲ့လေပြီ။

" ငါကအရင်ထဲက အမှောင်ထဲမှာလေ့ကျင့်လာခဲ့တာ။ သူများမမြင်နိုင်တာကို ငါမြင်နိုင်တယ်။ သူများမလုပ်နိုင်တာကို ငါလုပ်နိုင်တယ်။ ဒါပေမယ့် မင်း..... "

ထိုပုဂ္ဂိုလ်က အံကြိတ်ကာ ဆက်ပြောလာခဲ့သည်။

" မင်းကငါ့ကိုအမှောင်ထဲမှာ ထိအောင်ချနိုင်တဲ့ ဒုတိယလူပဲ။ အရည်အချင်းက အံ့ဩစရာပေမယ့် စိတ်မကောင်းတာက မင်းအသက်ရှင်ဖို့မဖြစ်နိုင်တော့ဘူး။ "

ထိုစကားအဆုံး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများအား ရှင်း အသက်နှင့်လု၍ ရှောင်တိမ်းနေရလေသည်။ ထိုလူသည် ကျားတစ်ကောင်နှယ် သန်မာလှပြီး သွက်လက်သည့်လှုပ်ရှားမှုများသည် လေပြေရှင်း၏ သေစေနိုင်သော နေရာများဆီသာ ဦးတည်သွားလျက်ရှိသည်။ ပြန်လည်တိုက်စစ်ဆင်ရန် မစွမ်းဆောင်နိုင်တော့သည့်အတွက် လေပြေရှင်းမှာ ထိုလူ၏ မရေမတွက်နိုင်သော တိုက်ကွက်များကို ရှောင်တိမ်းရန်သာ တတ်နိုင်တော့သည်။ လေပြေရှင်း၏ လက်ကိုင်သေနတ်မှာလည်း စောလျင်သောအချိန်ထဲက အဝေးတစ်နေရာကို လွင့်ထွက်သွားပြီဖြစ်သည်။ လူတစ်ကိုယ်လုံးတွင် အနာတရမဖြစ်သောနေရာယူ၍ နှမ်းစိလောက်တောင်မရှိပေ။ ချောမောလှပါသော မျက်နှာမှာလည်း ယခုအခါ အလွန်ရောင်ကိုင်းနေခဲ့ပြီဖြစ်သည်။

ထိုအမဲရောင်ဝတ်လူ၏ ကိုင်ပေါက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ကန်ကြောက်ခြင်း ၊ရိုက်နှက်ခြင်းများကို ရှင်းအတော်အတန်ကြာအောင် ကြိတ်မှိတ်ခံခဲ့သည့်အပြီးတွင် ၎င်း၏ရှုပ်ထွေးပွေလီလှသော တိုက်ခိုက်မှုကို အသားကျလာခဲ့ပြီး လွယ်လင့်တကူရှောင်တိမ်းလာနိုင်ခဲ့လေသည်။ ထိုသူမှာတော့ သေချာပေါက် အံ့ဩသွားခဲ့ပြီး ရှင်းအား စကားတစ်ခုဖြင့် တီးတိုးရေရွတ်လိုက်သည်။

" သင်ယူတတ်မြောက်လွယ်တယ် "

ထိုသူဟာအဆက်မပြတ် တိုက်ခိုက်နေဆဲပင်။

" ငါနှစ်ပေါင်းများစွာ လေ့ကျင့်လာတဲ့ တိုက်ကွက်တွေကို သူကနာရီပိုင်းအတွင်း ရှောင်တိမ်းနိုင်တယ်။ စိတ်ဝင်စားစရာပဲ.... စိတ်ဝင်စားဖို့ကောင်းတယ် "

လေကိုခွင်း၍ဖောက်ထွင်းလာသော ကန်ချက်အား ရှင်း ပေါ့ပါးစွာ ရှောင်တိမ်းလိုက်ပြီး ထိုသူ၏ခြေထောက်အား လှမ်းဖမ်းကာ အားကုန်သုံး၍ ရိုက်ချိုးလိုက်သည်။ အရိုးကျိုးသံက ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ထိုသူသည်အလွန်အမင်း စိတ်တိုသွားပုံရလေသည် ။ လေပြေရှင်းအား အသေရရ၊ အရှင်ရရ အမဲဖြတ်ရန် ပို၍မြန်သောအရှိန်ဖြင့် ဝင်ရောက်လာခဲ့သည်။ ထိုသူမသိလိုက်သည်မှာ ရှင်း၏ နာရီအတော်ကြာ အရိုက်နှက်ခံနေခြင်းမှာ အလကားသက်သက်မဟုတ်ပေ။ မရင်းနှီးသော လှုပ်ရှားမှုများကို အသားအနာခံ၍ လေ့လာနေခဲ့ခြင်းဖြစ်ပြီး တစ်ချက်ထဲနှင့် အလဲထိုးနေနိုင်မည့် အားနည်းချက်ကို ရှာဖွေနေခဲ့ခြင်းဖြစ်လေသည်။

တန်ပြန်လာသော ရှင်း၏တိုက်ခိုက်မှုများတွင် တစ်ဖက်လူဟာ အခြေအနေမဟန်ဘဲ ဟန်ချက်ပျက်လာခဲ့သည်။ သူ၏လှုပ်ရှားမှုများက ရှင်း အပေါ်သက်ရောက်မှုအလျင်းမရှိဘဲ တစ်စထက်တစ်စ အသုံးမဝင်ဖြစ်လာသည်။ ထို့ပြင်ပိုဆိုးသည်မှာ ခြေထောက်တစ်ဖက်ကလည်း လှုပ်ရှားလိုက်တိုင်း အသည်းခိုက်မတတ် နာကျင်နေသောဒဏ်ဖြစ်သည်။ ခဏချင်းမှာပင် ထိုအမဲရောင်နှင့်လူသည်လည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အရိုက်ခံထားရကာ ပင်ပန်းနွမ်းလျနေပြီဖြစ်သည်။

" မင်း ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ရှောင်တိမ်းနိုင်တာလဲ "

" ဒါတွေအားလုံး ငါမင်းဆီကသင်ထားတာပဲလေ။ ငါမပြောခဲ့ဖူးလား ဒီနေ့ ဒီမှာရှိတဲ့လူအားလုံးကို မသတ်ပစ်နိုင်မချင်း ငါစိတ်ဖြောင့်ဖြောင့်နဲ့ အိမ်ပြန်နိုင်မှာမဟုတ်ဘူး။ "

လေပြေရှင်း ယိုင်နဲ့ကာယိမ်းထိုးနေသော ခြေလှမ်းများဖြင့် ကြမ်းပြင်ပေါ်လဲကျနေသော လူဆီသွားကာ အိတ်ကပ်ထဲက sera diamondများကို ဆွဲယူလိုက်သည်။ ထိုသူသည်လည်း သေလောက်အောင်အရိုက်ခံထားရသည့်အတွက် ရှင်း၏အပြုအမူများကို ပြန်မတုန့်ပြန်နိုင်တော့ပေ။ ထောင့်တစ်နေရာသို့ ရောက်သွားသော သေနတ်ကိုလရောင်၏အကူအညီဖြင့် စိတ်ငြိမ်ငြိမ်ထားလိုက်သည့်အခါတွင် တွေ့လိုက်ရသည်။

ထိုသေနတ်ကို သွားယူလိုက်ကာ အမှောင်ထုကြားထဲတွင် ရှင်းတစ်ယောက် အမြင်သစ်တစ်ခုရသွားပြီဖြစ်သည်။ မြင်နေရတိုင်းလည်း အမြင်အစစ်မဖြစ်နိုင်ပေ။ လေပြေရှင်းမှာ တစ်ယောက်ယောက်အား ရင်ဖွင့်နေဟန်ဖြင့် သိမ်မွေ့စွာ စကားပြောနေခဲ့ကာ နောက်ဆုံးတွင် ဒေါသအပြည့်ဖြင့် ကြမ်းတမ်းသွားခဲ့ပြန်သည်။

" ငါတို့တွေက တစ်ခါတစ်ရံမှာ မှားယွင်းနေတတ်တယ်။ မျက်လုံးနဲ့ မြင်နေရတိုင်း တစ်ကယ်မြင်နေရတာမဟုတ်ဘူး။ ဘယ်အရာကိုမှ မမြင်ရတိုင်းလည်း အမှောင်ဖုံးနေတာမဟုတ်ဘူး...... လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့။ "

သက်ပြင်းချကာ ဆက်ပြောလာခဲ့လေသည်။

" မင်းကိုသတ်ဖို့ကျည်တစ်တောင့်ပဲလိုတယ်.....သွားသေလိုက်တော့ "

" ဒိုင်း..... "

သွေးများက နေရာအနှံ့ပြန့်ကျဲသွားခဲ့ပြီး နာကျင်မှုအသံထုတ်လွှင့်ဖို့တောင် ထိုသူဟာအားအင်ကုန်ဆုံးနေလေခဲ့သည်။ ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်သလို လဲကျသွားခဲ့ကာ သွေးများကပါးစပ်ထဲမှ ထိန်းမရစွာ တရစပ်ထွက်လာခဲ့သည်။ ဝမ်းဗိုက်က သေနတ်ဒဏ်ရာသည်လည်း ထိုနည်းတူပေ။ အချိန်မီဆေးရုံမတင်နိုင်ပါလျှင် ထိုသူဟာစက္ကန့်ပိုင်းအတွင်း သေဆုံးသွားနိုင်ပြီဖြစ်သည်။ လက်ထဲ၌ ကိုင်ဆောင်ထားသော သေနတ်မှာလည်း သခင်ဖြစ်သူနှင့်အတူ ကြမ်းပြင်ပေါ်လဲလျောင်းနေပြီဖြစ်လေသည်။

လေပြေရှင်းပင်ဖြစ်လေသည်။ ကြမ်းပြင်ရှိ အဆုံးမရှိသော သွေးအိုင်ထဲတွင် လဲလျောင်းနေသူမှာ လေပြေရှင်းပင်ဖြစ်သည်။

သေနတ်ကိုမောင်းတင်၍ ရှေ့ကလူကိုပစ်ရန်ရွယ်လိုက်ချိန်မှာတင် ရှင်း အနောက်ဘက်မှလူတစ်ယောက်က အမှောင်ထဲမှနေ၍ ရှင်းထက်ဦးစွာ ပစ်လိုက်ခြင်းဖြစ်သည်။ ထိုသူကိုကျောပေးထားခဲ့သည့်အတွက် လေပြေရှင်းမှာ မျက်နှာအား မတွေ့လိုက်ရပါချေ။ မျက်နှာမူထားမည်ဆိုလျှင်လည်း သူဟာတွေ့နိုင်ခဲ့မည်မဟုတ်ချေ။ အကြောင်းမှာ စံအိမ်ကအလွန်တရာ မှောင်မိုက်နေခဲ့သောကြောင့်ဖြစ်သည်။ ကျည်ဆံသည် လေပြေရှင်း၏ အသွေးအသားများကို ဖောက်ထွင်း၍ လက်ဖျံရိုးကြားတွင် နက်နက်ရှိုင်းရှိုင်း နေရာယူနေခဲ့သည်။ သွေးစိမ်းရှင်ရှင်စီးကျနေသည်မှာ မြင်မကောင်းလောက်အောင် ကြည့်ရစိုးအကျည်းတန်စေလေသည်။

ရှင်း၏ပစ်သတ်ခြင်းခံရရန် အနည်းငယ်သာလိုတော့သောသူသည် အသက်ကိုဝအောင်ရှုသွင်းလိုက်ပြီး လေပြေရှင်းအား ‌အကဲဖြတ်ကြည့်ရှုလျက် အလုပ်ရှုပ်နေခဲ့သည်။

" သူသေသွားပြီလား "

သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသောအခြေအနေကြားတွင် ထိုလူနှစ်ယောက်ထွက်ခွာသွားသည့် ခြေလှမ်းသံသဲ့သဲ့ကို ကြားနေရသည်။ ပြောဆိုခဲ့သော စကားများကိုတော့ အာရုံစိုက်မရသည့်အတွက် မကြားနိုင်ခဲ့ပေ။ အရာအားလုံးလက်လွှတ်လိုက်ချင်သော်လည်း သံသယစိတ်လေးတစ်ခုက ဖမ်းဆွဲထားနေခဲ့သည်။

" ခုချိန်လောက်ဆိုရင်ရော ကိုးလ်ထမင်းစားပြီးလောက်ပြီလား "

ခန့်မှန်းခြေအားဖြင့် ည 2နာရီလောက်တော့ ရှိပေလောက်မည်။ ကိုးလ် ထမင်းစားပြီးလောက်ပါပြီမလား  သူ့ကိုစောင့်မနေဘဲနဲ့လေ။ ထိုသို့သာတစ်ကယ်ဖြစ်ခဲ့လျှင် ရှင်း နောက်ဆန်တင်းနေမည်မဟုတ်ချေ။ အကယ်၍ ထိုကောင်လေးမှာ သူ့စကားကိုနားမထောင်ဘဲ ခေါင်းမာမာဖြင့် ထိုင်စောင့်နေခဲ့လျှင် ခက်ရပါချေသည်။ ထို့ကြောင့် ကိုးလ်ဆီအားသူရောက်အောင် သွားရပေလိမ့်မည်။စားပွဲဝိုင်းတွင် နှစ်ယောက်အတူထိုင်ပြီး   မှိန်ရေယှက်ရေ စားသောက်ရန်အတွက်ဖြစ်သည်။ ကြိုးစားအားတင်းလိုက်ပြီးနောက် ပြင်းပြင်းထန်ထန်လှုပ်ရှား၍ မတ်တပ်ရပ်လိုက်ပါသော်လည်း အမှန်စင်စစ်တွင် လက်ကလေးတစ်ချောင်းတောင် သူမလှုပ်နိုင်တော့ပေ။ ကိုးလ် မကြားနိုင်မှန်းသိသော်လည်း ကောင်းကင်ပေါ်တွင် ထိန်သာနေသော လကို ငေးကြည့်လျက် သူဟာတိုးဖွဖွ ရေရွတ်နေခဲ့သည်။

" မရဏတံခါးဆိုရင်တောင် ကိုယ်ရအောင်ဖြတ်ကျော်ပြီး ကိုးလ် ဆီအ‌ရောက်လာမှာပါ "

ထိုသို့ပြောအပြီး လေပြေရှင်း၏ မျက်ဝန်းတို့မှာ လုံးဝမှိတ်ကျသွားလေ‌ေတာ့သည်။

" အလင်းရောင်ကို အမှောင်ဖုံးလည်း ရှင်းကို ကျွန်တော်စောင့်နေဦးမှာပါ "

ကောင်းကင်အားမော့ကြည့်နေရင်းမှ  စောင့်မျှော်နေသော သူအားမတွေ့ရသေးသည့်အခါ အကြည့်လွှဲလျက် ဥပက္ခောပြုလိုက်ပြီး နာရီရှိရာဘက်အား မျက်နှာမူမိသည်။ 2နာရီ10 မိနစ်ရှိနေပြီဖြစ်သည်။ ဒီအချိန်လောက်ဆိုလျှင် ရှင်းပြန်လာမည် မဟုတ်တော့မှန်း သိသော်လည်း ခေါင်းမာသည့်အသိစိတ်က တင်းခံနေတုန်းပင်။ နောက်နေ့မနက် နေမထွက်ခင်အထိ ရှင်းကို ဆက်စောင့်နေဦးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားပုံရသည်။

အခြေအနေအလုံးစုံသည်သာမက ရာသီဥတုသည်လည်း သူတို့နှစ်ဦးဘက်တွင်မရှိပေ။ အချိန်အခါမဟုတ်သော်လည်း ဖောက်လွဲဖောက်ပြန်ရာသီဥတုကြောင့် ပတ်ဝန်းကျင်မှာ စိုထိုင်းစပြုလာသည်။ ရွက်ထိပ်ငယ်များတွင် ရေစက်လေးများတွဲလွဲခိုလာပြီး ခြောက်သွေ့နေသော မြေပြင်အားသိပ်သည်း စိုစွတ်အောင်သဘာဝတရားက ဖန်တီးနေခဲ့သည်။ အချိန်ခဏအတွင်းမှာပင် မိုးဖွဲလေးမှအသွင်ကူးပြောင်း၍ အရှိန်းပြင်ပြင်းရွာချလာတော့သည်။ အိမ်အမိုးဖြစ်သော သွပ်ပေါ်ကြွေကျနေသာ မိုးစက်များမှာ အားပြင်းလွန်းသောကြောင့် အသံများ ဆူညံပွက်လောရိုက်လျက် တိတ်ဆိတ်သောညအချိန်ကို ပြိုင်ဘက်ကင်းဖြိုခွင်းနေခဲ့သည်။ တစ်ချက်တစ်ချက် ကျယ်လောင်သော မိုးခြိမ်းသံကြောင့် ကိုးလ်၏ကိုယ်ခန္ဓာမှာ တုန်တက်သွားတတ်ပြီး  ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်သော လျှပ်စီးလက်မှုများကြောင်း အင်္ကျီအစွန်းတစ်စအားအား လက်ဖြင့်တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သန်မာချင်ယောင်ဆောင်နေခဲ့သည်။ ပြတ်တောက်သွားသော လျှပ်စစ်ဓာတ်အားနှင့်အတူ မိုးပြိုမတတ်ရွာချနေသောကြောင့် ကိုးလ်တစ်ယောက်အိမ်ထဲတွင် တစ်ကိုယ်တည်းထိုင်နေခဲ့ရင်း ကြောက်စိတ်များခိုအောင်းလာခဲ့သည်။ ခန္ဓာကိုယ်မှာ တစ်သိမ့်သိမ့်တုန်ယင်နေခဲ့ပြီး အသက်ရှုဖို့ရန်တောင် ကြောက်လန့်သည်အထိ ဖိအားပေးခံထားရလေသည်။

နာရီလက်တံမှာ 3 နာရီခွဲရန်အနည်းငယ်သာ လိုတော့သည့်အခါတွင် ကိုးလ်၏အိမ်တံခါးမှာ လူတစ်ယောက်၏အလျင်လိုစွာ ထုရိုက်ခြင်းခံနေရသည့်အတွက် တဘုန်းဘုန်းအသံများ တရစပ်ထွက်လာခဲ့သည်။ ကျယ်လောင်သောမိုးသံများကို ဖောက်ထွင်း၍ထွက်လာသော တံခါးခေါက်သံကို ကိုးလ်သွားမဖွင့်ရဲပေ။ ညကြီးအချိန်မတော်ဖြစ်နေသည့်အတွက် အပြင်ရှိလူသည် လူကောင်းဖြစ်ဖို့ရာ ရာခိုင်နှုန်းအတော်နည်းပေသည်ဟု တွေ့ထားလျက် ထိုအသံအားတတ်နိုင်သလောက် လျစ်လျူရှုခဲ့သည်။ တံခါးခေါက်သံမှာ အဆက်မပြတ်ထွက်နေခဲ့ပြီး ရုတ်ခြင်းရပ်တန့်သွားခဲ့ပြန်သည်။ အသံမကြားရတော့သည့်အခါတွင် ကိုးလ်တစ်ယောက် ထိုလူလှည့်ပြန်သွားပြီဟုတွေးလျက် တံခါးနားချဉ်းကပ်သွားကာ စူးဆန်းလိုစိတ်ကိုလည်း ထိန်းမရနိုင်ခဲ့ပေ။

" ကျွီ......"

တံခါးပွင့်ဟသွားပြီး အရှေ့မှာရပ်နေသောသူသည် လေပြေရှင်းပင်ဖြစ်သည်။ ရှင်း၏ မူမမှန်သောအသွင်အပြင်ကို အသေးစိတ်သုံးသပ်ရန် ဝေဝါးနေခဲ့ပြီး သုံးနာရီခွဲအချိန်ကြီးမှာ ရှင်းကဘာကိစ္စကြောင့်များ ကိုးလ် အိမ်တံခါးရှေ့ကိုရောက်နေလည်း စဉ်းစားမရပါချေ။ မျှော်လင့်နေသည့်အတိုင်း ထမင်းလက်ဆုံစားရန် ပြန်လာခြင်းဖြစ်ပါလျှင် အတိုင်းအသိပျော်ရွှင်ရမည် ဖြစ်ပါသည်။ သို့သော် ကိုးလ်ဟာ သူခေါင်းမာမာဖြင့် စောင့်နေခဲ့သည်မှန်သော်လည်း မနက်သုံးနာရီခွဲအချိန်ကြီးထိ လေပြေရှင်းပြန်လာလိမ့်မည်ဟု မထင်မှတ်ထားပေ။ ပေးထားသောကတိအပေါင်းမှာ ပျက်စီးသွားပြီဖြစ်ပြီး ရှင်းက သူ့ထံအားပေးခဲ့သောကတိအား မေ့ပျောက်သွားသည်ဟု သံသယ‌ဝင်ခဲ့ဖူးသေးသည်။

" ရှင်း ! "

" ဘုန်း..... "

ကိုးလ်၏ အံ့ဩနေသော ခေါ်သံမှပင် မှင်သက်နေသော အာမေဍိတ်သံသို့ ကူးပြောင်းသွားခဲ့လေသည်အထိ လေပြေရှင်းမှာ ကိုးလ်အပေါ်ပစ်လဲကျလာပြီး အရှိန်မထိန်းနိုင်သည့်အတွက် နှစ်ယောက်လုံးကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။ လေးပင်နေသော ရှင်းခန္ဓာကိုယ်အား ထိတွေ့လိုက်ချိန်တွင် စိုစွတ်နေသောခံစားချက်များမှာ မိုးမိလာခြင်းကြောင့်ဖြစ်မည်ဟု ကောက်ချက်ချလျက် အလွန်တရာအေးစက်နေသော အရေပြားများအတွက်တော့ ဖြေသိမ့်စရာ စကာလုံးရှာမတွေ့ခဲ့ပေ။

" ရှင်း...... ရှင်း....နေမကောင်းဘူးလား နည်းနည်းလောက်ဖယ်ပါဦး "

အမှောင်အတိဖုံးနေသော အချိန်ဖြစ်သည့်အပြင် မီးပျက်နေသောနေအိမ်ကြေင့် လေပြေရှင်း၏ ဒဏ်ရာများနှင့် သွေးဗလပွစွန်းထင်နေသော အင်္ကျီတို့ကို ကိုးလ် မတွေ့နိုင်ခဲ့ပေ။ ဆက်တိုက်ခေါ်ဆို လှုပ်နှိုးနေသော်လည်း အပေါ်ဘက်ကလူသည် လှုပ်ရှားလာခြင်း စိုးစဉ်းမှမရှိပေ။ အားကုန်သုံးကာ ရုန်းထွက်လိုက်ပြီး လေပြေရှင်းအား ဆက်လက်လှုပ်နှိုးနေလိုက်သည်။ ကိုးလ်မှာ တစ်ဖြည်းဖြည်း ထိတ်လန့်လာခဲ့ပြီး လက်ချောင်းများ၌ စိုစွတ်နေသောအရည်များမှာ မိုးရေများမဟုတ်ဘဲ ပျစ်ချွဲချွဲအရည်များသာဖြစ်ကြောင်း သတိထားမိလာခဲ့သည်။ လျှပ်စီးလက်သည့်အခိုက်တွင် အမြင်အာရုံအလုံးစုံမှာ စက္ကန့်ပိုင်းမျှရှင်းလင်းသွားခဲ့ပြီး အရာရာတိုင်းကို သဲသဲကွဲကွဲမြင်လိုက်ရသည်။ ထို့နောက်ကပ်လျက်ပါလာသော မိုးခြိမ်းသံမှာ ကိုးလ်၏စိတ်အခြေအနေအား မိုးကြိုးပစ်ချလိုက်အလား ။

" ဂျိမ်း "

သူ့ပေါင်ပေါ်တွင် တင်ထားသောလူမှာ တစ်ကိုယ်လုံးသွေးတို့ဖြင့် ချင်းချင်းနီနေခဲ့ပြီး ကြည့်ရက်စရာမကောင်းလောက်အောင် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့သည်။ ထို့‌ပြင် လေပြေရှင်းအား လှုပ်နှိုးခဲ့သောသူ့လက်မှာလည်း သားသတ်သမား၏ လက်များကဲ့သို့ သွေးများစွန်းထင်နေခဲ့လေသည်။ တုန်ယင်နေသည်မှာ  ခန္ဓာကိုယ်အစိတ်အပိုင်းများသာမက အသံဆီသို့ပါ ကူးစက်လာခဲ့လေတော့သည်။

" ရှင်း.....ကျွန်တော့်ကို မလှန့်ပါနဲ့ "

မျက်ရည်များမှာ ကိုးလ်၏ပါးပြင်ထက် အရှိန်မှန်မှန်စီးကျလာကြသည်။

" ရှင်း.... ကျွန်တော်ခေါ်နေတာ ကြားရဲ့လား အရင်လိုကျွန်တော့်ကို နောက်နေတာပဲမလား "

တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း မတည်ငြိမ်နိုင်ပေ။ နိုးထမလာနိုင်မှန်းသိနေရင်းမှ ထိုသူ့နာမည်ကိုခေါ်ကာ ထပ်ကာထပ်ကာလှုပ်နှိုးနေမိသည်။ ရွာသွန်းနေသော မိုးများမှာလည်း မရပ်တန့်သွားသေးချေ။ ထို့အစားပိုမိုအားကောင်း သည်းထန်လျက်သာရှိသည်။ ဘာလုပ်လို့ဘာကိုင်ရမလဲ ဖြစ်နေသည့်အခါတွင် ပတ်ဝန်းကျင်အားဦးစွာ အကူအညီလှမ်းတောင်းမိလေသည်။

" ကယ်ပါ....ကယ်ကြပါ ......တောင်းပန်ပါတယ် "

ကိုးလ်၏မျက်ရည်များမှာ မိုးစက်များနှင့်အပြိုင်ရွာသွန်းနေခဲ့သည်။ ကံဆိုးစွာပင် မိုးခြိမ်းသံလွှမ်းမိုးခြင်းကို ခံထားရသောကြောင်း ကိုးလ် အကူအညီတောင်းနေမှုကို ဘယ်သူမှမကြားနိုင်ခဲ့ပေ။

" ရှင်း......ရှင်း...... ကျေးဇူးပြုပြီးထပါဦး....ကျွန်တော်ခေါ်နေတာကြားရဲ့လား "၀

ဒဏ်ရာထဲမှစိမ့်ထွက်လာသော သွေးတို့ကိုလက်ဖြင့်ဖိထားလိုက်ပြီး ကိုးလ်တစ်ယောက် အရူးမီးဝိုင်းဖြစ်နေခဲ့သည်။

" အာ.....ဘယ်လိုလုပ်ရမလဲ ဒါတွေကလုံးဝ ရပ်မသွားဘူး   ကျွန်တော်ဘယ်လိုလုပ်ရမလဲ ....."

တစ်ဖန်ထပ်မံကာ အကူအညီတောင်းမိပြန်ပါသည်။ အသံတွေပြာလာသည့်အထိ အော်ဟစ်ကာအကူအညီတောင်းနေခဲ့မိသည်။ ဘယ်သူမှမလာမှန်းသိသော်လည်း မျှော်လင့်နေခဲ့မိသည်။ ဘယ်သူမှမကြားမှန်း သိသော်လည်း ငိုယိုနေခဲ့မိသည်။

" တစ်ယောက်ယောက်များ မရှိကြဘူးလား။ ရှင်းကို ကယ်ပေးကြပါ တောင်းဆိုပါတယ် "

မိုးနတ်မင်းကတောင် မျက်ကွယ်ပြုထားဟန်တူပါသည်။ ကံကြမ္မာသည် ဘယ်သောအခါမှ သူ့ဘက်တွင်ရပ်တည်မနေခဲ့ပေ။ ဒီလိုအခြေအနေမျိုးနှင့် ကြံတွေ့ခြင်းမရှိခဲ့သည့်အတွက် ကိုးလ်မှာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိတော့ပေ။ ရှင်း၏ ပေကျံနေသော သွေးများကို ဖယ်ရှားပေးနေရုံမှအပ ၊ငိုပြီးအကူအညီတောင်းနေရုံမှအပ ပူထူနေသောသူ့ဦးနှောက်က ဘာမှစဉ်းစားမရနိုင်တော့ချေ။ လေပြေရှင်းအား တင်းကြပ်စွာဖက်တွယ်ထားရင်း ပထမဦးဆုံးရဖူး‌ခဲ့သော သူငယ်ချင်းအား ထာဝရဆုံးရှုံးသွားရမှာ သေမတတ်ကြောက်နေမိသည်။ အသည်းခိုက်လုမတတ် ငိုကြွေးနေရင်း ရှင်းနာမည်ကိုသာ အဆက်မပြတ်ရွတ်နေကာ တစ်လောကလုံးအား မျက်ကွယ်ပြု၍ အရာအားလုံးကိုလျစ်လျူရှုထားခဲ့သည်။

ကံကြမ္မာက မျက်နှာသာမပေးပါလျှင် သူသည်လည်း ကံကြမ္မာအား , အားကိုးနေမည်မဟုတ်တော့ပေ။

" ရှင်း ....ကျွန်တော်နဲ့ ထမင်းတူတူစားမယ်လို့ ကတိပေးထားတယ်မလား....ခုမှမေ့ချင်ယောင်မဆောင်နေနဲ့လေ ရှင်းပြောသမျှ ကျွန်တော်အားလုံးမှတ်ထားတယ်။ "

တုန်ယင်နေသောအသံသည် အစိတ်စိတ်ကွဲကြေနေခဲ့ရင်း ဖြေမဆယ်နိုင်အောင် အက်ကွဲနေခဲ့သည်။

" ကျွန်တော်ပြောတာ ကြားရဲ့လား .....ကျွန်တော့်ကို ကတိပေးထားတာ မှတ်မိသေးရဲ့လား "
___________________________________

[Zawgyi]

(ေသြးထြက္သံယို အခန္းေတြ ၊လူသတ္ခန္းေတြပါဝင္တဲ့အတြက္ ႏွလုံးအားနည္းသူမ်ား အထိအခိုက္မခံႏိုင္သူမ်ား မဖတ္ၾကဖို႔အႀကံေပးပါတယ္ )

လမင္းက အထိန္းအကြပ္မဲ့စြာ သာေနခဲ့ၿပီး လေရာင္မွာ ရွင္း အေပၚျဖာက်ေနခဲ့သည္။ ထိုညတာက အလြန္ရွည္လ်ားေနခဲ့ကာ ခြဲခြာရသည့္တစ္ညတာသည္ တစ္သက္စာႏွင့္ ညီမွ်ေနခဲ့သေယာင္ ရွိေနခဲ့သည္။ ေနာက္မဆုတ္သည့္ေျခလွမ္း အသေခ်ၤမွာလည္း ကိုးလ္ ႏွင့္ဆန႔္က်င္ရာအရပ္ဆီသာ ဦးတည္ေနခဲ့သည္။ တိုက္ခတ္သည့္ ေလညႇင္းအစုံတြင္ ေပ်ာ္ဝင္လာေသာ ေသြးညႇီနံ႔ႏွင့္ ေညႇာ္နံ႔မ်ားကိုရႈရႈိက္လိုက္ကာ ေရွ႕ဆက္ရမည့္ အႏၲရာယ္ကိုေပါ့ေပါ့တန္တန္ပင္ ကေလးကစားစရာႏွယ္ မွတ္ယူလိုက္သည္။

ထင္ထားသည့္အခ်ိန္ႏွင့္ အံကိုက္ပင္ မီးအလုံးစုံကိုၿငိမ္းသတ္ႏိုင္သြားၿပီျဖစ္သည္။ ထိုေသာ္ထိုလူမ်ားမွာ အံ့ဩရန္အခ်ိန္မရလိုက္ခင္မွာပင္ ရွင္းတို႔ႏွစ္ေယာက္၏ က်ည္မ်ားကႏွဖူးျပင္ကို ေဖာက္ထြင္းလ်က္ ေနာက္ေစ့မွျပန္ထြက္သြားၾကေခ်၏။ အလြန္တရာက်ယ္ေလာင္ေနေသာ ေသနတ္သံမ်ားအျပင္ နာက်င္စူးရွလြန္းသည့္ ေအာ္ဟစ္သံမ်ားေၾကာင့္ စံအိမ္ထဲရွိလူမ်ား ေအာက္သို႔အေျပးအလႊား ေျပးဆင္းလာၾကသည္။ မရပ္ဆဲသြားေသာ ေသနတ္သံမ်ားမွာ လသာသာေအာက္တြင္ အတိုင္းအဆမဲ့ပဲ့တင္ထပ္ေနခဲ့သည္။ အေပၚထပ္မွ ေျပးဆင္းလာေသာ သူမ်ားထဲမွတစ္ေယာက္သည္ ထူးကဲသည့္လ်င္ျမန္ျဖတ္လတ္မႈကို ပိုင္ဆိုင္ထားသည့္အတြက္ ရွင္း သတိလြတ္သြားသည့္အခိုက္တြင္ ေသနတ္တစ္ခ်က္အား ေအာင္ေအာင္ျမင္ျမင္ ပစ္ခတ္သြားႏိုင္ခဲ့ းေလသည္။ ကံေကာင္းေထာက္မစြာပင္ က်ည္ဆံမွာဝမ္းဗိုက္ကို ရွပ္ထိသြားသည့္အတြက္ အဆုံးမရွိသည့္ေသြးမ်ား ထြက္လာပါေသာ္လည္း ေသေစႏိုင္သည့္ဒဏ္ရာတစ္ခု‌ေတာ့ မဟုတ္ေပ။

" ဒိုင္း..... "

ရွင္း၏ ျပန္လည္ပစ္ခတ္မႈအဆုံးတြင္ ထိုလ်င္ျမန္လွပါၿပီဆိုေသာလူသည္ ေျမျပင္ေပၚရွိေသြးအိုင္ထဲတြင္ အသက္မဲ့သြားၿပီျဖစ္သည္။ နာက်င္မႈတစ္ရပ္က ေလေျပရွင္းကို ေကာင္းေကာင္းဒုကၡေပးေနခဲ့ကာ ဒဏ္ရာေပၚ လက္ဖိထားလိုက္ေတာ့ ႏွင္းကဲ့သို႔ျဖဴစင္ေသာ အက်ႌမွာ လက္ပံပြင့္ကဲ့သို႔ ေျခာက္ျခားဖြယ္ ေသြးနီနီတို႔ျဖင့္ စြန္းထင္းစျပဳလာသည္။ မ်က္ႏွာရႈံ႕သြားပုံမွာ ဒဏ္ရာ၏နာက်င္မႈပေရာဂ ပါဝင္ျခင္းအလ်င္းမရွိဘဲ အျဖဴေပၚတြင္ေနရာယူေနေသာ အနီေရာင္ေသြးကြက္မ်ားေၾကာင့္ ကိုးလ္ဆီသြားသည့္အခါတြင္ အေႏွာက္အယွက္ျဖစ္ေနမည္အား သိေနေသာေၾကာင့္ျဖစ္သည္။

တိုက္႐ိုက္တိုးဝင္လာေသာ ဓားခ်က္ကိုေရွာင္တိမ္းလိုက္ကာ ဓားပိုင္ရွင္၏ လက္ကိုလိမ္ခ်ိဳးလိုက္ရင္း တိုက္ခိုက္ရန္ေခ်ာင္းေနေသာ အေနာက္ဘက္ကလူကို ေျခတံ‌ရွည္ေျခေထာက္မ်ားႏွင့္ အရွိန္ျပင္းျပင္းကန္လိုက္ကာ ေျမျပင္ေပၚလဲက်သြားေသာ ထိုသူအားေျခေထာက္ျဖင့္နင္းထားၿပီး လက္ထဲကေသနတ္ျဖင့္ ညႇာတာမႈကင္းမဲ့စြာ သတ္ပစ္လိုက္သည္။လိမ္ခ်ိဳးထားေသာ လက္ပိုင္ရွင္သည္လည္း ထိုနည္းတူစြာ ေလေျပရွင္း၏ ရက္စက္မႈကို မခ်ည့္မဆံ့ခံစားရၿပီးေသာ္ အေကာင္းပဂဓိ ေျခလက္အဂၤါဟူ၍ မရွိေတာ့ေပ။အဆစ္ေနရာတြင္ အဆစ္လြဲေနၿပီး အ႐ိုးေနရာတြင္ အစိတ္စိတ္အမႊာမႊာ ႐ိုက္ခ်ိဳးခံထားရသည္။ ႐ိုက္ခ်ိဳးခံထားရသည့္ ထိုလူ႔ေျခေထာက္မ်ားသည္ လုံးဝဥႆုံပ်က္ဆီးသြားၿပီျဖစ္သည့္အတြက္ ေျမျပင္ေပၚတြင္ ဒူးေထာက္လ်က္ရွိေနၿပီး ေသဖို႔ရန္သာေတာင္းဆိုခြင့္ရွိေတာ့သည္။

အမဲလိုက္ေတာဘုရင္ထံတြင္ ရက္စက္ၾကမ္းၾကဳတ္သည့္ မ်က္ဝန္းတစ္စုံသာရွိၿပီး သနားညႇာတာမႈဆိုသည္မွာ ေပါင္းစပ္လို႔မရသည့္ ေကာင္းကင္ႏွင့္ေျမႀကီးလိုသာျဖစ္ေလသည္။ ေလေျပရွင္းသည္လည္း ထိုနည္းအတူပင္။ စိတ္ဆုံးျဖတ္ထားလွ်င္ ေရဆုံးေျမဆုံးရေအာင္ အမဲလိုက္မည့္ ေတာဘုရင္လိုလူစားမ်ိဳးျဖစ္သည္။ ဒီေန႔ည ဒီေနရာတြင္ရွိေနေသာ လူမ်ားအား အလြတ္မေပးဘဲ သတ္မည္ဟုဆုံးျဖတ္ထားသည့္အတြက္ မိမိ၏ေရွ႕တြင္ ဒူးေထာက္လ်က္ ဒဏ္ရာဗလပြျဖင့္ အ႐ုပ္ႀကိဳးျပတ္ျဖစ္ေနေသာ ထိုသူအားေျဖာင့္တန္းေသာလက္ သန္မာေသာခြန္အားျဖင့္ တြန္႔ဆုတ္ျခင္းမရွိဘဲ ေသနတ္တစ္လက္ျဖင့္ အသက္ေဖ်ာက္လိုက္သည္။

" ျဖဳတ္ေလာက္အကြက္ေလးနဲ႔  ငါ့အေပၚသက္ေရာက္မယ္ထင္ေနလား "

အံႀကိတ္၍ေျပာလိုက္ေသာအသံတြင္ ေဒါသတရားတို႔အျပည့္ေနရာယူေနၿပီး ေျမျပင္ေပၚရွိအသက္မဲ့သြားေသာသူ ေနာက္ဆုံးၾကားလိုက္ရေသာအသံမွာ ရွင္း၏ ဇီဝိန္ေႁခြသြားႏိုင္သည့္ အသြားထက္သည့္ ဓားတစ္လက္ႏွယ္ စကားမ်ားျဖစ္သည္။ စူးရွသည့္အၾကည့္အား ပင့္ေျမႇာက္လိုက္ခ်ိန္ဝယ္ အေယာက္၂၀ခန႔္လူမ်ားက ရွင္းအေရွ႕တြင္ ရွိေနခဲ့ျပန္သည္။ ႏႈတ္ခမ္းေထာင့္ကစီးက်ေနေသာ ေသြးတို႔ကို လက္ခုံျဖင့္ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္ၿပီး ေနာက္တစ္ႀကိမ္ ရင္ဆိုင္ရန္အသင့္ျဖစ္ေနခဲ့ျပန္သည္။

" မင္းတို႔အားလုံး ေသခ်င္ေနတာပဲ .....ငါသြားမဲ့လမ္းကို အေၾကာက္အလန႔္မရွိ ပိတ္ရဲေသးတယ္။ ဒီေန႔ မင္းတို႔ရဲ႕ေသြးနဲ႔ အရင္ကရႈံးနိမ့္ခဲ့တာေတြအားလုံးကို အလဲအထပ္လုပ္ပစ္မယ္ "

မရပ္ဆဲသြားသည့္ ပစ္ခတ္မႈမ်ားအၾကားတြင္ မပ်က္စီးသြားသည့္ လမင္းသည္သာ ရွင္က်န္ရစ္ေနသည္။

" သူကျခေသၤ့တစ္ေကာင္လိုပဲ ရဲရင့္ၿပီးရက္စက္တဲ့ႏွလုံးသားတစ္စုံရွိတယ္။ သူ႔မ်က္ဝန္းထဲမွာ မွတ္ေတးထားရင္ ေႁမြတစ္ေကာင္လိုလည္း ကလဲ့စားေခ်တတ္ေသးတယ္။ လင္းယုန္လိုလ်င္ျမန္ၿပီး စြန္တစ္ေကာင္လိုစူးရွတဲ့မ်က္ဝန္းတစ္စုံရွိတယ္။ သူကတကယ့္ၿပိဳင္ဖက္ေကာင္းပဲ။ "

စံအိမ္အေပၚဆုံးထပ္မွလူသည္ ဝိုင္ခြက္ကိုင္ထားရင္း ရွင္း၏လႈပ္ရွားမႈမ်ားကို အေသးစိတ္ၾကည့္ရႈေနခဲ့သည္။ ထိုလူက ေအးေအးလူလူပင္ ဝရံတာဘက္ၾကည့္ေနရင္း အကဲခတ္ေနရာမွ အေနာက္ဘက္ရွိလူတစ္ေယာက္ၾကားေအာင္ အသံကိုျမႇင့္ေျပာလိုက္သည္။ ထိုသူ၏ေက်ာခိုင္းထားေသာ အခန္းထဲတြင္ လူတစ္ေယာက္ရွိေနခဲ့ၿပီး ပုံပန္းသ႑ာန္မွာခန႔္မွန္းမရေခ်။ ေယာက္်ားလား မိန္းမပင္လားေတာင္ ခြဲျခားမရသည္အထိ ထိုသူဟာသိုသိပ္လြန္းလွသည္။ အသံတစ္ခ်က္ လႈပ္ရွားတစ္ခုပင္မျပဳပဲ ထိုသူဟာတိတ္ဆိတ္လြန္းေသးသည္။

ဝိုင္ကိုင္ထားေသာ အမ်ိဳးသားကဆက္ေျပာလာေလသည္။

" မင္းနဲ႔ေတာ့မတူဘူး။ မင္းမွာမ်က္ႏွာဖုံးေတြ အမ်ားႀကီးရွိတယ္။ မင္းအနားမွာ အၿမဲေနလာတဲ့ငါေတာင္ မင္းရဲ႕ပုံစံအစစ္ကို မခန႔္မွန္းႏိုင္ဘူး။ အဲ့မ်ားလြန္းတဲ့မ်က္ႏွာဖုံးေတြေအာက္က မင္းရဲ႕မ်က္ႏွာအစစ္က ဘယ္လိုမ်ိဳးလဲဆိုတာ တစ္ကယ္သိခ်င္မိတယ္။ ျမင္ေနက် အထီးက်န္ၿပီး ေသြးေအးတဲ့အသြင္လား။ သနားခ်င္စရာေကာင္းတဲ့ ႐ိုးသားတဲ့အသြင္လား။ အႀကံႀကီးတဲ့ ဆက္ခံသူတစ္ေယာက္လား "

" ခြမ္..... "

အေနာက္ဘက္က ထြက္ေပၚလာေသာအသံေၾကာင့္ ေနာက္လွည့္ၾကည့္ခ်ိန္တြင္ ထိုလ်ိဳွ႔ဝွက္ပုဂၢိဳလ္၏ ဖိနပ္နားတြင္ အစိတ္စိတ္အမႊာမႊာကြဲေနေသာ ဖန္ခြက္အကြဲမ်ားကို ေတြ႕လိုက္ရသည္။ အနက္ေရာင္ဝတ္စုံႏွင့္လူသည္ ဝိုင္အားေမာ့ေသာက္လိုက္ၿပီး မတိုးလြန္းမက်ယ္လြန္းေသာ အသံျဖင့္စိတ္ပ်က္ေနဟန္ ေျပာလာခဲ့သည္။

" အရင္လိုအထိမခံျဖစ္ေနတုန္းပဲ .....ဘယ္အသြင္နဲ႔ပဲျဖစ္ျဖစ္ မင္းကမေျပာင္းလဲေသးဘူး "

စံအိမ္ေအာက္တြင္ မေကာင္းဆိုးဝါးႏွယ္ တစ္ကိုယ္လုံးေသြးတို႔ျဖင့္႐ႊန္း႐ႊန္းစိုေနေသာ ရွင္းတစ္ေယာက္ႏွင့္ ရွင္း၏ေျခေထာက္နားတြင္ ေသြးတို႔ျဖင့္ဒူးေထာက္ေနေသာ တစ္ေယာက္သာ အသက္ရွင္လ်က္က်န္ရွိေနခဲ့သည္။ ရွင္းကေျခာက္ျခားဖြယ္ ေမာ့ၾကည့္လာခဲ့ၿပီး သူ႔အားစူးဆန္းေနေသာလူအား ျမင္သည့္အခါ လက္မအား ဓားသဖြယ္ျပဳမူလ်က္ လည္ပင္းတစ္ဝိုက္အား လွီးျဖတ္ေသာသ႑ာန္လုပ္ျပေလသည္။ စံအိမ္ေပၚထပ္ရွိလူသည္ ရွင္း၏အမူအယာေၾကာင့္ အံ့ဩမွင္သက္သြားခဲ့ၿပီး ခဏအၾကာတြင္ မႏွစ္ၿမိဳ႕ဖြယ္ၿပဳံးလာခဲ့သည္။

" သူကစိတ္ဝင္စားဖို႔ေတာ့ေကာင္းသားပဲ "

အိမ္ေပၚထပ္ရွိလူအား လ်စ္လ်ဴရႈလိုက္ကာ လာရင္းကိစၥ၏ အဓိကမူပိုင္ရွင္အေၾကာင္း ေမးျမန္းလိုက္သည္။

" Sera diamondေတြ ဘယ္မွာလဲ "

ေလေျပရွင္း၏ ‌မာေၾကာေသာအသံသည္ အသက္ေမ်ာ့ေမ်ာ့က်န္ေနေသာ လူဆီဦးတည္သြားေလသည္။

" ကြၽန္ေတာ္မသိဘူး အဲ့တာက တန္ဖိုးႀကီးပစၥည္းေတြ bossကိုယ္တိုင္သိမ္းထားတာ "

" မင္းမသိဘူးေပါ့ေလ..... "

ထိုသို႔ေျပာေနရင္းမွ ေသနတ္အားေမာင္းတင္ကာ ဒူးေထာက္ေနေသာလူ၏ ႏွဖူးတည့္တည့္သို႔ ခ်ိန္႐ြယ္ထားလိုက္သည္။

" ဒါဆိုလည္း မင္းကအသုံးမဝင္ေတာ့ဘူး "

ရွင္းတစ္ေယာက္သာ က်န္ရွိေလသည္။ အေလာင္းပုံမ်ားၾကားတြင္ ရွင္းတစ္ေယာက္သာ အသက္ရွင္လ်က္ရွိေနခဲ့သည္။ ေလေျပရွင္းအျပင္ စံအိမ္ေပၚရွိ လူႏွစ္ေယာက္သည္သာ ခြၽင္းခ်က္ျဖစ္ေလသည္။Sers diamondကိုရွာရန္ပတြက္ ေလွ‌ကားထစ္ေပၚေျဖးညႇင္းစြာ တက္လာရင္း ေသြးတို႔ျဖင့္စိုစြတ္ေနေသာ ဖိနပ္ရာမ်ားက ေလွကားတစ္ထစ္ျခင္းစီအား ေနရာယူလာေစသည္။ ဗိုက္နားက ေသနတ္ဒဏ္ရာကို လက္ျဖင့္ဖိထားရင္း ေလေျပရွင္းမွာအလြန္အမင္း ပင္ပန္းေနခဲ့ၿပီျဖစ္သည္။ အက်ႌအျဖဴမွာေတာ့ ေျပာရက္စရာမရွိေတာ့ေပ။၎က လုံးဝခ်င္းခ်င္းနီေနခဲ့ၿပီျဖစ္သည္။ တစ္ျဖည္းျဖည္းျပာေဝလာေသာ မ်က္လုံးတို႔သည္ ပတ္ဝန္းက်င္ကို ေကာင္းစြာျမင္ခြင့္မေပးေတာ့ဘဲ အေႏွာက္အယွက္ျပဳလာခဲ့သည္။ သုံးထပ္ေလာက္တက္လာၿပီးသည့္အခါတြင္ အရာအားလုံးအေမွာင္က်သြားခဲ့‌ေတာ့စသည္။ စံအိမ္တစ္ခုလုံးမွာ မဟူရာသန္းေခါင္ယံညလို႔ ပိန္းပိတ္ေအာင္မဲေမွာင္ေနခဲ့သည္။ လ၏ အလင္းေယာင္မွိန္ဖ်ဖ်တစ္ခုသာ တစ္ခုတည္းေသာအလင္းဟု ဆိုႏိုင္ဖြယ္ရာျဖစ္ေလသည္။

" ဝုန္း "

အရွိန္ျပင္းျပင္းအ႐ိုက္ခံလိုက္ရေသာေၾကာင့္ ေလေျပရွင္းတစ္ေယာက္ ေထာင္တစ္ေထာင့္လို႔ လႊင့္ထြက္သြားခဲ့ေလသည္။ အေမွာင္ထဲရွိလူမွာ ဘယ္သူမွန္းမသိရေသာ္လည္း ထိုသူ၏အားကုန္သုံးထားေသာ ႐ိုက္ခ်က္သည္ ရွင္း၏ ေသနတ္ဒဏ္ရာေပၚသို႔ တည့္တည့္ထိမွန္သြားခဲ့သည္။

" အား.... "

နာက်င္မႈေၾကာင့္ ထြက္က်လာေသာအသံသည္ ေသြးတို႔အျပည့္ေနရာယူလာျခင္းေၾကာင့္ ‌လုံးေထြးသြားေလေတာ့သည္။ ပါးစပ္အျပည့္ေနရာယူလာေသာ ေသြးတို႔အားကုန္စင္ေအာင္ အန္ခ်လိုက္ၿပီး အားအင္မွန္သမွ် ခ်ည့္နဲ႔သြားခဲ့သည္။ အ႐ိုက္ခံရသည့္အရာမွ ရွင္းႏွင့္လြန္စြာရင္းႏွီးေနခဲ့ဖူးေသာ အရာျဖစ္ေလေသာေၾကာင့္ မျမင္ရေသာ္လည္း ၎မွာ လက္ကိုင္သံတုတ္ျဖစ္မွန္း သိေနခဲ့သည္။

" မင္းရွာေနတာ ဒါလား "

အေမွာင္ထဲကလူဆီမွ အသံထပ္ၾကားလာခဲ့ၿပီး ေလထဲတြင္အေရာင္လက္လက္ေနေသာ အရာကို ေတြ႕လိုက္ရေလသည္။ ျဖစ္ႏိုင္သည္မွာ ထိုလူဟာ Sera diamondေတြကို ေဝွ႔ယမ္းျပေနရင္း ေလေျပရွင္းကို ေမးလာခဲ့ျခင္းျဖစ္သည္။

" ငါ့ကိုအလဲထိုးႏိုင္ရင္ မင္းလိုခ်င္တာရေစရမယ္ "

" ဒါကအရင္ထဲက ငါတို႔ပိုင္တဲ့ပစၥည္း‌ပဲ မင္းကိုအလဲထိုးႏိုင္ဖို႔ကလည္း လက္ေျဖာင့္တီးသလို အလြယ္ေလးပဲ "

ထိုစကားအဆုံးတြင္ တိတ္ဆိတ္ေနေသာ စံအိမ္သည္ တစ္ဖန္ျပန္လည္ဆူညံလာေလသည္။ ေလေျပရွင္း၏လ်င္ျမန္ေသာ လႈပ္ရွားမႈကို စံအိမ္အေပၚထပ္မွ‌အေသးစိတ္ၾကည့္ရႈထားခဲ့သည့္အတြက္ ထိုသူဟာအနည္းငယ္ေတာ့ ယဥ္ပါးေနခဲ့ျခင္းျဖစ္သည္။ အားျပင္းသည့္ ရွင္း၏ကန္ခ်က္သည္ ေလထုအလယ္ေဖာက္ထြင္းသြားၿပီး ဝတ္စုံအနက္ႏွင့္လူဆီ တိုးဝင္သြားသည္။ ထိုသူ၏ကိုယ္ခံပညာသည္ ရွင္းနဲ႔မတိမ္းမယိမ္းရွိေနခဲ့သည့္အတြက္ ထိုကန္ခ်က္အားအလြယ္ေလး ေရွာင္တိမ္းႏိုင္ခဲ့ေလသည္။ ထို႔ျပင္မလစ္ဟင္းဘဲတိုးဝင္လာေသာ ဆက္တိုက္ထိုးႏွက္မႈမ်ားေၾကာင့္ အနက္ေရာင္ဝတ္လူ၏ ဟန္ခ်က္ပ်က္ယြင္းကာ အရႈိက္ထိသြားခဲ့သည္။

ေလေျပရွင္းသည္လည္း အလြန္အမင္း႐ိုက္ႏွက္ခံထားရသည့္အတြက္ မတ္တပ္ရပ္ရန္ေတာင္ အႏိုင္ႏိုင္ျဖစ္ေနခဲ့ေလၿပီ။

" ငါကအရင္ထဲက အေမွာင္ထဲမွာေလ့က်င့္လာခဲ့တာ။ သူမ်ားမျမင္ႏိုင္တာကို ငါျမင္ႏိုင္တယ္။ သူမ်ားမလုပ္ႏိုင္တာကို ငါလုပ္ႏိုင္တယ္။ ဒါေပမယ့္ မင္း..... "

ထိုပုဂၢိဳလ္က အံႀကိတ္ကာ ဆက္ေျပာလာခဲ့သည္။

" မင္းကငါ့ကိုအေမွာင္ထဲမွာ ထိေအာင္ခ်ႏိုင္တဲ့ ဒုတိယလူပဲ။ အရည္အခ်င္းက အံ့ဩစရာေပမယ့္ စိတ္မေကာင္းတာက မင္းအသက္ရွင္ဖို႔မျဖစ္ႏိုင္ေတာ့ဘူး။ "

ထိုစကားအဆုံး ေၾကာက္မက္ဖြယ္ေကာင္းေသာ တိုက္ခိုက္မႈမ်ားအား ရွင္း အသက္ႏွင့္လု၍ ေရွာင္တိမ္းေနရေလသည္။ ထိုလူသည္ က်ားတစ္ေကာင္ႏွယ္ သန္မာလွၿပီး သြက္လက္သည့္လႈပ္ရွားမႈမ်ားသည္ ေလေျပရွင္း၏ ေသေစႏိုင္ေသာ ေနရာမ်ားဆီသာ ဦးတည္သြားလ်က္ရွိသည္။ ျပန္လည္တိုက္စစ္ဆင္ရန္ မစြမ္းေဆာင္ႏိုင္ေတာ့သည့္အတြက္ ေလေျပရွင္းမွာ ထိုလူ၏ မေရမတြက္ႏိုင္ေသာ တိုက္ကြက္မ်ားကို ေရွာင္တိမ္းရန္သာ တတ္ႏိုင္ေတာ့သည္။ ေလေျပရွင္း၏ လက္ကိုင္ေသနတ္မွာလည္း ေစာလ်င္ေသာအခ်ိန္ထဲက အေဝးတစ္ေနရာကို လြင့္ထြက္သြားၿပီျဖစ္သည္။ လူတစ္ကိုယ္လုံးတြင္ အနာတရမျဖစ္ေသာေနရာယူ၍ ႏွမ္းစိေလာက္ေတာင္မရွိေပ။ ေခ်ာေမာလွပါေသာ မ်က္ႏွာမွာလည္း ယခုအခါ အလြန္ေရာင္ကိုင္းေနခဲ့ၿပီျဖစ္သည္။

ထိုအမဲေရာင္ဝတ္လူ၏ ကိုင္ေပါက္ျခင္း၊ လက္သီးျဖင့္ထိုးျခင္း၊ ကန္ေၾကာက္ျခင္း ၊႐ိုက္ႏွက္ျခင္းမ်ားကို ရွင္းအေတာ္အတန္ၾကာေအာင္ ႀကိတ္မွိတ္ခံခဲ့သည့္အၿပီးတြင္ ၎၏ရႈပ္ေထြးေပြလီလွေသာ တိုက္ခိုက္မႈကို အသားက်လာခဲ့ၿပီး လြယ္လင့္တကူေရွာင္တိမ္းလာႏိုင္ခဲ့ေလသည္။ ထိုသူမွာေတာ့ ေသခ်ာေပါက္ အံ့ဩသြားခဲ့ၿပီး ရွင္းအား စကားတစ္ခုျဖင့္ တီးတိုးေရ႐ြတ္လိုက္သည္။

" သင္ယူတတ္ေျမာက္လြယ္တယ္ "

ထိုသူဟာအဆက္မျပတ္ တိုက္ခိုက္ေနဆဲပင္။

" ငါႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္လာတဲ့ တိုက္ကြက္ေတြကို သူကနာရီပိုင္းအတြင္း ေရွာင္တိမ္းႏိုင္တယ္။ စိတ္ဝင္စားစရာပဲ.... စိတ္ဝင္စားဖို႔ေကာင္းတယ္ "

ေလကိုခြင္း၍ေဖာက္ထြင္းလာေသာ ကန္ခ်က္အား ရွင္း ေပါ့ပါးစြာ ေရွာင္တိမ္းလိုက္ၿပီး ထိုသူ၏ေျခေထာက္အား လွမ္းဖမ္းကာ အားကုန္သုံး၍ ႐ိုက္ခ်ိဳးလိုက္သည္။ အ႐ိုးက်ိဳးသံက ဆူညံစြာ ထြက္ေပၚလာခဲ့ၿပီး ထိုသူသည္အလြန္အမင္း စိတ္တိုသြားပုံရေလသည္ ။ ေလေျပရွင္းအား အေသရရ၊ အရွင္ရရ အမဲျဖတ္ရန္ ပို၍ျမန္ေသာအရွိန္ျဖင့္ ဝင္ေရာက္လာခဲ့သည္။ ထိုသူမသိလိုက္သည္မွာ ရွင္း၏ နာရီအေတာ္ၾကာ အ႐ိုက္ႏွက္ခံေနျခင္းမွာ အလကားသက္သက္မဟုတ္ေပ။ မရင္းႏွီးေသာ လႈပ္ရွားမႈမ်ားကို အသားအနာခံ၍ ေလ့လာေနခဲ့ျခင္းျဖစ္ၿပီး တစ္ခ်က္ထဲႏွင့္ အလဲထိုးေနႏိုင္မည့္ အားနည္းခ်က္ကို ရွာေဖြေနခဲ့ျခင္းျဖစ္ေလသည္။

တန္ျပန္လာေသာ ရွင္း၏တိုက္ခိုက္မႈမ်ားတြင္ တစ္ဖက္လူဟာ အေျခအေနမဟန္ဘဲ ဟန္ခ်က္ပ်က္လာခဲ့သည္။ သူ၏လႈပ္ရွားမႈမ်ားက ရွင္း အေပၚသက္ေရာက္မႈအလ်င္းမရွိဘဲ တစ္စထက္တစ္စ အသုံးမဝင္ျဖစ္လာသည္။ ထို႔ျပင္ပိုဆိုးသည္မွာ ေျခေထာက္တစ္ဖက္ကလည္း လႈပ္ရွားလိုက္တိုင္း အသည္းခိုက္မတတ္ နာက်င္ေနေသာဒဏ္ျဖစ္သည္။ ခဏခ်င္းမွာပင္ ထိုအမဲေရာင္ႏွင့္လူသည္လည္း အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ အ႐ိုက္ခံထားရကာ ပင္ပန္းႏြမ္းလ်ေနၿပီျဖစ္သည္။

" မင္း ဘယ္လိုလုပ္ၿပီး ဒီေလာက္ျမန္ျမန္ေရွာင္တိမ္းႏိုင္တာလဲ "

" ဒါေတြအားလုံး ငါမင္းဆီကသင္ထားတာပဲေလ။ ငါမေျပာခဲ့ဖူးလား ဒီေန႔ ဒီမွာရွိတဲ့လူအားလုံးကို မသတ္ပစ္ႏိုင္မခ်င္း ငါစိတ္ေျဖာင့္ေျဖာင့္နဲ႔ အိမ္ျပန္ႏိုင္မွာမဟုတ္ဘူး။ "

ေလေျပရွင္း ယိုင္နဲ႔ကာယိမ္းထိုးေနေသာ ေျခလွမ္းမ်ားျဖင့္ ၾကမ္းျပင္ေပၚလဲက်ေနေသာ လူဆီသြားကာ အိတ္ကပ္ထဲက sera diamondမ်ားကို ဆြဲယူလိုက္သည္။ ထိုသူသည္လည္း ေသေလာက္ေအာင္အ႐ိုက္ခံထားရသည့္အတြက္ ရွင္း၏အျပဳအမူမ်ားကို ျပန္မတုန႔္ျပန္ႏိုင္ေတာ့ေပ။ ေထာင့္တစ္ေနရာသို႔ ေရာက္သြားေသာ ေသနတ္ကိုလေရာင္၏အကူအညီျဖင့္ စိတ္ၿငိမ္ၿငိမ္ထားလိုက္သည့္အခါတြင္ ေတြ႕လိုက္ရသည္။

ထိုေသနတ္ကို သြားယူလိုက္ကာ အေမွာင္ထုၾကားထဲတြင္ ရွင္းတစ္ေယာက္ အျမင္သစ္တစ္ခုရသြားၿပီျဖစ္သည္။ ျမင္ေနရတိုင္းလည္း အျမင္အစစ္မျဖစ္ႏိုင္ေပ။ ေလေျပရွင္းမွာ တစ္ေယာက္ေယာက္အား ရင္ဖြင့္ေနဟန္ျဖင့္ သိမ္ေမြ႕စြာ စကားေျပာေနခဲ့ကာ ေနာက္ဆုံးတြင္ ေဒါသအျပည့္ျဖင့္ ၾကမ္းတမ္းသြားခဲ့ျပန္သည္။

" ငါတို႔ေတြက တစ္ခါတစ္ရံမွာ မွားယြင္းေနတတ္တယ္။ မ်က္လုံးနဲ႔ ျမင္ေနရတိုင္း တစ္ကယ္ျမင္ေနရတာမဟုတ္ဘူး။ ဘယ္အရာကိုမွ မျမင္ရတိုင္းလည္း အေမွာင္ဖုံးေနတာမဟုတ္ဘူး...... လူတစ္ေယာက္ကို အေပၚယံၾကည့္ၿပီး မဆုံးျဖတ္လိုက္နဲ႔။ "

သက္ျပင္းခ်ကာ ဆက္ေျပာလာခဲ့ေလသည္။

" မင္းကိုသတ္ဖို႔က်ည္တစ္ေတာင့္ပဲလိုတယ္.....သြားေသလိုက္ေတာ့ "

" ဒိုင္း..... "

ေသြးမ်ားက ေနရာအႏွံ႔ျပန႔္က်ဲသြားခဲ့ၿပီး နာက်င္မႈအသံထုတ္လႊင့္ဖို႔ေတာင္ ထိုသူဟာအားအင္ကုန္ဆုံးေနေလခဲ့သည္။ ၾကမ္းျပင္ေပၚအ႐ုပ္ႀကိဳးျပတ္သလို လဲက်သြားခဲ့ကာ ေသြးမ်ားကပါးစပ္ထဲမွ ထိန္းမရစြာ တရစပ္ထြက္လာခဲ့သည္။ ဝမ္းဗိုက္က ေသနတ္ဒဏ္ရာသည္လည္း ထိုနည္းတူေပ။ အခ်ိန္မီေဆး႐ုံမတင္ႏိုင္ပါလွ်င္ ထိုသူဟာစကၠန႔္ပိုင္းအတြင္း ေသဆုံးသြားႏိုင္ၿပီျဖစ္သည္။ လက္ထဲ၌ ကိုင္ေဆာင္ထားေသာ ေသနတ္မွာလည္း သခင္ျဖစ္သူႏွင့္အတူ ၾကမ္းျပင္ေပၚလဲေလ်ာင္းေနၿပီျဖစ္ေလသည္။

ေလေျပရွင္းပင္ျဖစ္ေလသည္။ ၾကမ္းျပင္ရွိ အဆုံးမရွိေသာ ေသြးအိုင္ထဲတြင္ လဲေလ်ာင္းေနသူမွာ ေလေျပရွင္းပင္ျဖစ္သည္။

ေသနတ္ကိုေမာင္းတင္၍ ေရွ႕ကလူကိုပစ္ရန္႐ြယ္လိုက္ခ်ိန္မွာတင္ ရွင္း အေနာက္ဘက္မွလူတစ္ေယာက္က အေမွာင္ထဲမွေန၍ ရွင္းထက္ဦးစြာ ပစ္လိုက္ျခင္းျဖစ္သည္။ ထိုသူကိုေက်ာေပးထားခဲ့သည့္အတြက္ ေလေျပရွင္းမွာ မ်က္ႏွာအား မေတြ႕လိုက္ရပါေခ်။ မ်က္ႏွာမူထားမည္ဆိုလွ်င္လည္း သူဟာေတြ႕ႏိုင္ခဲ့မည္မဟုတ္ေခ်။ အေၾကာင္းမွာ စံအိမ္ကအလြန္တရာ ေမွာင္မိုက္ေနခဲ့ေသာေၾကာင့္ျဖစ္သည္။ က်ည္ဆံသည္ ေလေျပရွင္း၏ အေသြးအသားမ်ားကို ေဖာက္ထြင္း၍ လက္ဖ်ံ႐ိုးၾကားတြင္ နက္နက္ရႈိင္းရႈိင္း ေနရာယူေနခဲ့သည္။ ေသြးစိမ္းရွင္ရွင္စီးက်ေနသည္မွာ ျမင္မေကာင္းေလာက္ေအာင္ ၾကည့္ရစိုးအက်ည္းတန္ေစေလသည္။

ရွင္း၏ပစ္သတ္ျခင္းခံရရန္ အနည္းငယ္သာလိုေတာ့ေသာသူသည္ အသက္ကိုဝေအာင္ရႈသြင္းလိုက္ၿပီး ေလေျပရွင္းအား ‌အကဲျဖတ္ၾကည့္ရႈလ်က္ အလုပ္ရႈပ္ေနခဲ့သည္။

" သူေသသြားၿပီလား "

သတိမရတစ္ခ်က္ ရတစ္ခ်က္ျဖစ္ေနေသာအေျခအေနၾကားတြင္ ထိုလူႏွစ္ေယာက္ထြက္ခြာသြားသည့္ ေျခလွမ္းသံသဲ့သဲ့ကို ၾကားေနရသည္။ ေျပာဆိုခဲ့ေသာ စကားမ်ားကိုေတာ့ အာ႐ုံစိုက္မရသည့္အတြက္ မၾကားႏိုင္ခဲ့ေပ။ အရာအားလုံးလက္လႊတ္လိုက္ခ်င္ေသာ္လည္း သံသယစိတ္ေလးတစ္ခုက ဖမ္းဆြဲထားေနခဲ့သည္။

" ခုခ်ိန္ေလာက္ဆိုရင္ေရာ ကိုးလ္ထမင္းစားၿပီးေလာက္ၿပီလား "

ခန႔္မွန္းေျခအားျဖင့္ ည 2နာရီေလာက္ေတာ့ ရွိေပေလာက္မည္။ ကိုးလ္ ထမင္းစားၿပီးေလာက္ပါၿပီမလား  သူ႔ကိုေစာင့္မေနဘဲနဲ႔ေလ။ ထိုသို႔သာတစ္ကယ္ျဖစ္ခဲ့လွ်င္ ရွင္း ေနာက္ဆန္တင္းေနမည္မဟုတ္ေခ်။ အကယ္၍ ထိုေကာင္ေလးမွာ သူ႔စကားကိုနားမေထာင္ဘဲ ေခါင္းမာမာျဖင့္ ထိုင္ေစာင့္ေနခဲ့လွ်င္ ခက္ရပါေခ်သည္။ ထို႔ေၾကာင့္ ကိုးလ္ဆီအားသူေရာက္ေအာင္ သြားရေပလိမ့္မည္။စားပြဲဝိုင္းတြင္ ႏွစ္ေယာက္အတူထိုင္ၿပီး   မွိန္ေရယွက္ေရ စားေသာက္ရန္အတြက္ျဖစ္သည္။ ႀကိဳးစားအားတင္းလိုက္ၿပီးေနာက္ ျပင္းျပင္းထန္ထန္လႈပ္ရွား၍ မတ္တပ္ရပ္လိုက္ပါေသာ္လည္း အမွန္စင္စစ္တြင္ လက္ကေလးတစ္ေခ်ာင္းေတာင္ သူမလႈပ္ႏိုင္ေတာ့ေပ။ ကိုးလ္ မၾကားႏိုင္မွန္းသိေသာ္လည္း ေကာင္းကင္ေပၚတြင္ ထိန္သာေနေသာ လကို ေငးၾကည့္လ်က္ သူဟာတိုးဖြဖြ ေရ႐ြတ္ေနခဲ့သည္။

" မရဏတံခါးဆိုရင္ေတာင္ ကိုယ္ရေအာင္ျဖတ္ေက်ာ္ၿပီး ကိုးလ္ ဆီအ‌ေရာက္လာမွာပါ "

ထိုသို႔ေျပာအၿပီး ေလေျပရွင္း၏ မ်က္ဝန္းတို႔မွာ လုံးဝမွိတ္က်သြားေလသည္။

" အလင္းေရာင္ကို အေမွာင္ဖုံးလည္း ရွင္းကို ကြၽန္ေတာ္ေစာင့္ေနဦးမွာပါ "

ေကာင္းကင္အားေမာ့ၾကည့္ေနရင္းမွ  ေစာင့္ေမွ်ာ္ေနေသာ သူအားမေတြ႕ရေသးသည့္အခါ အၾကည့္လႊဲလ်က္ ဥပေကၡာျပဳလိုက္ၿပီး နာရီရွိရာဘက္အား မ်က္ႏွာမူမိသည္။ 2နာရီ10 မိနစ္ရွိေနၿပီျဖစ္သည္။ ဒီအခ်ိန္ေလာက္ဆိုလွ်င္ ရွင္းျပန္လာမည္ မဟုတ္ေတာ့မွန္း သိေသာ္လည္း ေခါင္းမာသည့္အသိစိတ္က တင္းခံေနတုန္းပင္။ ေနာက္ေန႔မနက္ ေနမထြက္ခင္အထိ ရွင္းကို ဆက္ေစာင့္ေနဦးမည္ဟု အခိုင္အမာ ဆုံးျဖတ္ထားပုံရသည္။

အေျခအေနအလုံးစုံသည္သာမက ရာသီဥတုသည္လည္း သူတို႔ႏွစ္ဦးဘက္တြင္မရွိေပ။ အခ်ိန္အခါမဟုတ္ေသာ္လည္း ေဖာက္လြဲေဖာက္ျပန္ရာသီဥတုေၾကာင့္ ပတ္ဝန္းက်င္မွာ စိုထိုင္းစျပဳလာသည္။ ႐ြက္ထိပ္ငယ္မ်ားတြင္ ေရစက္ေလးမ်ားတြဲလြဲခိုလာၿပီး ေျခာက္ေသြ႕ေနေသာ ေျမျပင္အားသိပ္သည္း စိုစြတ္ေအာင္သဘာဝတရားက ဖန္တီးေနခဲ့သည္။ အခ်ိန္ခဏအတြင္းမွာပင္ မိုးဖြဲေလးမွအသြင္ကူးေျပာင္း၍ အရွိန္းျပင္ျပင္း႐ြာခ်လာေတာ့သည္။ အိမ္အမိုးျဖစ္ေသာ သြပ္ေပၚေႂကြက်ေနသာ မိုးစက္မ်ားမွာ အားျပင္းလြန္းေသာေၾကာင့္ အသံမ်ား ဆူညံပြက္ေလာ႐ိုက္လ်က္ တိတ္ဆိတ္ေသာညအခ်ိန္ကို ၿပိဳင္ဘက္ကင္းၿဖိဳခြင္းေနခဲ့သည္။ တစ္ခ်က္တစ္ခ်က္ က်ယ္ေလာင္ေသာ မိုးၿခိမ္းသံေၾကာင့္ ကိုးလ္၏ကိုယ္ခႏၶာမွာ တုန္တက္သြားတတ္ၿပီး  ပတ္ဝန္းက်င္ကို ေရာင္ျပန္ဟပ္ေသာ လွ်ပ္စီးလက္မႈမ်ားေၾကာင္း အက်ႌအစြန္းတစ္စအားအား လက္ျဖင့္တင္းၾကပ္စြာ ဆုပ္ကိုင္ထားရင္း သန္မာခ်င္ေယာင္ေဆာင္ေနခဲ့သည္။ ျပတ္ေတာက္သြားေသာ လွ်ပ္စစ္ဓာတ္အားႏွင့္အတူ မိုးၿပိဳမတတ္႐ြာခ်ေနေသာေၾကာင့္ ကိုးလ္တစ္ေယာက္အိမ္ထဲတြင္ တစ္ကိုယ္တည္းထိုင္ေနခဲ့ရင္း ေၾကာက္စိတ္မ်ားခိုေအာင္းလာခဲ့သည္။ ခႏၶာကိုယ္မွာ တစ္သိမ့္သိမ့္တုန္ယင္ေနခဲ့ၿပီး အသက္ရႈဖို႔ရန္ေတာင္ ေၾကာက္လန႔္သည္အထိ ဖိအားေပးခံထားရေလသည္။

နာရီလက္တံမွာ 3 နာရီခြဲရန္အနည္းငယ္သာ လိုေတာ့သည့္အခါတြင္ ကိုးလ္၏အိမ္တံခါးမွာ လူတစ္ေယာက္၏အလ်င္လိုစြာ ထု႐ိုက္ျခင္းခံေနရသည့္အတြက္ တဘုန္းဘုန္းအသံမ်ား တရစပ္ထြက္လာခဲ့သည္။ က်ယ္ေလာင္ေသာမိုးသံမ်ားကို ေဖာက္ထြင္း၍ထြက္လာေသာ တံခါးေခါက္သံကို ကိုးလ္သြားမဖြင့္ရဲေပ။ ညႀကီးအခ်ိန္မေတာ္ျဖစ္ေနသည့္အတြက္ အျပင္ရွိလူသည္ လူေကာင္းျဖစ္ဖို႔ရာ ရာခိုင္ႏႈန္းအေတာ္နည္းေပသည္ဟု ေတြ႕ထားလ်က္ ထိုအသံအားတတ္ႏိုင္သေလာက္ လ်စ္လ်ဴရႈခဲ့သည္။ တံခါးေခါက္သံမွာ အဆက္မျပတ္ထြက္ေနခဲ့ၿပီး ႐ုတ္ျခင္းရပ္တန႔္သြားခဲ့ျပန္သည္။ အသံမၾကားရေတာ့သည့္အခါတြင္ ကိုးလ္တစ္ေယာက္ ထိုလူလွည့္ျပန္သြားၿပီဟုေတြးလ်က္ တံခါးနားခ်ဥ္းကပ္သြားကာ စူးဆန္းလိုစိတ္ကိုလည္း ထိန္းမရႏိုင္ခဲ့ေပ။

" ကြၽီ......"

တံခါးပြင့္ဟသြားၿပီး အေရွ႕မွာရပ္ေနေသာသူသည္ ေလေျပရွင္းပင္ျဖစ္သည္။ ရွင္း၏ မူမမွန္ေသာအသြင္အျပင္ကို အေသးစိတ္သုံးသပ္ရန္ ေဝဝါးေနခဲ့ၿပီး သုံးနာရီခြဲအခ်ိန္ႀကီးမွာ ရွင္းကဘာကိစၥေၾကာင့္မ်ား ကိုးလ္ အိမ္တံခါးေရွ႕ကိုေရာက္ေနလည္း စဥ္းစားမရပါေခ်။ ေမွ်ာ္လင့္ေနသည့္အတိုင္း ထမင္းလက္ဆုံစားရန္ ျပန္လာျခင္းျဖစ္ပါလွ်င္ အတိုင္းအသိေပ်ာ္႐ႊင္ရမည္ ျဖစ္ပါသည္။ သို႔ေသာ္ ကိုးလ္ဟာ သူေခါင္းမာမာျဖင့္ ေစာင့္ေနခဲ့သည္မွန္ေသာ္လည္း မနက္သုံးနာရီခြဲအခ်ိန္ႀကီးထိ ေလေျပရွင္းျပန္လာလိမ့္မည္ဟု မထင္မွတ္ထားေပ။ ေပးထားေသာကတိအေပါင္းမွာ ပ်က္စီးသြားၿပီျဖစ္ၿပီး ရွင္းက သူ႔ထံအားေပးခဲ့ေသာကတိအား ေမ့ေပ်ာက္သြားသည္ဟု သံသယ‌ဝင္ခဲ့ဖူးေသးသည္။

" ရွင္း ! "

" ဘုန္း..... "

ကိုးလ္၏ အံ့ဩေနေသာ ေခၚသံမွပင္ မွင္သက္ေနေသာ အာေမဍိတ္သံသို႔ ကူးေျပာင္းသြားခဲ့ေလသည္အထိ ေလေျပရွင္းမွာ ကိုးလ္အေပၚပစ္လဲက်လာၿပီး အရွိန္မထိန္းႏိုင္သည့္အတြက္ ႏွစ္ေယာက္လုံးၾကမ္းျပင္ေပၚ လဲက်သြားခဲ့သည္။ ေလးပင္ေနေသာ ရွင္းခႏၶာကိုယ္အား ထိေတြ႕လိုက္ခ်ိန္တြင္ စိုစြတ္ေနေသာခံစားခ်က္မ်ားမွာ မိုးမိလာျခင္းေၾကာင့္ျဖစ္မည္ဟု ေကာက္ခ်က္ခ်လ်က္ အလြန္တရာေအးစက္ေနေသာ အေရျပားမ်ားအတြက္ေတာ့ ေျဖသိမ့္စရာ စကာလုံးရွာမေတြ႕ခဲ့ေပ။

" ရွင္း...... ရွင္း....ေနမေကာင္းဘူးလား နည္းနည္းေလာက္ဖယ္ပါဦး "

အေမွာင္အတိဖုံးေနေသာ အခ်ိန္ျဖစ္သည့္အျပင္ မီးပ်က္ေနေသာေနအိမ္ေၾကင့္ ေလေျပရွင္း၏ ဒဏ္ရာမ်ားႏွင့္ ေသြးဗလပြစြန္းထင္ေနေသာ အက်ႌတို႔ကို ကိုးလ္ မေတြ႕ႏိုင္ခဲ့ေပ။ ဆက္တိုက္ေခၚဆို လႈပ္ႏႈိးေနေသာ္လည္း အေပၚဘက္ကလူသည္ လႈပ္ရွားလာျခင္း စိုးစဥ္းမွမရွိေပ။ အားကုန္သုံးကာ ႐ုန္းထြက္လိုက္ၿပီး ေလေျပရွင္းအား ဆက္လက္လႈပ္ႏႈိးေနလိုက္သည္။ ကိုးလ္မွာ တစ္ျဖည္းျဖည္း ထိတ္လန႔္လာခဲ့ၿပီး လက္ေခ်ာင္းမ်ား၌ စိုစြတ္ေနေသာအရည္မ်ားမွာ မိုးေရမ်ားမဟုတ္ဘဲ ပ်စ္ခြၽဲခြၽဲအရည္မ်ားသာျဖစ္ေၾကာင္း သတိထားမိလာခဲ့သည္။ လွ်ပ္စီးလက္သည့္အခိုက္တြင္ အျမင္အာ႐ုံအလုံးစုံမွာ စကၠန႔္ပိုင္းမွ်ရွင္းလင္းသြားခဲ့ၿပီး အရာရာတိုင္းကို သဲသဲကြဲကြဲျမင္လိုက္ရသည္။ ထို႔ေနာက္ကပ္လ်က္ပါလာေသာ မိုးၿခိမ္းသံမွာ ကိုးလ္၏စိတ္အေျခအေနအား မိုးႀကိဳးပစ္ခ်လိုက္အလား ။

" ဂ်ိမ္း "

သူ႔ေပါင္ေပၚတြင္ တင္ထားေသာလူမွာ တစ္ကိုယ္လုံးေသြးတို႔ျဖင့္ ခ်င္းခ်င္းနီေနခဲ့ၿပီး ၾကည့္ရက္စရာမေကာင္းေလာက္ေအာင္ ပုံပ်က္ပန္းပ်က္ျဖစ္ေနခဲ့သည္။ ထို႔‌ျပင္ ေလေျပရွင္းအား လႈပ္ႏႈိးခဲ့ေသာသူ႔လက္မွာလည္း သားသတ္သမား၏ လက္မ်ားကဲ့သို႔ ေသြးမ်ားစြန္းထင္ေနခဲ့ေလသည္။ တုန္ယင္ေနသည္မွာ  ခႏၶာကိုယ္အစိတ္အပိုင္းမ်ားသာမက အသံဆီသို႔ပါ ကူးစက္လာခဲ့ေလေတာ့သည္။

" ရွင္း.....ကြၽန္ေတာ့္ကို မလွန႔္ပါနဲ႔ "

မ်က္ရည္မ်ားမွာ ကိုးလ္၏ပါးျပင္ထက္ အရွိန္မွန္မွန္စီးက်လာၾကသည္။

" ရွင္း.... ကြၽန္ေတာ္ေခၚေနတာ ၾကားရဲ႕လား အရင္လိုကြၽန္ေတာ့္ကို ေနာက္ေနတာပဲမလား "

တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနေသာ္လည္း မတည္ၿငိမ္ႏိုင္ေပ။ ႏိုးထမလာႏိုင္မွန္းသိေနရင္းမွ ထိုသူ႔နာမည္ကိုေခၚကာ ထပ္ကာထပ္ကာလႈပ္ႏႈိးေနမိသည္။ ႐ြာသြန္းေနေသာ မိုးမ်ားမွာလည္း မရပ္တန႔္သြားေသးေခ်။ ထို႔အစားပိုမိုအားေကာင္း သည္းထန္လ်က္သာရွိသည္။ ဘာလုပ္လို႔ဘာကိုင္ရမလဲ ျဖစ္ေနသည့္အခါတြင္ ပတ္ဝန္းက်င္အားဦးစြာ အကူအညီလွမ္းေတာင္းမိေလသည္။

" ကယ္ပါ....ကယ္ၾကပါ ......ေတာင္းပန္ပါတယ္ "

ကိုးလ္၏မ်က္ရည္မ်ားမွာ မိုးစက္မ်ားႏွင့္အၿပိဳင္႐ြာသြန္းေနခဲ့သည္။ ကံဆိုးစြာပင္ မိုးၿခိမ္းသံလႊမ္းမိုးျခင္းကို ခံထားရေသာေၾကာင္း ကိုးလ္ အကူအညီေတာင္းေနမႈကို ဘယ္သူမွမၾကားႏိုင္ခဲ့ေပ။

" ရွင္း......ရွင္း...... ေက်းဇူးျပဳၿပီးထပါဦး....ကြၽန္ေတာ္ေခၚေနတာၾကားရဲ႕လား "၀

ဒဏ္ရာထဲမွစိမ့္ထြက္လာေသာ ေသြးတို႔ကိုလက္ျဖင့္ဖိထားလိုက္ၿပီး ကိုးလ္တစ္ေယာက္ အ႐ူးမီးဝိုင္းျဖစ္ေနခဲ့သည္။

" အာ.....ဘယ္လိုလုပ္ရမလဲ ဒါေတြကလုံးဝ ရပ္မသြားဘူး   ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ ....."

တစ္ဖန္ထပ္မံကာ အကူအညီေတာင္းမိျပန္ပါသည္။ အသံေတြျပာလာသည့္အထိ ေအာ္ဟစ္ကာအကူအညီေတာင္းေနခဲ့မိသည္။ ဘယ္သူမွမလာမွန္းသိေသာ္လည္း ေမွ်ာ္လင့္ေနခဲ့မိသည္။ ဘယ္သူမွမၾကားမွန္း သိေသာ္လည္း ငိုယိုေနခဲ့မိသည္။

" တစ္ေယာက္ေယာက္မ်ား မရွိၾကဘူးလား။ ရွင္းကို ကယ္ေပးၾကပါ ေတာင္းဆိုပါတယ္ "

မိုးနတ္မင္းကေတာင္ မ်က္ကြယ္ျပဳထားဟန္တူပါသည္။ ကံၾကမၼာသည္ ဘယ္ေသာအခါမွ သူ႔ဘက္တြင္ရပ္တည္မေနခဲ့ေပ။ ဒီလိုအေျခအေနမ်ိဳးႏွင့္ ႀကံေတြ႕ျခင္းမရွိခဲ့သည့္အတြက္ ကိုးလ္မွာ ဘာလုပ္လို႔ ဘာကိုင္ရမလဲမသိေတာ့ေပ။ ရွင္း၏ ေပက်ံေနေသာ ေသြးမ်ားကို ဖယ္ရွားေပးေန႐ုံမွအပ ၊ငိုၿပီးအကူအညီေတာင္းေန႐ုံမွအပ ပူထူေနေသာသူ႔ဦးေႏွာက္က ဘာမွစဥ္းစားမရႏိုင္ေတာ့ေခ်။ ေလေျပရွင္းအား တင္းၾကပ္စြာဖက္တြယ္ထားရင္း ပထမဦးဆုံးရဖူး‌ခဲ့ေသာ သူငယ္ခ်င္းအား ထာဝရဆုံးရႈံးသြားရမွာ ေသမတတ္ေၾကာက္ေနမိသည္။ အသည္းခိုက္လုမတတ္ ငိုေႂကြးေနရင္း ရွင္းနာမည္ကိုသာ အဆက္မျပတ္႐ြတ္ေနကာ တစ္ေလာကလုံးအား မ်က္ကြယ္ျပဳ၍ အရာအားလုံးကိုလ်စ္လ်ဴရႈထားခဲ့သည္။

ကံၾကမၼာက မ်က္ႏွာသာမေပးပါလွ်င္ သူသည္လည္း ကံၾကမၼာအား , အားကိုးေနမည္မဟုတ္ေတာ့ေပ။

" ရွင္း ....ကြၽန္ေတာ္နဲ႔ ထမင္းတူတူစားမယ္လို႔ ကတိေပးထားတယ္မလား....ခုမွေမ့ခ်င္ေယာင္မေဆာင္ေနနဲ႔ေလ ရွင္းေျပာသမွ် ကြၽန္ေတာ္အားလုံးမွတ္ထားတယ္။ "

တုန္ယင္ေနေသာအသံသည္ အစိတ္စိတ္ကြဲေၾကေနခဲ့ရင္း ေျဖမဆယ္ႏိုင္ေအာင္ အက္ကြဲေနခဲ့သည္။

" ကြၽန္ေတာ္ေျပာတာ ၾကားရဲ႕လား .....ကြၽန္ေတာ့္ကို ကတိေပးထားတာ မွတ္မိေသးရဲ႕လား "

Continue Reading

You'll Also Like

78.4K 3.1K 17
မင်းဆက်ပိုင်-ငါ့ရဲ့နှလုံးသားကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်းမြင်အောင်ကြည့်ပေးပါလား မိုး​သောက်​ယံ-ကျွန်တော် အကို့ကို အသက်ထက် ပိုချစ်တယ် ခေတ်သစ်သွေး-နှလုံ...
174K 12.6K 53
အေးချမ်းရာကို ဖန်တီးပေးသည်မို့ မင်းဟာ ကိုယ့်ရဲ့ အေးမြရိပ်မြုံကလေး...။ ကိုယ့်နှလုံးသားရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်ကာကလေး....။ ေအးခ်မ္းရာကို ဖန္တီးေပးသ...
35.5K 1.8K 42
ရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထား...
822K 69.6K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi