ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

Von devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... Mehr

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.7.4

3.2K 551 77
Von devil61002

ခေရာ့စ္က ယာဉ္ပ်ံေပၚသို႔ တက္လိုက္သၫ့္အခ်ိန္တြင္ ေဘးမွလူမ်ား ရွဲသြားၾကသည္ ။ သူ႔ေဘးနားသို႔ ကပ္လာသူမ်ားမွာ စိတ္အားထက္သန္ေနၾကသၫ့္ အဖြဲ႔သားမ်ားသာ ရိွသည္ ။ ကမ႓ာေျမသို႔ ျပန္သၫ့္လမ္းတစ္ေလ်ွာက္တြင္ ၿဂိဳလ္တခ်ိဳ႕ကို ျဖတ္သန္းသြားခဲ့ရသည္ ။ ျမင္ကြင္းမ်ားသည္  သူနဲ႔ စိမ္းသက္ေနျခင္း မရိွခဲ့ေပ ။ ရုတ္တရက္ တစ္ခါမွမခံစားဖူးသၫ့္ အမိေျမကို လြမ္းသည္ဆိုသၫ့္ ခံစားကိုပင္ ရရိွ‌လိုက္ေသးသည္။

ကိုင္းရာ အဖြဲ႔အစည္းသို႔ ေရာက္ေရာက္ခ်င္း သူသည္ စစ္ေဆးေရးအခန္းထဲသို႔ ပို႔ခံလိုက္ရသည္ ။ ခေရာ့စ္သည္ သာမန္ထူးမျခားနား အမႈအရာျဖင့္သာ ဂ်င္းထၫ့္ရန္ ျပင္ထားသၫ့္ စကားလံုးမ်ားကို ေျပာျပလိုက္ေတာ့သည္ ။ အမွားတစ္ဝက္ အမွန္တစ္ဝက္ပါသၫ့္ စကားသည္ လူမ်ားကို အယံုသြင္းရန္ အေကာင္းဆံုး စကားမ်ား ျဖစ္သည္ ။

ခေရာ့စ္သည္ သာမန္မိသားစုမွ လာသၫ့္ သား‌တစ္ေယာက္သာ ျဖစ္သည္ ။ Alpha အျဖစ္ေမြးဖြားမႈက သူ႔အတြက္ အႀကီးက်ယ္ဆံုးဟု ဆိုႏိုင္ေလသည္ ။

" ဗိုလ္ခေရာ့စ္ ! မင္းရဲ့ ေနရာ ကို ေရာက္ပါၿပီ! " ခေရာ့စ္က ေခါင္းညိတ္ျပကာ ေက်းဇူးတင္လိုက္သည္ ။ သူသည္ သူရဲေကာင္းဘြဲ႔ ေပးအပ္ျခင္း မခံရေသာ္လည္း ရာထူးေတာ့ တိုးျမင့္ခံလိုက္ရေသးသည္ ။ အဆံုးတြင္ သူ လႈပ္ရွားခဲ့သၫ့္ အခ်ိန္သည္ အခက္ခဲဆံုးအခ်ိန္မဟုတ္ေနခဲ့ေပ ။ သူသာ အခက္ခဲဆံုးအခ်ိန္တြင္ ထိုလူမ်ားအား ကယ္တင္ခဲ့ပါက ရလဒ္သည္ ဒီထက္ပိုေကာင္းသြားေကာင္း ေကာင္းသြားႏိုင္သည္ ။ အသက္ဆံုးရႈံးခါနီးမွ အကယ္တင္ခံရျခင္းက ထိုသူမ်ား၏ စိတ္ကို ကိုင္လႈပ္ႏိုင္သည္မလား .. ။ သို႔ေသာ္ သူက ထိုအခ်ိန္မ်ားထိ မေစာင့္ႏိုင္ေပ ။ ဟီရုန္ ကို ေဘးဖယ္ထားလ်ွင္ေတာင္ သူ႔ခ်စ္သူကို ရွာေဖြရဦးမည္ျဖစ္သည္ ။

' အလွေလးက.. ငါ့ကို စိတ္ဆိုးၿပီး မလိုက္လာေတာ့ရင္ ဘယ္လိုလုပ္မလဲ .. ဒါဆို ငါက အသဲကြဲေတာ့မွာေပါ့.. Ah! ' ခေရာ့စ္က တိုက္ခန္းထဲတြင္ အိပ္ရာထက္ ေခါင္းစိုက္လ်က္ သက္ျပင္းခ်ေနသည္ ။ အသက္ရွင္ရတာ ပ်င္းစရာႀကီး ..

" Ah!!! အလွေလးမရိွရင္ ဘဝႀကီးက အဓိပၸာယ္မဲ့သြားေတာ့တာဘဲ ..."

***
သတၴုမ်ား ကာရံထားသၫ့္ အခန္းသည္ ေအးစက္ကာ မဲေမွာင္ေနသည္ ။ လ်ွပ္စစ္ခံုတြင္ လူတစ္ေယာက္ကို ခ်ဳပ္ေနွာင္ထားခဲ့သည္ ။

" အကုန္ျပန္ေရာက္ၿပီလား .. " ေအးစက္ၿပီး ဩဇာျပၫ့္ဝသၫ့္ အသံတစ္ခုက အခန္းထဲတြင္ ထြက္ေပၚလာသည္ ။

" ဟုတ္ကဲ့ .. အသက္ရွင္က်န္ရစ္သူ အားလံုးျပန္ေရာက္ပါၿပီ.. ေဆာက္လုပ္ေရးေတြ လုပ္ဖို႔ မာရွယ္က ၿဂိဳလ္ဆီကို သီးသန႔္အဖြဲ႔ လႊတ္လိုက္ပါၿပီ .. "

" သူ ့ကို သုေတသန အဖြဲ ့ဆီ လက္လြဲလိုက္ေတာ့ ..  " ဟု ဆိုကာ အနက္ေရာင္ပံုရိပ္သည္ အခန္းအျပင္သို႔ ထြက္သြားေတာ့သည္ ။ 

ေလ့က်င့္ေရး ကြင္းထဲတြင္ ခေရာ့စ္က သူ႔အဖြဲ႔သားမ်ားအား သူ႔ရဲ့ ကိုယ္ခံပညာကို သင္ၾကားေပးေနခဲ့သည္ ။ ကမ႓ာအစစ္တြင္ ဒီေနရာထက္ ကိုယ္ခႏၶာသန္စြမ္းမႈကို အားေပး‌သၫ့္အျပင္ ဒီထက္ ပိုတိုးတက္ျခင္းေၾကာင့္ သင္ၾကားရသည္မွာ အခက္အခဲ သိပ္မရိွေပ ။ သို႔ေသာ္ အဖြဲ႔သားမ်ားသည္ Beta မ်ား ျဖစ္ကာ တိုးတက္မႈႏႈန္းက ေနွးေကြးလွသည္ ။ အျခားသူမ်ားထက္ အလြန္သန္မာေနၿပီ ျဖစ္ေသာ္လည္း သူက အားမရေသးေပ ။

သည္အခ်ိန္တြင္ ခေရာ့စ္၏ ေက်ာျပင္က ေတာင့္တင္းသြားသည္ ။ သူ႔ထံသို႔ ဦးတည္ေနသၫ့္ ဖိအား တစ္ခုနဲ႔အတူ ေဒါသထြက္ေနသၫ့္ အေငြ့အသက္တစ္ခုကို ခံစားမိလိုက္‌သည္ ။ ေနာက္ၿပီး စိတ္စြမ္းအင္ ...

" သန္မာလိုက္တဲ့ ေဟာ္မုန္း စြမ္းအား !! ဘယ္သူလဲဟ " ေလ့က်င့္ကြင္းရိွ လူတိုင္း ဖိအားကို ခံစားလိုက္ရၿပီး ဖ်စ္ညစ္ေျပာလိုက္ရသည္။ ေလ့က်င့္ေရးကြင္းျပင္သို႔ တစ္လွမ္းခ်င္း လာေနသၫ့္ လူတစ္ေယာက္ကို ေတြ့လိုက္ၾကရသည္ ။ တစ္ကိုယ္လံုး အနက္ေရာင္ဝတ္ဆင္ထားၿပီး မ်က္ဝန္းမ်ားက စူးရွသၫ့္ အလင္းကို ထုတ္လႊတ္ေနသေယာင္ ။

အျခားတစ္ဖက္မွ ထြက္လာသၫ့္ ရိုင္ယန္သည္ ျပင္းထန္သၫ့္ ေဟာ္မုန္း စြမ္းအင္ေၾကာင့္ ခႏၶာကိုယ္တစ္ခုလံုး အားအင္ျပတ္လပ္သြားသည္ကို ခံစားမိလိုက္ၿပီး ခ်က္ခ်င္း အေနာက္သို႔ ဆုတ္လိုက္ရသည္ ။ သူက Omgea အျဖစ္ ကူးေျပာင္းၿပီးေနာက္ ေဟာ္မုန္း ခံႏိုင္သၫ့္ ေဆးမ်ား ထိုးထားသျဖင့္ သာမန္ Alpha တစ္ေယာက္က သူ႔အား သိပ္ၿပီး ဖိအား မေပးႏိုင္ေပ ။ သို႔ေသာ္ ဒီေဟာ္မုန္းသည္ သူအား ေဟာ္မုန္းေဆးမ်ားက အသံုးမဝင္ဆိုသၫ့္ ခံစားခ်က္ကို ေပးစြမ္းေနသည္ ။ ေဟာ္မုန္းရနံ႔သည္ သူ႔အား ဦးတည္မေနေသာ္လည္း သူ႔ထံသို႔ အႀကီးအက်ယ္ လႊမ္းမိုးေနသည္ႏွယ္ အသက္ရႈႏႈန္းမ်ား ျမန္လာခဲ့ျခင္းေၾကာင့္ သူက ‌အေဝးသို႔ ေျပးထြက္လာခဲ့ရသည္ ။ မဟုတ္လ်ွင္ သူက ထိုဖိအားေအာက္တြင္ heat ဝင္ႏိုင္ေခ်ပါ ရိွေနေသာေၾကာင့္ပင္ ။

လူတိုင္း တုန္လႈပ္ေနသၫ့္ အခ်ိန္မွာပင္ လူရိပ္တစ္ခုသည္ အနက္ေရာင္ ပံုရိပ္ထံသို႔ ေျပးဝင္သြားသည္ကို ထိတ့္လန႔္ဖြယ္ ေတြ့လိုက္ၾကရသည္ ။ သူတို႔၏ ေမးရိုးမ်ား ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားေစနိုင္သၫ့္ ျမင္ကြင္းတစ္ခုကို ျမင္လိုက္ၾကရသျဖင့္ လူတိုင္း အသက္ရႈပင္ ရပ္ေတာ့မလို ခံစားလိုက္ရသည္ ။ အထူးသျဖင့္ အဖြဲ႔ ကိုး မွ လူမ်ားျဖစ္သည္ ။ သူတို႔က ကိုယ္စီ တံေတြးတစ္ခ်က္ မ်ိဳခ်လိုက္ရသည္ ။

" ဒီတစ္ခါ... ငါတို႔‌ေတာ့သြားၿပီ .." ဘယ္သူေျပာလိုက္မွန္း မသိေသာ္လည္း အကုန္လံုး ေခါင္းညိတ္လိုက္မိသည္ ။ ခေရာ့စ္သည္ အရင္ကထက္ အဆမ်ားစြာ ထူးခြၽန္လာသည္ကို သူတို႔ အသိဆံုးပင္ ။ ၿပီးေနာက္ အရင္ကထက္ ျပႆနာပိုရွာ လာသည္ကိုလည္း သူတို႔ အသိဆံုးသာ .. ။

ၿဂိဳလ္ေပၚမွ ျပန္လာၿပီး ေနာက္ရက္မွာပင္ အားျဖၫ့္ဖို႔ အစာစားရန္လိုသည္ဆိုသၫ့္ အေၾကာင္းျပခ်က္ျဖင့္ သုေတသနအဖြဲ႔ အတြက္ စမ္းသပ္ရန္ ယူလာသၫ့္ မ်ိဳးကြဲသားရဲ တစ္မ်ိဳးအား ခ်က္စားလိုက္ေသးသည္ ။ သို႔ေသာ္ ထိုအရာသည္ အစသာ ရိွေသးသည္ ။

ခေရာ့စ္သည္ တစ္စံုတစ္ခုအား ရွာေဖြေနသၫ့္အလား စခန္းတစ္ခုလံုး ေနရာအႏွံ႔‌ပတ္သြားေနသည္ ။ အလြန္ဆံုးက ေခါင္းေဆာင္မ်ား၏ ေနရာပါ မက်န္သြားေနျခင္း ။ ထိုသူက ေခါင္းေဆာင္မ်ားကို အေသအခ်ာၾကၫ့္ၿပီး စိတ္ပ်က္လက္ပ်က္ ေခါင္းယမ္းတတ္ေသးသည္ ။ မသိလ်ွင္ ေခါင္းေဆာင္မ်ားက အလြန္စိတ္ပ်က္စရာေကာင္းသၫ့္ အရာမ်ား သဖြယ္ပင္ ။

လူသားမ်ိဳးႏြယ္အား အက်ိဳးျပဳမႈ အႀကီးႀကီးသာ မလုပ္ထားလ်ွင္ သူတို႔ေခါင္းေဆာင္သည္ ဆယ္ခါျပန္ေသဖို႔ လံုေလာက္ေနၿပီ ျဖစ္သည္ ။

ဘန္း!!

က်ယ္ေလာင္သၫ့္ တိုက္ခိုက္သံေၾကာင့္ အဖြဲ႔သားမ်ား အၾကၫ့္လြဲလိုက္သည္ ။ သူတို႔က ဒီလို ရလဒ္ထြက္ေပၚလာမည္ဟု ထင္ထားၿပီးသား ဆိုသၫ့္ မ်က္ႏွာေဘး ကိုယ္စီျဖင့္ ရိွေနၾကသည္ ။ ' အဲ့လူက အင္အားႀကီးတဲ့ Alpha တစ္ေယာက္မွန္း သိသာေနတာကို ‌ကိုယ့္ေကာင္မေလးလို သြားဖက္ၿပီး နမ္းတာ .. ဟိုက တစ္ခ်က္တည္း မရိုက္သတ္ပစ္တာ ကံေကာင္း ' ဆိုသၫ့္ စကားလံုးမ်ား ေပၚလြင္ေနသၫ့္ အၾကၫ့္မ်ားျဖင့္ လြင့္ထြက္သြားသၫ့္ ခေရာ့စ္အား ၾကၫ့္လိုက္ၾကသည္ ။

_________________
ကိုင္းရာ အဖြဲ႔မွ အရာရိွေခါင္းေဆာင္မ်ားအတြက္ သာသာ Devil မွ ဖေယာင္းတိုင္ ထြန္းေပးလိုက္ပါသည္ ..။🤣❤️

‌ခေရာ့စ္ေရ .. ‌ေတြ႕ေတြ့ခ်င္း ေျခေထာက္နဲ႔ ႀကိဳဆိုခံရတဲ့ seme ေနရာမွ နင္ေလး မွတ္တမ္းဝင္သြားၿပီ ..

အဲ့ေလာက္ မရိုၾကပါနဲ႔ .. ဗက္ ဟက္ဟက္ 🙂❤️

ေနာက္တစ္ပိုင္းဆိုလို႔ သာသာ ေခ်ာတယ္မလား.. 😃
_____________
Unicode

ခရော့စ်က ယာဉ်ပျံပေါ်သို့ တက်လိုက်သည့်အချိန်တွင် ဘေးမှလူများ ရှဲသွားကြသည် ။ သူ့ဘေးနားသို့ ကပ်လာသူများမှာ စိတ်အားထက်သန်နေကြသည့် အဖွဲ့သားများသာ ရှိသည် ။ ကမ်ဘာမြေသို့ ပြန်သည့်လမ်းတစ်လျှောက်တွင် ဂြိုလ်တချို့ကို ဖြတ်သန်းသွားခဲ့ရသည် ။ မြင်ကွင်းများသည်  သူနဲ့ စိမ်းသက်နေခြင်း မရှိခဲ့ပေ ။ ရုတ်တရက် တစ်ခါမှမခံစားဖူးသည့် အမိမြေကို လွမ်းသည်ဆိုသည့် ခံစားကိုပင် ရရှိ‌လိုက်သေးသည်။

ကိုင်းရာ အဖွဲ့အစည်းသို့ ရောက်ရောက်ချင်း သူသည် စစ်ဆေးရေးအခန်းထဲသို့ ပို့ခံလိုက်ရသည် ။ ခရော့စ်သည် သာမန်ထူးမခြားနား အမှုအရာဖြင့်သာ ဂျင်းထည့်ရန် ပြင်ထားသည့် စကားလုံးများကို ပြောပြလိုက်တော့သည် ။ အမှားတစ်ဝက် အမှန်တစ်ဝက်ပါသည့် စကားသည် လူများကို အယုံသွင်းရန် အကောင်းဆုံး စကားများ ဖြစ်သည် ။

ခရော့စ်သည် သာမန်မိသားစုမှ လာသည့် သား‌တစ်ယောက်သာ ဖြစ်သည် ။ Alpha အဖြစ်မွေးဖွားမှုက သူ့အတွက် အကြီးကျယ်ဆုံးဟု ဆိုနိုင်လေသည် ။

" ဗိုလ်ခရော့စ် ! မင်းရဲ့ နေရာ ကို ရောက်ပါပြီ! " ခရော့စ်က ခေါင်းညိတ်ပြကာ ကျေးဇူးတင်လိုက်သည် ။ သူသည် သူရဲကောင်းဘွဲ့ ပေးအပ်ခြင်း မခံရသော်လည်း ရာထူးတော့ တိုးမြင့်ခံလိုက်ရသေးသည် ။ အဆုံးတွင် သူ လှုပ်ရှားခဲ့သည့် အချိန်သည် အခက်ခဲဆုံးအချိန်မဟုတ်နေခဲ့ပေ ။ သူသာ အခက်ခဲဆုံးအချိန်တွင် ထိုလူများအား ကယ်တင်ခဲ့ပါက ရလဒ်သည် ဒီထက်ပိုကောင်းသွားကောင်း ကောင်းသွားနိုင်သည် ။ အသက်ဆုံးရှုံးခါနီးမှ အကယ်တင်ခံရခြင်းက ထိုသူများ၏ စိတ်ကို ကိုင်လှုပ်နိုင်သည်မလား .. ။ သို့သော် သူက ထိုအချိန်များထိ မစောင့်နိုင်ပေ ။ ဟီရုန် ကို ဘေးဖယ်ထားလျှင်တောင် သူ့ချစ်သူကို ရှာဖွေရဦးမည်ဖြစ်သည် ။

' အလှလေးက.. ငါ့ကို စိတ်ဆိုးပြီး မလိုက်လာတော့ရင် ဘယ်လိုလုပ်မလဲ .. ဒါဆို ငါက အသဲကွဲတော့မှာပေါ့.. Ah! ' ခရော့စ်က တိုက်ခန်းထဲတွင် အိပ်ရာထက် ခေါင်းစိုက်လျက် သက်ပြင်းချနေသည် ။ အသက်ရှင်ရတာ ပျင်းစရာကြီး ..

" Ah!!! အလှလေးမရှိရင် ဘဝကြီးက အဓိပ္ပာယ်မဲ့သွားတော့တာဘဲ ..."

***
သတၴုများ ကာရံထားသည့် အခန်းသည် အေးစက်ကာ မဲမှောင်နေသည် ။ လျှပ်စစ်ခုံတွင် လူတစ်ယောက်ကို ချုပ်နှောင်ထားခဲ့သည် ။

" အကုန်ပြန်ရောက်ပြီလား .. " အေးစက်ပြီး ဩဇာပြည့်ဝသည့် အသံတစ်ခုက အခန်းထဲတွင် ထွက်ပေါ်လာသည် ။

" ဟုတ်ကဲ့ .. အသက်ရှင်ကျန်ရစ်သူ အားလုံးပြန်ရောက်ပါပြီ.. ဆောက်လုပ်ရေးတွေ လုပ်ဖို့ မာရှယ်က ဂြိုလ်ဆီကို သီးသန့်အဖွဲ့ လွှတ်လိုက်ပါပြီ .. "

" သူ ့ကို သုတေသန အဖွဲ ့ဆီ လက်လွဲလိုက်တော့ ..  " ဟု ဆိုကာ အနက်ရောင်ပုံရိပ်သည် အခန်းအပြင်သို့ ထွက်သွားတော့သည် ။ 

လေ့ကျင့်ရေး ကွင်းထဲတွင် ခရော့စ်က သူ့အဖွဲ့သားများအား သူ့ရဲ့ ကိုယ်ခံပညာကို သင်ကြားပေးနေခဲ့သည် ။ ကမ်ဘာအစစ်တွင် ဒီနေရာထက် ကိုယ်ခန္ဓာသန်စွမ်းမှုကို အားပေး‌သည့်အပြင် ဒီထက် ပိုတိုးတက်ခြင်းကြောင့် သင်ကြားရသည်မှာ အခက်အခဲ သိပ်မရှိပေ ။ သို့သော် အဖွဲ့သားများသည် Beta များ ဖြစ်ကာ တိုးတက်မှုနှုန်းက နှေးကွေးလှသည် ။ အခြားသူများထက် အလွန်သန်မာနေပြီ ဖြစ်သော်လည်း သူက အားမရသေးပေ ။

သည်အချိန်တွင် ခရော့စ်၏ ကျောပြင်က တောင့်တင်းသွားသည် ။ သူ့ထံသို့ ဦးတည်နေသည့် ဖိအား တစ်ခုနဲ့အတူ ဒေါသထွက်နေသည့် အငွေ့အသက်တစ်ခုကို ခံစားမိလိုက်‌သည် ။ နောက်ပြီး စိတ်စွမ်းအင် ...

" သန်မာလိုက်တဲ့ ဟော်မုန်း စွမ်းအား !! ဘယ်သူလဲဟ " လေ့ကျင့်ကွင်းရှိ လူတိုင်း ဖိအားကို ခံစားလိုက်ရပြီး ဖျစ်ညစ်ပြောလိုက်ရသည်။ လေ့ကျင့်ရေးကွင်းပြင်သို့ တစ်လှမ်းချင်း လာနေသည့် လူတစ်ယောက်ကို တွေ့လိုက်ကြရသည် ။ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားပြီး မျက်ဝန်းများက စူးရှသည့် အလင်းကို ထုတ်လွှတ်နေသယောင် ။

အခြားတစ်ဖက်မှ ထွက်လာသည့် ရိုင်ယန်သည် ပြင်းထန်သည့် ဟော်မုန်း စွမ်းအင်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အားအင်ပြတ်လပ်သွားသည်ကို ခံစားမိလိုက်ပြီး ချက်ချင်း အနောက်သို့ ဆုတ်လိုက်ရသည် ။ သူက Omgea အဖြစ် ကူးပြောင်းပြီးနောက် ဟော်မုန်း ခံနိုင်သည့် ဆေးများ ထိုးထားသဖြင့် သာမန် Alpha တစ်ယောက်က သူ့အား သိပ်ပြီး ဖိအား မပေးနိုင်ပေ ။ သို့သော် ဒီဟော်မုန်းသည် သူအား ဟော်မုန်းဆေးများက အသုံးမဝင်ဆိုသည့် ခံစားချက်ကို ပေးစွမ်းနေသည် ။ ဟော်မုန်းရနံ့သည် သူ့အား ဦးတည်မနေသော်လည်း သူ့ထံသို့ အကြီးအကျယ် လွှမ်းမိုးနေသည်နှယ် အသက်ရှုနှုန်းများ မြန်လာခဲ့ခြင်းကြောင့် သူက ‌အဝေးသို့ ပြေးထွက်လာခဲ့ရသည် ။ မဟုတ်လျှင် သူက ထိုဖိအားအောက်တွင် heat ဝင်နိုင်ချေပါ ရှိနေသောကြောင့်ပင် ။

လူတိုင်း တုန်လှုပ်နေသည့် အချိန်မှာပင် လူရိပ်တစ်ခုသည် အနက်ရောင် ပုံရိပ်ထံသို့ ပြေးဝင်သွားသည်ကို ထိတ့်လန့်ဖွယ် တွေ့လိုက်ကြရသည် ။ သူတို့၏ မေးရိုးများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားစေနိုင်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသဖြင့် လူတိုင်း အသက်ရှုပင် ရပ်တော့မလို ခံစားလိုက်ရသည် ။ အထူးသဖြင့် အဖွဲ့ ကိုး မှ လူများဖြစ်သည် ။ သူတို့က ကိုယ်စီ တံတွေးတစ်ချက် မျိုချလိုက်ရသည် ။

" ဒီတစ်ခါ... ငါတို့‌တော့သွားပြီ .." ဘယ်သူပြောလိုက်မှန်း မသိသော်လည်း အကုန်လုံး ခေါင်းညိတ်လိုက်မိသည် ။ ခရော့စ်သည် အရင်ကထက် အဆများစွာ ထူးချွန်လာသည်ကို သူတို့ အသိဆုံးပင် ။ ပြီးနောက် အရင်ကထက် ပြဿနာပိုရှာ လာသည်ကိုလည်း သူတို့ အသိဆုံးသာ .. ။

ဂြိုလ်ပေါ်မှ ပြန်လာပြီး နောက်ရက်မှာပင် အားဖြည့်ဖို့ အစာစားရန်လိုသည်ဆိုသည့် အကြောင်းပြချက်ဖြင့် သုတေသနအဖွဲ့ အတွက် စမ်းသပ်ရန် ယူလာသည့် မျိုးကွဲသားရဲ တစ်မျိုးအား ချက်စားလိုက်သေးသည် ။ သို့သော် ထိုအရာသည် အစသာ ရှိသေးသည် ။

ခရော့စ်သည် တစ်စုံတစ်ခုအား ရှာဖွေနေသည့်အလား စခန်းတစ်ခုလုံး နေရာအနှံ့‌ပတ်သွားနေသည် ။ အလွန်ဆုံးက ခေါင်းဆောင်များ၏ နေရာပါ မကျန်သွားနေခြင်း ။ ထိုသူက ခေါင်းဆောင်များကို အသေအချာကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းယမ်းတတ်သေးသည် ။ မသိလျှင် ခေါင်းဆောင်များက အလွန်စိတ်ပျက်စရာကောင်းသည့် အရာများ သဖွယ်ပင် ။

လူသားမျိုးနွယ်အား အကျိုးပြုမှု အကြီးကြီးသာ မလုပ်ထားလျှင် သူတို့ခေါင်းဆောင်သည် ဆယ်ခါပြန်သေဖို့ လုံလောက်နေပြီ ဖြစ်သည် ။

ဘန်း!!

ကျယ်လောင်သည့် တိုက်ခိုက်သံကြောင့် အဖွဲ့သားများ အကြည့်လွဲလိုက်သည် ။ သူတို့က ဒီလို ရလဒ်ထွက်ပေါ်လာမည်ဟု ထင်ထားပြီးသား ဆိုသည့် မျက်နှာဘေး ကိုယ်စီဖြင့် ရှိနေကြသည် ။ ' အဲ့လူက အင်အားကြီးတဲ့ Alpha တစ်ယောက်မှန်း သိသာနေတာကို ‌ကိုယ့်ကောင်မလေးလို သွားဖက်ပြီး နမ်းတာ .. ဟိုက တစ်ချက်တည်း မရိုက်သတ်ပစ်တာ ကံကောင်း ' ဆိုသည့် စကားလုံးများ ပေါ်လွင်နေသည့် အကြည့်များဖြင့် လွင့်ထွက်သွားသည့် ခရော့စ်အား ကြည့်လိုက်ကြသည် ။

_________________
ကိုင်းရာ အဖွဲ့မှ အရာရှိခေါင်းဆောင်များအတွက် သာသာ Devil မှ ဖယောင်းတိုင် ထွန်းပေးလိုက်ပါသည် ..။🤣❤️

‌ခရော့စ်ရေ .. ‌တွေ့တွေ့ချင်း ခြေထောက်နဲ့ ကြိုဆိုခံရတဲ့ seme နေရာမှ နင်လေး မှတ်တမ်းဝင်သွားပြီ ..

အဲ့လောက် မရိုကြပါနဲ့ .. ဗက် ဟက်ဟက် 🙂❤️

နောက်တစ်ပိုင်းဆိုလို့ သာသာ ချောတယ်မလား.. 😃
_____________

Weiterlesen

Das wird dir gefallen

254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
156K 8K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
324K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...