ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

845K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.7.2

3.4K 521 14
By devil61002

ေလာ့ သည္ အျခားသူမ်ားျဖင့္ တန္းညီစြာ တိုက္ပြဲတြင္ တိုက္ခိုက္နိုင္ၿပီး ေလးစားဖြယ္ Omgea တစ္ေယာက္ျဖစ္သည္ ။ သူ၏ နည္းပညာပစၥည္းမ်ား ထိန္းခ်ဳပ္ႏိုင္စြမ္းမွာလည္း ထိပ္တန္းအဆင့္ျဖစ္သည္ ။ ထိုအေၾကာင္းအရာမ်ား အားလံုးသည္ အျခားဇာတ္လိုက္ ေပၚမလာခင္ထိသာ ျဖစ္ခဲ့သည္ ။

ဟီရုန္ သည္ Alpha တစ္ေယာက္ျဖစ္ကာ ကိုင္းရာ အဖြဲ႔အစည္းတြင္းသို႔ ေကာင္းမြန္သည့္ စမ္းသပ္ခ်က္ရလဒ္ျဖင့္ ဝင္ေရာက္လာခဲ့သည္ ။ အမွန္တကယ္တြင္ ဟီရုန္၏ စြမ္းရည္မွာ ထိုရလဒ္ထက္ ပိုသာေၾကာင္းကို ေလာ့ က မေတာ္တဆ ေတြ့ရိွသြားခဲ့သည္ ။ ပထမတြင္ သူက ဟီရုန္အား ပိုမိုေကာင္းမြန္စြာ သင္ၾကားေပးဖို႔ အထက္အရာရိွမ်ားကို ေတာင္းဆိုရန္ အနီးတြင္ ထားကာေလ့လာခဲ့ျခင္းျဖစ္သည္ ။ သို႔ေသာ္ ဟီရုန္ တစ္ခုခုမွားေနေၾကာင္းကို သူက မၾကာခင္ ရွာေဖြေတြ့ရိွသြားေတာ့သည္ ။ ဟီရုန္သည္ အျခားအဖြဲ႔အစည္း တစ္ခု၏ ရာထူးျမင့္ တစ္ေယာက္ျဖစ္ေၾကာင္းကို သိရိွသြားခ်ိန္တြင္ အခ်ိန္မမွီေတာ့ေခ် ။ ႏွစ္ေယာက္လံုးက မသိစိတ္မွေန၍ ခ်စ္မိေနၾကၿပီ ျဖစ္သည္ ။

ဟီရုန္သည္ ကိုင္းရာ အဖြဲ႔အစည္း၏ စစ္တပ္လ်ိဳ႕ဝွက္ခ်က္မ်ားနဲ့ အတူ ေလာ့အား သူ႔အဖြဲ႔အစည္းသို႔ ဖမ္းေခၚသြားခဲ့ၿပီး အတင္းအၾကပ္အမွတ္အသားျပဳခဲ့သည္ ။ Omgea တစ္ေယာက္သည္ Alpha တစ္ေယာက္၏ အမွတ္အသားျပဳခံရျခင္းက ထို Alpha ၏ အပိုင္ျဖစ္သည္ဟု ေၾကညာခံလိုက္ရျခင္းပင္ ။ ဒါ့အျပင္ ဟီရုန္ေရ႔ွတြင္ ေလာ့ သည္ တုန႔္ျပန္ရန္ အခြင့္အေရးမရိွခဲ့ေပ ။

ဒါသည္  အခ်စ္မွ အမုန္း .. အမုန္း မွ အခ်စ္ သို႔ ကူးေျပာင္းသြားသၫ့္ ဇာတ္လမ္းတစ္ခုျဖစ္ကာ အဆံုးတြင္ ဟီရုန္နဲ႔ ေလာ့ သည္ အမ်ားက ေလးစားအားက်ရသၫ့္ စံုတြဲ တစ္တြဲ ျဖစ္လာေတာ့သည္ ။ အရာအားလံုးက ပံုမွန္သာ စည္းခ်က္စြာ ျဖစ္ေပၚေနခဲ့သည္ ။

" အို.. မူမမွန္တဲ့ သူေတြ မရိွဘူးဘဲ .. ေပ်ာ္စရာေကာင္း!! " ခေရာ့စ္၏ စကားမ်ားက ေလထဲတြင္ ရပ္တန႔္သြားေတာ့သည္ ။ စခရင္မွ စာေၾကာင္းမ်ားကို ျပဴးၿဖဲၾကၫ့္လိုက္ၿပီး သူ႔နဖူးသူ ျပန္ရိုက္လိုက္မိသည္ ။

သို႔ေသာ္ ထိုပံုမွန္ ဇာတ္လမ္းေလးသည္ အရံဇာတ္ေကာင္တစ္ခုသည္ အျခားကမ႓ာမွဝိညာဉ္ကူးေျပာင္းလာခ်ိန္တြင္ အရာအားလံုးသည္ ျခားနားသြားခဲ့သည္ ။ ရိုင္ယန္ သည္ ဟီရုန္ႏွင့္အတူ ကိုင္းရာ အဖြဲ႔သို႔ ဝင္ေရာက္လာသၫ့္ သူလ်ို ျဖစ္သည္ ။ သူသည္ Beta တစ္ေယာက္ျဖစ္ကာ သိပ္ၿပီး ထူးထူးျခားျခား မရိွေခ် ။ ထိုသူသည္ အဖြဲ႔အစည္း ႏွစ္ခုၾကားမွ စစ္ပြဲအတြင္း အေျမာက္စာသာ ျဖစ္သည္ ။

ကူးေျပာင္းလာၿပီးခ်ိန္တြင္ သူ၏ စြမ္းရည္မ်ားက ရုတ္တရက္ ေလ်ာ့က်သြားခဲ့ၿပီး Beta တစ္ေယာက္၏ ႀကံ့ခိုင္မႈပင္ မရိွေတာ့ေခ် ။ ထိုအျဖစ္က ရိုင္ အား ေပ်ာ္ရြင္သြားေစသည္ ။ အေၾကာင္းမွာ သူ႔ဗီဇသည္ ေျပာင္းလဲသြားကာ Omgea အျဖစ္သို႔ ကူးေျပာင္း‌ေနခဲ့ျခင္းပင္ ။ သူ႔ရုပ္ရည္မွာလဲ ထင္မထားေလာက္ေအာင္ ေျပာင္းလဲသြားခဲ့သည္ ။ အျခားသူမ်ား အျမင္တြင္ သူသည္ တမူထူးျခားသၫ့္ Beta တစ္ေယာက္ျဖစ္လာခဲ့သည္ ။

ရိုင္ သည္ သူ Omgea ဆိုသၫ့္ အခ်က္ကို ဖံုးကြယ္ထားခဲ့ကာ အဖြဲ႔အတြင္း ေနရာရေအာင္ ႀကိဳးစားခဲ့သည္ ။ ရိုင္ ၏ ထူးျခားမႈက ဟီရုန္ ၏ အာရံုကို ဆြဲေဆာင္သြားခဲ့သည္ ။ ေက်ာ္ၾကားေနၿပီးသား ေလာ့ ထက္ လ်ိဳ႕ဝွက္ခ်က္မ်ားနဲ႔ ရိုင္ယန္ က သူ႔အတြက္ ပိုစိတ္ဝင္စားစရာ ေကာင္းလြန္းေနခဲ့သည္ ။ သို႔ေသာ္ အျခားတစ္ဘက္တြင္ ေလာ့၏ ခံစားခ်က္မ်ားက မနာလိုမႈေၾကာင့္ ပိုတိုးလာခဲ့ကာ မူလဇာတ္ေၾကာင္းမွ ကြဲထြက္သြားေတာ့သည္ ။

အဆံုးတြင္ ကိုင္းရာ အဖြဲ႔၏ လ်ိဳ႕ဝွက္ခ်က္မ်ားနဲ႔ အတူ ဟီရုန္သည္ ရိုင္ယန္ျဖင့္ ထြက္သြားခဲ့သည္ ။ ေလာ့၏ အကူအညီမပါသျဖင့္ သူတို႔က အလြန္စြန႔္စားခဲ့ရသည္ ။ သို႔ေသာ္ ထိုစြန႔္စားမႈကပင္ သူတို႔၏ ခံစားခ်က္မ်ားကို ပိုခိုင္မာလာေစခဲ့သည္ ။ ေလာ့ သည္ ထိုႏွစ္ေယာက္အား ေမ့ပစ္ဖို႔ ႀကိဳးစားခဲ့ေသာ္လည္း လိုက္ဖက္လြန္းသၫ့္ စံုတြဲဟု အလြန္နာမည္ႀကီးလာသၫ့္အခါ မခံမရပ္ႏိုင္ျဖစ္လာေတာ့သည္ ။ သူရဲ့ စိတ္မ်ားပင္ မထိန္းႏိုင္ေတာ့ကာ စစ္ပြဲတြင္း တည္တည္ၿငိမ္ၿငိမ္ မေနႏိုင္ေတာ့ေခ် ။ စစ္ေျမျပင္တြင္ ဟီရုန္ႏွင့္ ေတြ့သၫ့္အခ်ိန္တြင္ သူက Omgea မ်ား၏ ေဟာ္မုန္းကို ထုတ္လႊတ္မိလိုက္သည္ ။ အခ်ိန္ကိုက္ပင္ ရိုင္ယန္ က ေပၚလာခဲ့ကာ ဟီရုန္၏ ဆႏၵ ကို ၿပီးေျမာက္ေစခဲ့သည္ ။ သို႔ေသာ္ ေလာ့ ၏ ဘဝသည္ေတာ့ ဆိုးဝါးသြားခဲ့သည္ ။

အဆံုးတြင္ ဟီရုန္ နဲ႔ ရိုင္ယန္ သည္ အဖြဲ႔အစည္းမ်ားကို သိမ္းပိုက္ႏိုင္ခဲ့ကာ ျပင္ပရန္ကို အတူတကြ ကာကြယ္သၫ့္ ဒ႑ာရီလာ စံုတြဲ ျဖစ္သြားခဲ့ၿပီး ေလာ့ သည္ ျပည္တန္ဆာ ကဲ့သို႔ပင္ ေနသြားခဲ့ရသည္ ။

ခေရာ့စ္ ၏ ႏူတ္ခမ္းမ်ားသည္ မေနႏိုင္စြာ တြန႔္သြားခဲ့ကာ " ငါ့ကို လို‌ေသးလို႔လား .. အခ်င္းခ်င္း ကိုက္ေနၾကတာကိုး.. "

သူသည္ ကမ႓ာအစစ္တြင္ သူ႔ဆီက စနစ္ကို လုယူသြားသၫ့္ လူသည္ေသခ်ာေပါက္ စိတ္မမွန္သၫ့္ သူ ျဖစ္ရမည္ဟု ေကာက္ခ်က္ခ်လိုက္သည္ ။

မူလကိုယ္သည္ ဘြဲ႔ရ အရာရိွ တစ္ေယာက္သာ ျဖစ္ေသးသည္ ။ သူသည္ ကိုင္းရာ အဖြဲ႔တြင္ အေရးမပါသၫ့္ ေနရာတစ္ခုကို ပိုင္ဆိုင္ထားခဲ့ျခင္း ။ စစ္တပ္အတြင္း အဖြဲ႔ခြဲမ်ား ခြဲျခားထားကာ သူ႔ အဖြဲ႔သည္ အနိမ့္ဆံုးထဲမွ အနိမ့္ဆံုးထဲတြင္ ပါဝင္ေပသည္ ။ သူသည္ Alpha တစ္ေယာက္ျဖစ္ေသာ္လည္း Beta တစ္ေယာက္၏ စြမ္းေဆာင္ရည္ထက္ အနည္းငယ္ ျမင့္ရံုသာ ရိွၿပီး အေလးေပးျခင္း မခံရေပ ။

သူက အရင္ဘဝ ကို အေတြးထဲ ျဖတ္ခနဲ ေပၚလာခဲ့ၿပီး မ်က္ႏွာသည္ တစ္ခ်က္ရႈံမဲ့သြားသည္ ။ ' ဒီေဖ... ေကာင္းကင္ေပၚကေန ကန္ခ်ခံလိုက္ရသလိုဘဲ .. '

သူေရာက္သြားသၫ့္ အခ်ိန္တြင္ ထမင္းစားခန္းတြင္ လူသိပ္မရိွေတာ့ေပ ။ လူတိုင္း အခ်ိန္နဲ႔ လုပ္ေနရသျဖင့္ စားခ်ိန္အိပ္ခ်ိန္မွ လြဲ၍ က်န္သၫ့္ အခ်ိန္မ်ားကို ေလ့က်င့္ကြင္းတြင္သာ အခ်ိန္ကုန္ၾကသည္ ။ ဤ ၿဂိဳလ္သည္ လြန္ခဲ့သၫ့္ ႏွစ္တစ္ရာက ေပၚလာတာ ျဖစ္ၿပီး ရွားပါး ရတနာမ်ားႏွင့္ ေဆးပင္မ်ား ေတြ့ႏိုင္သည္ ။ ၿဂိဳလ္ေပၚတြင္ အလြန္အစြမ္းထက္သၫ့္ မ်ိဳးႏြယ္မ်ား ရိွကာ လူသားမ်ားသည္ ၿဂိဳလ္တစ္ခုလံုးကို ပိုင္ဆိုင္ခ်င္လ်ွင္ ထိုမ်ိဳးႏြယ္စု မ်ားကို ရွင္းပစ္ရမည္ ျဖစ္သည္ ။ လက္ရိွတြင္ လူသားမ်ိဳးႏြယ္က ပိုင္နက္ အနည္းငယ္သာ ရိွၿပီး ေနရာတိုးခ်ဲ့ရန္ အနက္ေရာင္ပင့္ကူမ်ားျဖင့္ တိုက္ခိုက္ေနၾကျခင္း ။

သူတို႔က ကမ႓ာေျမေပၚသို႔ ျပန္ခ်င္လ်ွင္ လံုေလာက္သၫ့္ အဆင့္အတန္းအျပင္ ခြင့္ျပဳမိန႔္ ရိွရန္လိုသည္ ။ အခြင့္အေရးမ်ားည္ စြန႔္စားမႈမ်ားမွ လာျခင္း ျဖစ္ေသာ္လည္း ဤေနရာသည္ ရတနာမ်ားနဲ႔ ျပၫ့္ႏွက္ေနေသာ္လည္း သူတို႔လို ေအာက္ေျခလူသားမ်ားအတြက္ အသက္ကို ခုခံကာကြယ္နိုင္ရံုသာ တတ္‌ႏိုင္ေလသည္ ။ သူတို႔၏ ရည္ရြယ္ခ်က္မွာ ဤေနရာမွ အျမန္ဆံုး ျပန္သြားႏိုင္ရန္ျဖစ္သည္ ။

ဘုန္း!!!

" ဟက္.. မင္းတို႔ အဖြဲ႔က ဒီလို ေလ့က်င့္ေရး ကြင္းကို အသံုးျပဳခ်င္ေသးတာလား .. ဟမ့္ . မတန္မရာေတြ .. " က်ယ္ေလာင္သၫ့္ တိုက္ခိုက္သံနဲ႔အတူ ခနဲ႔သၫ့္ ေလသံက သူ႔နား ထဲဝင္လာခဲ့သည္ ။ လွၫ့္ၾကၫ့္လိုက္ခ်ိန္တြင္ ေျခေထာက္ျဖင့္ တက္နင္းခံေနရသၫ့္ လူငယ္တစ္ေယာက္အား ေတြ့လိုက္ရသည္ ။ သူ႔ ဦးေနွာက္ကို ခနတာ အလုပ္ေပးၿပီးေနာက္ ထိုသူသည္ သူလက္ေအာက္က ျဖစ္ေၾကာင္း သိလိုက္သည္ ။

တဆက္တည္းမွာပင္ သူတို႔အဖြဲ႔၏ လက္နက္မ်ား အသိမ္းခံလိုက္ရသည္က ခုနက စကား‌ေျပာလိုက္သၫ့္ လူေၾကာင့္ ဆိုသည္ကိုပါ ေတြ့လိုက္ရသည္ ။ လီေယာင္ သည္ ပထမအဆင့္ ဗိုလ္ ျဖစ္ကာ အငယ္တန္း ဗိုလ္မ်ားအား အႏိုင္က်င့္တတ္သည္ ။ မူလကိုယ္သည္ စစ္ပြဲအတြင္း ေသဆံုးသြားခဲ့ျခင္းျဖစ္ေသာ္လည္း လီေယာင္၏ စနက္ မကင္းေပ ။

လီေယာင္က သူ႔အၾကၫ့္ကို ခံစားမိဟန္ သူ႔ဘက္သို႔ လွၫ့္ၾကၫ့္လာေလသည္ ။ အၾကၫ့္ထဲမွ အထင္ေသးမႈမ်ားကို ဖံုးကြယ္မထားခဲ့ေပ ။

ခေရာ့စ္၏ ႏူတ္ခမ္းမ်ားက ၿပံဳးေယာင္ေယာင္ေလး ျဖစ္လာကာ ထိုေနရာသို႔ ေလ်ွာက္သြားလိုက္သည္ ။ သူသည္ လီေယာင္အား အေလးမထားဘဲ လွဲက်ေနသၫ့္ သူ၏အေရွ့တြင္ ရပ္လိုက္သည္ ။

" ထစမ္း! "

အဖြဲ႔သား သည္ ခေရာ့စ္ အား ၾကၫ့္လိုက္သည္ ။ သူ႔မ်က္ဝန္းထဲတြင္ ကူကယ္ရာမဲ့ မႈတို႔ ရိွေနခဲ့သည္ ။ သူသည္ ဘာေၾကာင့္ ဒီလို အသံုးမက်သၫ့္ သူ၏ လက္ေအာက္သို႔ က်ေရာက္ခဲ့ရသလဲ မသိေပ ။ သူသည္ သူ၏ကံဆိုးမွုကိုသာ အျပစ္တင္လိုက္ေတာ့သည္ ...

နာက်င္ေနသၫ့္ ၾကားမွ ထရပ္လိုက္ကာ လုပ္ေနၾကအတိုင္း လီေယာင္အား ေတာင္းပန္ရန္ ျပင္လိုက္သည္ ။ လီေယာင္သည္ ခေရာ့စ္ က သူ႔အဖြဲ႔သားအား ဆြဲထူလ်က္ သူ႔အား ေတာင္းပန္လာမၫ့္ ျမင္ကြင္းကို ပံုေပၚေနခဲ့သည္ ။

သည္အခ်ိန္တြင္ ခေရာ့စ္၏ မ်က္ႏွာက မေက်မနပ္ မ်က္ေမွာင္ၾကဳတ္သြားသည္ကို ျမင္လိုက္ၾကရသည္ ။ ေနာက္တစ္စကၠန႔္ မွာပင္ အဖြဲ႔သား မ်ားအျပင္ လီေယာင္ ပါ ၾကက္ေသေသသြားခဲ့သည္ ။

ခေရာ့စ္က အဖြဲ႔သားအား စူးစိုက္ကာ ၾကၫ့္လိုက္ၿပီး လီေယာင္အား လက္ညိုးထိုးျပလိုက္သည္ ။ " သြား! ခုနက မင္းကို သူကန္လိုက္သလို ျပန္ကန္လာခဲ့ !! "

ေတာင္းပန္ရန္ျပင္ေနသၫ့္ အဖြဲ႔သားသည္ ခါးကိုင္းရန္ ႀကံေနစဉ္ပင္ ရိွေနေသးသည္ ။ သူ ေက်ာရိုးတေလ်ာက္ စိမ့္တက္သြားသည္ဟု ခံစားလိုက္ရကာ ေတာင့္တင္းသြားခဲ့သည္ ။ အမွန္တကယ္တြင္ သူတစ္ေယာက္တည္းသာ ထိုသို႔ ျဖစ္ေနသည္ မဟုတ္ေပ ။ အျခားသူမ်ား၏ တုန႔္ျပန္မႈ အမႈအရာမွာလည္း အတူတူပင္ ျဖစ္သည္ ။

ေလထုသည္ ခနတာ တိတ္ဆိတ္သြားၿပီးေနာက္ လီေယာင္၏ ရယ္ေမာသံက ၿဖိဳခြဲလိုက္သည္ ။ " ဟားးဟားး ခေရာ့စ္! ေကာင္းတယ္.. ေကာင္းတယ္.. မင္းက ဘာေဆးေတစားထားလို႔ ဒီေလာက္အတင့္ရဲေနတာလဲ သိခ်င္မိသား .. ဟားးဟားး " လီေယာင္သည္ ရယ္ရလြန္းသၫ့္ ဟာသတစ္ပုဒ္ကို ၾကားလိုက္ရသလို ေအာ္ရယ္ရင္း ေျပာေနခဲ့သည္။

ခေရာ့စ္သည္ လီေယာင္၏ စကားမ်ားကို မတံု႔ျပန္ဘဲ အဖြဲ႔သား ၏ ဖင္အား ပိတ္ကန္လိုက္ကာ " ငါေျပာေနတာ မၾကားဘူးလား .. သြားကန္ !! ဒီေန့ သူ႔ကို တစ္ခ်က္ မကန္ႏိုင္ဘူး ဆိုရင္ .. မင္းက သူေျပာတဲ့အတိုင္း ေလ့က်င့္ေရးကြင္းထဲ ဝင္ခြင့္ ပိတ္ခံရမယ္ .."

အဖြဲ႔သား၏ မ်က္ႏွာက မဲေမွာင္သြားသည္ ။ သူက ခေရာ့စ္အား အခါတိုင္းလို လီေယာင္၏ ေျခေထာက္အား ဆြဲကိုင္ကာ ျပားျပားဝပ္ေတာင္းပန္ေနသည္က ပိုေကာင္းသည္ဟု ရုတ္တရက္ ခံစားလိုက္ရသည္ ။ သို႔ေသာ္ ေလ့က်င့္ေရးကြင္း အပိတ္ခံရပါကာ သူ႔စြမ္းရည္မ်ား ေတာ္ေတာ္က်ဆင္းသြားမည္ ျဖစ္ကာ လက္သင့္ခံလို႔မရေခ် ။ ' ေတာ္ၿပီကြာ .. ေသရင္လည္း ေသပ‌ါေစေတာ့.. အလြန္ဆံုး ငါက သူခိုင္းတာကို လုပ္ခဲ့ရံုဘဲဟာ ..'

ဘန္း!!

လီေယာင္သည္ အမွန္တကယ္ အကန္ခံလိုက္ရမည္ဟု မေတြးထားခဲ့သျဖင့္ ကာကြယ္ဖို႔ ေနာက္က်သြားခဲ့သည္ ။ သူက ခ်က္ခ်င္း ျပန္လည္တိုက္ခိုက္ႏိုင္လိုက္သည္ တိုင္ေအာင္ အကန္ခံလိုက္ရျခင္းက အလြန္ရွက္စရာေကာင္းလွသည္ ။

" လာစမ္း!! ဒီေကာင္ကို အရိုးေတ ခ်ိဳးပစ္ !! " လီေယာင္က ေဒါသတႀကီး ေအာ္ဟစ္လိုက္သည္ ။ အဆင့္နိမ့္အဖြဲ႔သားမ်ား၏ ပဋိပကၡမ်ားကို ေခါင္း‌ေဆာင္ပိုင္းမ်ားက စိတ္မဝင္စားၾကေပ ။ အဖြဲ႔၏ အဓိက မစ္ရွင္ ကို မထိခိုက္သေရြ့ သူတို႔က ဝင္ပါမည္ မဟုတ္ေပ ။

အဖြဲ႔သားသည္ ေၾကာက္လန႔္သြားကာ မသိလိုက္မသိဘာသာျဖင့္ ခေရာ့စ္အား ၾကၫ့္လိုက္သည္ ။ ခေရာ့စ္က သူ႔လက္ႏွစ္ဖက္အား အေနာက္သို႔ ပို႔လိုက္ကာ မ်က္ခံုးပင့္လိုက္သည္ ။ " အဖြဲ႔ အမွတ္စဉ္ - ၉ က လူေတြ.. မွတ္ထား! ဒီေန့ကစၿပီး.. တစ္ေယာက္က မင္းတို႔ကို အႏိုင္က်င့္ရင္ မင္းတို႔က ကိုယ္တိုင္ တုန႔္ျပန္ရမယ္ .. က်န္တဲ့သူေတြ ပါလာရင္ အဖြဲ႔ေခါင္းေဆာင္ျဖစ္တဲ့ ငါက ကာကြယ္ေပးမယ္ ..."

သူ႔စကားမ်ားၾကားသၫ့္ လူတိုင္း ေခါင္းထဲတြင္ အေတြးတစ္ခုသာ ေပၚလာခဲ့သည္ ။ ' မင္းက အရင္က ဖင္တုန္ေအာင္ေၾကာက္ေနၿပီး အခုမွ ဘာ ႀကီးႀကီးက်ယ္က်ယ္ေတြ လာလုပ္ေနတာလဲ ' ဟုပင္ ။

သို႔ေသာ္ မ်က္စိေရ႔ွတြင္ ျမင္လိုက္ရသၫ့္ ျမင္ကြင္းက သူတို႔အား ၾကက္ေသေသသြားေစသည္ ။ ခေရာ့စ္ သည္ သူ႔ရဲ့ ေျဖာင့္တန္းသၫ့္ ေျခေထာက္ႏွစ္ဖက္ကို လႈပ္ရွားၿပီး တဖက္လူမ်ားအား အသာအယာ ကန္ေနသည္ကို ေတြ့လိုက္ရသည္ ။ အကန္ခံရသူမ်ားသည္ ယာဉ္တစ္စီးျဖင့္ အတိုက္ခံလိုက္ရသၫ့္အလား လြင့္ထြက္သြားၾကသည္ ။ အံ့ဩစရာေကာင္းစြာ ခေရာ့စ္သည္ သူ႔လက္ႏွစ္ဖက္ကိုပင္ အသံုးမျပဳခဲ့ေပ ။

သူ၏ေျခလွမ္းတိုင္းသည္ စီးခ်က္က်သၫ့္ ကကြက္တစ္ခုအလား ေသသပ္ေနကာ ျမန္ဆန္လွသလို တခ်ိန္တည္းမွာပင္ ေနွးေကြးသည္ဟု ထင္မွတ္ရသည္ ။ လီေယာင္သည္ တုန႔္ျပန္ခ်ိန္ပင္ မရဘဲ .. ဆက္တိုက္ အကန္ခံေနရသည္ ။ ခပ္ေဝးေဝးကေန အရိုးအက္သံ သဲ့သဲ့ကိုပင္ ၾကားေနရသေယာင္။

အဖြဲ႔ကိုးမွ အဖြဲ႔ဝင္မ်ား - "..." ငါတို႔ ေခါင္းေဆာင္က အဲ့ေလာက္ အံ့ဩစရာေကာင္းတာလား ??

___________________________
🙄 စာလံုးေရ မ်ားသဝါးၿပီ.. ❤️

____________________________________
Unicode

လော့ သည် အခြားသူများဖြင့် တန်းညီစွာ တိုက်ပွဲတွင် တိုက်ခိုက်နိုင်ပြီး လေးစားဖွယ် Omgea တစ်ယောက်ဖြစ်သည် ။ သူ၏ နည်းပညာပစ္စည်းများ ထိန်းချုပ်နိုင်စွမ်းမှာလည်း ထိပ်တန်းအဆင့်ဖြစ်သည် ။ ထိုအကြောင်းအရာများ အားလုံးသည် အခြားဇာတ်လိုက် ပေါ်မလာခင်ထိသာ ဖြစ်ခဲ့သည် ။

ဟီရုန် သည် Alpha တစ်ယောက်ဖြစ်ကာ ကိုင်းရာ အဖွဲ့အစည်းတွင်းသို့ ကောင်းမွန်သည့် စမ်းသပ်ချက်ရလဒ်ဖြင့် ဝင်ရောက်လာခဲ့သည် ။ အမှန်တကယ်တွင် ဟီရုန်၏ စွမ်းရည်မှာ ထိုရလဒ်ထက် ပိုသာကြောင်းကို လော့ က မတော်တဆ တွေ့ရှိသွားခဲ့သည် ။ ပထမတွင် သူက ဟီရုန်အား ပိုမိုကောင်းမွန်စွာ သင်ကြားပေးဖို့ အထက်အရာရှိများကို တောင်းဆိုရန် အနီးတွင် ထားကာလေ့လာခဲ့ခြင်းဖြစ်သည် ။ သို့သော် ဟီရုန် တစ်ခုခုမှားနေကြောင်းကို သူက မကြာခင် ရှာဖွေတွေ့ရှိသွားတော့သည် ။ ဟီရုန်သည် အခြားအဖွဲ့အစည်း တစ်ခု၏ ရာထူးမြင့် တစ်ယောက်ဖြစ်ကြောင်းကို သိရှိသွားချိန်တွင် အချိန်မမှီတော့ချေ ။ နှစ်ယောက်လုံးက မသိစိတ်မှနေ၍ ချစ်မိနေကြပြီ ဖြစ်သည် ။

ဟီရုန်သည် ကိုင်းရာ အဖွဲ့အစည်း၏ စစ်တပ်လျို့ဝှက်ချက်များနဲ့ အတူ လော့အား သူ့အဖွဲ့အစည်းသို့ ဖမ်းခေါ်သွားခဲ့ပြီး အတင်းအကြပ်အမှတ်အသားပြုခဲ့သည် ။ Omgea တစ်ယောက်သည် Alpha တစ်ယောက်၏ အမှတ်အသားပြုခံရခြင်းက ထို Alpha ၏ အပိုင်ဖြစ်သည်ဟု ကြေညာခံလိုက်ရခြင်းပင် ။ ဒါ့အပြင် ဟီရုန်ရှေ့တွင် လော့ သည် တုန့်ပြန်ရန် အခွင့်အရေးမရှိခဲ့ပေ ။

ဒါသည်  အချစ်မှ အမုန်း .. အမုန်း မှ အချစ် သို့ ကူးပြောင်းသွားသည့် ဇာတ်လမ်းတစ်ခုဖြစ်ကာ အဆုံးတွင် ဟီရုန်နဲ့ လော့ သည် အများက လေးစားအားကျရသည့် စုံတွဲ တစ်တွဲ ဖြစ်လာတော့သည် ။ အရာအားလုံးက ပုံမှန်သာ စည်းချက်စွာ ဖြစ်ပေါ်နေခဲ့သည် ။

" အို.. မူမမှန်တဲ့ သူတွေ မရှိဘူးဘဲ .. ပျော်စရာကောင်း!! " ခရော့စ်၏ စကားများက လေထဲတွင် ရပ်တန့်သွားတော့သည် ။ စခရင်မှ စာကြောင်းများကို ပြူးဖြဲကြည့်လိုက်ပြီး သူ့နဖူးသူ ပြန်ရိုက်လိုက်မိသည် ။

သို့သော် ထိုပုံမှန် ဇာတ်လမ်းလေးသည် အရံဇာတ်ကောင်တစ်ခုသည် အခြားကမ်ဘာမှဝိညာဉ်ကူးပြောင်းလာချိန်တွင် အရာအားလုံးသည် ခြားနားသွားခဲ့သည် ။ ရိုင်ယန် သည် ဟီရုန်နှင့်အတူ ကိုင်းရာ အဖွဲ့သို့ ဝင်ရောက်လာသည့် သူလျို ဖြစ်သည် ။ သူသည် Beta တစ်ယောက်ဖြစ်ကာ သိပ်ပြီး ထူးထူးခြားခြား မရှိချေ ။ ထိုသူသည် အဖွဲ့အစည်း နှစ်ခုကြားမှ စစ်ပွဲအတွင်း အမြောက်စာသာ ဖြစ်သည် ။

ကူးပြောင်းလာပြီးချိန်တွင် သူ၏ စွမ်းရည်များက ရုတ်တရက် လျော့ကျသွားခဲ့ပြီး Beta တစ်ယောက်၏ ကြံ့ခိုင်မှုပင် မရှိတော့ချေ ။ ထိုအဖြစ်က ရိုင် အား ပျော်ရွင်သွားစေသည် ။ အကြောင်းမှာ သူ့ဗီဇသည် ပြောင်းလဲသွားကာ Omgea အဖြစ်သို့ ကူးပြောင်း‌နေခဲ့ခြင်းပင် ။ သူ့ရုပ်ရည်မှာလဲ ထင်မထားလောက်အောင် ပြောင်းလဲသွားခဲ့သည် ။ အခြားသူများ အမြင်တွင် သူသည် တမူထူးခြားသည့် Beta တစ်ယောက်ဖြစ်လာခဲ့သည် ။

ရိုင် သည် သူ Omgea ဆိုသည့် အချက်ကို ဖုံးကွယ်ထားခဲ့ကာ အဖွဲ့အတွင်း နေရာရအောင် ကြိုးစားခဲ့သည် ။ ရိုင် ၏ ထူးခြားမှုက ဟီရုန် ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည် ။ ကျော်ကြားနေပြီးသား လော့ ထက် လျို့ဝှက်ချက်များနဲ့ ရိုင်ယန် က သူ့အတွက် ပိုစိတ်ဝင်စားစရာ ကောင်းလွန်းနေခဲ့သည် ။ သို့သော် အခြားတစ်ဘက်တွင် လော့၏ ခံစားချက်များက မနာလိုမှုကြောင့် ပိုတိုးလာခဲ့ကာ မူလဇာတ်ကြောင်းမှ ကွဲထွက်သွားတော့သည် ။

အဆုံးတွင် ကိုင်းရာ အဖွဲ့၏ လျို့ဝှက်ချက်များနဲ့ အတူ ဟီရုန်သည် ရိုင်ယန်ဖြင့် ထွက်သွားခဲ့သည် ။ လော့၏ အကူအညီမပါသဖြင့် သူတို့က အလွန်စွန့်စားခဲ့ရသည် ။ သို့သော် ထိုစွန့်စားမှုကပင် သူတို့၏ ခံစားချက်များကို ပိုခိုင်မာလာစေခဲ့သည် ။ လော့ သည် ထိုနှစ်ယောက်အား မေ့ပစ်ဖို့ ကြိုးစားခဲ့သော်လည်း လိုက်ဖက်လွန်းသည့် စုံတွဲဟု အလွန်နာမည်ကြီးလာသည့်အခါ မခံမရပ်နိုင်ဖြစ်လာတော့သည် ။ သူရဲ့ စိတ်များပင် မထိန်းနိုင်တော့ကာ စစ်ပွဲတွင်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ ။ စစ်မြေပြင်တွင် ဟီရုန်နှင့် တွေ့သည့်အချိန်တွင် သူက Omgea များ၏ ဟော်မုန်းကို ထုတ်လွှတ်မိလိုက်သည် ။ အချိန်ကိုက်ပင် ရိုင်ယန် က ပေါ်လာခဲ့ကာ ဟီရုန်၏ ဆန္ဒ ကို ပြီးမြောက်စေခဲ့သည် ။ သို့သော် လော့ ၏ ဘဝသည်တော့ ဆိုးဝါးသွားခဲ့သည် ။

အဆုံးတွင် ဟီရုန် နဲ့ ရိုင်ယန် သည် အဖွဲ့အစည်းများကို သိမ်းပိုက်နိုင်ခဲ့ကာ ပြင်ပရန်ကို အတူတကွ ကာကွယ်သည့် ဒဏ္႑ာရီလာ စုံတွဲ ဖြစ်သွားခဲ့ပြီး လော့ သည် ပြည်တန်ဆာ ကဲ့သို့ပင် နေသွားခဲ့ရသည် ။

ခရော့စ် ၏ နူတ်ခမ်းများသည် မနေနိုင်စွာ တွန့်သွားခဲ့ကာ " ငါ့ကို လို‌သေးလို့လား .. အချင်းချင်း ကိုက်နေကြတာကိုး.. "

သူသည် ကမ်ဘာအစစ်တွင် သူ့ဆီက စနစ်ကို လုယူသွားသည့် လူသည်သေချာပေါက် စိတ်မမှန်သည့် သူ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည် ။

မူလကိုယ်သည် ဘွဲ့ရ အရာရှိ တစ်ယောက်သာ ဖြစ်သေးသည် ။ သူသည် ကိုင်းရာ အဖွဲ့တွင် အရေးမပါသည့် နေရာတစ်ခုကို ပိုင်ဆိုင်ထားခဲ့ခြင်း ။ စစ်တပ်အတွင်း အဖွဲ့ခွဲများ ခွဲခြားထားကာ သူ့ အဖွဲ့သည် အနိမ့်ဆုံးထဲမှ အနိမ့်ဆုံးထဲတွင် ပါဝင်ပေသည် ။ သူသည် Alpha တစ်ယောက်ဖြစ်သော်လည်း Beta တစ်ယောက်၏ စွမ်းဆောင်ရည်ထက် အနည်းငယ် မြင့်ရုံသာ ရှိပြီး အလေးပေးခြင်း မခံရပေ ။

သူက အရင်ဘဝ ကို အတွေးထဲ ဖြတ်ခနဲ ပေါ်လာခဲ့ပြီး မျက်နှာသည် တစ်ချက်ရှုံမဲ့သွားသည် ။ ' ဒီဖေ... ကောင်းကင်ပေါ်ကနေ ကန်ချခံလိုက်ရသလိုဘဲ .. '

သူရောက်သွားသည့် အချိန်တွင် ထမင်းစားခန်းတွင် လူသိပ်မရှိတော့ပေ ။ လူတိုင်း အချိန်နဲ့ လုပ်နေရသဖြင့် စားချိန်အိပ်ချိန်မှ လွဲ၍ ကျန်သည့် အချိန်များကို လေ့ကျင့်ကွင်းတွင်သာ အချိန်ကုန်ကြသည် ။ ဤ ဂြိုလ်သည် လွန်ခဲ့သည့် နှစ်တစ်ရာက ပေါ်လာတာ ဖြစ်ပြီး ရှားပါး ရတနာများနှင့် ဆေးပင်များ တွေ့နိုင်သည် ။ ဂြိုလ်ပေါ်တွင် အလွန်အစွမ်းထက်သည့် မျိုးနွယ်များ ရှိကာ လူသားများသည် ဂြိုလ်တစ်ခုလုံးကို ပိုင်ဆိုင်ချင်လျှင် ထိုမျိုးနွယ်စု များကို ရှင်းပစ်ရမည် ဖြစ်သည် ။ လက်ရှိတွင် လူသားမျိုးနွယ်က ပိုင်နက် အနည်းငယ်သာ ရှိပြီး နေရာတိုးချဲ့ရန် အနက်ရောင်ပင့်ကူများဖြင့် တိုက်ခိုက်နေကြခြင်း ။

သူတို့က ကမ်ဘာမြေပေါ်သို့ ပြန်ချင်လျှင် လုံလောက်သည့် အဆင့်အတန်းအပြင် ခွင့်ပြုမိန့် ရှိရန်လိုသည် ။ အခွင့်အရေးများည် စွန့်စားမှုများမှ လာခြင်း ဖြစ်သော်လည်း ဤနေရာသည် ရတနာများနဲ့ ပြည့်နှက်နေသော်လည်း သူတို့လို အောက်ခြေလူသားများအတွက် အသက်ကို ခုခံကာကွယ်နိုင်ရုံသာ တတ်‌နိုင်လေသည် ။ သူတို့၏ ရည်ရွယ်ချက်မှာ ဤနေရာမှ အမြန်ဆုံး ပြန်သွားနိုင်ရန်ဖြစ်သည် ။

ဘုန်း!!!

" ဟက်.. မင်းတို့ အဖွဲ့က ဒီလို လေ့ကျင့်ရေး ကွင်းကို အသုံးပြုချင်သေးတာလား .. ဟမ့် . မတန်မရာတွေ .. " ကျယ်လောင်သည့် တိုက်ခိုက်သံနဲ့အတူ ခနဲ့သည့် လေသံက သူ့နား ထဲဝင်လာခဲ့သည် ။ လှည့်ကြည့်လိုက်ချိန်တွင် ခြေထောက်ဖြင့် တက်နင်းခံနေရသည့် လူငယ်တစ်ယောက်အား တွေ့လိုက်ရသည် ။ သူ့ ဦးနှောက်ကို ခနတာ အလုပ်ပေးပြီးနောက် ထိုသူသည် သူလက်အောက်က ဖြစ်ကြောင်း သိလိုက်သည် ။

တဆက်တည်းမှာပင် သူတို့အဖွဲ့၏ လက်နက်များ အသိမ်းခံလိုက်ရသည်က ခုနက စကား‌ပြောလိုက်သည့် လူကြောင့် ဆိုသည်ကိုပါ တွေ့လိုက်ရသည် ။ လီယောင် သည် ပထမအဆင့် ဗိုလ် ဖြစ်ကာ အငယ်တန်း ဗိုလ်များအား အနိုင်ကျင့်တတ်သည် ။ မူလကိုယ်သည် စစ်ပွဲအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သော်လည်း လီယောင်၏ စနက် မကင်းပေ ။

လီယောင်က သူ့အကြည့်ကို ခံစားမိဟန် သူ့ဘက်သို့ လှည့်ကြည့်လာလေသည် ။ အကြည့်ထဲမှ အထင်သေးမှုများကို ဖုံးကွယ်မထားခဲ့ပေ ။

ခရော့စ်၏ နူတ်ခမ်းများက ပြုံးယောင်ယောင်လေး ဖြစ်လာကာ ထိုနေရာသို့ လျှောက်သွားလိုက်သည် ။ သူသည် လီယောင်အား အလေးမထားဘဲ လှဲကျနေသည့် သူ၏အရှေ့တွင် ရပ်လိုက်သည် ။

" ထစမ်း! "

အဖွဲ့သား သည် ခရော့စ် အား ကြည့်လိုက်သည် ။ သူ့မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့ မှုတို့ ရှိနေခဲ့သည် ။ သူသည် ဘာကြောင့် ဒီလို အသုံးမကျသည့် သူ၏ လက်အောက်သို့ ကျရောက်ခဲ့ရသလဲ မသိပေ ။ သူသည် သူ၏ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့သည် ...

နာကျင်နေသည့် ကြားမှ ထရပ်လိုက်ကာ လုပ်နေကြအတိုင်း လီယောင်အား တောင်းပန်ရန် ပြင်လိုက်သည် ။ လီယောင်သည် ခရော့စ် က သူ့အဖွဲ့သားအား ဆွဲထူလျက် သူ့အား တောင်းပန်လာမည့် မြင်ကွင်းကို ပုံပေါ်နေခဲ့သည် ။

သည်အချိန်တွင် ခရော့စ်၏ မျက်နှာက မကျေမနပ် မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ကြရသည် ။ နောက်တစ်စက္ကန့် မှာပင် အဖွဲ့သား များအပြင် လီယောင် ပါ ကြက်သေသေသွားခဲ့သည် ။

ခရော့စ်က အဖွဲ့သားအား စူးစိုက်ကာ ကြည့်လိုက်ပြီး လီယောင်အား လက်ညိုးထိုးပြလိုက်သည် ။ " သွား! ခုနက မင်းကို သူကန်လိုက်သလို ပြန်ကန်လာခဲ့ !! "

တောင်းပန်ရန်ပြင်နေသည့် အဖွဲ့သားသည် ခါးကိုင်းရန် ကြံနေစဉ်ပင် ရှိနေသေးသည် ။ သူ ကျောရိုးတလျောက် စိမ့်တက်သွားသည်ဟု ခံစားလိုက်ရကာ တောင့်တင်းသွားခဲ့သည် ။ အမှန်တကယ်တွင် သူတစ်ယောက်တည်းသာ ထိုသို့ ဖြစ်နေသည် မဟုတ်ပေ ။ အခြားသူများ၏ တုန့်ပြန်မှု အမှုအရာမှာလည်း အတူတူပင် ဖြစ်သည် ။

လေထုသည် ခနတာ တိတ်ဆိတ်သွားပြီးနောက် လီယောင်၏ ရယ်မောသံက ဖြိုခွဲလိုက်သည် ။ " ဟားးဟားး ခရော့စ်! ကောင်းတယ်.. ကောင်းတယ်.. မင်းက ဘာဆေးတေစားထားလို့ ဒီလောက်အတင့်ရဲနေတာလဲ သိချင်မိသား .. ဟားးဟားး " လီယောင်သည် ရယ်ရလွန်းသည့် ဟာသတစ်ပုဒ်ကို ကြားလိုက်ရသလို အော်ရယ်ရင်း ပြောနေခဲ့သည်။

ခရော့စ်သည် လီယောင်၏ စကားများကို မတုံ့ပြန်ဘဲ အဖွဲ့သား ၏ ဖင်အား ပိတ်ကန်လိုက်ကာ " ငါပြောနေတာ မကြားဘူးလား .. သွားကန် !! ဒီနေ့ သူ့ကို တစ်ချက် မကန်နိုင်ဘူး ဆိုရင် .. မင်းက သူပြောတဲ့အတိုင်း လေ့ကျင့်ရေးကွင်းထဲ ဝင်ခွင့် ပိတ်ခံရမယ် .."

အဖွဲ့သား၏ မျက်နှာက မဲမှောင်သွားသည် ။ သူက ခရော့စ်အား အခါတိုင်းလို လီယောင်၏ ခြေထောက်အား ဆွဲကိုင်ကာ ပြားပြားဝပ်တောင်းပန်နေသည်က ပိုကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည် ။ သို့သော် လေ့ကျင့်ရေးကွင်း အပိတ်ခံရပါကာ သူ့စွမ်းရည်များ တော်တော်ကျဆင်းသွားမည် ဖြစ်ကာ လက်သင့်ခံလို့မရချေ ။ ' တော်ပြီကွာ .. သေရင်လည်း သေပ‌ါစေတော့.. အလွန်ဆုံး ငါက သူခိုင်းတာကို လုပ်ခဲ့ရုံဘဲဟာ ..'

ဘန်း!!

လီယောင်သည် အမှန်တကယ် အကန်ခံလိုက်ရမည်ဟု မတွေးထားခဲ့သဖြင့် ကာကွယ်ဖို့ နောက်ကျသွားခဲ့သည် ။ သူက ချက်ချင်း ပြန်လည်တိုက်ခိုက်နိုင်လိုက်သည် တိုင်အောင် အကန်ခံလိုက်ရခြင်းက အလွန်ရှက်စရာကောင်းလှသည် ။

" လာစမ်း!! ဒီကောင်ကို အရိုးတေ ချိုးပစ် !! " လီယောင်က ဒေါသတကြီး အော်ဟစ်လိုက်သည် ။ အဆင့်နိမ့်အဖွဲ့သားများ၏ ပဋိပက္ခများကို ခေါင်း‌ဆောင်ပိုင်းများက စိတ်မဝင်စားကြပေ ။ အဖွဲ့၏ အဓိက မစ်ရှင် ကို မထိခိုက်သရွေ့ သူတို့က ဝင်ပါမည် မဟုတ်ပေ ။

အဖွဲ့သားသည် ကြောက်လန့်သွားကာ မသိလိုက်မသိဘာသာဖြင့် ခရော့စ်အား ကြည့်လိုက်သည် ။ ခရော့စ်က သူ့လက်နှစ်ဖက်အား အနောက်သို့ ပို့လိုက်ကာ မျက်ခုံးပင့်လိုက်သည် ။ " အဖွဲ့ အမှတ်စဉ် - ၉ က လူတွေ.. မှတ်ထား! ဒီနေ့ကစပြီး.. တစ်ယောက်က မင်းတို့ကို အနိုင်ကျင့်ရင် မင်းတို့က ကိုယ်တိုင် တုန့်ပြန်ရမယ် .. ကျန်တဲ့သူတွေ ပါလာရင် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါက ကာကွယ်ပေးမယ် ..."

သူ့စကားများကြားသည့် လူတိုင်း ခေါင်းထဲတွင် အတွေးတစ်ခုသာ ပေါ်လာခဲ့သည် ။ ' မင်းက အရင်က ဖင်တုန်အောင်ကြောက်နေပြီး အခုမှ ဘာ ကြီးကြီးကျယ်ကျယ်တွေ လာလုပ်နေတာလဲ ' ဟုပင် ။

သို့သော် မျက်စိရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းက သူတို့အား ကြက်သေသေသွားစေသည် ။ ခရော့စ် သည် သူ့ရဲ့ ဖြောင့်တန်းသည့် ခြေထောက်နှစ်ဖက်ကို လှုပ်ရှားပြီး တဖက်လူများအား အသာအယာ ကန်နေသည်ကို တွေ့လိုက်ရသည် ။ အကန်ခံရသူများသည် ယာဉ်တစ်စီးဖြင့် အတိုက်ခံလိုက်ရသည့်အလား လွင့်ထွက်သွားကြသည် ။ အံ့ဩစရာကောင်းစွာ ခရော့စ်သည် သူ့လက်နှစ်ဖက်ကိုပင် အသုံးမပြုခဲ့ပေ ။

သူ၏ခြေလှမ်းတိုင်းသည် စီးချက်ကျသည့် ကကွက်တစ်ခုအလား သေသပ်နေကာ မြန်ဆန်လှသလို တချိန်တည်းမှာပင် နှေးကွေးသည်ဟု ထင်မှတ်ရသည် ။ လီယောင်သည် တုန့်ပြန်ချိန်ပင် မရဘဲ .. ဆက်တိုက် အကန်ခံနေရသည် ။ ခပ်ဝေးဝေးကနေ အရိုးအက်သံ သဲ့သဲ့ကိုပင် ကြားနေရသယောင်။

အဖွဲ့ကိုးမှ အဖွဲ့ဝင်များ - "..." ငါတို့ ခေါင်းဆောင်က အဲ့လောက် အံ့ဩစရာကောင်းတာလား ??

___________________________
🙄 စာလုံးရေ များသဝါးပြီ.. ❤️

____________________________________

Continue Reading

You'll Also Like

227K 15.7K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
508K 31.3K 50
"မင်းချစ်သူမောင် !!!" "အင်း....မင်းချစ်သူ~~~~~မောင် လေ" "မင္းခ်စ္သူေမာင္" "အင္း....မင္းခ်စ္သူ....ေမာင္ေလ..."
302K 24.3K 29
Mini Story Uni Life Style Sweet Romance