(Completed) ရူရိ/႐ူရိ (MM tra...
By MayKingMK119
920K 73.8K 897
ဘာသာျပန္သူ - May King *မင်း တစ်ခါမှ မပိုင်ဆိုင်တဲ့အရာကို ဘယ်လို ဆုံးရှုံးနိုင်မှာလဲ။ *သူများ သနားတာကို လိုချင... More
Ruyi_ Chapter (1-5) _ (Unicode)
Ruyi_ Chapter (1-5) _ (Zawgyi)
Ruyi_ Chapter (6-10) _ (U)
Ruyi_ Chapter (6-10) _ (Z)
Ruyi_ Chapter (11-15) _ (Unicode)
Ruyi_ Chapter (11-15) _ (Zawgyi)
Ruyi _ Chapter (16-20) (Unicode)
Ruyi _ Chapter (16-20) (Zawgyi)
Ruyi_ Chapter (21-24) _ (U)
Ruyi_ Chapter (21-24) _ (Z)
(U) Ruyi _ Chapter (25)_ ရေချိုးခြင်း
(Z) Ruyi _ Chapter (25)_ ရေချိုးခြင်း
(U) Ruyi _ Chapter(26)_ အစားထိုးလို့မရနိုင်သော
(Z) Ruyi _ Chapter(26)_ အစားထိုးလို့မရနိုင်သော
(U) Ruyi _ Chapter (27)_ နူးညံ့သိမ်မွေ့စွာ ဆက်ဆံခြင်း
(Z) Ruyi _ Chapter (27)_ နူးညံ့သိမ်မွေ့စွာ ဆက်ဆံခြင်း
(U) Ruyi _ Chapter (28) _သာယာမှုနဲ့ ညည်းညူမိခြင်း
(Z) Ruyi _ Chapter (28) _သာယာမှုနဲ့ ညည်းညူမိခြင်း
(U) Ruyi _Chapter (29+30)
( Z) Ruyi _Chapter (29+30)
(U) Ruyi _Chapter (31+32)
(Z) Ruyi _Chapter (31+32)
Chapter (33)_ ထိုအမျိုးသမီးများ
(U+Z) Ruyi _ Chapter (34)_ ဟိုင်ကျင်း နယ်စားမင်း
Ruyi _Chapter (35)_ လျှို့ဝှက်ထားသည့် အငယ်ဆုံးသမီးလေး
Chapter (36)_ မင်းကို ဘယ်သူနဲ့မှ တွဲပြီး မတွေ့ချင်ဘူး ...ကိုယ့်ရဲ့ ရူရိလေး
(U+Z) Chapter (37)_ဟိုင်ကျင်းနယ်စားမင်းရဲ့ဝမ်ဖေးလေး
Chapter (38)_ လျှို့ဝှက်ထားတဲ့ အလှတစ်ပါး (U+Z)
Chapter (39)_ မင်းရွေးမယ့်လူက နေမင်းကြီးလား... လမင်းလား
Chapter (40)_ အကောင်းဆုံးသော သမီး
Chapter (41)_ ခင်ဗျားတို့ သူ့ကို လွမ်းနေမှာပေါ့.....
Chapter (42)_ စိတ်ရှုပ်ထွေးခြင်း
Chapter (43)_ ဘာကိုမှ မလိုချင်သူ ဝမ်ဖေးလေး...
Chapter (44)_ လီအမတ်အိမ်တော်ကို ပို့ခိုင်းသည့် လက်ဆောင်များ
(U+Z) Chapter (45)_ လျစ်လျူရှုလိုက်....
(U+Z) Chapter (46)_ မင်း ဆန္ဒမရှိရင်...ဘာမှ လုပ်စရာမလိုဘူး
Chapter (48)_ အမတ်ကြီးလီ၏ သမီးချောများ
Chapter (49)_ ဝမ်ဖေးကို အထိ မခံသည့် နယ်စားမင်း...
Chapter ( 50) - အသင့်တော်ဆုံးသော ကြင်ယာတော် ..
Chapter (51) - ဟိုင်ကျင်းနယ်စားမင်း တောင်းဆိုသည့် အခြေနေ သုံးရပ်
Chapter (52) - ခင်ဗျားကို ချစ်စေချင်တာလား...
🚨Chapter (53)_ မင်းအလိုရှိတာ မှန်သမျှ ကိုယ်ဖြည့်ဆည်းပေးမယ်🚨
Chapter (54) _ ခရီးထွက်ရန် အဆင်သင့်ဖြစ်နေပြီ....
Chapter (55) _ ဝူရှီးပြည်ကိုသွားသည့် ခရီးစဉ်
Chapter (56)_ ဓါးပြများနှင့် တွေ့ဆုံခြင်း
Chapter (57) _ ကိုယ့်အနားမှာပဲနေပါ
Chapter (58) _ ခမည်းတော်ရေးစပ်ခဲ့သည့် တေးသီချင်း
Chapter (59)_ ချောက်ကမ်းပါးထက်မှ စံအိမ်တော်ကြီး
Chapter (60)_ ဝူရှီးနန်းတော်
Chapter (61)_မင်းသား ဝူကျန့် (U+Z)
Chapter (62)_ သဘောတူတူ၊ မတူတူ (U+Z)
Chapter (63)_ မိဖုရားခေါင်ကြီး အနှစ်သက်ဆုံး ဖြစ်သော မင်းသမီးတင်းတင်း (U+Z)
🚨Chapter (64)_ ချောက်ကမ်းပါးဘေးက အခန်း (U+Z)🚨
Chapter (65)_ အကြည့် (U+Z)
Chapter (66) - The Empress - ဧကရီမိဖုရားခေါင်ကြီး
Chapter (67) - သူမရဲ့နောက်ခံအခြေနေ
🚨Chapter (68) - ဒီတစ်ဘဝလုံးမှာ ....
Chapter (69) - မျက်နှာဖုံးစွပ်နှင့်လူ
Chapter (70) - ပုန်ကန်ခြင်း
Chapter (71) - သူတို့တတွေ.....
Chapter (72) _ ဝူကျန့်ကို ဒီနည်းနဲ့ ထပ်မစမ်းသပ်နဲ့.....
Chapter (73) - ကိုယ် မင်းကို အျမဲတမ်း ဝွက္ထားခ်င္တယ်
Chapter (74) - မင်းကြီး၏မွေးနေ့ပွဲဆီသို့
Chapter (75) - နဂါးနှင့် ဖီးနစ် တံခါးဝဆီသို့
Chapter (76) - ရှေ့သို့ တလှမ်းတိုးခြင်း
Chapter (77) - ဖြတ်ခနဲမြင်လိုက်ရသည့် အလှတရား
Chapter (78) - ငါ့ ဝမ်ဖေးကို ထိရဲသလား...
Chapter (79) - ကြောက်ရွံ့ခြင်း ကင်းသည့် ဇာမဏီ
Chapter (80) - မင်းသားဝူကျန့်ကို ရန်စခြင်း
Chapter (81) - ဝမ်ဖေး စပ်ဆိုသည့် ကဗျာတစ်ပုဒ်
Chapter (82) - မင်းသားဝူဟိုင်ချွမ်၏ ကဗျာကို ပြန်လည်ဖော်ပြခြင်း
Chapter (83) - ဒါက ကံကြမ္မာလား
Chapter (84) - မင်းသမီး ချွမ်ရိ
Chapter (85) - ဒုတိယနေ့
Chapter (86) - ပထမအဆင့် မင်းသမီး
Chapter (87) - ဟင်းပွဲတစ်ရာ
Chapter (88) - ကောင်းကျိုးနှင့် ဆိုးကျိုး
Chapter (89) - ပထမမင်းသမီးဘွဲ့ကို မလိုချင်တော့ဘူး....
Chapter (90) - ဧကရီ ကြွချီလာခြင်း
Chapter (91) - စည်းမျဉ်းကို လက်တလုံးခြား လှည့်စားချင်သော ဧကရီ
Chapter (92) - စိတ်ပြောင်းသွားခြင်း
Chapter (93) -ရူရိရဲ့ လောဘ
Chapter (94) - ဝူကျန့်လည်း ရူရိကို လက်မလွှတ်နိုင်ဘူး...
Chapter (95) - ဖိအား မပေးပါနဲ့....
Chapter (96) - အရည်ချင်းလား၊ မကောင်းတဲ့လွှမ်းမိုးမှုလား....
Chapter (97) - အသစ်ဖော်စပ်ထားတဲ့ ဆေး...
Chapter (98) -သည်းခံခြင်း
Chapter (99) - ဝမ်ဖေးအပေါ် သည်းသည်းလှုပ်သည့် မင်းသားဝူကျန့်
Chapter (100) - အချစ်ဌက် နှစ်ကောင်
Chapter (101) - လျှို့ဝှက် အကြံစည်
Chapter (102) - မြေးအဖွားကြား ဖြောင့်ဖြပေးခြင်း
Chapter (103) - မိမိကိုယ်ကို ထိန်းသိမ်းခြင်း
Chapter (104) - ဝမ်ဖေးနဲ့ရင်သွေးလေးကို ပိုပြီး သတိထားရုံလေးပါ...
Chapter (105) - မာနကြီးသည့်ဧကရီနှင့် မာနာကြီးသည့် မင်းသား
Chapter (106) - ကဗျာ ဖလှယ်ကြခြင်း
Chapter (107) - ကြာပန်း ဥယျာဉ်
Chapter (108) - သူမရဲ့ အလှတရား
Chapter (109) - ဂရုတစိုက်လုပ်ရမယ့် အစီအစဉ်
Chapter (110) - အိပ်ယာထဲတွင် စာဖတ်ခြင်း
Chapter (111) - ချစ်စရာ ကလေးင်္အကျီလေးများ
Chapter (112) - ပုရှီးပြည်မှ အထူးကိုယ်စားလှယ်
Chapter (113) - ဘာကြောင့်...သူမ ဖြစ်ရတာလဲ ?
Chapter (114) - မွေးချိန်ရောက်ဖို့ နှစ်လ လိုသေးတယ်
Chapter (116) - ဖြူဖျော့နေသည့် ဝမ်ဖေး
Chapter (117) - ဝမ်းနည်းပက်လက် ငိုကြွေးခြင်း
Chapter (118) - ရူရိ ရုပ်ဆိုးသွားပြီ
Chapter (119) - ဝမ်းနည်းမှုများ......
Chapter (120) - အဓိပ္ပါယ်မဲ့သော ဘွဲ့ထူးများ
Chapter (121) - အချိန်ကျပြီ...
Chapter (122) - ထိပ်တိုက်ရင်ဆိုင်ခြင်း
Chapter (123) - အမှန်တရား
Chapter (124) - ရှစ်ဟုန်ဖုန်းမြန်
Chapter (125) - ဧကရီရဲ့ရွေးချယ်မှု
Chapter (126) - ဘယ်တော့မှ ခွင့်မလွှတ်ဘူး...
Chapter (127) - နောက်ဆုံး ကူညီပေးခြင်း
Chapter (128) - Daffodil (စွေစန်းဟွား)
Chapter (129) - မိသားစု
(U) Chapter (130) - ချောမောတဲ့ ကလေးလေး
(Z) Chapter (130) - ချောမောတဲ့ ကလေးလေး
Chapter (131) - ကျွီးရိကို လူတိုင်းချစ်ခင်ပါစေ......
Chapter (132) - ကိုယ့်ရဲ့ ရူရိလေး
Chapter (133) - နှစ်ဦးသားအတွက် ငါးမန်းတောင်စွပ်ပြုတ်
(Unicode) ကျွီးရိ
(Zawgyi Version) ကြ်ီးရိ
ကျေးဇူးတင်ခြင်း/ကျေးဇူးတင်ခြင်း
(U+Z) Chapter (47)_ ဟိုင်ကျင်းနယ်စားမင်း၏ ဆုံးမစကား
7.1K 665 7
By MayKingMK119
(U+Z) Chapter (47)_ ဟိုင်ကျင်းနယ်စားမင်း၏ ဆုံးမစကား
လုံခြုံရေး တင်းကျပ်ပြီး ရှုပ်ထွေးသည့် ဖွဲ့စည်းပုံရှိသည့် ဟိုင်ကျင်းနယ်စားမင်း အိမ်တော်နှင့် ယှဉ်ရင် လီအမတ်ကြီး အိမ်တော်ရဲ့ ဖွဲ့စည်းပုံက အတော်ကို ရိုးရှင်းပါသည်။ စစ်ဗျူဟာသမား ဖြစ်သည့် ဝူကျန့်က ပထမဆုံး အကြိမ်ရောက်လာတာ ဖြစ်ပေမယ့် သူ ဘယ်ကို သွားရမည်ကို သိနေသည်။
လမ်းပြမလိုပဲ သူက အမတ်ကြီးလီတို့ စောင့်နေသည့် အဓိက ခန်းမဆောင်ကို ရောက်အောင်လာနိုင်ခဲ့သည်။
ပင်မခန်းမဆောင်၏ စားပွဲထိပ်တွင် ပတ်ဝန်းကျင်ကို လျစ်လျူရှုကာ လက်ဖက်ရည် သောက်နေသော အမတ်ကြီးလီကို မြင်သောအခါ ဝူကျန့်ရဲ့ နှုတ်ခမ်းက မဲ့သွားလိုက်သည်။
အမတ်ကြီး၏ ဘေးတွင် အမတ်ကြီး၏မိခင်ဖြစ်ဟန်တူသည့် အဖွားကြီးတစ်ယောက်က မျက်နှာသေဖြင့် ထိုင်နေသည်။ ခန်းမထဲက အခြားခုံများတွင် အမတ်ကြီး၏သားများက ပျင်းရိဟန်ဖြင့် ထိုင်နေသည်။ တချို့က စိုးထိတ်နေဟန်ပေါ်သည်။
"အမတ်ကြီးတို့ အိမ်တော်က ကြိုဆိုပုံက အတော်လေးကို တိတ်ဆိတ်တာပဲနော်...."
တံခါးဝတွင် သူ့ဝမ်ဖေး၏လက်ကို ဆုပ်ကိုင်ကာ ရပ်နေသော ဟိုင်ကျင်းနယ်စားမင်းကို မြင်လိုက်ရချိန်မှာ အံ့သြလို့ အမတ်ကြီးလီက ပါးစပ်ထဲက လက်ဖက်ရည်ကို ထွေးထုတ်လုနီးပါးဖြစ်သွားသည်။
နယ်စားမင်း ရောက်ရှိကြောင်း ဘယ်အစေခံကမှ မကြေငြာကြပါလား....
အမတ်ကြီးလီ၏ မိခင် အဖွားကြီးက ချောမောခန့်ညားလွန်းသည့် နယ်စားမင်း၏ရုပ်ရည်ကို မြင်လိုက်ရချိန်မှာ မျက်လုံးပြူးသွားခဲ့သည်။
သူမရဲ့ မြေးမ အားလုံး ဘာကြောင့် ဒီယောကျာ်းကို အသည်းအသန် ဖြစ်နေသည်ကို သဘောပေါက်သွားခဲ့သည်။
အမတ်ကြီးလီ၏သားများသည် နယ်စားမင်းကို မြင်လိုက်ရချိန် အလန့်တကြား မတ်တပ်ရပ်လိုက်မိသည်။ သူတို့က နယ်စားမင်း နှင့် အရွယ်မတိမ်းမယိမ်းဖြစ်ပေမယ့် အဆင့်အတန်းနှင့်အရည်အချင်းကွာဟမှုက ကြီးမားလှသည်။ နယ်စားမင်း အဆင့်နှင့် အမတ်ကြီး၏သားဆိုတာ အရမ်းကို ကွားခြားလှသည် မဟုတ်လား။
ဟိုင်ကျင်းနယ်စားမင်းရဲ့ အရည်အချင်းက သူတို့ကို သိမ်ငယ်စိတ်ဝင်လာစေသည်။
"အစေခံတွေ ဘယ်မှာလဲ!?"
အမတ်ကြီး၏ အမေးမဆုံးခင် သူ့အိမ်တော်က အစေခံတစ်စုက ခန်းမဆောင်ထဲကို အပြေးအလွှားဝင်လာကြသည်။
ဟိုင်ကျင်းနယ်စားမင်းက သူ့ဝမ်ဖေးရဲ့လက်ကို အသာယာပွတ်သပ်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။
"အမတ်ကြီးရဲ့ လူတွေ ကြိုဆိုနေတဲ့ပုံစံက အတော် ရယ်စရာကောင်းတာပဲ။ အားလုံး အိမ်ပေါက်ဝမှာ ငါးတွေလို ပါးစပ်အဟောင်းသားနဲ့ ဘာမှမပြောပဲ ရပ်နေကြတယ်..... "
ဟို်င်ကျင်းနယ်စားမင်းက သူ့ ဝမ်ဖေးကို ခုံတစ်ခုတွင် နေရာချပေးပြီးမှ ဝမ်ဖေးဘေးတွင် ဝင်ထိုင်လိုက်သည်။ နယ်စားမင်း၏ သီးသန့်အစေခံက နယ်စားမင်း၏နားနားကပ်ကာ တစ်စုံတစ်ရာကို တီးတိုး လျှောက်တင်လိုက်သည်။
ဟိုင်ကျင်းနယ်စားမင်းက ခေါင်းတစ်ချက်သာ ဆတ်ပြလိုက်ပြီး ထိုင်ခုံတွင် သက်သောင့်သက်သာ ပြန်ထိုင်လိုက်သည်။ နယ်စားမင်း၏ နောက်ကျောမှ ကိုယ်ဟန်ဖြောင့်မတ်စွာ ရပ်နေသည့် အစေခံများနှင့် ကိုယ်ရံတော်များကြောင့် ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေပြီး လေထုက သာမန်ထက် လေးလံလို့နေသည်။
"အမတ်ကြီးလီ...ဧည့်သည်ကို လက်ဖက်ရည်နဲ့တောင် ဧည့်မခံတာကတော့ ရိုင်းသွားပြီလို့ မထင်ဘူးလား။ အမတ်ကြီးက ကြင်နာတတ်တဲ့ သခင်ဖြစ်နေလို့သာပေါ့။ ဒီနယ်စားမင်းရဲ့အိမ်တော်မှာဆိုရင်တော့ တာဝန်မကျေတဲ့ အစေခံကို မထားတတ်ဘူး "
အမတ်ကြီးလီ၏ မျက်နှာသည် ရှက်စိတ်ကြောင့် နီရဲသွားပြီး ယခုထိ ဘေးမှာ ငေးမောကာ မတ်တပ်ရပ်နေသော အစေခံများကို မျက်စောင်းထိုးကာ ခပ်ထန်ထန် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ရဲ့ အစေခံတွေကြားက ကွာဟချက်ကို ခုလို တဲ့တိုးထောက်ပြတာကို အမတ်ကြီးက အနာကြီးနားကာ ဟိုင်ကျင်းကို မုန်းတီးလာသည်။
"နယ်စားမင်းအတွက် လက်ဖက်ရည် ဆက်သစမ်း! အခုချက်ချင်းလုပ်...."
အမတ်ကြီးက အရှက်ပြေ သူ့အစေခံကို လေသံမာမာနှင့် ဟိန်းဟောက်ကာ အမိန့်ပေးလိုက်သည်။
အမတ်ကြီး၏ လေသံထဲက ဒေါသကို ခံစားမိသော အစေခံများက ခန်းမထဲက လျင်မြန်စွာ ထွက်ခွာသွားသည်။ ခဏကြာတော့ လှပသော အစေခံတစ်ယောက် ပြန်ပေါ်လာပြီး ဟိုင်ကျင်းနယ်စားမင်းရှေ့တွင် တုန်ယင်စွာ မတ်တပ်ရပ်ကာ လက်ဖက်ရည် ဆက်သလိုက်သည်။
နတ်ဆိုးတစ်ပါးလို ချောမောခန့်ညားပြီး အင်အားကြီးမားသော နယ်စားမင်းကို အနီးကပ် မြင်ရသည့်အခါ သူမက စိတ်လှုပ်ရှားလွန်းလို့ လက်ထဲမှာကိုင်ထားသည့် လက်ဖက်ရည်ဗန်းက တဆတ်ဆတ် တုန်ခါနေသည်။ နယ်စားမင်းက တုန်ယင်နေသော အစေခံကို တစ်ချက်လေးတောင် စောင်းငဲ့ မကြည့်ပဲ လက်ဖက်ရည်ခွက်ကို ယူပြီး ဝမ်ဖေးလက်ထဲသို့ ထည့်ပေး လိုက်သည်။
" ရူရိလေး...သောက်လိုက်ဦး..."
ဝူကျန့်က ရူရိ ၏ သေးသွယ်ပြီး လှပသော လက်လေးကို အသာဆွဲယူကာ လက်ဖက်ရည်ခွက်ကို ဂရုတစိုက် ထည့်ပေးလိုက်သည်။
ဝမ်ဖေးကို ပြုံးပြလိုက်သော ဟိုင်ကျင်းနယ်စားမင်း၏ အပြုံးကို မြင်တော့ ထိုအစေခံမလေးက မင်သက်ကြောင်ငေးကာ မတ်တပ်မေ့သလို ဖြစ်နေသည်။
သူမလက်ထဲက ဗလာဖြစ်နေသော လက်ဖက်ရည်ဗန်းကို ကြည့်မိပြီး ဟိုင်ကျင်း နယ်စားမင်း၏ မျက်နှာက ဒေါသဖြင့် မည်းမှောင် လာခဲ့သည်။
"အမတ်ကြီးလီရဲ့ အိမ်တော်က တစ်ကယ့်ကိုပါပဲ...ဧည်သည်ကို လက်ဖက်ရည်တစ်ခွက်တည်းနဲ့ ဧည့်ခံတာက အမတ်ကြီးတို့ အိမ်တော်ရဲ့ အစဉ်အလာပဲလား...."
သူ့ကို ငေးမောနေသော အစေခံကို လျစ်လျူရှုကာ နယ်စားမင်းက အမတ်ကြီးကို ကြည့်ကာ အပြစ်တင်စကားဆိုလိုက်သည်။
ဟိုင်ကျင်းနယ်စားမင်း၏ အသံကိုကြားလိုက်ရမှ အစေခံက သူမရဲ့ အမှားကို သိလိုက်ကာ မျက်နှာရဲခနဲဖြစ်ကာ ဖြူဖျော့သွားအောင် ကြောက်လန့်သွားခဲ့သည်။ သူမက ကပျာကယာ တောင်းပန်စကားပြောပြီး ခန်းမထဲကနေ အမြန်ပြေးထွက်သွားခဲ့သည်။
"အင်း...အမတ်ကြီးလီရဲ့ အိမ်တော်က တကယ့်ကိုပါပဲ....အိမ်တော်ကြီးရဲ့ အရှင်သခင်အနေနဲ့ ခုလို ပျင်းရိတဲ့အစေခံတွေကို မထားသင့်ဘူး။ မဟုတ်ရင် သူတို့က ပိုပို ပျင်းရိလာပြီး အမတ်ကြီးရဲ့ အိမ်တော်ကို ဝါးမြိုသွားလိမ့်မယ်...."
ဟိုင်ကျင်းနယ်စားမင်းက ဒေါသထွက်ပေမယ့် အသံမထွက်နိုင်သည့် လီအမတ်ကြီးရဲ့မျက်နှာကို စိုက်ကြည့်ကာ သက်တောင့်သက်သာဖြင့် ဆုံးမ စကားပြောလိုက်သည်။
နယ်စားမင်းက သူ့အဖေအရွယ်လောက် ရှိနေသည့် အမတ်ကြီးကို မညှာမတာ ဆုံးမ စကားပြောလိုက်သည်။ အမတ်ကြီးက အသက်ကြီးပေမယ့် နယ်စားမင်းက သူ့ထက် အသက်ကြီးသည့် ယောက္ခမ မဟုတ်သည့်အတိုင်း အားမနာတမ်း အထက်စီးဖြင့် ပြောဆို ဆက်ဆံလိုက်သည်။
အမတ်ကြီးက ကုလားထိုင် လက်တန်းကို လက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသကို မနည်းထိန်းနေရသည်။ ပြီးတော့ ဖျစ်ညစ်ပြုံးကာ နယ်စားမင်း ၏ အကြံဉာဏ်အတွက် ကျေးဇူးတင်စကားဆိုလိုက်သည်။
*******-*********
"အစေခံတွေ ဘယ်မှာလဲ!?"
" ရူရိလေး...သောက်လိုက်ဦး..."
*******-*********
Continue Reading
You'll Also Like
4.4M 500K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
311K 30.8K 128
Translation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collection Team' on Fb💛 Every Tuesday & bonus...
193K 19.1K 34
ရယ်စရာ ကောင်းတဲ့ ဂျိုဝီ နဲ့ တုံဏှိဘာဝေ နေတတ်တဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်း မစ္စတာ အက်ဖ် တို့ ရဲ့ အကြောင်းလေးပါ။ မူရင်း ရေးသူက - Qiao Yi Alternati...
574K 66.9K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...