ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

843K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.6.20 End

3.6K 569 71
By devil61002

" ခံတပ္ကို သြားရေအာင္ .. " ရြမ္းရီ က ေခါင္မိုးထပ္တံခါးကို တြန္းဖြင့္လိုက္ရင္း အေဆာက္အအံုေပၚမွ ၿမိဳ႔‌တစ္ခုလံုးကို ၿခံဳငံုၾကၫ့္ေနသၫ့္ သူအား ေျပာလိုက္သည္ ။ လက္ရိွ ၿမိဳ႔တစ္ခုလံုး အနီေရာင္အဆင့္ သတိေပးခ်က္ ထုတ္ထားၿပီး ျဖစ္ကာ အစိုးရက virus ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ ။ အခု လူတိုင္း လံုၿခံဳေရး ခံတပ္မ်ားကိုသာ အားကိုးႏိုင္ေလသည္ ။

စီရန္ယြီက ျဖတ္တိုက္လာသၫ့္ ေလေျပအား တစ္ခ်က္ရႈသြင္းရင္း စိတ္လိုလက္ရၿပံဳးလိုက္သည္ ။ လက္ႏွစ္ဖက္ကို ေဘးသို႔ ဆန႔္ထုတ္လိုက္ရာ ပုခံုးေပၚတင္ရံု တင္ထားသၫ့္ အနက္ေရာင္ကုတ္အရွည္က ေလနဲ႔အတူ လြင့္ေမ်ာေနသၫ့္ဟန္။ လြတ္လပ္မႈကို ခံစားေနပံုရေသာ္လည္း တခ်ိန္တည္းမွာပင္ အထီးက်န္ဆန္ေနပံုရသည္ ။

ေတာင္ကုန္းတစ္ခုေပၚတြင္ ေနဝင္ခ်ိန္ကို ေငးၾကၫ့္ေနသၫ့္ အနက္ေရာင္ဝတ္စံုနဲ႔ လူတစ္ေယာက္ ၏ပံုရိပ္က သူ႔ေခါင္းထဲတြင္ ခ်က္ခ်င္း ေပၚလာခဲ့သည္ ။

ရုတ္တရက္ေပၚလာသၫ့္ ပံုရိပ္ေၾကာင့္ ရြမ္းရီက သူ႔ေခါင္းသူ ဖိကိုင္လိုက္ရသည္ ။ " ခမ်ား.. ခမ်ားက တကယ္တမ္း ဘယ္သူလဲ .. "

" အယ္.. ေမ့သြားျပန္ၿပီလား .. ကိုယ္က မင္းရဲ့ခ်စ္သူေလ.." စီရန္ယြီက ႏူတ္ခမ္းတြန႔္လိုက္ရင္း မ်က္လံုးျပဴးကာ ေျပာလိုက္သည္။ သူက အလြန္အမင္း မယံုၾကည္ႏိုင္ျဖစ္ေနသၫ့္ အမႈအရာကို ထုတ္ေဖာ္လ်က္ ။

" မျဖစ္သင့္ဘူးေလ.. စိတ္စြမ္းအား မလံုေလာက္ေသးလို႔လား .." စီရန္ယြီက လက္ႏွစ္ဖက္ကို အေနာက္သို႔ ပို႔လိုက္ကာ ရြမ္းရီအား အနီးကပ္ေလ့လာလိုက္သည္ ။ သူ႔မ်က္ႏွာထက္တြင္ စေနွာက္က်ီစယ္သၫ့္ အၿပံဳးကို ဆင္ျမန္းထားခဲ့သည္။

" ေန..‌ေနပါဦး! မ်က္ႏွာႀကီးကို ဆုတ္စမ္း!! " ရြမ္းရီက မ်က္ေမွာင္ၾကဳတ္လိုက္ကာ စီရန္ယြီကို တြန္းဖယ္လိုက္သည္။ သို႔ေသာ္ သူ႔လက္မ်ားကို ဆုပ္ကိုင္ခံလိုက္ရကာ ျပန္ဆြဲဖက္ခံလိုက္ရသည္ ။

" ခနေလး.. ဒီတိုင္းေလး .. " တြန္းထုတ္ရန္ ႀကံေနသၫ့္ လက္မ်ားက ခနတာ ရပ္တန႔္သြားၿပီး ရြမ္းရီ၏ စိတ္ထဲတြင္ ပံုရိပ္မ်ား လ်င္ျမန္စြာ ေပၚလာခဲ့သည္ ။ ။ ရြမ္းရီက အသက္မပါသၫ့္ ေလသံျဖင့္ ျပန္ေမးလိုက္သည္ ။ " ထပ္ၿပီး!! ထပ္ၿပီးလား !! "

" ဖယ္စမ္း!!!! " ရြမ္းရီ၏ မ်က္ႏွာက ခက္ထန္လာကာ စီရန္ယြီ၏ ရင္ဘတ္အား ထိုးႏွက္လိုက္ၿပီး တြန္းဖယ္လိုက္သည္ ။ သူက မ်က္ဝန္းမ်ားက နာက်င္မႈမ်ားျပၫ့္ႏွက္ေန‌ကာ အသံက အက္ကြဲ‌ေနၿပီး ေဒါသနဲ႔ နာက်င္မႈတို႔ ေရာယွက္ေနသည္။

" မင္း... မင္း အၿမဲတမ္း ဒီတိုင္းဘဲေျပာတတ္တယ္.. " သူက လက္ညိုးထိုးကာ နာက်ည္းစြာ ေျပာလိုက္သည္ ။ " ဒါၿပီးရင္ ထြက္သြားဦးမွာဘဲမလား.. ထပ္ၿပီး ငါ့ကို ဒီတိုင္း ထားခဲ့ဦးမွာဘဲ မလား..ဟမ္!!... ရွန္ယိ!! တာဝန္မယူတတ္တဲ့ေကာင္!! "

စီရန္ယြီ၏ အၿပံဳးက ေတာင့္တင္းသြားသည္။ " ရီ!! မင္း..." သူစကားေျပာခ်င္ေနေသာ္လည္း ေျပာမထြက္နိုင္ျဖစ္ေနသည္ ။ ရြမ္းရီဆိုတဲ့ နာမည္က တိုက္ဆိုင္မႈ တစ္ခု မဟုတ္ဘူးလား..။

" လုရီ...ငါ့ရဲ့ ဒီဘဝက နာမည္က လုရီ!! ရြမ္းရီ ဆိုတာ စိတ္ထဲ မေနႏိုင္လို႔ ေျပာင္းထားတဲ့ နာမည္တစ္ခုဘဲ .. ေန့တိုင္း အိမ္မက္ထဲမွာ ဆက္တိုက္ၾကားေနရတဲ့ အဲ့ဒီနာမည္ .. ကိုေလ.."

ရြမ္းရီသည္ စီရန္ယြီ၏ အက်ႌအား ဆုပ္ကိုင္ကာ ဆြဲမ လိုက္ကာ ေအာ္ဟစ္လိုက္သည္ ။ " ထပ္ၿပီး .. ဘာလုပ္ဖို႔ ေတြးေနျပန္တာလဲ .. အရူးရဲ့!!! "

' ဘာလဲ! ငါ့တြက္ခ်က္မႈက မွားယြင္းသြားတာလား ?? .. ရီ က အဲ့ဘဝကို ဘာလို႔ သတိရေနရတာလဲ .. ပံုရိပ္ေယာင္တစ္ခုအေနနဲ႔.. ဒါက လုပ္ႏိုင္စြမ္းကို ေက်ာ္လြန္သြားၿပီ..' စီရန္ယြီ၏ မ်က္ဝန္းမ်ားက ျပဴးက်ယ္သြားကာ စိတ္ဝင္စားစြာ ၾကၫ့္လိုက္သည္ ။ ' Oh!!! မိုက္တယ္..'

ရြမ္းရီသည္ သူ႔ေရ႔ွက ဒီလူအား မၫွာမတာ ရိုက္ႏွက္ပစ္ခ်င္လွသည္ ။ ဆုပ္ကိုင္ထားသၫ့္ လက္မ်ားက တင္းၾကပ္သြားကာ အတိတ္ကို ျပန္ေတြးမိလိုက္သည္ ။ အန္းဇယ္ရီ၏ ေသဆံုးမႈက သူ႔ကို လႈပ္ႏိုးလိုက္သလို မွတ္ဉာဏ္မ်ား တစ္ခုၿပီး တစ္ခုေပၚလာခဲ့သည္ ။ သူ႔စိတ္ထဲတြင္ ေနာက္ဘဝတြင္ ဒီလူနဲ႔ ျပန္ေတြ့ရမည္ဟု ယံုၾကည္ေနခဲ့ျခင္းေၾကာင့္ ကိုယ့္ဘာသာ သတ္ေသခဲ့သည္ ။

ဘယ္သူသိမည္နည္း .. ေသၿပီးေနာက္ သူက အဆံုးမရိွသၫ့္ အေမွာင္ထဲသို႔ က်ေရာက္သြားခဲ့မည္ဟု ။ သူ႔ပတ္ဝန္းက်င္တြင္ အလင္းေရာင္ေတာက္ပေနသၫ့္ ဂဏန္းမ်ား တန္းစီ လွၫ့္ပတ္ေနၿပီး သူသည္ ထိုအခ်ိန္က ေလာကႀကီး၏ တုန္လႈပ္ဖြယ္ အမွန္တရားကို သိရိွခဲ့သည္ ။ သူတို႔ဟာ တစ္စံုတစ္ေယာက္ေရးလိုက္တဲ့ .. code မ်ားျဖစ္သည္ဆိုသၫ့္ အမွန္တရား ကို သိလိုက္ရသၫ့္အခ်ိန္တြင္ သူက သိပ္မအံ့ဩခဲ့ေပ ။ သူ႔အတြက္ ထိုအရာက ထူးဆန္းေသာ္လည္း သူ႔ခ်စ္သူက ပိုဆန္းၾကယ္ေနေသာေၾကာင့္ပင္ ။

အေမွာင္ထဲမွာ သူ႔အတြက္ ဦးတည္ရာမရိွခဲ့ေပ ။ ေလ်ွာက္သြားေနခဲ့ရင္း မွတ္ဉာဏ္မ်ားက မရိွသင့္တဲ့ အရာသကဲ့သို႔ တစ္ေယာက္ေယာက္က ဖ်က္လိုက္သကဲ့သို႔ ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္လာခဲ့သည္ ။ သူက တစ္စံု‌တစ္ေယာက္ကို ရွာေဖြရမည္ကို သိေသာ္လည္း ထိုသူက ဘယ္သူလဲ ၊ ဘယ္လိုပံုစံရိွသလဲ မမွတ္မိေတာ့ေပ ။ သူမွတ္မိသည္က သူ႔ကိုယ္ထဲက အလင္းေလး ထြက္ေပၚလာၿပီး ထိုအလင္းေနာက္ကို လိုက္ပါသြားရမည္ဆိုတာကိုသာ သိေတာ့သည္။

စီရန္ယြီသည္ ရြမ္းရီ၏ ေခါင္းေလးအား အသာပုတ္ရင္း ခပ္ဖြဖြ ၿပံဳးလိုက္ကာ " ကိုယ့္ေၾကာင့္ ..အရမ္းခက္ခဲခဲ့တာဘဲ "

" ဘယ္သူ႔ကို လာႏွစ္သိမ့္ေန‌တာလဲ .. သြားစမ္းပါ !! " ရြမ္းရီ စီရန္ယြီ၏ လက္အား ပုတ္ထုတ္လိုက္သည္ ။

ဒုန္း!! ဒုန္း!!!

ေခါင္မိုးထပ္က တံခါးသည္ အျပင္ဘက္မွ တစ္ေယာက္ေယာက္က တြန္းတိုက္ဖြင့္ေနသကဲ့သို႔ အသံျမည္လာခဲ့သည္ ။ စီရန္ယြီက ရြမ္းရီ၏ လက္အား ဆတ္ခနဲ ဆုပ္ကိုင္လိုက္ကာ ခႏၶာကိုယ္ကိ လွၫ့္လိုက္သည္ ။ ထက္ျမသၫ့္ ဓားတစ္ေခ်ာင္းက ရြမ္းရီ၏ လည္ပင္း ထက္သို႔ ဦးတည္ရြယ္ထားလ်က္ ။

ဝုန္း!!!

ရြမ္းရီ အျဖစ္အပ်က္မ်ားကို လိုက္မမွီႏိုင္ခ်ိန္တြင္ပင္ တံခါး ပြင့္သြားခဲ့သည္ ။ လက္နက္အျပၫ့္အစံု ဝတ္ဆင္ထားသၫ့္ လူတစ္အုပ္သည္ စီရန္ယြီအား ခ်က္ခ်င္း ဝန္းရံလိုက္ၾကသည္ ။

" ဘာ.. ဘာေတြလုပ္ေနတာလဲ .. "

လူအုပ္ၾကားထဲမွ လုယြမ္က ထြက္လာခဲ့ကာ စီရန္ယြီအား ေအးစက္စြာ ၾကၫ့္လိုက္သည္ ။ " သူ႔ကို လႊတ္လိုက္!! မင္းအျပစ္ေတြက မေၾကႏိုင္ေတာ့ဘူး .. ထပ္တိုးေအာင္ မလုပ္နဲ႔ .."

" စီသခင္ေလး ခမ်ားကို .. တရားမဝင္စမ္းသပ္မႈ ၊ ျပန္ေပးဆြဲမႈ ၊ လူသတ္မႈ ၊ .. တို ့နဲ႔ ဖမ္းပါမယ္ .. " လုယြမ္က ဖမ္းဝရမ္းအား ထုတ္လိုက္သည္ ။

" ရန္ယြီ!! " ရြမ္းရီ က အျဖစ္အပ်က္မ်ားကို ၾကၫ့္ရင္း စီရန္ယြီအား လွၫ့္ၾကၫ့္လိုက္သည္ ။ ရုတ္တရက္ျဖစ္သြားသျဖင့္ ေထာက္ထားသၫ့္ ဓားျဖင့္ ျခစ္မိလိုက္ကာ လည္တိုင္ေလးတြင္ ေသြးမ်ား ထြက္လာေတာ့သည္ ။ စီရန္ယြီ၏ မ်က္ဝန္းမ်ားမွအနက္ေရ။င္ အလင္းတစ္ခ်က္ လက္သြားေသာ္လည္း သူ႔မ်က္ႏွာက တည္ၿငိမ္ေနခဲ့သည္ ။ သူ႔ရဲ့ အျခားလက္တစ္ဖက္ကေန ရြမ္းရီရဲ့ လက္ထဲကို USB တစ္ခု ထၫ့္ေပးလိုက္သည္ ။

" ဒီထဲမွာ virus အတြက္ ေျဖေဆး ရိွတယ္.. " သူက ရြမ္းရီ၏ ဆံစေလးကို ခိုးနမ္းလိုက္ကာ ၿပံဳးလိုက္သည္ ။

" ကိုယ္တို႔ ျပန္ဆံုဦးမွာပါ .. ေနာက္တစ္ခါ မေကာင္းတဲ့လူ မျဖစ္ေစနဲ႔ေနာ္ .. လူဆိုးေတြမွာ ေကာင္းမြန္တဲ့ အဆံုးသတ္ မရိွဘူး.. ဒါဟာ ေယဘူယ အားျဖင့္ မွန္ကန္တယ္.."

" ရန္ယြီ! မင္း! " ရြမ္းရီသည္ တြန္းထုတ္ခံလိုက္ရကာ ေျပာလက္စ စကားမွ ရပ္တန႔္သြားသည္ ။ သူ ျပန္လွၫ့္ၾကၫ့္ ခ်ိန္တြင္ အေဆာက္အဦး ေပၚမွ ျပဳတ္က်သြားသၫ့္ လူကိုသာ ထိတ္လန႔္ဖြယ္ ေတြ့လိုက္ရသည္ ။ သူက ထိုေနရာသို႔ ေျပးသြားခ်င္ေသာ္လည္း လုယြမ္၏ခ်ဳပ္ကိုင္ထားမႈေအာက္တြင္ လႈပ္ရွား‌၍ မရေခ် ။

စီရန္ယြီသည္ အရိွန္ျဖင့္ ျပဳတ္က်ေနရာမွ ၿပံဳးလိုက္သည္ ။ " ဒီသခင္ေလးက မင္းရဲ့ ဂိမ္းအတိုင္း လိုက္ေဆာ့ဖို႔ စိတ္မဝင္စားေတာ့ဘူး.. မၾကာခင္မွာ Game over ျဖစ္လာလိမ့္မယ္ .. ဟားဟားးဟားး "

' ဒီကေန့မွာ ငါက တစ္ခုကို သက္ေသျပခဲ့တယ္.. မေကာင္းတဲ့သူဟာ.. ကံၾကမၼာရဲ့ သားေတာ္ျဖစ္ရင္ေတာင္ မေကာင္းတဲ့ လုပ္ရပ္ရဲ့ အက်ိဳးဆက္ကို ခံရသင့္တယ္.. '

" ဒါဟာ သတိေပးျခင္းလည္း ျဖစ္တယ္ .. " သူ႔စကားမ်ားသည္ ပံုရိပ္ေယာင္ ေလာကအား ေနာက္ကြယ္မွ ထိန္းခ်ဳပ္ေနသၫ့္ သူအား အဓိက ထား ေျပာေနခဲ့ျခင္းျဖစ္သည္ ။ ထိုလူသည္ ဒီေလာကကို ထိန္းခ်ဳပ္ႏိုင္ေနသျဖင့္ နတ္ဘုရားသဖြယ္ တည္ရိွမႈမ်ိဳးျဖစ္သည္ ။ သူက လက္ကေလး အနည္းငယ္လႈပ္လိုက္သည္ႏွင့္ လမ္းေဘးက ေခြးတစ္ေကာင္ကိုပင္ ဇာတ္လိုက္ျဖစ္ေအာင္ လုပ္ႏိုင္စြမ္းရိွသည္ ။ သူေရာက္ခဲ့သၫ့္ ဘဝမ်ားကို ၿခံဳၾကၫ့္လ်ွင္ သိႏိုင္ေပသည္ ။ ထိုသူ အသိအမွတ္ျပဳထားသၫ့္ ဇာတ္လိုက္မ်ားသည္ မူမမွန္ၾကေပ ။

**

" ေဒါက္တာကို အထင္လြဲခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္.. " ရြမ္းရီက သူ႔ေရ႔ွက ေတာင္းပန္ေနသၫ့္ သူအားလံုးကို ၾကၫ့္ရင္း လက္ကို ခပ္တင္းတင္းဆုပ္လိုက္သည္ ။ သူတို႔ စကားအရ သူသည္ စီရန္ယြီ၏ အၾကပ္ကိုင္ျခင္းကို ခံထားရျခင္း ။ အျပစ္အားလံုးသည္ စီရန္ယြီ လုပ္ခဲ့ျခင္းဟုသာ ေခါင္းစဉ္တပ္လိုက္ၾကသည္ ။ virus ေျဖေဆးေၾကာင့္ စုယန္ခ်ဳးမွ လြဲ၍ သူ႔အား သူရဲေကာင္းႀကီးလို ဆက္ဆံေနခဲ့ၾကသည္ ။ အေဆာက္အဦးသို႔ လာေရာက္ရန္ ဖုန္းဆက္သူမွာလည္း သူဟု ေျပာေနၾကသည္ ။ အမွန္တကယ္တြင္ ကိစၥအားလံုးကို ေဆာင္ရြက္သြားသူမွာ ထိုသူသာလ်ွင္ ျဖစ္သည္ ။

' ကမ႓ာႀကီးကိုဖ်က္ဆီးၿပီးမွ ျပန္ကယ္တင္သၫ့္ အရူး!!! .. ဦးေနွာက္တစ္ခုလံုး ဘာေတြ ေတြးေနလဲ မသိဘူး !! '

ရြမ္းရီက အုပ္ဂူေရ႔ွတြင္ ရပ္လိုက္ၿပီး အျပစ္တင္လိုက္သည္ ။ " တကယ္ဆို .. အတူတူေခၚသြားသင့္တာ .."

" မဟုတ္ဘူး!! သူ႔အစား မင္းေသသြားသင့္တာ !!! " စုယန္ခ်ဳးက နာက်င္ေနသၫ့္ မ်က္ဝန္းမ်ားျဖင့္ ရြမ္းရီအား ေျပာလိုက္သည္ ။ " မင္း!! မင္းဘဲ!! အကုန္လံုးကို ေထာင္ေခ်ာက္ဆင္ခဲ့တာ မလား .. မင္းက အကုန္လံုးကို လုပ္ခဲ့တာ .."

အျပစ္တင္စကားမ်ားေၾကာင့္ ရြမ္းရီ၏ မ်က္ႏွာထက္တြင္ အၿပံဳးတစ္ခုေပၚလာခဲ့သည္ ။ ' ၾကၫ့္ပါဦး.. ခမ်ားက ေသသြားၿပီးတာေတာင္ .. ကြၽန္ေတာ့အျပင္ သတိရမဲ့သူ ရိွေနေသးတယ္ .. မနာလုိ‌ေတာင္ ျဖစ္လာၿပီ ..'

' အဲ့ဒီ အေမွာင္ထုႀကီးကို ထပ္ျဖတ္ရရင္ေတာင္ လိုက္လာခဲ့မွာမို႔ .. ေစာင့္ေန.. ဒီတစ္ခါေတာ့ .. ေမ့မသြားဖို႔ ေမ်ွာ္လင့္တယ္ .. မဟုတ္ရင္ ခမ်ားက ကြၽန္ေတာ္ သတိရတဲ့အခ်ိန္ ထပ္ေပ်ာက္ကြယ္သြားဦးမယ္ ...'

_______________________________
Arc.6 : End ..😁😁 ဟီးးဟီးး * မ်က္ႏွာခ်ိဳ‌ေသြးေနသည္ .. မရိုက္ၾကပါနဲ႔ .!!! *

( Author Note :

1.ဂိမ္းဆိုတဲ့ စကားလံုးကို ဘာလို႔ သံုးတာလဲ ဆိုေတာ့ မွတ္မိတဲ့သူ ရိွဦးမလားေတာ့ မသိဘူး .. arc .2 မွာ သူ႔ကို တစ္ေယာက္က Start Game လို႔ ေျပာသြားတာ မို႔ပါ ..

2. အဓိကစနစ္ကို ကမ႓ာအစစ္မွာ တစ္ေယာက္ေယာက္က ထိန္းခ်ဳပ္ထားတာမို႔.. အဲ့လူက ပံုရိပ္ေယာင္ ကမ႓ာကို အကန႔္အသတ္ထိ လုပ္ခ်င္သလို လုပ္ႏိုင္တဲ့သေဘာမ်ိဳး .. ဥပမာေျပာရရင္ အဲ့လူက တစ္ေယာက္ကို ဇာတ္လိုက္ ေနရာေပးလိုက္တယ္ ဆိုပါစို႔ အဲ့တစ္ေယာက္ ေကာင္းေကာင္းမေကာင္းေကာင္း ကံတရားက သူ႔ဘက္မွာ ရိွေနလိမ့္မယ္ ဆိုတာမ်ိဳး

3. ဒီ arc. မွာ စီရန္ယြီက ဇာတ္လိုက္ေနရာကို အလြယ္ေလး အစကတည္းက ရရိွလိုက္ၿပီး ‌မေကာင္းတာေတြ ဆက္တိုက္လုပ္လိုက္တယ္ .. သူက ေျဖေဆးနဲ႔ သူ႔နာမည္ေကာင္းကို ျပန္ယူႏိုင္ေပမဲ့ ေသမဲ့လမ္းကို ေရြးသြားေတာ့ အျခားသူေတြ အျမင္မွာဆို မေကာင္းတာလုပ္လို႔ ခံရတဲ့ ပံုစံမ်ိဳး ျဖစ္သြားတယ္ .. ) 😂

ငါေလးက စာေရးဆရာမဟုတ္ဘဲ ေက်ာင္းဆရာလုပ္သင့္တာ .. 😐 * ေက်းဇူးျပဳျပီး !! ေနာက္တစ္ခါ ဒီေလာက္ရွည္တာေတြ ေရးဖို႔ မစဉ္းစားေတာ့ဘူး .. ဇာတ္လမ္း ဟာကြက္ကို တစ္ခုခ်င္းစီ လိုက္ျဖၫ့္ရတာ .. အကုန္မွတ္မိတဲ့သူဆို ေကာင္းေပမဲ့ မမွတ္မိတဲ့ သူဆို ဂြမ္း!! ေရာ နားမလည္ေတ ျဖစ္ကုန္လိမ့္မယ္ .. *

_____________________
ဒုန္း!!!!!

* သာသာ ဒူးႏွစ္ဖက္ကို ေထာက္လိုက္ .. လက္ႏွစ္ဖက္ကို ယွက္လ်က္ ေခါင္းကိုငံု႔ *🥺

" စီသခင္ေလး!! အထင္လြဲမိလို႔ ေတာင္းပန္ပါတယ္.. ငါထင္ သေလာက္ ရက္စက္တဲ့ ပံုလဲ မေပၚဘူး "😐

_________________________
မေန့က ဘာလို႔မတင္တာလဲ ဆိုေတာ့ Dazai Sama နဲ႔ အတူ ႏွစ္ကိုယ္တူသတ္ေသဖို႔ ေအဂ်င္စီကို သြားရွာေနလို႔ပါ 😂 * တကယ္ ဇာတ္ကား အၾကၫ့္လြန္သြားတာ lol * 😣
___________
Unicode

" ခံတပ်ကို သွားရအောင် .. " ရွမ်းရီ က ခေါင်မိုးထပ်တံခါးကို တွန်းဖွင့်လိုက်ရင်း အဆောက်အအုံပေါ်မှ မြို့‌တစ်ခုလုံးကို ခြုံငုံကြည့်နေသည့် သူအား ပြောလိုက်သည် ။ လက်ရှိ မြို့တစ်ခုလုံး အနီရောင်အဆင့် သတိပေးချက် ထုတ်ထားပြီး ဖြစ်ကာ အစိုးရက virus ကို မထိန်းချုပ်နိုင်တော့ပေ ။ အခု လူတိုင်း လုံခြုံရေး ခံတပ်များကိုသာ အားကိုးနိုင်လေသည် ။

စီရန်ယွီက ဖြတ်တိုက်လာသည့် လေပြေအား တစ်ချက်ရှုသွင်းရင်း စိတ်လိုလက်ရပြုံးလိုက်သည် ။ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ရာ ပုခုံးပေါ်တင်ရုံ တင်ထားသည့် အနက်ရောင်ကုတ်အရှည်က လေနဲ့အတူ လွင့်မျောနေသည့်ဟန်။ လွတ်လပ်မှုကို ခံစားနေပုံရသော်လည်း တချိန်တည်းမှာပင် အထီးကျန်ဆန်နေပုံရသည် ။

တောင်ကုန်းတစ်ခုပေါ်တွင် နေဝင်ချိန်ကို ငေးကြည့်နေသည့် အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက် ၏ပုံရိပ်က သူ့ခေါင်းထဲတွင် ချက်ချင်း ပေါ်လာခဲ့သည် ။

ရုတ်တရက်ပေါ်လာသည့် ပုံရိပ်ကြောင့် ရွမ်းရီက သူ့ခေါင်းသူ ဖိကိုင်လိုက်ရသည် ။ " ခများ.. ခများက တကယ်တမ်း ဘယ်သူလဲ .. "

" အယ်.. မေ့သွားပြန်ပြီလား .. ကိုယ်က မင်းရဲ့ချစ်သူလေ.." စီရန်ယွီက နူတ်ခမ်းတွန့်လိုက်ရင်း မျက်လုံးပြူးကာ ပြောလိုက်သည်။ သူက အလွန်အမင်း မယုံကြည်နိုင်ဖြစ်နေသည့် အမှုအရာကို ထုတ်ဖော်လျက် ။

" မဖြစ်သင့်ဘူးလေ.. စိတ်စွမ်းအား မလုံလောက်သေးလို့လား .." စီရန်ယွီက လက်နှစ်ဖက်ကို အနောက်သို့ ပို့လိုက်ကာ ရွမ်းရီအား အနီးကပ်လေ့လာလိုက်သည် ။ သူ့မျက်နှာထက်တွင် စနှောက်ကျီစယ်သည့် အပြုံးကို ဆင်မြန်းထားခဲ့သည်။

" နေ..‌နေပါဦး! မျက်နှာကြီးကို ဆုတ်စမ်း!! " ရွမ်းရီက မျက်မှောင်ကြုတ်လိုက်ကာ စီရန်ယွီကို တွန်းဖယ်လိုက်သည်။ သို့သော် သူ့လက်များကို ဆုပ်ကိုင်ခံလိုက်ရကာ ပြန်ဆွဲဖက်ခံလိုက်ရသည် ။

" ခနလေး.. ဒီတိုင်းလေး .. " တွန်းထုတ်ရန် ကြံနေသည့် လက်များက ခနတာ ရပ်တန့်သွားပြီး ရွမ်းရီ၏ စိတ်ထဲတွင် ပုံရိပ်များ လျင်မြန်စွာ ပေါ်လာခဲ့သည် ။ ။ ရွမ်းရီက အသက်မပါသည့် လေသံဖြင့် ပြန်မေးလိုက်သည် ။ " ထပ်ပြီး!! ထပ်ပြီးလား !! "

" ဖယ်စမ်း!!!! " ရွမ်းရီ၏ မျက်နှာက ခက်ထန်လာကာ စီရန်ယွီ၏ ရင်ဘတ်အား ထိုးနှက်လိုက်ပြီး တွန်းဖယ်လိုက်သည် ။ သူက မျက်ဝန်းများက နာကျင်မှုများပြည့်နှက်နေ‌ကာ အသံက အက်ကွဲ‌နေပြီး ဒေါသနဲ့ နာကျင်မှုတို့ ရောယှက်နေသည်။

" မင်း... မင်း အမြဲတမ်း ဒီတိုင်းဘဲပြောတတ်တယ်.. " သူက လက်ညိုးထိုးကာ နာကျည်းစွာ ပြောလိုက်သည် ။ " ဒါပြီးရင် ထွက်သွားဦးမှာဘဲမလား.. ထပ်ပြီး ငါ့ကို ဒီတိုင်း ထားခဲ့ဦးမှာဘဲ မလား..ဟမ်!!... ရှန်ယိ!! တာဝန်မယူတတ်တဲ့ကောင်!! "

စီရန်ယွီ၏ အပြုံးက တောင့်တင်းသွားသည်။ " ရီ!! မင်း..." သူစကားပြောချင်နေသော်လည်း ပြောမထွက်နိုင်ဖြစ်နေသည် ။ ရွမ်းရီဆိုတဲ့ နာမည်က တိုက်ဆိုင်မှု တစ်ခု မဟုတ်ဘူးလား..။

" လုရီ...ငါ့ရဲ့ ဒီဘဝက နာမည်က လုရီ!! ရွမ်းရီ ဆိုတာ စိတ်ထဲ မနေနိုင်လို့ ပြောင်းထားတဲ့ နာမည်တစ်ခုဘဲ .. နေ့တိုင်း အိမ်မက်ထဲမှာ ဆက်တိုက်ကြားနေရတဲ့ အဲ့ဒီနာမည် .. ကိုလေ.."

ရွမ်းရီသည် စီရန်ယွီ၏ အကျႌအား ဆုပ်ကိုင်ကာ ဆွဲမ လိုက်ကာ အော်ဟစ်လိုက်သည် ။ " ထပ်ပြီး .. ဘာလုပ်ဖို့ တွေးနေပြန်တာလဲ .. အရူးရဲ့!!! "

' ဘာလဲ! ငါ့တွက်ချက်မှုက မှားယွင်းသွားတာလား ?? .. ရီ က အဲ့ဘဝကို ဘာလို့ သတိရနေရတာလဲ .. ပုံရိပ်ယောင်တစ်ခုအနေနဲ့.. ဒါက လုပ်နိုင်စွမ်းကို ကျော်လွန်သွားပြီ..' စီရန်ယွီ၏ မျက်ဝန်းများက ပြူးကျယ်သွားကာ စိတ်ဝင်စားစွာ ကြည့်လိုက်သည် ။ ' Oh!!! မိုက်တယ်..'

ရွမ်းရီသည် သူ့ရှေ့က ဒီလူအား မညှာမတာ ရိုက်နှက်ပစ်ချင်လှသည် ။ ဆုပ်ကိုင်ထားသည့် လက်များက တင်းကြပ်သွားကာ အတိတ်ကို ပြန်တွေးမိလိုက်သည် ။ အန်းဇယ်ရီ၏ သေဆုံးမှုက သူ့ကို လှုပ်နိုးလိုက်သလို မှတ်ဉာဏ်များ တစ်ခုပြီး တစ်ခုပေါ်လာခဲ့သည် ။ သူ့စိတ်ထဲတွင် နောက်ဘဝတွင် ဒီလူနဲ့ ပြန်တွေ့ရမည်ဟု ယုံကြည်နေခဲ့ခြင်းကြောင့် ကိုယ့်ဘာသာ သတ်သေခဲ့သည် ။

ဘယ်သူသိမည်နည်း .. သေပြီးနောက် သူက အဆုံးမရှိသည့် အမှောင်ထဲသို့ ကျရောက်သွားခဲ့မည်ဟု ။ သူ့ပတ်ဝန်းကျင်တွင် အလင်းရောင်တောက်ပနေသည့် ဂဏန်းများ တန်းစီ လှည့်ပတ်နေပြီး သူသည် ထိုအချိန်က လောကကြီး၏ တုန်လှုပ်ဖွယ် အမှန်တရားကို သိရှိခဲ့သည် ။ သူတို့ဟာ တစ်စုံတစ်ယောက်ရေးလိုက်တဲ့ .. code များဖြစ်သည်ဆိုသည့် အမှန်တရား ကို သိလိုက်ရသည့်အချိန်တွင် သူက သိပ်မအံ့ဩခဲ့ပေ ။ သူ့အတွက် ထိုအရာက ထူးဆန်းသော်လည်း သူ့ချစ်သူက ပိုဆန်းကြယ်နေသောကြောင့်ပင် ။

အမှောင်ထဲမှာ သူ့အတွက် ဦးတည်ရာမရှိခဲ့ပေ ။ လျှောက်သွားနေခဲ့ရင်း မှတ်ဉာဏ်များက မရှိသင့်တဲ့ အရာသကဲ့သို့ တစ်ယောက်ယောက်က ဖျက်လိုက်သကဲ့သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည် ။ သူက တစ်စုံ‌တစ်ယောက်ကို ရှာဖွေရမည်ကို သိသော်လည်း ထိုသူက ဘယ်သူလဲ ၊ ဘယ်လိုပုံစံရှိသလဲ မမှတ်မိတော့ပေ ။ သူမှတ်မိသည်က သူ့ကိုယ်ထဲက အလင်းလေး ထွက်ပေါ်လာပြီး ထိုအလင်းနောက်ကို လိုက်ပါသွားရမည်ဆိုတာကိုသာ သိတော့သည်။

စီရန်ယွီသည် ရွမ်းရီ၏ ခေါင်းလေးအား အသာပုတ်ရင်း ခပ်ဖွဖွ ပြုံးလိုက်ကာ " ကိုယ့်ကြောင့် ..အရမ်းခက်ခဲခဲ့တာဘဲ "

" ဘယ်သူ့ကို လာနှစ်သိမ့်နေ‌တာလဲ .. သွားစမ်းပါ !! " ရွမ်းရီ စီရန်ယွီ၏ လက်အား ပုတ်ထုတ်လိုက်သည် ။

ဒုန်း!! ဒုန်း!!!

ခေါင်မိုးထပ်က တံခါးသည် အပြင်ဘက်မှ တစ်ယောက်ယောက်က တွန်းတိုက်ဖွင့်နေသကဲ့သို့ အသံမြည်လာခဲ့သည် ။ စီရန်ယွီက ရွမ်းရီ၏ လက်အား ဆတ်ခနဲ ဆုပ်ကိုင်လိုက်ကာ ခန္ဓာကိုယ်ကိ လှည့်လိုက်သည် ။ ထက်မြသည့် ဓားတစ်ချောင်းက ရွမ်းရီ၏ လည်ပင်း ထက်သို့ ဦးတည်ရွယ်ထားလျက် ။

ဝုန်း!!!

ရွမ်းရီ အဖြစ်အပျက်များကို လိုက်မမှီနိုင်ချိန်တွင်ပင် တံခါး ပွင့်သွားခဲ့သည် ။ လက်နက်အပြည့်အစုံ ဝတ်ဆင်ထားသည့် လူတစ်အုပ်သည် စီရန်ယွီအား ချက်ချင်း ဝန်းရံလိုက်ကြသည် ။

" ဘာ.. ဘာတွေလုပ်နေတာလဲ .. "

လူအုပ်ကြားထဲမှ လုယွမ်က ထွက်လာခဲ့ကာ စီရန်ယွီအား အေးစက်စွာ ကြည့်လိုက်သည် ။ " သူ့ကို လွှတ်လိုက်!! မင်းအပြစ်တွေက မကြေနိုင်တော့ဘူး .. ထပ်တိုးအောင် မလုပ်နဲ့ .."

" စီသခင်လေး ခများကို .. တရားမဝင်စမ်းသပ်မှု ၊ ပြန်ပေးဆွဲမှု ၊ လူသတ်မှု ၊ .. တို ့နဲ့ ဖမ်းပါမယ် .. " လုယွမ်က ဖမ်းဝရမ်းအား ထုတ်လိုက်သည် ။

" ရန်ယွီ!! " ရွမ်းရီ က အဖြစ်အပျက်များကို ကြည့်ရင်း စီရန်ယွီအား လှည့်ကြည့်လိုက်သည် ။ ရုတ်တရက်ဖြစ်သွားသဖြင့် ထောက်ထားသည့် ဓားဖြင့် ခြစ်မိလိုက်ကာ လည်တိုင်လေးတွင် သွေးများ ထွက်လာတော့သည် ။ စီရန်ယွီ၏ မျက်ဝန်းများမှအနက်ရေ။င် အလင်းတစ်ချက် လက်သွားသော်လည်း သူ့မျက်နှာက တည်ငြိမ်နေခဲ့သည် ။ သူ့ရဲ့ အခြားလက်တစ်ဖက်ကနေ ရွမ်းရီရဲ့ လက်ထဲကို USB တစ်ခု ထည့်ပေးလိုက်သည် ။

" ဒီထဲမှာ virus အတွက် ဖြေဆေး ရှိတယ်.. " သူက ရွမ်းရီ၏ ဆံစလေးကို ခိုးနမ်းလိုက်ကာ ပြုံးလိုက်သည် ။

" ကိုယ်တို့ ပြန်ဆုံဦးမှာပါ .. နောက်တစ်ခါ မကောင်းတဲ့လူ မဖြစ်စေနဲ့နော် .. လူဆိုးတွေမှာ ကောင်းမွန်တဲ့ အဆုံးသတ် မရှိဘူး.. ဒါဟာ ယေဘူယ အားဖြင့် မှန်ကန်တယ်.."

" ရန်ယွီ! မင်း! " ရွမ်းရီသည် တွန်းထုတ်ခံလိုက်ရကာ ပြောလက်စ စကားမှ ရပ်တန့်သွားသည် ။ သူ ပြန်လှည့်ကြည့် ချိန်တွင် အဆောက်အဦး ပေါ်မှ ပြုတ်ကျသွားသည့် လူကိုသာ ထိတ်လန့်ဖွယ် တွေ့လိုက်ရသည် ။ သူက ထိုနေရာသို့ ပြေးသွားချင်သော်လည်း လုယွမ်၏ချုပ်ကိုင်ထားမှုအောက်တွင် လှုပ်ရှား‌၍ မရချေ ။

စီရန်ယွီသည် အရှိန်ဖြင့် ပြုတ်ကျနေရာမှ ပြုံးလိုက်သည် ။ " ဒီသခင်လေးက မင်းရဲ့ ဂိမ်းအတိုင်း လိုက်ဆော့ဖို့ စိတ်မဝင်စားတော့ဘူး.. မကြာခင်မှာ Game over ဖြစ်လာလိမ့်မယ် .. ဟားဟားးဟားး "

' ဒီကနေ့မှာ ငါက တစ်ခုကို သက်သေပြခဲ့တယ်.. မကောင်းတဲ့သူဟာ.. ကံကြမ္မာရဲ့ သားတော်ဖြစ်ရင်တောင် မကောင်းတဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံရသင့်တယ်.. '

" ဒါဟာ သတိပေးခြင်းလည်း ဖြစ်တယ် .. " သူ့စကားများသည် ပုံရိပ်ယောင် လောကအား နောက်ကွယ်မှ ထိန်းချုပ်နေသည့် သူအား အဓိက ထား ပြောနေခဲ့ခြင်းဖြစ်သည် ။ ထိုလူသည် ဒီလောကကို ထိန်းချုပ်နိုင်နေသဖြင့် နတ်ဘုရားသဖွယ် တည်ရှိမှုမျိုးဖြစ်သည် ။ သူက လက်ကလေး အနည်းငယ်လှုပ်လိုက်သည်နှင့် လမ်းဘေးက ခွေးတစ်ကောင်ကိုပင် ဇာတ်လိုက်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည် ။ သူရောက်ခဲ့သည့် ဘဝများကို ခြုံကြည့်လျှင် သိနိုင်ပေသည် ။ ထိုသူ အသိအမှတ်ပြုထားသည့် ဇာတ်လိုက်များသည် မူမမှန်ကြပေ ။

**

" ဒေါက်တာကို အထင်လွဲခဲ့တဲ့အတွက် တောင်းပန်ပါတယ်.. " ရွမ်းရီက သူ့ရှေ့က တောင်းပန်နေသည့် သူအားလုံးကို ကြည့်ရင်း လက်ကို ခပ်တင်းတင်းဆုပ်လိုက်သည် ။ သူတို့ စကားအရ သူသည် စီရန်ယွီ၏ အကြပ်ကိုင်ခြင်းကို ခံထားရခြင်း ။ အပြစ်အားလုံးသည် စီရန်ယွီ လုပ်ခဲ့ခြင်းဟုသာ ခေါင်းစဉ်တပ်လိုက်ကြသည် ။ virus ဖြေဆေးကြောင့် စုယန်ချုးမှ လွဲ၍ သူ့အား သူရဲကောင်းကြီးလို ဆက်ဆံနေခဲ့ကြသည် ။ အဆောက်အဦးသို့ လာရောက်ရန် ဖုန်းဆက်သူမှာလည်း သူဟု ပြောနေကြသည် ။ အမှန်တကယ်တွင် ကိစ္စအားလုံးကို ဆောင်ရွက်သွားသူမှာ ထိုသူသာလျှင် ဖြစ်သည် ။

' ကမ်ဘာကြီးကိုဖျက်ဆီးပြီးမှ ပြန်ကယ်တင်သည့် အရူး!!! .. ဦးနှောက်တစ်ခုလုံး ဘာတွေ တွေးနေလဲ မသိဘူး !! '

ရွမ်းရီက အုပ်ဂူရှေ့တွင် ရပ်လိုက်ပြီး အပြစ်တင်လိုက်သည် ။ " တကယ်ဆို .. အတူတူခေါ်သွားသင့်တာ .."

" မဟုတ်ဘူး!! သူ့အစား မင်းသေသွားသင့်တာ !!! " စုယန်ချုးက နာကျင်နေသည့် မျက်ဝန်းများဖြင့် ရွမ်းရီအား ပြောလိုက်သည် ။ " မင်း!! မင်းဘဲ!! အကုန်လုံးကို ထောင်ချောက်ဆင်ခဲ့တာ မလား .. မင်းက အကုန်လုံးကို လုပ်ခဲ့တာ .."

အပြစ်တင်စကားများကြောင့် ရွမ်းရီ၏ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည် ။ ' ကြည့်ပါဦး.. ခများက သေသွားပြီးတာတောင် .. ကျွန်တော့အပြင် သတိရမဲ့သူ ရှိနေသေးတယ် .. မနာလို‌တောင် ဖြစ်လာပြီ ..'

' အဲ့ဒီ အမှောင်ထုကြီးကို ထပ်ဖြတ်ရရင်တောင် လိုက်လာခဲ့မှာမို့ .. စောင့်နေ.. ဒီတစ်ခါတော့ .. မေ့မသွားဖို့ မျှော်လင့်တယ် .. မဟုတ်ရင် ခများက ကျွန်တော် သတိရတဲ့အချိန် ထပ်ပျောက်ကွယ်သွားဦးမယ် ...'

_______________________________
Arc.6 : End ..😁😁 ဟီးးဟီးး * မျက်နှာချို‌သွေးနေသည် .. မရိုက်ကြပါနဲ့ .!!! *

( Author Note :

1.ဂိမ်းဆိုတဲ့ စကားလုံးကို ဘာလို့ သုံးတာလဲ ဆိုတော့ မှတ်မိတဲ့သူ ရှိဦးမလားတော့ မသိဘူး .. arc .2 မှာ သူ့ကို တစ်ယောက်က Start Game လို့ ပြောသွားတာ မို့ပါ ..

2. အဓိကစနစ်ကို ကမ်ဘာအစစ်မှာ တစ်ယောက်ယောက်က ထိန်းချုပ်ထားတာမို့.. အဲ့လူက ပုံရိပ်ယောင် ကမ်ဘာကို အကန့်အသတ်ထိ လုပ်ချင်သလို လုပ်နိုင်တဲ့သဘောမျိုး .. ဥပမာပြောရရင် အဲ့လူက တစ်ယောက်ကို ဇာတ်လိုက် နေရာပေးလိုက်တယ် ဆိုပါစို့ အဲ့တစ်ယောက် ကောင်းကောင်းမကောင်းကောင်း ကံတရားက သူ့ဘက်မှာ ရှိနေလိမ့်မယ် ဆိုတာမျိုး

3. ဒီ arc. မှာ စီရန်ယွီက ဇာတ်လိုက်နေရာကို အလွယ်လေး အစကတည်းက ရရှိလိုက်ပြီး ‌မကောင်းတာတွေ ဆက်တိုက်လုပ်လိုက်တယ် .. သူက ဖြေဆေးနဲ့ သူ့နာမည်ကောင်းကို ပြန်ယူနိုင်ပေမဲ့ သေမဲ့လမ်းကို ရွေးသွားတော့ အခြားသူတွေ အမြင်မှာဆို မကောင်းတာလုပ်လို့ ခံရတဲ့ ပုံစံမျိုး ဖြစ်သွားတယ် .. ) 😂

ငါလေးက စာရေးဆရာမဟုတ်ဘဲ ကျောင်းဆရာလုပ်သင့်တာ .. 😐 * ကျေးဇူးပြုပြီး !! နောက်တစ်ခါ ဒီလောက်ရှည်တာတွေ ရေးဖို့ မစဉ်းစားတော့ဘူး .. ဇာတ်လမ်း ဟာကွက်ကို တစ်ခုချင်းစီ လိုက်ဖြည့်ရတာ .. အကုန်မှတ်မိတဲ့သူဆို ကောင်းပေမဲ့ မမှတ်မိတဲ့ သူဆို ဂွမ်း!! ရော နားမလည်တေ ဖြစ်ကုန်လိမ့်မယ် .. *

_____________________
ဒုန်း!!!!!

* သာသာ ဒူးနှစ်ဖက်ကို ထောက်လိုက် .. လက်နှစ်ဖက်ကို ယှက်လျက် ခေါင်းကိုငုံ့ *🥺

" စီသခင်လေး!! အထင်လွဲမိလို့ တောင်းပန်ပါတယ်.. ငါထင် သလောက် ရက်စက်တဲ့ ပုံလဲ မပေါ်ဘူး "😐

_________________________
မနေ့က ဘာလို့မတင်တာလဲ ဆိုတော့ Dazai Sama နဲ့ အတူ နှစ်ကိုယ်တူသတ်သေဖို့ အေဂျင်စီကို သွားရှာနေလို့ပါ 😂 * တကယ် ဇာတ်ကား အကြည့်လွန်သွားတာ lol * 😣
___________

Continue Reading

You'll Also Like

128K 18.7K 110
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
282K 22.8K 29
Mini Story Uni Life Style Sweet Romance
605K 6.1K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
149K 11.3K 42
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...