ဇာတ်ပို့တစ်ယောက်ရဲ့ အဆုံးသတ်...
By devil61002
847K 122K 11.4K
" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More
Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End
Arc.6.19
3.1K 536 51
By devil61002
လူသတ်မှု???
ဝုန်း!!
***
ဘုန်း!! ခွမ်း!!! ခလွမ်!!
ဂါးးဂါးးး
ဒုန်း!! ဒုန်း!! ဝုန်း!!
ကမ္ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးချင်နေရလောက်အောင် ဘယ်လောက်တောင် ဆိုးသွမ်းနေတာလဲ ခများက ..??
____________________________
ပုံရိပ်ယောင်ဆိုပေမဲ့ သူတို့လဲ သူတို့ ကိုယ်ပိုင်ကမ္ဘာမှာ လူသားတွေ ဘဲလေ.. ❤️
___________
Unicode
" မင်းက လုရီရဲ့ အကြောင်းကို စုံစမ်းတဲ့ တစ်ယောက်လား ?" စုယန်ချုးက ကော်ဖီ‌ဆိုင်တောင့် လေးတွင် စိတ်ပျက်လက်ပျက် ထိုင်နေရာမှ အသာမော့ကြည့်လိုက်သည် ။ ချောမောသည့် လူငယ်တစ်ယောက်သည် သူ့အား စူးစမ်းသည့် အကြည့်ဖြင့် ကြည့်နေရာ နှစ်ယောက်သား သုံးစက္ကန့်လောက် အကြည့်ချင်း ဆုံသွားခဲ့သည် ။
" လုရီ?? " စုယန်ချုးသည် ခေါင်းကို အသာငဲ့စောင်းလိုက်ကာ နားမလည်သည့် အမှုအရာလေးဖြင့် ပြန်ကြည့်လိုက်သည် ။ သူက ဒီနေရာကို လာရခြင်းမှာ သူ့အစ်ကို ငှားထားသည့် အလွတ်စုံထောက်၏ ချိန်းဆိုချက်ကြောင့်ပင် ။
လုယွမ် သူ့ရှေ့က ကောင်လေး၏ အပြုအမှုကြောင့် အနည်းငယ်မှင်သက်သွားသည် ။ သူက ခုံတွင် ဝင်ထိုင်လိုက်ကာ တစ်ချက်ပြုံးပြလိုက်သည် ။ အမြဲတမ်း ပြုံးလေ့မရှိသဖြင့် အပြုံးသည် အနည်းငယ် တောင့်တင်းနေသော်ငြား ကြည့်ကောင်းနေဆဲပင် ။ " အာ.. ဒါက မင်းက အခုတလော လူတစ်ယောက် အကြောင်း စုံစမ်း ခိုင်းထားသလား မသိဘူး "
စုယန်ချုးသည် သူ့ရှေ့ကလူ ဘာပြောချင်နေသည်ကို မသိသော်လည်း ခေါင်းညိတ်ပြလိုက်ကာ " ဒါပေမဲ့ လု.. လုရီ ဆိုတဲ့သူ မဟုတ်ဘူးခမျ .."
" မင်းက ဒါကို အရင်ကြည့်သင့်တယ် ထင်တယ်.." လုယွမ်က ဖိုင်တွဲတစ်ခုအား စုယန်ချုးအား လွဲပေးလိုက်သည် ။ သူက သူ့ရှေ့က ကောင်လေးအား စိတ်ဝင်တစားကြည့်လိုက်မိသည် ။ စုယန်ချုး၏ မျက်မှောင်လေးများ ကြုတ်သွားကာ ဖိုင်ကို ယူကာ ကြည့်လိုက်သည် ။ သူ့အကြည့်က တဖြည်းဖြည်း နားလည်လားသည့် ဟန် ပေါက်လာခဲ့သည် ။
" ကိုယ်က စုံထောက် တစ်ယောက်ပါ .. လုယွမ် လို့ ခေါ်ပါတယ်.. " လုယွမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး ဖိုင်ကို ထောက်ပြလိုက်သည် ။ " ဒီလူက လူသတ်မှုအတွက် သံသယ စာရင်းမှာ ပါဝင်နေတယ်.. "
လူသတ်မှု???
' ရွမ်းရီက လူသတ်မှု တရားခံလား ?? ' စုယန်ချုး ဖိုင်ကြားထဲက ဓာတ်ပုံကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည် ။ လုယွမ်ပြောသည့် လုရီ ဆိုသည့်က အမှန်တကယ်တွင် ရွမ်းရီ ၏ အရင်နာမည် ဖြစ်သည် ။ အချက်အလက်တချို့ကို ရှာဖွေလို့ မရသော်လည်း အစိုးရဘက်မှ လုပ်ပိုင်ခွင့်ထဲမှ ရွမ်းရီ၏ အချက်အလက် တော်တော်များများကို ရရှိထားလေသည် ။ ဒါက အလွတ်စုံထောက်ထက်ပင် ပိုကောင်းသေးသည် ။
" ဒီက .. စုမိသားစုက ဟုတ်ပါတယ်နော်.. စုသခင်လေးက လု.. အဲ ရွမ်းရီ အပေါ် မသင်္ကာစရာတစ်ခုခုများ ရှိလို့လား .." လုယွမ်က လေသံကို အတတ်နိုင်ဆုံး လျော့ချကာ ပြောနေမိသည် ။ သူ့ရဲ့ အေးစက်စက်အသံကြောင့် တဖက်က ကောင်လေး လန့်သွားမည် စိုးသည့်အလား.. ။
ထိုအခါမှ စုယန်ချုး သတိပြန်ဝင်လာကာ အလျင်အမြန် ပြန်ဖြေလိုက်သည် ။ " စုယန်ချုး.. ယန်ချုး လို့ ခေါ်ရင် ရပါပြီ.. ဒါနဲ့ .. အမှုအကြောင်း ကျွန်တော့်ကို ပြောပြလို့ရမလား .." သိချင်လွန်းအားကြီးသဖြင့် စုယန်ချုး၏ မျက်ဝန်းများ စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည် ။ သူက အလိုအလျောက်ပင် ရှေ့တိုးမိသွားကာ စားပွဲသာ မခံထားလျှင် လုယွမ်အပေါ်‌သို့ ချက်ချင်း ခုန်တက်တော့မည့်အလား ။
" နည်းနည်းလေး ပြောပြလည်း ရတယ်.. မဟုတ်သေးဘူး.. နည်းနည်းများများ လေးပေါ့ .."
လုယွမ် စုယန်ချုးကို ကြည့်ရင်း နူးညံ့စွာ ပြုံးမိလိုက်သည်လား မသိပေ ။ အကြောတင်းသည့် မျက်နှာက အနည်းငယ် လျော့ကျသွားသည် ။ သူက အလွန်အမင်း လျို့ဝှက်ထားသည့် အရာများမှ လွဲ၍ စုယန်ချုးကို ပြောပြမိသွားသည် ။ အခုမှတွေ့ဖူးသည့် သူအား ယုံကြည်မိသည့် သူ့ကိုယ်သူပင် အံ့ဩ‌လိာ့ မဆုံးနိုင်ပေ ။
နားထောင်လေလေ စုယန်ချုးက တုန်လှုပ်လာလေလေဖြစ်သည် ။ ခံစားချက်သည် စီရန်ယွီ လူသတ်တာကို ပထမဆုံး မြင်လိုက်ရသည့် အခိုက်အတန့်နဲ့ အတူတူလောက်ပင် ။ ရွမ်းရီ၏ အေးချမ်းသည့် မျက်နှာလေးကို ပြန်တွေးမိလိုက်ချိန် ကြက်သီးဖြန်းဖြန်းထသွားသည် ။ ' မိစၧာကောင် ' ဆိုသည့် စကားလုံးသာ သူ့ခေါင်းထဲ တဝဲလည်လည် ဖြစ်လာပြီး ရွံ့ရှာမှုများ ပေါ်လာတော့သည် ။ ' ဖြူဖြူစင်စင်ပုံစံလေးနဲ့ လှည့်စားနေတဲ့ လူဘဲ .. စိတ်ပျက်စရာကောင်းလိုက်တာ ..'
' အဲ့ဒါကြောင့် သူလာပြီးကတည်းက ရန်ယွီရဲ့ မှုမမှန်တဲ့ အပြုအမှုတွေကို နားလည်ရခက်လာတယ်.. သူက ရန်ယွီကို သူ့ကို စွဲလမ်းနေအောင် တစ်ခုခု လုပ်ထားတာဘဲ ဖြစ်ရမယ်..' သူ့မျက်ဝန်းများတွင် မျှော်လင့်ချက် ရောင်ခြည်များ ပြည့်နှက်လာသည် ။ သူက လုယွမ်အား ကျေးဇူးတင်သည့် အကြည့်ဖြင့်ကြည့်လိုက်ကာ ကော်ဖီပင် ဝယ်တိုက်လိုက်သေးသည် ။ ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်ပုံ တစ်ခုကို လုယွမ်ထံသို့ ပြလိုက်သည် ။
လုယွမ် သူ၏ မျက်လုံးများ ပြူးကျယ်သွားတာကို မထိန်းလိုက်နိုင်ပေ ။ ရွမ်းရီ အနောက်တွင် ရပ်နေသူက သူတို့ လွန်ခဲ့သည့် ရက်က အလောင်းတွေ့ခဲ့သည့် လူ မဟုတ်လား ။ အလောင်းတွေ့တာ နောက်ကျ‌သွားပြီး မှုခင်းဆရာဝန်က သေဆုံးသည်မှာ တစ်ပတ်လောက် ကြာပြီဟု ကောက်ချက်ချပေးခဲ့သည် ။
" ဒါ.. ဘယ်နေ့က ရိုက်ထားတာလဲ " လုယွမ်၏ အမေးအား စုယန်ချုးက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည် ။ " လွန်ခဲ့တဲ့ နှစ်ရက်က .."
ဝုန်း!!
လုယွမ်က ထရပ်လိုက်ကာ စုယန်ချုးအား " စုသခင်လေးရဲ့ ဓာတ်ပုံအတွက် ကျေးဇူးတင်ပါတယ်.. နောက်တစ်ခေါက်မှ ထပ်တွေ့ကြတာပေါ့ .. ကိုယ်အခု လုပ်စရာလေး ရှိလို့ .. " သူက လှည့်ထွက်သွားရန် ပြင်လိုက်ပြီးမှ " ပြီးတော့ ဒီလူအကြောင်း ထပ်မစုံစမ်းနဲ့တော့ .. မင်း ဒုက္ခရောက်လိမ့်မယ်.." မလိုဘူးထင်၍ ရွမ်းရီအား အမှောင်ထဲက တစ်စုံတစ်ယောက် ကာကွယ်ထားသေးသည်ဟု သူက ထပ်မပြောတော့ပေ ။ သူသာပြောခဲ့လျှင် စုယန်ချုးက စီရန်ယွီ အကြောင်း ချက်ချင်း တွေးမိပေလိမ့်မည် ။
***
" ဓာတ်ပုံတစ်ပုံက .. ရွမ်းရီဟာ တရားမဝင်စမ်းသပ်မှု လုပ်နေတယ်လို့ မယူဆနိုင်ဘူး .. ခေါင်းဆောင်လု .. " စခန်းမှူးက မျက်မှောက်ကုတ်လိုက်သည် ။ " လုယွမ်.. မင်းက ဒီလို ကိစ္စတွေကို အလေးမထားဘူးလို့ ငါထင်ထားတာ .. မင်းရဲ့ တရားမဝင်ညီလေး ကို ချောက်ချရတဲ့အထိ တော့ .."
" ကျွန်တော် တိကျတဲ့ သက်သေ ရှာလိုက်ပါ့မယ်.." လုယွမ်က ချက်ချင်း စကားဖြတ်ပြောလိုက်ကာ အလေးပြုလိုက်ပြီး ထွက်သွားတော့သည် ။
သည်အချိန်တွင် စုယန်ချုးသည် ရွမ်းရီ၏ ခြံဝင်းထဲသို့ ခုန်ကျော်ကာ ဝင်ခဲ့လိုက်သည် ။ သူက အလွန်သတိထားနေရသဖြင့် ချွေးစေးများပင် ထွက်လာခဲ့သည် ။ " အရင်တစ်‌ခေါက်က ရွမ်းရီက ဂိုထောင်ဘက်ကနေ ထွက်လာခဲ့တာဘဲ .. ငါ အဲ့ဘက်ကို သွားကြည့်သင့်တယ် .."
ဂိုထောင်ထဲတွင် ပစ္စည်းအဟောင်းများမှ လွဲ၍ ထူးထူးခြားခြား တစ်စုံတစ်ခုအား မတွေ့ခဲ့ပေ ။ စုယန်ချုးက ဟိုစမ်းဒီစမ်းလုပ်နေရင်း စင်တစ်ခုအား တိုက်မိလိုက်ကာ ‌စင်ပေါ်မှ ဆေးပုလင်းအခွံများ ချက်ချင်း ကျကွဲ ကုန်သည် ။
ဘုန်း!! ခွမ်း!!! ခလွမ်!!
စုယန်ချုး သူ့ရဲ့စိတ်ကို တည်ငြိမ်စေရန် လေကို ရှုသွင်ရှုထုတ်လုပ်လိုက်သည် ။ သည်အချိန်တွင် အံ့ဩစရာကောင်းလှစွာ မြေအောက်သို့ ဆင်းသွားသည့် လှေကားကို တွေ့လိုက်ရတော့သည် ။
ဂါးးဂါးးး
ဒုန်း!! ဒုန်း!! ဝုန်း!!
ထူးဆန်းသည့် အသံအပြင် ကျိုးပဲ့သည့် အသံများပါ ကြားလိုက်ရသဖြင့် စုယန်ချုး လိပ်ပြာလွင့်တော့မလိုပင် ။ သူက အမှောင်ထဲမှ ဖြေးညင်းစွာ လှုပ်ရှားလာသည့် ပုံရိပ်တချို့ကို တွေ့လိုက်ရပြီး တောင့်တောင့် ကြီး ရပ်နေမိတော့သည် ။ မြင်လိုက်ရသည့် အရာကြောင့် သူ့အတွေးထဲတွင် အော်ဟစ်နေသော်လည်း အသံတစ်စက်မှ မထွက်နိုင်တော့ပေ ။
' ဇွန်ဘီ!! ဇွန်ဘီ!! ဇွန်ဘီကြီး!! အားးးး '
ဇွန်ဘီ၏ လှုပ်ရှားမှုများက နှေးကွေးသဖြင့် စုယန်ချုး အပေါ်သို့ ကျရောက်လာသည့် လက်သည် ရှောင်နိုင်လောက်အောင် နှေးသော်လည်း ကြက်သေသေနေသည့် စုယန်ချုးက တုန့်ပြန်ဖို့ပင် မစဉ်းစားနိုင်ဘဲ အတွေးများ ဗလာဖြစ်သွားတော့သည် ။ ' ငါတော့ .. သေပြီ..'
သူ ပြန်မွေးဖွားလာရတာက ဇွန်ဘီစာ ဖြစ်ဖို့တဲ့လား ??
ထိုအချိန် သူ့လက်ကို တစ်စုံတစ်ယောက် ဆွဲကိုက်လိုက်သည်ကို ခံစားမိလိုက်သည် ။ သူသတိဝင်လာချိန်တွင် ဇွန်ဘီများသည် သူတို့နောက်သို့ လိုက်ပါလာပြီ ဖြစ်ကာ သူ့အား တစ်စံတစ်ယောက်က ခြံပြင်သို့ ဦးတည်ကာ ဆွဲခေါ်လာခြင်း ။
" စုံထောက်လု ?? " စုယန်ချုးက ရေရွတ်လိုက်သည် ။
" မင်းက သေချင်လို့လား .. မြန်မြန်ပြေး .. ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး မထားနဲ့လေ.. " လုယွမ်က စုယန်ချုးအား လှည့်ကာ ဆူပူလိုက်သည် ။ သူက စုံစမ်းရန် လာချိန် ဒီကောင်လေးနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ ဘယ်လိုလုပ် ထင်မှာလဲ .. ။
လုယွမ်နဲ့ စုယန်ချုး ခြံပြင်သို့ ရောက်သွားသည့်တိုက် ဇွန်ဘီ အုပ်က သူတို့နောက် လိုက်လာဆဲပင် ။ ‌ဇွန်ဘီ လေးကောင်တောင် ရှိသဖြင့် လုယွမ်ကလဲ မချနိုင်ပေ ။ အထူးသဖြင့် ဇွန်ဘီ အကြောင်း ဘာမှ မသိရသေးခင်ပင် ။ တိကျသည့် အချက်အလက်က အရေးကြီးပေသည် ။
လုယွမ်နဲ့ စုယန်ချုး ‌အား လိုက်နေသည့် ဇွန်ဘီလေးကောင်း၏  ပုံရိပ်ပျောက်သွားချိန်တွင် ခပ်လှမ်းလှမ်းမှ ကားအနက်ထဲတွင် ရွမ်းရီက နှမြောတသဖြစ်နေသည့် အမှုအရာဖြင့် ရှိနေသည် ။ " ငါ့ရဲ့ ရတနာလေးတွေ.. " ဟု ရေရွတ်ရင်း ဘေးနားက လူယုတ်မာပြုံးဖြင့်ပြုံးနေသည့် စီရန်ယွီအား မကျေမနပ် ကြည့်လိုက်သည်။
သူ့ စမ်းသပ်မှုသည် ကျရှုံးခဲ့သည် ။ virus အဖြစ်တောင် မရောက်ခဲ့ပေ ။ သူသည် စမ်းသပ်မှုကို မပြုလုပ်တော့ရန် စဉ်းစားနေတုန်း သာ ရှိသေးသည် ။ စီရန်ယွီ က သူ့အား စိတ်စွမ်းအင် ဆိုသည့် အရာကို လွဲပြောင်းပေးခဲ့သည် ။
အင်းးးး လွဲပြောင်းနည်းက နဲနဲ အရှက်မရှိပေမဲ့ပေါ့ ..
သူသည် စီရန်ယွီထံမှ ရသည့် အနဲငယ်သော စိတ်စွမ်းအင်လေးဖြင့် သူ့ကိုယ်ထဲက စိတ်စွမ်းအင်ကို အာရုံခံနိုင်ခဲ့သည် ။ စိတ်လှုပ်ရှားမှုကြောင့် သူက မိုးပေါ်ပျံတက်တော့ မလိုပင် ။ သူက ချက်ချင်း စမ်းသပ်မှုကို ပြန်လည်ပြုလုပ်ခဲ့သည် ။ သို့သော် မည်သူသိမည်နည်း .. သူ စမ်းသပ်မှုရလဒ်က တစ်ဝက်သာ အောင်မြင်ခဲ့သည် ။ လုယွမ်တို့ တွေ့သည့်အရာက မအောင်မြင်သည့် စမ်းသပ်ချက်သာ ..
သူက တကယ်ကြီး virus တစ်ခုကို တီထွင်နိုင်ခဲ့သည် ။
အစိုးရက Virus ကိုသာ မဖြေရှင်းနိုင်လျှင် သေချာပေါက် ကပ်ဘေး တစ်ခုက သူတို့အား စောင့်ကြို နေမှာပင် ။
ရွမ်းရီ စီရန်ယွီကို ကြည့်နေရင်း ထိုသူသည် ပိုပိုလျို့ဝှက်လာသည်ဟု ခံစားရသည် ။ သူက စိတ်စွမ်းအင် အား ဒီရလဒ်ကို ဖြစ်စေဖို့ တမင် လွဲပြောင်းပေးခဲ့သည်ဟုပင် ထင်လာခဲ့သည် ။ ထိုအတွေးကြောင့် မျက်လုံးများ ပြူးကျယ်သွားကာ စီရန်ယွီအား အနီးကပ်ကြည့်လိုက်မိသည် ။
ကမ်ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးချင်နေရလောက်အောင် ဘယ်လောက်တောင် ဆိုးသွမ်းနေတာလဲ ခများက ..??
____________________________
" စီရန်ယွီ လို စိတ်မျိုးက သာမန်လူမထားသင့်တဲ့ စိတ်မျိုးဘဲ .. သူ့ထက်စာရင် လူသတ်သမားဖြစ်တဲ့ ရွမ်းရီကတောင် လူသားဆန်သွား သလိုလို .."
ပုံရိပ်ယောင်ဆိုပေမဲ့ သူတို့လဲ သူတို့ ကိုယ်ပိုင်ကမ်ဘာမှာ လူသားတွေ ဘဲလေ.. ❤️
___________
Continue Reading
You'll Also Like
721K 77K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
202K 7.6K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
435K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
688K 7.3K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...