ဇာတ်ပို့တစ်ယောက်ရဲ့ အဆုံးသတ်...
By devil61002
843K 122K 11.4K
" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More
Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End
Arc.6.17
3.1K 496 33
By devil61002
****
ကျွီ!!!
ယုံကြည်မှုရြှိခင်းသည် ကောင်းသည့်အရာဖြစ်သော်လည်း စုယန်ချုးသည် လူသားတို့၏စိတ်သည် ပြောင်းလဲ လွယ်တတ်သည် ဆိုသည့် အချက်ကို လစ်လျုရှုထားမိခဲ့သည်..
________________________________
________________________________
Unicode
စီရန်ယွီသည် စိတ်လှုပ်ရှားနေသည့် ရွမ်းရီကို ကြည့်ရင်း ခုနက ကတုန်ကယင်ဖြစ်နေသည့်သူက လူစားဝင်ထားသလားဟု ပြန်မေးရမလိုပင် ။
" ဒါဆို!! လူရော ..?? " မေးလိုက်ပြီးမှ စီရန်ယွီက ခနမျှ ငြိမ်သက်သွားကာ " အဲ့လူမဟုတ်တော့တဲ့ ဟာရော.."
စမ်းသပ်ချက်များကို စမြုပ်ပြန်နေသည့် ရွမ်းရီက စီရန်ယွီ၏ ထူးမခြားနား အမှုအရာကို ကြည့်ကာ အတန်ကြာတိတ်သွားသည် ။ သူက စီရန်ယွီ၏ အလုပ်အကိုင်ကို သိနေခဲ့သဖြင့် လူသတ်မှုများသည် ထူးဆန်းသည့်အရာမဟုတ်ပေ ။ ထူးဆန်းသည်က သူအခုလုပ်နေသည့်အရာသည် လူသားမျိုးနွယ်၏ စည်းကို ကျော်လွန်နေပြီး လူတစ်ယောက် မလုပ်သင့်သည့် အရာဖြစ်နေသည် ။ စီရန်ယွီ၏ အနည်းငယ် တုန့်ပြန်မှုမရှိသည့် ပုံစံက သူ့ကို အံအားသင့်စေသလို အလွန်ကျေနပ်သွားစေသည် ။ ' ကံကောင်းလို့ .. မဟုတ်ရင် ငါ့လက်ထဲရောက်နေတာက ဒီလူအစား သူဖြစ်နေလိမ့်မယ် ..'
ဒီအချိန်တွင် စီရန်ယွီ၏ အကြည့်က စမ်းသပ်ကုတင်ပေါ်က လူထံသို့ရောက်သွားသည် ။ မြင်ကွင်းသည် မြင်ဖွယ်ရာမရှိ သွေးသံရဲရဲပင် .. ရွမ်းရီ၏ စမ်းသပ်မှုသည် အရင်ကလို ဦးတည်ရာမရှိ မဟုတ်တော့သဖြင့် သူ့ရဲ့ လက်ချောင်းလှလှလေးတွေက ဦးခေါင်းပိုင်းတွင်သာ လှုပ်ရှားနေခဲ့သည် ။ မျက်ဝန်းများက စိတ်အားထက်သန်မှုကြောင့် တောက်ပနေသည် ။
စီရန်ယွီက သူသည် ရွမ်းရီ၏ ကိုယ်တွင်းက စွမ်းအင်အား သေချာရှင်းပြပြီးခဲ့သည့်တိုင်အောင် ရွမ်းရီသည် စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်နေဦးမည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုအချက်က သူကို တစ်စုံတစ်ခုအား သတိရသွားစေရန် လှုံ့ဆော်‌ပေးလိုက်သလိုပင် ။
' ထားလိုက်!! အဲ့ကိစ္စကို ငါ အနောက်‌ရွေ့လိုက်မယ် .. အခုလောလောဆယ်.. ဒီစမ်းသပ်မှုရလဒ်က ငါ့ကို အကူအညီဖြစ်နေတာတော့ မငြင်းနိုင်ဘူး ..' 
" အဲ့လူရဲ့ စိတ်က တကယ်သန်မာတယ်.. မဟုတ်ရင် လူ့ဦးနှောက်ရဲ့ လျို့ဝှက်ချက် အနည်းငယ်ကိုတောင် သိလိုက်ရမှာမဟုတ်ဘူး .. သူက အသိစိတ်မလွှတ်ခင်ကို ရအောင်ထွက်ပြေးသွားသေးတယ်.. " စီရန်ယွီက ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ စိတ်စွမ်းအား ရှိမည်မဟုတ်သော်လည်း စိတ်ဓာတ်ခိုင်မာသည့် သူရိြှခင်းက သူ့ကို မအံ့ဩစေပေ ။ သူက တိုက်ခိုက်မှုများကြောင့် ရှုပ်ပွနေသည့် အခန်းထဲမှ သန့်ရှင်းသည့် ခုံတစ်လုံးပေါ်တွင် ထိုင်လိုက်ကာ မေးငေါ့ပြလိုက်ပြီး " လူနှစ်ယောက်လုံး တစ်ခါတည်း ဖမ်းထားတာလား " တစ်ယောက်ထွက်ပြေးသွားသည်နဲ့ ချက်ချင်း နောက်တစ်ယောက် ‌ပေါ်လာခြင်းက အနည်းငယ် ထူးဆန်းသည် ။
" အခုခေတ်က အစားအသောက် အိမ်တိုင်ယာရောက်စနစ်တွေ ရှိ‌တယ်လေ.." ရွမ်းရီက ခံစားချက်တစ်စုံတစ်ခါ မရှိသည့် လေသံဖြင့်သာ ပြောလိုက်သည် ။ လေသံထဲတွင် ကြင်နာမှုဆိုသည်စကားလုံးကို ‌အစရှာ၍ပင် မရချေ။ ဒီသေဆုံးသွားသည့် လူသည် တစ်ကိုယ်တည်းသမား မဟုတ်လျှင် မိဘအိုကြီးကို လုပ်ကျွေးနေသည့်လူ ဒါမှမဟုတ် သားသမီးငယ်လေး ရှိသည့် လူလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဒီလူသည် အစားအသောက်ပို့သမားဖြစ်ကာ ခက်ခဲသည့် မိသားစုမှလာပြီး ဒီလူ၏‌သေဆုံးမှုက အချို့လူများကို ဆင်းရဲတွင်းသို့ ဆွဲချသွားမည် ဖြစ်သည် ။
သို့တိုင် ရွမ်းရီ၏ မျက်နှာထက်တွင် ဂရုမစိုက်ခြင်း ဆိုသည့် စကားလုံးကို ရေးသားထားသည့်နှယ် တည်တည်ငြိမ်ငြိမ်ပင် ။ မျက်နှာထက်တွင် နောင်တရမှုမဆိုထားနဲ့ သူ့လက်ထဲက အရာသည် လူသားတစ်ယောက်မဟုတ်ဘဲ သူ့ဓာတ်ခွဲခန်းထဲက ဖန်ချောင်းကဲ့သို့ အရာလိုမျိုး စမ်းသပ်ပစ္စည်းတစ်မျိုးဟုသာ မှတ်ယူထားသည့် ရုပ်ပင် ။ သူက စမ်းသပ်မှုမှ ပျော်ရွင်နေမှုကို ရရှိနေဟန် ..
စီရန်ယွီက သူ့မေးစေ့ကို အသာကိုင်ရင်း စဉ်းစားနေသည် ။ သူက ရွမ်းရီ၏ စစ်ဆေးမှုရလဒ်ကို ခန့်မှန်းမိနေသောကြောင့်ပင် ။ မကြာခင် လူသားတွေအတွက် ကပ်ဆိုးကြီး ရောက်လာတော့မည် ဖြစ်သည် ။ ဒါက အရေးမကြီးသေး အရေးကြီးသည်က ထိုအရာကို စတင်သူမှာ သူ ဒါမှမဟုတ် ရွမ်းရီ မဖြစ်ဖို့ပင် ။ သူ့အတွက် အကာအကွယ်ဟု ယူဆရသည့် ဇာတ်လိုက်ဆိုသည့် ရာထူးက ရှိနေပြီးသားပင် ။ သို့သော် ရွမ်းရီက မတူတော့ပေ ။ သူက အရံဗီလိန်ဇာတ်ကောင်မျှသာ ။ ဒုတိယဇာတ်လိုက် လုယွမ်၏ ရာထူးတိုးဖို့ ခြေနင်းတုံး ဖြစ်သွားနိုင်သည် ။
****
" Virus အဆင့်ထိမရောက်ဘူး .. ဒါကြောင့် စိတ်ပူစရာမလိုသေးတာ .. မဟုတ်ရင် Zombie ပျက်ကပ် ဖြစ်လာလိမ့်မယ် ..." စီရန်ယွီ၏ စကားအား ရွမ်းရီက မျက်စောင်းတစ်ချက်ဖြင့် တုန့်ပြန်လိုက်သည် ။ သူက virus တီထွင်နေခြင်း မဟုတ်သဖြင့် virus နီးပါးဖြစ်လာသည့် စမ်းသပ်မှုရလဒ်က သူ့စမ်းသပ်မှု ကျရှုံးသည်ဟု အကြီးအကျယ် သက်သေပြနေခြင်း မဟုတ်ပါလား ။
သူရဲ့ ကားမောင်းနေသည့် စီရန်ယွီအား မျက်လုံးအဝိုင်းသားနဲ့ကြည့်ကာ ' ဟုတ်သား .. သူက သူတို့ထက် ပိုသန်မာတာဘဲ .. စိတ်စွမ်းအင်အကြောင်းကိုတောင် သိထားမှတော့ သူမှ ရှိလောက်တယ်မလား .. ဟုတ်တယ်မလား .. ဟုတ်လောက်တယ်...'
ကျွီ!!!
ရုတ်တရက် ရပ်သွားသည့် ကားကြောင့် ရွမ်းရီက မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည် ။
စီရန်ယွီ၏ ဖြောင့်ထင်းသည့် မျက်ခုံးများက မြင့်တက်သွားကာ ရွမ်းရီအား ဝေ့ကြည့်လိုက်သည် ။ " ဘာလဲ.. ကိုယ့်ကို သတ်ချင်လို့လား .."
ရွမ်းရီက နှာတစ်ချက်မှုတ်လိုက်ကာ နူတ်ခမ်းတွန့်လိုက်သည်။ " ဟွန့် .. အဲလောက် ဆွဲဆောင်မှု ရှိနေတာ သတ်ချင်စရာကြီးကို .. " သူက တစ်ဖက်လှည့်ကာ တီးတိုးရေရွတ်လိုက်သည် ။ သူသည် စီရန်ယွီကို သေသေချာချော ထုပ်ပိုးပြီး သိမ်းထားချင်တာ ဖြစ်သည် ။ အထူးသဖြင့် စုယန်ချုးသည် အချစ်တွေပြည့်နေသည့် မျက်ဝန်းများဖြင့် သူပိုင်ဆိုင်သည့်အရာကို ကြည့်လာသည့် အချိန်တွင်ပင် ။
ရွမ်းရီ၏ အပြုအမှု‌ကြောင့် စီရန်ယွီက ရယ်မောလိုက်ပြီး ကူကယ်ရာမဲ့ကာ ခေါင်းယမ်းလိုက်တော့သည် ။ သူတို့ စီအိမ်တော်သို့ ရောက်သည့် အချိန်တွင် အိမ်ရှေ့တွင် စိုးရိမ်တကြီး အမှုအရာဖြင့် စောင့်နေသည့် စုယန်ချုးကို တွေ့လိုက်ရသည်။ သူ့မျက်နှာသည် ဖြူဖျော့‌မနေတော့သော်လည်း ကြည့်မိသူတိုင်း အားနည်းနေသေးကြောင်းတော့ ပြောနိုင်လေသည် ။ ဒီလိုအခြေအနေဖြင့်တောင် တစ်စုံ‌တစ်ယောက်အား စောင့်ကြိုကာစိုးရိမ်နေခြင်းက တစ်ယောက်၏ နှလုံးသားကို လှုပ်ရှားသွားစေနိုင်မည် ဖြစ်သည် ။
စုယန်ချုးသည် ရွမ်းရီကို မြင်လိုက်သည့်အခါ မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်သည့် ခံစားချက်တချို့ ဖြတ်ပြေးသွားသည့်တိုင် အားတင်းကာ ပြုံးပြီး ကြိုဆိုလိုက်လေသည် ။ ထိုအပြုံးထဲတွင် နားလည်‌ပေးနိုင်မှုများ နဲ့ ပြည့်နှက်နေကာ မှေးမှိန်နေသည့် ယုံကြည်မှုရေးရေးလေးကိုလည်း တွေ့နိုင်ပေသည် ။ စီရန်ယွီ သည် တစ်နေ့တွင် သူ့အား ခွင့်လွှတ်ပေးနိုင်ပြီး အရင်လို ပြန်ဖြစ်နိုင်မည်ဆိုသည့် ယုံကြည်ချက်ပင်..
ဖန်းယိဟောက်ဖြစ်စေ ရွမ်းရီဖြစ်စေ စီရန်ယွီအား သူ့လောက်လွမ်းမိုးနိုင်လိမ့်မည်ဟု မယုံကြည်ပေ .. ထိုသူများသည် သူ့အမှားတစ်ခုကြောင့် စီရန်ယွီ စိတ်ဆိုးနေခြင်းအား နှစ်သိမ့်ပေးနိုင်သည့် ကစားဖော်လေးများသာ.. ထိုစိတ်ဆိုးနေသည့် အချိန်ကာလလေးသာ သူတို့သည် စီရန်ယွီကို ပိုင်ဆိုင်မည်ဖြစ်ပြီး ပြီးလျှင် သူ့ထံသို့ ပြန်ပေးရမည် ဖြစ်သည် ။ ဒါသည် တစ်ဘဝစာ တွေ့ကြုံပြီးနောက် စီရန်ယွီထံတွင် ထားသည့် သူ့ယုံကြည်မှုပင်..
ယုံကြည်မှုရိြှခင်းသည် ကောင်းသည့်အရာဖြစ်သော်လည်း စုယန်ချုးသည် လူသားတို့၏စိတ်သည် ပြောင်းလဲ လွယ်တတ်သည် ဆိုသည့် အချက်ကို လစ်လျုရှုထားမိခဲ့သည်..
အရာရာတိုင်းသည် သူထင်ထားသလို မဖြစ်နိုင်ပေ...
________________________________
😣 အရင်းအမြစ်သည် အရင်းအမြစ်ဖြစ်သည်..
ကျင့်ကြံသူများသည် သူတို့ အဆင့်တက်ဖို့ အရင်းအမြစ်လိုသလို ... ငါသည်လည်း လိုင်းသုံးဖို့ ဖုန်းဘေလိုသည်..
#ပုံ..ဘိုင်ပြတ်နေသော နတ်ဆိုးကျင့်ကြံသူ🙂
( မှတ်ချက်: မားသားနဲ့ ဝုန်းရခြင်းသည် မကောင်းပေ.. အရင်းအမြစ် ပြတ်တတ်၏ .. 😑) ကိုယ်တွေ ့Devil
________________________________
Continue Reading
You'll Also Like
149K 11.3K 42
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1M 41.7K 54
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
903K 48K 43
321K 33.6K 105
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်