Love + Love
|Author Blackclock
part 4
:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:
Chapter 2
မူးယစ်နေသော မိန်းမငယ်တစ်ယောက်
စားပွဲထက် မှောက်နေလေပြီ။ ညှို့နက် အသိ
မဲ့နေလေသော ဦးမြတ်သျှန်ထွန်းကို တွဲခေါ်
လာပြီးနောက် ထိုလူ့အခန်းသို့ ဝင်ခဲ့သည့်
နောက်တော့……
လျှို့ဝှက်စာကြည့်ခန်းကို ခလုတ်ဖွင့်လို့
ဝင်မွှေနေမိလေသည်။ အေးဆေးသက်သာ
သော စိတ်ဖြင့် ရှာနေမိသော်လည်း ရိပ်ခနဲ
ပေါ်လာလေသော အရာ။
" အဟွင့် လူရီး ရှင် ဘာတွေလုပ်
ရှင် ပျော်လို့ ဝခဲ့ရဲ့လား ဟင်၊
ဒယ်ဒီကော သူ့အခန်းမှာ အိပ်ပျော်
နေပြီလား"
"ကျစ်"
စုတ်တသတ်ချရင်း ကျောနောက်က သိုင်း
ဖက်လာသော သူမကို အလိုမကျလို့ ညှို့နက်
စိတ် ညစ် နောက်သွားလေသည်။
"ရှူး တိုးတိုးပြောစမ်းကွာ ငါ လုပ်စရာရှိတယ်"
"အဟင့် ဘာတွေလိုချင်လို့လဲ အသွေးမြတ်
ကို မေးလေလို့"
စိတ်မရှည်လေတော့။ ရင်ဘတ်ကို သူမ
ပွတ်သပ် လာတော့ စိတ်က ကြွလာတဲ့
နောက် ညှို့နက် အနောက်ကို လှည့်လိုက်
သည်။စာကြည့်စားပွဲအထက် စကပ်တိုလေး
ဝတ်ထားတဲ့ ကလေးမကို ခါးက ကိုင်လို့ ပွေ့
တင်လိုက်သည်။
" ချစ်တယ် ဦးညှို့နက်ရယ်"
သူတောင် မစရသေးခင် မေးကို ကိုင်လာ
ကာ နှုတ်ခမ်းတို့ကို လာစုပ်နမ်းနေလေပြီ။
ညှို့နက် အလိုက်တသင့် နမ်းလေတော့
စိတ်ပါ ထန်လာချိန် သူမ ကျောပြင်လေးကို
ဆုပ်နယ် ဖက်ထားချိန် ဝင်လာသော အတွေး
တစ်ခု။
တဏှာနဲ့ အလုပ်ကို ရောလို့ မဖြစ်။
မစ်ရှင်အရ ဒီမိန်းမကို ဗိုက်တစ်လုံးနဲ့
ကျန်ခဲ့စေရုံ။
" အို ဦးကလည်း……"
" ဟေး ငါ အလုပ် လုပ်ရဦးမယ် အငြိမ်နေ
မဟုတ်ရင် လည်ဖြတ်ပစ်မယ်"
"ဦးကလည်းကွာ"
မရ။ အနောက်ကနေ လူပေါ် ခွကပ်တက်
လိုက် ရင်ဘတ်ကို တိုးဝှေ့ဖက်လိုက်နဲ့
တဏှာခတ်ထန်နေလေသော သူမ။
" ဖယ်စမ်းပါကွာ ပြီးရင် မင်းလိုတာ
ငါ လုပ်ပေးမယ် ဟုတ်ပြီလား"
"အတည် "
"အချိန်ခဏပေး ဖယ်"
ညှို့နက် ပြောနေလေတော့ မူးယစ်
ယောင် ပြုနေတုန်း လွတ်လာတဲ့ အသိ
စိတ်။ စာအုပ်တို့ကြား မွှေနှောက်ရှာနေ
လေသော ဦး ကျောပြင်ကို သူမဓားနဲ့ မပိုင်းလို။
ဘာကြောင့်များ ဒီလောက်
ချစ်မိသွားတယ် မသိ။
ချစ်မိခဲ့တာမို့ အချစ်ပေါ် အချစ်ထပ်ပေါင်း
နေတာနဲ့ ဂိုဏ်းကနေတောင် အထုတ်ခံရတော့
မလား မသိ။
အို ဘာဖြစ်ဖြစ်။
" ဘာရှာနေတာလဲလို့ ဟင်"
"စာရင်းတစ်ခု"
"ဘာစာရင်းလဲလို့ အသွေးမြတ်ကို မေးလေ
မေးလေလို့ ပြောပြမှာပေါ့"
အတည်ပေါက်နဲ့ ချွဲပြနေလေတော့
အချိန်မကုန်ချင်တာမို့ ညှို့နက် ထိုင်
ခုံထက် ပစ်ထိုင်ချလိုက်သည်။ သူမကို
ယုံကြည်စွာ ပြောပြလိုက်တော့ ၆ စက္ကန့်
အတွင်း လိုသော အရာကို ပေးလာသည်။
"မင်း မူးနေတာကို အကုန်သိနေတုန်းပဲလား"
"ဟင့်ဟင်း ဒီလိုပဲလေ သောက်ထားတာက
အပျော့စားလေးပါ ဦး……"
"ဟင်း……"
စာရင်းစာအုပ်ကို ပေးရင်း လူပေါ်ခွာတက်
လို့ မျက်နှာတွေ နမ်းရှိုက်လာတော့ ဖိမ်းရှိန်း
ထလာသော ရင်ခုန်သံ။
"ဝိတ် ဝိတ် ခဏကွာ ခဏ ကျစ်……"
ပုံမှန် မစ်ရှင်တစ်ခုသာသာ ထင်ထားပေမယ့်
ဒီမိန်းမနဲ့တွေ့မှ ဘာဖြစ်တယ်မသိ။ အခက်အခဲ
ကြားက ရှာရမယ့် လိုတဲ့အရာကလည်း လက်ထဲ
ရှိနေလေပြီ။
ဒါပေမယ့်လို့ မရိုးသားတဲ့ သူမမျက်ဝန်း။
ပုံမှန်မဟုတ်တဲ့ လျင် ထက် နေမှု။
" အိုကေ ဒါကို လိုနေတာ သွားစို့"
"အို ဘယ်ကိုလဲ"
"ငါနဲ့အတူ မင်းကို ခေါ်သွားမယ်လေ
မင်းက အသတ်ခံချင်တာလား သူက မင်း
အဖေရင်းမှ မဟုတ်တာ"
"ဟင် ရှင် သိနေတယ်"
"မင်းကို မွေးပြီး စားမလို့ ကျန်နေတာ
မင်းအဖေအရင်းက သူသတ်လို့ သေလောက်ပြီ"
"ဟင့်အင်း မယုံဘူး"
"မယုံလည်း နေခဲ့လေ ဘာဖြစ်ဖြစ်
မင်းကို စားရတာလောက် အရသာသိပ်ရှိတာ
ငါ မတွေ့ခဲ့ဘူး ဘိုင့်"
"ဦး"
"ပြော"
"တကယ်သွားတော့မှာလား ဟင်"
"မစ်ရှင် တစ်လစာက မင်းကြောင့် တစ်ညထဲ
နဲ့ ပြီးသွားပြီလေ "
"အသွေးမြတ် ဦးနဲ့ မခွဲချင်ဘူး"
"မခွဲချင် လိုက်ခဲ့လေ လိမ္မာရင်
မင်း ကြိုက်သလောက် ကျွေးမယ်"
"အဟက်……… ရှင် လက်မြောက်လိုက်"
"အဟင်း ထင်သား အိုကေ အိုကေ"
ထင်ထားတဲ့အတိုင်း အသွေးမြတ်အစစ်မဟုတ်
လေသော မိန်းမ။ ညှို့နက် လက်ကို မြောက်တင်
ထားလိုက်သည်။ မမြောက်လို့လည်း မဖြစ် ဖက်လိုက်
နမ်းလိုက် လုပ်တာနဲ့ ကိုယ်ပေါ်က လက်နက်တို့
မရှိတော့ပြီ။
" ကျွီ………"
"လစ်တော့"
"ဟင်"
"ဒိုင်း……."
သူမ ပစ်လိုက်လေသော ကျည်ဆံက ပခုံး
အစွန်းတစ်ဖက်ကို ထုတ်ချင်းပေါက်သွား
လေသည်။
"ဦးကို သိပ်ချစ်ခဲ့တယ်လို့ မှတ်ပါ
ကျွန်မ နာမည် ဇလပ်ပါ"
"ဟင်"
"ဒိုင်း………"
တစ်ချက် ထပ်ဆင့်မြည်လာသော အသံဆုံး
တဲ့နောက် ညှို့နက် မတွေဝေလေတော့။
ပြတင်းတံခါးက တဆင့် ခုန်ဆင်း ထွက်ခဲ့လေ
တော့သည်။
ပခုံးအဆက်ကတော့ သွေးတို့ စွန်းနေဆဲ။
ထိုစဉ် မြေပြင်ထက် ရောက်ချိန် မီးထိန်နေ
ခဲ့သော ဇလပ်ဆိုသော မိန်းကလေး ကျန်ခဲ့
ရာ အခန်းက ပုံရိပ်၊ သေနတ်ပြောင်းတေ့ ပစ်လို့
ဆူညံသံအချိန် ထွက်ပေါ်လာလေသည်။
" တောက်……ခင်များကြီး သိပ်လည်ချက်
ဘယ်လိုလူစားပါလိမ့်"
လက်ထဲက စာအုပ်ကို ယူလို့ ဒဏ်ရာ
စက်လက်နဲ့ ညှို့နက် ပြေးထွက်ခဲ့ရပြန်
လေသည်။
ထင်ခဲ့သလို ဝါရင့်ကြေးစားတစ်ကောင်
ကို သူ မနိုင်ခဲ့။ ကြားထဲ မိန်းမတစ်ယောက်
ကို ချစ်လုလု ဖြစ်ခဲ့တာတောင် အဖက်တင်
ခဲ့သေး။
သေချာတာကတော့ အသွေးမြတ်လျှံခြယ်
ဆိုတဲ့ သခင်မတစ်ယောက်ကို သူ ဖျက်ဆီး
ကောင်း ဖျက်ဆီး ရပေလိမ့်မည် ဧကန်ပင်။
" ဗုန်း "
သွေးလွန်နေလေပြီမို့ နေရာတစ်ခုအရောက်
ညှို့နက် လဲကျသွားတော့သည်။
ဘာကိုမျှ မသိနိုင်လေတော့။
အချိန်တစ်ခုကြာပြီးလေမှ………
" ဟင် ရှင် သတိရလာပြီပဲ စိတ်မပူပါနဲ့
ကျွန်မ လူကောင်းပါ"
"အား ကျွတ် ကျွတ် မင်းက"
"ကျွန်မ ဆေးခန်းရှေ့ ရှင် မေ့လဲကျနေလို့
ကယ်ပေးထားတာပါ"
"အိုး အား အ"
"ဖြည်းဖြည်းပါ နာနေလိမ့်မယ်"
"မင်း ……"
"အို ရှင် ဘာလုပ်တာလဲ ရှင့်ကို ကယ်ပေးထားတာကို
ကျွန်မလည်ပင်းထက်က ဓားက ဖယ်လိုက်ပါ"
" ငါ့ပစ္စည်းတွေ ဘယ်မလဲ"
"ရှင့် ရှင့် အိပ်ရာဘေးမှာ"
"မင်း ဘယ်သူတွေကို အကြောင်းကြားပြီးပြီလဲ
မှန်မှန်ပြောနော် ငါလက်က လက်တွန့်နေမှာ
မဟုတ်ဘူး"
" အို ခက်တော့တာပဲ ရှင့်ဖာသာ ထွက်သွားချင်လည်း ထွက်သွား နေချင်လည်းနေ ကျွန်မ ဂရုမစိုက်ဘူး အားလည်း မအားဘူး ဖယ်"
"ဟင်"
တည်ကြည်သော မိန်းမတစ်ယောက်။
သူမ လှည့်ထွက်မယ် ပြင်လေတော့ သူမ
လက်ကို ညှို့နက် ဖမ်းဆွဲထားလိုက်သည်။
"ရှင်နော် လွန်မယ် ကျွန်မ ကာမပိုင်ရှိတဲ့
မိန်းမတစ်ယောက်"
"နိုးနိုး ကျေးဇူးတင်စကား ပြောမလို့ပါ
ခင်များအပေါ် သိပ်ကို အကြွေးတင်သွားပြီ
ခဏ ဒီမှာ ဖုန်းနံပတ် ကျုပ်ပေးခဲ့မယ်
တစ်စုံတစ်ရာ လိုအပ်တဲ့အခါ ဆက်သွယ်
လိုက်ပါ ကျုပ်ဟာ ကြေးစားလူသတ်သမားမို့"
"အိုကေ"
အချိန်မဆွဲလေတော့ ညှို့နက် ဒဏ်ရာကို
လက်နဲ့ အုပ်လို့ ထွက်လာခဲ့လေသည်။အချိန်
က အရုဏ်ဦး လင်းလုလုတောင် ရောက်နေ
သည်အထိ။
မလင်းသေးသည်က ညှို့နက်ဆိုသော
အမှောင်လူသားရဲ့ နှလုံးသားသာ။ နှစ်
ပေါင်းများစွာ လေ့ကျင့်သတ်ဖြတ်လာခဲ့
ပေမယ့် ထိုမိန်းမကို အခုထိ သူ မတွေ့ရ
သေး။
နေနှင့်ဦးပေါ့ ပုန်းနိုင်သူကြီးတို့ရေ……
ပထမအကြိမ်ချည်းကပ်မှုမှာ မင်းတို့
နိုင်ခဲ့ပါတယ်………။
အပိုင်း ၅ ဆက်ပါမည်။
blackclock / 1:51pm - Oct 29/2021 Fri