HYUNG? NOT.... || JINKOOK ✔︎

Oleh Rionakookie

243K 19.6K 9K

" ဘယ်သူက ခင်ဗျား ညီလဲ?? ကျွန်​ေတာ် ခင်ဗျားကို အစ်ကို မတော်ချင်ဘူး" " ဘယ္သူက ခင္ဗ်ား ညီလဲ?? ကြၽန္ေတာ္ ခင္ဗ... Lebih Banyak

~ 2 ~
~ 3 ~
~ 4 ~
~ 5 ~
~ 6 ~
~ 7 ~
~ 8 ~
~ 9 ~
~ 10 ~
~ 11 ~
~ 12 ~
~ 13 ~
~ 14 ~
~ 15 ~
~ 16 ~
~ 17 ~
~ 18 ~
~ 19 ~
~ 20 ~
~ 21 ~
~ Ending ~
Hello
Extra - 1
Extra - 2
Announcement❗
📣📣
📘

~1~

24.8K 1K 164
Oleh Rionakookie

Unicode
_________

အဲ့ဒီနေ့က ကျွန်တော့်ဘဝမှာ အကြီးမားဆုံး အပြောင်းအလဲတစ်ခုနဲ့ ကြုံခဲ့ရ​တဲ့ နေ့တစ်နေ့။

"သားလေး..ကုကုလေးရေ။ ဒီမှာ သားရဲ့ ကိုကို ပါလာပြီ"

ကျွန်တော့် မေမေ။ တစ်နည်းအားဖြင့် မွေးစားမေမေ၏ ခေါ်သံအဆုံးမှာ တိုက်ကြီးထဲ ကလေးတစ်ယောက်ထွက်လာခဲ့သည်။ အသက် ၆ နှစ်အရွယ်နဲ့ မလိုက်ဖက်အောင် တည်တင်းနေတဲ့ မျက်နှာထားကကျွန်တော့်ကို မြင်တော့ မလိုလားမှုတွေအပြည့်နှင့် ဖြစ်သည်။ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက လူမျိုးစုံရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး နေခဲ့ရတာမို့ ထိုကောင်လေးရဲ့ ကျွန်တော့်အပေါ်ထားတဲ့ မနှစ်မြို့မှုတွေကို စက္ကန့်ပိုင်းအတွင်းမှာ အမိအရဖမ်းယူနိုင်ခဲ့ပါသည်။

"သူ့နာမည်က ဘယ်သူလဲ"

လူကြီးတစ်ယောက်လို မေးခွန်းထုတ်လိုက်တဲ့ ကောင်လေးရဲ့ စကားကြောင့် မေမေတို့တွေက သဘောတကျ ရယ်လိုက်ကြပေမယ့် ကျွန်တော်ကတော့ မရယ်နိုင်ခဲ့ပါ။ ပိုပြီး အနေကျုံ့သွားသလို ခံစားလိုက်ရတာမို့ လက်နှစ်ဖက်ကိုပဲ ခပ်တင်းတင်းဆုပ်ထားမိလိုက်သည်။

"သူ့နာမည်က ဆော့ဂျင်တဲ့။ ဂျွန်အိမ်တော်ရောက်လာပြီဆိုတော့ ဂျွန်ဆော့ဂျင်ပေါ့။ သားထက် ၅နှစ်ကြီးတယ်။ ကြည့်ပါဦး..သားရဲ့ ကိုကိုက ချစ်စရာမကောင်းဘူးလား။ ပါးဖောင်းဖောင်း နှုတ်ခမ်းလုံးလုံးလေးနဲ့ အရုပ်​လေးကျနေတာပဲ"

မေမေက အသည်းယားစွာဖြင့် ကျွန်တော်ပါးနှစ်ဖက်ကို ဖွဖွလေး လာဖျစ်သည်။ထိုကောင်လေးက ချက်ချင်းပဲ အနားကိုရောက်လာပြီး ကျွန်တော့်ပါးပေါ်က မေမေ့ရဲ့လက်တွေကို ဖယ်ပစ်သည်။

"သား..သူ့ကို မလိုချင်ဘူး"

ကျွန်တော့်မျက်လုံးတွေ ဝိုင်းသွားသည်။

ဘုရားရေ။ ဒီကောင်လေးက ကလေးတောင်ဟုတ်ရဲ့လား။ ဒါက ၆ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ငြင်းဆန်တဲ့စကားတဲ့လား။

"သားသား ကလည်းကွယ်..အဲ့လိုမပြောရဘူးလေ"

မေမေက ဟန့်တားလိုက်ပေမယ့် အဲ့ဒီညနေက အစပျိုးခဲ့သည့် မနှစ်မြို့ခြင်းများစွာဖြင့် အုံဖွဲ့နေခဲ့တဲ့ ကောင်လေးရဲ့ မျက်လုံးတွေကိုတော့ ကျွန်တော် ကောင်းကောင်းမှတ်မိနေခဲ့ပါသည်။

~~~~~~~~~~~~~~ // ~~~~~~~~~~~~~

"သားကြီးရေ...ဒီမှာ သားဖို့ "

ကျွန်တော် ခြံရှေ့က ပန်းပင်လေးတွေ ရေလောင်းနေတုန်း မေမေက ဘောလုံးအသစ်လေးတစ်လုံး ပေးလာပါသည်။ခရမ်းရောင်နဲ့ အဝါရောင် အစပ်ကြားလေးမို့ ကျွန်တော်မြင်မြင်ချင်းပင် သဘောကျသွားသည်။

"ပေး..."

ထိုဘောလုံးလေးက ကျွန်တော့်ဆီမရောက်လိုက်။ကျွန်တော့်ဆီ ရောက်ဖို့ လက်တစ်ကမ်းအလိုမှာ တစ်စုံတစ်ယောက်၏ ဆွဲလုခြင်းကိုခံလိုက်ရသည်။ဘယ်သူလဲဟု ကြည့်စရာမလို။ သူပဲ ဖြစ်မှာ။

"ဒီဘောလုံးကို သားယူမယ်"

သူက ကျွန်တော့်ကို မကြည့်ဘဲ မေမေ့မျက်နှာကိုပဲ ကြည့်ပြီး ပြောသည်။ သူ့လေသံက ခွင့်တောင်းသည့်ပုံစံမဟုတ်။ မေမေ့ဆီက စကားသံထွက်မလာခင် သူ့အပိုင်ကို သူယူလိုက်သလိုမျိုး ဆတ်ကနဲ ဆွဲယူသွားသည်။

ကျွန်တော် ဘာမှမပြောမိတော့။ အစကတည်းက ဖေဖေနဲ့မေမေ့ရဲ့ မေတ္တာတွေရော၊ ဒီအိမ်ရဲ့ ပစ္စည်းအားလုံးဟာ ကျွန်တော်မှမပိုင်ဘဲ။ မွေးစားသားဆိုသည့် အသိက အမြဲတမ်း ကျွန်တော့်ခေါင်းထဲမှာ အလိုအလျောက်သတိပေးသည့် ကိရိယာတစ်ခုလိုမျိုး တည်ရှိနေသည်။

"ကုကုလေးကလည်းကွယ်..သားလိုချင်ရင် အသစ်ဝယ်ပေးမှာပေါ့။ ဒါလေးက ကိုကို့အတွက်"

မေမေက ချော့မော့ပြီး ပြောသည်။ သို့သော်လည်း ထိုကောင်လေး၏ မျက်လုံးဝိုင်းလေးတွေက တိကျပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချထားသလိုမျိုး စူးရှနေသည်။

"ဟင့်အင်း...သားက ဒါကိုပဲလိုချင်တာ"

"ကုကု..."

မေမေ့အသံက ဒေါသသံစွက်သွားသည်။ ဒီတစ်ခါတော့ ကျွန်တော် ဝင်မပါလို့မဖြစ်တော့။ ဒီအိမ်ကိုရောက်ကတည်းက ကျွန်တော့်အတွက်ကြောင့် စိတ်ညစ်ရမှာ ၊ မိသားစုအချင်းချင်း စကားများကြမှာကို အကြောက်ဆုံးဖြစ်သည်။

"နေပါစေ..မေမေ။ ကျွန်တော် ဒီအရောင်ကိုမကြိုက်ဘူး။ ညီလေးယူပါစေ"

ပြောပြီးမှ ကျွန်တော်သတိရသွားပြီး ကိုယ့်ပါးစပ်ကိုယ် အုပ်လိုက်မိသည်။ ပြောမိပြန်ပြီ။ သူမကြိုက်ဘူးလို့ ပြောထားရက်နဲ့။

ကျွန်တော့်အတွေးထက် သူ့စကားသံက မြန်ဆန်စွာထွက်ပေါ်လာသည်။

"ဘယ်သူက ညီလေးလဲ။ အဲ့ဒီလိုမခေါ်ဖို့ ပြောထားတယ်မဟုတ်လား"

သည်ကောင်လေးက သူ့ကိုယ်သူ ကျွန်တော့်အထက်အငယ်လို့ ခံယူရမှာကို သဘောကျပုံမရ။မေမေက ကျွန်တော့်ကို သားကြီးလို့ ခေါ်ရင် သူ မျက်နှာပျက်သွားတတ်သည်။

"ဂျွန်ဂျောင်ကု...နင်တော်တော်ဆိုးနေပါလား"

မေမေက ရိုက်ဖို့ လက်ပြင်လိုက်ချိန်မှာ ကောင်လေးက တစ်ခွန်းပဲ ပြောပြီး ဘောလုံးကိုပိုက်ကာ ပြေးထွက်သွားသည်။

"သူက သားအစ်ကိုမှ မဟုတ်တာ"

ကျွန်တော် သက်ပြင်းတစ်ချသာ ချလိုက်မိသည်။ပြီးတော့ ကျွန်တော့်ရဲ့ မူပိုင်ဖြစ်တဲ့ အပြုံးတစ်ပွင့်ကို စိတ်ပါလက်ပါ ပြုံးလိုက်ရင်း ရေလောင်းဖို့ပိုက်ကို ကောက်ကိုင်လိုက်၏။

"နေပါစေ..မေမေ။ ညီလေးက ငယ်သေးလို့ပါ။ သူ့မှာ အဲ့ဒီလို အနိုင်ယူချင်စိတ်ရှိပေမယ့် ကိုယ်ထိလက်ရောက်တော့ တစ်ခါမှရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံဖူးပါဘူး"

"သားကြီးရယ်..."

မေမေက ကျွန်တော့်ဆံပင်တွေကို သပ်တင်ပေးရင်း ကရုဏာမျက်ဝန်းတွေနဲ့ မချင့်မရဲကြည့်လာသည်။

ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ ကျွန်တော့်အတွက် မေတ္တာတရားတစ်ခုကလွဲရင် ကျန်တာတွေ မလိုအပ်ပါဘူး။ အနိုင်မယူဘဲ အမြဲတမ်း အလျှော့ပေးတတ်တဲ့ အကျင့်က ကျွန်တော့်ရဲ့မွေးရာပါ ဗီဇပဲ ဖြစ်ပါလိမ့်မယ်။

~~~~~~~~~~~~ // ~~~~~~~~~~~~

ထိုစဥ်က သူ့အသက်က ၁၄နှစ်။ ကျွန်တော်က ၁၉ နှစ်။

"ငါ မနက်ကျ ကျောင်းသွားရင် ဝင်ခေါ်မယ်..ဆိုရာ"

"အင်း..အတူတူသွားကြမယ်..ဆော့ဂျင်။ စာတွေနားမလည်ရင် နင်ရှင်းပြမှ ငါနားလည်တော့တယ်"

"ကောင်းကောင်းသွားပါ"

"တာတာ့ မနက်ကျရင် တွေ့ကြမယ် ဆော့ဂျင်"

အပေါင်းအသင်းနည်းပြီး သီးသန့်နေတတ်တဲ့ ကျွန်တော့်မှာ ရှားရှားပါးပါး တစ်ဦးတည်းသော သူငယ်ချင်းလေး 'ဆိုရာ' တစ်ယောက်သာရှိသည်။သူ(မ) သည်လည်း ကျွန်တော့်လိုပင် အနေအေးပြီး အပေါင်းအသင်းသိပ်မထားတတ်သူလေးပင်။ကျောင်းသွားဖော် ကျောင်းသွားဖက်လည်းဖြစ်၊ အတန်းဖော်လည်း ဖြစ်တာမို့ ဆိုရာနဲ့ကျွန်တော်က ကျောင်းမှာလည်း အမြဲတပူးတတွဲတွဲရှိတတ်သည်။

"ဂျွန်ဆော့ဂျင်..."

နောက်ကျောဆီက ခေါ်သံကြောင့် ကျွန်တော်လန့်ဖျတ်သွားပြီး လက်ထဲကစာအုပ်တောင် လွတ်ကျမတတ်ဖြစ်သွားသည်။

သူက မေမေတို့ကွယ်ရာမှာ ထိုသို့ ေခါ်တတ်သည်။လူကြီးတွေ ရှေ့မှာဆိုရင်တော့ ဘယ်လိုနာမ်စားကိုမှမသုံးဘဲ ဝေ့လည်ကြောင်ပတ်နဲ့ လုပ်သည်။မကောင်းတတ်တဲ့အဆုံးမှ 'အစ်ကို'ဟု ခေါ်သည်။ဒါတောင် အမြဲတမ်းမဟုတ်။'အစ်ကို'ဟု ခေါ်သည့်အရေအတွက်က လက်ချိုးရေလို့ရသည်။

"အင်း..ဂျောင်ကု"

"သံပုရာရည် သောက်ချင်တယ်။ ဖျော်ပေး"

သူ့ရဲ့ အမိန့်ဆန်သော တောင်းဆိုမှုတွေကို ကျွန်တော် ဘယ်တုန်းကမှ မငြင်းဆန်နိုင်ခဲ့။ ကြောက်လို့မဟုတ်ဘဲ မငြင်းဆန်ရက်တာဖြစ်သည်။

"အခုဖျော်ပေးမယ်နော်..ခဏလေးစောင့်"

အရင်တစ်ခါက မေမေက သူ့ကိုဆူဖူးပါသည်။ အိမ်မှာ အိမ်အကူကောင်မလေးရော ထမင်းဟင်းချက်တဲ့အဒေါ်ကြီးပါ ရှိရက်သားနဲ့ ကျွန်တော့်ကိုမှရွေးချယ်ပြီး ခိုင်းလို့ဖြစ်သည်။ထိုအခါ ကောင်လေးက 'သူ ဖျော်တဲ့အရသာက ပိုကောင်းတယ်'ဟု ချက်ချင်းချေပသည်။ သံပုရာရည်ကို ဘယ်လိုဖျော်ရင် ပိုကောင်းတယ်၊ မကောင်းတယ်ဟုတော့ မပြောတတ်။
ကျွန်တော့်လက်ရာကလည်း ဘာမှထူးထူးခြားခြားကောင်းမနေပါ။ တမင်သက်သက် အလုပ်ရှုပ်အောင်လုပ်ခြင်းဟုပဲ ကျွန်တော်သတ်မှတ်သည်။

"ခုနက တစ်ယောက်က ဘယ်သူလဲ"

အမယ်..သူ့ထက် ၅နှစ်ကြီးတဲ့ မိန်းကလေးကိုများ 'ခုနက တစ်ယောက်တဲ့'။ ဂျွန်ဂျောင်ကုတို့က ဗီဇက မွေးကတည်းက အကြောတင်းတာ။ အပြောအဆိုက မရိုင်းစိုင်းသည့် တိုင်အောင် ရို့ရို့ကျိုးကျိုးပြောတာမျိုကျွန်တော်တစ်ခါမှ မတွေ့ဖူးပါ။အမြဲတမ်း လူကြီးစကားတွေပဲ ပြောတတ်သည်။

"ငါ့သူငယ်ချင်းပါ..ဂင်ဆိုရာတဲ့"

သူက သံပုရာရည် ဖန်ခွက်ကို လှည့်ပတ်ကစားရင်း ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်လာသည်။ဒီကောင်က လူနဲ့အကြည့်နဲ့ကိုမလိုက်တာ။တစ်ခါတစ်လေ သူ့ကိုယ်ထဲမှာ လူကြီးတစ်ယောက်၏ ဝိဉာဥ်များ ပူးကပ်နေသလားဟုတောင် ကျွန်တော်စဥ်းစားမိသည်။

"အဲ့ဒီတစ်ယောက်ကို သဘောကျတယ်"

ဘုရားရေ...။ ဒါ ဘယ်လိုစကားမျိုးကြီးလဲ။သူ့အသက်အရွယ်နဲ့လေ။

"ဟင်.."

"ကြိုက်တယ်။ သူနဲ့ရင်းနှီးတယ်မဟုတ်လား။ ပြောပေး"

ဒုတိယမြောက် ပြောလိုက်တဲ့ သူ့စကားကြောင့် ကျွန်တော်ကြောင်ခနဲ ဖြစ်သွားသည်။

ဂျွန်ဂျောင်ကုက မိန်းကလေးတွေကိုတောင် သဘောကျတတ်နေပြီတဲ့လား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဆိုရာ့ကို ဂျောင်ကုပြောသည့်အတိုင်းတော့ ပြန်မပြောရဲပါ။ ဘယ်လိုမျက်နှာမျိုးနဲ့ရင်ဆိုင်ပြီး ပြောရပါ့မလဲ။ဒီတစ်ခါတော့ သူ့စကားကိ​ု ကျွန်တော်ငြင်းဆန်လိုက်မိသည်။

"ငါ..ငါမပြောရဲဘူး"

"ကောင်းပြီလေ။ မပြောရဲရင် ကျွန်တော် ကိုယ်တိုင်ပြောမယ်"

သူ့အသံက တည်ငြိမ်လွန်းသည်။ ကလေးတစ်ယောက်နဲ့ တူမနေ။ ကျွန်တော် သူ့ကို ကြည့်နေရင်း ကြက်သီးတောင် ထလာသည်။

"ငါ..ငါ..သွားတော့မယ်"

ပြောပြီးပြီးချင်း ကျွန်တော့် ကိုယ်ပိုင် အခန်းလေးထဲ ဝင်ပြီး တံခါးချက်ထိုးထားလိုက်သည်။

ကျွန်တော့်အာရုံထဲ ဟင်းလင်းပြင်ကြီးဖြစ်သွားသည်။
ဘာကြောင့်ရယ်မသိ။အလိုလို ဝမ်းနည်းလာသည်။ဂျောင်ကုက မိန်းကလေး တစ်ယောက်အပေါ် သဘောကျတယ်လို့ ပထမ ဆုံး ဖွင့်ပြောလိုက်ချိန်မှာကျွန်တော့်ရဲ့ တုံ့ပြန်မှုက ထူးဆန်းစွာပင် ထိုအချင်းအရာအပေါ်ကို မနှစ်သက်သလိုလို၊ဝမ်းနည်းသလိုလိုနဲ့။ ကျွန်တော့်ခံစားချက်တွေကို ရေရေရာရာ သိမနေ။
သိအောင်လည်း ကျွန်တော် မကြိုးစားချင်ပါ။ သိဖို့မလိုဟု ကျွန်တော် ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။

သို့ပေမယ့် ထိုနေ့ကစပြီး ကျွန်တော် ဆိုရာ့ကို အိမ်
ရှေ့ အထိခေါ်မလာရဲတော့သလို ကျောင်းလည်းအတူမသွားဖြစ်တော့။ ကျွန်တော့်ဘက်က အကြောင်းအမျိုးမျိုးပြကာ အတန်းထဲမှာလောက်ပဲ တွေ့ဖြစ်တော့သည်။ မတော်လို့ ဂျောင်ကုနှင့်တိုးသွားလျှင် ဆိုရာ့အပေါ် တဇွတ်ထိုးဆန်ဆန် ရည်းစားစကားပြောမှာစိုးရိမ်သည်။ သူငယ်ချင်းတစ်ယောက် အနေနဲ့ ဆိုရာ့အပေါ်မျက်နှာမပျက်ချင်ပါ။ပြီးတော့ ဂျောင်ကုက အသက်တောင်ပြည့်သေးတာမဟုတ်။

တစ်ညနေတွင်တော့ ကျွန်တော် ဆိုရာ့ကိုမေးဖြစ်သည်။

"ဆိုရာ.."

"ဟင်.."

"ဂျောင်ကုကို သိတယ်မလား။ သူနဲ့ လမ်းမှာဖြစ်ဖြစ် ဆုံမိသေးလား"

"အင်း..ခဏခဏဆုံဖြစ်တယ်။ငါက နင့်ညီလေးမို့လို့ နှုတ်ဆက်မလို့လုပ်တာတောင် သူက ငါ့ကိုလှည့်တောင်မကြည့်ဘူး"

"ဟင်!"

ကျွန်တော့်စိတ်တွေ ရှုပ်ထွေးသွားသည်။ ကျွန်တော်ထင်တာက တစ်မျိုးလေ။ ရည်းစားစကားမပြောရင်တောင် သဘောကျကြောင်း စာတွေဘာတွေအတင်းလိုက်ပေးမလားရယ်လို့။အခုတော့ ထိုကောင်လေးက လှည့်တောင်မကြည့်တဲ့။

ဘာတွေလဲ။ အဲ့ဒီ​ေန့က ဆိုရာ့ကို သဘောကျတယ်လို့ သေချာပေါက်ပြောသွားတာပါ။

ဂျွန်ဂျောင်ကု၏ အတွေးတွေကို ကျွန်တော် လိုက်မမှီတော့။

~~~~~~~~~~~ // ~~~~~~~~~~

AN. Short story လေးပါ..အပိုင်းသိပ်မများပါဘူး

BTW.....၁၄ နှစ်သားရဲ့ အကွက်တွေက သိပ်ကိုလှတယ်နော် ><


Thanks for your reading & voting

Riona

.
.
Zawgyi
________

အဲ့ဒီေန႔က ကြၽန္ေတာ္႕ဘဝမွာ အႀကီးမားဆုံး အေျပာင္းအလဲတစ္ခုနဲ႔ ၾကဳံခဲ့ရ​တဲ့ ေန႔တစ္ေန႔။

"သားေလး..ကုကုေလးေရ။ ဒီမွာ သားရဲ႕ ကိုကို ပါလာၿပီ"

ကြၽန္ေတာ္႕ ေမေမ။ တစ္နည္းအားျဖင့္ ေမြးစားေမေမ၏ ေခၚသံအဆုံးမွာ တိုက္ႀကီးထဲ ကေလးတစ္ေယာက္ထြက္လာခဲ့သည္။ အသက္ ၆ ႏွစ္အ႐ြယ္နဲ႔ မလိုက္ဖက္ေအာင္ တည္တင္းေနတဲ့ မ်က္ႏွာထားကကြၽန္ေတာ္႕ကို ျမင္ေတာ့ မလိုလားမႈေတြအျပည့္ႏွင့္ ျဖစ္သည္။ မိဘမဲ့တစ္ေယာက္ျဖစ္ခဲ့တဲ့ ကြၽန္ေတာ္ဟာ ငယ္ငယ္ကတည္းက လူမ်ိဳးစုံရဲ႕ မ်က္ႏွာရိပ္ မ်က္ႏွာကဲကို ၾကည့္ၿပီး ေနခဲ့ရတာမို႔ ထိုေကာင္ေလးရဲ႕ ကြၽန္ေတာ္႕အေပၚထားတဲ့ မႏွစ္ၿမိဳ႕မႈေတြကို စကၠန္႔ပိုင္းအတြင္းမွာ အမိအရဖမ္းယူႏိုင္ခဲ့ပါသည္။

"သူ႕နာမည္က ဘယ္သူလဲ"

လူႀကီးတစ္ေယာက္လို ေမးခြန္းထုတ္လိုက္တဲ့ ေကာင္ေလးရဲ႕ စကားေၾကာင့္ ေမေမတို႔ေတြက သေဘာတက် ရယ္လိုက္ၾကေပမယ့္ ကြၽန္ေတာ္ကေတာ့ မရယ္ႏိုင္ခဲ့ပါ။ ပိုၿပီး အေနက်ံဳ႕သြားသလို ခံစားလိုက္ရတာမို႔ လက္ႏွစ္ဖက္ကိုပဲ ခပ္တင္းတင္းဆုပ္ထားမိလိုက္သည္။

"သူ႕နာမည္က ေဆာ့ဂ်င္တဲ့။ ဂြၽန္အိမ္ေတာ္ေရာက္လာၿပီဆိုေတာ့ ဂြၽန္ေဆာ့ဂ်င္ေပါ့။ သားထက္ ၅ႏွစ္ႀကီးတယ္။ ၾကည့္ပါဦး..သားရဲ႕ ကိုကိုက ခ်စ္စရာမေကာင္းဘူးလား။ ပါးေဖာင္းေဖာင္း ႏႈတ္ခမ္းလုံးလုံးေလးနဲ႔ အ႐ုပ္​ေလးက်ေနတာပဲ"

ေမေမက အသည္းယားစြာျဖင့္ ကြၽန္ေတာ္ပါးႏွစ္ဖက္ကို ဖြဖြေလး လာဖ်စ္သည္။ထိုေကာင္ေလးက ခ်က္ခ်င္းပဲ အနားကိုေရာက္လာၿပီး ကြၽန္ေတာ္႕ပါးေပၚက ေမေမ့ရဲ႕လက္ေတြကို ဖယ္ပစ္သည္။

"သား..သူ႕ကို မလိုခ်င္ဘူး"

ကြၽန္ေတာ္႕မ်က္လုံးေတြ ဝိုင္းသြားသည္။

ဘုရားေရ။ ဒီေကာင္ေလးက ကေလးေတာင္ဟုတ္ရဲ႕လား။ ဒါက ၆ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕ ျငင္းဆန္တဲ့စကားတဲ့လား။

"သားသား ကလည္းကြယ္..အဲ့လိုမေျပာရဘူးေလ"

ေမေမက ဟန္႔တားလိုက္ေပမယ့္ အဲ့ဒီညေနက အစပ်ိဳးခဲ့သည့္ မႏွစ္ၿမိဳ႕ျခင္းမ်ားစြာျဖင့္ အုံဖြဲ႕ေနခဲ့တဲ့ ေကာင္ေလးရဲ႕ မ်က္လုံးေတြကိုေတာ့ ကြၽန္ေတာ္ ေကာင္းေကာင္းမွတ္မိေနခဲ့ပါသည္။

~~~~~~~~~~~~~~ // ~~~~~~~~~~~~~

"သားႀကီးေရ...ဒီမွာ သားဖို႔ "

ကြၽန္ေတာ္ ျခံေ႐ွ႕က ပန္းပင္ေလးေတြ ေရေလာင္းေနတုန္း ေမေမက ေဘာလုံးအသစ္ေလးတစ္လုံး ေပးလာပါသည္။ခရမ္းေရာင္နဲ႔ အဝါေရာင္ အစပ္ၾကားေလးမို႔ ကြၽန္ေတာ္ျမင္ျမင္ခ်င္းပင္ သေဘာက်သြားသည္။

"ေပး..."

ထိုေဘာလုံးေလးက ကြၽန္ေတာ္႕ဆီမေရာက္လိုက္။ကြၽန္ေတာ္႕ဆီ ေရာက္ဖို႔ လက္တစ္ကမ္းအလိုမွာ တစ္စုံတစ္ေယာက္၏ ဆြဲလုျခင္းကိုခံလိုက္ရသည္။ဘယ္သူလဲဟု ၾကည့္စရာမလို။ သူပဲ ျဖစ္မွာ။

"ဒီေဘာလုံးကို သားယူမယ္"

သူက ကြၽန္ေတာ္႕ကို မၾကည့္ဘဲ ေမေမ့မ်က္ႏွာကိုပဲ ၾကည့္ၿပီး ေျပာသည္။ သူ႕ေလသံက ခြင့္ေတာင္းသည့္ပုံစံမဟုတ္။ ေမေမ့ဆီက စကားသံထြက္မလာခင္ သူ႕အပိုင္ကို သူယူလိုက္သလိုမ်ိဳး ဆတ္ကနဲ ဆြဲယူသြားသည္။

ကြၽန္ေတာ္ ဘာမွမေျပာမိေတာ့။ အစကတည္းက ေဖေဖနဲ႔ေမေမ့ရဲ႕ ေမတၱာေတြေရာ၊ ဒီအိမ္ရဲ႕ ပစၥည္းအားလုံးဟာ ကြၽန္ေတာ္မွမပိုင္ဘဲ။ ေမြးစားသားဆိုသည့္ အသိက အၿမဲတမ္း ကြၽန္ေတာ္႕ေခါင္းထဲမွာ အလိုအေလ်ာက္သတိေပးသည့္ ကိရိယာတစ္ခုလိုမ်ိဳး တည္႐ွိေနသည္။

"ကုကုေလးကလည္းကြယ္..သားလိုခ်င္ရင္ အသစ္ဝယ္ေပးမွာေပါ့။ ဒါေလးက ကိုကို႔အတြက္"

ေမေမက ေခ်ာ့ေမာ့ၿပီး ေျပာသည္။ သို႔ေသာ္လည္း ထိုေကာင္ေလး၏ မ်က္လုံးဝိုင္းေလးေတြက တိက်ျပတ္သားေသာ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ထားသလိုမ်ိဳး စူး႐ွေနသည္။

"ဟင့္အင္း...သားက ဒါကိုပဲလိုခ်င္တာ"

"ကုကု..."

ေမေမ့အသံက ေဒါသသံစြက္သြားသည္။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္ ဝင္မပါလို႔မျဖစ္ေတာ့။ ဒီအိမ္ကိုေရာက္ကတည္းက ကြၽန္ေတာ္႕အတြက္ေၾကာင့္ စိတ္ညစ္ရမွာ ၊ မိသားစုအခ်င္းခ်င္း စကားမ်ားၾကမွာကို အေၾကာက္ဆုံးျဖစ္သည္။

"ေနပါေစ..ေမေမ။ ကြၽန္ေတာ္ ဒီအေရာင္ကိုမႀကိဳက္ဘူး။ ညီေလးယူပါေစ"

ေျပာၿပီးမွ ကြၽန္ေတာ္သတိရသြားၿပီး ကိုယ့္ပါးစပ္ကိုယ္ အုပ္လိုက္မိသည္။ ေျပာမိျပန္ၿပီ။ သူမႀကိဳက္ဘူးလို႔ ေျပာထားရက္နဲ႔။

ကြၽန္ေတာ္႕အေတြးထက္ သူ႕စကားသံက ျမန္ဆန္စြာထြက္ေပၚလာသည္။

"ဘယ္သူက ညီေလးလဲ။ အဲ့ဒီလိုမေခၚဖို႔ ေျပာထားတယ္မဟုတ္လား"

သည္ေကာင္ေလးက သူ႕ကိုယ္သူ ကြၽန္ေတာ္႕အထက္အငယ္လို႔ ခံယူရမွာကို သေဘာက်ပုံမရ။ေမေမက ကြၽန္ေတာ္႕ကို သားႀကီးလို႔ ေခၚရင္ သူ မ်က္ႏွာပ်က္သြားတတ္သည္။

"ဂြၽန္ေဂ်ာင္ကု...နင္ေတာ္ေတာ္ဆိုးေနပါလား"

ေမေမက ႐ိုက္ဖို႔ လက္ျပင္လိုက္ခ်ိန္မွာ ေကာင္ေလးက တစ္ခြန္းပဲ ေျပာၿပီး ေဘာလုံးကိုပိုက္ကာ ေျပးထြက္သြားသည္။

"သူက သားအစ္ကိုမွ မဟုတ္တာ"

ကြၽန္ေတာ္ သက္ျပင္းတစ္ခ်သာ ခ်လိုက္မိသည္။ၿပီးေတာ့ ကြၽန္ေတာ္႕ရဲ႕ မူပိုင္ျဖစ္တဲ့ အျပဳံးတစ္ပြင့္ကို စိတ္ပါလက္ပါ ျပဳံးလိုက္ရင္း ေရေလာင္းဖို႔ပိုက္ကို ေကာက္ကိုင္လိုက္၏။

"ေနပါေစ..ေမေမ။ ညီေလးက ငယ္ေသးလို႔ပါ။ သူ႕မွာ အဲ့ဒီလို အႏိုင္ယူခ်င္စိတ္႐ွိေပမယ့္ ကိုယ္ထိလက္ေရာက္ေတာ့ တစ္ခါမွ႐ိုင္း႐ိုင္းစိုင္းစိုင္း မဆက္ဆံဖူးပါဘူး"

"သားႀကီးရယ္..."

ေမေမက ကြၽန္ေတာ္႕ဆံပင္ေတြကို သပ္တင္ေပးရင္း က႐ုဏာမ်က္ဝန္းေတြနဲ႔ မခ်င့္မရဲၾကည့္လာသည္။

ဒီေလာက္ဆိုရင္ လုံေလာက္ပါၿပီ။ ကြၽန္ေတာ္႕အတြက္ ေမတၱာတရားတစ္ခုကလြဲရင္ က်န္တာေတြ မလိုအပ္ပါဘူး။ အႏိုင္မယူဘဲ အၿမဲတမ္း အေလွ်ာ့ေပးတတ္တဲ့ အက်င့္က ကြၽန္ေတာ္႕ရဲ႕ေမြးရာပါ ဗီဇပဲ ျဖစ္ပါလိမ့္မယ္။

~~~~~~~~~~~~ // ~~~~~~~~~~~~

ထိုစဥ္က သူ႕အသက္က ၁၄ႏွစ္။ ကြၽန္ေတာ္က ၁၉ ႏွစ္။

"ငါ မနက္က် ေက်ာင္းသြားရင္ ဝင္ေခၚမယ္..ဆိုရာ"

"အင္း..အတူတူသြားၾကမယ္..ေဆာ့ဂ်င္။ စာေတြနားမလည္ရင္ နင္႐ွင္းျပမွ ငါနားလည္ေတာ့တယ္"

"ေကာင္းေကာင္းသြားပါ"

"တာတာ့ မနက္က်ရင္ ေတြ႕ၾကမယ္ ေဆာ့ဂ်င္"

အေပါင္းအသင္းနည္းၿပီး သီးသန္႔ေနတတ္တဲ့ ကြၽန္ေတာ္႕မွာ ႐ွား႐ွားပါးပါး တစ္ဦးတည္းေသာ သူငယ္ခ်င္းေလး 'ဆိုရာ' တစ္ေယာက္သာ႐ွိသည္။သူ(မ) သည္လည္း ကြၽန္ေတာ္႕လိုပင္ အေနေအးၿပီး အေပါင္းအသင္းသိပ္မထားတတ္သူေလးပင္။ေက်ာင္းသြားေဖာ္ ေက်ာင္းသြားဖက္လည္းျဖစ္၊ အတန္းေဖာ္လည္း ျဖစ္တာမို႔ ဆိုရာနဲ႔ကြၽန္ေတာ္က ေက်ာင္းမွာလည္း အၿမဲတပူးတတြဲတြဲ႐ွိတတ္သည္။

"ဂြၽန္ေဆာ့ဂ်င္..."

ေနာက္ေက်ာဆီက ေခၚသံေၾကာင့္ ကြၽန္ေတာ္လန္႔ဖ်တ္သြားၿပီး လက္ထဲကစာအုပ္ေတာင္ လြတ္က်မတတ္ျဖစ္သြားသည္။

သူက ေမေမတို႔ကြယ္ရာမွာ ထိုသို႔ ေခၚတတ္သည္။လူႀကီးေတြ ေ႐ွ႕မွာဆိုရင္ေတာ့ ဘယ္လိုနာမ္စားကိုမွမသုံးဘဲ ေဝ့လည္ေၾကာင္ပတ္နဲ႔ လုပ္သည္။မေကာင္းတတ္တဲ့အဆုံးမွ 'အစ္ကို'ဟု ေခၚသည္။ဒါေတာင္ အၿမဲတမ္းမဟုတ္။'အစ္ကို'ဟု ေခၚသည့္အေရအတြက္က လက္ခ်ိဳးေရလို႔ရသည္။

"အင္း..ေဂ်ာင္ကု"

"သံပုရာရည္ ေသာက္ခ်င္တယ္။ ေဖ်ာ္ေပး"

သူ႕ရဲ႕ အမိန္႔ဆန္ေသာ ေတာင္းဆိုမႈေတြကို ကြၽန္ေတာ္ ဘယ္တုန္းကမွ မျငင္းဆန္ႏိုင္ခဲ့။ ေၾကာက္လို႔မဟုတ္ဘဲ မျငင္းဆန္ရက္တာျဖစ္သည္။

"အခုေဖ်ာ္ေပးမယ္ေနာ္..ခဏေလးေစာင့္"

အရင္တစ္ခါက ေမေမက သူ႕ကိုဆူဖူးပါသည္။ အိမ္မွာ အိမ္အကူေကာင္မေလးေရာ ထမင္းဟင္းခ်က္တဲ့အေဒၚႀကီးပါ ႐ွိရက္သားနဲ႔ ကြၽန္ေတာ္႕ကိုမွေ႐ြးခ်ယ္ၿပီး ခိုင္းလို႔ျဖစ္သည္။ထိုအခါ ေကာင္ေလးက 'သူ ေဖ်ာ္တဲ့အရသာက ပိုေကာင္းတယ္'ဟု ခ်က္ခ်င္းေခ်ပသည္။ သံပုရာရည္ကို ဘယ္လိုေဖ်ာ္ရင္ ပိုေကာင္းတယ္၊ မေကာင္းတယ္ဟုေတာ့ မေျပာတတ္။
ကြၽန္ေတာ္႕လက္ရာကလည္း ဘာမွထူးထူးျခားျခားေကာင္းမေနပါ။ တမင္သက္သက္ အလုပ္႐ႈပ္ေအာင္လုပ္ျခင္းဟုပဲ ကြၽန္ေတာ္သတ္မွတ္သည္။

"ခုနက တစ္ေယာက္က ဘယ္သူလဲ"

အမယ္..သူ႕ထက္ ၅ႏွစ္ႀကီးတဲ့ မိန္းကေလးကိုမ်ား 'ခုနက တစ္ေယာက္တဲ့'။ ဂြၽန္ေဂ်ာင္ကုတို႔က ဗီဇက ေမြးကတည္းက အေၾကာတင္းတာ။ အေျပာအဆိုက မ႐ိုင္းစိုင္းသည့္ တိုင္ေအာင္ ႐ို႕႐ို႕က်ိဳးက်ိဳးေျပာတာမ်ိဳကြၽန္ေတာ္တစ္ခါမွ မေတြ႕ဖူးပါ။အၿမဲတမ္း လူႀကီးစကားေတြပဲ ေျပာတတ္သည္။

"ငါ့သူငယ္ခ်င္းပါ..ဂင္ဆိုရာတဲ့"

သူက သံပုရာရည္ ဖန္ခြက္ကို လွည့္ပတ္ကစားရင္း ကြၽန္ေတာ္႕ကို တည့္တည့္စိုက္ၾကည့္လာသည္။ဒီေကာင္က လူနဲ႔အၾကည့္နဲ႔ကိုမလိုက္တာ။တစ္ခါတစ္ေလ သူ႕ကိုယ္ထဲမွာ လူႀကီးတစ္ေယာက္၏ ဝိဉာဥ္မ်ား ပူးကပ္ေနသလားဟုေတာင္ ကြၽန္ေတာ္စဥ္းစားမိသည္။

"အဲ့ဒီတစ္ေယာက္ကို သေဘာက်တယ္"

ဘုရားေရ...။ ဒါ ဘယ္လိုစကားမ်ိဳးႀကီးလဲ။သူ႕အသက္အ႐ြယ္နဲ႔ေလ။

"ဟင္.."

"ႀကိဳက္တယ္။ သူနဲ႔ရင္းႏွီးတယ္မဟုတ္လား။ ေျပာေပး"

ဒုတိယေျမာက္ ေျပာလိုက္တဲ့ သူ႕စကားေၾကာင့္ ကြၽန္ေတာ္ေၾကာင္ခနဲ ျဖစ္သြားသည္။

ဂြၽန္ေဂ်ာင္ကုက မိန္းကေလးေတြကိုေတာင္ သေဘာက်တတ္ေနၿပီတဲ့လား။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ဆိုရာ့ကို ေဂ်ာင္ကုေျပာသည့္အတိုင္းေတာ့ ျပန္မေျပာရဲပါ။ ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႔ရင္ဆိုင္ၿပီး ေျပာရပါ့မလဲ။ဒီတစ္ခါေတာ့ သူ႕စကားကိ​ု ကြၽန္ေတာ္ျငင္းဆန္လိုက္မိသည္။

"ငါ..ငါမေျပာရဲဘူး"

"ေကာင္းၿပီေလ။ မေျပာရဲရင္ ကြၽန္ေတာ္ ကိုယ္တိုင္ေျပာမယ္"

သူ႕အသံက တည္ၿငိမ္လြန္းသည္။ ကေလးတစ္ေယာက္နဲ႔ တူမေန။ ကြၽန္ေတာ္ သူ႕ကို ၾကည့္ေနရင္း ၾကက္သီးေတာင္ ထလာသည္။

"ငါ..ငါ..သြားေတာ့မယ္"

ေျပာၿပီးၿပီးခ်င္း ကြၽန္ေတာ္႕ ကိုယ္ပိုင္ အခန္းေလးထဲ ဝင္ၿပီး တံခါးခ်က္ထိုးထားလိုက္သည္။

ကြၽန္ေတာ္႕အာ႐ုံထဲ ဟင္းလင္းျပင္ႀကီးျဖစ္သြားသည္။
ဘာေၾကာင့္ရယ္မသိ။အလိုလို ဝမ္းနည္းလာသည္။ေဂ်ာင္ကုက မိန္းကေလး တစ္ေယာက္အေပၚ သေဘာက်တယ္လို႔ ပထမ ဆုံး ဖြင့္ေျပာလိုက္ခ်ိန္မွာကြၽန္ေတာ္႕ရဲ႕ တုံ႔ျပန္မႈက ထူးဆန္းစြာပင္ ထိုအခ်င္းအရာအေပၚကို မႏွစ္သက္သလိုလို၊ဝမ္းနည္းသလိုလိုနဲ႔။ ကြၽန္ေတာ္႕ခံစားခ်က္ေတြကို ေရေရရာရာ သိမေန။
သိေအာင္လည္း ကြၽန္ေတာ္ မႀကိဳးစားခ်င္ပါ။ သိဖို႔မလိုဟု ကြၽန္ေတာ္ ဆုံးျဖတ္ထားေသာေၾကာင့္ျဖစ္သည္။

သို႔ေပမယ့္ ထိုေန႔ကစၿပီး ကြၽန္ေတာ္ ဆိုရာ့ကို အိမ္
ေ႐ွ႕ အထိေခၚမလာရဲေတာ့သလို ေက်ာင္းလည္းအတူမသြားျဖစ္ေတာ့။ ကြၽန္ေတာ္႕ဘက္က အေၾကာင္းအမ်ိဳးမ်ိဳးျပကာ အတန္းထဲမွာေလာက္ပဲ ေတြ႕ျဖစ္ေတာ့သည္။ မေတာ္လို႔ ေဂ်ာင္ကုႏွင့္တိုးသြားလွ်င္ ဆိုရာ့အေပၚ တဇြတ္ထိုးဆန္ဆန္ ရည္းစားစကားေျပာမွာစိုးရိမ္သည္။ သူငယ္ခ်င္းတစ္ေယာက္ အေနနဲ႔ ဆိုရာ့အေပၚမ်က္ႏွာမပ်က္ခ်က္ပါ။ၿပီးေတာ့ ေဂ်ာင္ကုက အသက္ေတာင္ျပည့္ေသးတာမဟုတ္။

တစ္ညေနတြင္ေတာ့ ကြၽန္ေတာ္ ဆိုရာ့ကိုေမးျဖစ္သည္။

"ဆိုရာ.."

"ဟင္.."

"ေဂ်ာင္ကုကို သိတယ္မလား။ သူနဲ႔ လမ္းမွာျဖစ္ျဖစ္ ဆုံမိေသးလား"

"အင္း..ခဏခဏဆုံျဖစ္တယ္။ငါက နင့္ညီေလးမို႔လို႔ ႏႈတ္ဆက္မလို႔လုပ္တာေတာင္ သူက ငါ့ကိုလွည့္ေတာင္မၾကည့္ဘူး"

"ဟင္!"

ကြၽန္ေတာ္႕စိတ္ေတြ ႐ႈပ္ေထြးသြားသည္။ ကြၽန္ေတာ္ထင္တာက တစ္မ်ိဳးေလ။ ရည္းစားစကားမေျပာရင္ေတာင္ သေဘာက်ေၾကာင္း စာေတြဘာေတြအတင္းလိုက္ေပးမလားရယ္လို႔။အခုေတာ့ ထိုေကာင္ေလးက လွည့္ေတာင္မၾကည့္တဲ့။

ဘာေတြလဲ။ အဲ့ဒီ​ေန႔က ဆိုရာ့ကို သေဘာက်တယ္လို႔ ေသခ်ာေပါက္ေျပာသြားတာပါ။

ဂြၽန္ေဂ်ာင္ကု၏ အေတြးေတြကို ကြၽန္ေတာ္ လိုက္မမွီေတာ့။

~~~~~~~~~~~ // ~~~~~~~~~~

AN. Short story ေလးပါ..အပိုင္းသိပ္မမ်ားပါဘူး

BTW.....၁၄ ႏွစ္သားရဲ႕ အကြက္ေတြက သိပ္ကိုလွပါတယ္😅

Thanks for your reading & voting

Riona

.

Lanjutkan Membaca

Kamu Akan Menyukai Ini

47.6K 1K 5
Bakugo was always in love with Uraraka but Uraraka was already in a relationship with Deku. Will bakugo ever win over Uraraka heart? or allow Deku t...
5.8M 180K 157
Liz finally gets an opportunity to run away from her abusive father. With nowhere to go, she decides to go to her best (and only) friend; Stiles. Tog...
674K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
35.2K 3.3K 23
ကော်ဖီတခွက်ကဘယ်လောက်ပဲအရသာရှိနေပါစေ အေးစက်သွားတဲ့အခါကြရင် ဘယ်လိုသောက်သောက်ကို အရသာမရှိတော့သလို လူတွေကလည်း အေးစက်သွားတဲ့ ကော်ဖီကို ပြန်ပြီးပူနွေးအောင်...