Hey! Mr.Rapper, I'm your Anti...
By HeatheryYM_9395
24.3K 3.8K 569
Everyone thinks that I'm his hardcore fan,Why??? More
01 [Intro]
02
03
04
05
06
07
08
09
10
Special Chapter : Travel blogspot.com
11
12
14
15
13
944 180 18
By HeatheryYM_9395
[Unicode]
Sunday Evening အဆောက်အဦး၏တစ်နေရာ
အသံသွင်း studio ထဲတွင်ဖြစ်၏။
သီချင်းစာရွက်ကိုင်ကာ ထိုင်နေသည့် ပန်းဖျော့ရောင်နှုတ်ခမ်းပါးနှင့်
သူမသည် မိတ်ကပ်ပါးပါး ကိုမသိသာအောင် လိမ်းခြယ်ထားသည်။
အသံသွင်းခန်းထဲသို့ ခပ်သွက်သွက်ဝင်လာသည့်
မိန်းကလေးငယ်အနားရောက် လာသည်နှင့်
ပျင်းတိပျင်းရွဲဟန်နှင့်ရှိနေရာမှ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
"ဘယ်လိုလဲ သူဒီနေ့ လာမှာတဲ့လား"
"ဟုတ် Suran unnine Producer Min ကလာမှာပါတဲ့ ။
အရင်အသံသွင်းထားပြီး သူလာကြည့်ပေးမယ် ပြောပါတယ် "
"ကောင်းပြီ ခဏနေ သူလာရင်သာ ပုံသေချာ ရိုက်ထားဖို့ ပဲ "
" ဟုတ် "
လက်ထဲက သီချင်းစာရွက်ကို
သဘောတကျ ကြည့်ပြီး သူမ အပြုံးတို့
လင်းလက်သွားသည် ။
သီချင်းက အရမ်းကောင်းသည်။
တစ်ကယ့်ကို အရည်အချင်းရှိတဲ့လူ။
လူလည်း သူမ အပိုင် ဖြစ်ရင်
ပိုကောင်းသွားမှာပဲ ။
ခဏအကြာမှာ သီချင်းကလက်စသတ်လို့
ပြီးသွားသည် ။
နောက်ဆုံးနေ့ မို့ အတူ ညစာစားဖို့
ခေါ်ပေမဲ့ ချိန်းထားတာ ရှိသည်ဟု
ဆိုကာ ငြင်းလိုက်သည်။
တော်တော်မလွယ်တဲ့သူ ။
ဒါပေမဲ့ ကိစ္စတော့ မရှိ ။
တခြားနည်းလမ်းတွေ အများကြီးရှိသေးသည်။
ဥပမာ သူမအိမ်မှာစောင့်နေတဲ့
ခွေးပေါက်လေး လိုပေါ့ ။
..
ထိုနေ့ညတွင် မိန်းကလေးအဆိုတော်
Shin Suran ၏ instagram မှ
သူမ ၏ secla ပုံ နှင့် တခြား
ပုံသုံးလေးပုံ တင်လာသည်။
အပြုံးတွေနဲ့ တောက်ပနေတဲ့
သူမရင်ခွင်ထဲက ခွေးပေါက်လေးကတော့
တစ်ယောက်သော နာမည်ကြီးအဆိုတော်producer ရဲ့
အချစ်တော်ခွေးလေးနှင့် ဆင်တူလွန်းတာကြောင့်
တစ်ကောင်ထဲအတူတူလို့တောင် ထင်ရ၏ ။
ထိုတစ်ယောက်သူမအတွက်produceလုပ်ပေးထားတဲ့ သီချင်းက သိပ်မကြာခင်ထွက်လာတော့မှာ
ဖြစ်သည်။
Media တွေအတွက် အချက်အလက်ကောင်းကောင်းလေးတွေနဲ့
စိတ်ဝင်စားစရာဖြစ်အောင် လုပ်ပေးထားရမှာပေါ့ ။
....
ဒီနေ့ Jimin စိတ်ကြည်နေသည်။
သူရိုက်ရမည့် အပိုင်းတွေလည်း
ကောင်းကောင်းထွက်လာပြီး
စောစောအိမ်ပြန်လို့ရသောကြောင့်ဖြစ်သည်။
ထိုနည်းတူ
အဓိကသရုပ်ဆောင်နှစ်ယောက်သည်လည်း
ပျော်ရွှင်နေကြသည်။
အရင်နေ့တွေက သူတို့ပူဆာထားတာကြောင့်
Jimin ယူလာပေးတဲ့ album ကိုယ်စီပိုက်ရင်း
ကလေးလိုလို ခွေးပေါက်စလေးတွေလိုလိုနှင့်
ခုန်ဆွခုန်ဆွလုပ်နေကြသည့်
သူတို့နှစ်ဦးသား သည် တော်တော်ပျော်နေကြသည့်ပုံ။
'ဒီမှာကြည့် AGUSTD ကငါ့နာမည်တောင်ရေးပေးထားသေးတယ်တဲ့ ဟားဟား'
'ငါ့ကိုရောပဲ ရေးပေးတာ ဒီမှာ တိုမားတိုးဂျူးဆူး အောင်မြင်ပါစေ
လို့တောင် ရေးပေးထားသေးတယ် wuri Yoongi က သဘောကောင်းလိုက်တာ '
နှစ်ယောက်ခေါင်းချင်းဆိုင်ကာ
တွတ်ထိုးနေသည့် fan boy နှင့် fan girl
လိုက်ဖက်သည့် သူငယ်ချင်းတွေပါပဲ ။
မျက်ဝန်းထဲမှာ အတိုင်းသားပေါ်နေတဲ့
မြတ်နိုးမှု ၊ ချစ်ခင်မှု တွေ ။
Min Yoongi ဆိုတဲ့ ထိုလူသားက
အများကြီး အချစ်ခံရတယ် လို့
တွေးမိတော့ Jimin စိတ်ထဲမှာ
သဘောကျသလိုလို
ဂုဏ်ယူသလိုလို။
အသိအကိုကြီးဖြစ်နေလို့တူပါရဲ့။
..
Jimin ကွန်ဒိုကိုရောက်တော့
ဓာတ်လှေကားရှေ့မှာ
Company ကပြန်လာသည့် Yoongiနှင့်
ဆုံသည်။
"Yoongi hyung ဘယ်ကနေပြန်လာတာလဲ"
"အင်း company က"
"ဟုတ်လား ကျွန်တော်လည်းဒီနေ့စောစောရိုက်ကွင်းပြီးလို့ပြန်လာတာ ဒါဆို hyung အခုအားပြီလား အိမ်လာလည်လို့ရလား"
Yoongiဘေးနားကနေကပ်လိုက်လာရင်း သူ့အိမ်ဘက်တောင်လှည့်မကြည့်ဘဲ
အိမ်ထဲကို အတူလိုက်ဝင်လာတဲ့ Jimin ။
ခွင့်တောင်းတယ်လို့ထင်ရအောင်
မေးနေပေမဲ့  Yoongiပြန်မဖြေရသေးခင်
အိမ်ထဲတောင်ရောက်နေပြီဖြစ်သည်။
ရောက်သည်နှင့် အိမ်စီးဖိနပ်လဲစီး
မီးဖိုချောင်ထဲသွား
သူ့အတွက် ရောကိုယ့်အတွက်ရော
ရည်ရွယ် ပုံရသည့်
 ရေအေးနှစ်ခွက်ထည့်ပြီးပြန်ထွက်လာသည်။
Yoongiကတော့ခဏလောက်ဖုန်းလေး
ဘာလေးကြည့်ပြီး နားချင်ပြီဖြစ်သည်။
တစ်ရက်တလေလေးနားရတာပဲ
အိမ်ပြန်ပြီးကောင်းကောင်းနားပါလား
ပြောချင်ပေမဲ့ hollyနဲ့
ပျော်ပျော်ရွှင်ရွှင် ဆော့နေတာကို
ကြည့်ပြီး သူ့မှာနှင်မထုတ်ရက်ပြန်။
ထားလိုက်ပါတော့ မယ်။
ခဏလောက် ခွေးပေါက်လေးနဲ့ဆော့ပြီးတဲ့နောက်မှာတော့
Jimin အဝတ်အစား လဲပြီးခဏနားဖို့
သူ့အိမ်ဘက်ကို
ပြန်ကူးလာခဲ့သည်။
ခဏလောက် ခွေးပေါက်လေးနဲ့ဆော့ပြီးတဲ့နောက်မှာတော့ Jimin အဝတ်အစား လဲပြီးခဏနားဖို့ သူ့အိမ်ဘက်ကို
ပြန်ကူးလာခဲ့သည်။
ညနေခင်းကျရင်
Hollyလေးကိုခေါ်ပြီး အတူလမ်းလျှောက်ထွက်ဖို့
Yoongi hyungနှင့် သဘောတူထားတာကို
သတိရသွားတာကြောင့် အချိန်မီပြင်ဆင်ဖို့လုပ်ရသည်။
သူ့မှာက တခုခုဆိုနောက်ကျတတ်တဲ့
ပြင်မရတဲ့အကျင့်လေးတခုက
ရှိနေသေးတာလေ။
တနေရာကို သွားဖို့ဖြစ်ဖြစ်
ရိုက်ကွင်းရှိလို့ပဲဖြစ်ဖြစ်
Eun Seok hyung ဆို သူ့အိမ်ဧည့်ခန်းမှာ
အကြာကြီး ထိုင်စောင့်နေရတတ်သည်။
ဒါပေါ့ ကျွန်တော်တို့ Yoongi Hyung ကိုတော့
အကြာကြီး စောင့်ခိုင်းလို့ ဘယ်ဖြစ်မလဲ
သူ့အချိန်တွေက ဘယ်လောက်တောင်
တန်ဖိုးရှိ..အဲ..ကျွန်တော်ဆိုလိုတာက
အဲ့လိုမဟုတ်ပါဘူး ။
Holly လေးက လမ်းလျှောက်ထွက်မယ်ဆိုတော့
အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပေါ်နေတယ်လေ
ချစ်စရာ ခွေးပေါက်လေးကို
အကြာကြီးစောင့်ခိုင်းလို့ ဘယ်ဖြစ်မလဲဗျ ။
ဟုတ်တယ်မလား။
ဟုတ်တာပေါ့ ။
သူအကုန်ပြင်ဆင်ပြီးလို့
အချိန်ကြည့်လိုက်တော့
ကွက်တိ ပြောထားတဲ့အချိန်ပဲ ဖြစ်သည်။
အပြင်ကို တစ်ကယ်မထွက်ခင်
မှန်ထဲ တစ်ခေါက်ပြန်ကြည့်လိုက်သည်။
ခေါင်းလောင်းပုံဦးထုပ်အနက် ၊
အနက်ရောင် ဆွယ်တာလက်ရှည် ၊
အနက်ရောင်ဘောင်းဘီရှည် နှင့်
ခပ်ချောချော ကောင်လေး ကို
တွေ့ပြီး စိတ်တိုင်းကျမှုအပြည့်နှင့်
လက်ခုပ်တစ်ချက် အလိုလိုတီးမိသွားသည်။
Wow Park Jimin ဒီကောင်လေး
တယ်ချောတဲ့ ကောင်လေးပဲ ။
ဒီချောမောမှုတွေနဲ့ Seoul မြို့သူမြို့သားအပေါင်း
ကို အနှောင့်အယှက်မဖြစ်ရအောင်
Mask လေးတော့ တပ်လိုက်မယ်။
Jimin အိမ်ပြင်ထွက်လာတော့
holly လေးက အရှေ့မှာ ထိုင်စောင့်နေတာ
တွေ့ရသည်။
တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားတဲ့
Yoongi hyung ကတော့
ဓာတ်လှေကားနားလေးမှာ
နံရံကို ခပ်လျော့လျော့မှီရင်း
ရပ်နေသည်။
ဟွန့် သူလည်း နည်းနည်းတော့
ကြည့်ကောင်းနေသားပဲ ။
"ဟီး ဟီး"
"ဘာလဲ"
"ဘာမှမဟုတ်ပါဘူး hyung "
အဆက်အစပ်မရှိဘဲ
မျက်လုံးတွေပိတ်ကျအောင်ထိ
ရယ်နေတဲ့ ကောင်လေး
မေးတော့လဲ အဖြေမရ။
"ဒါဆိုလဲ သွားမယ်"
"ဟုတ်"
Jimin အကြောင်းမရှိ ရယ်တာတော့မဟုတ်။
တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားတဲ့
သူတို့နှစ်ယောက်က
ဟန်မြစ်မှာ လမ်းသွားလျှောက်တာနဲ့မတူဘဲ
ဘဏ်တစ်ခုခုကို သွားပြီး
လုယက်တော့မယ့်သူတွေနဲ့ တူနေတယ်.
ဟား ဟား ။
" Park Jimin မင်းဘယ်လိုဖြစ်လို့ ရယ်နေပြန်လဲ"
"ဟင့်အင်း ဒီအတိုင်း.ပျော်လို့ပါ ။"
ဒီကောင်လေးက ဘာလေးလဲလို့
စိတ်ထဲကနေ မကြိုက်သလို
ရေရွတ်နေပေမဲ့လည်း
ကိုယ်တိုင်ရဲ့ နှုတ်ခမ်းထောင့်လေးတွေ
ကွေးညွှတ်နေခဲ့တာ ကိုတော့
တစ်ယောက်သော သူသည် သိမှသိပါလေစ။
####
Mini theatre :
Park Jimin : hyung နားလည်ပေးပါဗျာ နည်းနည်းလေးပဲစောင့်ရတော့မှာ လိမ္မာတယ်
ဟိုနားလေးမှာ ထိုင်နေနော်
Aslo Park Jimin : မြန်မြန်လုပ်ရမယ် မြန်မြန်.
Yoongi hyung ကို အကြာကြီး စောင့်နေရအောင်
လုပ်လို့ မဖြစ်ဘူး ။
Eun Seok managernim : ဘယ်မှာလဲ ဒီအကိုကြီးအတွက် တရားမျှတမှု  (ಥ_ʖಥ)
[Zawgyi]
" ဟုတ် "
လင်းလက်သွားသည် ။
ပိုကောင်းသွားမှာပဲ ။
ပြီးသွားသည် ။
ဆိုကာ ငြင်းလိုက်သည်။
တော်တော်မလွယ်တဲ့သူ ။
ခွေးပေါက်လေး လိုပေါ့ ။
..
ဖြစ်သည်။
....
ထိုနည်းတူ
ပျော်ရွှင်နေကြသည်။
သဘောကျသလိုလို
ဂုဏ်ယူသလိုလို။
..
ဓာတ်လှေကားရှေ့မှာ
ဆုံသည်။
"အင်း company က"
မီးဖိုချောင်ထဲသွား
ရည်ရွယ် ပုံရသည့်
ထားလိုက်ပါတော့ မယ်။
သူ့အိမ်ဘက်ကို
ပြန်ကူးလာခဲ့သည်။
ပြန်ကူးလာခဲ့သည်။
ညနေခင်းကျရင်
ရှိနေသေးတာလေ။
အဲ့လိုမဟုတ်ပါဘူး ။
ဟုတ်တယ်မလား။
ဟုတ်တာပေါ့ ။
တွေ့ရသည်။
Yoongi hyung ကတော့
ဓာတ်လှေကားနားလေးမှာ
ရပ်နေသည်။
ကြည့်ကောင်းနေသားပဲ ။
"ဟီး ဟီး"
"ဘာလဲ"
"ဘာမှမဟုတ်ပါဘူး hyung "
အဆက်အစပ်မရှိဘဲ
ရယ်နေတဲ့ ကောင်လေး
မေးတော့လဲ အဖြေမရ။
"ဒါဆိုလဲ သွားမယ်"
"ဟုတ်"
သူတို့နှစ်ယောက်က
ဟား ဟား ။
ရေရွတ်နေပေမဲ့လည်း
####
Mini theatre :
လုပ်လို့ မဖြစ်ဘူး ။
Continue Reading
You'll Also Like
600K 12.8K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...
250K 18.2K 90
as usual many dramas, emotions, fluffy , angst, and most importantly soo much love. top tae bot kook no cheating no threesom No skin ship with others
467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
951K 21.8K 49
In wich a one night stand turns out to be a lot more than that.