ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

Oleh Melinoe_Megami

1.6M 292K 11.2K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... Lebih Banyak

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

37

10.5K 2K 93
Oleh Melinoe_Megami

Unicode

“ရောက်ပြီ..”

ရင်းဆုယဲ့က သူ့ရင်ခွင်ထဲက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကောင်ငယ်လေးကို နူးညံ့ညင်သာစွာ သတိပေးလိုက်တယ်။

“နောက်ဆုံးတော့ ရောက်ပြီပေါ့..!”

ရောက်ပြီလို့ အသံကြားလိုက်တာနဲ့ ရွှယ်ယို့ရှန်းလည်း ငိုက်မျဉ်းနေရာမှ ချက်ချင်းနိုးလာခဲ့တယ်။ မျက်ဝန်းတွေကို အကျယ်ဆုံး ဖွင့်လိုက်ရင်း သူ့ဝတ္ထုဇာတ်ကြောင်းထဲက အရမ်းအရေးပါတဲ့ နေရာတစ်ခုဖြစ်လာမယ့် နိမိတ်ဆိုးကြမ္မာငင်ရေကန်ရဲ့ သဘာဝရှုခင်းတွေကို သေသေချာချာ ပြူးပြဲကြည့်လိုက်တယ်။

ကြည်လင်နေတဲ့ကန်ရေ၊ လေညင်းနဲ့အတူ ယိမ်းနွဲ့နေတဲ့ ကြာပန်းပွင့်ကြီးတွေ၊ ပြီးတော့ အကောင်သေးသေးလေးတွေနဲ့ ငှက်ကလေးတွေကလည်း ရေကန်အနီးတစ်ဝိုက်မှာ အနားယူနေကြသလို ရေသောက်နေကြလေရဲ့။ အရမ်းတိတ်ဆိတ်အေးချမ်းပြီး ရှုမငြီးဖွယ်ရာ မြင်ကွင်းပါပဲ။

ရေကန်ပတ်ပတ်လည်ကို မြူခိုးတွေနဲ့ ရစ်ပတ်လွှမ်းခြုံထားပြန်တော့ နဂိုလှပပြီးသား မြင်ကွင်းက ရစ်မူးမိန်းမောဖွယ်ရာ နတ်သမီးတိုင်းပြည်သဖွယ် စိတ်ကူးယဉ်ဆန်နေတော့တယ်။

ရွှယ်ယို့ရှန်းကတော့ ဒီနေရာရဲ့ ရှုခင်းတွေကို အသက်ရှူမှားလောက်အောင် ရေးဖွဲ့ထားခဲ့တာက အဓိကဇာတ်လိုက်နဲ့ သူ့ရဲ့ အချစ်လေးတွေ ချိန်းတွေ့နိုင်အောင် ရည်ရွယ်ထားခဲ့တယ်ဆိုတာ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး။ ပြီးတော့ ဒီရေကန်နဲ့ ပက်သက်ပြီး များပြားလှတဲ့ ဇာတ်ကွက်တွေ ထပ်မံထည့်သွင်းထားခဲ့သေးတယ်။ ဥပမာပြောရရင် အန္တရာယ်တွေ ပတ်ပတ်လည် ဝန်းရံနေတာမျိုးပေါ့။

ကံမကောင်းချင်တော့ နိမိတ်ဆိုးကြမ္မာငင်ရေကန်ကို အဓိကဇာတ်လိုက် ရောက်မလာသေးတဲ့အတွက် ရေကန်ရဲ့ အလှတရားက ပြီးပြည့်စုံတဲ့ မိန်းမောဖွယ်ရာအခြေအနေမျိုး မဖြစ်သေးဘူး။

တခြားဟာတွေ အသာထားဦး.. သူ့အတွက် ဒီနေရာကို အလှလေးတစ်ယောက် ခေါ်လာဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူးလေ။ အဲ့အစား ဝိဉာဉ်ကူးပြောင်းလာတဲ့ ဒီအစ်ကိုကြီးက ဗီလိန်ဇာတ်ကောင်ရင်းဆုယဲ့နဲ့ ဒီရေကန်ကို အရင်ဆုံး ရောက်လာရသတဲ့။ သေသေချာချာတွေးကြည့်ရင် ဘယ်လိုကြီးမှန်းကို မသိဘူး။ တစ်ခုခု ထူးဆန်းနေသလိုပဲ.. ဟမ့်..!

[T/N: ဇာတ်ကွက် Setting က မှန်ကန်နေဆဲပါပဲ.. အဓိကဇာတ်ကောင်(ရွှယ်ရွှယ်) + အလှလေး (ရင်းဆုယဲ့) :D ]

“အင်း..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ပွေ့ချီထားရင်း ရေကန်နယ်နိမိတ်အစပ်မှာ မတ်တပ်ရပ်လိုက်တယ်။ ထို့နောက် ချက်ချင်း တန်းဝင်မသွားသေးဘဲ အန္တရာယ်ရှိလာနိုင်တာတွေကို အရင်ဆုံး ရှာဖွေစစ်ဆေးလိုက်တယ်။

ရင်းဆုယဲ့ လမ်းလျှောက်တာ ရပ်သွားတော့ ရွှယ်ယို့ရှန်းလည်း ဝတ္ထုဇာတ်ကြောင်းထဲက ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းအကြောင်းကို ပြန်တွေးကြည့်လိုက်တယ်။ သူ,မှတ်မိသလောက်ဆို ဝတ္ထုထဲမှာ အကြမ်းချရေးခဲ့တုန်းက ရေကန်ထဲမှာရှိတဲ့ ကြာပွင့်တွေအကုန်လုံးက ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းတွေချည်းပဲ။ ဒါပေမဲ့ အစွမ်းသက်ရောက်မှုရှိတဲ့ ကြာပွင့်အစစ်ကိုတော့ အန္တရာယ်အကင်းဆုံး ရေကန်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ နေရာချထားပြီး တခြားကြာပန်းတွေနဲ့ယှဉ်ရင် အမြင့်မြတ်ဆုံး အဆင့်အတန်းကို ပေါ်လွင်နေအောင် ရေးဖွဲ့ထားခဲ့တယ်။

အမှန်အတိုင်းပြောရရင် တကယ့်အကြောင်းအရင်းက ရွှယ်ယို့ရှန်း အပျင်းတစ်နေခဲ့လို့ပဲ။ ကြာပန်းလေးတစ်ပွင့်အတွက်နဲ့ ဦးနှောက်ဆဲလ်တွေကို အသုံးမချချင်တော့ အဆင်ပြေသလို ရေးပစ်ခဲ့တယ်။ အရိုးရှင်းဆုံး စာလုံးတွေကို အသုံးပြုပြီးတော့ပေါ့။

အချိန်တန်ရင် ကြာပန်းအစစ်ကလွဲပြီး တခြားကြာပန်းတွေအားလုံး အကြောင်းပြချက်မရှိ ညှိုးရော်သွားလိမ့်မယ်။ နောက်ဆုံးမှာ ကြာပန်းအစစ်တစ်ပွင့်တည်းကပဲ အကောင်းဆုံးအနေနဲ့ ကျန်ရစ်ခဲ့လိမ့်မယ်။

“ရေကန်အလယ်တည့်တည့်က ကြာပွင့်လေးက ပွင့်ဖတ်ကိုးလွှာကျောက်စိမ်းကြာပွင့်ပဲ..”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို အသေအချာ ညွှန်ပြလိုက်တယ်။ သူ့ခြေထောက်တွေ မြေပြင်ပေါ်ကို ရောက်သွားတာနဲ့ အင်္ကျီအဝတ်အစားကို သေသပ်အောင် ပြုပြင်လိုက်ပြီး အေးစက်မြင့်မြတ်တဲ့ အရှိန်အဝါတွေ လွှင့်ထုတ်ပစ်လိုက်တယ်။ လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်တင်လိုက်ပြီးနောက် ကြာပန်းတည်ရှိနေတဲ့ နေရာကို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါးလိုမျိုး ညွှန်ပြရင်း ပြောပြလိုက်တယ်။

သူ့ကိုယ်သူလည်း သတိပေးနေရင်း မြင့်မြတ်တဲ့ အရှိန်အဝါတွေကို ပိုမိုထုတ်ဖော်လိုက်တယ်။ ပိုပြီးကြည့်ကောင်းနေလေ၊ သူ့ရဲ့ စိတ်အခြေအနေက ပိုကောင်းလာလေပါပဲ။ ဒီလိုမှပဲ ဟိုလူကြီးရဲ့ လက်မောင်းကြားမှာ အိပ်မောကျတော့မလို ဖြစ်ခဲ့ရတဲ့ သူ့ရဲ့ အရှက်ကွဲမှုကို ပြန်ဖာတေးနိုင်လိမ့်မယ်။

သူ ဝိဉာဉ်ကူးပြောင်းလာတဲ့ ဒီခန္ဓာကိုယ်က အလိုလိုက်ခံထားရတဲ့ သခင်လေးမှန်း အရမ်းသိသာတာပဲ။ လမ်းတစ်လျှောက်လုံး လုံးဝ မလှုပ်ရှားခဲ့ရတာတောင် မောပန်းနေသလို ခံစားနေရတုန်း..!

ဟွန့်..! ဒီလိုရှက်စရာကောင်းတဲ့ ဖြစ်ရပ်က ကျိန်းသေပေါက် သူနဲ့ မသက်ဆိုင်ပါဘူးနော်..!

“ကိုယ်သိပြီ..”

ရွှယ်ယို့ရှန်းရဲ့ ဂုဏ်ယူဝံ့ကြွားနေတဲ့ အကြည့်ကို မြင်လိုက်ရချိန် ရင်းဆုယဲ့ရဲ့ မျက်နှာပေါ်မှာ ဘာအမူအရာမှ မပြခဲ့ပေမယ့် နှလုံးသားထဲမှာတော့ မြတ်နိုးချစ်ခင်စိတ်တွေ ပြည့်လျှံနေခဲ့တယ်။ နောက်ဆုံးတော့ စိတ်မထိန်းနိုင်တော့ဘဲ လက်ဆန့်ကာ ကောင်လေးရဲ့ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်မိတယ်။ အမှန်တော့ ကောင်လေးရဲ့ လည်ပင်းအနောက်ကို ကိုင်ချင်ခဲ့ပေမယ့် ဒီကောင်လေးက အရမ်းယားတတ်တော့ ဒုတိယအကောင်းဆုံးနေရာကိုပဲ ထိတွေ့ရတော့မှာပေါ့..!

“ကျွန်တော့်ကို ကလေးတစ်ယောက်လို သဘောမထားပါနဲ့လား..”

ရွှယ်ယို့ရှန်းက မျက်လုံးပြူးကာ နှုတ်ခမ်းစူလိုက်ရင်း သူ့ခေါင်းကို ရှုပ်ပွအောင်လုပ်နေတဲ့ လက်ကြီးကို ရိုက်ထုတ်ပစ်လိုက်တယ်။ ဒီရင်းဆုယဲ့က ပိုပိုပြီး သည်းမခံနိုင်လောက်အောင်ပဲ..! သူ့ကို ကလေးတစ်ယောက်လို သဘောထားရုံတင်မကဘူး၊  ကိုယ်ထိလက်ရောက် ကလေးချော့သလို လာလုပ်နေတယ်..!

ဒါကကျိန်းသေပေါက် PA (Personal Attack) လုပ်တာပဲ။ သူ့ကို ကလေးလို ဆက်ဆံနေတာက ဘယ်လောက်ကြီးမားတဲ့ အမှားလဲဆိုတာ ရင်းဆုယဲ့သိအောင် လုပ်ပြမယ်..!

အတော်ကြာသည်အထိ ရွှယ်ယို့ရှန်းခမျာ တစ်ကိုယ်တည်း ဒေါသမီးတွေ လောင်မြိုက်နေတော့တယ်။

“အင်းပါ.. မင်းက ကလေးမဟုတ်ဘူး..”

ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်တွေက ဖြည်းညင်းစွာ တွန့်ကွေးသွားပြီး အပြုံးတစ်ခုဖြစ်တည်လာခဲ့လေတယ်။

ရွှယ်ယို့ရှန်းဆိုတဲ့ ဒီကောင်လေးက သူ့ကိုယ်သူ ကလေးတစ်ယောက် စိတ်ကောက်နေသလို ပြုမူနေမိမှန်း သတိမထားမိဘူးပဲ..!

“……………”

တစ်ဖက်လူက သူ့စကားကို လိုက်လျောပြီး ထောက်ခံနေပေမယ့် ဘာလို့ လေသံက ကလေးတစ်ယောက်ကို အလိုလိုက်အကြိုက်ဆောင်နေသလိုမျိုး ဖြစ်နေရတာလဲ..? အဲ့တော့ အစောပိုင်းထွက်ခဲ့သမျှ သူ့ရဲ့ ဒေါသတွေကို ဒီအတိုင်း ငြိမ်းသတ်လိုက်ရတော့မှာလား..? ရင်းဆုယဲ့လို သူ့ထင်ရာအမှန်လုပ်နေတဲ့ ခေါင်းမာတတ်လွန်းတဲ့လူကြီးကို နားလည်အောင် ပြောပြရတာ မလွယ်ကူလိုက်တာနော်..!

“ဟွန့်..!”

ရွှယ်ယို့ရှန်းက စိတ်ကြီးဝင်နေတဲ့ ဟန်ပန်တဲ့ ခေါင်းကို တစ်ဖက်လှည့်ပစ်လိုက်တယ်။ ဘာမဟုတ်တာလေးနဲ့ အငြင်းမပွားချင်တော့ဘူး။ အရေးကြီးကိစ္စကိုပဲ အာရုံစိုက်ထားတော့မယ်..!

“ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပွင့်ကို မြန်မြန်သွားခူးလိုက်တော့.. အမြစ်ပါမကျန်အောင် ညှာတံတစ်ခုလုံး ခူးခဲ့ဖို့ မမေ့နဲ့နော်..”

“အင်း..”

ရင်းဆုယဲ့လည်း စိတ်ကောက်နေတဲ့ ရွှယ်ယို့ရှန်းကိုကြည်ပြီး အရမ်းချစ်ဖို့ကောင်းတာပဲလို့ တွေးနေမိပေမယ့် လောလောဆယ် ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကို သွားခူးပေးလိုက်ရတယ်။ မြေပြင်ကို ခြေတစ်ချက်ဆောင့်လိုက်တာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်က လေးညှို့မှ ထွက်ခွာသွားတဲ့ မြားတစ်စင်းလိုမျိုး ရေကန်အလယ် ကြာပန်းအနားကို ရောက်သွားတော့တယ်။

သူ့ရဲ့ ဦးတည်ရာကတော့ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းပေါ့။

…………………………………….

TN : စာပိုဒ်ရှည်ကြီးတွေပြီးသွားတော့ စာပိုဒ်တိုလေးတွေပြန်လာပါပြီ> အပျင်းတစ်နေတဲ့ Meli လေး ပျော်နေတယ်ဆိုတာ ဘယ်တော့မှ ဝန်မခံဘူး.. HeHe :P

…………………………………….

Zawgyi

“ေရာက္ၿပီ..”

ရင္းဆုယဲ့က သူ႔ရင္ခြင္ထဲက အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ ေကာင္ငယ္ေလးကို ႏူးညံ့ညင္သာစြာ သတိေပးလိုက္တယ္။

“ေနာက္ဆုံးေတာ့ ေရာက္ၿပီေပါ့..!”

ေရာက္ၿပီလို႔ အသံၾကားလိုက္တာနဲ႔ ႐ႊယ္ယို႔ရွန္းလည္း ငိုက္မ်ဥ္းေနရာမွ ခ်က္ခ်င္းႏိုးလာခဲ့တယ္။ မ်က္ဝန္းေတြကို အက်ယ္ဆုံး ဖြင့္လိုက္ရင္း သူ႔ဝတၳဳဇာတ္ေၾကာင္းထဲက အရမ္းအေရးပါတဲ့ ေနရာတစ္ခုျဖစ္လာမယ့္ နိမိတ္ဆိုးၾကမၼာငင္ေရကန္ရဲ႕ သဘာဝရႈခင္းေတြကို ေသေသခ်ာခ်ာ ျပဴးၿပဲၾကည့္လိုက္တယ္။

ၾကည္လင္ေနတဲ့ကန္ေရ၊ ေလညင္းနဲ႔အတူ ယိမ္းႏြဲ႕ေနတဲ့ ၾကာပန္းပြင့္ႀကီးေတြ၊ ၿပီးေတာ့ အေကာင္ေသးေသးေလးေတြနဲ႔ ငွက္ကေလးေတြကလည္း ေရကန္အနီးတစ္ဝိုက္မွာ အနားယူေနၾကသလို ေရေသာက္ေနၾကေလရဲ႕။ အရမ္းတိတ္ဆိတ္ေအးခ်မ္းၿပီး ရႈမၿငီးဖြယ္ရာ ျမင္ကြင္းပါပဲ။

ေရကန္ပတ္ပတ္လည္ကို ျမဴခိုးေတြနဲ႔ ရစ္ပတ္လႊမ္းၿခဳံထားျပန္ေတာ့ နဂိုလွပၿပီးသား ျမင္ကြင္းက ရစ္မူးမိန္းေမာဖြယ္ရာ နတ္သမီးတိုင္းျပည္သဖြယ္ စိတ္ကူးယဥ္ဆန္ေနေတာ့တယ္။

႐ႊယ္ယို႔ရွန္းကေတာ့ ဒီေနရာရဲ႕ ရႈခင္းေတြကို အသက္ရႉမွားေလာက္ေအာင္ ေရးဖြဲ႕ထားခဲ့တာက အဓိကဇာတ္လိုက္နဲ႔ သူ႔ရဲ႕ အခ်စ္ေလးေတြ ခ်ိန္းေတြ႕ႏိုင္ေအာင္ ရည္႐ြယ္ထားခဲ့တယ္ဆိုတာ ဘယ္ေတာ့မွ ဝန္ခံမွာမဟုတ္ဘူး။ ၿပီးေတာ့ ဒီေရကန္နဲ႔ ပက္သက္ၿပီး မ်ားျပားလွတဲ့ ဇာတ္ကြက္ေတြ ထပ္မံထည့္သြင္းထားခဲ့ေသးတယ္။ ဥပမာေျပာရရင္ အႏၲရာယ္ေတြ ပတ္ပတ္လည္ ဝန္းရံေနတာမ်ိဳးေပါ့။

ကံမေကာင္းခ်င္ေတာ့ နိမိတ္ဆိုးၾကမၼာငင္ေရကန္ကို အဓိကဇာတ္လိုက္ ေရာက္မလာေသးတဲ့အတြက္ ေရကန္ရဲ႕ အလွတရားက ၿပီးျပည့္စုံတဲ့ မိန္းေမာဖြယ္ရာအေျခအေနမ်ိဳး မျဖစ္ေသးဘူး။

တျခားဟာေတြ အသာထားဦး.. သူ႔အတြက္ ဒီေနရာကို အလွေလးတစ္ေယာက္ ေခၚလာဖို႔ဆိုတာလည္း လုံးဝမျဖစ္ႏိုင္ဘူးေလ။ အဲ့အစား ဝိဉာဥ္ကူးေျပာင္းလာတဲ့ ဒီအစ္ကိုႀကီးက ဗီလိန္ဇာတ္ေကာင္ရင္းဆုယဲ့နဲ႔ ဒီေရကန္ကို အရင္ဆုံး ေရာက္လာရသတဲ့။ ေသေသခ်ာခ်ာေတြးၾကည့္ရင္ ဘယ္လိုႀကီးမွန္းကို မသိဘူး။ တစ္ခုခု ထူးဆန္းေနသလိုပဲ.. ဟမ့္..!

[T/N: ဇာတ္ကြက္ Setting က မွန္ကန္ေနဆဲပါပဲ.. အဓိကဇာတ္ေကာင္(႐ႊယ္႐ႊယ္) + အလွေလး (ရင္းဆုယဲ့) :D ]

“အင္း..”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို ေပြ႕ခ်ီထားရင္း ေရကန္နယ္နိမိတ္အစပ္မွာ မတ္တပ္ရပ္လိုက္တယ္။ ထို႔ေနာက္ ခ်က္ခ်င္း တန္းဝင္မသြားေသးဘဲ အႏၲရာယ္ရွိလာႏိုင္တာေတြကို အရင္ဆုံး ရွာေဖြစစ္ေဆးလိုက္တယ္။

ရင္းဆုယဲ့ လမ္းေလွ်ာက္တာ ရပ္သြားေတာ့ ႐ႊယ္ယို႔ရွန္းလည္း ဝတၳဳဇာတ္ေၾကာင္းထဲက ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းအေၾကာင္းကို ျပန္ေတြးၾကည့္လိုက္တယ္။ သူ,မွတ္မိသေလာက္ဆို ဝတၳဳထဲမွာ အၾကမ္းခ်ေရးခဲ့တုန္းက ေရကန္ထဲမွာရွိတဲ့ ၾကာပြင့္ေတြအကုန္လုံးက ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းေတြခ်ည္းပဲ။ ဒါေပမဲ့ အစြမ္းသက္ေရာက္မႈရွိတဲ့ ၾကာပြင့္အစစ္ကိုေတာ့ အႏၲရာယ္အကင္းဆုံး ေရကန္ရဲ႕ အလယ္ဗဟိုတည့္တည့္မွာ ေနရာခ်ထားၿပီး တျခားၾကာပန္းေတြနဲ႔ယွဥ္ရင္ အျမင့္ျမတ္ဆုံး အဆင့္အတန္းကို ေပၚလြင္ေနေအာင္ ေရးဖြဲ႕ထားခဲ့တယ္။

အမွန္အတိုင္းေျပာရရင္ တကယ့္အေၾကာင္းအရင္းက ႐ႊယ္ယို႔ရွန္း အပ်င္းတစ္ေနခဲ့လို႔ပဲ။ ၾကာပန္းေလးတစ္ပြင့္အတြက္နဲ႔ ဦးေႏွာက္ဆဲလ္ေတြကို အသုံးမခ်ခ်င္ေတာ့ အဆင္ေျပသလို ေရးပစ္ခဲ့တယ္။ အ႐ိုးရွင္းဆုံး စာလုံးေတြကို အသုံးျပဳၿပီးေတာ့ေပါ့။

အခ်ိန္တန္ရင္ ၾကာပန္းအစစ္ကလြဲၿပီး တျခားၾကာပန္းေတြအားလုံး အေၾကာင္းျပခ်က္မရွိ ညႇိဳးေရာ္သြားလိမ့္မယ္။ ေနာက္ဆုံးမွာ ၾကာပန္းအစစ္တစ္ပြင့္တည္းကပဲ အေကာင္းဆုံးအေနနဲ႔ က်န္ရစ္ခဲ့လိမ့္မယ္။

“ေရကန္အလယ္တည့္တည့္က ၾကာပြင့္ေလးက ပြင့္ဖတ္ကိုးလႊာေက်ာက္စိမ္းၾကာပြင့္ပဲ..”

႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို အေသအခ်ာ ၫႊန္ျပလိုက္တယ္။ သူ႔ေျခေထာက္ေတြ ေျမျပင္ေပၚကို ေရာက္သြားတာနဲ႔ အက်ႌအဝတ္အစားကို ေသသပ္ေအာင္ ျပဳျပင္လိုက္ၿပီး ေအးစက္ျမင့္ျမတ္တဲ့ အရွိန္အဝါေတြ လႊင့္ထုတ္ပစ္လိုက္တယ္။ လက္တစ္ဖက္ကို ျဖည္းညင္းစြာ ေျမႇာက္တင္လိုက္ၿပီးေနာက္ ၾကာပန္းတည္ရွိေနတဲ့ ေနရာကို ျမင့္ျမတ္တဲ့ ပုဂၢိဳလ္တစ္ပါးလိုမ်ိဳး ၫႊန္ျပရင္း ေျပာျပလိုက္တယ္။

သူ႔ကိုယ္သူလည္း သတိေပးေနရင္း ျမင့္ျမတ္တဲ့ အရွိန္အဝါေတြကို ပိုမိုထုတ္ေဖာ္လိုက္တယ္။ ပိုၿပီးၾကည့္ေကာင္းေနေလ၊ သူ႔ရဲ႕ စိတ္အေျခအေနက ပိုေကာင္းလာေလပါပဲ။ ဒီလိုမွပဲ ဟိုလူႀကီးရဲ႕ လက္ေမာင္းၾကားမွာ အိပ္ေမာက်ေတာ့မလို ျဖစ္ခဲ့ရတဲ့ သူ႔ရဲ႕ အရွက္ကြဲမႈကို ျပန္ဖာေတးႏိုင္လိမ့္မယ္။

သူ ဝိဉာဥ္ကူးေျပာင္းလာတဲ့ ဒီခႏၶာကိုယ္က အလိုလိုက္ခံထားရတဲ့ သခင္ေလးမွန္း အရမ္းသိသာတာပဲ။ လမ္းတစ္ေလွ်ာက္လုံး လုံးဝ မလႈပ္ရွားခဲ့ရတာေတာင္ ေမာပန္းေနသလို ခံစားေနရတုန္း..!

ဟြန႔္..! ဒီလိုရွက္စရာေကာင္းတဲ့ ျဖစ္ရပ္က က်ိန္းေသေပါက္ သူနဲ႔ မသက္ဆိုင္ပါဘူးေနာ္..!

“ကိုယ္သိၿပီ..”

႐ႊယ္ယို႔ရွန္းရဲ႕ ဂုဏ္ယူဝံ့ႂကြားေနတဲ့ အၾကည့္ကို ျမင္လိုက္ရခ်ိန္ ရင္းဆုယဲ့ရဲ႕ မ်က္ႏွာေပၚမွာ ဘာအမူအရာမွ မျပခဲ့ေပမယ့္ ႏွလုံးသားထဲမွာေတာ့ ျမတ္ႏိုးခ်စ္ခင္စိတ္ေတြ ျပည့္လွ်ံေနခဲ့တယ္။ ေနာက္ဆုံးေတာ့ စိတ္မထိန္းႏိုင္ေတာ့ဘဲ လက္ဆန႔္ကာ ေကာင္ေလးရဲ႕ ဦးေခါင္းကို ခပ္ဖြဖြ ပြတ္သပ္လိုက္မိတယ္။ အမွန္ေတာ့ ေကာင္ေလးရဲ႕ လည္ပင္းအေနာက္ကို ကိုင္ခ်င္ခဲ့ေပမယ့္ ဒီေကာင္ေလးက အရမ္းယားတတ္ေတာ့ ဒုတိယအေကာင္းဆုံးေနရာကိုပဲ ထိေတြ႕ရေတာ့မွာေပါ့..!

“ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္လို သေဘာမထားပါနဲ႔လား..”

႐ႊယ္ယို႔ရွန္းက မ်က္လုံးျပဴးကာ ႏႈတ္ခမ္းစူလိုက္ရင္း သူ႔ေခါင္းကို ရႈပ္ပြေအာင္လုပ္ေနတဲ့ လက္ႀကီးကို ႐ိုက္ထုတ္ပစ္လိုက္တယ္။ ဒီရင္းဆုယဲ့က ပိုပိုၿပီး သည္းမခံႏိုင္ေလာက္ေအာင္ပဲ..! သူ႔ကို ကေလးတစ္ေယာက္လို သေဘာထား႐ုံတင္မကဘူး၊  ကိုယ္ထိလက္ေရာက္ ကေလးေခ်ာ့သလို လာလုပ္ေနတယ္..!

ဒါကက်ိန္းေသေပါက္ PA (Personal Attack) လုပ္တာပဲ။ သူ႔ကို ကေလးလို ဆက္ဆံေနတာက ဘယ္ေလာက္ႀကီးမားတဲ့ အမွားလဲဆိုတာ ရင္းဆုယဲ့သိေအာင္ လုပ္ျပမယ္..!

အေတာ္ၾကာသည္အထိ ႐ႊယ္ယို႔ရွန္းခမ်ာ တစ္ကိုယ္တည္း ေဒါသမီးေတြ ေလာင္ၿမိဳက္ေနေတာ့တယ္။

“အင္းပါ.. မင္းက ကေလးမဟုတ္ဘူး..”

ရင္းဆုယဲ့ရဲ႕ ႏႈတ္ခမ္းေထာင့္ေတြက ျဖည္းညင္းစြာ တြန႔္ေကြးသြားၿပီး အၿပဳံးတစ္ခုျဖစ္တည္လာခဲ့ေလတယ္။

႐ႊယ္ယို႔ရွန္းဆိုတဲ့ ဒီေကာင္ေလးက သူ႔ကိုယ္သူ ကေလးတစ္ေယာက္ စိတ္ေကာက္ေနသလို ျပဳမူေနမိမွန္း သတိမထားမိဘူးပဲ..!

“……………”

တစ္ဖက္လူက သူ႔စကားကို လိုက္ေလ်ာၿပီး ေထာက္ခံေနေပမယ့္ ဘာလို႔ ေလသံက ကေလးတစ္ေယာက္ကို အလိုလိုက္အႀကိဳက္ေဆာင္ေနသလိုမ်ိဳး ျဖစ္ေနရတာလဲ..? အဲ့ေတာ့ အေစာပိုင္းထြက္ခဲ့သမွ် သူ႔ရဲ႕ ေဒါသေတြကို ဒီအတိုင္း ၿငိမ္းသတ္လိုက္ရေတာ့မွာလား..? ရင္းဆုယဲ့လို သူ႔ထင္ရာအမွန္လုပ္ေနတဲ့ ေခါင္းမာတတ္လြန္းတဲ့လူႀကီးကို နားလည္ေအာင္ ေျပာျပရတာ မလြယ္ကူလိုက္တာေနာ္..!

“ဟြန႔္..!”

႐ႊယ္ယို႔ရွန္းက စိတ္ႀကီးဝင္ေနတဲ့ ဟန္ပန္တဲ့ ေခါင္းကို တစ္ဖက္လွည့္ပစ္လိုက္တယ္။ ဘာမဟုတ္တာေလးနဲ႔ အျငင္းမပြားခ်င္ေတာ့ဘူး။ အေရးႀကီးကိစၥကိုပဲ အာ႐ုံစိုက္ထားေတာ့မယ္..!

“ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပြင့္ကို ျမန္ျမန္သြားခူးလိုက္ေတာ့.. အျမစ္ပါမက်န္ေအာင္ ညႇာတံတစ္ခုလုံး ခူးခဲ့ဖို႔ မေမ့နဲ႔ေနာ္..”

“အင္း..”

ရင္းဆုယဲ့လည္း စိတ္ေကာက္ေနတဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည္ၿပီး အရမ္းခ်စ္ဖို႔ေကာင္းတာပဲလို႔ ေတြးေနမိေပမယ့္ ေလာေလာဆယ္ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းကို သြားခူးေပးလိုက္ရတယ္။ ေျမျပင္ကို ေျခတစ္ခ်က္ေဆာင့္လိုက္တာနဲ႔ သူ႔ရဲ႕ ခႏၶာကိုယ္က ေလးညႇိဳ႕မွ ထြက္ခြာသြားတဲ့ ျမားတစ္စင္းလိုမ်ိဳး ေရကန္အလယ္ ၾကာပန္းအနားကို ေရာက္သြားေတာ့တယ္။

သူ႔ရဲ႕ ဦးတည္ရာကေတာ့ ပြင့္ဖတ္ကိုးလႊာ ေက်ာက္စိမ္းၾကာပန္းေပါ့။

…………………………………….

TN : စာပိုဒ္ရွည္ႀကီးေတြၿပီးသြားေတာ့ စာပိုဒ္တိုေလးေတြျပန္လာပါၿပီ> အပ်င္းတစ္ေနတဲ့ Meli ေလး ေပ်ာ္ေနတယ္ဆိုတာ ဘယ္ေတာ့မွ ဝန္မခံဘူး.. HeHe :P

…………………………………….

Lanjutkan Membaca

Kamu Akan Menyukai Ini

607K 69.1K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
788K 34.1K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
3.1M 237K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
46.6K 4.6K 46
• Harem • အတောင်တစ်ချက်ခတ်လိုက်ရုံနဲ့ အားအနည်းဆုံးသတ္တဝါက တပြိုင်ထဲမှာ အာဏာအရှိဆုံးဘုရင်ဖြစ်လာနိုင်တယ်။ အေတာင္တစ္ခ်က္ခတ္လိုက္ရံုနဲ႔ အားအနည္းဆံုးသတၱဝ...