( သူကြီးသမက် ) Completed
By GeGeDiDimimi
1.6M 125K 2.5K
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More
ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra
[ 22 ]
33.1K 2.8K 32
By GeGeDiDimimi
[ သူကြီးသမက် ]
နေ့ညတွေပြောင်းလဲကာတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသလို အရိပ်နဲ့ရိုးရဲ့အိမ်ထောင်သက်တမ်းကလဲ အခုဆိုတစ်လတင်းတင်းပြည့်ခဲ့လေပြီ။
ရိုးကတော့ သူပြောထားတဲ့အတိုင်းအင်းအလုပ်ကိုလုပ်ကိုင်သလို လယ်ယာတွေကိုလည်းစားရင်းငှားတွေခေါ်ကာစိုက်ပျိုးလုပ်ကိုင်နေပြီး အရိပ်ကတော့ကျောင်းဆရာပြန်လုပ်၍ ရွာထဲကကလေးတွေကိုစာပြန်သင်ပေးနေသည်။
ညနေသုံးနာရီဆိုတာနဲ့ကျောင်းဆင်းခေါင်းလောင်းသံကမြည်လာကာကျောင်းဆင်းရန်ပြင်ဆင်ကြတဲ့ကလေးတွေမျက်နှာကလဲပျော်ရွှင်နေမှုကအထင်းသားပေါ်လွင်နေကြသည်။
အရိပ်လည်းကျောင်းပြတင်းတံခါးပေါက်တွေကိုလိုက်ပိတ်ပြီးတာနဲ့အပြင်ထွက်လာတော့ ကလေးတွေအကုန်လုံးကကျောင်းစိမ်းကျောင်းဖြူဝတ်စုံလေးတွေနဲ့လွယ်အိတ်လေးတွေကိုယ်စီလွယ်ကာရွာလမ်းအပြည့်အိမ်ပြန်ခရီးဆီသို့။
" ပုစွန် ငါး ပုစွန် !"
အရိပ်အိမ်ပြန်လာချိန်လမ်းမှာငါသည်အစ်မမိအေးကိုတွေ့လိုက်ရတာကြောင့်။
" အစ်မပုစွန်ထုပ်တွေပါတာလား "
" အေး ပါတယ်အရိပ်ဝယ်ဦး "
" အင်း "
အရိပ်ဝယ်မယ်ဆိုတော့ အစ်မမိအေးကခေါင်းပေါ်ကဗန်းကိုမကာထိုင်လိုက်ပြီးအောက်ချလိုက်၍။
" အသေးကြီးငါးကောင်ပါတယ်လေးထောင်ဖိုးအကုန်ယူလိုက်တော့ "
" ဟုတ်ပါပြီဗျာ အကုန်ကိုရောင်းတော့တာပဲ "
" ဟား , ဟား ငါ့ကနင့်ကိုမလို့ဈေးလျှော့ပေးထားတာနော် သူများဆိုဒါကငါးထောင်ဖိုးပဲ "
အစ်မမိအေးစကားကြောင့် အရိပ်ရယ်လိုက်ပြီး အိတ်ထဲကပိုက်ဆံထုတ်လိုက်ကာလေးထောင်ကိုအစ်မမိအေးကိုပေးလိုက်ပြီးနောက်။
" ဈေးလျှော့ပေးလို့ကျေးဇူးပါဗျာ ဒါနဲ့အစ်မယောကျ်ားဒီနေ့ရိုးနဲ့အင်းထဲလိုက်သွားတာလား "
" အင်း လိုက်သွားတယ် ဘာလို့လဲ "
" မေးကြည့်တာပါ ကျွန်တော်အိမ်ပြန်ပြီး ရိုးပြန်မလာခင်ချက်လိုက်ဦးမယ် "
" အေး အေး ငါ့လည်းကျန်တဲ့ငါးတွေရွာထဲပတ်ရောင်းလိုက်ဦးမယ် "
အရိပ်လည်းပုစွန်အိတ်လက်ကဆွဲကာအိမ်ပြန်လာခဲ့လိုက်သည်။
အိမ်ရောက်တာနဲ့အဝတ်လဲပြီးမီးဖိုချောင်ထဲက ဇလုံတစ်ခုကိုင်ကာအိမ်အနောက်ထွက်လာခဲ့လိုက်ပြီး အိမ်နောက်မှာရာသီအလိုက်မိသားစုစားဖို့စိုက်ထားတဲ့ချဉ်ပေါင်ရွက်နဲ့ငရုပ်သီးအနည်းငယ်ခူးကာ ချက်ပြုတ်ရန်စတင်ပြင်ဆင်တော့သည်။
ပုစွန်ထုပ်ကိုဆီပြန်ချက်လိုက်ပြီး ချဉ်ပေါင်းနဲ့ငရုပ်သီးကိုတော့ချဉ်ပေါင်းငပိချက်လေးတစ်ခွက်ချက်လိုက်ကာ ရိုးပြန်အလာကိုစောင့်ရင်းရေချိုးရန်ပြင်လိုက်သည်။
ရေချိုးရန်အရင်လိုမြစ်ဆိပ်ကိုဆင်းရန်လဲမလိုတော့ အိမ်မှာရေတွင်းတူးထားပြီဖြစ်တာကြောင့် အရိပ်ရေတွင်းမှာရေဆွဲပြီးလျှော်ရမယ်ရိုးအဝတ်တွေနဲ့သူ့အဝတ်တွေကိုလျှော်လိုက်ပြီးအရိပ်ရေချိုးပြီးချိန်တွင်ရိုးပြန်လာသည်။
" အရိပ်လေး ရေချိုးလို့ပြီးပြီပေါ့ "
အရိပ်အဝတ်စားလဲနေတုန်း အခန်းထဲဝင်လာတဲ့ရိုးကအရိပ်ခါးကိုအနောက်နေသိုင်းဖက်လိုက်တာကြောင့် အရိပ်မှခါးကပုဆိုးစကိုပါးစပ်မှာကိုက်အတွင်းခံဝတ်နေတုန်းမို့ ကျွတ်ကျတော့မလိုဖြစ်သွားရကာ ရိုးဆီကအရက်နံခပ်သင်းသင်းကအရိပ်နှာခေါင်းထဲတိုးဝင်လာသည်။။
" ဟာ , ရိုးဘယ်လိုဖြစ်နေတာလဲ သူများရေချိုးထားတာကိုသူကညစ်ပက်ပက်ကြီးနဲ့ !"
အရိပ်ပုဆိုးစကိုလက်ကထိန်းကိုင်ထားရင်း ရိုးကိုစိတ်ဆိုးဆိုးနဲ့ပြောလိုက်ပေမဲ့ ရိုးကတော့အရိပ်ကိုဖက်ထားတာလွှတ်မပေးပဲရယ်ကာစနောက်နေပြန်သည်။
" ဒီယောကျ်ားကတစ်နေကုန်လွမ်းနေတာလေကွာ "
" အပိုမပြောစမ်းနဲ့ရိုး ဒီမှာတကယ်ပေကုန်ပြီနော် !"
ရိုးဆီကဖုန်မှုန့်တချို့ကအရိပ်ရဲ့တီရှပ်အဖြူရောင်လေးမှာကပ်ကုန်သည်။
" မဖယ်ဘူးကွာ ကိုယ့်အရမ်းမောလာလို့ ခဏလောက်ဖက်ထားပါရစေဦး "
ဘယ်လိုပြောပြောမရတဲ့ ရိုးကြောင့်အရိပ်မှာဟန်ဆောင်စိတ်ဆိုးမိတဲ့ကြားကထိန်းမရတော့ပဲရယ်လိုက်ပြီး အနောက်ကနေဖက်ထားတဲ့ရိုးပါးလေးကိုလှည့်နမ်းလိုက်ကာ။
" ပုဆိုးလေးတော့ ဝတ်ပါရစေဦးယောကျ်ားရယ် လိမ္မာတယ်နော် "
" ကိုယ့်ဝတ်ပေးရမလား "
ရိုးစကားကြောင့် အရိပ်ရိုးကိုမျက်စောင်းထိုးလိုက်ပစ်လိုက်ကာ။
" လူညစ်ကောင်ရေသွားချိုးတော့ ဦးလေးပြန်လာရင်ထမင်းစားမယ် "
" အဖေဘယ်သွားလို့လဲ "
" မသိဘူး ခုနကတော့ ရွာထဲခဏဆိုပြီးထွက်သွားတာပဲ "
" ဒါဆို အခုအိမ်မှာဖေဖေမရှိဘူးပေါ့ "
ရိုးကပြောရင်းပုဆိုးဝတ်နေတဲ့အရိပ်ကိုလူယုတ်မာမျက်နှာပေးနဲ့ခြေအဆုံးခေါင်းအဆုံးကြည့်လာတာကြောင့်။
" ဘုတ် "
" ဘာမှမစဉ်စားနဲ့ အခုချက်ချင်းရေချိုးတော့ !"
" အာ့ နာလိုက်တာအရိပ်ရယ် ကိုယ်ယောကျ်ားကိုဘယ်လိုတောင်အညှာတာမရှိထုရိုက်နေရတာလဲ "
ရိုးစကားကြောင့် အရိပ်ထိတ်လန့်သွားကာပုဆိုးကိုအမြန်ဝတ်လိုက်ပြီး ရိုးကိုကြည့်လိုက်၍။
" အရိပ်ရိုက်တာအားမပါဘူး ရိုးကလိမ်ကကျစ်နဲ့လျှောက်မပြောနဲ့ ရေသွားချိုးတော့အရိပ်ရေလဲပုဆိုးယူလာခဲ့မယ် !"
" ကိုယ့်စိတ်ဆိုးနေတာလေ ချော့ရမှာကိုဘာလို့အော်ငေါက်နေတာလဲ !"
ရစ်နေတဲ့ရိုးကြောင့် အရိပ်တော်တော်လေးဒေါကန်လာပြီဖြစ်၏ မသောက်ပါနဲ့ဆိုလဲပြောမရသောက်လာတာအနံကရနေသလို အရမ်းကြီးမူးမနေပေမဲ့ ရစ်နေတဲ့ရိုးကိုအရိပ်စိတ်မရှည်တော့။
" အဲအရည်တွေမသောက်ပါနဲ့ဆိုလဲတားမရဘူးသောက်ပြီးရင်လဲအေးဆေးမနေဘူး လူကိုလာလာရစ် ‌ခင်ဗျားဘာသာချိုးချင်ချိုးမချိုးချင်နေ ညအိပ်ချင်တဲ့နေရာအိပ်အခန်းထဲဝင်မလာနဲ့ !"
" ဒုန်း "
အခန်းထဲကနေခြေဆောင့်ထွက်သွားတဲ့ အရိပ်ကြောင့် ရိုးထိတ်လန့်သွားကာအဝတ်တန်းပေါ်ကရေလဲပုဆိုးဆွဲပြီး အခန်းထဲကအမြန်ထွက်လာတော့ အရိပ်ကအိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေပြီး သူ့ကိုဘုကြည့်ကြည့်လာသည်။
" အရိပ်လေး ကိုယ့်အရက်မသောက်ခဲ့ပါဘူး "
ရေလဲပုဆိုးကိုပခုံးပေါ်မှာတင်ထားပြီး အရိပ်နံဘေးဝင်ထိုင်ကာပြောင်စပ်စပ်မျက်နှာပေးနဲ့အရိပ်စိတ်ဆိုးနေတာကိုချော့လာတဲ့ရိုးကြောင့်။
" ဒီလောက်အနံရနေတာကို ဘာကိုမသောက်ခဲ့ပါဘူးလိမ်နေတာလဲ !"
" ကိုယ့်ပြောတာ အများကြီးမသောက်ခဲ့ဘူး ကိုယ့်မမူးဘူးလို့ပြောတာပါ အရိပ်ကိုစချင်လို့ သက်သက်မူးဟန်ဆောင်လိုက်တာပါနော် နော်လို့အရိပ်ကလေးလေးညကိုယ့်ကိုအပြင်မှာတော့မအိပ်ခိုင်းပါနဲ့နော် "
ဘေးနားမှာလာထိုင်ပြီးတော့ မျက်နှာငယ်လေးနဲ့ကပ်ချွဲနေတဲ့ရိုးကြောင့် အရိပ်ရယ်ချင်လာသည်။
" ရိုး ရစ်နေရင်တကယ်ညအပြင်မှာအိပ်ခိုင်းမှာနော် အခုရေသွားချိုးတော့ ဟိုမှာဦးလေးပြန်လာပြီ !"
အရိပ်အပြောကြောင့် ရိုးကြည့်လိုက်တော့ ခြံထဲဝင်လာတဲ့အဖေကလက်ထဲမှာလဲကြက်ဖတစ်ကောင်ကိုပိုက်လာသည်။
" အဖေဘယ်ကကြက်ကြီးလဲ "
" ဝယ်လာတာလေ တိုက်ကြက်ဖကြီးအရမ်းလှလို့ ဟိုဘက်ရွာကလာရောင်းတာ ငါ့ဝယ်လာခဲ့လိုက်တယ် "
ရိုးဖေဖေဦးရိုးဟန်ဆိုတာအဲလိုမျိုး လူငယ်အရွယ်အမေနဲ့မရခင်တုန်းကဆိုအဖေကရွာထဲကဘယ်ကြက်ဝိုင်းမဆိုအဖေမပါရင်ပွဲမစည်ဘူးတဲ့ အမေနဲ့ရပြီးတော့လဲ အမေမှာအဖေကိုအမြဲကြက်ဝိုင်းမှာလိုက်လိုက်ဖမ်းရပြီးခဏခဏစကားများရန်ဖြစ် အဖေမှာအိမ်ရှေ့ကွက်ပျစ်မှာထွက်ထွက်အိပ်ရတက်တယ်လို့ ရိုးကိုဖေဖေငယ်ငယ်ကပြောပြဖူးသည်။
ရိုးကတော့ ကြက်တိုက်တာကိုဝါသနာပါပေမဲ့ အရက်သောက်ရတာကိုပဲပိုနှစ်သက်သည်။
" ရေသွားချိုးတော့လေ အဝတ်တွေကမနက်မှအရိပ်လျှော်လိုက်မယ် မြန်မြန်ချိုးခဲ့ထမင်းဝိုင်းပြင်ထားလိုက်တော့မယ် "
" အင်း "
အရိပ်အိပ်ခန်းထဲပြန်ဝင်ကာရိုးအတွက်အင်္ကျီထုတ်ပေးပြီးရေတွင်းနားကစင်ပေါ်မှာတင်ထားပေးလိုက်ကာ။
" ဒီမှာ ရေချိုးပြီးဝတ်ဖို့ "
" ဟုတ်ကဲ့ပါဗျ "
" ဟွန်း ပြောလိုက်ရင်တော့အပိုးကိုကျိုးနေတာပဲ အိမ်ပြင်ရောက်ရင်သူလုပ်ချင်တာလုပ်သူများကိုဂရုမစိုက်တော့ဘူး "
" ကိုယ့်ဘာလုပ်မိလို့လဲ အရိပ်ရာ "
အရိပ်ရဲ့ပွစိပွစိစကားကြောင့် ရိုးမျက်နှာငယ်လေးနဲ့ကြည့်ကာမေးလိုက်သည်။
" ဘာလုပ်ရမှာလဲ နေ့တိုင်းအလုပ်ပြန်ချိန်သောက်သောက်လာတာလေ !"
" ကိုယ့်အများကြီးမသောက်ဘူးလေ သူငယ်ချင်းတွေနဲ့နည်းနည်းပါးပါးလေးပဲသောက်တာကိုကွာ အရင်လူပျိုတုန်းကကိုယ့်ဘယ်လိုသောက်လဲ အရိပ်သိလျက်သားနဲ့ "
"  အခုအိမ်ထောင်သည်လေ ခင်ဗျားလူပျိုလိုနေချင်ရင် ဘာလို့ကျွန်တော်ကိုယူခဲ့သေးလဲ !"
ခင်ဗျားတွေ ကျွန်တော်တွေဖြစ်လာတဲ့အရိပ်ကြောင့်။
" ကိုယ့်အဲလိုပြောတာမဟုတ်ဘူးလေ ကိုယ့်အခုအရိပ်မကြိုက်မှန်းသိလို့ နည်းနည်းပဲသောက်တယ်လို့ပြောတာကို "
အရိပ် ရိုးကိုဘာမှမပြောတော့ပဲထမင်းပွဲပြင်ရန်ရိုးဘေးနားကထွက်လာခဲ့သည်။
ရိုးရေချိုးပြီးစင်ပေါ်ကအရိပ်တင်ပေးထားခဲ့တဲ့တီရှပ်ကိုကောက်ယူဝတ်လိုက်ပြီး အိမ်ရှေ့ကွပ်ပျစ်မှာထမင်းဝိုင်းပြင်နေတဲ့အရိပ်ဘေးဝင်ထိုင်လိုက်ကာ။
" ဘာဟင်းတွေလဲ အရိပ်လေး "
" မျက်လုံးပါတယ်မလားကြည့်လေ ဘယ်ဟာမှအဖုံးအုပ်ထားတာမရှိဘူး !"
" အရိပ်ရာ ကိုယ့်အရက်အများကြီးသောက်ခဲ့တာလဲမဟုတ်ပဲနဲ့စိတ်ကောက်နေပြန်ပြီ "
" အများကြီးမဟုတ်ပေမဲ့ နေ့တိုင်းသောက်နေတာလေ !"
" ထမင်းစားချိန် ဘာလို့စကားများနေကြတာလဲ !"
အိမ်ထဲကထွက်လာတဲ့ ဦးလေးရိုးဟန်ရဲ့အော်ငေါက်သံကြောင့် အရိပ်ဘာမှဆက်မပြောတော့ပဲမျက်နှာကိုသာစုပုပ်ထားလိုက်သည်။
ပုစွန်ဆီပြန်တစ်ကောင်ကိုခပ်ယူလိုက်၍ ဦးလေးပန်းကန်ထဲဟင်းဦးဆုံးထည့်ပေးလိုက်ပြီး အရိပ်ပန်းကန်ထဲအရိပ်ခပ်ထည့်လိုက်သည်။
ခါတိုင်းဆိုဦးလေးပြီးရင်ရိုးကိုထည့်ပေးနေကြဖြစ်ပေမဲ့ အရိပ်စိတ်ဆိုးနေတာကြောင့် ရိုးကိုထည့်မပေးပဲပစ်ထားလိုက်တော့ ရိုးကအရိပ်ကိုကြည့်လာ၏ အရိပ်ရိုးကိုပြန်မကြည့်ပဲကိုယ်ဘာသာထမင်းငုံ့စားနေလိုက်သည်။
" အဖေ ချဉ်ပေါင်ငပိချက်ကလဲစပ်လိုက်တာဗျာ အိမ်နောက်ကငရုပ်သီးတစ်ပင်လုံးခူးချက်ထားတာလား !"
ရိုးရဲ့အပြစ်တင်စကားကြောင့် အဖေကလဲထမင်းစားနေရင်းကနေ ရိုးကိုပြန်ပြောလာသည်။
" မင်းမေယဥတဲ့ အဲဒါငါ့ချက်ထားတာမဟုတ်ဘူး မင်းယောကျ်ားအရိပ်ချက်ထားတာ !"
" ဪ , ဒါအရိပ်လေးချက်ထားတာလား အရမ်းစပ်ပေမဲ့ ထမင်းနဲ့နယ်စားရင်တော့အသင့်ပါပဲ အရိပ်လေးကဘယ်ဆိုးလို့လဲဟင်းတွေတောင်စားကောင်းအောင်ချက်တက်လာပြီ !"
" သူ့လင်ချက်တယ်ဆိုတော့ လေသံကချက်ချင်းပြောင်းတော်တော်မွေးရကျိုးမနပ်တဲ့ ငါ့ယိုးသား !"
အရိပ်ထမင်းဝိုင်းအလယ်မှာရိုးကိုကြည့်လိုက် ဦးလေးကိုကြည့်လိုက်နဲ့ဘာဝင်ပြောရမှန်းမသိဖြစ်နေမိသည်။
အမှန်တော့ခါတိုင်းလိုဆိုအရိပ်ချက်ထားလဲရိုးအနေနဲ့ဆိုအရမ်းစပ်ရင်ဆူမှာပဲဖြစ်၏ ရိုးကအရိပ်ကိုငရုပ်သီးအစပ်အရမ်းစားကိုမကြိုက်သူဖြစ်သည်။
အခုကအရိပ်စိတ်ဆိုးနေတာမလို့ထပ်စိတ်ဆိုးမှာစိုးကာအရိပ်ကိုချော့ပြောလိုက်မှန်းအရိပ်သိပေမဲ့ ဦးလေးကတော့သူတို့နှစ်ယောက်ကိုအကဲပိုရန်ဟူသောအကြည့်နဲ့ကြည့်ကာအမြင်ကပ်သွားမှာသေချာသည်။
" အရိပ် စားလေဘာတွေတွေးငေးနေတာလဲ ထမင်းစားချိန်တခြားအာရုံလွင်နေတာမျိုးကိုယ့်မကြိုက်ဘူး "
ရိုးအပြောကို အရိပ်ခွန်းတုံ့မပြန်ပဲထမင်းသာငုံ့စားနေလိုက်သည်။
ရိုး ထမင်းစားရင်နဲ့သူ့ကိုစိတ်ဆိုးနေပြီးစကားမပြောတဲ့အရိပ်ကြောင့် လူကအသည်းယားနေမိပေမဲ့ အရှေ့မှာအဖေရှိနေတာကြောင့် အရိပ်ကိုဆွဲနမ်းပစ်ချင်စိတ်ကိုထိန်းထားရသည်။
" ညမှတွေ့ကြသေးတာပေါ့ ကိုယ့်ကိုစိတ်ဆိုးနေသူလေး "စိတ်ထဲကနေပြောလိုက်၍ ရိုးလည်းထမင်းကိုသာဆက်စားလိုက်သည်။
" အရိပ် ကိုယ့်ကိုထမင်းထပ်ထည့်ပေးဦး အဖေရောထမင်းယူဦးမှာလား "
" အေး နည်းနည်းထပ်ထည့်ပေးဦး ငါ့သမက်လေးချက်ထားတာက ဒီနေ့ဟင်းအစပ်ကိုတည့်နေတာပဲ စားလို့ကောင်းနေရော "
ဦးလေးအပြောကြောင့် အရိပ်ပြုံးလိုက်ကာ။
" ဦးလေးကြိုက်တယ်ဆို နောက်တစ်ခါဒီလိုလေးပြန်ချက်ကျွေးပါမယ် "
" ကိုယ့်လည်းကြိုက်တယ် အရိပ်လေး "
ရိုးစကားအဆုံးပြန်ရလိုက်တာကတော့ အရိပ်ဆီကမျက်စောင်းလှလှလေးတစ်ခုသာဖြစ်သည်။
< 22 , 10 , 2021 >
[ သူကြီးသမက် ]
" ပုစွန် ငါး ပုစွန် !"
" အေး ပါတယ်အရိပ်ဝယ်ဦး "
" အင်း "
" ဈေးလျှော့ပေးလို့ကျေးဇူးပါဗျာ ဒါနဲ့အစ်မယောက်ျားဒီနေ့ရိုးနဲ့အင်းထဲလိုက်သွားတာလား "
" ဒီယောက်ျားကတစ်နေကုန်လွမ်းနေတာလေကွာ "
" ပုဆိုးလေးတော့ ဝတ်ပါရစေဦးယောက်ျားရယ် လိမ္မာတယ်နော် "
" ကိုယ့်ဝတ်ပေးရမလား "
" အဖေဘယ်သွားလို့လဲ "
" ဘုတ် "
" အာ့ နာလိုက်တာအရိပ်ရယ် ကိုယ်ယောက်ျားကိုဘယ်လိုတောင်အညှာတာမရှိထုရိုက်နေရတာလဲ "
" ဒုန်း "
" အဖေဘယ်ကကြက်ကြီးလဲ "
" အင်း "
" ဟုတ်ကဲ့ပါဗျ "
" ဘာဟင်းတွေလဲ အရိပ်လေး "
" မင်းမေယဥတဲ့ အဲဒါငါ့ချက်ထားတာမဟုတ်ဘူး မင်းယောက်ျားအရိပ်ချက်ထားတာ !"
< 22 , 10 , 2021 >
Continue Reading
You'll Also Like
150K 5.1K 50
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...
34.2K 2K 12
လှပတဲ့ ပန်းလေးတစ်ပွင့်လို လူသားလေးရဲ့ အချစ်ကို မခံစားတတ်သေးခင် တွေ့ကြုံရတဲ့ မျက်ရည်များ ။ အချစ်ကို ခံစားတတ်ပြီဆိုတော့လည်း တွေ့လာရမယ် အိမ်ထောင်သည်တွေရ...
15.3K 538 23
1.6M 125K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡