~ပင်လယ်လို မောင်~(ပင္လယ္လိုေမ...

By lka__thv

202K 19.8K 3.7K

...မောင်က ပင်လယ်ကြီးနဲ့တူတယ်... ...ေမာင္က ပင္လယ္ႀကီးနဲ႔တူတယ္... Start Date-3. 7. 2021 End Date-21. 10. 2021 More

အပိုင်း-(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
heyyy
Extra 1
Extra 2
! BOOK!

အပိုင်း(၂၆)-ဇာတ်သိမ်းပိုင်း

9.7K 746 256
By lka__thv

Unicode

"အခုလိုညနေဘက်ကြီး အစည်းအဝေးခေါ်လိုက်ရတဲ့ကိစ္စကတော့ တစ်ခြားမဟုတ်ပါဘူး ကျွန်တော်ရာထူးကနေနှုတ်ထွက်တော့မယ်ဆိုတဲ့အကြောင်းလေးကိုအသိပေးခြင်လို့ပါ"

ဌာနကလူတွေအကုန်အံ့ဩသွားကြပေမယ့် ဝူယောင်းကတော့အသက်မရှိသလိုငြိမ်သက်လို့။

"လစ်လပ်ပြီးကျန်နေခဲ့မယ့် ကျွန်တော့်နေရာကိုလက်ထောက်ဂျောင်က ဆက်လက်ပြီးတာဝန်ယူသွားပါလိမ့်မယ် ပြီးတော့ဒီdesignဌာနမှာအလုပ်သင် ဝန်ထမ်းတစ်ယောက်ထပ်တိုးမှာမို့လို့ အလုပ်သင်အသစ်လေးကိုလည်းအားလုံးကဝိုင်းပြီးကြိုဆိုဖေးမပေးကြဖို့မျှော်လင့်ပါတယ် ဒါဆိုဒီနေ့အစည်းအဝေးလေးကတော့ ဒီလောက်ပါပဲ ကျေးဇူးတင်ပါတယ်"

ဂျီမင်းစကားစ ဖြတ်ခဲ့ပြီးရုံးခန်းထဲကိုဝင်လာခဲ့သည်။ sofaပေါ်ထိုင်ချလိုက်ပြီး

"ဟူး အရင်လိုအေးအေးဆေးဆေးပြန်နေရတော့မှာပဲ"

သူ့နားမတ်တပ်ရပ်နေတဲ့ဝူယောင်းက လေသံဖျော့ဖျော့လေးနဲ့မေးလာသည်။

"Hyungတစ်ကယ်ပြန်တော့မှာပေါ့"

"အင်းး"

"ဘယ်တော့လဲ"

"မနက်ဖြန်"

"ဗျာ အဲ့လောက်မြန်မြန်ကြီး"

"အဲ့လိုပဲဖြစ်သွားတယ်"

"ခုနhyungပြောသွားတဲ့ထဲ အလုပ်သင်အသစ်ရောက်မယ်ဆိုတာ..."

"ဂျီအာ့ကိုပြောတာ"

"အာ အဲ့လိုလား"

"ကိုယ့်နေရာကိုသေချာထိန်းသိမ်းပေးမယ်မလားဝူယောင်းနီး"

"ကျွန်တော်ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘူးhyung"

"ကိုယ်စိတ်ချတာဆိုလို့မင်းပဲရှိတယ်လေ ဝူယောင်းနီး အသက်ငယ်သေးပေမယ့် မင်းကထက်မြက်တဲ့ကလေးပါ မင်းလုပ်နိုင်ပါတယ်"

ဝူယောင်းပြုံးလိုက်မိသည်။ ဒီလူသားကနွေးထွေးလိုက်တာ။

"ဟုတ် hyungစိတ်မပျက်စေရပါဘူး ကျွန်တော်လုပ်စရာလေးတွေရှိသေးလို့သွားလိုက်ဦးမယ်နော်"

"အင်း ဟုတ်ပြီ"

ဝူယောင်းရုံးခန်းထဲကထွက်အလာမှာ ဂျောင်ကုနဲ့တွေ့လေသည်။ သူ့ကိုမြင်လိုက်ရ​တော့ ဂျောင်ကုကမျက်မှောင်ကျုံ့ပြီးကြည့်လာသည်။ နေပါဦး..Jeonphoriaရဲ့ဥက္ကဋ္ဌက ဘာကိစ္စဂျီမင်းhyungဆီလာလည်ရတာလဲ။

"အထဲမှာပတ်ဂျီမင်းရှိတယ်မလား"

မေးလာတဲ့လေသံကိုကတင်တင်စီးစီး။

"Hyungအထဲမှာတော့ရှိတယ် ဘာကိစ္စလဲ"

"မင်းနဲ့မဆိုင်ပါဘူး"

"နေဦး"

သူ့ပခုံးကိုတိုက်ကာ ဘေးကနေဖြတ်လျှောက်သွားတဲ့ဂျောင်ကုကို ဝူယောင်းလှမ်းတားလိုက်သည်။

"Hyungကအားနေတဲ့လူမဟုတ်ဘူး အရေးကြီးကိစ္စမဟုတ် ကြိုတင်ချိန်းထားတာလည်းမရှိပဲလက်လွတ်စပယ်ဝင်မတွေ့ပါနဲ့ ဒါအလုပ်ခွင်ပါ"

ဂျောင်ကုမေးရိုးတွေတင်းခနဲဖြစ်သွားရသည်။

"တေွ့တာမတွေ့တာကငါကိစ္စပါ မင်းနဲ့မဆိုင်ဘူးလို့ပြောပြီးပြီလေ"

"ဂျီမင်းhyungက ကျွန်တော့်ရဲ့bossပါ သူ့အချိန်ဇယားအတိုင်းစီစဥ်ပေးရမှာ ကျွန်တော့်တာဝန် အခုသူမအားဘူး ပြီးမှပြန်လာခဲ့ပါ"

ဂျောင်ကုသက်ပြင်းချလိုက်ပြီး phထုတ်ကာဂျီမင်းကိုလှမ်းခေါ်လိုက်သည်။ ဂျီမင်းဘက်ကphကိုင်တော့ speckerကိုဖွင့်လိုက်ပြီး ဝူယောင်းမျက်နှာကိုသေချာကြည့်ကာ

"မောင်အခုရုံးခန်းရှေ့ရောက်နေတယ် ဝင်လာလို့ရလား"

"အွန်းဝင်လာခဲ့လေ ကိုကိုအထဲမှာရှိတယ်"

"ဟုတ်ပြီ"

Phကိုချလိုက်ပြီး ဝူယောင်းကိုမဲ့ပြုံးပြုံးပြခဲ့ပြီးမှ အခန်းထဲဝင်လာခဲ့လိုက်သည်။ ဝူယောင်းကတော့ထိုနေရာမှာတင် ရပ်ကျန်ခဲ့လေသည်။

နာတာပေါ့။ ဒီရင်ဘတ်ကြီးထဲကနေကို လှိုက်လှိုက်တက်ပြီးနာလာတာ။ ချစ်ရတဲ့သူက သူများအပိုင်ဆိုတာ သိရတာတောင် မခံစားပဲနေနိုင်ရအောင် သူကအဲ့လောက်ထိခံနိုင်ရည်ရှိနေတာမှမဟုတ်တာ။ မျက်ရည်ကျသွားတာကိုတောင်မသိနိုင်တော့တဲ့အထိ သူထုံပေသွားတာ။

ဂျောင်ကုလည်းရုံးခန်းထဲရောက်ရောက်ချင်း ဂျီမင်းကိုပြေးဖက်လိုက်သည်။

"ဘယ်လိုဖြစ်တာလဲ"

"လွမ်းလို့လေဗျာ"

"ဟုတ်ပါပြီ"

"ရံုးဆင်းတော့မှာမလား မောင်လာကြိုတာ"

"အင်း အခုပဲဆင်းတော့မလို့"

"သွားမယ်လေ အဲ့တာဆိုလာ"

ဂျီမင်းလက်ကိုဆွဲပြီး ကုမ္ပဏီထဲကနေထွက်လာလိုက်သည်။ တစ်ချို့ကအထူးအဆန်းကြည့်နေကြသလို တစ်ချို့ကတော့အားကျသလိုကြည့်နေကြသည်။

"မောင်ကလည်းကွာ သူများတွေကြည့်နေပြီ"

ဂျီမင်းခေါင်းကိုအောက်ငုံ့ထားမိသည်။

"အူယားအောင်မလုပ်ပါနဲ့ ဂျွန်ဂျီမင်းရယ် မောင်ဖက်နမ်းမိတော့မယ်"

ကားပါကင်ရောက်တော့ဂျီမင်းကို တံခါးအရင်ဖွင့်ပေးပြီးမှ သူကdriver seatမှာဝင်ထိုင်လိုက်သည်။ ခါးပတ်ပတ်ပေးဖို့လည်းမမေ့ခဲ့။

"ကိုယ့်ဘာသာလုပ်ပါမယ်"

"ငြိမ်ငြိမ်နေပါဘေဘီရယ်"

ထိုအခေါ်အဝေါ်မှာတော့ ဂျီမင်းမျက်နှာရဲတက်လာရသည်။

"အကြီးကိုဘယ်လိုတွေခေါ်နေတာလဲ"

"အသက်ကြီးလာမှရှက်တာကအစ ချစ်ဖို့ကောင်းနေတော့တာပဲ ဒါနဲ့မနက်ဖြန်တစ်ကယ်ပြန်လိုက်မှာနော် လေယာဥ်ပေါ်ရောက်မှနေခဲ့မယ်ဆိုပြီးခုန်ချလို့မရဘူး"

"တစ်ကယ်လိုက်မှာ အထုတ်တွေတောင်ပြင်ပြီးပြီ"

"အထုတ်တွေပြင်ပြီးယောကျာ်းနောက်လိုက်တော့မယ်ပေါ့"

"ဒီကောင်လေး"

ဂျောင်ကုလက်မောင်းကို ဂျီမင်းလှမ်းရိုက်လိုက်သည်။

"ကားမောင်းနေတာလေ မရိုက်နဲ့ဦး"

"ပြီးမှမှတ်လောက်အောက်ရိုက်ပြစ်မယ်"

"ရိုက်စမ်းပါစိတ်ကြိုက်ရိုက် ကိုကိုတစ်ချက်ရိုက်ရင် မောင်တစ်ချက်ပြန်နမ်းမယ် ဘယ်လိုလဲအဆင်ပြေတယ်မလား"

"နစ်နာနေပြီ"

"နစ်နာတာပေါ့ မောင်ကအရိုက်ခံရမှာလေ"

"ကိုယ့်ကလေးလေးကိုမရိုက်ရက်ပါဘူး"

"မရိုက်လည်းနမ်းမှာပဲ"

"ဒါဆိုရင်တော့ကိုကိုကနစ်နာသူဖြစ်သွားပြီ"

"နစ်နာသူမဖြစ်ရအောင်ပြန်နမ်းပေါ့"

ကားလေးအတွင်းရယ်သံလေးတွေပြည့်နှက်သွားပြန်သည်။ ဂျီမင်းအိမ်ရှေ့မရောက်ခင်အထိပေါ့။ အိမ်​ရှေ့ရောက်တော့ ဂျောင်ကုမျက်နှာကြီးဆူပုပ်နေလေသည်။

"ဟိတ် ဒီတစ်ညလေးခွဲရမှာကိုဘာတွေဖြစ်နေတာလဲရုပ်ကြီးက"

နှာခေါင်းကိုဆွဲညှစ်ကာ ဂျီမင်းစမိသည်။

"တစ်ညခွဲရဦးမယ်"

"မနက်ကျစောစောလာနော်"

"မောင်လာခေါ်မယ်လေ"

"ဟိုမှာပဲဆုံကြမယ် လာမခေါ်နဲ့တော့"

"ပြီးတာပဲ"

"သွားပြီနော်"

"နေဦး"

ခါးပတ်ဖြုတ်ကာ ကားပေါ်ကဆင်းဖို့လုပ်နေတဲ့ဂျီမင်းကို ဂျောင်ကုအမြန်ဆွဲထားမိသည်။

"ဟင်..ဟင် ဘာလဲ"

"အာဘွားပေးလေ"

ပါးပြင်ကိုအနမ်းဖွဖွခြွေပေးလိုက်မှ ပြုံးနိုင်ရှာသည်။ ဂျီမင်းကားပေါ်ကဆင်းပြီး ကားထွက်သွားတာကိုစောင့်ကြည့်ပြီးမှ အိမ်ထဲဝင်လာခဲ့လိုက်သည်။ အခန်းထဲဝင်ပြီးအိတ်တွေသေချာစစ်နေတုန်း ညီမလေးကဝင်လာသည်။

"ညနေစာမစားတော့ဘူးလား"

"ပြီးမှထွက်စားတော့မယ် အဝတ်တွေပြန်စီဦးမယ်"

"တစ်ကယ်ပြန်တော့မယ်ပေါ့"

"အင်း မလိုက်ချင်တာသေချာလား"

"လေဆိပ်အထိလိုက်ပို့ပေးမယ်လေ"

"တစ်ယောက်တည်းနေခဲ့လို့အဆင်ပြေပါ့မလား"

"ပြေပါတယ် စိတ်ချလက်ချသာသွား"

"လွမ်းနေတော့မှာညီမလေးကို"

"မကြာမကြာphဆက်ပါ့မယ်"

"ကိုကိုလည်းသတိရတိုင်းphဆက်မယ်"

"မနက်အစောကြီးထရမှာမလား အိပ်တော့လေ"

"အင်းပါ"

ဂျီအာ ဂျီမင်းအခန်းထဲကထွက်လာပြီးတံခါးကိုသေချာပြန်ပိတ်ပေးခဲ့လိုက်သည်။ ဒီတစ်ခါတော့အစ်ကုိတို့နှစ်ယောက် ထပ်မဝေးတော့ပါဘူး။
...........
"ထမင်းသေချာစား ကိုကိုစိတ်ချမယ်နော်ညီမလေး"

"နောက်ဆံမတင်းပဲ အေးဆေးသွားဟုတ်ပြီလား"

လေယာဥ်ထွက်ခါနီးအထိ ညီမဖြစ်သူအားအမှာစကားတွေခြွေနေမိသည်။

"အားရင်လာလည်မယ်နော်"

"ဟုတ်အားတိုင်းလာလည်"

"အလုပ်ကိစ္စတွေနားမလည်ရင် ဝူယောင်းကိုမေးနော် ဝူယောင်းနီးညီမလေးကိုသေချာဂရုစိုက်ပေးပါနော်"

သူတို့နဲ့အတူပါလာတဲ့ဝူယောင်းကိုလည်း မှာစရာရှိတာတွေသေချာမှာရသေးသည်။

"ဟုတ်ကဲ့hyung hyungလည်းအစစအရာရာဂရုစိုက်ပါနော်"

"လေယာဥ်ထွက်တော့မယ် သွားမယ်လေကိုကို"

"အင်း"

ဂျီအာနဲ့ဝူယောင်းကိုတစ်လှည့်စီဖက်လိုက်ပြီးအိတ်တစ်ချို့သယ်ကာအရင်ထွက်သွားလေသည်။ ဂျောင်ကုလည်းကျန်နေသေးတဲ့ ပစ္စည်းတွေကိုသယ်ပြီးအနောက်မှလိုက်မည်အပြု...

"ဂျောင်ကု...."

ဂျီအာကလှမ်းခေါ်လိုက်တာကြောင့် သူလှည့်ကြည့်လိုက်သည်။

"အစ်ကို့ကိုသေချာဂရုစိုက်ပေးပါနော် သူ့ကိုပျော်ရွှင်အောင်ထားနိုင်တဲ့သူက ဂျောင်ကုအပြင်မရှိဘူး"

ဂျောင်ကုလည်းခေါင်းညိမ့်ကာပြုံးပြလိုက်ပြီး ကိုကို့နောက်အမှီပြေးလိုက်လာခဲ့သည်။

"ငါတို့နှစ်ယောက်လုံးက ချစ်ရတဲ့သူတွေကိုလက်လွှတ်ခဲ့ကြတာပဲနော်"

ရှေ့ဆင့်နောက်ဆင့် ထွက်သွားတဲ့ကျောပြင်နှစ်ခုကိုကြည့်ပြီး ဂျီအာပြောလိုက်မိတော့ ဝူယောင်းကသူမကိုလှည့်ကြည့်လာသည်။

"နင်အစ်ကို့အပေါ်စိတ်ရှိနေတာကိုငါသိပါတယ် ဝူယောင်း ငါလည်းလူတစ်ယောက်ကိုချစ်နေရတာမို့လို့ အစ်ကို့ကိုကြည့်တဲ့နင့်မျက်လုံးတွေကို ငါဘာသာပြန်တတ်ပါတယ်"

"နင်လည်းဂျွန်ဂျောင်ကုကိုချစ်နေတယ်ပေါ့"

သူမပြုံးလိုက်သည်။

"ငါထပ်ချစ်မိသွားတာဟ ရယ်ရတယ်နော် ဘာကိုမှမမှတ်မိ ဘာကိုမှမသိတာတောင် သူ့ကိုပဲနောက်တစ်ခါထပ်ချစ်မိသွားတာ အခွင့်အရေးနှစ်ကြိမ်ရခဲ့တာတောင် နှစ်ကြိမ်လုံးသူ့ကိုပဲချစ်မိတာတဲ့"

"အဲ့တာတောင် နင်ဂျွန်ဂျောင်ကုကိုလက်လွှတ်လိုက်တယ်"

"ဂျောင်ကုထက် ငါ့အစ်ကိုကိုပိုချစ်တယ်ဝူယောင်း အရေးအကြီးဆုံးက ငါ့အစ်ကိုပျော်ရွှင်နေဖို့ပဲ အစ်ကိုပျော်ရွှင်ဖို့ဂျောင်ကုကိုလိုအပ်တယ် မသိခဲ့တုန်းကသာငါအမှားတွေလုပ်မိရင်လုပ်ခဲ့မယ် သိသိကြီးနဲ့တော့ငါအမှားမလုပ်ဘူး"

ယွန်းဂျီအာ....။ သူမရဲ့ဖြစ်တည်မှုလေးကရိုးရှင်းပါတယ်။ ယောကျ္ားတစ်ယောက်ကိုအတတ်နိုင်ဆုံးချစ်ပေးမယ်။ ထိုယောကျ္ားရဲ့အချစ်ရဆုံးသူလည်းဖြစ်ချင်ခဲ့တယ်။ ချစ်ရတဲ့သူကိုပိုင်ဆိုင်ချင်တယ်။ မပိုင်ရတော့ရတဲ့နည်းနဲ့ယူမယ်။

ဒါပေမယ့် နှလုံးသားနဲ့သွေးသားကိုယှဥ်လိုက်တဲ့အခါမှာတော့ သွေးသားကသူမအတွက်ပိုအရေးကြီးခဲ့တယ်။ တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သူမရဲ့အစ်ကိုလောက်ဘာကမှ အရေးမကြီးတော့ဘူး။ အစ်ကို့အတွက်နဲ့ချစ်သူကိုလည်းလက်လွှတ်ခဲ့တယ်။ မိန်းကလေးတစ်ယောက်ဖြစ်ပါရဲ့နဲ့ အရှက်နဲ့သိက္ခာကိုထည့်မတွက်ပဲ မဂ်လာပွဲကိုအပျက်ခံခဲ့တယ်။ နောက်ဆုံး......သေသွားနိုင်တာကိုတောင်ဂရုမစိုက်ပဲ အစ်ကိုဖြစ်သူကိုဝင်တိုက်မယ့်ကားရှေ့ သူမပြေးရပ်ခဲ့တယ်။

ဒီမိန်းကလေးကလည်း ဒီဇာတ်လမ်းမှာအရေးပါတဲ့နစ်နာသူပါပဲ။ ဒါပေမယ့်ဘယ်သူတွေဂရုစိုက်လဲ။ ဘယ်သူမှဂရုမစိုက်ဘူးလေ သူမကအားလုံးအမြင်မှာဗီလိန်သာသာပဲ။ သူတို့မသိတာက ယွန်းဂျီအာမရှိရင် ဒီဇာတ်လမ်းလည်းမရှိနိုင်ဘူးဆိုတာပဲ။

"အဲ့တော့နင်ကရော အစ်ကို့ကိုဖွင့်ပြောလိုက်လား"

"အခွင့်အရေးရတုန်းလေး သဘောကျတယ်လို့တော့ပြောလိုက်တယ်"

ဂျီအာကလက်ပိုက်ထားလျက် ဝူယောင်းကိုလှည့်ကြည့်တယ်။

"သဘောကျတယ်ပဲလား"

"အချို့သောစကားတွေက ထုတ်ပြောလိုက်ရင်ပေါ့သွားတယ်ဟ တန်ဖိုးလျော့သွားတတ်တယ် အဲ့လိုတန်ဖိုးသတ်မှတ်ခံရမယ့်အစား ထုတ်မပြောဖြစ်တာကမှပိုကောင်းသေးတယ်"

"အစ်ကိုကနင့်ကိုဘာပြန်ပြောလဲ"

"အကောင်းဆုံးနှစ်သိမ့်ပေးသွားပါတယ်"

ဝူယောင်းပြုံးမိသည်။ မဖြစ်နိုင်မှန်းသိတာတောင် နှစ်သိမ့်စကားပြောပေးသွားတဲ့ပတ်ဂျီမင်းက ဆက်ချစ်သွားဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်ပဲမလား။ ဒီတိုင်းလေးပဲ အဝေးကနေငေးပြီးချစ်နေမှာပါ။

အကယ်၍များ ကျွန်တော့်ဆီတန်းတန်းမတ်မတ် ရောက်လာခဲ့ရင်တော့ တစ်သက်စာအတွက်ထွေးဖက်ထားပေးမှာပါ။ မပိုင်ဆိုင်ချင်ဘူးရယ်လို့တော့ ရှိပါ့မလားခင်ဗျားရယ်။ ကျွန်တော့်ထက်ပိုမြင့်တဲ့နေရာမှာရှိတဲ့ပန်းလေးမို့လို့ မပိုင်ဆိုင်ရဲခဲ့ရုံလေး။
...........
"ဟေး ငါပြန်လာပြီကိုရီးယားရေ"

လေဆိပ်မှာခုန်ပေါက်နေတဲ့လူကြီးသေးသေးလေးကိုကြည့်ပြီး ဂျောင်ကုပြုံးမိသည်။ ထို့နောက်ဂျီမင်းမသိအောင် သူတို့နဲ့အတူတူပါလာတဲ့ သူ့လက်ထောက်ကိုတစ်ချက်ကြည့်လိုက်တော့ ကတ္တီပါဗူးသေးသေးလေးတစ်ခုကို သူ့လက်ထဲလာထည့်ပေးသွားသည်။

"အဆင်ပြေပါစေ boss"

"ကျေးဇူးပဲ"

လက်ထောက်လေးထွက်သွားတော့မှ ဂျီမင်းဆီကိုဂျောင်ကုသွားလိုက်သည်။

"တော်တော်မှပျော်နေရဲ့လား"

"ပျော်တယ်ဆိုတာထက် အိမ်ပြန်ရောက်လာသလိုပေါ့ကွာ ကိုရီးယားလေကိုတစ်ဝကြီးရှူပစ်လိုက်ဦးမယ်"

"ကိုကို"

"ဟင်"

ဂျောင်ကုမြေပြင်ပေါ်ဒူးတစ်ဖက်ကိုထောက်ထိုင်လိုက်ပြီး လက်ထဲက ကတ္တီပါဗူးလေးကိုဖွင့်လိုက်တော့ အထဲမှာစိန်ပွင့်သေးသေးလေးပါတဲ့ လက်စွပ်လေး။ လူတွေကလည်းအထူးအဆန်းဖြစ်လာတဲ့သူတို့ကို ဝိုင်းကြည့်လာကြသည်။

ဂျောင်ကုလုပ်သမျှကို ဂျီမင်းမျက်တောင်မခတ်တမ်းကြည့်နေရမှ တစ်ခုခုကိုသဘောပေါက်လာသည့်နှယ် မျက်လုံးလေးတွေဝိုင်းစက်လာသည်။မဟုတ်မှလွဲရော ဂျောင်ကုကအခုသူ့ကို....

"ကိုကို မောင့်ကိုလက်ထပ်နိုင်မလား မောင်တို့ကလက်ထပ်ပြီးမှန်းလည်းသိပါတယ် ဒါပေမယ့်ကိုကို့ကိုသေချာပြန်ပြီးလက်ထပ်ချင်လို့ မောင့်ကိုလက်ထပ်မယ်မလားဟင်"

ဂျီမင်းပါးစပ်ကိုလက်နဲ့အုပ်လိုက်ရသည်။ ပျော်ရွှင်မှုကြောင့်မျက်ဝန်းမှာမျက်ရည်စတွေခိုကပ်လို့။ အခုဂျောင်ကုကလူကြားထဲမှာ သူ့ကိုတရားဝင်လက်ထပ်ခွင့်တောင်းတာတဲ့။ လူအများရဲ့အားကျတဲ့အကြည့်တွေကဂျီမင်းဆီမှာ။

"ကိုကို...."

"လက်ထပ်မှာပေါ့ မောင့်ကိုငါလက်ထပ်မှာပေါ့"

ဒုတိယတစ်ကြိမ်အသံကြားမှ ဂျီမင်းအဖြေအမြန်ပေးလိုက်သည်။ ဂျောင်ကုကပြုံးပြီးမတ်တပ်ရပ်ကာသူ့ကိုလက်စွပ်ဝတ်ပေးလာသည်။ လက်စွပ်ဝတ်ပြီးပြီးချင်း ဂျောင်ကုကိုဆွဲဖက်လိုက်တော့ လက်ခုပ်သံတွေပါထွက်လာသည်။ လူတွေကဒီလိုကျတော့လည်း ချစ်စရာကောင်းသား။

"မောင့်ကိုရွေးချယ်ခဲ့ရလို့နောင်တမရခဲ့ဘူး မောင်နဲ့ပတ်သက်ပြီးဘယ်တော့မှနောင်တရမယ်မထင်ပါဘူး"

"ရေှ့လျှောက်မောင်က ကိုကို့ကိုအများကြီးချစ်ပေးတော့မှာ ကိုကိုအခြားသူတွေကိုအားကျရမှာထက် အခြားလူတွေကကိုကို့ကို မနာလိုအားကျဖြစ်ရလောက်တဲ့အထိ မောင်ကချစ်ပြသွားမှာမလို့ မောင့်ဂျွန်ဂျီမင်းလေးက မောင့်အနားမှာပဲနေရမယ်နော်"

ထိုနေ့လေဆိပ်ကမြင်ကွင်းလေးက ကာကယံရှင်နှစ်ယောက်အပြင် ဘေးပတ်ဝန်းကျင်ကလူတွေကိုပါအပျော်တွေကူးစက်စေခဲ့သည်။
_________________~_________________

"ငြိမ်ငြိမ်နေစမ်းထယ် လက်ထပ်မှာမင်းလားဂျီမင်းလားမသဲကွဲဘူး"

စိတ်လှုပ်ရှားနေတဲ့သတို့သားကို အားပေးရင်းကိုယ်တိုင်ပါထိုင်မရထမရဖြစ်နေတဲ့ထယ်ယောင်းကို ယွန်းဂီလှမ်းအော်လိုက်သည်။

"Hyungကလဲထယ့်သူငယ်ချင်းမဂ်လာဆောင်မှာလေ ထယ်လည်းရင်ခုန်တာပေါ့"

"မဆောင်ဖူးတာကျနေတာပဲ"

"Feelingမတူဘူးလေဗျာ သူငယ်ချင်းပွဲကျတော့ငိုချင်သလိုလို ဗိုက်နာသလိုလိုနဲ့ ဂျီမင်း မင်းရောဘယ်လိုနေလဲ"

"ငါတစ်ကိုယ်လုံးတုန်နေတာ ယောင်း"

ငြိမ်ငြိမ်လေးထိုင်ကာ အလှအပြင်ခံနေတဲ့ဂျီမင်းက လက်နှစ်ဖက်ကိုထပ်ကိုင်ကာ တုန်တုန်ယင်ယင်ပြန်ပြောရှာသည်။

"ပေါင်ဒါပုတ်ပြီးပြီဆိုတော့ နှုတ်ခမ်းအဆီတင်မလား အရောင်တင်မလား"

"အဆီပဲတင်လိုက်ဂျီအာ ကိုကိုကနှုတ်ခမ်းအရောင်ရှိပြီးသား"

မေးလိုက်တာကပတ်ဂျီမင်းကိုဆိုပေမယ့် အခန်းထဲဝင်လာတဲ့ဂျောင်ကုကဝင်ဖြေသည်။ ဂျီမင်းရဲ့မိဘတွေနဲ့ဂျောင်ကုရဲ့မိခင်က လက်ထပ်ပွဲအတွက်အကုန်တာဝန်ယူလုပ်ကိုင်ပေးခဲ့သည်။ အသိုင်းအဝိုင်းကြီးနှစ်ခုဖြစ်တာကြောင့် ပရိသတ်တွေကလည်းမနည်းမနော။ ဂျီအာကလည်း သူမအစ်ကိုကိုလာကူညီမည်ဟုဆိုကာ တားနေသည့်ကြားထဲကိုရီးယားကိုပြန်လာလေသည်။ ဂျောင်ကုကသိပ်ထွေထွေထူးထူးမရှိပေမယ့် ပထမဆုံးအကြိမ်လူအများကြီးကြားလက်ထပ်ရမယ့် ဂျီမင်းကတော့လန့်နေလေသည်။

"လက်မှာလည်းချွေးတွေနဲ့ပါလား ဘယ်လိုဖြစ်တာလဲမောင့်အချစ်ရဲ့"

လက်ဖဝါးလေးကိုဆုပ်ကိုင်ကာဂျောင်ကုပြောလိုက်တော့ ဂျီမင်းကမချိတင်ကဲလေးပြုံးပြလေသည်။

"စိတ်လှုပ်ရှားနေတာ"

"သတို့သားနှစ်​ယောက် မဂ်လာပွဲစလို့ရပါပြီ"

ပွဲစီစဥ်သူကသတိလာပေးတော့ ဂျောင်ကုလည်းဂျီမင်းကိုမျက်စိတစ်ဖက်မှိတ်ပြခဲ့ပြီးထွက်လာခဲ့လိုက်သည်။ ခန်းမကြီးကိုဖြတ်ပြီး စင်ပေါ်တက်လာကာနေရာယူလိုက်သည်။ ခဏအကြာမှာတော့ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီး အနီရောင်ကော်ဇောပေါ် လူနှစ်ယောက်လျှောက်လာကြသည်။ တစ်ယောက်ကဥက္ကဋ္ဌပတ်ဒယ်ဖြုံဖြစ်ပြီး တစ်ယောက်ကတော့သတို့သားပတ်ဂျီမင်း။

ဂျောင်ကုတစ်ယောက် သတို့သားလေးသူ့ဆီရောက်လာမယ့်အချိန်ကိုရင်ခုန်ခြင်းကြီးစွာ စောင့်နေလေသည်။ ​ခြေတစ်လှမ်းတိုးလာလေ သူ့ရင်ခုန်သံတွေပိုမြန်လာလေ။ သူကအနက်ရောင်suitပေမယ့် ဂျီမင်းကတော့သူနဲ့ခြားနားစွာ အဖြူရောင်လေးနဲ့ ကြည့်ကောင်းနေလေသည်။

"ငိုချင်လာသလိုကြီးhyungရာ"

ဂျီမင်းကိုကြည့်ရင်းထယ်ယောင်းပြောမိတော့ ယွန်းဂီကဆံပင်လေးကိုအသာလေးဖွပေးသည်။ ဂျီအာကတော့ သတို့သားဝတ်စုံနဲ့အများကြီးလှနေမယ့်ဂျီမင်းhyungကိုငါလည်းမြင်ချင်တယ် ဆိုတဲ့ဝူယောင်းရဲ့စကားကြောင့် ဂျီမင်းကိုဓာတ်ပုံလိုက်ရိုက်နေသည်။

လျှောက်လမ်းအဆုံးရောက်တော့ ဥက္ကဋ္ဌပတ်က ဂျီမင်းလက်ကိုဂျောင်ကုလက်ထဲသို့ ပိုင်ပိုင်နိုင်နိုင်ထည့်ပေးလိုက်သည်။ လက်စွပ်အပြန်အလှန်ဝတ်ပေးပြီးချိန်မှာတော့

"သတို့သားနှစ်ယောက် ဂတိသစ္စာစကားဆိုနိုင်ပါပြီ"

ဂျောင်ကုလည်းအရှေ့မှာရပ်နေတဲ့ အဖြူရောင်လေးရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး မျက်ဝန်းတွေထဲကြည့်လိုက်တော့ သူ့ကိုအလှဆုံးပြုံးပြနေတဲ့ အမျိုးသားလေး။

"ကျွန်တော်ဂျွန်ဂျောင်ကုသည် ဝမ်းနည်း​ေနချိန်မှာပဲဖြစ်စေ၊ ဝမ်းသာနေချိန်မှာပဲဖြစ်စေ၊ ဆင်းရဲရဲချမ်းသာသာ ဘဝရဲ့နောက်ဆုံးအချိန်ထိ ပတ်ဂျီမင်းတစ်ယောက်တည်းကိုပဲ မြတ်နိုးသွားပါ့မယ်လို့သစ္စာပြုပါတယ်"

လက်ခုပ်သံတွေဆူညံစွာထွက်ပေါ်လာသည်။ ဂျီမင်းကတော့ခေါင်းလေးငုံ့သွားလို့။

"ကျွန်တော်ပတ်ဂျီမင်းသည်လည်း အဟင့်...."

စကားကိုထိန်းပြောနေရင်းမှ ရှိုက်သံတစ်ချက်ထွက်သွားတာကြောင့် ဂျောင်ကုလက်ဖဝါးလေးနှစ်ဖက်ကိုဖျစ်ညှစ်မိသလို ပွဲထဲကလူတွေကလည်းအသည်းယားစွာရယ်ကြလေသည်။
ဂျီမင်းတစ်ယောက် ရှက်ရှက်နဲ့မျက်ရည်တွေကောက်သုတ်ပြီးချောင်းတစ်ချက်ဟန့်လိုက်သည်။

"အဟမ်း....ကျွန်တော်ပတ်ဂျီမင်းသည်လည်း ဘယ်လိုအခြေအနေတွေမျိုးမှာပဲဖြစ်ဖြစ် ဂျွန်ဂျောင်ကုအနားကနေထွက်မသွားပဲ အေးအတူ၊ပူအမျှအသက်ထက်ဆုံး နေထိုင်သွားပါ့မယ်လို့သစ္စာပြုပါတယ်"

"သတို့သားနှစ်ယောက် အကြင်နာပေးနိုင်ပါပြီ"

ဂျီမင်းရဲ့ခါးလေးကိုဆွဲဖက်ကာ အနမ်းတို့ကိုဂျောင်ကုဘက်မှအစပြုမိသည်။ ပရိသတ်တွေရဲ့လက်ခုပ်သံတွေကလည်းဆူညံလို့။ ထယ်ယောင်းကလည်းမတ်တပ်ရပ်ကာ လက်ခုပ်လက်ဝါးတီးလို့အားပေးရှာသည်။ ဂျီအာကလည်းသူမအစ်ကိုအတွက် ထပ်တူဝမ်းမြောက်ပေးသည်။

ဒါပဲလေ။ ကျန်တာဘာမှမလိုဘူး။ ဘာကိုမှမပိုင်ဆိုင်ရရင်တောင် အနားမှာပတ်ဂျီမင်းရှိရင်
ဂျွန်ဂျောင်ကုအတွက်ပြည့်စုံပြီးသား။ ရှေ့လျှောက်ကိုကို့ကိုအများကြီးချစ်သွားမယ်။ အသည်းယားတိုင်းပွေ့ချီမယ်။ သူ့ကြောင့်ငိုသွားရင် နားရွက်လေးကိုဖွဖွလေးစုပ်လို့ချော့မယ်။ နှင်းတွေချစ်တယ်ပြောရင် နှင်းခဲကိုကိုယ်တိုင်ယူပေးမယ်။ Tokyoကိုနှစ်ယောက်တူတူခရီးထွက်မယ်။ Honeyလို့ခေါ်မယ်။ မနက်ကိုကိုနိုးလာရင်စားဖို့ pancakeအကြီးကြီးလည်းလုပ်ကျွေးမယ်။ ညဘက်ရောက်ရင် ပင်လယ်ထဲboatတစ်စီးနဲ့ ကြယ်တွေကြည့်ကြမယ်။

ကမ္ဘာကြီးကဘာလဲလို့မေးရင် လက်ဖမိုးသေးသေးလေးတွေကိုနမ်းရှုံ့ပြီး ပတ်ဂျီမင်းလို့ဖြေပါ့မယ်။

ဒီအခိုက်အတန့်လေးနဲ့တင်ပြည့်စုံပြီ။ သူရယ်၊မောင်ရယ်၊အနာဂတ်လေးရယ်။ လူတိုင်းကမောင့်ကိုမကောင်းပြောရင်တောင် သူကမျက်လုံးမှိတ်နားပိတ်ပြီး မောင့်ရင်ခွင်ထဲတိုးဝင်မယ်။

မောင်ကခွေးတစ်ကောင်မွေးခဲ့ရင် မောင်နဲ့တူတူအဲ့ခွေးလေးကိုထိန်းကျောင်းမယ်။ ညဘက်ဆိုမောင်လက်မောင်းတွေကြားဝင်အိပ်ပြီး tattooတွေကိုတစ်ခုချင်းစီလိုက်နမ်းမယ်။ ယုန်သွားလေးတွေပေါ်အောင်ရယ်လိုက်တိုင်း အသည်းယားလို့ မောင့်ပေါင်ပေါ်တက်ထိုင်ပြီးနှုတ်ခမ်းတွေကိုနမ်းမယ်။ အရက်သောက်လို့မူးသွားတဲ့ညတွေဆို အခန်းထဲကခြင်ထောင်ကျိုးသွားတဲ့အထိ ကုတင်ပေါ်ခုန်ပေါက်ပြီးဆော့မယ်။ အဲ့ခါကျမောင်ကပြုံးပြုံးကြီးနဲ့သူဖွထားသမျှကို မငြီးမငြူလိုက်ရှင်းမယ်။

ဘယ်လောက်ထိချစ်လဲမေးရင် ကောင်းကင်ကိုလက်ညှိုးထိုးလို့ မိုးကုပ်စက်ဝိုင်းကြီးလောက်ချစ်ပါတယ်လို့ပြန်ဖြေမယ်။ မောင်ရှိရင်အိပ်မက်တွေလှတယ်၊ မောင်ရှိရင်အနာဂတ်တွေလှတယ်၊ မောင်ပါဝင်တဲ့အိပ်မက်တွေကပျော်ဖို့ကောင်းသလို မောင်ပါဝင်တဲ့အနာဂတ်တွေကလည်း အလွန်လှပပြီးရိုးရှင်းပါတယ်။

______________။ပြီးပါပြီ။_____________

( Author Noteအရှည်ကြီးနဲ့ ficအသစ်မိတ်ဆက်ခြင်း😇 )

အားလုံးအတူငိုလိုက်၊ရယ်လိုက်နဲ့ တစ်ခန်းပြီးတစ်ခန်းလှိမ့်လာတဲ့ ပင်လယ်လိုမောင်လေးက ဒီမှာဇာတ်သိမ်းသွားခဲ့ပါပြီ။ ကျွန်တော့်အတွက်ပထမဆုံးဖြစ်သလို အမှတ်တရအများကြီးရှိခဲ့တဲ့ficပါ။ ကြားထဲဇာတ်လမ်းတွေကိုလည်းအများကြီးပြောင်းခဲ့ပါသေးတယ်။ 16နှစ်သားတစ်ယောက်ရဲ့ ပထမဆုံးအတွေ့အကြုံမို့လို့ အရေးအသားတွေပေါ့သွားတာမျိုး၊ ဇာတ်လမ်းအဆက်အစပ်မရှိတာမျိုးတွေဖြစ်ခဲ့ရင် ကျွန်တော့်ဘက်ကတောင်းပန်ပါတယ်။

ဒါလေးကficတစ်ပုဒ်ဆိုပေမယ့် ကျွန်တော့်အတွက်ကတော့ကလေးလေးပါပဲ။ ပထမဆုံးကလေးလေးနဲ့ရလာတဲ့ feedbackတွေRLတွေကြောင့် ကျွန်တော်အများကြီးအားတက်ခဲ့ရပါတယ်။ အပိုင်းအစဥ်လိုက်တိုင်းvoteတွေတန်းစီပေးသွားတာ မြင်ရရင်လည်းအရမ်းကြည်နူးတာဗျ။ ကျွန်တော်စရေးကတည်းကအခုပြီးသွားတဲ့အထိ voteပေးဖို့တစ်ခါမှတော့မတောင်းဆိုခဲ့ပါဘူး။ မလိုချင်ဘူးလို့ငြင်းရင်တော့လိမ်ရာကျတာပေါ့။ လိုချင်ပါတယ် သေလောက်အောင်မက်ပါတယ်။ ဒါတွေကကျွန်တော့်ကြိုးစားမှုကိုအသိအမှတ်ပြုတာတွေပဲလေ။

ဒီပင်လယ်လိုမောင်ficမှာ အဓိကmain Chapterက Jeon Jungkookပါ။ ဒီထဲကJungkookရဲ့ပုံစံက သူစိတ်ချမ်းသာမယ်ထင်တဲ့အရာကို ဘယ်သူ့မျက်နှာမှမထောက်ပဲလုပ်တတ်တဲ့ပုံစံပါ။ ဒါပေမယ့်ကျွန်တော့်ရဲ့ညံ့ဖျင်းမှုကြောင့် မောင့်ဇာတ်ရုပ်အပေါ်အထင်မြင်တွေကလွဲစောင်းကုန်ရော။ ယွန်းဂျီအာဇာတ်ကောင်ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။ သူမကဗီလိန်လုံးဝမဟုတ်ရပါဘူး။ ဒါပေမယ့်လည်းကျွန်တော့်ရဲ့လစ်ဟာမှုတွေကြောင့် မင်းတို့အနေနဲ့သူ့ဇာတ်ကောင်အပေါ် အထင်တွေလွဲခဲ့ပြန်ပါတယ်။

ကျွန်တော်အဓိကပြောချင်တာက သူတို့ကမင်းတို့မုန်းရမယ့်ဇာတ်ကောင်တွေမဟုတ်ပါဘူး။ တစ်ကယ့်ဗီလိန်တွေလည်း ကျွန်တော်ထည့်ပေးထားတာမို့လို့ Ficရဲ့ main chapter နှစ်ခုအပေါ်စိတ်ခုနေတာများရှိရင်ကျေလိုက်ပါတော့လို့ကျွန်တော်တောင်းဆိုပါတယ်။

တစ်ပုဒ်ပြီးသွားပေမယ့် ကျွန်တော်မင်းတို့နဲ့လည်းအကြာကြီးမခွဲနိုင်တာကြောင့် အသစ်လေးကိုလည်းရေးထားပါတယ်။ မကြာခင်တင်ပေးပါ့မယ်။ Spoileပေးရမယ်ဆိုရင်တော့ translation ficပါ။ English ဝတ္ထုတစ်ပုဒ်ကို Jikook versionလေးနဲ့ပုံဖော်ချင်မိတာကြောင့် ကျွန်တော်ကြိုးစားကြည့်ထားပါတယ်။ အဲ့ဝတ္ထုကိုတော့ ဆယ်တန်းတက်ပြီးသားလူတွေရှိရင်တန်းသိကြမှာပါ။ ကျွန်တော်အကြိုက်ဆုံးဝတ္ထုတွေထဲကတစ်ခုပါပဲ။ အသစ်လေးကိုလည်း ပင်လယ်လေးလိုချစ်ပေးကြဖို့မျှော်လင့်ပါတယ်။Love you guys💗💗 See you soon✨
..........

Zawgyi

"အခုလိုညေနဘက္ႀကီး အစည္းအေဝးေခၚလိုက္ရတဲ့ကိစၥကေတာ့ တစ္ျခားမဟုတ္ပါဘူး ကြၽန္ေတာ္ရာထူးကေနႏႈတ္ထြက္ေတာ့မယ္ဆိုတဲ့အေၾကာင္းေလးကိုအသိေပးျခင္လို႔ပါ"

ဌာနကလူေတြအကုန္အံ့ဩသြားၾကေပမယ့္ ဝူေယာင္းကေတာ့အသက္မ႐ွိသလိုၿငိမ္သက္လို႔။

"လစ္လပ္ၿပီးက်န္ေနခဲ့မယ့္ ကြၽန္ေတာ္႕ေနရာကိုလက္ေထာက္ေဂ်ာင္က ဆက္လက္ၿပီးတာဝန္ယူသြားပါလိမ့္မယ္ ၿပီးေတာ့ဒီdesignဌာနမွာအလုပ္သင္ ဝန္ထမ္းတစ္ေယာက္ထပ္တိုးမွာမို႔လို႔ အလုပ္သင္အသစ္ေလးကိုလည္းအားလုံးကဝိုင္းၿပီးႀကိဳဆိုေဖးမေပးၾကဖို႔ေမွ်ာ္လင့္ပါတယ္ ဒါဆိုဒီေန႔အစည္းအေဝးေလးကေတာ့ ဒီေလာက္ပါပဲ ေက်းဇူးတင္ပါတယ္"

ဂ်ီမင္းစကားစ ျဖတ္ခဲ့ၿပီး႐ုံးခန္းထဲကိုဝင္လာခဲ့သည္။ sofaေပၚထိုင္ခ်လိုက္ၿပီး

"ဟူး အရင္လိုေအးေအးေဆးေဆးျပန္ေနရေတာ့မွာပဲ"

သူ႕နားမတ္တပ္ရပ္ေနတဲ့ဝူေယာင္းက ေလသံေဖ်ာ့ေဖ်ာ့ေလးနဲ႔ေမးလာသည္။

"Hyungတစ္ကယ္ျပန္ေတာ့မွာေပါ့"

"အင္းး"

"ဘယ္ေတာ့လဲ"

"မနက္ျဖန္"

"ဗ်ာ အဲ့ေလာက္ျမန္ျမန္ႀကီး"

"အဲ့လိုပဲျဖစ္သြားတယ္"

"ခုနhyungေျပာသြားတဲ့ထဲ အလုပ္သင္အသစ္ေရာက္မယ္ဆိုတာ..."

"ဂ်ီအာ့ကိုေျပာတာ"

"အာ အဲ့လိုလား"

"ကိုယ့္ေနရာကိုေသခ်ာထိန္းသိမ္းေပးမယ္မလားဝူေယာင္းနီး"

"ကြၽန္ေတာ္ကိုယ့္ကိုကိုယ္ယုံၾကည္မႈမ႐ွိဘူးhyung"

"ကိုယ္စိတ္ခ်တာဆိုလို႔မင္းပဲ႐ွိတယ္ေလ ဝူေယာင္းနီး အသက္ငယ္ေသးေပမယ့္ မင္းကထက္ျမက္တဲ့ကေလးပါ မင္းလုပ္ႏိုင္ပါတယ္"

ဝူေယာင္းျပဳံးလိုက္မိသည္။ ဒီလူသားကေႏြးေထြးလိုက္တာ။

"ဟုတ္ hyungစိတ္မပ်က္ေစရပါဘူး ကြၽန္ေတာ္လုပ္စရာေလးေတြ႐ွိေသးလို႔သြားလိုက္ဦးမယ္ေနာ္"

"အင္း ဟုတ္ၿပီ"

ဝူေယာင္း႐ုံးခန္းထဲကထြက္အလာမွာ ေဂ်ာင္ကုနဲ႔ေတြ႕ေလသည္။ သူ႕ကိုျမင္လိုက္ရ​ေတာ့ ေဂ်ာင္ကုကမ်က္ေမွာင္က်ံဳ႕ၿပီးၾကည့္လာသည္။ ေနပါဦး..Jeonphoriaရဲ႕ဥကၠ႒က ဘာကိစၥဂ်ီမင္းhyungဆီလာလည္ရတာလဲ။

"အထဲမွာပတ္ဂ်ီမင္း႐ွိတယ္မလား"

ေမးလာတဲ့ေလသံကိုကတင္တင္စီးစီး။

"Hyungအထဲမွာေတာ့႐ွိတယ္ ဘာကိစၥလဲ"

"မင္းနဲ႔မဆိုင္ပါဘူး"

"ေနဦး"

သူ႕ပခုံးကိုတိုက္ကာ ေဘးကေနျဖတ္ေလွ်ာက္သြားတဲ့ေဂ်ာင္ကုကို ဝူေယာင္းလွမ္းတားလိုက္သည္။

"Hyungကအားေနတဲ့လူမဟုတ္ဘူး အေရးႀကီးကိစၥမဟုတ္ ႀကိဳတင္ခ်ိန္းထားတာလည္းမ႐ွိပဲလက္လြတ္စပယ္ဝင္မေတြ႕ပါနဲ႔ ဒါအလုပ္ခြင္ပါ"

ေဂ်ာင္ကုေမး႐ိုးေတြတင္းခနဲျဖစ္သြားရသည္။

"ေတြ႕တာမေတြ႕တာကငါကိစၥပါ မင္းနဲ႔မဆိုင္ဘူးလို႔ေျပာၿပီးၿပီေလ"

"ဂ်ီမင္းhyungက ကြၽန္ေတာ့္ရဲ႕bossပါ သူ႕အခ်ိန္ဇယားအတိုင္းစီစဥ္ေပးရမွာ ကြၽန္ေတာ္႕တာဝန္ အခုသူမအားဘူး ၿပီးမွျပန္လာခဲ့ပါ"

ေဂ်ာင္ကုသက္ျပင္းခ်လိုက္ၿပီး phထုတ္ကာဂ်ီမင္းကိုလွမ္းေခၚလိုက္သည္။ ဂ်ီမင္းဘက္ကphကိုင္ေတာ့ speckerကိုဖြင့္လိုက္ၿပီး ဝူေယာင္းမ်က္ႏွာကိုေသခ်ာၾကည့္ကာ

"ေမာင္အခု႐ုံးခန္းေ႐ွ႕ေရာက္ေနတယ္ ဝင္လာလို႔ရလား"

"အြန္းဝင္လာခဲ့ေလ ကိုကိုအထဲမွာ႐ွိတယ္"

"ဟုတ္ၿပီ"

Phကိုခ်လိုက္ၿပီး ဝူေယာင္းကိုမဲ့ျပဳံးျပဳံးျပခဲ့ၿပီးမွ အခန္းထဲဝင္လာခဲ့လိုက္သည္။ ဝူေယာင္းကေတာ့ထိုေနရာမွာတင္ ရပ္က်န္ခဲ့ေလသည္။

နာတာေပါ့။ ဒီရင္ဘတ္ႀကီးထဲကေနကို လိႈက္လိႈက္တက္ၿပီးနာလာတာ။ ခ်စ္ရတဲ့သူက သူမ်ားအပိုင္ဆိုတာ သိရတာေတာင္ မခံစားပဲေနႏိုင္ရေအာင္ သူကအဲ့ေလာက္ထိခံႏိုင္ရည္႐ွိေနတာမွမဟုတ္တာ။ မ်က္ရည္က်သြားတာကိုေတာင္မသိႏိုင္ေတာ့တဲ့အထိ သူထုံေပသြားတာ။

ေဂ်ာင္ကုလည္း႐ုံးခန္းထဲေရာက္ေရာက္ခ်င္း ဂ်ီမင္းကိုေျပးဖက္လိုက္သည္။

"ဘယ္လိုျဖစ္တာလဲ"

"လြမ္းလို႔ေလဗ်ာ"

"ဟုတ္ပါၿပီ"

"ရံဳးဆင္းေတာ့မွာမလား ေမာင္လာႀကိဳတာ"

"အင္း အခုပဲဆင္းေတာ့မလို႔"

"သြားမယ္ေလ အဲ့တာဆိုလာ"

ဂ်ီမင္းလက္ကိုဆြဲၿပီး ကုမၸဏီထဲကေနထြက္လာလိုက္သည္။ တစ္ခ်ိဳ႕ကအထူးအဆန္းၾကည့္ေနၾကသလို တစ္ခ်ိဳ႕ကေတာ့အားက်သလိုၾကည့္ေနၾကသည္။

"ေမာင္ကလည္းကြာ သူမ်ားေတြၾကည့္ေနၿပီ"

ဂ်ီမင္းေခါင္းကိုေအာက္ငုံ႔ထားမိသည္။

"အူယားေအာင္မလုပ္ပါနဲ႔ ဂြၽန္ဂ်ီမင္းရယ္ ေမာင္ဖက္နမ္းမိေတာ့မယ္"

ကားပါကင္ေရာက္ေတာ့ဂ်ီမင္းကို တံခါးအရင္ဖြင့္ေပးၿပီးမွ သူကdriver seatမွာဝင္ထိုင္လိုက္သည္။ ခါးပတ္ပတ္ေပးဖို႔လည္းမေမ့ခဲ့။

"ကိုယ့္ဘာသာလုပ္ပါမယ္"

"ၿငိမ္ၿငိမ္ေနပါေဘဘီရယ္"

ထိုအေခၚအေဝၚမွာေတာ့ ဂ်ီမင္းမ်က္ႏွာရဲတက္လာရသည္။

"အႀကီးကိုဘယ္လိုေတြေခၚေနတာလဲ"

"အသက္ႀကီးလာမွ႐ွက္တာကအစ ခ်စ္ဖို႔ေကာင္းေနေတာ့တာပဲ ဒါနဲ႔မနက္ျဖန္တစ္ကယ္ျပန္လိုက္မွာေနာ္ ေလယာဥ္ေပၚေရာက္မွေနခဲ့မယ္ဆိုၿပီးခုန္ခ်လို႔မရဘူး"

"တစ္ကယ္လိုက္မွာ အထုတ္ေတြေတာင္ျပင္ၿပီးၿပီ"

"အထုတ္ေတြျပင္ၿပီးေယာက်ာ္းေနာက္လိုက္ေတာ့မယ္ေပါ့"

"ဒီေကာင္ေလး"

ေဂ်ာင္ကုလက္ေမာင္းကို ဂ်ီမင္းလွမ္း႐ိုက္လိုက္သည္။

"ကားေမာင္းေနတာေလ မ႐ိုက္နဲ႔ဦး"

"ၿပီးမွမွတ္ေလာက္ေအာက္႐ိုက္ျပစ္မယ္"

"႐ိုက္စမ္းပါစိတ္ႀကိဳက္႐ိုက္ ကိုကိုတစ္ခ်က္႐ိုက္ရင္ ေမာင္တစ္ခ်က္ျပန္နမ္းမယ္ ဘယ္လိုလဲအဆင္ေျပတယ္မလား"

"နစ္နာေနၿပီ"

"နစ္နာတာေပါ့ ေမာင္ကအ႐ိုက္ခံရမွာေလ"

"ကိုယ့္ကေလးေလးကိုမ႐ိုက္ရက္ပါဘူး"

"မ႐ိုက္လည္းနမ္းမွာပဲ"

"ဒါဆိုရင္ေတာ့ကိုကိုကနစ္နာသူျဖစ္သြားၿပီ"

"နစ္နာသူမျဖစ္ရေအာင္ျပန္နမ္းေပါ့"

ကားေလးအတြင္းရယ္သံေလးေတြျပည့္ႏွက္သြားျပန္သည္။ ဂ်ီမင္းအိမ္ေ႐ွ႕မေရာက္ခင္အထိေပါ့။ အိမ္​ေ႐ွ႕ေရာက္ေတာ့ ေဂ်ာင္ကုမ်က္ႏွာႀကီးဆူပုပ္ေနေလသည္။

"ဟိတ္ ဒီတစ္ညေလးခြဲရမွာကိုဘာေတြျဖစ္ေနတာလဲ႐ုပ္ႀကီးက"

ႏွာေခါင္းကိုဆြဲညႇစ္ကာ ဂ်ီမင္းစမိသည္။

"တစ္ညခြဲရဦးမယ္"

"မနက္က်ေစာေစာလာေနာ္"

"ေမာင္လာေခၚမယ္ေလ"

"ဟိုမွာပဲဆုံၾကမယ္ လာမေခၚနဲ႔ေတာ့"

"ၿပီးတာပဲ"

"သြားၿပီေနာ္"

"ေနဦး"

ခါးပတ္ျဖဳတ္ကာ ကားေပၚကဆင္းဖို႔လုပ္ေနတဲ့ဂ်ီမင္းကို ေဂ်ာင္ကုအျမန္ဆြဲထားမိသည္။

"ဟင္..ဟင္ ဘာလဲ"

"အာဘြားေပးေလ"

ပါးျပင္ကိုအနမ္းဖြဖြေႁခြေပးလိုက္မွ ျပဳံးႏိုင္႐ွာသည္။ ဂ်ီမင္းကားေပၚကဆင္းၿပီး ကားထြက္သြားတာကိုေစာင့္ၾကည့္ၿပီးမွ အိမ္ထဲဝင္လာခဲ့လိုက္သည္။ အခန္းထဲဝင္ၿပီးအိတ္ေတြေသခ်ာစစ္ေနတုန္း ညီမေလးကဝင္လာသည္။

"ညေနစာမစားေတာ့ဘူးလား"

"ၿပီးမွထြက္စားေတာ့မယ္ အဝတ္ေတြျပန္စီဦးမယ္"

"တစ္ကယ္ျပန္ေတာ့မယ္ေပါ့"

"အင္း မလိုက္ခ်င္တာေသခ်ာလား"

"ေလဆိပ္အထိလိုက္ပို႔ေပးမယ္ေလ"

"တစ္ေယာက္တည္းေနခဲ့လို႔အဆင္ေျပပါ့မလား"

"ေျပပါတယ္ စိတ္ခ်လက္ခ်သာသြား"

"လြမ္းေနေတာ့မွာညီမေလးကို"

"မၾကာမၾကာphဆက္ပါ့မယ္"

"ကိုကိုလည္းသတိရတိုင္းphဆက္မယ္"

"မနက္အေစာႀကီးထရမွာမလား အိပ္ေတာ့ေလ"

"အင္းပါ"

ဂ်ီအာ ဂ်ီမင္းအခန္းထဲကထြက္လာၿပီးတံခါးကိုေသခ်ာျပန္ပိတ္ေပးခဲ့လိုက္သည္။ ဒီတစ္ခါေတာ့အစ္ကုိတို႔ႏွစ္ေယာက္ ထပ္မေဝးေတာ့ပါဘူး။
...........
"ထမင္းေသခ်ာစား ကိုကိုစိတ္ခ်မယ္ေနာ္ညီမေလး"

"ေနာက္ဆံမတင္းပဲ ေအးေဆးသြားဟုတ္ၿပီလား"

ေလယာဥ္ထြက္ခါနီးအထိ ညီမျဖစ္သူအားအမွာစကားေတြေႁခြေနမိသည္။

"အားရင္လာလည္မယ္ေနာ္"

"ဟုတ္အားတိုင္းလာလည္"

"အလုပ္ကိစၥေတြနားမလည္ရင္ ဝူေယာင္းကိုေမးေနာ္ ဝူေယာင္းနီးညီမေလးကိုေသခ်ာဂ႐ုစိုက္ေပးပါေနာ္"

သူတို႔နဲ႔အတူပါလာတဲ့ဝူေယာင္းကိုလည္း မွာစရာ႐ွိတာေတြေသခ်ာမွာရေသးသည္။

"ဟုတ္ကဲ့hyung hyungလည္းအစစအရာရာဂ႐ုစိုက္ပါေနာ္"

"ေလယာဥ္ထြက္ေတာ့မယ္ သြားမယ္ေလကိုကို"

"အင္း"

ဂ်ီအာနဲ႔ဝူေယာင္းကိုတစ္လွည့္စီဖက္လိုက္ၿပီးအိတ္တစ္ခ်ိဳ႕သယ္ကာအရင္ထြက္သြားေလသည္။ ေဂ်ာင္ကုလည္းက်န္ေနေသးတဲ့ ပစၥည္းေတြကိုသယ္ၿပီးအေနာက္မွလိုက္မည္အျပဳ...

"ေဂ်ာင္ကု...."

ဂ်ီအာကလွမ္းေခၚလိုက္တာေၾကာင့္ သူလွည့္ၾကည့္လိုက္သည္။

"အစ္ကို႔ကိုေသခ်ာဂ႐ုစိုက္ေပးပါေနာ္ သူ႕ကိုေပ်ာ္႐ႊင္ေအာင္ထားႏိုင္တဲ့သူက ေဂ်ာင္ကုအျပင္မ႐ွိဘူး"

ေဂ်ာင္ကုလည္းေခါင္းညိမ့္ကာျပဳံးျပလိုက္ၿပီး ကိုကို႔ေနာက္အမွီေျပးလိုက္လာခဲ့သည္။

"ငါတို႔ႏွစ္ေယာက္လုံးက ခ်စ္ရတဲ့သူေတြကိုလက္လႊတ္ခဲ့ၾကတာပဲေနာ္"

ေ႐ွ႕ဆင့္ေနာက္ဆင့္ ထြက္သြားတဲ့ေက်ာျပင္ႏွစ္ခုကိုၾကည့္ၿပီး ဂ်ီအာေျပာလိုက္မိေတာ့ ဝူေယာင္းကသူမကိုလွည့္ၾကည့္လာသည္။

"နင္အစ္ကို႔အေပၚစိတ္႐ွိေနတာကိုငါသိပါတယ္ ဝူေယာင္း ငါလည္းလူတစ္ေယာက္ကိုခ်စ္ေနရတာမို႔လို႔ အစ္ကို႔ကိုၾကည့္တဲ့နင့္မ်က္လုံးေတြကို ငါဘာသာျပန္တတ္ပါတယ္"

"နင္လည္းဂြၽန္ေဂ်ာင္ကုကိုခ်စ္ေနတယ္ေပါ့"

သူမျပဳံးလိုက္သည္။

"ငါထပ္ခ်စ္မိသြားတာဟ ရယ္ရတယ္ေနာ္ ဘာကိုမွမမွတ္မိ ဘာကိုမွမသိတာေတာင္ သူ႕ကိုပဲေနာက္တစ္ခါထပ္ခ်စ္မိသြားတာ အခြင့္အေရးႏွစ္ႀကိမ္ရခဲ့တာေတာင္ ႏွစ္ႀကိမ္လုံးသူ႕ကိုပဲခ်စ္မိတာတဲ့"

"အဲ့တာေတာင္ နင္ဂြၽန္ေဂ်ာင္ကုကိုလက္လႊတ္လိုက္တယ္"

"ေဂ်ာင္ကုထက္ ငါ့အစ္ကိုကိုပိုခ်စ္တယ္ဝူေယာင္း အေရးအႀကီးဆုံးက ငါ့အစ္ကိုေပ်ာ္႐ႊင္ေနဖို႔ပဲ အစ္ကိုေပ်ာ္႐ႊင္ဖို႔ေဂ်ာင္ကုကိုလိုအပ္တယ္ မသိခဲ့တုန္းကသာငါအမွားေတြလုပ္မိရင္လုပ္ခဲ့မယ္ သိသိႀကီးနဲ႔ေတာ့ငါအမွားမလုပ္ဘူး"

ယြန္းဂ်ီအာ....။ သူမရဲ႕ျဖစ္တည္မႈေလးက႐ိုး႐ွင္းပါတယ္။ ေယာက်္ားတစ္ေယာက္ကိုအတတ္ႏိုင္ဆုံးခ်စ္ေပးမယ္။ ထိုေယာက်္ားရဲ႕အခ်စ္ရဆုံးသူလည္းျဖစ္ခ်င္ခဲ့တယ္။ ခ်စ္ရတဲ့သူကိုပိုင္ဆိုင္ခ်င္တယ္။ မပိုင္ရေတာ့ရတဲ့နည္းနဲ႔ယူမယ္။

ဒါေပမယ့္ ႏွလုံးသားနဲ႔ေသြးသားကိုယွဥ္လိုက္တဲ့အခါမွာေတာ့ ေသြးသားကသူမအတြက္ပိုအေရးႀကီးခဲ့တယ္။ တစ္ဦးတည္းေသာမိသားစုဝင္ျဖစ္တဲ့ သူမရဲ႕အစ္ကိုေလာက္ဘာကမွ အေရးမႀကီးေတာ့ဘူး။ အစ္ကို႔အတြက္နဲ႔ခ်စ္သူကိုလည္းလက္လႊတ္ခဲ့တယ္။ မိန္းကေလးတစ္ေယာက္ျဖစ္ပါရဲ႕နဲ႔ အ႐ွက္နဲ႔သိကၡာကိုထည့္မတြက္ပဲ မဂ္လာပြဲကိုအပ်က္ခံခဲ့တယ္။ ေနာက္ဆုံး......ေသသြားႏိုင္တာကိုေတာင္ဂ႐ုမစိုက္ပဲ အစ္ကိုျဖစ္သူကိုဝင္တိုက္မယ့္ကားေ႐ွ႕ သူမေျပးရပ္ခဲ့တယ္။

ဒီမိန္းကေလးကလည္း ဒီဇာတ္လမ္းမွာအေရးပါတဲ့နစ္နာသူပါပဲ။ ဒါေပမယ့္ဘယ္သူေတြဂ႐ုစိုက္လဲ။ ဘယ္သူမွဂ႐ုမစိုက္ဘူးေလ သူမကအားလုံးအျမင္မွာဗီလိန္သာသာပဲ။ သူတို႔မသိတာက ယြန္းဂ်ီအာမ႐ွိရင္ ဒီဇာတ္လမ္းလည္းမ႐ွိႏိုင္ဘူးဆိုတာပဲ။

"အဲ့ေတာ့နင္ကေရာ အစ္ကို႔ကိုဖြင့္ေျပာလိုက္လား"

"အခြင့္အေရးရတုန္းေလး သေဘာက်တယ္လို႔ေတာ့ေျပာလိုက္တယ္"

ဂ်ီအာကလက္ပိုက္ထားလ်က္ ဝူေယာင္းကိုလွည့္ၾကည့္တယ္။

"သေဘာက်တယ္ပဲလား"

"အခ်ိဳ႕ေသာစကားေတြက ထုတ္ေျပာလိုက္ရင္ေပါ့သြားတယ္ဟ တန္ဖိုးေလ်ာ့သြားတတ္တယ္ အဲ့လိုတန္ဖိုးသတ္မွတ္ခံရမယ့္အစား ထုတ္မေျပာျဖစ္တာကမွပိုေကာင္းေသးတယ္"

"အစ္ကိုကနင့္ကိုဘာျပန္ေျပာလဲ"

"အေကာင္းဆုံးႏွစ္သိမ့္ေပးသြားပါတယ္"

ဝူေယာင္းျပဳံးမိသည္။ မျဖစ္ႏိုင္မွန္းသိတာေတာင္ ႏွစ္သိမ့္စကားေျပာေပးသြားတဲ့ပတ္ဂ်ီမင္းက ဆက္ခ်စ္သြားဖို႔အတြက္လုံေလာက္တဲ့အေၾကာင္းျပခ်က္ပဲမလား။ ဒီတိုင္းေလးပဲ အေဝးကေနေငးၿပီးခ်စ္ေနမွာပါ။

အကယ္၍မ်ား ကြၽန္ေတာ္႕ဆီတန္းတန္းမတ္မတ္ ေရာက္လာခဲ့ရင္ေတာ့ တစ္သက္စာအတြက္ေထြးဖက္ထားေပးမွာပါ။ မပိုင္ဆိုင္ခ်င္ဘူးရယ္လို႔ေတာ့ ႐ွိပါ့မလားခင္ဗ်ားရယ္။ ကြၽန္ေတာ္႕ထက္ပိုျမင့္တဲ့ေနရာမွာ႐ွိတဲ့ပန္းေလးမို႔လို႔ မပိုင္ဆိုင္ရဲခဲ့႐ုံေလး။
...........
"ေဟး ငါျပန္လာၿပီကိုရီးယားေရ"

ေလဆိပ္မွာခုန္ေပါက္ေနတဲ့လူႀကီးေသးေသးေလးကိုၾကည့္ၿပီး ေဂ်ာင္ကုျပဳံးမိသည္။ ထို႔ေနာက္ဂ်ီမင္းမသိေအာင္ သူတို႔နဲ႔အတူတူပါလာတဲ့ သူ႕လက္ေထာက္ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ကတၱီပါဗူးေသးေသးေလးတစ္ခုကို သူ႕လက္ထဲလာထည့္ေပးသြားသည္။

"အဆင္ေျပပါေစ boss"

"ေက်းဇူးပဲ"

လက္ေထာက္ေလးထြက္သြားေတာ့မွ ဂ်ီမင္းဆီကိုေဂ်ာင္ကုသြားလိုက္သည္။

"ေတာ္ေတာ္မွေပ်ာ္ေနရဲ႕လား"

"ေပ်ာ္တယ္ဆိုတာထက္ အိမ္ျပန္ေရာက္လာသလိုေပါ့ကြာ ကိုရီးယားေလကိုတစ္ဝႀကီး႐ွဴပစ္လိုက္ဦးမယ္"

"ကိုကို"

"ဟင္"

ေဂ်ာင္ကုေျမျပင္ေပၚဒူးတစ္ဖက္ကိုေထာက္ထိုင္လိုက္ၿပီး လက္ထဲက ကတၱီပါဗူးေလးကိုဖြင့္လိုက္ေတာ့ အထဲမွာစိန္ပြင့္ေသးေသးေလးပါတဲ့ လက္စြပ္ေလး။ လူေတြကလည္းအထူးအဆန္းျဖစ္လာတဲ့သူတို႔ကို ဝိုင္းၾကည့္လာၾကသည္။

ေဂ်ာင္ကုလုပ္သမွ်ကို ဂ်ီမင္းမ်က္ေတာင္မခတ္တမ္းၾကည့္ေနရမွ တစ္ခုခုကိုသေဘာေပါက္လာသည့္ႏွယ္ မ်က္လုံးေလးေတြဝိုင္းစက္လာသည္။မဟုတ္မွလြဲေရာ ေဂ်ာင္ကုကအခုသူ႕ကို....

"ကိုကို ေမာင့္ကိုလက္ထပ္ႏိုင္မလား ေမာင္တို႔ကလက္ထပ္ၿပီးမွန္းလည္းသိပါတယ္ ဒါေပမယ့္ကိုကို႔ကိုေသခ်ာျပန္ၿပီးလက္ထပ္ခ်င္လို႔ ေမာင့္ကိုလက္ထပ္မယ္မလားဟင္"

ဂ်ီမင္းပါးစပ္ကိုလက္နဲ႔အုပ္လိုက္ရသည္။ ေပ်ာ္႐ႊင္မႈေၾကာင့္မ်က္ဝန္းမွာမ်က္ရည္စေတြခိုကပ္လို႔။ အခုေဂ်ာင္ကုကလူၾကားထဲမွာ သူ႕ကိုတရားဝင္လက္ထပ္ခြင့္ေတာင္းတာတဲ့။ လူအမ်ားရဲ႕အားက်တဲ့အၾကည့္ေတြကဂ်ီမင္းဆီမွာ။

"ကိုကို...."

"လက္ထပ္မွာေပါ့ ေမာင့္ကိုငါလက္ထပ္မွာေပါ့"

ဒုတိယတစ္ႀကိမ္အသံၾကားမွ ဂ်ီမင္းအေျဖအျမန္ေပးလိုက္သည္။ ေဂ်ာင္ကုကျပဳံးၿပီးမတ္တပ္ရပ္ကာသူ႕ကိုလက္စြပ္ဝတ္ေပးလာသည္။ လက္စြပ္ဝတ္ၿပီးၿပီးခ်င္း ေဂ်ာင္ကုကိုဆြဲဖက္လိုက္ေတာ့ လက္ခုပ္သံေတြပါထြက္လာသည္။ လူေတြကဒီလိုက်ေတာ့လည္း ခ်စ္စရာေကာင္းသား။

"ေမာင့္ကိုေ႐ြးခ်ယ္ခဲ့ရလို႔ေနာင္တမရခဲ့ဘူး ေမာင္နဲ႔ပတ္သက္ၿပီးဘယ္ေတာ့မွေနာင္တရမယ္မထင္ပါဘူး"

"ေရွ႕ေလွ်ာက္ေမာင္က ကိုကို႔ကိုအမ်ားႀကီးခ်စ္ေပးေတာ့မွာ ကိုကိုအျခားသူေတြကိုအားက်ရမွာထက္ အျခားလူေတြကကိုကို႔ကို မနာလိုအားက်ျဖစ္ရေလာက္တဲ့အထိ ေမာင္ကခ်စ္ျပသြားမွာမလို႔ ေမာင့္ဂြၽန္ဂ်ီမင္းေလးက ေမာင့္အနားမွာပဲေနရမယ္ေနာ္"

ထိုေန႔ေလဆိပ္ကျမင္ကြင္းေလးက ကာကယံ႐ွင္ႏွစ္ေယာက္အျပင္ ေဘးပတ္ဝန္းက်င္ကလူေတြကိုပါအေပ်ာ္ေတြကူးစက္ေစခဲ့သည္။
_________________~_________________

"ၿငိမ္ၿငိမ္ေနစမ္းထယ္ လက္ထပ္မွာမင္းလားဂ်ီမင္းလားမသဲကြဲဘူး"

စိတ္လႈပ္႐ွားေနတဲ့သတို႔သားကို အားေပးရင္းကိုယ္တိုင္ပါထိုင္မရထမရျဖစ္ေနတဲ့ထယ္ေယာင္းကို ယြန္းဂီလွမ္းေအာ္လိုက္သည္။

"Hyungကလဲထယ့္သူငယ္ခ်င္းမဂ္လာေဆာင္မွာေလ ထယ္လည္းရင္ခုန္တာေပါ့"

"မေဆာင္ဖူးတာက်ေနတာပဲ"

"Feelingမတူဘူးေလဗ်ာ သူငယ္ခ်င္းပြဲက်ေတာ့ငိုခ်င္သလိုလို ဗိုက္နာသလိုလိုနဲ႔ ဂ်ီမင္း မင္းေရာဘယ္လိုေနလဲ"

"ငါတစ္ကိုယ္လုံးတုန္ေနတာ ေယာင္း"

ၿငိမ္ၿငိမ္ေလးထိုင္ကာ အလွအျပင္ခံေနတဲ့ဂ်ီမင္းက လက္ႏွစ္ဖက္ကိုထပ္ကိုင္ကာ တုန္တုန္ယင္ယင္ျပန္ေျပာ႐ွာသည္။

"ေပါင္ဒါပုတ္ၿပီးၿပီဆိုေတာ့ ႏႈတ္ခမ္းအဆီတင္မလား အေရာင္တင္မလား"

"အဆီပဲတင္လိုက္ဂ်ီအာ ကိုကိုကႏႈတ္ခမ္းအေရာင္႐ွိၿပီးသား"

ေမးလိုက္တာကပတ္ဂ်ီမင္းကိုဆိုေပမယ့္ အခန္းထဲဝင္လာတဲ့ေဂ်ာင္ကုကဝင္ေျဖသည္။ ဂ်ီမင္းရဲ႕မိဘေတြနဲ႔ေဂ်ာင္ကုရဲ႕မိခင္က လက္ထပ္ပြဲအတြက္အကုန္တာဝန္ယူလုပ္ကိုင္ေပးခဲ့သည္။ အသိုင္းအဝိုင္းႀကီးႏွစ္ခုျဖစ္တာေၾကာင့္ ပရိသတ္ေတြကလည္းမနည္းမေနာ။ ဂ်ီအာကလည္း သူမအစ္ကိုကိုလာကူညီမည္ဟုဆိုကာ တားေနသည့္ၾကားထဲကိုရီးယားကိုျပန္လာေလသည္။ ေဂ်ာင္ကုကသိပ္ေထြေထြထူးထူးမ႐ွိေပမယ့္ ပထမဆုံးအႀကိမ္လူအမ်ားႀကီးၾကားလက္ထပ္ရမယ့္ ဂ်ီမင္းကေတာ့လန္႔ေနေလသည္။

"လက္မွာလည္းေခြၽးေတြနဲ႔ပါလား ဘယ္လိုျဖစ္တာလဲေမာင့္အခ်စ္ရဲ႕"

လက္ဖဝါးေလးကိုဆုပ္ကိုင္ကာေဂ်ာင္ကုေျပာလိုက္ေတာ့ ဂ်ီမင္းကမခ်ိတင္ကဲေလးျပဳံးျပေလသည္။

"စိတ္လႈပ္႐ွားေနတာ"

"သတို႔သားႏွစ္​ေယာက္ မဂ္လာပြဲစလို႔ရပါၿပီ"

ပြဲစီစဥ္သူကသတိလာေပးေတာ့ ေဂ်ာင္ကုလည္းဂ်ီမင္းကိုမ်က္စိတစ္ဖက္မွိတ္ျပခဲ့ၿပီးထြက္လာခဲ့လိုက္သည္။ ခန္းမႀကီးကိုျဖတ္ၿပီး စင္ေပၚတက္လာကာေနရာယူလိုက္သည္။ ခဏအၾကာမွာေတာ့ခန္းမတစ္ခုလုံးတိတ္ဆိတ္သြားၿပီး အနီေရာင္ေကာ္ေဇာေပၚ လူႏွစ္ေယာက္ေလွ်ာက္လာၾကသည္။ တစ္ေယာက္ကဥကၠ႒ပတ္ဒယ္ျဖဳံျဖစ္ၿပီး တစ္ေယာက္ကေတာ့သတို႔သားပတ္ဂ်ီမင္း။

ေဂ်ာင္ကုတစ္ေယာက္ သတို႔သားေလးသူ႕ဆီေရာက္လာမယ့္အခ်ိန္ကိုရင္ခုန္ျခင္းႀကီးစြာ ေစာင့္ေနေလသည္။ ​ေျခတစ္လွမ္းတိုးလာေလ သူ႕ရင္ခုန္သံေတြပိုျမန္လာေလ။ သူကအနက္ေရာင္suitေပမယ့္ ဂ်ီမင္းကေတာ့သူနဲ႔ျခားနားစြာ အျဖဴေရာင္ေလးနဲ႔ ၾကည့္ေကာင္းေနေလသည္။

"ငိုခ်င္လာသလိုႀကီးhyungရာ"

ဂ်ီမင္းကိုၾကည့္ရင္းထယ္ေယာင္းေျပာမိေတာ့ ယြန္းဂီကဆံပင္ေလးကိုအသာေလးဖြေပးသည္။ ဂ်ီအာကေတာ့ သတို႔သားဝတ္စုံနဲ႔အမ်ားႀကီးလွေနမယ့္ဂ်ီမင္းhyungကိုငါလည္းျမင္ခ်င္တယ္ ဆိုတဲ့ဝူေယာင္းရဲ႕စကားေၾကာင့္ ဂ်ီမင္းကိုဓာတ္ပုံလိုက္႐ိုက္ေနသည္။

ေလွ်ာက္လမ္းအဆုံးေရာက္ေတာ့ ဥကၠ႒ပတ္က ဂ်ီမင္းလက္ကိုေဂ်ာင္ကုလက္ထဲသို႔ ပိုင္ပိုင္ႏိုင္ႏိုင္ထည့္ေပးလိုက္သည္။ လက္စြပ္အျပန္အလွန္ဝတ္ေပးၿပီးခ်ိန္မွာေတာ့

"သတို႔သားႏွစ္ေယာက္ ဂတိသစၥာစကားဆိုႏိုင္ပါၿပီ"

ေဂ်ာင္ကုလည္းအေ႐ွ႕မွာရပ္ေနတဲ့ အျဖဴေရာင္ေလးရဲ႕လက္ႏွစ္ဖက္ကိုဆုပ္ကိုင္ၿပီး မ်က္ဝန္းေတြထဲၾကည့္လိုက္ေတာ့ သူ႕ကိုအလွဆုံးျပဳံးျပေနတဲ့ အမ်ိဳးသားေလး။

"ကြၽန္ေတာ္ဂြၽန္ေဂ်ာင္ကုသည္ ဝမ္းနည္း​ေနခ်ိန္မွာပဲျဖစ္ေစ၊ ဝမ္းသာေနခ်ိန္မွာပဲျဖစ္ေစ၊ ဆင္းရဲရဲခ်မ္းသာသာ ဘဝရဲ႕ေနာက္ဆုံးအခ်ိန္ထိ ပတ္ဂ်ီမင္းတစ္ေယာက္တည္းကိုပဲ ျမတ္ႏိုးသြားပါ့မယ္လို႔သစၥာျပဳပါတယ္"

လက္ခုပ္သံေတြဆူညံစြာထြက္ေပၚလာသည္။ ဂ်ီမင္းကေတာ့ေခါင္းေလးငုံ႔သြားလို႔။

"ကြၽန္ေတာ္ပတ္ဂ်ီမင္းသည္လည္း အဟင့္...."

စကားကိုထိန္းေျပာေနရင္းမွ ႐ိႈက္သံတစ္ခ်က္ထြက္သြားတာေၾကာင့္ ေဂ်ာင္ကုလက္ဖဝါးေလးႏွစ္ဖက္ကိုဖ်စ္ညႇစ္မိသလို ပြဲထဲကလူေတြကလည္းအသည္းယားစြာရယ္ၾကေလသည္။
ဂ်ီမင္းတစ္ေယာက္ ႐ွက္႐ွက္နဲ႔မ်က္ရည္ေတြေကာက္သုတ္ၿပီးေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။

"အဟမ္း....ကြၽန္ေတာ္ပတ္ဂ်ီမင္းသည္လည္း ဘယ္လိုအေျခအေနေတြမ်ိဳးမွာပဲျဖစ္ျဖစ္ ဂြၽန္ေဂ်ာင္ကုအနားကေနထြက္မသြားပဲ ေအးအတူ၊ပူအမွ်အသက္ထက္ဆုံး ေနထိုင္သြားပါ့မယ္လို႔သစၥာျပဳပါတယ္"

"သတို႔သားႏွစ္ေယာက္ အၾကင္နာေပးႏိုင္ပါၿပီ"

ဂ်ီမင္းရဲ႕ခါးေလးကိုဆြဲဖက္ကာ အနမ္းတို႔ကိုေဂ်ာင္ကုဘက္မွအစျပဳမိသည္။ ပရိသတ္ေတြရဲ႕လက္ခုပ္သံေတြကလည္းဆူညံလို႔။ ထယ္ေယာင္းကလည္းမတ္တပ္ရပ္ကာ လက္ခုပ္လက္ဝါးတီးလို႔အားေပး႐ွာသည္။ ဂ်ီအာကလည္းသူမအစ္ကိုအတြက္ ထပ္တူဝမ္းေျမာက္ေပးသည္။

ဒါပဲေလ။ က်န္တာဘာမွမလိုဘူး။ ဘာကိုမွမပိုင္ဆိုင္ရရင္ေတာင္ အနားမွာပတ္ဂ်ီမင္း႐ွိရင္
ဂြၽန္ေဂ်ာင္ကုအတြက္ျပည့္စုံၿပီးသား။ ေ႐ွ႕ေလွ်ာက္ကိုကို႔ကိုအမ်ားႀကီးခ်စ္သြားမယ္။ အသည္းယားတိုင္းေပြ႕ခ်ီမယ္။ သူ႕ေၾကာင့္ငိုသြားရင္ နား႐ြက္ေလးကိုဖြဖြေလးစုပ္လို႔ေခ်ာ့မယ္။ ႏွင္းေတြခ်စ္တယ္ေျပာရင္ ႏွင္းခဲကိုကိုယ္တိုင္ယူေပးမယ္။ Tokyoကိုႏွစ္ေယာက္တူတူခရီးထြက္မယ္။ Honeyလို႔ေခၚမယ္။ မနက္ကိုကိုႏိုးလာရင္စားဖို႔ pancakeအႀကီးႀကီးလည္းလုပ္ေကြၽးမယ္။ ညဘက္ေရာက္ရင္ ပင္လယ္ထဲboatတစ္စီးနဲ႔ ၾကယ္ေတြၾကည့္ၾကမယ္။

ကမ႓ာႀကီးကဘာလဲလို႔ေမးရင္ လက္ဖမိုးေသးေသးေလးေတြကိုနမ္း႐ႈံ႕ၿပီး ပတ္ဂ်ီမင္းလို႔ေျဖပါ့မယ္။

ဒီအခိုက္အတန္႔ေလးနဲ႔တင္ျပည့္စုံၿပီ။ သူရယ္၊ေမာင္ရယ္၊အနာဂတ္ေလးရယ္။ လူတိုင္းကေမာင့္ကိုမေကာင္းေျပာရင္ေတာင္ သူကမ်က္လုံးမွိတ္နားပိတ္ၿပီး ေမာင့္ရင္ခြင္ထဲတိုးဝင္မယ္။

ေမာင္ကေခြးတစ္ေကာင္ေမြးခဲ့ရင္ ေမာင္နဲ႔တူတူအဲ့ေခြးေလးကိုထိန္းေက်ာင္းမယ္။ ညဘက္ဆိုေမာင္လက္ေမာင္းေတြၾကားဝင္အိပ္ၿပီး tattooေတြကိုတစ္ခုခ်င္းစီလိုက္နမ္းမယ္။ ယုန္သြားေလးေတြေပၚေအာင္ရယ္လိုက္တိုင္း အသည္းယားလို႔ ေမာင့္ေပါင္ေပၚတက္ထိုင္ၿပီးႏႈတ္ခမ္းေတြကိုနမ္းမယ္။ အရက္ေသာက္လို႔မူးသြားတဲ့ညေတြဆို အခန္းထဲကျခင္ေထာင္က်ိဳးသြားတဲ့အထိ ကုတင္ေပၚခုန္ေပါက္ၿပီးေဆာ့မယ္။ အဲ့ခါက်ေမာင္ကျပဳံးျပဳံးႀကီးနဲ႔သူဖြထားသမွ်ကို မၿငီးမျငဴလိုက္႐ွင္းမယ္။

ဘယ္ေလာက္ထိခ်စ္လဲေမးရင္ ေကာင္းကင္ကိုလက္ညိႇဳးထိုးလို႔ မိုးကုပ္စက္ဝိုင္းႀကီးေလာက္ခ်စ္ပါတယ္လို႔ျပန္ေျဖမယ္။ ေမာင္႐ွိရင္အိပ္မက္ေတြလွတယ္၊ ေမာင္႐ွိရင္အနာဂတ္ေတြလွတယ္၊ ေမာင္ပါဝင္တဲ့အိပ္မက္ေတြကေပ်ာ္ဖို႔ေကာင္းသလို ေမာင္ပါဝင္တဲ့အနာဂတ္ေတြကလည္း အလြန္လွပၿပီး႐ိုး႐ွင္းပါတယ္။

______________။ၿပီးပါၿပီ။_____________

( Author Noteအ႐ွည္ႀကီးနဲ႔ ficအသစ္မိတ္ဆက္ျခင္း😇 )

အားလုံးအတူငိုလိုက္၊ရယ္လိုက္နဲ႔ တစ္ခန္းၿပီးတစ္ခန္းလွိမ့္လာတဲ့ ပင္လယ္လိုေမာင္ေလးက ဒီမွာဇာတ္သိမ္းသြားခဲ့ပါၿပီ။ ကြၽန္ေတာ္႕အတြက္ပထမဆုံးျဖစ္သလို အမွတ္တရအမ်ားႀကီး႐ွိခဲ့တဲ့ficပါ။ ၾကားထဲဇာတ္လမ္းေတြကိုလည္းအမ်ားႀကီးေျပာင္းခဲ့ပါေသးတယ္။ 16ႏွစ္သားတစ္ေယာက္ရဲ႕ ပထမဆုံးအေတြ႕အၾကဳံမို႔လို႔ အေရးအသားေတြေပါ့သြားတာမ်ိဳး၊ ဇာတ္လမ္းအဆက္အစပ္မ႐ွိတာမ်ိဳးေတြျဖစ္ခဲ့ရင္ ကြၽန္ေတာ္႕ဘက္ကေတာင္းပန္ပါတယ္။

ဒါေလးကficတစ္ပုဒ္ဆိုေပမယ့္ ကြၽန္ေတာ္႕အတြက္ကေတာ့ကေလးေလးပါပဲ။ ပထမဆုံးကေလးေလးနဲ႔ရလာတဲ့ feedbackေတြRLေတြေၾကာင့္ ကြၽန္ေတာ္အမ်ားႀကီးအားတက္ခဲ့ရပါတယ္။ အပိုင္းအစဥ္လိုက္တိုင္းvoteေတြတန္းစီေပးသြားတာ ျမင္ရရင္လည္းအရမ္းၾကည္ႏူးတာဗ်။ ကြၽန္ေတာ္စေရးကတည္းကအခုၿပီးသြားတဲ့အထိ voteေပးဖို႔တစ္ခါမွေတာ့မေတာင္းဆိုခဲ့ပါဘူး။ မလိုခ်င္ဘူးလို႔ျငင္းရင္ေတာ့လိမ္ရာက်တာေပါ့။ လိုခ်င္ပါတယ္ ေသေလာက္ေအာင္မက္ပါတယ္။ ဒါေတြကကြၽန္ေတာ္႕ႀကိဳးစားမႈကိုအသိအမွတ္ျပဳတာေတြပဲေလ။

ဒီပင္လယ္လိုေမာင္ficမွာ အဓိကmain Chapterက Jeon Jungkookပါ။ ဒီထဲကJungkookရဲ႕ပုံစံက သူစိတ္ခ်မ္းသာမယ္ထင္တဲ့အရာကို ဘယ္သူ႕မ်က္ႏွာမွမေထာက္ပဲလုပ္တတ္တဲ့ပုံစံပါ။ ဒါေပမယ့္ကြၽန္ေတာ္႕ရဲ႕ညံ့ဖ်င္းမႈေၾကာင့္ ေမာင့္ဇာတ္႐ုပ္အေပၚအထင္ျမင္ေတြကလြဲေစာင္းကုန္ေရာ။ ယြန္းဂ်ီအာဇာတ္ေကာင္ကိုလည္း ထိုနည္းလည္းေကာင္းပါပဲ။ သူမကဗီလိန္လုံးဝမဟုတ္ရပါဘူး။ ဒါေပမယ့္လည္းကြၽန္ေတာ့္ရဲ႕လစ္ဟာမႈေတြေၾကာင့္ မင္းတို႔အေနနဲ႔သူ႕ဇာတ္ေကာင္အေပၚ အထင္ေတြလြဲခဲ့ျပန္ပါတယ္။

ကြၽန္ေတာ္အဓိကေျပာခ်င္တာက သူတို႔ကမင္းတို႔မုန္းရမယ့္ဇာတ္ေကာင္ေတြမဟုတ္ပါဘူး။ တစ္ကယ့္ဗီလိန္ေတြလည္း ကြၽန္ေတာ္ထည့္ေပးထားတာမို႔လို႔ Ficရဲ႕ main chapter ႏွစ္ခုအေပၚစိတ္ခုေနတာမ်ား႐ွိရင္ေက်လိုက္ပါေတာ့လို႔ကြၽန္ေတာ္ေတာင္းဆိုပါတယ္။

တစ္ပုဒ္ၿပီးသြားေပမယ့္ ကြၽန္ေတာ္မင္းတို႔နဲ႔လည္းအၾကာႀကီးမခြဲႏိုင္တာေၾကာင့္ အသစ္ေလးကိုလည္းေရးထားပါတယ္။ မၾကာခင္တင္ေပးပါ့မယ္။ Spoileေပးရမယ္ဆိုရင္ေတာ့ translation ficပါ။ English ဝတၳဳတစ္ပုဒ္ကို Jikook versionေလးနဲ႔ပုံေဖာ္ခ်င္မိတာေၾကာင့္ ကြၽန္ေတာ္ႀကိဳးစားၾကည့္ထားပါတယ္။ အဲ့ဝတၳဳကိုေတာ့ ဆယ္တန္းတက္ၿပီးသားလူေတြ႐ွိရင္တန္းသိၾကမွာပါ။ ကြၽန္ေတာ္အႀကိဳက္ဆုံးဝတၳဳေတြထဲကတစ္ခုပါပဲ။ အသစ္ေလးကိုလည္း ပင္လယ္ေလးလိုခ်စ္ေပးၾကဖို႔ေမွ်ာ္လင့္ပါတယ္။Love you guys💗💗 See you soon✨

Continue Reading

You'll Also Like

274K 23K 50
"မင်းအတွက်ဆို လူလည်းသတ်ရဲသလို မောင်လည်းသေရဲတယ် ကလေးလေး" 🚬𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 𝑱𝒆𝒐𝒏🚬 ------ "မင္းအတြက္ဆို လူလည္းသတ္ရဲသလို ေမာင...
162K 15.8K 55
ငါမောင့်ကိုမချစ်ဘူးမောင်...
207K 23K 35
"ချစ်ခြင်းတရားဟာ ယစ်မူးစေတတ်ရင် မင်းဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတစ်မျိုး.....~~" "ခ်စ္ျခင္းတရားဟာ ယစ္မူးေစတတ္ရင္ မင္းဟာ စြဲလမ္းေစတတ္တဲ့ မူးယစ္ေဆးတစ္မ...
94.6K 11.8K 14
အိမ်ကလေးထဲမှာ ဝက်ဝံသုံးကောင်ရှိတယ်။ အင်း သိပ်တော့မတည့်ကြဘူး။ Highest Rank (14.9.2022) #1 in jikook #8 in kookmin