ရာဇဝတ်အရှင်

Por Kazegafuku3

13.3K 1.1K 3.1K

Moriarty the patriot anime/Mangaထဲမှcharacterများ၏ fanficသက်သက်သာဖြစ်​ပါကြောင်း manga Lnက ဇာတ်လမ်းနှင့် မသက်... Más

ကြက်သွေးနီရောင်ကိုစူးစမ်းခြင်း(၁)
ကြက်သွေးနီရောင်ကိုစူးစမ်းခြင်း ၂
ရှားလော့ခ် ဟုမ်းစ် နှင့် တစ်နေ့တာ
Merry Christmas,William
လူးဝစ်နှင့် မိုက်ခရော့ဟုမ်း
Catch me. Don't let me go
Just Manga 58 spoilers!!
လစ်ဟာနေသောနှလုံးသားများ
Favorite things
ဝီလီယမ်နှင့်ရှားလော့အကြောင်းတစ်စေ့တစ်စောင်း
လစ်ဟာနေသောနှလုံးသားများ (part2)
Extra !
သို့ ရာဇဝတ်အရှင်
ရေခဲပြင်လိုနှလုံးသား
မော်ရီအာတီအိမ်တော်ရဲ့ ညစာစားပွဲ
မင်းမသိသေးတဲ့ကမ္ဘာသစ်ဆီမှာ
မော်ရီအာတီနဲ့ဟုမ်း
Answer
Surprise Gift
Mon premier amour
သကြားလုံးထက်ချိုမြိန်သော(smut)//
Study of Sherlock(part 1)
Study of Sherlock (Part 2)
Study of Sherlock (Ending)
Manga brainrot
သူငယ်ချင်းဆိုတာဘာပါလိမ့်
လူးဝစ်,မိုရမ် နှင့် ရှားလော့ (Christmas special)
Mystery makes me crazy🚨
SherLiam Doujinshi (Translation)
Mystery makes me crazy (part 2)
Translation
Translation part 2
Doujinshi translation
Dear Liam
Doujinshi Translation part 1
Doujinshi Translation Part 2 (18+)
Changed man

ငါရဲ့ဝိဉာဥ်က မင်းနဲ့အတူတူ

271 35 124
Por Kazegafuku3

Unicode!!
Hai ဒီတစ်ခါ ကတော့ မော်ရီအာတီ မိသားစုက သားအကြီးဆုံး ကော်ရီး အဲလ်ဘတ် ဂျိမ်းစ် မော်ရီအာတီအခန်းလေးပါ

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

ဘဝမှာမိမိနဲ့ တူညီတဲ့ဝိဉာဥ်မျိုးနဲ့ရေစက်ဆုံရတာဟာ အဲလ်ဘတ် ဂျိမ်းစ် မော်ရီအာတီ အတွက်တော့ ဆုလာဘ်တစ်ခုပဲ

လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က မိဘမဲ့ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခြင်းက သူ့ဘဝတစ်ခုလုံးကိုပြောင်းပြန်လှန်ခဲ့တယ်ဆိုတာ ဘယ်သူကများထင်မိမှာပါလိမ့်။

ဒီနေ့ကတော့ အဲလ်ဘတ်က အိမ်မှာ မိသားစုနဲ့အချိန်ဖြုန်းမယ်ဟုတွေးမိတယ်
သွေးသားမတော်စပ်ပေမယ့်လည်း ညီအရင်းလိုချစ်ရတဲ့ ညီငယ်လေးနှစ်ယောက်ကိုလည်း
ဂရုစိုက်ရန် ဆိုတဲ့ အကြံဉာဏ်နဲ့ပေါ့

စားပွဲပေါ်မှာ ကတော့ ထုံးစံအတိုင်း သူသဘောကျတဲ့ ဝိုင်လေး တစ်ပုလင်းရယ်
ရှန်ပိန်လိုနီစွေးစွေး နှုတ်ခမ်းထက်မှာတော့
လှပတဲ့ဝိုင်ခွက်လေးကိုတေ့ထားတယ်

"အစ်ကိုကြီး ဒီတစ်ခါ ဝိုင် က အသစ်လား "

သူ့နားကိုဘယ်ထဲကရောက်နေမှန်းမသိတဲ့
ညီအငယ်ဆုံးလေး လူးဝစ် ဂျိမ်းစ် မော်ရီအာတီ ။ ဒီနေ့တော့ သူပြောတဲ့အတိုင်းအိမ်မှာပဲနေမှာမလို့ လူးဝစ်က ဝတ်ဆင်နေကျ မျက်မှန်လေးပါဖြုတ်ထားတယ်
ပြီးတော့လက်ထဲတွင်တော့ တံမြက်စည်းလေးတစ်လက် ။
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က သူ့ကိုမြင်လျှင် ရန်သူလိုမျက်စောင်းတထိုးထိုးနဲ့ ကလေးက
ခုတော့ အသက်လေးက နှစ်ဆယ်ကျော်လာတော့ ရင့်ကျက်လာတာ အမှန်ပင်

"လူးဝစ် အစ်ကို့ဘေးလာထိုင်လေ"

"မဟုတ်တာ ကျွန်တော့်လက်ကဖုန်တွေနဲ့
အစ်ကိုကြီးပဲအေးအေးဆေးဆေးနေပါ"

"ဒီကလေး ငါက အသန့်အရမ်းကြိုက်လို့ဆိုပြီး မလာရဲတာမလား "

လူးဝစ်က မပြုံးစဖူး သူ့ကိုပြုံးပြရင်း

"အဲ့ဒီလိုဆိုလည်း မမှားပါဘူးလေ "

ထို့နောက်လူးဝစ်က အဲလ်ဘတ်ပြောတဲ့အတိုင်း ဘေးနားမှာနေရာယူ၏။
ပြီးတော့ လုပ်နေကျအတိုင်း သူ့ကိုဝိုင်ငှဲ့ပေးဖို့ကြိုးစားတာမြင်တော့

"လူးဝစ် ဒီနေ့တော့ အစ်ကိုနဲ့ မိသားစုလိုပဲ ရင်းရင်းနှီးနှီး နေကြရအောင်လား "

"နားလည်ပါပြီ အစ်ကိုကြီး "

"နားလည်ပါပြီထက် ဟုတ်ကဲ့ဆို ရပြီလေ
လူးဝစ်ရဲ့"

"ဟုတ် အစ်ကို"

လူးဝစ်က ဒီနေ့ကျမှ အဲလ်ဘတ်က အနည်းငယ်ထူးဆန်းနေတယ်လို့ထင်တယ်
ပုံမှန်ဆိုရင်အစ်ကိုကြီးက အစ်ကိုဝီလီယမ်နဲ့
ပါလီမန်တွေအကြောင်းဆွေးနွေးရင် ဆွေးနွေး ဒါမှမဟုတ်ရင် နိုင်ငံအတွက် အကျိုးပြုမယ့်အရာတွေကို ပြောလေ့ရှိကြတယ်

ဒါတင်မကဘူး သပ်ရပ်နေအောင်အမြဲတင်ထားတတ်တဲ့ ဆံပင်ညိုညိုတွေက
နဖူးပြင်ဝင်းမွတ်မွတ်ပေါ်မှာ ကပိုကရိုကျလျက်။

ပြီးတော့ ဘာမှမလိမ်းခြယ်ထားတဲ့ မျက်နှာက သဘာဝတိုင်းခန့်ညားဆဲ။ ရေချိုးပြီးခါစမလို့ တွေ့နေကျ suitအစား bathrobe ကို အပေါ်က ထပ်ထားတယ် ။

အဲလ်ဘတ်ဂျိမ်းစ် မော်ရီအာတီ ကို အမျိုးသမီးတွေက နှင်းဆီသခင်ဟု တင်စားကြတာ လည်းမဆန်းပြားချေ။
ပြီးတော့ တစ်ခါတစ်လေ ဆို အစ်ကိုကြီးက
နားလည်ရခက်သည်ဟုလည်း လူးဝစ်ထင်တယ်။ သိုသိုသိပ်သိပ်နေတတ်တဲ့ အစ်ကိုဝီလီယမ်တောင်မှ လူးဝစ်နားလည်နိုင်သေးသည်။ အစ်ကိုကြီး ကတော့ အနားကပ်မရအောင် ဆူးတံတိုင်းတွေနဲ့အထပ်ထပ်ကာထားသလိုသူခံစားရတယ်

တကယ်ကို နှင်းဆီအရိုင်းတစ်ပွင့်လို။

"ဝီလ် ဒီနေ့နောက်ကျတယ်နော် "

အဲလ်ဘတ် က ဘယ်နှခွက်မြောက်မှန်းမသိတဲ့ ဝိုင်တစ်ခွက်ကို ထပ်ပြီးမော့ပြန်တယ်

"ဟုတ်တယ်နော် ပုံမှန်ဆို အစ်ကိုဝီလီယမ် က
ရောက်နေရမှာကို"

စိတ်ထင်တာပဲမသိ အစ်ကိုကြီးရဲ့ မြစိမ်းရောင်မျက်လုံးတွေက အနည်းငယ်ဝမ်းနည်းသွားသလိုပဲ

"ရော့ လူးဝစ် "

ပြောရင်းဆိုရင်းနဲ့အဲလ်ဘတ်က လူးဝစ်ဘက်ကို သူသောက်လက်စ ဝိုင်ခွက်လေးကမ်းပေးတယ် ကိုယ်တိုင်မမြည်းစမ်းရသေးပေမယ့်
ဒါဟာ သာမန်ဝိုင်တော့မဟုတ်ဘူး ဆိုတာ လူးဝစ် အနံ့ရတာနဲ့သဘောပေါက်လိုက်ပြီ။

"အစ်ကို ဒီဝိုင်အရက်က "

"အင်း ဒါရိုက်တာ ဟုမ်း လက်ဆောင်ပေးတာလေ"

"ဘုရားသခင်"

လူးဝစ်ဆီက အာမေဋိတ်သံပင်ထွက်လာတော့အဲလ်ဘတ် ကအသံထွက်ပြီးတစ်ချက်ရယ်မိိသွားရတယ်

သွေးအေးတယ်ထင်ရတဲ့ လူးဝစ်က ဒီလိုကျ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက် ပဲ

ဒါပေမယ့် အဲလ်ဘတ်ဆီက စကားကြောင့်
သောက်လက်စဝိုင်တောင် မသောက်နိုင်တော့တဲ့ပုံပဲ

"ဟုမ်းမျိုးရိုးတွေက တကယ်ပဲစိတ်အနှောင့်အယှက်ဖြစ်စရာ ...
အစ်ကိုကြီး အဲ့ဒီမိုက်ခရော့ဟုမ်းက စိတ်ချရရဲ့လား"

လူးဝစ်က ပွစိပွစိနဲ့ သူ့ကိုတောင်ပြန်ပြီးဆုံးမနေသေးတယ်လေ

"ဟားဟား လူးဝစ် ဒါရိုက်တာ က ငါတို့ဘက်ကပါ"

"တကယ်လား "

လူးဝစ်ကစိုးရိမ်မှုတွေအပြည့်နဲ့ သူ့ရဲ့မျက်ဝန်းတွေထဲထိ ကြည့်ပြီးပြောလာတာမြင်တော့
လွန်ခဲ့တဲ့ ငါးနာရီလောက်က ဖြစ်ရပ်ဆီစိတ်က ခေတ္တ အလည်ရောက်သွားတယ်

"မင်း တာဝန်တွေကျေပွန်လို့ ငါဆုချတာ"

"ဒါရိုက်တာ ဟုမ်း ဒါ..ဒါက"

မိုက်ခရော့ဟုမ်းက သူ့လက်ထဲထည့်ပေးတဲ့ဝိုင်ပုလင်းက တန်ဖိုးဘယ်လောက်ကြီးတယ်ဆိုတာ အဲလ်ဘတ်သိတယ်

ဒီလူက မထင်မှတ်တဲ့နေရာမှာတော့ နွေးထွေးမှုရှိသားပဲ

"ကျေးဇူးအထူးတင်ရှိပါတယ် ဒါရိုက်တာကြီး"

"မဟုတ်တာ နောက်လည်းမင်းဆီက နေ ကောင်းတဲ့သတင်းတွေမျှော်နေမယ် M"

"အစ်ကိုကြီး..."

......

"အစ်ကိုကြီး "

"အားဆောရီး အစ်ကိုအတွေးလွန်သွားတယ်"

လူးဝစ်က သူသောက်နေလက်စ ဝိုင်ကို ကြည့်ပြီး

"ဒီဝိုင်က တော်တော်တန်ဖိုးကြီးမယ့်ပုံပဲနော်"

"အင်း Chateau Margaux လေ"

လူးဝစ်က ဝိုင်နာမည်ကြားတော့ မျက်လုံးတွေပါကျယ်သွားရတယ်

တစ်ချိန်ထဲမှာပဲ မိုက်ခရော့ဟုမ်းက အစ်ကိုကြီးအပေါ်ဘယ်လောက်ထိ မျှော်မှန်းထားလဲဆိုတာပါ နားလည်လိုက်ရပြီ။

"အဲ့ဒါက ကမ္ဘာ ပေါ်ကစျေးအကြီးဆုံးဝိုင်တွေထဲကတစ်ခုမလား"

"ငါရှာဖွေ ကြည့်သလောက်ဆို အမေရိကန်ပြည်ထောင်စုက တတိယမြောက်သမ္မတ
သောမတ်စ် ဂျယ်ဖာဆွန်သာ ပိုဲင်ဆိုင်ဖူးတဲ့ ဝိုင်လို့ ငါသိရတယ် ။
ဝိုင်ကုန်သည်နာမည်ကတော့ ဝီလီယမ် ဆိုကိုလင်းဆိုပဲ"

"အဲ့ဒီလောက်စျေးကြီးပြီးရှားပါးတဲ့ ဝိုင်ကို သူဘယ်ကရ"

"ဗြိတိန်ဘုရင်မပြီးရင်အာဏာအရှိဆုံးလူအတွက်တော့ ဒါကခက်ခဲမယ်မထင်ပါဘူး
ပြီးတော့ နောက်ထပ်စိတ်ဝင်စားစရာက
ဒါရိုက်တာဟုမ်းရဲ့ ဇာတိကလည်း အဲ့ဒီနားကပဲ"

"အစ်ကိုကြီး ဒါတွေထိ စုံစမ်းထားတယ်ပေါ့"

"ဝီလီယမ်အတွက်ပါ"

ထို့နောက်သူတို့နှစ်ယောက်ကြားကစကားဝိုင်းလေးက စက္ကန့်အနည်းငယ်တိတ်ဆိတ်သွားတယ်

အဲ့ဒီနောက်မှာတော့
အဲလ်ဘတ်ကို နီးစပ်ရာက ဝိုင်ခွက်ကိုထပြီးသွားယူတယ် လူးဝစ်ဆီပြန်အလာမှာတော့
ဝိုင်ခွက်နောက်နှစ်ခွက် အပြင်
သိုးမွေးမာဖလာ အပြာလေး။

"အစ်ကိုကြီးကိုယ်တိုင် ရက်ထားတာလား"

အဲလ်ဘတ်က ပြုံးတယ်ဆိုရုံလေး နှုတ်ခမ်းတွေက အပေါ်သို့ အနည်းငယ်တွန့်ချိုးသွားတယ်။

"ဟုတ်တယ် ဒီတစ်ခုပဲ လှလှပပလေး အဖက်တင်တယ်ပဲဆိုပါတော့ "

"အစ်ကိုဝီလီယမ်တော့ ဝမ်းသာနေမှာပဲ"

"နေပါဦး ဘာလို့ဝီလ် အတွက်လို့ ထင်ရတာလဲ"

"ဘာလို့ဆို အစ်ကိုကြီးရဲ့အကောင်းဆုံးတွေက အစ်ကိုဝီလီယမ် ဆီပဲရောက်တာလေ"

လူးဝစ်က ပါးပါးနပ်နပ်လေး စကားနာထိုးတော့ အဲလ်ဘတ်က ငြင်းမရတော့ပဲ

"ငါ့ကိုယ်ငါ ဘက်လိုက်တဲ့ အစ်ကိုလို့တောင်ထင်လာပြီ"

"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ထဲက ဒီတိုင်းပဲကို"

"ဟား ဟား တော်လိုက်တဲ့ လူးဝစ်"

အဲလ်ဘတ် က နှုတ်သီးကောင်းလျှာပါး ညီငယ်လေးရဲ့ စကားကိုအင်မတန်မှသဘောကျသွားရတယ်

ပြီးတော့ ပုလင်းထဲ အတော်များများ ကျန်နေသေးတဲ့ဝိုင်တွေကို အကြောင်းမဲ့ ငေးနေမိတယ်

"ဝီလ် မင်းဘယ်ရောက်နေလဲ"

လေတိုက်လိုက်တိုင်း ယိမ်းသွားတဲ့
ရွှေဝါရောင်ဆံပင်နုနုလေးတွေနဲ့အတူ
ကြက် သွေးနီရောင်မျက်ဝန်းတွေကို အခုချိန်မှာ သူအလိုရှိတယ်
သူ့ကိုမြင်ရင် အပြုံးလေးချိုချိုလေးနဲ့ နှုတ်ဆက်နေကျ ကောင်လေးကိုသူအရမ်းတွေ့ချင်တယ်

"တကယ်ကိုပဲ ငါက ဝီလ်ကို ညီလေးတစ်ယောက် လိုပဲ မြင်ရဲ့လား"

ဒီထက်တော့ အဖြေကိုသူဆက်မရှာချင်ပေ။

"ငါမူးနေပြီထင်ရဲ့"

အဲလ်ဘတ်ဆီက ဒီလိုစကားမျိုးကြားရတာလူးဝစ်တောင်အင်မတန် အံ့အားသင့်ရတယ်
ဗိုလ်မှူး မိုရမ် ကိုတောင် သောက်တဲ့နေရာမှာအနိုင်ပိုင်းလာတဲ့ အဲလ် ဘတ် ဂျိမ်းစ် မော်ရီအာတီ က ဒီလိုမျိုးပြောရအောင်လည်း
ဝိုင်က အရမ်းကြီး ပြင်းတာလည်းမဟုတ်ချေ။

"အစ်ကိုကြီး ဒီနေ့ပင်ပန်းလာရင် အနားယူလိုက်ပါလား"

"မဟုတ်တာ ငါက..."

"ဟေး အဲလ်ဘတ် ငါ့ကောင်ရေ"

သူတို့နှစ်ယောက် ကြားစကားဝိုင်းကို နောက်ထပ် ဝင်လာတာကတော့ နှစ်ယောက် မရှိသော မိုရမ်ပင်ဖြစ်လေ၏။
လူးဝစ်ဘက်က စိတ်ရှုပ်သွားပုံနဲ့ ကျွတ် လို့တောင်အသံထွက်သွားရတယ်

ပိုနီတေးနဲ့ ယောကျာ်းပြီးရ​င်တော့ မိုရမ်က လူးဝစ်ကိုစိတ်ရှုပ်စေတယ်

"ကျွန်တော်ခိုင်းတာတွေ အကုန်ရှင်းပြီးပြီလား
မိုရမ် "

"ဟက် ငါကိုအထင်မသေးစမ်းပါနဲ့ လူးဝစ်ရာငါပါ နှစ်ယောက်မရှိတဲ့ ဆေဘတ်စ်ရှန် မိုရမ်ပါကွ"

"အဲ့ဒီလိုတွေပြောပြီး မိန်းမတွေနဲ့ပတ်အိပ်နေတာများ"

"ဟေ့ကောင် မင်းကလည်းကွာ"

မိုရမ်က အဲလ်ဘတ်တစ်ယောက်လုံးထိုင်နေတာတောင်ဂရုမစိုက်နိုင်ပဲ ခုံအကျယ်ကြီးကြားအတင်းဝင်ထိုင်လိုက်တယ်
လူးဝစ်နဲ့ အဲလ်ဘတ်ကြားပေါ့

အဲ့ဒီလိုအပြုအမူက လွန်ခဲ့တဲ့ နှစ်လက ရထားပေါ်က လူးဝစ်မနှစ်မြိုတဲ့ယောကျာ်းတစ်ယောက်ကိုပိုမိုပြီးသတိရစေတယ်

"အား အစ်ကို ဝီလီယမ်ကလည်း ဒီနေ့ကျမှ
မလာတော့ဘူး"

"ဟေ့ကောင် အဲလ်ဘတ် ဒီနေ့ မင်းပြန်လာတာစောလှချေလားကွ"

"ဒီနေ့တော့မိသားစုနဲ့တူတူ အချိန်ဖြုန်းမယ်လို့ဆုံးဖြတ်ထားလို့လေ"

အဲလ်ဘတ်က ပြောနေကျအတိုင်း မိုရမ်ကို တည်ငြိမ်စွာ တုံ့ပြန်တယ်

"မဟုတ်မှလွဲရော ငါ့ကိုပါလွမ်းလို့မလား"

"အဲ လွမ်းလွန်းလို့ အိမ်အလုပ်တွေပါ.ထပ်ခိုင်းချင်လာသလိုပဲ"

"ဟေ့ကောင် ဒါကြီးကတော့ များတယ်လေကွာ"

မိုရမ်က ပြောချင်ရာပြောပြီးနောက်ကျေနပ်မသွားတဲ့အပြင် အဲလ်ဘတ်နှုတ်ခမ်းနား
တေ့ခါနီး ဝိုင်ခွက်လေးကိုပါ အတင်းလုပြီး သောက်လိုက်တာ လူးဝစ် မျက်မြင်ကိုယ်တွေ့ ။

"အလိုက်ကမ်းဆိုးမသိလိုက်တာ"

လူးဝစ်ရဲ့မှတ်ချက်ကို မိုရမ်က ဂရုမစိုက်တဲ့အပြင် အစ်ကိုကြီးရဲ့ ပုခုံးကိုပါ သူ့ရဲ့သန်မာတဲ့လက်နဲ့ဆွဲဖက်လိုက်သေးတယ်
အရပ်မြင့်ပါတယ်ဆိုတဲ့ အဲလ်ဘတ်တောင်မှ
မိုရမ်နဲ့ယှဥ်လိုက်ရင် အနည်းငယ်လူကောင်သေးသွားသလိုပဲ။

"အား ဟေ့ကောင် အဲ့ဝိုင်ကြီးက အကောင်းစားပဲ"

"ဟုတ်တယ်လေ "

"စကားမစပ် ဝီလီယမ်ဘယ်ပျောက်
ပုံမှန်ဆို သူကျောင်းက စာသင်ပြီး ပြန်ရောက်နေပြီကို"

ဝီလီယမ်ဟူသောအမည်ကိုကြားတာနဲ့
အဲလ်ဘတ်ရဲ့မျက်နှာက အနည်းငယ်ပျက်သွားတယ်

သူ့လက်ထဲကအပြာရောင်မာဖလာလေးကိုပါကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိတဲ့ထိပဲ

အလိုက်မသိတဲ့မိုရမ်ကို ကြည့်ပြီး လူးဝစ်
ဂျိမ်းစ် မော်ရီအာတီဟာ သူ့ခေါင်းသူ တိုင်နဲ့ဆောင့်ချင်စိတ်ပါပေါက်တယ့

"သိပ်ပြီးလည်းစိတ်မပူပါနဲ့ကွာ ဝီလီယမ်လည်းကလေးမှ မဟုတ်တာကို "

"မိုရမ် ငါတစ်ခုလောက်မေးလို့ရမလား "

"အေး"

"ငါ့ကိုဘယ်လိုမြင်လဲ"

"ဟမ်"

"ငါ့ကိုဘယ်လိုမြင်လဲလို့"

မိုရမ်က အထူးအဆန်းတစ်ခုကိုမြင်ရသလိုပုံနဲ့ အဲလ်ဘတ် ကို သေချာကြည့်တယ်

"ဟေ့ကောင် မင်းမူးနေရင်လည်း"

"ကျုပ်က ဝိုင်လေးသုံးလေးခွက်နဲ့ မူးတဲ့လူမဟုတ်ဘူး မိုရမ်"

"အဲ့ဒါလည်းဟုတ်တာပဲနော်"

......

"အင်း ငါ့အမြင်တိုင်းဆို မင်းက အမြင်ကပ်စရာ ပဲ"

မိုရမ်စံ ဒါကပြောသင့်တာမ..

အဲလ်ဘတ်က လူးဝစ်ကိုဆက်မပြောဖို့လက်ကာပြလိုက်တယ်

"ပြီးတော့ မင်းကပွင့်ပွင့်လင်းလင်းမရှိဘူး
အမြဲတမ်းငါတို့ကိုတစ်ခုခုချန်ထားတယ်လို့ထင်တယ်"

ဒီစကားတွေ ကိုတော့ လူးဝစ်စိတ်ထဲက ထောက်ခံလိုက်မိတယ်

"အထူးသဖြင့် ဝီလီယမ်နဲ့ပတ်သက်ရင်ပေါ့"

"ဝီလ်က ..ငါ့ကို..."

"ကလင်!!!

ဟော လျှပ်စစ် ဘဲလ်သံပဲ

"ကြည့်ရတာ အစ်ကိုဝီလီယမ် လာပြီထင်တယ်"

လူးဝစ်က ထိုင်ရာကနေထပြီး တံခါးသွားဖွင့်ပေးလေရဲ့
အခုတော့ တိတ်ဆိတ်တဲ့အခန်းထဲမှာ ကျန်တာ သူနဲ့မိုရမ်နှစ်ဦးထဲသာ။

မိုရမ်က  သူ့လက် တွေအောက်ကဘေးတစောင်းမြင်နေရတဲ့ အဲလ်ဘတ်ကိုကြည်ပြီး
အားမလိုအားမရဖြစ်လာရတယ်

"ဟေ့ကောင် ပြုံးပြုံးလေးနေစမ်းပါ မင်းညီလည်းရောက်နေပြီကို"

အဲလ်ဘတ်က သက်ပြင်းကိုတစ်ချက်ချလိုက်တယ်

"ကျေးဇူးတင်ပါတယ် မိုရမ်"

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

"
ဟော ထူးဆန်းတဲ့အရာပဲ အစ်ကိုအဲလ်ဘတ်နဲ့
မိုရမ်ကို ဒီလိုချစ်ချစ်ခင်ခင်မြင်ရတယ်ဆိုတာ"

သူတို့ရှိရာကို ရှေ့ဆုံးကဝင်လာတာကတော့
ပြုံးပြုံးရွှင်ရွှင်နဲ့ ဝီလီယမ် ဂျိမ်းစ် မော်ရီအာတီ ။
ပြီးလက်ထဲမှာလည်း မေးခွန်းစာရွက်ဟုယူဆရတဲ့စာရွက်လေးတစ်ခုပါ ကိုင်ထားသေးတယ်။
အနောက် လိုက်လာတာကတော့ ဝီလီယမ်ရဲ့ လက်ဆွဲအိတ်လေးကိုကိုင်လာတဲ့လူးဝစ်ပေါ့။

"မိုရမ် ..မိုရမ်... ပြောတော့ အစ်ကိုအဲလ်ဘတ်ကို ကြည့်မရဘူးဆိုပြီး အခုလိုကျ ဂရုစိုက်သားပဲ"

ဝီလီယမ်က စဥ်းစားရင်လုပ်နေကျအတိုင်းမေးစေ့လေးကိုလက်နဲ့ပွတ်ပြီး မိုရမ်ကို စနေတယ်

မိုရမ်က အဲ့ဒီအခါကျမှ အလန့်တကြားနဲ့
အဲလ်ဘတ် ပုခုံးကိုဖက်ထားရာကနေ လွှတ်လိုက်တယ် ပြီးတော့ အဲလ်ဘတ်ရှိရာနဲ့ ဝေးဝေးကိုရွှေ့ထိုင်လိုက်ပြီး မျက်နှာကိုတစ်ဖက်လှည့်ပစ်လိုက်တယ်

အဲ့ဒီအပြုအမူကို ဝီလီယမ်က ခိုးခိုးခစ်ခစ် အသံတွေပါထွက်တဲ့ထိ ကို ရယ်တော့တယ်

"အေးပါ ရယ်နေလိုက် ရယ်နေလိုက်"

မိုရမ်က ရှက်စိတ်ကြောင့်နီရဲနေတဲ့မျက်နှာနဲ့
ဝီလီယမ်ကို ပြောတယ်
ဘေးက အဲလ်ဘတ်ကို ခိုးပြီးလှမ်းကြည့်မိတော့ စိမ်းလဲ့လဲ့မျက်ဝန်းတွေက ကြက်သွေးနီရောင်မျက်ဝန်းပိုင်ရှင်ကို ငေးမောနေလေရဲ့။

"ဝီလ် ဒီနေ့တစ်ခုခုထူးခြားတာများဖြစ်လာလို့လား"

အဲလ်ဘတ်ဆီက ဒီလိုမေးခွန်းကြားတော့ မိုရမ်ပါ မူမမှန်တာသတိထားမိသွားတာ

ဟုတ်တာပဲ ဝီလီယမ်က ဒီလိုအသံထွက်ပြီးရယ်တတ်တဲ့လူမျိုးမှမဟုတ်တာလေ

"ဟုတ်သားပဲ ဝီလီယမ် မင်းဒီနေ့ကျောင်းကပြန်လာတာလည်းနောက်ကျတယ်နော်"

"အဲ့ဒါက ကျောင်းမှာ ပြန်ပေးဆွဲမှုဖြစ်လို့လေ
ဒါကြောင့်နောက်ကျသွားရတာ"

"အစ်ကိုဝီလီယမ် ကျွန်တော် မိုရမ်နဲ့တူတူ အိမ်အပေါ်ထပ်မှာသွားပြီး ရှင်းလိုက်ဦးမယ်နော်"

"ကောင်းပါပြီ လူးဝစ်"

ထို့နောက်လူးဝစ်က မိုရမ်ကိုခေါ်ပြီး အပေါ်ထပ်ကိုတက်သွားကြလေရဲ့

ဝီလီယမ်က အဲလ်ဘတ် နဲ့မျက်နှာချင်းဆိုင်မှာနေရာယူလိုက်တယ်

ဝီလီယမ် ဂျိမ်းစ် မော်ရီအာတီ က ဘယ်တော့မှ အဲလ်ဘတ် ဘေးနားမှာ နေလေ့မရှိဘူး
စတွေ့ထဲက အခုထိပေါ့
သူ့ရင်ထဲက ခံစားချက် တွေကိုညီငယ်ဖြစ်သူကိုမသိစေ ချင်တာကြောင့်အခြားအကြောင်းအရာကိုပြောင်းပြောဖို့ ကြံလိုက်တယ်

"ဝီလ် ဒီနေ့ပျော်နေပုံပဲ"

"အယ် အဲ့ဒီလိုဖြစ်နေလို့လား"

ဝီလီယမ် က သူ့မျက်တောင်ရှည်လေးတွေကိုပုတ်ခတ် ပုတ်ခတ်လုပ်နေလေရဲ့။

"ဝီလ် မင်းလက်ထဲက စာရွက်က"

"အား အဖြေလွှာလေ "

"ငါ့ညီကတောင် လက်ထဲမှာ သေချာကိုင်ထားပုံအရ ဘယ်လိုတော်တဲ့ကျောင်းသားများလဲ"

အဲလ်ဘတ်စကားကြောင့် ဝီလ်က လက်ထဲကစာရွက်လေးကို မျက်နှာနဲ့အပ်ပြီး
အသံထွက်အောင် ရယ်လိုက်ပြန်ရဲ့။
အဲ့ဒါတင်မကသေးဘူး ခြေချင်းချိတ်ထိုင်နေရာကတောင်ဖြုတ်ပြီး ကလေးတွေလိုမျိုး
​​ခြေထောက်နှစ်ဖက်ကိုဆန့်ကာ ဘယ်ညာ ကာရန်ညီညီလွှဲလိုက်သေးတယ်

အဲ့ဒီအမူအရာက ချစ်စရာကောင်းလွန်းလို့
အဲလ်ဘတ် ရင်ခုန်သံတွေပါ မြန်လာရတယ်

ဝီလ် မင်းရဲ့ ပုံရိပ်တွေက တောက်ပလွန်းလို့ ငါ့ကိုပါ ပြာကျမတတ်ပါပဲ

သူနဲ့တူတူနေထိုင်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဝီလ်ဒီလို စိတ်လွတ်ကိုယ်လွတ်ပျော်နေတာ ပထမဆုံးပဲ
ပြိးတော့ ဒီလိုပျော်ရွှင်မှုက သူ့ဆီက လာတာမဟုတ်ခဲ့ဘူးဆိုတာ သိရတော့
စိတ်မကောင်းမှုနဲ့အတူ မွန်းကြပ်မှုအချို့က
အဲလ်ဘတ်ရဲ့ ရင်ထဲ နေရာယူလာတယ်

"အစ်ကိုကတော့ နောက်ပြီ ထူးချွန်ထက် ထူးခြားတဲ့ကျောင်းသားကြီးပါ "

ဝီလီယမ်က အရယ်ရပ်ပြီး အဲလ်ဘတ်မျက်နှာဘက်ကို အဖြေလွှာထိုးပေးလိုက်တယ်

"အမှတ်က သုညဆိုပဲ"

"ဟုတ်တယ်ဆိုနေ"

ပြီးတော့ အမှတ်ရဲ့ ညာဘက်ခြမ်းမှာတော့
မသေမသပ်ရေးထားတဲ့လက်ရေးမူ

အဲ့ဒီအမည်က တော့
ရှားလော့ဟုမ်း//

"ဝီလ်...."

သူ့လက်ထဲကမာဖလာလေးကို ဝီလီယမ်သတိမထားမိခင် ကျောအနောက်ကိုရွှေ့ထားလိုက်တယ်

"ဟုတ်။ပြောလေ အစ်ကို"

"ရှားလော့ဟုမ်းနဲ့ မင်း ဘယ်အချိန် ထိ ရှိနေခဲ့လဲ"

ဝီလီယမ်က သူ့ဆီက အနည်းငယ်မူမမှန်တဲ့စကားကြောင့်

"အစ်ကိုကြီး နေမကောင်းဘူးလား"

"ငါမေးနေတာပဲ ဖြေစမ်းပါ"!!!.

သူ့ဆီက ဒေါသသံကြောင့် ဝီလ်က တုန်လှုပ်သွားတယ်
စောစောကလို ဖြူစင်တဲ့ ကလေးမျက်နှာက
အခုတော့ ချောက်ကမ်းပါးနက်ထဲကျသလို
ပြိုလဲလို့။

တောင်းပန်ပါတယ် အမြဲတမ်း ဒဏ်ရာတွေပဲပေးနေမိလို့
ငါနဲ့မင်းကြားက ရှိတဲ့အရာဆိုလို့ အပြစ်ဆိုတဲ့ချိန်းကြိုးတွေပဲရှိတယ်လေ

"အစ်ကိုအဲလ်ဘတ်.. အင်း ဒီနေ့ကျွန်တော်ရှားလော့ဟုမ်းနဲ့တစ်နေကုန်ရှိနေခဲ့တယ်"

အဲ့ဒီအဖြေကသူ့ရင်ထဲကို ဆောက်နဲ့ထွင်းလိုက်သလို

"ဒါပေမယ့်စိတ်ချပါ ဟုမ်းက ကျွန်တော့်အကြံအစည်အတွက် ချက်စ် ခုံပေါ်က ရုပ်သေးရုပ်တစ်ခုပါပဲ"

"ဝီလ် အစ်ကိုက မင်းကိုစိတ်ပူမိလို့ပါ"

"ကျွန်တော်သဘောပေါက်ပါတယ်"

"ဝီလ် မင်း အရင်က White Chapel အမှုမှာလည်း သဲလွန်စကိုရှားလော့ဟုမ်း ပဲသိအောင်ချန်ခဲ့သေးတယ်မလား"

"ဟုတ်ကဲ့"

"ဝီလ် မင်းသူနဲ့ပတ်သက်လွန်းရင် မင်းပဲနာကျင်ရလိမ့်မယ် ငါ့ညီ

ဘယ်လောက်ပဲ မင်းရဲ့ရုပ်သေးလို့​ပြောပြော
ရှားလော့ဟုမ်းဆိုတဲ့ယောကျာ်းက မလွှတ်ပေးသင့်တဲ့ သားရဲတိရစ္ဆာန်ပဲ"

အဲလ်ဘတ်ရဲ့အကြံပေးချက်ကို ဝီလ်က တွေးတွေးဆဆနဲ့ နောက်ကျ လက်ခံလိုက်တဲ့ပုံပဲ။
သူလည်းအနည်းငယ်တော့စိတ်ထဲအေးသွားရတယ်။

"အစ်ကိုစိတ်ချပါ ကျွန်တော် အစ်ကိုနဲ့ ပေးထားတဲ့ကတိအတိုင်း ဒီနိုင်ငံကို ပြောင်းလဲပေးပါ့မယ်"

ထို့နောက်ဝီလီယမ်က သူ့ကို ပြုံးပြလိုက်တယ်။ နှစ်ခါပြန်ငေးမိလောက်အောင်ထိ
အင်မတန်လှပပေမယ့် ဒီအရာက ဟန်ဆောင်ပြုံးဆိုတာ သူနားလည်တယ်။

တစ်စုံတစ်ယောက်က ကိုယ့်ရဲ့အသည်းနှလုံးထဲ အပြီးအပိုင်နေရာယူထားပေမယ့် အဲ့ဒီလူကို ကိုယ့်ရဲ့လက်မောင်းတွေနဲ့ပွေ့ဖက်ခွင့်လေးတောင်မရှိတာက အင်မတန်ကို နာကျင်စေတယ်

ခဏကြာတော့ ဝီလ်က မတ်တပ်ရပ်လိုက်ပြီးတော့

"အစ်ကိုကြီး ကျွန်တော် ဒီနေ့စောစောအနားယူတော့မယ်နော်"

"အင်း "

"ဝီလ်"

"ဟုတ်"

"မင်းဘာပဲရွေးချယ် ရွေးချယ် ငါက မင်းဘက်ကပါ"

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

ညဆယ့်နှနာရီ။

နာရီတွေကစည်းချက်ကျကျမြည်နေဆဲ။

အဲလ်ဘတ်ဂျိမ်းစ် မော်ရီအာတီ ဟာ အိပ်မရတာနဲ့ပဲ ဝီလ်ဖတ်နေကျ စာကြည့်တိုက်လေး ထဲ ဝင်ခဲ့တယ်။

လက်ထဲမှာ ကတော့ သူကိုယ်တိုင် ရက်ထားတဲ့ သိုးမွေးမာဖလာလေးကိုကိုင်လျက်ပေါ့

အခန်းထဲကိုသူဝင်မိတော့ မထင်မှတ်တဲ့မြင်ကွင်းပါသူမြင်လိုက်ရတယ်။
အဲ့ဒါကတော့ ဝီလ်က စာကြည့်စားပွဲပေါ်မှာ
မှောက်လျက်သားလေး အိပ်မောကျနေတာပဲ။

"ဒီကလေးကတော့ ညဘက်ကြီး စာအုပ်တွေဖတ်ပြန်ပြီ"

အိပ်နေတဲ့သူကို မနှောင့်ယှက်ချင်တာမလို့
သူက မာဖလာကို ဝီလီယမ်ဘေးနားမှာထားပြီး သွားဖို့လုပ်ပေမယ့်လည်း
တစ်စုံတစ်ခုက သူ့ကို မသွားအောင်တားဆီးနေတယ်။

အဲ့ဒါကတော့ ဝီလ်ရဲ့ခြေထောက်ဘေးမှာပြန့်ကျဲနေတဲ့ လုံးချေထားတဲ့ စာရွက်တွေ။

သူအဲ့ဒီစာရွက်လုံးတွေကို ဖြန့်မိတော့ ပထမဆုံးတွေ့ရတာက

"ချစ်ခင်ရပါသော ရှားလော့ဟုမ်း"

နောက်တစ်ရွက်က "ခင်ဗျားနဲ့စကားတစ်သက်လုံးပြောချင်တယ်"

နောက်တစ်ခု

"အဲ့ဒါက ကျွန်တော့်ရဲ့ မဖြစ်နိုင် တဲ့အိပ်မက်"

အဲ့လ်ဘတ်ဟာ လက်ထဲက စာရွက်လေးကိုဆက်မဖတ်နိုင်ပဲ ကိုင်လျက်သား ရပ်နေမိိတယ်
သူ့ခေါင်းထဲမှာတော့ပြောမပြတတ်တဲ့အတွေးတွေက ပိုမိုပြီး စိုးမိုးလို့

"ဝီလ် မင်းတကယ်ပဲ ရှားလော့ဟုမ်းကို"

သူနောက်ဆုံးတော့ တစ်ခုခုကိုဆုံးဖြတ်ချလိုက်ပြီး ဝီလ် ရဲ့အိပ်မောကျနေတဲ့ မျက်နှာလေးကို တရှိုက်မက်မက်ကြည့်နေမိတယ်
ပြီးတော့ မျက်ခွံမို့မို့တွေကို အသာအယာ
နမ်းရှိုက်လိုက်ရင်း

"ကောင်းသောညပါ ဝီလ် "

သူ့စာကြည့်ခန်းထဲက ထွက်လာတော့ မီးခွက်လေးကိုင်လာတဲ့ညီငယ်လေး လူးဝစ်
သူ့ကိုဒီလိုမြင်ရမယ်မထင်တာကြောင့် ထူးဆန်းနေပုံပဲ

"လူးဝစ် ဝီလ်ကို နှိုးပြီး အိပ်ရာဝင်ခိုင်းလိုက်ပါ"

"အစ်ကိုကြီးကရော"

"ငါအိပ်တော့မယ်"

ထို့နောက်သူ ညီငယ်ဖြစ်သူကိုနှုတ်ဆက်ပြီးအိပ်ပျော်ရန်သာအာရုံစိုက်လိုက်တယ်

ငါအိပ်မက်မက်ရတာ နှစ်သက်တယ်
ဘာလို့လဲဆို အိပ်မက်ထဲမှာသာ
မင်းက ငါ့ရဲ့အပိုင်မလို့ပေါ့

ဝီလီယံ ဂျိမ်းစ် မော်ရီအာတီ
ငါ့ရဲ့ ဝိဉာဉ်က မင်းနဲ့တူတူ ရှိနေမယ်

Ends~~

သီတင်းကျွတ်မှာ ကိုကြီးကိုဒဏ်ရာပေးမိသွားတယ်🥺😭😭

ကြိုက်နှစ်သက်မယ်ဟုမျှော်လင့်ရင်း

Zawgyi!!
















လူးဝစ်ရဲ့"

"ဟုတ် အစ်ကို"








ရောက်နေရမှာကို"


"ရော့ လူးဝစ် "


"အစ်ကို ဒီဝိုင်အရက်က "


"ဘုရားသခင်"

လူးဝစ်ဆီက အာမေဋိတ်သံပင်ထွက်လာတော့အဲလ်ဘတ် ကအသံထွက်ပြီးတစ်ချက်ရယ်မိသွားရတယ်






"တကယ်လား "



"ဒါရိုက်တာ ဟုမ်း ဒါ..ဒါက"





"အစ်ကိုကြီး..."

......

"အစ်ကိုကြီး "







"အဲ့ဒါက ကမ္ဘာ ပေါ်ကဈေးအကြီးဆုံးဝိုင်တွေထဲကတစ်ခုမလား"

သောမတ်စ် ဂျယ်ဖာဆွန်သာ ပိဲုငျဆိုငျဖူးတဲ့ ဝိုင်လို့ ငါသိရတယ် ။

"အဲ့ဒီလောက်ဈေးကြီးပြီးရှားပါးတဲ့ ဝိုင်ကို သူဘယ်ကရ"



"ဝီလီယမ်အတွက်ပါ"


အဲ့ဒီနောက်မှာတော့

















"ငါမူးနေပြီထင်ရဲ့"



"မဟုတ်တာ ငါက..."




မိုရမ် "






မလာတော့ဘူး"











"ဟုတ်တယ်လေ "







"အေး"

"ငါ့ကိုဘယ်လိုမြင်လဲ"

"ဟမ်"






......







"ဝီလ်က ..ငါ့ကို..."

"ကလင်!!!

ဟော လျှပ်စစ် ဘဲလ်သံပဲ







"







ဝီလီယမ်ကို ပြောတယ်







"ကောင်းပါပြီ လူးဝစ်"



စတွေ့ထဲက အခုထိပေါ့





"အား အဖြေလွှာလေ "








"အမှတ်က သုညဆိုပဲ"

"ဟုတ်တယ်ဆိုနေ"


အဲ့ဒီအမည်က တော့
ရှားလော့ဟုမ်း//

"ဝီလ်...."


"ဟုတ်။ပြောလေ အစ်ကို"





ပြိုလဲလို့။








"ဟုတ်ကဲ့"


ရှားလော့ဟုမ်းဆိုတဲ့ယောကျာ်းက မလွှတ်ပေးသင့်တဲ့ သားရဲတိရစ်ဆာန်ပဲ"







"အင်း "

"ဝီလ်"

"ဟုတ်"


ညဆယ့်နှနာရီ။











နောက်တစ်ခု


အဲ့လ်ဘတ်ဟာ လက်ထဲက စာရွက်လေးကိုဆက်မဖတ်နိုင်ပဲ ကိုင်လျက်သား ရပ်နေမိတယ်


နမ်းရှိုက်လိုက်ရင်း

"ကောင်းသောညပါ ဝီလ် "



"အစ်ကိုကြီးကရော"

"ငါအိပ်တော့မယ်"




Ends~~



Seguir leyendo

También te gustarán

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
292K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
1.5M 241K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...
91.4K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]