ပိုင်ဝူရိသည် အတန်ကြာသည်အထိ နာကျင်မှု မခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်စဉ် ဓားရှည်က မြေပြင်တွင် စိုက်ထားသည် ကို မြင်လိုက်ရသည်။
"ဝေ့ဝေ့ တွေဝေနေတာလား ''
ပိုင်ဝူရိ၏ မေးခွန်းကြောင့် ရှောင်ကျန့် မချိပြုံးလေးပြုံးလိုက်သည်။ သူသာ ကျိုးဝေ့ဖုန်း ဆိုရင် သတ်မိမှာ မှန်ပေမယ့် System က ဇာတ်လိုက်ကို သတ်ရင် ပစ်ဒဏ်သင့်မှာဟု Kitty က အချိန်မီသတိပေးလာသည့်အတွက် သူ မသတ်ဘဲ ဓားကို မြေပြင်တွင် ထိုးစိုက်ပစ်လိုက်ခြင်းဖြစ်သည်။
" ဝေ့ဝေ့ မင်းပဲကိုယ့်ကိုကလဲ့စားချေချင်နေခဲ့တာမဟုတ်လား ''
"အ အရှင် ''
"ကိုယ်အားလုံးသိပြီးပါပြီ အခု ကိုယ်မင်းကို အခွင့်အရေးပေးနေတယ်လေ ကိုယ့်ကို သတ်လိုက်ပါ ''
"......''
'သတ်ချင်တာပေါ့ ဒါပေမယ့် ပြစ်ဒဏ်ထိမှာ ငါလေးကြောက်တယ်လို့ ဇာတ်လိုက်ကြီးရဲ့ '
ရှောင်းကျန့်သည် စိတ်ထဲကနေ အော်ဟစ်ပြောဆိုနေရင်း အပြင်ဘက်ကတော့ အသံတစိုးတစိမျှထွက်ကျမလာခဲ့ပေ။
" ဝေ့ဝေ့ ''
"သွားပါတော့ အရှင် ကျွန်တော်တစ်ယောက်တည်းနေချင်တယ် ''
" ......''
ပိုင်ဝူရိက ကျိုးဝေ့ဖုန်းကို မျှော်လင့်တကြီးကြည့်ဖူးခဲ့သော်လည်း အခုတော့ မျှော်လင့်ချက်မဲ့သော မျက်လုံးများနှင့် တမေ့တဆွေး ငေးမောကာ လှည့်ထွက်သွားရသည်။
ထွက်သွားတဲ့ ပိုင်ဝူရိ၏ ရွှေဝါရောင်ကျောပြင်အား ငေးကြည့်နေသော ကျိုးဝေ့ဖုန်းက နန်းဆောင်အနီး အုတ်တံတိုင်းနားမှသစ်ပင်ပေါ်က လူတစ်ဦး၏ စူးရှသော အကြည့်တို့အား မသိခဲ့ပေ။
----*----*----*----*
တောက်ခေါက်ကာ စားပွဲပေါ်က စားသောက်ဖွယ်များကို တိုက်ချပစ်လိုက်သည်။
" ရှောင်ဖုန်း မင်းက ပိုင်ဝူရိကို သတ်ဖို့တောင် လက်တွေတွန့်ဆုတ်နေပြီပေါ့လေ''
"မင်းမသတ်ရင် ငါကိုယ်တိုင်က သတ်မှာ ရှောင်ဖုန်း ''
ခန်းဆောင်ထဲမှာ လေထုကအေးစက်လျက်ရှိကာ တစ်စုံတစ်ဦး၏ ဒေါသပေါက်ကွက်နူန်းလည်းမြင့်မားနေခဲ့သည်။
အပြင်ဘက်မှ အစောင့်ဂိုဏ်းသားများသည် သူတို့၏ ဂိုဏ်းချုပ်က အလိုမကျစွာ ဆူညံပေါက်ကွဲနေတာကြောင့် ငြိမ်သက်နေလိုက်ကြသည်။
"ပိုင်ခုံချွဲ့ မင်းတို့ရဲ့ ဂိုဏ်းချုပ်က ဘာဖြစ်နေတာလဲ ''
"ကျွန်မလည်း မသိဘူး အပြင်ကပြန်လာကတည်းက အခုလို ဒေါသထွက်နေတာပဲ တင်ပြစရာ ရှိတာတောင် မပြောရဲလို့ ဒီမှာရပ်နေတာ တစ်နာရီမကတော့ဘူး ကြာနေပြီ ''
ရှီးယွီသည် ချွင်စန်း၏ စိတ်ကို တိုအောင် လုပ်နိုင်သူက ဘယ်သူလဲ ဆိုတာ ကြိုသိနှင့်ပြီးသားမို့ ခန်းဆောင်ထဲကို ဝင်ခဲ့လိုက်သည်။
" ချွင်စန်း အိမ်ရှေ့စံက မင်းကို နှင်ထုတ်လိုက်လို့လား ''
"နှင်ထုတ်ရင်တောင် ငါက ပြုံးနေမှာ အခုဟာက ပိုင်ဝူရိ... အဲ့ဒီ ရန်သူပိုင်ဝူရိကိုမသတ်ရက်ဘဲ တွေဝေနေတဲ့ သူ့ပုံစံက ငါ့ကို ခံရခက်စေတာ မင်းပြောကြည့် သူ အဲ့ဒီ လူယုတ်မာ ပိုင်ဝူရိကို မေတ္တာသက်ဝင်နေပြီမလား''
ချွင်စန်းက ကလေးငယ်တစ်ဦး လို ငိုနေသည်မို့ ရှီးယွီက သက်ပြင်းချကာ ဆက်မပြောဘဲ ခါးကြားမှ သေရည်အိုးကို ဖွင့်လို့သောက်လိုက်သည်။
အင်း ရှောင်ချွင်စန်း ငိုတာလေးကို အမှတ်တရ ကြည့်ထားအုန်းမှပါလေ။
.
.
ညနေစောင်းကတည်းက ပေါက်ကွဲနေခဲ့သော ဒေါသသည် လသာချိန်မှာတော့ အရှိန်သေသွားပြီးဖြစ်တာကြောင့် ရှီးယွီက ကုန်သွားပြီ ဖြစ်တဲ့သေရည်အိုးကို လှုပ်ခါလိုက်သည်။
"ဝေ့ ရှောင်ချွင်စန်း မင်းပေါက်ကွဲတာပြီးပြီမလား ''
"......''
"အဲ့တာဆိုလည်း ထ အခုလိုကြီး ဆက်မနေနဲ့ ငါပြောစရာရှိတယ် ''
"အဟမ်း ...ဘာပြောမလို့လဲ ''
ခုနက သူ့အားကြောင်တောင်တောင်နဲ့ အံ့သြစွာ ကြည့်နေခဲ့သည့် ချွင်စန်းက ချောင်းဟန့်ကာ မိစ္ဆာဂိုဏ်းချုပ်ပုံစံပြန်ဖမ်းရင်း ဆိုလာစဉ် ရှီးယွီမှာ ရယ်ချင်ပက်ကျိဖြစ်သွားရသည်။
ထို့နောက် သူလည်း မျက်နှာကို ပြန်ထိန်းကာ လိုရင်းစကားကိုပြောပြလိုက်သည်။
" ငါ့ရဲ့ တပ်တွေက အဆင်သင့်ဖြစ်ပြီ မနက်ဖြန် အတွက် ''
".......''
ချွင်စန်း က တိုက်ပွဲအတွက်တောင်မေ့လျော့နေခဲ့တာပဲ ။
"အခု ငါတို့ အချိန်မရှိဘူး တပ်တွေကိုစုပြီးပြီ စီစဉ်ထားပြီးသား ဆိုပေမယ့် ငါတို့က ပေါ့ဆနေလို့မရဘူး အော် စစ်တလင်းမှာ တပ်ပုန်းတွေချထားပြီးပြီ သွားကြရအောင် ''
"မနက်ဖြန် အာရုံတက်မှာ စစ်ပွဲကစတင်မယ် ဘယ်လောက်ကြာမြင့်မလဲမသိတဲ့ ဒီစစ်ပွဲမှာ ငါတို့ နိုင်ကိုနိုင်ရမယ် ပိုင်ဝူရိဆိုတဲ့ လူယုတ်မာ ကျရှုံးရမယ် ''
ရှောင်ချွင်စန်း ကျုံးဝါးလိုက်ပုံက ရှီးယွီမှာ ကြက်သီးထရသည်အထိ ကြောက်ဖို့ကောင်းနေသည်။
တွန့်ချိုးနေတဲ့ မျက်ခုံး တင်းမာနေတဲ့မျက်နှာထား ပြတ်သားစွာ ထွက်လာသည့် စကားသံက ဘယ်သူမကြောက်ပဲနေနိုင်ပါလိမ့်မလဲ။
အော် တစ်စုံတစ်ယောက်ကတော့ မကြောက်ပါဘူး အဲ့တာက ရှောင်ချွင်စန်း ရဲ့ အသည်းအသက်လေး ကျိုးဝေ့ဖုန်းပါပဲ ။
...........................
ညဉ့်ဦးယံကျော်လာပြီ ဖြစ်သော်ငြား နန်းတွင်ရှိအဆောင်တော်တစ်ခုကတော့ မီးပင်မမှိတ်နိုင်သေးပေ။
"Kitty ချွင်စန်း နိုင်လောက်ပါတယ်နော် သူက ဇာတ်လိုက်ကို ယှဉ်နိုင်ပါ့မလား ငါစိုးရိမ်တယ် ''
"ကျွန်တော် နားလည်ပါတယ် ''
" ငါ မနက်ကျရင် စစ်တလင်းကို ငါကိုယ်တိုင်လိုက်သွားမယ် ''
"သခင့်သဘောပါ အခုတော့ အနားယူပါအုန်း ''
Kitty စကားကြောင့် ရှောင်းကျန့်က အိပ်ယာထဲမှာ လဲလျောင်းလိုက်သည်။
Kitty လည်း သခင့်ရဲ့ ဘေးမှာ ဝင်အိပ်နေလိုက်သည်။
တစ်ဖက်တွင် ပိုင်ဝူရိသည် ရုတ်တရက် ဖြစ်ပေါ်လာသည့် တိုက်ပွဲအတွက် ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ပြီး တပ်မဟာရှေ့မှ ကိုယ်တိုင်ဦးဆောင်ကာ စစ်တလင်းအနီးက ယာယီတပ်စခန်းသို့ ညတွင်းချင်း ထွက်ခွာသွားလေသည်။
နန်းမြို့ဂိတ်တံခါးဝမှ မြင်းကိုရပ်ကာ နောက်ပြန်လှည့်ကြည့်လိုက်စဉ် လရောင်အလင်းနဲ့ မီးတုတ်အလင်းဟိုတစ်ကွက်ဒီတစ်ကွက် ဖြာကျနေသော တိတ်ဆိတ်စွာကျန်နေသော နန်းမြို့တော်ကြီးကို ထီးထီးမားမားမြင်တွေ့ရသည်။
ထို့နောက် အရှေ့ကိုပြန်လှည့်လိုက်စဉ် လရောင်ကြားမှ ကွက်ကြားကွက်ကြားမြင်နေရသည့် တောအုပ်ကိုမြင်လိုက်ရသည်။ သက်ပြင်းကိုဟူးခနဲမှုတ်ထုတ်ကာ မြင်းကို ဒုန်းစိုင်းမောင်းလိုက်တော့ နောက်ပါးမှ မြင်းခွာသံတွေကလည်း ထပ်ကြပ်မကွာ လိုက်ပါလာကြသည် ။
ယွီချွမ်ပြည်တော်၏ မဟာတပ်တော်ကြီးသည် ညသန်းခေါင်အချိန်မှာ မြူတွေကိုအန်တုရင်းလရောင်ကိုအဖော်ပြုကာ စစ်မြေပြင်သို့ ခရီးဆက်နေခဲ့သည်။
.........................
နေမွန်းတည့်ချိန်တွင် နှစ်ဖက်စလုံးက အထိနာနေပြီဖြစ်ကာ ခေါင်းဆောင်နှစ်ဦးကလည်း အသေအကြေ တိုက်ခိုက်နေပြီး အရှုံးအနိုင်မကွဲပြားပေ။
"မိစ္ဆာဂိုဏ်းချုပ်က ဘာကိုလိုချင်တာလဲ''
"မင်းရဲ့ ကိုယ်လုပ်တော် ကျိုးဝေ့ဖုန်း နဲ့ ယွီချွမ်တိုင်းပြည်ကိုလိုချင်တာ''
"မပေးနိုင်ဘူး စိတ်ကူးယဉ်မနေနဲ့ ''
"ဘယ်သူက စိတ်ကူးယဉ်နေလို့လဲ အခုလက်တွေ့အကောင်အထည်ဖော်နေတာလေ''
ခပ်ထေ့ထေ့ရယ်လျက် ပြောလာသူအား ပိုင်ဝူရိက စိတ်တိုကာ အောပစ်လိုက်သည်။
"သွားသေလိုက် !!!! ''
သူတို့နှစ်ဦးရဲ့ တိုက်ပွဲက အရှိန်မြင့်မားလာသည် နှစ်ဦးစလုံးမှာ ဒဏ်ရာတွေပလပွဖြစ်နေကြသော်လည်း အရှုံးမပေးဘဲ တိုက်ခိုက်နေကြဆဲပင်။
ဇာတ်လိုက်ဆိုသည်မှာ ကံကြမ္မာရဲ့ မျက်နှာလိုက်မှုကို ခံရစမြဲပင်။ သို့သော် တစ်ဖက်လူက ထူးဆန်းသောပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောအခါ အနိုင်အရှုံးက ဖွေရှာဖို့ ခက်ခဲလာပြီဖြစ်သည်။
ချွေးနဲ့သွေးရောနှောနေပြီး အားအင်တွေကုန်ခမ်းလုလုထိမြင့်မားလာတဲ့နေအပူရှိန်ကြောင့် မောဟိုက်လှိုက်ဖိုနေစဉ် မြင်းခွာသံကိုကြားလိုက်ရသည်။
ခရမ်းဖျော့ရောင် ဝတ်စုံနဲ့ ကျိုးဝေ့ဖုန်းက မြင်းကို အပြင်းမောင်းနှင်လာတာကြောင့် တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ပြီး သူတို့နှစ်ဦး ငေးကြည့်နေမိကြသည်။
ကျန်တဲ့ရဲမက်တွေကတော့ အလောင်းတွေကြားမှာ တိုက်ခိုက်နေကြဆဲပင်။
ရှောင်းကျန့်သည် တိုက်ခိုက်နေတဲ့ စစ်မြေပြင်သို့ အပြင်းမောင်းနှင်လာပြီး အတော်မောနေပြီဖြစ်သည်။
'ငလူး မောလိုက်တာ Kitty ငါလာတာအရမ်းစောသွားပြီလား '
'အင်း တစ်ယောက်ယောက် သေမှ ရောက်သင့်တာ '
'ဟုတ်တယ်နော့် ငါ ဖြေးဖြေးလာခဲ့ရမှာ အခုတော့ ငါလေး လျှာထွက်..'
Kitty မှာ ရွဲ့ပြောနေတာကိုအတည်ထင်နေသောသခင်ကြောင့် တော်တော်လေးကို စိတ်လေသွားကာ တိုင်နဲ့ခေါင်းနဲ့ပစ်ဆောင့်လိုက်ချင်စိတ်ပေါက်သွားသည်။
'Wait ငါ့ကို ငါပြောတာမဟုတ်ဘူး အစ်ကိုရှောင်းခေါင်းကို ဆောင့်မယ်လို့ပြောတာ... ဟွန့်.. တော်တော်ကိုအမြင်ကတ်... ''
"ဝေ့ဖုန်း !!! ''
ချွင်စန်းရဲ့အော်လိုက်တဲ့အသံကြောင့် Kitty မှာ တွေးလက်စကိုရပ်ကာ ကြည့်လိုက်သည် ။
"အက်လယ့် ငါ့သခင်က ဒရမ်မာတွေခင်းကုန်ပြီ ''
Kitty ကြိတ်ရယ်နေလိုက်တော့သည်။
"အကဲပိုတဲ့ အစ်ကိုရိပေါ်နဲ့ ဇာတ်လိုက်ကြီးကိုတောင်သနားလိုက်တာ ''
ဟိုနေ့က အပါးရဲ့ Video ကြည့်ပြီး ငိုနေမိလို့ ရေးလက်စကြီးနဲ့ ဆက်မရေးဖြစ်တာ အခုမှ နည်းနည်းလေး စိတ်ကအဆင်ပြေသွားလို့ ရေးပြီး တင်လိုက်တာ အားပေးသွားကြအုန်း။
Zawgyi
ပိုင္ဝူရိသည္ အတန္ၾကာသည္အထိ နာက်င္မႈ မခံစားရတာေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္စဥ္ ဓားရွည္က ေျမျပင္တြင္ စိုက္ထားသည္ ကို ျမင္လိုက္ရသည္။
"ေဝ့ေဝ့ ေတြေဝေနတာလား ''
ပိုင္ဝူရိ၏ ေမးခြန္းေၾကာင့္ ေရွာင္က်န့္ မခ်ိၿပဳံးေလးၿပဳံးလိုက္သည္။ သူသာ က်ိဳးေဝ့ဖုန္း ဆိုရင္ သတ္မိမွာ မွန္ေပမယ့္ System က ဇာတ္လိုက္ကို သတ္ရင္ ပစ္ဒဏ္သင့္မွာဟု Kitty က အခ်ိန္မီသတိေပးလာသည့္အတြက္ သူ မသတ္ဘဲ ဓားကို ေျမျပင္တြင္ ထိုးစိုက္ပစ္လိုက္ျခင္းျဖစ္သည္။
" ေဝ့ေဝ့ မင္းပဲကိုယ့္ကိုကလဲ့စားေခ်ခ်င္ေနခဲ့တာမဟုတ္လား ''
"အ အရွင္ ''
"ကိုယ္အားလုံးသိၿပီးပါၿပီ အခု ကိုယ္မင္းကို အခြင့္အေရးေပးေနတယ္ေလ ကိုယ့္ကို သတ္လိုက္ပါ ''
"......''
'သတ္ခ်င္တာေပါ့ ဒါေပမယ့္ ျပစ္ဒဏ္ထိမွာ ငါေလးေၾကာက္တယ္လို႔ ဇာတ္လိုက္ႀကီးရဲ႕ '
ေရွာင္းက်န့္သည္ စိတ္ထဲကေန ေအာ္ဟစ္ေျပာဆိုေနရင္း အျပင္ဘက္ကေတာ့ အသံတစိုးတစိမွ်ထြက္က်မလာခဲ့ေပ။
" ေဝ့ေဝ့ ''
"သြားပါေတာ့ အရွင္ ကြၽန္ေတာ္တစ္ေယာက္တည္းေနခ်င္တယ္ ''
" ......''
ပိုင္ဝူရိက က်ိဳးေဝ့ဖုန္းကို ေမွ်ာ္လင့္တႀကီးၾကည့္ဖူးခဲ့ေသာ္လည္း အခုေတာ့ ေမွ်ာ္လင့္ခ်က္မဲ့ေသာ မ်က္လုံးမ်ားႏွင့္ တေမ့တေဆြး ေငးေမာကာ လွည့္ထြက္သြားရသည္။
ထြက္သြားတဲ့ ပိုင္ဝူရိ၏ ေ႐ႊဝါေရာင္ေက်ာျပင္အား ေငးၾကည့္ေနေသာ က်ိဳးေဝ့ဖုန္းက နန္းေဆာင္အနီး အုတ္တံတိုင္းနားမွသစ္ပင္ေပၚက လူတစ္ဦး၏ စူးရွေသာ အၾကည့္တို႔အား မသိခဲ့ေပ။
----*----*----*----*
ေတာက္ေခါက္ကာ စားပြဲေပၚက စားေသာက္ဖြယ္မ်ားကို တိုက္ခ်ပစ္လိုက္သည္။
" ေရွာင္ဖုန္း မင္းက ပိုင္ဝူရိကို သတ္ဖို႔ေတာင္ လက္ေတြတြန့္ဆုတ္ေနၿပီေပါ့ေလ''
"မင္းမသတ္ရင္ ငါကိုယ္တိုင္က သတ္မွာ ေရွာင္ဖုန္း ''
ခန္းေဆာင္ထဲမွာ ေလထုကေအးစက္လ်က္ရွိကာ တစ္စုံတစ္ဦး၏ ေဒါသေပါက္ကြက္ႏူန္းလည္းျမင့္မားေနခဲ့သည္။
အျပင္ဘက္မွ အေစာင့္ဂိုဏ္းသားမ်ားသည္ သူတို႔၏ ဂိုဏ္းခ်ဳပ္က အလိုမက်စြာ ဆူညံေပါက္ကြဲေနတာေၾကာင့္ ၿငိမ္သက္ေနလိုက္ၾကသည္။
"ပိုင္ခုံခြၽဲ႕ မင္းတို႔ရဲ႕ ဂိုဏ္းခ်ဳပ္က ဘာျဖစ္ေနတာလဲ ''
"ကြၽန္မလည္း မသိဘူး အျပင္ကျပန္လာကတည္းက အခုလို ေဒါသထြက္ေနတာပဲ တင္ျပစရာ ရွိတာေတာင္ မေျပာရဲလို႔ ဒီမွာရပ္ေနတာ တစ္နာရီမကေတာ့ဘူး ၾကာေနၿပီ ''
ရွီးယြီသည္ ခြၽင္စန္း၏ စိတ္ကို တိုေအာင္ လုပ္နိုင္သူက ဘယ္သူလဲ ဆိုတာ ႀကိဳသိႏွင့္ၿပီးသားမို႔ ခန္းေဆာင္ထဲကို ဝင္ခဲ့လိုက္သည္။
" ခြၽင္စန္း အိမ္ေရွ႕စံက မင္းကို ႏွင္ထုတ္လိုက္လို႔လား ''
"ႏွင္ထုတ္ရင္ေတာင္ ငါက ၿပဳံးေနမွာ အခုဟာက ပိုင္ဝူရိ... အဲ့ဒီ ရန္သူပိုင္ဝူရိကိုမသတ္ရက္ဘဲ ေတြေဝေနတဲ့ သူ႕ပုံစံက ငါ့ကို ခံရခက္ေစတာ မင္းေျပာၾကည့္ သူ အဲ့ဒီ လူယုတ္မာ ပိုင္ဝူရိကို ေမတၱာသက္ဝင္ေနၿပီမလား''
ခြၽင္စန္းက ကေလးငယ္တစ္ဦး လို ငိုေနသည္မို႔ ရွီးယြီက သက္ျပင္းခ်ကာ ဆက္မေျပာဘဲ ခါးၾကားမွ ေသရည္အိုးကို ဖြင့္လို႔ေသာက္လိုက္သည္။
အင္း ေရွာင္ခြၽင္စန္း ငိုတာေလးကို အမွတ္တရ ၾကည့္ထားအုန္းမွပါေလ။
.
.
ညေနေစာင္းကတည္းက ေပါက္ကြဲေနခဲ့ေသာ ေဒါသသည္ လသာခ်ိန္မွာေတာ့ အရွိန္ေသသြားၿပီးျဖစ္တာေၾကာင့္ ရွီးယြီက ကုန္သြားၿပီ ျဖစ္တဲ့ေသရည္အိုးကို လႈပ္ခါလိုက္သည္။
"ေဝ့ ေရွာင္ခြၽင္စန္း မင္းေပါက္ကြဲတာၿပီးၿပီမလား ''
"......''
"အဲ့တာဆိုလည္း ထ အခုလိုႀကီး ဆက္မေနနဲ႕ ငါေျပာစရာရွိတယ္ ''
"အဟမ္း ...ဘာေျပာမလို႔လဲ ''
ခုနက သူ႕အားေၾကာင္ေတာင္ေတာင္နဲ႕ အံ့ၾသစြာ ၾကည့္ေနခဲ့သည့္ ခြၽင္စန္းက ေခ်ာင္းဟန့္ကာ မိစ္ဆာဂိုဏ္းခ်ဳပ္ပုံစံျပန္ဖမ္းရင္း ဆိုလာစဥ္ ရွီးယြီမွာ ရယ္ခ်င္ပက္က်ိျဖစ္သြားရသည္။
ထို႔ေနာက္ သူလည္း မ်က္ႏွာကို ျပန္ထိန္းကာ လိုရင္းစကားကိုေျပာျပလိုက္သည္။
" ငါ့ရဲ႕ တပ္ေတြက အဆင္သင့္ျဖစ္ၿပီ မနက္ျဖန္ အတြက္ ''
".......''
ခြၽင္စန္း က တိုက္ပြဲအတြက္ေတာင္ေမ့ေလ်ာ့ေနခဲ့တာပဲ ။
"အခု ငါတို႔ အခ်ိန္မရွိဘူး တပ္ေတြကိုစုၿပီးၿပီ စီစဥ္ထားၿပီးသား ဆိုေပမယ့္ ငါတို႔က ေပါ့ဆေနလို႔မရဘူး ေအာ္ စစ္တလင္းမွာ တပ္ပုန္းေတြခ်ထားၿပီးၿပီ သြားၾကရေအာင္ ''
"မနက္ျဖန္ အာ႐ုံတက္မွာ စစ္ပြဲကစတင္မယ္ ဘယ္ေလာက္ၾကာျမင့္မလဲမသိတဲ့ ဒီစစ္ပြဲမွာ ငါတို႔ နိုင္ကိုနိုင္ရမယ္ ပိုင္ဝူရိဆိုတဲ့ လူယုတ္မာ က်ရႈံးရမယ္ ''
ေရွာင္ခြၽင္စန္း က်ဳံးဝါးလိုက္ပုံက ရွီးယြီမွာ ၾကက္သီးထရသည္အထိ ေၾကာက္ဖို႔ေကာင္းေနသည္။
တြန့္ခ်ိဳးေနတဲ့ မ်က္ခုံး တင္းမာေနတဲ့မ်က္ႏွာထား ျပတ္သားစြာ ထြက္လာသည့္ စကားသံက ဘယ္သူမေၾကာက္ပဲေနနိုင္ပါလိမ့္မလဲ။
ေအာ္ တစ္စုံတစ္ေယာက္ကေတာ့ မေၾကာက္ပါဘူး အဲ့တာက ေရွာင္ခြၽင္စန္း ရဲ႕ အသည္းအသက္ေလး က်ိဳးေဝ့ဖုန္းပါပဲ ။
...........................
ညဥ့္ဦးယံေက်ာ္လာၿပီ ျဖစ္ေသာ္ျငား နန္းတြင္ရွိအေဆာင္ေတာ္တစ္ခုကေတာ့ မီးပင္မမွိတ္နိုင္ေသးေပ။
"Kitty ခြၽင္စန္း နိုင္ေလာက္ပါတယ္ေနာ္ သူက ဇာတ္လိုက္ကို ယွဥ္နိုင္ပါ့မလား ငါစိုးရိမ္တယ္ ''
"ကြၽန္ေတာ္ နားလည္ပါတယ္ ''
" ငါ မနက္က်ရင္ စစ္တလင္းကို ငါကိုယ္တိုင္လိုက္သြားမယ္ ''
"သခင့္သေဘာပါ အခုေတာ့ အနားယူပါအုန္း ''
Kitty စကားေၾကာင့္ ေရွာင္းက်န့္က အိပ္ယာထဲမွာ လဲေလ်ာင္းလိုက္သည္။
Kitty လည္း သခင့္ရဲ႕ ေဘးမွာ ဝင္အိပ္ေနလိုက္သည္။
တစ္ဖက္တြင္ ပိုင္ဝူရိသည္ ႐ုတ္တရက္ ျဖစ္ေပၚလာသည့္ တိုက္ပြဲအတြက္ ခ်ပ္ဝတ္တန္ဆာအျပည့္ဝတ္ဆင္ၿပီး တပ္မဟာေရွ႕မွ ကိုယ္တိုင္ဦးေဆာင္ကာ စစ္တလင္းအနီးက ယာယီတပ္စခန္းသို႔ ညတြင္းခ်င္း ထြက္ခြာသြားေလသည္။
နန္းၿမိဳ႕ဂိတ္တံခါးဝမွ ျမင္းကိုရပ္ကာ ေနာက္ျပန္လွည့္ၾကည့္လိုက္စဥ္ လေရာင္အလင္းနဲ႕ မီးတုတ္အလင္းဟိုတစ္ကြက္ဒီတစ္ကြက္ ျဖာက်ေနေသာ တိတ္ဆိတ္စြာက်န္ေနေသာ နန္းၿမိဳ႕ေတာ္ႀကီးကို ထီးထီးမားမားျမင္ေတြ႕ရသည္။
ထို႔ေနာက္ အေရွ႕ကိုျပန္လွည့္လိုက္စဥ္ လေရာင္ၾကားမွ ကြက္ၾကားကြက္ၾကားျမင္ေနရသည့္ ေတာအုပ္ကိုျမင္လိုက္ရသည္။ သက္ျပင္းကိုဟူးခနဲမႈတ္ထုတ္ကာ ျမင္းကို ဒုန္းစိုင္းေမာင္းလိုက္ေတာ့ ေနာက္ပါးမွ ျမင္းခြာသံေတြကလည္း ထပ္ၾကပ္မကြာ လိုက္ပါလာၾကသည္ ။
ယြီခြၽမ္ျပည္ေတာ္၏ မဟာတပ္ေတာ္ႀကီးသည္ ညသန္းေခါင္အခ်ိန္မွာ ျမဴေတြကိုအန္တုရင္းလေရာင္ကိုအေဖာ္ျပဳကာ စစ္ေျမျပင္သို႔ ခရီးဆက္ေနခဲ့သည္။
.........................
ေနမြန္းတည့္ခ်ိန္တြင္ ႏွစ္ဖက္စလုံးက အထိနာေနၿပီျဖစ္ကာ ေခါင္းေဆာင္ႏွစ္ဦးကလည္း အေသအေၾက တိုက္ခိုက္ေနၿပီး အရႈံးအနိုင္မကြဲျပားေပ။
"မိစ္ဆာဂိုဏ္းခ်ဳပ္က ဘာကိုလိုခ်င္တာလဲ''
"မင္းရဲ႕ ကိုယ္လုပ္ေတာ္ က်ိဳးေဝ့ဖုန္း နဲ႕ ယြီခြၽမ္တိုင္းျပည္ကိုလိုခ်င္တာ''
"မေပးနိုင္ဘူး စိတ္ကူးယဥ္မေနနဲ႕ ''
"ဘယ္သူက စိတ္ကူးယဥ္ေနလို႔လဲ အခုလက္ေတြ႕အေကာင္အထည္ေဖာ္ေနတာေလ''
ခပ္ေထ့ေထ့ရယ္လ်က္ ေျပာလာသူအား ပိုင္ဝူရိက စိတ္တိုကာ ေအာပစ္လိုက္သည္။
"သြားေသလိုက္ !!!! ''
သူတို႔ႏွစ္ဦးရဲ႕ တိုက္ပြဲက အရွိန္ျမင့္မားလာသည္ ႏွစ္ဦးစလုံးမွာ ဒဏ္ရာေတြပလပြျဖစ္ေနၾကေသာ္လည္း အရႈံးမေပးဘဲ တိုက္ခိုက္ေနၾကဆဲပင္။
ဇာတ္လိုက္ဆိုသည္မွာ ကံၾကမၼာရဲ႕ မ်က္ႏွာလိုက္မႈကို ခံရစၿမဲပင္။ သို႔ေသာ္ တစ္ဖက္လူက ထူးဆန္းေသာပုဂၢိုလ္တစ္ဦး ျဖစ္ေနေသာအခါ အနိုင္အရႈံးက ေဖြရွာဖို႔ ခက္ခဲလာၿပီျဖစ္သည္။
ေခြၽးနဲ႕ေသြးေရာႏွောေနၿပီး အားအင္ေတြကုန္ခမ္းလုလုထိျမင့္မားလာတဲ့ေနအပူရွိန္ေၾကာင့္ ေမာဟိုက္လွိုက္ဖိုေနစဥ္ ျမင္းခြာသံကိုၾကားလိုက္ရသည္။
ခရမ္းေဖ်ာ့ေရာင္ ဝတ္စုံနဲ႕ က်ိဳးေဝ့ဖုန္းက ျမင္းကို အျပင္းေမာင္းႏွင္လာတာေၾကာင့္ တိုက္ခိုက္ေနရာမွ ရပ္တန့္လိုက္ၿပီး သူတို႔ႏွစ္ဦး ေငးၾကည့္ေနမိၾကသည္။
က်န္တဲ့ရဲမက္ေတြကေတာ့ အေလာင္းေတြၾကားမွာ တိုက္ခိုက္ေနၾကဆဲပင္။
ေရွာင္းက်န့္သည္ တိုက္ခိုက္ေနတဲ့ စစ္ေျမျပင္သို႔ အျပင္းေမာင္းႏွင္လာၿပီး အေတာ္ေမာေနၿပီျဖစ္သည္။
'ငလူး ေမာလိုက္တာ Kitty ငါလာတာအရမ္းေစာသြားၿပီလား '
'အင္း တစ္ေယာက္ေယာက္ ေသမွ ေရာက္သင့္တာ '
'ဟုတ္တယ္ေနာ့္ ငါ ေျဖးေျဖးလာခဲ့ရမွာ အခုေတာ့ ငါေလး လွ်ာထြက္..'
Kitty မွာ ႐ြဲ႕ေျပာေနတာကိုအတည္ထင္ေနေသာသခင္ေၾကာင့္ ေတာ္ေတာ္ေလးကို စိတ္ေလသြားကာ တိုင္နဲ႕ေခါင္းနဲ႕ပစ္ေဆာင့္လိုက္ခ်င္စိတ္ေပါက္သြားသည္။
'Wait ငါ့ကို ငါေျပာတာမဟုတ္ဘူး အစ္ကိုေရွာင္းေခါင္းကို ေဆာင့္မယ္လို႔ေျပာတာ... ဟြန့္.. ေတာ္ေတာ္ကိုအျမင္ကတ္... ''
"ေဝ့ဖုန္း !!! ''
ခြၽင္စန္းရဲ႕ေအာ္လိုက္တဲ့အသံေၾကာင့္ Kitty မွာ ေတြးလက္စကိုရပ္ကာ ၾကည့္လိုက္သည္ ။
"အက္လယ့္ ငါ့သခင္က ဒရမ္မာေတြခင္းကုန္ၿပီ ''
Kitty ႀကိတ္ရယ္ေနလိုက္ေတာ့သည္။
"အကဲပိုတဲ့ အစ္ကိုရိေပၚနဲ႕ ဇာတ္လိုက္ႀကီးကိုေတာင္သနားလိုက္တာ ''
ဟိုေန႕က အပါးရဲ႕ Video ၾကည့္ၿပီး ငိုေနမိလို႔ ေရးလက္စႀကီးနဲ႕ ဆက္မေရးျဖစ္တာ အခုမွ နည္းနည္းေလး စိတ္ကအဆင္ေျပသြားလို႔ ေရးၿပီး တင္လိုက္တာ အားေပးသြားၾကအုန္း။