Arc(7.4)

5.2K 663 19
                                    

အခုတလော သူ့အနားကို ရောက်လာတတ်တဲ့ ဆူဇူကီကြောင့် ရှောင်းကျန့် စိတ်ညစ်ရသည်။ ဒါပေမယ့် အဆိုးကြီးတော့မဟုတ်။ ဆူဇူကီက သူ့အတွက် နင်းပြားလေးလို့ ရှောင်းကျန့်ကသဘောထား ထားသည်။

" kitty မင်းပြောကြည့် ဆရာရှီဇုခုက အာဆာနိုကို မချစ်ဘူးမလား ''

ကုတင်ပေါ်မှာ ကြောင်တစ်ကောင်နဲ့ နပမ်းလုံးနေသည့် ၁၈နှစ် အရွယ် လူပျိုပေါက်လေးက ချစ်စရာလေးရယ်။

" မချစ်ဘူးထင်တယ် ''

" အာဆာနိုနဲ့ဆူဇူကီတို့ကိုကလဲ့စားချေဖို့ ငါ့ရဲ့ ရှယ်ပလန်တွေအတိုင်းလုပ်ဆောင်ရတော့မယ် ''

ဗိုက်ပေါ်ကနေ သူ့အားဘေးဖယ်ချကာ ငုတ်တုပ်ထိုင်လိုက်သည့် သခင့်ပုံစံကြောင့် Kitty က သံယောင်လိုက်မေးမိသည်။

" ရှယ်ပလန်? "

" ဟုတ်တယ် ဒါနဲ့စကားမစပ်  ငါ့ကို ဆရာက သဘောကျနေတာလား ''

" ထင်တာပဲ ဘာလို့လဲ သခင် ''

" အဟက် ဂျယ်လီကျွေးမလို့ ''

" ငါလည်းစားချင်တယ်လေ ငါ့လည်းကျွေးပါ သခင် ''

" Kitty ရယ် ဂျယ်လီကစားစရာမဟုတ်ပါဘူး ''

" ဒါဆို ဘာလဲ ''

" မကြာမီ လာမည် မျှော် ''

သခင်က မြင်ပြင်းကပ်စရာကောင်းလိုက်တာ ။ Kitty စိတ်ထဲကနေ တွေးပြီး ရှောင်းကျန့်ပြောတဲ့အရာကို ဘာဖြစ်နေမလဲ ရင်ခုန်စွာဖြင့် စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

အဝတ်လဲဖို့ ဝတ်စုံတွေရွေးနေသည့် သခင်က ဘာသီချင်းတွေဆိုနေမှန်းလည်း မသိတာကြောင့် Kitty မှာ အူကြောင်ကြောင်နဲ့ ကြည့်နေရုံသာတတ်နိုင်သည်။

စိတ်တိုင်းကျအဝတ်အစားရွေးပြီး ကုတင်ပေါ်ထိုင်နေတဲ့သူ့နံဘေးမှာ လာချကာ ရေချိုးခန်းထဲ ဝင်သွားပြန်သည့် သခင်။

အစအဆုံးလိုက်ကြည့်နေတဲ့ Kitty က မူးဝေကာ အိပ်ပျော်သွားတော့သည်။

သခင်က ရေချိုးရင်လည်း ဘုရားတစ်ဆူနဲတစ်ဆူပွင့် သလောက်ကြာတယ် ။

ရှောင်းကျန့်က ရေချိုးပြီး ထွက်လာတော့ အိပ်ပျော်နေတဲ့ Kitty ကြောင့် ပြုံးလိုက်သည် ။ အဝတ်အစားတွေဝတ်ကာ သေချာပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာတော့ ဖေဖေက ကြည့်နေသည်။

Peculiarly System [Completed ]Donde viven las historias. Descúbrelo ahora