ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

845K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.6.11

3.3K 522 40
By devil61002

ခုနက အျဖစ္အပ်က္ၿပီးေနာက္ စီရန္ယြီက ေရွာင္ထ်န္း၏ ပြစိပြစိ လုပ္ျခင္းအား ခံရေတာ့သည္ ။

/ သခင္!!! သခင္!!! အဓိကစနစ္ကို ထိန္းခ်ဳပ္ဖို႔ နည္းလမ္းရိွတယ္မလား .. မဟုတ္ေသးဘူး .. ထိန္းခ်ဳပ္ႏိုင္တယ္မလား/

ကုတင္ထက္က လူထံမွ တုန႔္ျပန္သံ မၾကားရေပ ။

/ သခင္!!! လူသားမ်ိဳးႏြယ္ရဲ့ 78% က အဓိကစနစ္ရဲ့ ထိန္းခ်ဳပ္မႈေအာက္ ေရာက္ေနၿပီ ../

ျပန္လည္ေျဖၾကားမႈ မရိွ တိတ္ဆိတ္ေနတုန္းပင္..။

/ သခင္က ကမ႓ာအစစ္ကို အျမန္ျပန္ၿပီးေတာ့.. အဓိကစနစ္ကို ျပန္လုယူၿပီး သူတို႔ကို ကယ္တင္ရမယ္ေလ../

ေရွာင္ထ်န္းသည္ သူ႔ရဲ့ တီထြင္မႈတစ္ခုျဖစ္ေသာ္လည္း အသက္သြင္းကတည္းက ေနလာရသည္က အယ္လ္နဲ႔သာ ျဖစ္သည္ ။ စက္ပစၥည္းတစ္ခု အေနနဲ႔ တုပျခင္းသည္သာ သူတို႔ရဲ့ သင္ယူႏိုင္စြမ္းရည္ကို တိုးတက္ေစၿပီး အမႈအက်င့္မ်ားကို ေျပာင္းလဲေပးသည္ ။ သူ႔ထံတြင္ အယ္လ္၏ ရည္ရြယ္ခ်က္ျဖစ္သၫ့္ ကမ႓ာႀကီးကို ကယ္တင္မယ္ဆိုတဲ့ အရာကို စြဲလမ္းေနရာ သူ႔အား reset မလုပ္မခ်င္း ထိုအခ်က္သည္ သူ႔စနစ္ထဲတြင္ ရိွေနမည္သာ ။

အင္းးး ေရွာင္ထ်န္းက အလိုအေလ်ာက္ အဆင့္ျမင့္သြားၿပီး ဉာဏ္ရည္ျမင့္တာထက္ ေက်ာ္လြန္ကာ လူသားေတြလို ခံစားခ်က္ေတြ ရိွသြားလ်ွင္ေတာ့ .. တစ္မ်ိဳးေပါ့ေလ..။

သို႔ေသာ္ ထိုအျဖစ္က ေတြးၾကၫ့္လိုက္ရံုျဖင့္ ေၾကာက္စရာေကာင္းလွသည္ ။‌ ေရွာင္ထ်န္း တြင္ သူ တင္မက အျခားထက္ျမတ္သၫ့္ သိပၸံပညာရွင္မ်ား၏ ရွာေဖြေတြ့ရိွမႈ မ်ိဳးစံုကို ထၫ့္သြင္းထားခဲ့သည္ ။ ဒီ စနစ္ငယ္ေလးထဲတြင္ ကမ႓ာႀကီးရဲ့ လ်ိဳ႕ဝွက္ခ်က္မ်ိဳးစံု ရိွေနျခင္း ။

ေရွာင္ထ်န္းသာ ကိုယ္ပိုင္အသိစိတ္ရရိွသြားခဲ့ၿပီး မေကာင္းသၫ့္ ဘက္ျခမ္းကို ေရာက္ရိွသြားပါက .. မေတြးဝံ့စရာကိစၥမ်ား ျဖစ္လာ‌လိမ့္မည္ ။ ထိုအခါ လူသားေတြက တကယ့္ ကပ္ဆိုး ဆိုသၫ့္ အရာကို ႀကံဳေတြ့ရေပလိမ့္မည္..

ဒီလို လူထိန္းခ်ဳပ္ထားသၫ့္ အဓိကစနစ္ကပင္ ေၾကာက္စရာေကာင္းေနရာ ကိုယ္ပိုင္အသိစိတ္ ရိွသြားသၫ့္ စနစ္တစ္ခုသည္ မည္မ်ွ ထိတ့္လန႔္စရာေကာင္းလိမ့္မည္နည္း ..။

မိွတ္ထားသၫ့္ မ်က္လံုးမ်ားသည္ မပြင့္လာေသာ္လည္း မ်က္‌ေမွာင္ၾကဳတ္သြားေလသည္ ။ ' အယ္လ္ က စက္ရုပ္တစ္ခုကို ခံစားခ်က္ေတြ သင္ေပးေနတာဘဲ ..' ႏို႔မဟုတ္လ်ွင္ ေရွာင္ထ်န္းက ကမ႓ာႀကီးကို ကယ္တင္ဖို႔ စိတ္အားထက္သန္မႈမ်ားက ဘယ္က ေရာက္လာမည္နည္း ။။

"" အခုလဲ ကမ႓ာႀကီးက ပ်က္စီးေနတာမွ မဟုတ္တာ..."" ခံစားမဲ့စြာ ထြက္လာသၫ့္ အသံက ေရွာင္ထ်န္း၏ စက္ရုပ္အသံထက္ပင္ ေအးစက္ေနခဲ့သည္ ။

တန္ယုေျပာသည္က မွန္ေလသည္ ဒီလူက ကမ႓ာႀကီး ဘာျဖစ္ျဖစ္ ဂရုမစိုက္ေပ ။

ေရွာင္ထ်န္းက တစ္စံုတစ္ခုကို အမွတ္ရသြားသၫ့္ ဟန္ျဖင့္ သူ႔အသံက ထူးဆန္းသြားေလသည္ ။ / သခင္ ကမ႓ာအစစ္ကို ျပန္မသြားခ်င္တာလား.. /

သူ႔သခင္သည္ ျပန္မည္ဟု ေရရြတ္ေသာ္ျငား အလြန္ေအးေဆးကာ သက္ေတာင့္ သက္သာ ျဖစ္ေနသည္ကို ျမင္ႏိုင္ေလသည္ ။ ကမ႓ာအစစ္ကို ျပန္မည္ဟု စိတ္အားသန္မႈမ်ားက မွတ္ဉာဏ္ျပန္ရရခ်င္း ခနသာ ေပၚလာခဲ့ၿပီးေနာက္ ေပ်ာက္သြားခဲ့သည္ ။ သူသည္ လူသားတစ္ေယာက္ မဟုတ္ေသာ္လည္း လူသာ‌းေတြနဲ႔ တန္းတူသၫ့္ ဉာဏ္ရည္ကို ပိုင္ဆိုင္ထားသည္။ လူသားေတြထဲက ထိပ္တန္းပါရမီရွင္မ်ားနဲ႔ပင္ ယွဉ္ႏိုင္သၫ့္ စက္ရုပ္တစ္ခု ျဖစ္သည္ ။ ဒါေတာင္ သူက သူ႔သခင္၏ တီထြင္မႈတစ္ခုသာ ။

သူ႔သခင္သာ အဓိကစနစ္ကို တိုက္ရိုက္ထိုးေဖာက္မည္ဆိုလ်ွင္ ေအာင္ျမင္ႏိုင္သၫ့္ ရာခိုင္ႏွုန္းေတာ္ေတာ္ျမင့္လိမ့္မည္ဟု ယူဆရသည္ ။ သို႔ေသာ္ သူ႔သခင္က ‌ေျဖးညင္းစြာ တစ္လွမ္းခ်င္းသာ လုပ္‌ေနခဲ့ျခင္းက သူ႔အား နားမလည္ႏိုင္ ျဖစ္ေစသည္ ။ ဒီလူက ပံုရိပ္ေယာင္ေလာကတြင္ ေနႏိုင္သမ်ွ ေနရန္ ႀကံစည္ေနသည္နဲ႔ပင္ တူေလသည္ ။

လူသားေတြက တကယ္ ရႈပ္တာဘဲ ..

/ သခင္!!! ဘာလုပ္တာလဲ!! / ဖန္သားျပင္တြင္ ေရြ့လ်ားေနသၫ့္ လက္ေခ်ာင္းမ်ားေၾကာင့္ ေရွာင္ထ်န္းက နားမလည္စြာ ေမးလိုက္သည္ ။ သို႔ေသာ္ ေနာက္တစကၠန႔္တြင္ သူဘာေမးေနသလဲ မသိေတာ့ေပ ။ ' ခုနက ငါ ဘာအ‌ေျကာင္း‌ေျပာေနတာလဲ ..'

***

မနက္အခ်ိန္တြင္ အိမ္‌ေတာ္ထိန္းက အေပၚထပ္သို႔ တက္လာကာ စီရန္ယြီ အခန္းတံခါးကို ညင္သာစြာ ေခါက္လိုက္သည္ ။ သခင္ေလးက အခုတေလာ အိမ္တြင္ မနက္စာ စားေလ့မရိွေသာ္ျငား သတိေပးရမၫ့္ သူ႔တာဝန္ ရိွေနသည္မလား ...

" သခင္ေလး!!! မနက္စာ စားခ်ိန္ေရာက္ပါၿပီ .."

အခန္းထဲမွ တုန႔္ျပန္မႈ မရိွေခ် ။ ေရခ်ိဳးခန္းထဲတြင္ ေရသံမ်ား ၾကားေနရသျဖင့္ သူက ေရခ်ိဳးေနသည္ဟု မွတ္ယူက ျပန္လွၫ့္ရန္ျပင္လိုက္သည္ ။

" ဦးေလးဝမ္.. ရိုယင္ ကို စာၾကၫ့္ခန္းထဲ လာဖို႔ ေျပာလိုက္ .. မနက္စာကို စာၾကၫ့္ခန္းထဲ ပို႔ထားလိုက္ရင္ ရၿပီ .." တျခားအခန္းမွ ထြက္လာကာ ေျပာလာသၫ့္ သခင္ေလးျဖစ္သူအား အိမ္ေတာ္ထိန္းဝမ္မွာ ေၾကာင္ၾကၫ့္ေနလိုက္သည္။ သခင္ေလးက ဒီမွာဆို အခန္းထဲမွာ ေရခ်ိဳးေနတာက ဘယ္သူလဲ ...

စီရန္ယြီ သူ႔အခန္းကို ၾကၫ့္လိုက္သည္ ။ အခုထိ ဒီမွာ ရိွေနေသးတာလား ..

သူ႔အယူအဆအရ မေန့က အျဖစ္အပ်က္ၿပီးေနာက္ စုယန္ခ်ဳးက ထြက္သြားလိမ့္မည္ဟု .. ။ စီရန္ယြီက စုတ္တစ္ခ်က္သတ္လိုက္ကာ အခန္းထဲသို႔ ဝင္သြားလိုက္သည္ ။ မင္းက ကိုယ္တိုင္ ထြက္မသြားခ်င္ရင္ ငါက ဆြဲထုတ္မယ္..

အိမ္ေတာ္ထိန္း က ခနတုန႔္ဆိုင္းၿပီးေနာက္ ‌စီရန္ယြီ‌ေနာက္မွ လိုက္ဝင္လိုက္သည္ ။

အခန္းထဲတြင္ အနဲငယ္တြန႔္ေၾကေနသၫ့္ ေစာင္မ်ားမွ လြဲ၍ ထူးထူးျခားျခား ျမင္ကြင္း မရိွ‌သျဖင့္ အိမ္ေတာ္ထိန္းက အနဲငယ္ စိတ္သက္သာရာရသြားသည္ ။ မဟုတ္ရင္ သူက သခင္ႀကီးအား ဘယ္လို အေၾကာင္းျပန္ၾကားရမလဲ အခက္ေတြ့ဦးမည္ .. 

စီရန္ယြီ တိုက္ရိုက္ပင္ ေရခ်ိဳးခန္းဆီသို႔ ဦးတည္သြားကာ တံခါးဖြင့္လိုက္သည္ ။ အထဲက ျမင္ကြင္းက လူတိုင္း၏ ႏွလံုးသားကို နာက်င္သြားေစႏိုင္ေလာက္သည္ ။ ‌ေဘာင္းဘီတိုေလးသာ ဝတ္ထားသၫ့္ လူငယ္ေလးသည္ ေရပန္းေအာက္တြင္ ေကြးေကြးေလး ထိုင္ေနကာ ႏူတ္ခမ္းမ်ား တဆတ္ဆတ္တုန္ယင္ေနသည္ ။ အခ်ိန္တိုင္းေတာက္ပေနသၫ့္ မ်က္ဝန္းမ်ားက အခုခ်ိန္တြင္ ေမ်ွာ္လင့္ခ်က္မဲ့ေနဟန္ ‌တိမ္မဲမ်ား ရစ္သိုင္းေနသည္ဟုပင္ ထင္ရသည္ ။

ထိုမ်က္ဝန္းမ်ားက တံခါးနားတြင္ ရပ္ေနသၫ့္ စီရန္ယြီ ထံ ေမာ့ၾကၫ့္လာသည္ ။ ျဖဴေဖ်ာ့ေနသၫ့္ ႏူတ္ခမ္းေလးက ခပ္ေရးေရး ျမင့္တက္ကာ အၿပံဳးႏုႏုေလး ျဖစ္ေပၚလာသည္ ။

" သခင္ေလး.." ဟု ညင္သာစြာ ေခၚလာသၫ့္အသံက ေနာက္ဆံုးေခၚသံအလား စိတ္ဝိညာဉ္ကို တုန္လႈပ္သြားေစႏိုင္ေလာက္ေအာင္ သနားစရာေကာင္းလွသည္ ။

စီရန္ယြီ က စုတ္တစ္ခ်က္သတ္လိုက္ကာ ေအးစက္စြာ ေျပာလိုက္သည္ ။ " တစ္ေယာက္ေယာက္ကို ေခၚၿပီး.. သူ ့ကို ေခၚထုတ္လာစမ္း!!.."

အိမ္ေတာ္ထိန္းက လူသြားေခၚေနသၫ့္ အခ်ိန္မွာပင္ စုယန္ခ်ဳး၏ အျမင္မ်ား ေဝဝါးသြားကာ ေမ့လဲသ‌ြားေတာ့သည္။ ေမ့လဲသြားသၫ့္တိုင္ အၿပံဳးႏုႏုက ရိွေနဆဲပင္ ။ ' ရန္ယြီက ငါ့ကို ဂရုစိုက္ေနေသးတယ္.. သူ႔ႏွလံုးသားကို ပိုင္ဆိုင္ရဖို႔ ထပ္ၿပီး ႀကိဳးစားခြင့္ ရိွေသးတယ္ ..'

________________________
ေနမေကာင္းဘူး ဝူးးဝူးး 😭😣

Ep.6.7 က အေျဖႏွစ္ခုကို ေျပာျပမယ္ေနာ္..

1. ရြမ္းရီ လူ႔အာရံုေၾကာထဲကေန ဘာစမ္းသပ္ေနတာလဲ ဆိုတဲ့ အေျဖ ( သူက သူ႔ကို ကယ္လိုက္တဲ့ အလင္းလံုးေလးက ဘာလဲဆိုတာ စမ္းသပ္တာ .. )

2. စီရန္ယြီ ရြမ္းရီ ကို ေတြ့တုန္းက စိတ္စြမ္းအင္ ဘာလို႔ အားနည္းေနတာလဲ ဆိုတဲ့ အေျဖ

( ML က ပံုရိပ္ေယာင္တစ္ခုေလ.. သူ႔မွာ ဘယ္လိုလုပ္ အစြမ္းရိွမွာလဲ .. ေသခ်ာေပါက္ အလင္းလံုးေလးက အရင္ဘဝက MC ထၫ့္ေပးလိုက္တဲ့ စိတ္စြမ္းအင္ဘဲ .. အႏၲရယ္ႀကံဳလာတဲ့အခ်ိန္မွာ အသံုးျပဳလိုက္ရလို႔ .. အားနည္းသ‌ြားတာေလ )

လြယ္တဲ့မလား.. ဘာလို႔ မသိၾကတာလဲ စဉ္းစားလို႔မရဘူး 😐 () 👈 ကဟာ မေျဖဘဲေတာင္ အမွတ္က ေပးမလို႔ဟာကို ..

ရႈပ္ေနတာကို ရႈပ္ေအာင္ေမးမိတဲ့ သာသာအမွားပါ 🙃🤣
________________
Unicode

ခုနက အဖြစ်အပျက်ပြီးနောက် စီရန်ယွီက ရှောင်ထျန်း၏ ပွစိပွစိ လုပ်ခြင်းအား ခံရတော့သည် ။

/ သခင်!!! သခင်!!! အဓိကစနစ်ကို ထိန်းချုပ်ဖို့ နည်းလမ်းရှိတယ်မလား .. မဟုတ်သေးဘူး .. ထိန်းချုပ်နိုင်တယ်မလား/

ကုတင်ထက်က လူထံမှ တုန့်ပြန်သံ မကြားရပေ ။

/ သခင်!!! လူသားမျိုးနွယ်ရဲ့ 78% က အဓိကစနစ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီ ../

ပြန်လည်ဖြေကြားမှု မရှိ တိတ်ဆိတ်နေတုန်းပင်..။

/ သခင်က ကမ်ဘာအစစ်ကို အမြန်ပြန်ပြီးတော့.. အဓိကစနစ်ကို ပြန်လုယူပြီး သူတို့ကို ကယ်တင်ရမယ်လေ../

ရှောင်ထျန်းသည် သူ့ရဲ့ တီထွင်မှုတစ်ခုဖြစ်သော်လည်း အသက်သွင်းကတည်းက နေလာရသည်က အယ်လ်နဲ့သာ ဖြစ်သည် ။ စက်ပစ္စည်းတစ်ခု အနေနဲ့ တုပခြင်းသည်သာ သူတို့ရဲ့ သင်ယူနိုင်စွမ်းရည်ကို တိုးတက်စေပြီး အမှုအကျင့်များကို ပြောင်းလဲပေးသည် ။ သူ့ထံတွင် အယ်လ်၏ ရည်ရွယ်ချက်ဖြစ်သည့် ကမ်ဘာကြီးကို ကယ်တင်မယ်ဆိုတဲ့ အရာကို စွဲလမ်းနေရာ သူ့အား reset မလုပ်မချင်း ထိုအချက်သည် သူ့စနစ်ထဲတွင် ရှိနေမည်သာ ။

အင်းးး ရှောင်ထျန်းက အလိုအလျောက် အဆင့်မြင့်သွားပြီး ဉာဏ်ရည်မြင့်တာထက် ကျော်လွန်ကာ လူသားတွေလို ခံစားချက်တွေ ရှိသွားလျှင်တော့ .. တစ်မျိုးပေါ့လေ..။

သို့သော် ထိုအဖြစ်က တွေးကြည့်လိုက်ရုံဖြင့် ကြောက်စရာကောင်းလှသည် ။‌ ရှောင်ထျန်း တွင် သူ တင်မက အခြားထက်မြတ်သည့် သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိမှု မျိုးစုံကို ထည့်သွင်းထားခဲ့သည် ။ ဒီ စနစ်ငယ်လေးထဲတွင် ကမ်ဘာကြီးရဲ့ လျို့ဝှက်ချက်မျိုးစုံ ရှိနေခြင်း ။

ရှောင်ထျန်းသာ ကိုယ်ပိုင်အသိစိတ်ရရှိသွားခဲ့ပြီး မကောင်းသည့် ဘက်ခြမ်းကို ရောက်ရှိသွားပါက .. မတွေးဝံ့စရာကိစ္စများ ဖြစ်လာ‌လိမ့်မည် ။ ထိုအခါ လူသားတွေက တကယ့် ကပ်ဆိုး ဆိုသည့် အရာကို ကြုံတွေ့ရပေလိမ့်မည်..

ဒီလို လူထိန်းချုပ်ထားသည့် အဓိကစနစ်ကပင် ကြောက်စရာကောင်းနေရာ ကိုယ်ပိုင်အသိစိတ် ရှိသွားသည့် စနစ်တစ်ခုသည် မည်မျှ ထိတ့်လန့်စရာကောင်းလိမ့်မည်နည်း ..။

မှိတ်ထားသည့် မျက်လုံးများသည် မပွင့်လာသော်လည်း မျက်‌မှောင်ကြုတ်သွားလေသည် ။ ' အယ်လ် က စက်ရုပ်တစ်ခုကို ခံစားချက်တွေ သင်ပေးနေတာဘဲ ..' နို့မဟုတ်လျှင် ရှောင်ထျန်းက ကမ်ဘာကြီးကို ကယ်တင်ဖို့ စိတ်အားထက်သန်မှုများက ဘယ်က ရောက်လာမည်နည်း ။။

"" အခုလဲ ကမ်ဘာကြီးက ပျက်စီးနေတာမှ မဟုတ်တာ..."" ခံစားမဲ့စွာ ထွက်လာသည့် အသံက ရှောင်ထျန်း၏ စက်ရုပ်အသံထက်ပင် အေးစက်နေခဲ့သည် ။

တန်ယုပြောသည်က မှန်လေသည် ဒီလူက ကမ်ဘာကြီး ဘာဖြစ်ဖြစ် ဂရုမစိုက်ပေ ။

ရှောင်ထျန်းက တစ်စုံတစ်ခုကို အမှတ်ရသွားသည့် ဟန်ဖြင့် သူ့အသံက ထူးဆန်းသွားလေသည် ။ / သခင် ကမ်ဘာအစစ်ကို ပြန်မသွားချင်တာလား.. /

သူ့သခင်သည် ပြန်မည်ဟု ရေရွတ်သော်ငြား အလွန်အေးဆေးကာ သက်တောင့် သက်သာ ဖြစ်နေသည်ကို မြင်နိုင်လေသည် ။ ကမ်ဘာအစစ်ကို ပြန်မည်ဟု စိတ်အားသန်မှုများက မှတ်ဉာဏ်ပြန်ရရချင်း ခနသာ ပေါ်လာခဲ့ပြီးနောက် ပျောက်သွားခဲ့သည် ။ သူသည် လူသားတစ်ယောက် မဟုတ်သော်လည်း လူသာ‌းတွေနဲ့ တန်းတူသည့် ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည်။ လူသားတွေထဲက ထိပ်တန်းပါရမီရှင်များနဲ့ပင် ယှဉ်နိုင်သည့် စက်ရုပ်တစ်ခု ဖြစ်သည် ။ ဒါတောင် သူက သူ့သခင်၏ တီထွင်မှုတစ်ခုသာ ။

သူ့သခင်သာ အဓိကစနစ်ကို တိုက်ရိုက်ထိုးဖောက်မည်ဆိုလျှင် အောင်မြင်နိုင်သည့် ရာခိုင်နှုန်းတော်တော်မြင့်လိမ့်မည်ဟု ယူဆရသည် ။ သို့သော် သူ့သခင်က ‌ဖြေးညင်းစွာ တစ်လှမ်းချင်းသာ လုပ်‌နေခဲ့ခြင်းက သူ့အား နားမလည်နိုင် ဖြစ်စေသည် ။ ဒီလူက ပုံရိပ်ယောင်လောကတွင် နေနိုင်သမျှ နေရန် ကြံစည်နေသည်နဲ့ပင် တူလေသည် ။

လူသားတွေက တကယ် ရှုပ်တာဘဲ ..

/ သခင်!!! ဘာလုပ်တာလဲ!! / ဖန်သားပြင်တွင် ရွေ့လျားနေသည့် လက်ချောင်းများကြောင့် ရှောင်ထျန်းက နားမလည်စွာ မေးလိုက်သည် ။ သို့သော် နောက်တစက္ကန့်တွင် သူဘာမေးနေသလဲ မသိတော့ပေ ။ ' ခုနက ငါ ဘာအ‌ကြောင်း‌ပြောနေတာလဲ ..'

***

မနက်အချိန်တွင် အိမ်‌တော်ထိန်းက အပေါ်ထပ်သို့ တက်လာကာ စီရန်ယွီ အခန်းတံခါးကို ညင်သာစွာ ခေါက်လိုက်သည် ။ သခင်လေးက အခုတလော အိမ်တွင် မနက်စာ စားလေ့မရှိသော်ငြား သတိပေးရမည့် သူ့တာဝန် ရှိနေသည်မလား ...

" သခင်လေး!!! မနက်စာ စားချိန်ရောက်ပါပြီ .."

အခန်းထဲမှ တုန့်ပြန်မှု မရှိချေ ။ ရေချိုးခန်းထဲတွင် ရေသံများ ကြားနေရသဖြင့် သူက ရေချိုးနေသည်ဟု မှတ်ယူက ပြန်လှည့်ရန်ပြင်လိုက်သည် ။

" ဦးလေးဝမ်.. ရိုယင် ကို စာကြည့်ခန်းထဲ လာဖို့ ပြောလိုက် .. မနက်စာကို စာကြည့်ခန်းထဲ ပို့ထားလိုက်ရင် ရပြီ .." တခြားအခန်းမှ ထွက်လာကာ ပြောလာသည့် သခင်လေးဖြစ်သူအား အိမ်တော်ထိန်းဝမ်မှာ ကြောင်ကြည့်နေလိုက်သည်။ သခင်လေးက ဒီမှာဆို အခန်းထဲမှာ ရေချိုးနေတာက ဘယ်သူလဲ ...

စီရန်ယွီ သူ့အခန်းကို ကြည့်လိုက်သည် ။ အခုထိ ဒီမှာ ရှိနေသေးတာလား ..

သူ့အယူအဆအရ မနေ့က အဖြစ်အပျက်ပြီးနောက် စုယန်ချုးက ထွက်သွားလိမ့်မည်ဟု .. ။ စီရန်ယွီက စုတ်တစ်ချက်သတ်လိုက်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည် ။ မင်းက ကိုယ်တိုင် ထွက်မသွားချင်ရင် ငါက ဆွဲထုတ်မယ်..

အိမ်တော်ထိန်း က ခနတုန့်ဆိုင်းပြီးနောက် ‌စီရန်ယွီ‌နောက်မှ လိုက်ဝင်လိုက်သည် ။

အခန်းထဲတွင် အနဲငယ်တွန့်ကြေနေသည့် စောင်များမှ လွဲ၍ ထူးထူးခြားခြား မြင်ကွင်း မရှိ‌သဖြင့် အိမ်တော်ထိန်းက အနဲငယ် စိတ်သက်သာရာရသွားသည် ။ မဟုတ်ရင် သူက သခင်ကြီးအား ဘယ်လို အကြောင်းပြန်ကြားရမလဲ အခက်တွေ့ဦးမည် .. 

စီရန်ယွီ တိုက်ရိုက်ပင် ရေချိုးခန်းဆီသို့ ဦးတည်သွားကာ တံခါးဖွင့်လိုက်သည် ။ အထဲက မြင်ကွင်းက လူတိုင်း၏ နှလုံးသားကို နာကျင်သွားစေနိုင်လောက်သည် ။ ‌ဘောင်းဘီတိုလေးသာ ဝတ်ထားသည့် လူငယ်လေးသည် ရေပန်းအောက်တွင် ကွေးကွေးလေး ထိုင်နေကာ နူတ်ခမ်းများ တဆတ်ဆတ်တုန်ယင်နေသည် ။ အချိန်တိုင်းတောက်ပနေသည့် မျက်ဝန်းများက အခုချိန်တွင် မျှော်လင့်ချက်မဲ့နေဟန် ‌တိမ်မဲများ ရစ်သိုင်းနေသည်ဟုပင် ထင်ရသည် ။

ထိုမျက်ဝန်းများက တံခါးနားတွင် ရပ်နေသည့် စီရန်ယွီ ထံ မော့ကြည့်လာသည် ။ ဖြူဖျော့နေသည့် နူတ်ခမ်းလေးက ခပ်ရေးရေး မြင့်တက်ကာ အပြုံးနုနုလေး ဖြစ်ပေါ်လာသည် ။

" သခင်လေး.." ဟု ညင်သာစွာ ခေါ်လာသည့်အသံက နောက်ဆုံးခေါ်သံအလား စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်လောက်အောင် သနားစရာကောင်းလှသည် ။

စီရန်ယွီ က စုတ်တစ်ချက်သတ်လိုက်ကာ အေးစက်စွာ ပြောလိုက်သည် ။ " တစ်ယောက်ယောက်ကို ခေါ်ပြီး.. သူ ့ကို ခေါ်ထုတ်လာစမ်း!!.."

အိမ်တော်ထိန်းက လူသွားခေါ်နေသည့် အချိန်မှာပင် စုယန်ချုး၏ အမြင်များ ဝေဝါးသွားကာ မေ့လဲသ‌ွားတော့သည်။ မေ့လဲသွားသည့်တိုင် အပြုံးနုနုက ရှိနေဆဲပင် ။ ' ရန်ယွီက ငါ့ကို ဂရုစိုက်နေသေးတယ်.. သူ့နှလုံးသားကို ပိုင်ဆိုင်ရဖို့ ထပ်ပြီး ကြိုးစားခွင့် ရှိသေးတယ် ..'

________________________
နေမကောင်းဘူး ဝူးးဝူးး 😭😣

Ep.6.7 က အဖြေနှစ်ခုကို ပြောပြမယ်နော်..

1. ရွမ်းရီ လူ့အာရုံကြောထဲကနေ ဘာစမ်းသပ်နေတာလဲ ဆိုတဲ့ အဖြေ ( သူက သူ့ကို ကယ်လိုက်တဲ့ အလင်းလုံးလေးက ဘာလဲဆိုတာ စမ်းသပ်တာ .. )

2. စီရန်ယွီ ရွမ်းရီ ကို တွေ့တုန်းက စိတ်စွမ်းအင် ဘာလို့ အားနည်းနေတာလဲ ဆိုတဲ့ အဖြေ

( ML က ပုံရိပ်ယောင်တစ်ခုလေ.. သူ့မှာ ဘယ်လိုလုပ် အစွမ်းရှိမှာလဲ .. သေချာပေါက် အလင်းလုံးလေးက အရင်ဘဝက MC ထည့်ပေးလိုက်တဲ့ စိတ်စွမ်းအင်ဘဲ .. အန္တရယ်ကြုံလာတဲ့အချိန်မှာ အသုံးပြုလိုက်ရလို့ .. အားနည်းသ‌ွားတာလေ )

လွယ်တဲ့မလား.. ဘာလို့ မသိကြတာလဲ စဉ်းစားလို့မရဘူး 😐 () 👈 ကဟာ မဖြေဘဲတောင် အမှတ်က ပေးမလို့ဟာကို ..

ရှုပ်နေတာကို ရှုပ်အောင်မေးမိတဲ့ သာသာအမှားပါ 🙃🤣
________________

Continue Reading

You'll Also Like

924K 49K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
976K 35.3K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
205K 5.3K 56
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...
507K 31.2K 50
"မင်းချစ်သူမောင် !!!" "အင်း....မင်းချစ်သူ~~~~~မောင် လေ" "မင္းခ်စ္သူေမာင္" "အင္း....မင္းခ်စ္သူ....ေမာင္ေလ..."