ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.6.7

3.2K 519 120
By devil61002

ရြမ္းရီက ကလန္ကလား စီရန္ယြီ အား သယ္ရင္း ေျမေအာက္ခန္းသို႔ သြားရန္ ျပင္လိုက္သည္ ။ ေျမေအာက္ခန္းနဲ႔ ခ်ိတ္ဆက္ထားသၫ့္ ေနရာသၫ့္ သူ႔အိမ္ေနာက္က ဂိုေထာင္ျဖစ္ကာ သူက အရင္ဆံုး အိမ္ျပင္သို႔ ထြက္ရန္လိုသည္ ။ ခါတိုင္းကဲ့သို႔ ညအခ်ိန္မဟုတ္သျဖင့္ သူက အခက္ေတြ့ေနခဲ့သည္။

" ‌ေရွာင္ရီ!!! ေကာင္ေလး.. ဒီလူအိုႀကီးကို တံခါးဖြင့္ေပးစမ္းပါဦး .."

' ေသာက္ခြဘဲ!! ဒီအခ်ိန္မွ ..' ရြမ္းရီက တံခါးအျပင္ဘက္က ေအာ္သံေၾကာင့္ အနည္းငယ္ ျပာယာခတ္သြားကာ စီရန္ယြီအား နီးစပ္ရာ အခန္းထဲသို႔ ပစ္ထၫ့္လိုက္ၿပီး ေသာ့ခတ္ထားလိုက္သည္ ။

" ဆရာ!! .. ဘာကိစၥရိွလို႔လဲ .."

ေဒါက္တာက်င္းက တည္ၿငိမ္သၫ့္အၿပံဳးေလးျဖင့္ ေမးလာသၫ့္ တပၫ့္ျဖစ္သူအား မ်က္ေစာင္းခဲကာ ၾကၫ့္လိုက္သည္ ။ " မင္းက ငါ့ကို အိမ္ထဲေတာင္ ဝင္ခြင့္ မျပဳဘူးေပါ့ေလ .. "    တကယ္ေတာ့ သူက စေနာက္လိုက္ျခင္းသာ .. သူ႔တပၫ့္က အလြန္စိတ္ထားေကာင္းျခင္းေၾကာင့္ သူက စိုးရိမ္ေနရတာျဖစ္သည္ ။ မေကာင္းသၫ့္ အႀကံအစည္ရိွသၫ့္ သူကိုသာ အိမ္ထဲဝင္ခြင့္ျပဳလိုက္ပါက ဒုကၡေရာက္သြားမည္ကို စိုးရိမ္ရသည္ ။ ဒါ့အျပင္ အခုတေလာ လူသတ္မႈေတြက ေပါမ်ားလာသည္ မဟုတ္လား .. ။

အခုတင္ေလး သူ႔သူငယ္ခ်င္း မူခင္းေဆးဆရာဝန္ဆီက ျပန္လာခဲ့ျခင္း ။ သတ္ခံထားရသူမ်ားသည္ အလြန္ရုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနကာ လူသတ္သမားက ဘယ္ေလာက္ေသြးေအး ရက္စက္ေၾကာင္း ေဖာ္ျပေနသလိုပင္ ။ ဒီလိုလူေတြလက္ထဲသာ သူ႔တပၫ့္ ေရာက္သြားပါက မေတြးဝံ့စရာေပ ။ ဒီရုပ္ သန႔္သန႔္ေလးရိွႏိုင္ပါဦးမလား မသိႏိုင္ေပ ။

ရြမ္းရီ က အသာေခါင္းကုတ္လိုက္ကာ ႏွစ္လိုဖြယ္ၿပံဳးလိုက္ၿပီး  " ဝင္ပါ .. ဆရာ .. ကြၽန္ေတာ္ ေကာ္ဖီ ေဖ်ာ္လိုက္ဦးမယ္ .." 

" မလိုေတာ့ဘူး .. ခနေနရင္ ငါျပန္မွာ .." ေဒါက္တာက်င္း က လက္ကာျပကာ ေျပာသည္ ။ " ဆရာ .. စီမိသားစုမွာ မိသားစုဆရာဝန္ လုပ္တာ သိတယ္မလား .."

ရြမ္းရီ ေခါင္းညိတ္ေနရင္း ရပ္တန႔္သြားသည္ ။ စီမိသားစု ?? သူ႔အၾကၫ့္က အခန္းတစ္ခုထံသို႔ ေရာက္သြားသည္ ။ ေနာက္ဆံုးေတာ့ သူမွတ္မိသြားခဲ့ၿပီ ။ ဒီ ႏွာဘူးေကာင္က စီမိသားစုကဘဲ .. သူတို႔ ပထမဆံုး ေတြ့တုန္းက ကေတာက္ကဆ ျဖစ္ခဲ့ေသာ္လည္း ခနသာၾကာၿပီး တဖက္က လစ္လ်ဳရႈသြားရာ သူကလဲ ေမ့ပစ္လိုက္သည္ ။ ျပန္ေတြ့သၫ့္အခ်ိန္တြင္လည္း ေဒါသသာ ထြက္ေနရသျဖင့္ တစ္ခါသာ ေတြ့ဖူးသၫ့္ သူအား ေခါင္းထဲ မေရာက္သည္မွာ မထူးဆန္းေပ ..။

ဒါေပမဲ့.. ႏွာဘူးေကာင္က စီမိသားစုက .. ငါ သူ႔ကို သတ္လိုက္ရင္ ျပႆနာတခ်ိဳ႕ ေနာက္ကပါလာလိမ့္မယ္ ... လႊတ္ေပးျပန္ရင္လည္း သေကာင့္သားက အၿငိမ္ေနမွာ မဟုတ္ဘူး ..

" ေရွာင္ရီ!!! ေရွာင္ရီ!!! ဆရာေျပာတာ သေဘာတူလား "

ရြမ္းရီ အေတြးစကို ျဖတ္လိုက္ၿပီး ကို႔ရို႔ကားရား ၿပံဳးကာ " ဟီးးဟီးး မၾကားလိုက္လို႔ ဆရာ ဘာကိုလဲ .. "

" ဆရာ .. ေနာက္လက်ရင္ ႏိုင္ငံျခားကို စမ္းသပ္ခ်က္တစ္ခုအတြက္ သြားရမယ္ .. အဲ့က်ရင္ မင္းက စီမိသားစု ကို ကူညီေပးလို႔ .. ေရာဂါအေသးအမႊားေလာက္ပါဘဲ .  ႀကီးႀကီးမားမား ျဖစ္ရင္ ဆရာ့သူငယ္ခ်င္းကို ေျပာထားတယ္ .."

" ျဖစ္ပါ့မလား .. ဆရာ.." ရြမ္းရီ ကိုယ့္ေသတြင္းကိုယ္တူးမိၿပီဟု ခံစားရသည္ ။ ဒီ ႏွာဘူးေကာင္နဲ႔ ေတြ့ရတာ ကံကို မေကာင္းဘူး .

" အင္းး စီမိသားစုရဲ့ ပထမသခင္ေလးက ေျမေအာက္ေလာကေတြနဲ႔ ပတ္သက္ေနတာဆိုေတာ့ သတိေတာ့ထားကြာ .. ကိုယ္လုပ္စရာရိွတာ လုပ္ရင္ ရၿပီ .. ေနာက္လမွပါ .. ငါက ႀကိဳျပင္စရာေတ ရိွေတာ့ ေမ့သြားမွာ စိုးလို႔ .. "

ရြမ္းရီ: "...." ငါလုပ္မယ္လို႔လဲ မေျပာရေသးပါဘူး

ေဒါက္တာက်င္း ျပန္သြားသၫ့္ အခ်ိန္တြင္ ရြမ္းရီက အခန္းအျပင္တြင္ ရပ္ေနခဲ့သည္ ။

ငါ သတ္ရမလား .. မသတ္ရဘူးလား ..

' ေသစမ္း!!! ေသာက္ရမ္းဒုကၡေပးတယ္.. သတ္မွာ.. ငါ့ကို နမ္းကတည္းက ေသသင့္ေနၿပီ  ' သူက တံခါးလက္ကိုင္အား လွၫ့္လိုက္ရံုသာ ရိွေသး အတြင္းမွ တံခါးကို ဆြဲဖြင့္လိုက္သည္နဲ႔ ႀကံဳလိုက္ရသည္ ။ ထိုအခ်ိန္တြင္ ရြမ္းရီ၏ အေတြးထဲ ဝင္လာသည္က ' ေမ့ေဆးျပယ္ဖို႔ သံုးနာရီေတာင္ လိုေသးတယ္ေလ '

ထိတ့္လန႔္သြားေသာ္လည္း ရြမ္းရီ လ်င္ျမန္စြာ တုန႔္ျပန္ႏိုင္ကာ  ခြဲစိတ္ခန္းသံုး ဓားကို ထုတ္လိုက္ၿပီး အခန္းထဲသို႔ သတိထားကာ ဝင္လာခဲ့သည္ ။ စီရန္ယြီ၏ ကိုယ္ခံပညာက သူ႔ထက္သာေၾကာင္း သိေနေသာေၾကာင့္ သူက အလြန္သတိထားေနခဲ့သည္ ။

အခန္းထဲသို႔ ေရာက္သၫ့္တိုင္ ဘယ္သူ႔ကိုမွ ရွာမေတြ့ခဲ့ေပ ။  သူ ပထမဆံုးေတြးထားသည္က စီရန္ယြီသည္ တိုက္ခိုက္ခ်င္လ်ွင္ သူ႔ လက္ေကာက္ဝတ္ကို အရင္ ေခ်ာင္းေျမာင္းတိုက္ခိုက္မည္ဟုပင္ ။ သို႔တိုင္ အခုထိ ဘယ္နားေပ်ာက္သြားလဲ မသိရေပ ။ ကိုယ္ေပ်ာက္ႏိုင္တာလား .. မျဖစ္ႏိုင္တာ ..

အခန္းသည္ အရံအခန္းျဖစ္ကာ ဘာပစၥည္းမွ မရိွသလို ေရခ်ိဳးခန္း တို႔ ဘာတို႔နဲ႔လည္း ဆက္ထားျခင္း မရိွေပ ။ ဒီတိုင္း အနားယူရန္ အသံုးျပဳသၫ့္ အခန္းတစ္ခန္းသာ ..။ ဘယ္နား သြားပုန္းေနတာလဲ ..

ဒုန္း!!!!

က်ယ္ေလာင္သၫ့္ တံခါးပိတ္သံ အဆံုး ရြမ္းရီက လွၫ့္ၾကၫ့္လိုက္သၫ့္အခ်ိန္တြင္ တံခါးအား မွီလ်က္ ရပ္ေနသၫ့္ စီရန္ယြီ ကို ၾကၫ့္လိုက္သည္ ။ မ်က္ႏွာထက္တြင္ ဘာအမႈအရာမွ မျပေသာ္လည္း စိတ္ထဲတြင္ အလြန္မေက်မနပ္ျဖစ္ေနသည္ ။ သူ အရင္ဆံုး စစ္ေဆးခဲ့တာ တံခါးၾကားထဲ မဟုတ္ပါလား ..

" အခု .. မင္းေလးဆိုတာ ေသခ်ာသြားၿပီ ဆိုေတာ့.. " စီရန္ယြီ က ၿပံဳးၿဖဲျဖဲ လုပ္ကာ " မေန့က ကိုယ္ေျပာလိုက္တဲ့ စကားကို မွတ္မိလို႔ ရၿပီလား .."

" အရူး!! "

" အဲ့ေတာ့ ကိုယ္တို႔က အရမ္းလိုက္ဖက္သြားတာ မဟုတ္ဘူးလား .." စီရန္ယြီ သူ႔ခ်စ္သူ လုပ္ေနသၫ့္အရာအား မသိေသာ္လည္း ခုနက ၾကားသၫ့္ စကားအရ အာရံုေၾကာကို စမ္းသပ္ေနပံုရသည္ ။ ဒီမွာ .. မင္း‌ေလးရဲ့ခ်စ္သူ က တေလာကလံုးမွာ အေတာ္ဆံုး သိပၸံပညာရွင္ေလ .. အဲ့လို စမ္းသပ္မႈေသးေသးေလးကို စာမဖြဲ႔ဘူး .. ကိုယ့္ကို အားကိုးလိုက္ ..

" စီမိသားစုရဲ့ သခင္ေလးက မုဒိမ္းမႈ က်ဳးလြန္မလို႔ေတာ့ မဟုတ္ဘူးမလား .." ရြမ္းရီ က စီရန္ယြီနဲ႔ တိုက္ခိုက္လ်ွင္ သူမႏိုင္မွန္း သိေနသျဖင့္ ရူးမိုက္သၫ့္ ကိစၥကို မလုပ္ေပ ။

စီရန္ယြီက အသံထြက္ ရယ္လိုက္ၿပီး " ဘယ္လိုထင္လဲ .. "

ရြမ္းရီ က ႏွာေခါင္းရႈံလိုက္သည္ ။ ေသခ်ာေပါက္ မုဒိမ္းေကာင္ရုပ္နဲ႔.. ။ သူလက္ထဲက ဓားကို လြင့္ပစ္လိုက္ၿပီး ခပ္မဲ့မဲ့ ၿပံဳးလိုက္ကာ စီရန္ယြီထံေလ်ွာက္သြားလိုက္သည္ ။ " ငါ့ ခႏၶာကိုယ္ကို လိုခ်င္လို႔လား .." သူ႔အတြက္ လူ႔ခႏၶာကိုယ္ ဆိုသည္က စမ္းသပ္ခံ ပစၥည္းတစ္ခုသာ ။ လိုခ်င္လို႔လား .. ယူသြားလိုက္ ..

အလြန္ဆံုးမွ သူ႔ခႏၶာကိုယ္အေပၚက ဒီလူရဲ့ အေငြ့အသက္ေတြ မေပ်ာက္မခ်င္း ေဆးေၾကာရံုသာ .. ပထမဆံု အႀကိမ္မို႔ ရြံ႔ရွာမႈက အေတာ္ေလးၾကာမည္ ျဖစ္ေသာ္လည္း တစ္လႏွစ္လေနရင္ ေပ်ာက္သြားလိမ့္မည္ .. တစ္လႏွစ္လနဲ႔ မရရင္ တစ္ႏွစ္ႏွစ္ႏွစ္‌ေပါ့ ..

အေသခ်ာဆံုးကေတာ့ .. သူ႔ခႏၶာကိုယ္ကို ထိခဲ့သၫ့္ ဒီလူကိုေတာ့ တနည္းနည္းနဲ႔ ေသခ်ာေပါက္ သတ္မည္ ..

သူ႔ရုပ္ရည္ေၾကာင့္ သူ႔ခႏၶာကိုယ္ကို လိုခ်င္သၫ့္ သူမ်ားရိွသည္ ။ ထိုလူမ်ား၏ အလိုရမၼက္မ်ားက သူ႔အား ရြံ႔ရွာေစသည္။ သူပထမဆံုး သတ္ခဲ့သၫ့္ လူသည္ သူ႔အား ေဆးခတ္ကာ ရယူဖို႔ ႀကံစည္ခဲ့သၫ့္ သူပင္ ။ သူ႔ခႏၶာကိုယ္အတြင္းက ရုတ္တရက္ ထြက္လာသၫ့္ အလင္းေလးေၾကာင့္သာ မဟုတ္လ်ွင္ သူက သူ႔ခႏၶာကိုယ္ကို တသက္လံုး ရြံ႔ရွာ မိေနေပလိမ့္မည္ ။ ထိုအခ်ိန္က သူသည္ အလြန္ငယ္ရြယ္ေသးသည္ မဟုတ္လား ..။

စီရန္ယြီ က ရြမ္းရီ၏ မ်က္ဝန္းထဲက ရြံ႔ရွာမႈမ်ားကို အတိုင္းသား ေတြ့ေနရသျဖင့္  ဒီဘဝတြင္ ဒီေကာင္ေလးရဲ့ အခ်စ္ကို ရဖို႔ ဘယ္လိုလုပ္ရမလဲဟု ႀကံဆေနရသည္ ။ သူလည္း ကမ႓ာအစစ္တြင္ စမ္းသပ္မႈ‌ေတြနဲ႔ လံုးပန္းေနသမ်ွ ပံုရိပ္ေယာင္ေလာက ေရာက္မွဘဲ အခ်စ္ေတာင္းခံေနရသၫ့္ ေကာင္ငယ္ေလး ျပန္လုပ္ေနရသည္က ရူးခ်င္စရာေကာင္းလွသည္..။

သူက အနီးအနားသို႔ ေရာက္လာသၫ့္ ရြမ္းရီ၏ မ်က္လံုးမ်ားကို စိုက္ၾကၫ့္လိုက္ကာ ေမွးအား လက္ျဖင့္ ပင့္ကိုင္လိုက္သည္ ။ သူ႔လက္မက ရြမ္းရီ၏ ႏူတ္ခမ္းထက္တြင္ ပြတ္ဆြဲသြားသည္ ။

" ၾကၫ့္ရတာ ..ကိုယ့္ရဲ့ အျပဳအမႈေတြက မင္းကို အထင္လြဲသြားေစပံုဘဲ .." သူက ရြမ္းရီအား ရွာေတြ့လိုက္သၫ့္ အခ်ိန္တြင္ ေျပာမျပတတ္သၫ့္ ေပ်ာ္ရြင္မႈကို ခံစားခဲ့ရသည္။ ထိုေၾကာင့္ စိတ္လႊတ္ကိုယ္လႊတ္ ျပဳမႈမိခဲ့ျခင္း ။

ဘဝတြင္ သူက ဒီေလာက္ ႏွလံုးသားထဲထိ ေပ်ာ္ရြင္ရသၫ့္ ခံစားမႈမ်ိဳး မခံစားခဲ့ရဘူးေပ .. ခ်စ္ရသူရဲ့ အေရးႀကီးတဲ့ တစ္ေယာက္ေသာ သူ ျဖစ္ရသၫ့္ ခံစားခ်က္က တကယ္ေကာင္းမြန္သည္ ..

ဒီေပ်ာ္ရြင္မႈက သူတစ္သက္လံုး မရွာေဖြခဲ့သၫ့္ အရာပင္ ..

သူ႔ရဲ့ မ်က္ဝန္းနက္နက္မ်ားက ရြမ္းရီ၏ မ်က္ဝန္းထဲသို႔ နက္ရိႈင္းစြာ က်ေရာက္သြားသည္ ။

" ကိုယ္က မင္းရဲ့ ႏွလံုးသား ကို လိုခ်င္တာ .."

____________________________

" ေဟ့...လူေတြ မတိုးနဲ႔ေလ.. ေအာ္.. သာသာ အရင္ေရာက္တာေလ.. ဟ .. တိုက္မိကုန္ၿပီ .. စည္းကမ္းမရိွဘူးလားဟ.. ဒုကၡပါဘဲ .." 🙁

ဘာၾကၫ့္ေနတာလဲ .. ရြမ္းရီက " လိုခ်င္ရင္ ယူသြားလိုက္ "        ဆိုလို႔ လာယူၾကတာေလ .. 🙂

________
ဒီအပိုင္းမွာ အေျဖႏွစ္ခုပါတယ္..

တစ္ခုကို ႏွစ္မွတ္ .. ေျဖၾကၫ့္ .. 🤭

[ 10 မွတ္ ရရင္ သာသာဆီက update ေတာင္းႏိုင္တယ္ေနာ္..

အမွတ္ 30 ဆိုရင္ .. ဒီ Novel မွာ arc ေတြ က်န္ေနေသးသေရြ့ ေတာင္းခ်င္တဲ့ arc အမ်ိဳးအစား ေတာင္းႏိုင္တယ္
( ေနာက္ထပ္ system အမ်ိဳးအစား ေရးျဖစ္ရင္လည္း အဲ့အထိ အက်ံဳးဝင္တယ္ ) ]

ေနာက္ပိုင္း စဉ္းစားစရာေတြ ပါႏိုင္တာမို႔ .. ဒါေလး ေျပာျပတာ .. မေျဖခ်င္လည္း သေဘာ သေဘာ .. 🌚❤️

အမွတ္ေတြက ကိုယ္ေရးတဲ့ Novel တိုင္း အက်ံဳးဝင္တယ္ေနာ္ .. 🤭❤️

___________________
Unicode

ရွမ်းရီက ကလန်ကလား စီရန်ယွီ အား သယ်ရင်း မြေအောက်ခန်းသို့ သွားရန် ပြင်လိုက်သည် ။ မြေအောက်ခန်းနဲ့ ချိတ်ဆက်ထားသည့် နေရာသည့် သူ့အိမ်နောက်က ဂိုထောင်ဖြစ်ကာ သူက အရင်ဆုံး အိမ်ပြင်သို့ ထွက်ရန်လိုသည် ။ ခါတိုင်းကဲ့သို့ ညအချိန်မဟုတ်သဖြင့် သူက အခက်တွေ့နေခဲ့သည်။

" ‌ရှောင်ရီ!!! ကောင်လေး.. ဒီလူအိုကြီးကို တံခါးဖွင့်ပေးစမ်းပါဦး .."

' သောက်ခွဘဲ!! ဒီအချိန်မှ ..' ရွမ်းရီက တံခါးအပြင်ဘက်က အော်သံကြောင့် အနည်းငယ် ပြာယာခတ်သွားကာ စီရန်ယွီအား နီးစပ်ရာ အခန်းထဲသို့ ပစ်ထည့်လိုက်ပြီး သော့ခတ်ထားလိုက်သည် ။

" ဆရာ!! .. ဘာကိစ္စရှိလို့လဲ .."

ဒေါက်တာကျင်းက တည်ငြိမ်သည့်အပြုံးလေးဖြင့် မေးလာသည့် တပည့်ဖြစ်သူအား မျက်စောင်းခဲကာ ကြည့်လိုက်သည် ။ " မင်းက ငါ့ကို အိမ်ထဲတောင် ဝင်ခွင့် မပြုဘူးပေါ့လေ .. "    တကယ်တော့ သူက စနောက်လိုက်ခြင်းသာ .. သူ့တပည့်က အလွန်စိတ်ထားကောင်းခြင်းကြောင့် သူက စိုးရိမ်နေရတာဖြစ်သည် ။ မကောင်းသည့် အကြံအစည်ရှိသည့် သူကိုသာ အိမ်ထဲဝင်ခွင့်ပြုလိုက်ပါက ဒုက္ခရောက်သွားမည်ကို စိုးရိမ်ရသည် ။ ဒါ့အပြင် အခုတလော လူသတ်မှုတွေက ပေါများလာသည် မဟုတ်လား .. ။

အခုတင်လေး သူ့သူငယ်ချင်း မူခင်းဆေးဆရာဝန်ဆီက ပြန်လာခဲ့ခြင်း ။ သတ်ခံထားရသူများသည် အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်နေကာ လူသတ်သမားက ဘယ်လောက်သွေးအေး ရက်စက်ကြောင်း ဖော်ပြနေသလိုပင် ။ ဒီလိုလူတွေလက်ထဲသာ သူ့တပည့် ရောက်သွားပါက မတွေးဝံ့စရာပေ ။ ဒီရုပ် သန့်သန့်လေးရှိနိုင်ပါဦးမလား မသိနိုင်ပေ ။

ရွမ်းရီ က အသာခေါင်းကုတ်လိုက်ကာ နှစ်လိုဖွယ်ပြုံးလိုက်ပြီး  " ဝင်ပါ .. ဆရာ .. ကျွန်တော် ကော်ဖီ ဖျော်လိုက်ဦးမယ် .." 

" မလိုတော့ဘူး .. ခနနေရင် ငါပြန်မှာ .." ဒေါက်တာကျင်း က လက်ကာပြကာ ပြောသည် ။ " ဆရာ .. စီမိသားစုမှာ မိသားစုဆရာဝန် လုပ်တာ သိတယ်မလား .."

ရွမ်းရီ ခေါင်းညိတ်နေရင်း ရပ်တန့်သွားသည် ။ စီမိသားစု ?? သူ့အကြည့်က အခန်းတစ်ခုထံသို့ ရောက်သွားသည် ။ နောက်ဆုံးတော့ သူမှတ်မိသွားခဲ့ပြီ ။ ဒီ နှာဘူးကောင်က စီမိသားစုကဘဲ .. သူတို့ ပထမဆုံး တွေ့တုန်းက ကတောက်ကဆ ဖြစ်ခဲ့သော်လည်း ခနသာကြာပြီး တဖက်က လစ်လျုရှုသွားရာ သူကလဲ မေ့ပစ်လိုက်သည် ။ ပြန်တွေ့သည့်အချိန်တွင်လည်း ဒေါသသာ ထွက်နေရသဖြင့် တစ်ခါသာ တွေ့ဖူးသည့် သူအား ခေါင်းထဲ မရောက်သည်မှာ မထူးဆန်းပေ ..။

ဒါပေမဲ့.. နှာဘူးကောင်က စီမိသားစုက .. ငါ သူ့ကို သတ်လိုက်ရင် ပြဿနာတချို့ နောက်ကပါလာလိမ့်မယ် ... လွှတ်ပေးပြန်ရင်လည်း သကောင့်သားက အငြိမ်နေမှာ မဟုတ်ဘူး ..

" ရှောင်ရီ!!! ရှောင်ရီ!!! ဆရာပြောတာ သဘောတူလား "

ရွမ်းရီ အတွေးစကို ဖြတ်လိုက်ပြီး ကို့ရို့ကားရား ပြုံးကာ " ဟီးးဟီးး မကြားလိုက်လို့ ဆရာ ဘာကိုလဲ .. "

" ဆရာ .. နောက်လကျရင် နိုင်ငံခြားကို စမ်းသပ်ချက်တစ်ခုအတွက် သွားရမယ် .. အဲ့ကျရင် မင်းက စီမိသားစု ကို ကူညီပေးလို့ .. ရောဂါအသေးအမွှားလောက်ပါဘဲ .  ကြီးကြီးမားမား ဖြစ်ရင် ဆရာ့သူငယ်ချင်းကို ပြောထားတယ် .."

" ဖြစ်ပါ့မလား .. ဆရာ.." ရွမ်းရီ ကိုယ့်သေတွင်းကိုယ်တူးမိပြီဟု ခံစားရသည် ။ ဒီ နှာဘူးကောင်နဲ့ တွေ့ရတာ ကံကို မကောင်းဘူး .

" အင်းး စီမိသားစုရဲ့ ပထမသခင်လေးက မြေအောက်လောကတွေနဲ့ ပတ်သက်နေတာဆိုတော့ သတိတော့ထားကွာ .. ကိုယ်လုပ်စရာရှိတာ လုပ်ရင် ရပြီ .. နောက်လမှပါ .. ငါက ကြိုပြင်စရာတေ ရှိတော့ မေ့သွားမှာ စိုးလို့ .. "

ရွမ်းရီ: "...." ငါလုပ်မယ်လို့လဲ မပြောရသေးပါဘူး

ဒေါက်တာကျင်း ပြန်သွားသည့် အချိန်တွင် ရွမ်းရီက အခန်းအပြင်တွင် ရပ်နေခဲ့သည် ။

ငါ သတ်ရမလား .. မသတ်ရဘူးလား ..

' သေစမ်း!!! သောက်ရမ်းဒုက္ခပေးတယ်.. သတ်မှာ.. ငါ့ကို နမ်းကတည်းက သေသင့်နေပြီ  ' သူက တံခါးလက်ကိုင်အား လှည့်လိုက်ရုံသာ ရှိသေး အတွင်းမှ တံခါးကို ဆွဲဖွင့်လိုက်သည်နဲ့ ကြုံလိုက်ရသည် ။ ထိုအချိန်တွင် ရွမ်းရီ၏ အတွေးထဲ ဝင်လာသည်က ' မေ့ဆေးပြယ်ဖို့ သုံးနာရီတောင် လိုသေးတယ်လေ '

ထိတ့်လန့်သွားသော်လည်း ရွမ်းရီ လျင်မြန်စွာ တုန့်ပြန်နိုင်ကာ  ခွဲစိတ်ခန်းသုံး ဓားကို ထုတ်လိုက်ပြီး အခန်းထဲသို့ သတိထားကာ ဝင်လာခဲ့သည် ။ စီရန်ယွီ၏ ကိုယ်ခံပညာက သူ့ထက်သာကြောင်း သိနေသောကြောင့် သူက အလွန်သတိထားနေခဲ့သည် ။

အခန်းထဲသို့ ရောက်သည့်တိုင် ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ ။  သူ ပထမဆုံးတွေးထားသည်က စီရန်ယွီသည် တိုက်ခိုက်ချင်လျှင် သူ့ လက်ကောက်ဝတ်ကို အရင် ချောင်းမြောင်းတိုက်ခိုက်မည်ဟုပင် ။ သို့တိုင် အခုထိ ဘယ်နားပျောက်သွားလဲ မသိရပေ ။ ကိုယ်ပျောက်နိုင်တာလား .. မဖြစ်နိုင်တာ ..

အခန်းသည် အရံအခန်းဖြစ်ကာ ဘာပစ္စည်းမှ မရှိသလို ရေချိုးခန်း တို့ ဘာတို့နဲ့လည်း ဆက်ထားခြင်း မရှိပေ ။ ဒီတိုင်း အနားယူရန် အသုံးပြုသည့် အခန်းတစ်ခန်းသာ ..။ ဘယ်နား သွားပုန်းနေတာလဲ ..

ဒုန်း!!!!

ကျယ်လောင်သည့် တံခါးပိတ်သံ အဆုံး ရွမ်းရီက လှည့်ကြည့်လိုက်သည့်အချိန်တွင် တံခါးအား မှီလျက် ရပ်နေသည့် စီရန်ယွီ ကို ကြည့်လိုက်သည် ။ မျက်နှာထက်တွင် ဘာအမှုအရာမှ မပြသော်လည်း စိတ်ထဲတွင် အလွန်မကျေမနပ်ဖြစ်နေသည် ။ သူ အရင်ဆုံး စစ်ဆေးခဲ့တာ တံခါးကြားထဲ မဟုတ်ပါလား ..

" အခု .. မင်းလေးဆိုတာ သေချာသွားပြီ ဆိုတော့.. " စီရန်ယွီ က ပြုံးဖြဲဖြဲ လုပ်ကာ " မနေ့က ကိုယ်ပြောလိုက်တဲ့ စကားကို မှတ်မိလို့ ရပြီလား .."

" အရူး!! "

" အဲ့တော့ ကိုယ်တို့က အရမ်းလိုက်ဖက်သွားတာ မဟုတ်ဘူးလား .." စီရန်ယွီ သူ့ချစ်သူ လုပ်နေသည့်အရာအား မသိသော်လည်း ခုနက ကြားသည့် စကားအရ အာရုံကြောကို စမ်းသပ်နေပုံရသည် ။ ဒီမှာ .. မင်း‌လေးရဲ့ချစ်သူ က တလောကလုံးမှာ အတော်ဆုံး သိပ္ပံပညာရှင်လေ .. အဲ့လို စမ်းသပ်မှုသေးသေးလေးကို စာမဖွဲ့ဘူး .. ကိုယ့်ကို အားကိုးလိုက် ..

" စီမိသားစုရဲ့ သခင်လေးက မုဒိမ်းမှု ကျုးလွန်မလို့တော့ မဟုတ်ဘူးမလား .." ရွမ်းရီ က စီရန်ယွီနဲ့ တိုက်ခိုက်လျှင် သူမနိုင်မှန်း သိနေသဖြင့် ရူးမိုက်သည့် ကိစ္စကို မလုပ်ပေ ။

စီရန်ယွီက အသံထွက် ရယ်လိုက်ပြီး " ဘယ်လိုထင်လဲ .. "

ရွမ်းရီ က နှာခေါင်းရှုံလိုက်သည် ။ သေချာပေါက် မုဒိမ်းကောင်ရုပ်နဲ့.. ။ သူလက်ထဲက ဓားကို လွင့်ပစ်လိုက်ပြီး ခပ်မဲ့မဲ့ ပြုံးလိုက်ကာ စီရန်ယွီထံလျှောက်သွားလိုက်သည် ။ " ငါ့ ခန္ဓာကိုယ်ကို လိုချင်လို့လား .." သူ့အတွက် လူ့ခန္ဓာကိုယ် ဆိုသည်က စမ်းသပ်ခံ ပစ္စည်းတစ်ခုသာ ။ လိုချင်လို့လား .. ယူသွားလိုက် ..

အလွန်ဆုံးမှ သူ့ခန္ဓာကိုယ်အပေါ်က ဒီလူရဲ့ အငွေ့အသက်တွေ မပျောက်မချင်း ဆေးကြောရုံသာ .. ပထမဆုံ အကြိမ်မို့ ရွံ့ရှာမှုက အတော်လေးကြာမည် ဖြစ်သော်လည်း တစ်လနှစ်လနေရင် ပျောက်သွားလိမ့်မည် .. တစ်လနှစ်လနဲ့ မရရင် တစ်နှစ်နှစ်နှစ်‌ပေါ့ ..

အသေချာဆုံးကတော့ .. သူ့ခန္ဓာကိုယ်ကို ထိခဲ့သည့် ဒီလူကိုတော့ တနည်းနည်းနဲ့ သေချာပေါက် သတ်မည် ..

သူ့ရုပ်ရည်ကြောင့် သူ့ခန္ဓာကိုယ်ကို လိုချင်သည့် သူများရှိသည် ။ ထိုလူများ၏ အလိုရမ္မက်များက သူ့အား ရွံ့ရှာစေသည်။ သူပထမဆုံး သတ်ခဲ့သည့် လူသည် သူ့အား ဆေးခတ်ကာ ရယူဖို့ ကြံစည်ခဲ့သည့် သူပင် ။ သူ့ခန္ဓာကိုယ်အတွင်းက ရုတ်တရက် ထွက်လာသည့် အလင်းလေးကြောင့်သာ မဟုတ်လျှင် သူက သူ့ခန္ဓာကိုယ်ကို တသက်လုံး ရွံ့ရှာ မိနေပေလိမ့်မည် ။ ထိုအချိန်က သူသည် အလွန်ငယ်ရွယ်သေးသည် မဟုတ်လား ..။

စီရန်ယွီ က ရွမ်းရီ၏ မျက်ဝန်းထဲက ရွံ့ရှာမှုများကို အတိုင်းသား တွေ့နေရသဖြင့်  ဒီဘဝတွင် ဒီကောင်လေးရဲ့ အချစ်ကို ရဖို့ ဘယ်လိုလုပ်ရမလဲဟု ကြံဆနေရသည် ။ သူလည်း ကမ်ဘာအစစ်တွင် စမ်းသပ်မှု‌တွေနဲ့ လုံးပန်းနေသမျှ ပုံရိပ်ယောင်လောက ရောက်မှဘဲ အချစ်တောင်းခံနေရသည့် ကောင်ငယ်လေး ပြန်လုပ်နေရသည်က ရူးချင်စရာကောင်းလှသည်..။

သူက အနီးအနားသို့ ရောက်လာသည့် ရွမ်းရီ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ကာ မှေးအား လက်ဖြင့် ပင့်ကိုင်လိုက်သည် ။ သူ့လက်မက ရွမ်းရီ၏ နူတ်ခမ်းထက်တွင် ပွတ်ဆွဲသွားသည် ။

" ကြည့်ရတာ ..ကိုယ့်ရဲ့ အပြုအမှုတွေက မင်းကို အထင်လွဲသွားစေပုံဘဲ .." သူက ရွမ်းရီအား ရှာတွေ့လိုက်သည့် အချိန်တွင် ပြောမပြတတ်သည့် ပျော်ရွင်မှုကို ခံစားခဲ့ရသည်။ ထိုကြောင့် စိတ်လွှတ်ကိုယ်လွှတ် ပြုမှုမိခဲ့ခြင်း ။

ဘဝတွင် သူက ဒီလောက် နှလုံးသားထဲထိ ပျော်ရွင်ရသည့် ခံစားမှုမျိုး မခံစားခဲ့ရဘူးပေ .. ချစ်ရသူရဲ့ အရေးကြီးတဲ့ တစ်ယောက်သော သူ ဖြစ်ရသည့် ခံစားချက်က တကယ်ကောင်းမွန်သည် ..

ဒီပျော်ရွင်မှုက သူတစ်သက်လုံး မရှာဖွေခဲ့သည့် အရာပင် ..

သူ့ရဲ့ မျက်ဝန်းနက်နက်များက ရွမ်းရီ၏ မျက်ဝန်းထဲသို့ နက်ရှိုင်းစွာ ကျရောက်သွားသည် ။

" ကိုယ်က မင်းရဲ့ နှလုံးသား ကို လိုချင်တာ .."

____________________________

" ဟေ့...လူတွေ မတိုးနဲ့လေ.. အော်.. သာသာ အရင်ရောက်တာလေ.. ဟ .. တိုက်မိကုန်ပြီ .. စည်းကမ်းမရှိဘူးလားဟ.. ဒုက္ခပါဘဲ .." 🙁

ဘာကြည့်နေတာလဲ .. ရွမ်းရီက " လိုချင်ရင် ယူသွားလိုက် "        ဆိုလို့ လာယူကြတာလေ .. 🙂

________
ဒီအပိုင်းမှာ အဖြေနှစ်ခုပါတယ်..

တစ်ခုကို နှစ်မှတ် .. ဖြေကြည့် .. 🤭

[ 10 မှတ် ရရင် သာသာဆီက update တောင်းနိုင်တယ်နော်..

အမှတ် 30 ဆိုရင် .. ဒီ Novel မှာ arc တွေ ကျန်နေသေးသရွေ့ တောင်းချင်တဲ့ arc အမျိုးအစား တောင်းနိုင်တယ်
( နောက်ထပ် system အမျိုးအစား ရေးဖြစ်ရင်လည်း အဲ့အထိ အကျုံးဝင်တယ် ) ]

နောက်ပိုင်း စဉ်းစားစရာတွေ ပါနိုင်တာမို့ .. ဒါလေး ပြောပြတာ .. မဖြေချင်လည်း သဘော သဘော .. 🌚❤️

အမှတ်တွေက ကိုယ်ရေးတဲ့ Novel တိုင်း အကျုံးဝင်တယ်နော် .. 🤭❤️

___________________

Continue Reading

You'll Also Like

374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...