ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

843K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.6.5

3.5K 565 49
By devil61002

စီရန္ယြီက လဲက်ေနသၫ့္ လူအား ေျခေထာက္ျဖင့္ ကန္လိုက္သည္ ။ ဒီအေကာင္က ဘာလို႔ ငါ့အလွေလးရဲ့ ဖမ္းတာကို ခံရတာလဲ .. 

စီရန္ယြီ က lollipop တစ္ေခ်ာင္းကို ငံုလိုက္ၿပီး ေဘာင္းဘီ အိတ္ထဲ လက္ထိုးထၫ့္လိုက္ကာ လမ္းၾကားေလးထဲမွ ထြက္လာခဲ့ၿပီး ကိုယ္ရံေတာ္မ်ား ရပ္ေစာင့္ေနသၫ့္ ကားထံသို႔ ေလ်ွာက္သြားလိုက္သည္ ။ ကားထဲသို႔ ဝင္ရန္ျပင္လိုက္သၫ့္အခ်ိတြင္ စုယန္ခ်ဳးကို ကားထဲျမင္လိုက္ရျခင္းေၾကာင့္ ေျခလွမ္းႏွစ္လွမ္း ဆုတ္လိုက္ကာ ကိုယ္ရံေတာ္မ်ားအား ေအးစက္စက္ ၾကၫ့္လ္ုက္သည္ ။

ကိုယ္ရံေတာ္မ်ားမွာ တုန္ယင္သြားကာ " ထုန္လူႀကီးမင္းက .. သခင္ေလးစု က သခင္ႀကီးအသိဆိုၿပီး ခ်န္ရစ္ထားခဲ့တာပါ .." ကိုယ္ရံေတာ္မ်ားသည္ စုယန္ခ်ဳး အား စီအိမ္ေတာ္တြင္ ျမင္ဖူးထားသၫ့္အျပင္ စီရန္ယြီက ဒီေကာင္ေလးအတြက္ ေငြအေျမာက္အျမား သံုးသည္ကိုလည္း ျမင္ဖူးထားၿပီျဖစ္သည္ ။ သၫ့္အတြက္ မျငင္းဆန္ဘဲ ဒီတိုင္းထားလိုက္ျခင္းသာ ။

စီရန္ယြီက ကားထဲတြင္ အိပ္ေပ်ာ္ေနသၫ့္ စုယန္ခ်ဳးအား ၾကၫ့္လိုက္သည္ ။ ေကြးေကြးေလး အိပ္ေပ်ာ္ေနကာ အသက္ရႈသံ တိုးတိုးေလးသာ ၾကားရေနရသည္ ။ ေဖာင္းေနသၫ့္ ပါးေလးမ်ားက နီရဲေနကာ ရွည္လ်ားသၫ့္ မ်က္ေတာင္မ်ားတြင္ ခိုတြဲေနသၫ့္ မ်က္ရည္မ်ားက ဒီေကာင္ေလး ငိုထားသည္ကို သက္ေသထူေနခဲ့သည္ ။

စီရန္ယြီ၏ မ်က္လံုးမ်ားက ေရေသအလား ခံစားခ်က္ ကင္းမဲ့ေနသည္ ။ အရင္ကလို ထိန္းခ်ဳပ္မႈမ်ား မရိွေတာ့ဟု ဆိုေသာ္လည္း သူက ကမ႓ာရဲ့ စည္းခ်က္ ကို ဖ်က္ဆီးခ်င္လ်င္ ကကမ႓ာရဲ့ဇာတ္ေၾကာင္းကို ဖ်က္ရမည္ ျဖစ္သည္ ။ ' ေသာက္လုပ္ရႈပ္ခ်က္က .. တစ္ခါတည္း သတ္ပစ္ခ်င္စိတ္ပါေပါက္တယ္ ..'

" အင္းးး " ခပ္တိုးတိုး ၿငီးျငဴသံနဲ႔ အတူ စုယန္ခ်ဳး၏ ပယင္းေရာင္မ်က္ဝန္းမ်ားက ပြင့္လာေတာ့သည္ ။ သူက ရပ္ေနသၫ့္ စီရန္ယြီကို ျမင္လိုက္သၫ့္အခိုက္တြင္ ႏွစ္ရွည္လမ်ား မေတြ့ရသၫ့္ ရည္းစားေဟာင္းႀကီးအား ျပန္ေတြ့လိုက္ရသၫ့္အလား လြမ္းဆြတ္မႈမ်ားက မ်က္ဝန္းတြင္ ေပၚလာခဲ့သည္ ။

ထိုအျပဳအမႈေသးေသးေလးကို သတိထားမိလိုက္သၫ့္ ေရွာင္ထ်န္း နဲ႔ စီရန္ယြီ က တစ္ၿပိဳင္တည္း ေတြးမိလိုက္သည္ ။

ျပန္လည္ေမြးဖြားလာတာ ....

"" စီရန္ယြီ ေသၿပီးေနာက္ ဘာေတြဆက္ျဖစ္လဲ ၾကၫ့္လို႔ရလား ..""

/ ဟင္အင့္.. ဒီကမ႓ာေတြက ပိုအဆင့္ျမင္တဲ့ ပရိုဂရမ္အခြဲေတြ ဆိုေတာ့ မရဘူး .. /

" သခင္ေလးစီ!!! " စုယန္ခ်ဳးက သူ႔အား ဝမ္းပန္းတနည္း ေခၚလာပံုက မသိလ်ွင္ သူ႔အသုဘ က်ေနတာဘဲ ..။

" ႏိုးလာရင္.. ငါ့ေရ႔ွက ထြက္သြားေတာ့ " စီရန္ယြီက အသာအယာေျပာလိုက္ေသာ္လည္း စုယန္ခ်ဳးသည္ေတာ့ သူ႔ကို မိုးႀကိဳးပစ္ခ်လိုက္သလို မ်က္ႏွာပ်က္သြားေလသည္ ။

" ကြၽန္ေတာ္.. ကြၽန္ေတာ္.." စုယန္ခ်ဳးက ေျပာခ်င္ေသာ္လည္း ေျပာမထြက္သၫ့္ဟန္ ေပါက္ေနသည္ ။ သို႔ေသာ္ မ်က္ရည္မ်ားေတာ့ အလံုးလိုက္ အရင္းလိုက္ ထြက္လာေလသည္ ...

စီရန္ယြီ က ထိုျမင္ကြင္းအား ဆက္မၾကၫ့္ခ်င္ေလာက္ေအာင္ ပ်င္းရိေနသည္ ။ ကိုယ္ရံေတာ္မ်ားအား အခ်က္ျပကာ ဆြဲထုတ္ခိုင္းလိုက္ေတာ့သည္ ။ ေျမၾကီးေပၚ ေခြက်လာသၫ့္ စုယန္ခ်ဳးက အလြန္သနားစဖြယ္ ေဖးမခ်င္ဖြယ္ ေကာင္းလွသည္ ။  သူရဲ့ စီရန္ယြီ အား ၾကၫ့္ေနသၫ့္ အခ်စ္ေတျြပၫ့္ေနေသာ္လည္း မထိုက္တန္ဟု ယူဆထားပံုရသၫ့္ အၾကၫ့္က လူတို႔၏ ႏွလံုးအား ဆြဲဆုပ္ေနသလို နာက်င္ေစသည္ ။

' ေသာက္ေခြး!! ဒီအေဖက ဇာတ္လိုက္မဟုတ္ဘူး .. '

သူက ဘာမွေတာင္ မစရေသး ဇာတ္ေၾကာင္းေတြက ေျပာင္းလဲ ကုန္ေလသည္ ။ ထိုအရာသည္ သူ႔အတြက္ ေကာင္းသၫ့္အရာျဖစ္သည္ ။ စုယန္ခ်ဳးက သူ႔ကို လိုက္မကပ္သေရြ့ေပါ့ ...

"" အဓိကစနစ္ကို အတတ္ႏိုင္ဆံုးေစာင့္ၾကၫ့္ထား .. ငါတီထြင္တုန္းက အေျခအေနအလိုက္ လႈပ္ရွားႏိုင္တဲ့ ဉာဏ္ရည္တု လုပ္ေဆာင္ခ်က္ကို အဓိက ထၫ့္ထားတာ ..  ၿငိမ္ေနတာကိုက မဟုတ္ေသးဘူး .. ""

/ ဟုတ္ကဲ့../ ေရွာင္ထ်န္း၏ အသံက အနဲငယ္ မေက်မနပ္ျဖစ္ေနပံုပင္ ။ သူသည္လည္း အဓိကစနစ္နဲ႔ ယွဉ္ႏိုင္သၫ့္ ပံုစံငယ္ မဟုတ္ပါလား ...

' ငါ့က်ေတာ့ အဲ့ေလာက္လဲ မခ်ီးက်ဳးဘူး ဝူးဝူး '

စီရန္ယြီ က မ်က္လံုးတို႔ကို အသာမိွတ္ထားလိုက္သည္ ။ သူ က လူတို႔၏ စိတ္ခံစားခ်က္ကိုပင္ လစ္လ်ဳရႈထားတာ ျဖစ္သည္ ။ စက္ပစၥည္းမ်ား၏ စိတ္ခံစားခ်က္အား ေသခ်ာေပါက္ ဂရုမစိုက္ေပ ။

စုယန္ခ်ဳးသည္ စီရန္ယြီ၏ ပစ္ပစ္ခါခါ အျပဳအမႈမ်ားအား အၿပံဳးႏုႏုျဖင့္သာ တုန႔္ျပန္လိုက္ၿပီး ေျမျပင္ေပၚမွ ထရပ္ကာ အဝတ္မ်ားကို ဖုန္ခါလိုက္သည္ ။ အခု သူက စီရန္ယြီ သူ႔ကို လိုခ်င္လ်ွင္ေတာင္ ေပးမၫ့္ ပံုစံမ်ိဳးပင္ ။

' မာနႀကီးတဲ့ စုယန္ခ်ဳး ၊ စိတ္ဓာတ္ခိုင္မာတဲ့ စုယန္ခ်ဳး ကို ဘယ္ေခြးစားသြားတာလဲဟ .. ' စီရန္ယြီ သူ႔မ်က္ႏွာသူ ပြတ္သပ္မိလိုက္သည္ ။ ဒီလို အၾကၫ့္မ်ိဳးနဲ႔ ၾကၫ့္ခံရသည္ထက္စာလ်ွင္ အရင္က စုယန္ခ်ဳးနဲ႔ ေအာ္ဟစ္ေနရသည္ကို ပိုသေဘာက်ေလသည္။ 

***
" ေရွာင္ခ်ဳး ... မင္းဘာလို႔ ဒီလိုေတြ လုပ္ေနရတာလဲ .. ထားလိုက္ .. ကိုယ္ စီရန္ယြီ ကို ေျပာေပးမယ္ .." ႏူးညံ့သည္အသံက မီးဖိုခန္းထဲမွ ထြက္ေပၚလာေလသည္ ။

အေပၚထပ္မွ အက်ႌလက္ကို ေခါက္တင္လ်က္ ဆင္းလာသၫ့္ စီရန္ယြီက ‌ထိုအသံေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္ ။ ' ဘာေၾကာင့္ .. ေရာက္ေနရေသးျပန္တာလဲ .. '

မီးဖိုေခ်ာင္ထဲက စုယန္ခ်ဳးက ေလွကားေပၚက စီရန္ယြီကို ခ်က္ခ်င္း သတ္ျပဳလိုက္ေလသည္ ။ သူ႔ရဲ့ အိုးမဲမ်ား ေပကပ္ေနသၫ့္ မ်က္ႏွာေလးတြင္ အၿပံဳးေလး ေပၚလာခဲ့ကာ " သခင္ေလးစီ.. ႏိုးလာၿပီလား .. မနက္စာ စားလို႔ရပါၿပီ.. ကြၽန္ေတာ္.. ခမ်ား အႀကိဳက္ေတြဘဲ ခ်က္ေပးထားတယ္ .." ၿပီးေနာက္ သူက ရွက္သြားကာ ဂုတ္ပိုးအား ပြတ္သပ္ေနလိုက္သည္။ ရွက္ရြံ႔မႈေၾကာင့္ နားရြက္ေလးမ်ားနဲ႔ ျဖဴေဖြးသၫ့္လည္ပင္းေလးက ပန္းႏုေရာင္သန္းလာကာ ကိုက္ခဲခ်င္စရာေကာင္းလွသည္ ။

စီရန္ယြီက စားပြဲေပၚသို႔ လွမ္းၾကၫ့္လိုက္သည္ ။ မူလစီရန္ယြီ ႀကိဳက္သၫ့္ ဟင္းမ်ားပင္ တစ္ခ်က္မွ မလြဲသည္ကို ၾကၫ့္ျခင္းျဖင့္ စုယန္ခ်ဳး မည္မ်ွ အားထုတ္ထားေၾကာင္း ေတြ့ႏိုင္ေလသည္ ။ မ်က္ႏွာထက္က အေပအပြမ်ားက စုယန္ခ်ဳး၏ ႀကိဳးစားမႈ သက္ေသမ်ားပင္ ။ ဒီလို အျပဳအမႈေလးမ်ားေၾကာင့္ ဘယ္သူမဆို ပီတီျဖာသြားကာ ရင္ခုန္သြားၾကမည္ ျဖစ္သည္ ။ စုယန္ခ်ဳးအား ႀကိဳက္ေနသၫ့္ မူလကိုယ္ဆို ေျပာစရာပင္ မလိုေခ် ။

ကံဆိုးတာဘဲ .. အခု စီရန္ယြီကိုယ္ထဲမွာ ေရာက္ေနတာက ငါျဖစ္ေနတယ္..

သူမ်ား ေမ်ွာ္လင့္ခ်က္ေတြကို ရိုက္ခ်ိဳးရတာကိုက .. ဒီသခင္ေလးရဲ့ ဝါသနာ အေသးေလးေတြထဲက တစ္ခုဘဲ ..

စီရန္ယြီ သူ႔လက္က နာရီအား တစ္ခ်က္ၾကၫ့္လိုက္ကာ အိမ္ေတာ္ထိန္းအား ေျပာလိုက္သည္ ။ " ဒီေန ့ ည အိမ္ျပန္လာျဖစ္မယ္ မထင္ဘူး .. အဆင္ေျပသလို လုပ္လိုက္ .."

" အစ္ကို!! ေရွာင္ခ်ဳး ကို လႊတ္ေပးလိုက္ပါေတာ့လား .. သူက .." စီယုရီ က ဆက္ေျပာခ်င္ေသးေသာ္လည္း စုယန္ခ်ဳးက တားဆီးလိုက္ေလသည္ ။ သူက စီရန္ယြီအား မနက္စာ ေကြၽးခ်င္ေနသၫ့္ အမႈအရာ ရိွေနတုန္းပင္ ။

" ကြၽန္ေတာ္ ညစာခ်က္ၿပီး ေစာင့္ေနပါမယ္.. ေစာေစာျပန္လာခဲ့ပါ .." စုယန္ခ်ဳးက သူ႔မ်က္ႏွာထက္တြင္ အၿပံဳးႏုႏုကို ဆင္ျမန္းထားဆဲပင္ ။ သို႔တိုင္ မ်က္ဝန္းမ်ားက အရည္လဲ့ေနကာ မငိုမိေအာင္ ထိန္းထားရသျဖင့္ စကားသံကပင္ အနည္းငယ္ အက္ကြဲေနခဲ့သည္ ။

သူက စီယုရီ၏ လက္အား ျဖဳတ္ခ်လိုက္ကာ ပန္းကန္မ်ားကို စတင္သိမ္းဆည္းေတာ့သည္ ။ စားေစခ်င္သၫ့္သူက လစ္လ်ဳရႈလိုက္သၫ့္ စားခ်င္စဖြယ္ ဟင္းလ်ာမ်ားသည္ စြန႔္ပစ္ခံလိုက္ရသလို .. ခ်က္ျပဳတ္သူ ကိုယ္တိုင္ကလဲ လစ္လ်ဳရႈမႈကိုသာ ရရိွခဲ့ေလသည္ ။

စီရန္ယြီ က အမႈအရာမဲ့စြာ တစ္ခ်က္သာ ၾကၫ့္လိုက္ၿပီး ထြက္သြားလိုက္ေတာ့သည္ ။

_________________________________
ဟီးးဟီးး 😁
_______
Unicode

စီရန်ယွီက လဲကျနေသည့် လူအား ခြေထောက်ဖြင့် ကန်လိုက်သည် ။ ဒီအကောင်က ဘာလို့ ငါ့အလှလေးရဲ့ ဖမ်းတာကို ခံရတာလဲ .. 

စီရန်ယွီ က lollipop တစ်ချောင်းကို ငုံလိုက်ပြီး ဘောင်းဘီ အိတ်ထဲ လက်ထိုးထည့်လိုက်ကာ လမ်းကြားလေးထဲမှ ထွက်လာခဲ့ပြီး ကိုယ်ရံတော်များ ရပ်စောင့်နေသည့် ကားထံသို့ လျှောက်သွားလိုက်သည် ။ ကားထဲသို့ ဝင်ရန်ပြင်လိုက်သည့်အချိတွင် စုယန်ချုးကို ကားထဲမြင်လိုက်ရခြင်းကြောင့် ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်ကာ ကိုယ်ရံတော်များအား အေးစက်စက် ကြည့်လ်ုက်သည် ။

ကိုယ်ရံတော်များမှာ တုန်ယင်သွားကာ " ထုန်လူကြီးမင်းက .. သခင်လေးစု က သခင်ကြီးအသိဆိုပြီး ချန်ရစ်ထားခဲ့တာပါ .." ကိုယ်ရံတော်များသည် စုယန်ချုး အား စီအိမ်တော်တွင် မြင်ဖူးထားသည့်အပြင် စီရန်ယွီက ဒီကောင်လေးအတွက် ငွေအမြောက်အမြား သုံးသည်ကိုလည်း မြင်ဖူးထားပြီဖြစ်သည် ။ သည့်အတွက် မငြင်းဆန်ဘဲ ဒီတိုင်းထားလိုက်ခြင်းသာ ။

စီရန်ယွီက ကားထဲတွင် အိပ်ပျော်နေသည့် စုယန်ချုးအား ကြည့်လိုက်သည် ။ ကွေးကွေးလေး အိပ်ပျော်နေကာ အသက်ရှုသံ တိုးတိုးလေးသာ ကြားရနေရသည် ။ ဖောင်းနေသည့် ပါးလေးများက နီရဲနေကာ ရှည်လျားသည့် မျက်တောင်များတွင် ခိုတွဲနေသည့် မျက်ရည်များက ဒီကောင်လေး ငိုထားသည်ကို သက်သေထူနေခဲ့သည် ။

စီရန်ယွီ၏ မျက်လုံးများက ရေသေအလား ခံစားချက် ကင်းမဲ့နေသည် ။ အရင်ကလို ထိန်းချုပ်မှုများ မရှိတော့ဟု ဆိုသော်လည်း သူက ကမ်ဘာရဲ့ စည်းချက် ကို ဖျက်ဆီးချင်လျင် ကကမ်ဘာရဲ့ဇာတ်ကြောင်းကို ဖျက်ရမည် ဖြစ်သည် ။ ' သောက်လုပ်ရှုပ်ချက်က .. တစ်ခါတည်း သတ်ပစ်ချင်စိတ်ပါပေါက်တယ် ..'

" အင်းးး " ခပ်တိုးတိုး ငြီးငြူသံနဲ့ အတူ စုယန်ချုး၏ ပယင်းရောင်မျက်ဝန်းများက ပွင့်လာတော့သည် ။ သူက ရပ်နေသည့် စီရန်ယွီကို မြင်လိုက်သည့်အခိုက်တွင် နှစ်ရှည်လများ မတွေ့ရသည့် ရည်းစားဟောင်းကြီးအား ပြန်တွေ့လိုက်ရသည့်အလား လွမ်းဆွတ်မှုများက မျက်ဝန်းတွင် ပေါ်လာခဲ့သည် ။

ထိုအပြုအမှုသေးသေးလေးကို သတိထားမိလိုက်သည့် ရှောင်ထျန်း နဲ့ စီရန်ယွီ က တစ်ပြိုင်တည်း တွေးမိလိုက်သည် ။

ပြန်လည်မွေးဖွားလာတာ ....

"" စီရန်ယွီ သေပြီးနောက် ဘာတွေဆက်ဖြစ်လဲ ကြည့်လို့ရလား ..""

/ ဟင်အင့်.. ဒီကမ်ဘာတွေက ပိုအဆင့်မြင်တဲ့ ပရိုဂရမ်အခွဲတွေ ဆိုတော့ မရဘူး .. /

" သခင်လေးစီ!!! " စုယန်ချုးက သူ့အား ဝမ်းပန်းတနည်း ခေါ်လာပုံက မသိလျှင် သူ့အသုဘ ကျနေတာဘဲ ..။

" နိုးလာရင်.. ငါ့ရှေ့က ထွက်သွားတော့ " စီရန်ယွီက အသာအယာပြောလိုက်သော်လည်း စုယန်ချုးသည်တော့ သူ့ကို မိုးကြိုးပစ်ချလိုက်သလို မျက်နှာပျက်သွားလေသည် ။

" ကျွန်တော်.. ကျွန်တော်.." စုယန်ချုးက ပြောချင်သော်လည်း ပြောမထွက်သည့်ဟန် ပေါက်နေသည် ။ သို့သော် မျက်ရည်များတော့ အလုံးလိုက် အရင်းလိုက် ထွက်လာလေသည် ...

စီရန်ယွီ က ထိုမြင်ကွင်းအား ဆက်မကြည့်ချင်လောက်အောင် ပျင်းရိနေသည် ။ ကိုယ်ရံတော်များအား အချက်ပြကာ ဆွဲထုတ်ခိုင်းလိုက်တော့သည် ။ မြေကြီးပေါ် ခွေကျလာသည့် စုယန်ချုးက အလွန်သနားစဖွယ် ဖေးမချင်ဖွယ် ကောင်းလှသည် ။  သူရဲ့ စီရန်ယွီ အား ကြည့်နေသည့် အချစ်တြွေပည့်နေသော်လည်း မထိုက်တန်ဟု ယူဆထားပုံရသည့် အကြည့်က လူတို့၏ နှလုံးအား ဆွဲဆုပ်နေသလို နာကျင်စေသည် ။

' သောက်ခွေး!! ဒီအဖေက ဇာတ်လိုက်မဟုတ်ဘူး .. '

သူက ဘာမှတောင် မစရသေး ဇာတ်ကြောင်းတွေက ပြောင်းလဲ ကုန်လေသည် ။ ထိုအရာသည် သူ့အတွက် ကောင်းသည့်အရာဖြစ်သည် ။ စုယန်ချုးက သူ့ကို လိုက်မကပ်သရွေ့ပေါ့ ...

"" အဓိကစနစ်ကို အတတ်နိုင်ဆုံးစောင့်ကြည့်ထား .. ငါတီထွင်တုန်းက အခြေအနေအလိုက် လှုပ်ရှားနိုင်တဲ့ ဉာဏ်ရည်တု လုပ်ဆောင်ချက်ကို အဓိက ထည့်ထားတာ ..  ငြိမ်နေတာကိုက မဟုတ်သေးဘူး .. ""

/ ဟုတ်ကဲ့../ ရှောင်ထျန်း၏ အသံက အနဲငယ် မကျေမနပ်ဖြစ်နေပုံပင် ။ သူသည်လည်း အဓိကစနစ်နဲ့ ယှဉ်နိုင်သည့် ပုံစံငယ် မဟုတ်ပါလား ...

' ငါ့ကျတော့ အဲ့လောက်လဲ မချီးကျုးဘူး ဝူးဝူး '

စီရန်ယွီ က မျက်လုံးတို့ကို အသာမှိတ်ထားလိုက်သည် ။ သူ က လူတို့၏ စိတ်ခံစားချက်ကိုပင် လစ်လျုရှုထားတာ ဖြစ်သည် ။ စက်ပစ္စည်းများ၏ စိတ်ခံစားချက်အား သေချာပေါက် ဂရုမစိုက်ပေ ။

စုယန်ချုးသည် စီရန်ယွီ၏ ပစ်ပစ်ခါခါ အပြုအမှုများအား အပြုံးနုနုဖြင့်သာ တုန့်ပြန်လိုက်ပြီး မြေပြင်ပေါ်မှ ထရပ်ကာ အဝတ်များကို ဖုန်ခါလိုက်သည် ။ အခု သူက စီရန်ယွီ သူ့ကို လိုချင်လျှင်တောင် ပေးမည့် ပုံစံမျိုးပင် ။

' မာနကြီးတဲ့ စုယန်ချုး ၊ စိတ်ဓာတ်ခိုင်မာတဲ့ စုယန်ချုး ကို ဘယ်ခွေးစားသွားတာလဲဟ .. ' စီရန်ယွီ သူ့မျက်နှာသူ ပွတ်သပ်မိလိုက်သည် ။ ဒီလို အကြည့်မျိုးနဲ့ ကြည့်ခံရသည်ထက်စာလျှင် အရင်က စုယန်ချုးနဲ့ အော်ဟစ်နေရသည်ကို ပိုသဘောကျလေသည်။ 

***
" ရှောင်ချုး ... မင်းဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ .. ထားလိုက် .. ကိုယ် စီရန်ယွီ ကို ပြောပေးမယ် .." နူးညံ့သည်အသံက မီးဖိုခန်းထဲမှ ထွက်ပေါ်လာလေသည် ။

အပေါ်ထပ်မှ အကျႌလက်ကို ခေါက်တင်လျက် ဆင်းလာသည့် စီရန်ယွီက ‌ထိုအသံကြောင့် မျက်မှောင်ကြုတ်လိုက်သည် ။ ' ဘာကြောင့် .. ရောက်နေရသေးပြန်တာလဲ .. '

မီးဖိုချောင်ထဲက စုယန်ချုးက လှေကားပေါ်က စီရန်ယွီကို ချက်ချင်း သတ်ပြုလိုက်လေသည် ။ သူ့ရဲ့ အိုးမဲများ ပေကပ်နေသည့် မျက်နှာလေးတွင် အပြုံးလေး ပေါ်လာခဲ့ကာ " သခင်လေးစီ.. နိုးလာပြီလား .. မနက်စာ စားလို့ရပါပြီ.. ကျွန်တော်.. ခများ အကြိုက်တွေဘဲ ချက်ပေးထားတယ် .." ပြီးနောက် သူက ရှက်သွားကာ ဂုတ်ပိုးအား ပွတ်သပ်နေလိုက်သည်။ ရှက်ရွံ့မှုကြောင့် နားရွက်လေးများနဲ့ ဖြူဖွေးသည့်လည်ပင်းလေးက ပန်းနုရောင်သန်းလာကာ ကိုက်ခဲချင်စရာကောင်းလှသည် ။

စီရန်ယွီက စားပွဲပေါ်သို့ လှမ်းကြည့်လိုက်သည် ။ မူလစီရန်ယွီ ကြိုက်သည့် ဟင်းများပင် တစ်ချက်မှ မလွဲသည်ကို ကြည့်ခြင်းဖြင့် စုယန်ချုး မည်မျှ အားထုတ်ထားကြောင်း တွေ့နိုင်လေသည် ။ မျက်နှာထက်က အပေအပွများက စုယန်ချုး၏ ကြိုးစားမှု သက်သေများပင် ။ ဒီလို အပြုအမှုလေးများကြောင့် ဘယ်သူမဆို ပီတီဖြာသွားကာ ရင်ခုန်သွားကြမည် ဖြစ်သည် ။ စုယန်ချုးအား ကြိုက်နေသည့် မူလကိုယ်ဆို ပြောစရာပင် မလိုချေ ။

ကံဆိုးတာဘဲ .. အခု စီရန်ယွီကိုယ်ထဲမှာ ရောက်နေတာက ငါဖြစ်နေတယ်..

သူများ မျှော်လင့်ချက်တွေကို ရိုက်ချိုးရတာကိုက .. ဒီသခင်လေးရဲ့ ဝါသနာ အသေးလေးတွေထဲက တစ်ခုဘဲ ..

စီရန်ယွီ သူ့လက်က နာရီအား တစ်ချက်ကြည့်လိုက်ကာ အိမ်တော်ထိန်းအား ပြောလိုက်သည် ။ " ဒီနေ ့ ည အိမ်ပြန်လာဖြစ်မယ် မထင်ဘူး .. အဆင်ပြေသလို လုပ်လိုက် .."

" အစ်ကို!! ရှောင်ချုး ကို လွှတ်ပေးလိုက်ပါတော့လား .. သူက .." စီယုရီ က ဆက်ပြောချင်သေးသော်လည်း စုယန်ချုးက တားဆီးလိုက်လေသည် ။ သူက စီရန်ယွီအား မနက်စာ ကျွေးချင်နေသည့် အမှုအရာ ရှိနေတုန်းပင် ။

" ကျွန်တော် ညစာချက်ပြီး စောင့်နေပါမယ်.. စောစောပြန်လာခဲ့ပါ .." စုယန်ချုးက သူ့မျက်နှာထက်တွင် အပြုံးနုနုကို ဆင်မြန်းထားဆဲပင် ။ သို့တိုင် မျက်ဝန်းများက အရည်လဲ့နေကာ မငိုမိအောင် ထိန်းထားရသဖြင့် စကားသံကပင် အနည်းငယ် အက်ကွဲနေခဲ့သည် ။

သူက စီယုရီ၏ လက်အား ဖြုတ်ချလိုက်ကာ ပန်းကန်များကို စတင်သိမ်းဆည်းတော့သည် ။ စားစေချင်သည့်သူက လစ်လျုရှုလိုက်သည့် စားချင်စဖွယ် ဟင်းလျာများသည် စွန့်ပစ်ခံလိုက်ရသလို .. ချက်ပြုတ်သူ ကိုယ်တိုင်ကလဲ လစ်လျုရှုမှုကိုသာ ရရှိခဲ့လေသည် ။

စီရန်ယွီ က အမှုအရာမဲ့စွာ တစ်ချက်သာ ကြည့်လိုက်ပြီး ထွက်သွားလိုက်တော့သည် ။

_________________________________
ဟီးးဟီးး 😁
_______

Continue Reading

You'll Also Like

148K 11.2K 42
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
784K 50.7K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
320K 33.5K 105
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
278K 22.4K 28
Mini Story Uni Life Style Sweet Romance