Imaginary Sphere

By Ellena_Byun

19K 2.9K 217

ရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ် More

Ep 1 (Uni)
Ep 1 (Zaw)
Ep2 (Uni)
Ep 2 (Zawgyi)
Ep3 (Uni)
Ep 3 (Zaw)
Ep4 (uni)
Ep 4 (Zaw)
Ep 5 (Uni)
Ep 5 (Zaw)
Ep6 (Uni)
Ep 6 (Zaw)
Ep7 (Uni)
Ep 7 (Zaw)
Ep 8 (Uni)
Ep 8 (Zaw)
Ep 9 (Uni)
Ep 9 (Zaw)
Ep 10 (Uni)
Ep 10 (Zaw)
Ep 11 (Zaw)
Cover present
Ep 12(Uni)
Ep 12 (Zaw)
Part 13 (Uni)
Ep 13 (Zaw)
Ep 14 (Uni)
Ep 14 (Zaw)
Ep 15 ( Christmas Gift) (U)
Ep 15 (Zaw)
Ep 16 (Uni)
Ep 16 (Zaw)
Ep 17 (Uni)
Ep 17 (Zaw)
Not update
Ep 18 (Uni)
Ep 18(Zaw)
Ep 19 (Uni)
Ep 19 (Zaw)
Ep 20 (Uni)
Ep 20 (Zaw)
Ep 21(Uni)
Ep 21(Zaw)
Ep 22 (Uni)
Ep 22 (Zaw)
Ep 23 (Uni)
Ep 23(Zaw)
Ep 24 (Uni)
Ep 24 (Zaw)
Ep 25 (Uni)
Ep 25 (Zaw)
Ep 26 (uni)
Ep 26 (Zaw)
Ep 27 (Uni)
Ep 27 (zaw)
Ep 28 (Uni)
Ep 28 (Zaw)
Ep 29 (Uni)
Ep 29 (Zaw)
Ep 30 (Uni)
Ep 30 (Zaw)
Ep 31 (Uni)
Ep 31 (Zaw)
Ep 32 (Uni)
Ep 32 (Zaw)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34(Z)
Ep 35 (U)
Ep 35(Z)
Ep 36(U)
Ep 36(Z)

Ep 11(Uni)

448 94 3
By Ellena_Byun



နန်းပြင်ကိုထွက်ပြီး တော်တော်ကြာကြာလေးလျှောက်မိတော့ စီတန်းရောင်းနေကြတဲ့စျေးသည်တွေနဲ့ ပြေးလွှားနေတဲ့ကလေးငယ်တွေ ကြက်တိုက်နေတဲ့လူအစုတွေ အမျိူးမျိူးအဖုံဖုံကိုဘတ်ဟျွန်းတွေ့လိုက်ရပါ၏။ ဒီခေတ်မှမဟုတ်ပဲ အရင်ခေတ်ထဲက လူတန်းစားခွဲခြားမှူကလဲရှိနေသေးပြန်တယ်။ ပိုးထည်ဝတ်ထားတဲ့ကောင်လေးနှစ်ယောက်က ဖျင်ထည်ဝတ်ထားတဲ့ကောင်လေးရဲ့ခေါင်းကိူ တစ်ယောက်တစ်လှည့်စီပိတ်ရိုက်နေတာကြောင့် ဘတ်ဟျွန်းကလက်ပိုက်ရပ်မနေနိုင်တော့..

"ဟဲ့ကောင်မင်းခိုးတာမလား ဟမ် ပြန်ပေးစမ်း"

ပြောလဲပြောရိုက်လဲရိုက်နဲ့ အနှီကောင်လေးရဲ့လက်မှမုန့်ဖြူဖြူလေးက မြေပြင်ကိုဘုတ်ကနဲကျသွားရသည်။

ပြန်ရန်မလုပ်သောကောင်လေးက သူ့မုန့်ကလေးလက်ထဲကပြုတ်ကျကာမှ ထငိုပါတော့သည်။

"ဟေ့ကောင်တွေ မင်းတို့ဘာလို့အနိုင်ကျင့်နေတာလဲ"

"ခင်ဗျားကဘာမို့လဲ သူများကိစ္စဝင်ပါတာလဲ
ကျုပ်ကဝန်ကြီးရဲ့သား ခင်ဗျားခေါင်းပြတ်သွားချင်လား"

"အနိုင်ကျင့်နေတာမင်းတို့လေ မင်းကြီးနဲ့ပြန်တိုင်လိုက်မှ မျိုးတုံးသွားမယ် သွားအခုထွက်သွား"

မင်းကြီးအသံကြားတာရော ဘတ်ဟျွန်းကမျက်လုံးပြူးပြလိုက်တာရောကြောင့် ကလေးနှစ်ကောင်က ပြေးတာမှတစ်ချိုးထဲ

"စောင်မျိုးမစစ်တွေ"

ပြုတ်ကျသွားတဲ့မုန့်ဖြူဖြူလေးကို မြေပေါ်ကကောက်ပေးလိုက်ပြီး ပေနေတဲ့ဖုန်တွေကိုအကျီအနားစနဲ့သုတ်ပြီး ငိုနေတဲ့ကလေးလက်ထဲပြန်ထည့်ပေးလိုက်သည်။

"မငိုနဲ့တော့ ဒါလေးစား"

"အောက်ကျသွားပြီ သခင်လေးရဲ့"

"အစ်ကိုဆို အောက်ကျသွားလဲဖုန်ခါပြီးစားနေကျ
လက်ပေရင်တောင်အကျီနဲ့ပဲသုတ်တာလေ"

ပြောပြောဆိုဆို အရှေ့ကပေလူးနေတဲ့ကလေးမျက်နှာကို အကျီစကိုဆွဲကိုင်ပြီး ထပ်သုတ်ပေးလိုက်သေး၏

"သခင်လေးက ပေါက်ကရတွေလုပ်တတ်ပေမဲ့ စိတ်ထားကောင်းတော့ကံကောင်းမှာပါ"

"ကလေးလေးနာမည် ဘယ်လိုခေါ်လဲ"

"ဂျုံအင်ပါ ဂျုံအင်နီးလို့ခေါ်လို့ရပါတယ် သခင်လေး"

"အနိုင်ကျင့်လို့ငိုတာလား ဂျုံအင်လေးက"

"ကျွန်တော့်မေမေပေးလိုက်တဲ့ မုန့်လေးပြုတ်ကျသွားလို့ပါ မေမေကဒီစျေးရဲ့ဟိုးဘက်အစွန်မှာဆန်မုန့်ရောင်းတယ်လေ"

"ကိုကိုထပ်ဝယ်ကျွေးရမလား"

"ရပါတယ် သခင်လေးရယ် အခုတောင်ကျေးဇူးကြီးလှပါပြီ "

"အဲ့ဒါဆိုကောင်းကောင်းနေခဲ့နော် ကိုကိုသွားပြီ"

ကျောပြင်ထဲကိုအစိမ်းရောင်အလင်းတန်းလေးဝင်သွားသည်ကို ဂျုံအင်မှလွဲ ကာကယံရှင်ဘတ်ဟျွန်းတောင်မသိလိုက်ပါချေ။

"အခက်အခဲတွေကို ရဲရဲရင့်ရင့်ကျော်ဖြတ်နိုင်ပါစေ
စိတ်ထားကောင်းတဲ့ကိုကို"

ကောင်လေးကို​ကျောခိုင်းရင်းဘေးတစ်ဖက်တစ်ချက်စီကိုကြည့်မိတော့ အခိုးတလူလူနဲ့မုန့်ဆိုင်တွေ..
ဘာမှန်းမသိတဲ့စာအုပ်ထဲကိုရောက်လာပြီး ဘာမှန်းမသိတဲ့အရာတွေကိုပြန်ရှာနေရတာကနည်းနည်းတော့ စိတ်ရှုပ်ဖို့ကောင်းသည်။ အဲ့စာအုပ်ကိုမယူလာခဲ့မိရင်အကောင်းသား.. ရုပ်ချောတဲ့မင်းကြီးနဲ့တွေ့ခွင့်ရတာကလွဲလို့ ကျန်တာဘာမှမကောင်း။

စိတ်ရှုပ်တာတွေကိုတွေးမနေတော့ပဲ ပါလာတဲ့အသပြာစတွေနဲ့ တွေ့ကရာမုန့်တွေဝယ်စားပစ်လိုက်မယ်ဟုတွေးလိုက်သည်။ ဟိုမင်းကြီးကတော့သတိမရလဲသူ့မိဖုရားတွေဘေးမှာရှိနေမှာ။ သူကတော့တစ်ယောက်ထဲဘာမှန်းတောင်မသိရတဲ့ ဘယ်ကစရှာရမယ်မသိတဲ့အရာတွေကိုလာရှာနေရသည်။ နှလုံးသားထဲကအမှတ်တရတွေတဲ့..

ဇာတ်ကားထဲမှာတွေ့ဖူးတဲ့ နီနီရဲရဲဒုတ်ထိုးချိုချဉ်တွေရယ် ပူပူနွေးနွေးပေါက်စီဖြူဖြူတွေရယ် ပန်းပုံစံအချိုမုန့်တွေရယ် ဝယ်လိုက်တာလက်နှစ်ဖက်မှာမနိုင်မနင်း။ တွေ့တာတွေထပ်မဝယ်တော့ပဲ ပါးနှစ်ဖက်မှာ ပေါက်စီပူပူကိုပလုတ်ပလောင်းဝါးရင်း ဟိုကောင်လေးအမေဆိုင်ကိုသာဆက်လျှောက်လိုက်သည်။

"ဆန်မုန့်ဝယ်ပြီးရင်တော့ တော်ပါပြီ"

ဆန်မုန်တွေဝယ်ပြီးတဲ့နောက်မှာ ဘတ်ဟျွန်းကဘယ်သွားရမလဲမသိတာကြောင့် ခပ်လှမ်းလှမ်းကတောင်ကုန်းလေးပေါ်မှာပေါက်နေတဲ့ချယ်ရီပင်အောက်ကိုသာ ဝယ်ထားတဲ့မုန့်တွေစားဖို့ရာ ထွက်ခဲ့လိုက်သည်။

ချွေးစတို့ကပ်နေတဲ့ဆံပင်ထဲကို လက်နဲ့ခပ်သာသာထိုးဖွရင်း သက်ပြင်းကိုမှုတ်ထုတ်လိုက်တာဟူးကနဲ
ဒီနေရာထိမုန့်တွေအများကြီး သယ်လာခဲ့တာမှန်ပေမဲ့ လောလောဆယ်မှာ စားချင်စိတ်ကမရှိတော့
ချယ်ရီပင်ကိုသာအားပြုမှီရင်း မျက်လုံးတို့ကိုအသာမှိတ်ချပစ်လိုက်သည်။ ချန်းယောလ်ကိုကယ်နိုင်ဖို့
အရင်ဘဝကိုမှတ်မိအောင် ဘယ်လိုစလုပ်ရမလဲ
ဘတ်ဟျွန်းမသိ..

မှေးမှိတ်ထားတဲ့မျက်ဝန်းတွေရဲ့အာရုံထဲမှာ ပေါ်နေတဲ့တစ်ခုထဲသောအာရုံက မုန့်တွေဆီကအနံ့ပင်

"ချီးပဲ.. စိတ်ရှုပ်လိုက်တာ"

လေပြည်တွေတိုက်လာတာကြောင့် ခပ်စင်းစင်းဖြစ်နေတဲ့မျက်ဝန်းတွေက ပြန်ပွင့်မလာတော့။ ခပ်သင်းသင်းမွှေးပျံနေတဲ့ ချယ်ရီပင်အောက်မှာ ဘတ်ဟျွန်းကိုယ်လေးကနေသားတကျ။လမ်းအကြာကြီးလျှောက်ခဲ့ရလို့ ဘတ်ဟျွန်းပင်ပန်းနေပြီ။ခဏလောက်တော့ ဘာမှမစဉ်းစားပဲအိပ်လိုက်ချင်ပါသေးသည်။

မပြောင်းလဲတဲ့ဘတ်ဟျွန်းရဲ့အကျင့်က ခုထိရှိနေတုန်းပဲ။
ပင်ပန်းလာရင်တွေ့တဲ့နေရာမှာ ခွေခွေလေးအိပ်ပျော်သွားတတ်တယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကလဲ ဒီအတိုင်း..
ခုသက္ကရာဇ်မှာလဲဒီအတိုင်း..ပြောင်းလဲသွားတာဆံပင်ရှည်ရှည်တွေမရှိတော့တာနဲ့ ချန်းယောလ်ကိုမချစ်တော့တာ။
မပြောင်းလဲခဲ့တာက ချန်းယောလ်ကဘတ်ဟျွန်းကိုချစ်နေပြီး ဘတ်ဟျွန်းကိုအမြဲငေးကြည့်နေတတ်တာပဲဖြစ်တယ်

"အိပ်နေပြန်ပြီလား ကိုယ်တော့်ရဲ့ဗြောင်"

ဝိုးတိုးဝါးတားအာရုံထဲက အသံတစ်ခုကြားလိုက်ရပေမဲ့
ဘတ်ဟျွန်းကမျက်ခွံတွေကို ပင့်မတင်နိုင်သေးဘူး။
အခုမှအိပ်ပျော်ကာစလေ ဘယ်ကလေကဝက နှောင့်ယှက်ရတာလဲ။ အိပ်ပျော်နေတုန်းလာနှိုးရင် ဘတ်ဟျွန်းက
တအားစိတ်ဆိုးတတ်သည်။

"မျက်လုံးကိုဖြည်းဖြည်းဖွင့် အလင်းစူးမယ်"

မျက်စိရှေ့မှာမြင်လိုက်ရတာကပါးချိုင့်ခွက်ခွက်ကြီး
အိပ်မှုံဇုံမွှားနဲ့ထလာတဲ့ ဘတ်ဟျွန်းပုံစံလေးကအသည်းယားစရာလေးဖြစ်နေတာကြောင့် ချန်းယောလ်ကဘတ်ဟျွန်းပါးအိအိထဲ ဖိနမ်းပစ်လိုက်သည်။

"ဖယ်စမ်း နိုးလာရအောင်ခင်ဗျားကို ဘယ်သူနမ်းလိုက်တာလဲ လီယောလ်"

______
Plot twist တွေရှိတာမလို့စိတ်ရှည်ရှည်နဲ့ဖတ်ပေးကြပါနော်။မပြည့်စုံသေးပေမဲ့ ဒီလိုပလော့လေးရေးချင်လို့ပါ

Continue Reading

You'll Also Like

617K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
218K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
80.4K 3.6K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
958K 21.8K 49
In wich a one night stand turns out to be a lot more than that.