ရှားလော့နဲ့လီယမ်တို့ကိုခဏနားပြီး
လူးဝစ်လေးနဲ့ ဒက်ဒီဟုမ်း တို့ဘက်ခဏလှည့်မယ်နော် ^^
**********************
Unicode!!!
ဗြိတိန်အင်ပါယာ လန်ဒန်မြို့မှာ တော့ လူတွေက တစ်ခုခုကိုအကြိတ်အနယ်ဆွေးနွေးနေကြလေတယ်
"ငါတို့ရှေ့ကဖြတ်သွားတဲ့ မြင်းလှည်းတွေ့တယ်မလား အဲ့ဒါက မိုက်ခရော့ ဟုမ်းရဲ့လှည်းပဲ"
"ဟုမ်းဆို ငါတို့ရဲ့ စုံထောက်ကြီး ရှားလော့ရဲ့အစ်ကိုမလား "
"သေချာတာပေါ့ သူလည်းသနားစရာပဲ
တစ်ဦးတည်းသော ညီသေတာမှမကြာသေးဘူး ခုလည်းဘုရင်မရဲ့အလုပ်တွေကိုအကုန်တာဝန်ယူနေရပြန်ပြီ"
"အဲ့ဒါ ရာဇဝတ်အရှင် ရဲ့အရှုပ်ထုပ်တွေကြောင့်ပဲလေ "
အချိန်တွေက ဒီရေတွေလို အကုန်မြန်ပေမယ့်
လူသားတွေကတော့ စာအုပ်တစ်အုပ်ကိုဆို အဖုံးလောက်ပဲ မြင်တတ်တဲ့အကျင့်ကမပျောက်သေးပါလား
ခမ်းနားတဲ့လှည်းအတွင်းမှာထိုင်နေတဲ့ မိုက်ခရော့က ဒီလိုပဲတွေးမိလိုက်တယ် ။
"အရင်ကတော့ အထက်တန်းလွှာ တွေကိုမုန်းနေတဲ့လူတွေက အခုကျ ရာဇဝတ်အရှင် ကို
ထိုးနှက်ကြပြန်ပြီ
လောကကြီးက တကယ်ပဲကြောက်စရာပါပေတကား!
အဲ့ဒီနောက်မှာ
သူ့အတွေးထဲ အတိတ်ကအရာတွေပါ တားဆီးမရပဲထပ်ဝင်လာပြန်တယ်
"မိုက်ခီ ကျွန်တော်ကြီးလာရင် ပင်လယ်ဓားပြကြီးလုပ်မှာသိလား "
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ့ကိုမြင်တိုင်း
ရယ်မောတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်တွေ
ထစ်ခနဲဆိုအငိုသန်တဲ့ကလေးတစ်ယောက်
ရဲ့ ငိုသံတွေ သူ့နဲ့တူတူ မိုက်မဲတဲ့ဉာဏ်စမ်းတွေ ဖြေရင်း ရန်ဖြစ်နေကျ တစ်ဦးတည်းသောညီငယ်
"ရှားလော့ ဟုမ်း မင်းဘယ်မှာလဲ "
"ငါတို့ရဲ့စုံထောက်ကြီးသာအဲ့ဒီနေ့ကမရှိရင် ရာဇဝတ်အရှင် ကြောင့် တစ်မြို့လုံးအကြောက်တရားနဲ့ အသက်ရှင်နေရမှာပဲကွ"
သူလှည်းပေါ်ကနေ တစ်ချက်ကြည့်လိုက်တော့ အသက်လေးဆယ်ကျော်ခန့်ရှိတဲ့ယောကျာ်းတစ်ဦးနဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတာ်
"ဟုတ်ပါ့ရှင် ကျွန်မတို့ရဲ့စုံထောက်သာ အသက်မပေးခဲ့ရင် အနာဂတ်ကမတွေးဝံ့စရာပါပဲ"
သူလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာအံကြိတ်မိရပြန်တယ်
မဖြစ်ဘူး..
"မိုက်ခရော့ဟုမ်းဆိုတဲ့လူက ရေခဲပြင်လိုပဲ
တည်ငြိမ်နေရမယ် အေးစက်နေရမယ်
ဒီလောက်လေးနဲ့ပြိုလဲသွားလို့မဖြစ်ချေဘူး "
လန်ဒန်မြို့ကတစ်နေရာရာဆီဦးတည်နေတဲ့ မြင်းလှည်းလေးကတော့ ပုံမှန်အတိုင်း
သွားနေလျက်။
ဟူး~
"ပင်ပန်းသွားပြီပေါ့ ဆာဟုမ်းစ်"
မိုက်ခရော့ဟုမ်းတစ်ယောက်ဟာ အပန်းဖြေအိမ်ဟုရောက်တဲ့အခါ သူမဟုတ်တဲ့အတိုင်းသက်ပြင်းရှည်ကြီးချလိုက်တယ်
ပြီးတော့ သူ့လက်ထဲက ဦးထုပ်ကို သူ့ရှေ့က
အမျိုးသမီးလက်ထဲအပ်လိုက်တယ်
ဒီနှစ်တွေအတွင်းမှာ ဘယ်သူမှမသိနိုင်တဲ့ သူ့အကြောင်းတွေကိုတိုင်ပင်လို့ရတဲ့ထိယုံကြည်ရတဲ့အမျိုးသမီးပေမို့ အခု သူတစ်ယောက်ထဲသာသိနိုငိတဲ့ အပန်းဖြေ အိမ်ထိ ခေါ်လာခြင်းပင်။
အဲ့ဒီအမျိုးသမီး ကားအခြားသူမဟုတ်
ညီငယ်ရှားလော့ဟုမ်းရဲ့ အိမ်ရှင် ဟဒ်ဆွန်ပင်ဖြစ်လေ၏။
"မစ် ဟဒ်ဆွန် ကျုပ်အခန်းထဲမှာ ခဏအနားယူဦးမယ်"
"ဆာဟုမ်း ဒီနေ့ထင်တာထက်ကိုပင်ပန်းနေပုံပဲ"
ဟဒ်ဆွန်က မိုက်ခရော့ဟုမ်း ရဲ့ ကုတ်ကို ကူပြီးချွတ်ပေးနေရင်းမေးခွန်းထုတ်လိုက်တယ်
တစ်ချိန် ထဲမှာပဲ
နွေးထွေးတက်ကြွတဲ့
သူမရဲ့အပြုံးတွေက ယခင်လိုအသက်မဝင်တော့တာပဲဟု မိုက်ခရော့ စိတ်ထဲမှတ်ချက်ချမိတယ်။
"မစ်စ် ဟဒ်ဆွန် နောက်တစ်နာရီလောက်ဆို
ကျုပ်အခန်းထဲ လက်ဖက်ရည်လေးလာပို့ပေး"
"အမိန့်အတိုင်းပါ "
အခုသူရောက်နေတဲ့နေရာဟာ Sylhet ပင်
သူနဲ့ မစ်စ် ဟဒ်ဆွန် လောက်ကလွဲပြီးမည်သူမှ မသိနိုင်တဲ့ အိမ်
သူ့ရဲ့ညီတောင်မှ မရောက်ခဲ့ဘူးတဲ့ နေရာဆိုလည်းမမှားဘူးလေ
မိုက်ခရော့က အခန်းထဲရောက်ပြီဆိုတာနဲ့
စီးထားတဲ့ နက်ခတိုင်ကိုပင်မဖြုတ်နိုင်တော့ပဲသူ့ရှေ့ကနူးညံ့အိစက်နေတဲ့ ကုတင်ပေါ်ကိုမှောက်ရက်လှဲချမိတဲ့ထိ
"အသက်ပဲရလာလို့လားမသိဘူး တစ်ခုခုဆို စိတ်သွားတိုင်း ကိုယ်မပါချင်တော့သလိုပဲ"
ဒါဟာ သူလောကကြီးနဲ့ အဆက်မပြတ်ခင် နောက်ဆုံးပေါ်လာခဲ့တဲ့ အတွေးလေးတစ်ခုသာဖြစ်လေ၏။
အခန်းအပြင်ဘက်မှာတော့ဟဒ်ဆွန်ဟာ
သူမရဲ့အလုပ်ကို ကျေပွန်အောင်ထမ်းဆောင်နေတယ်။
သို့သော်ငြားသူမရဲ့ မှတ်ဉာဏ်တွေကတော့
အတိတ်တွေဆီ
"ဟဲ့ရှားလော့ နင်အိမ်လခ မပေးရင် ငါ့အိမ်ကနေကန်ချမှာနော်"
"အား မစ်ဟဒ်ဆန် ဒီနေ့လည်း အရမ်းကိုလှပနေတာပဲဗျား"
"ပေါက်ကရတွေထပ်ပြောရင်နင့်ကိုငါရိုက်ပစ်မယ်"
"အဲ့ဒါကြောင့် ယောကျာ်းမရတာ"
"နင်ဘာပြောတယ်"
သူမကို တွေ့တာနဲ့မုသားတွေကလွဲပြီး မပြောတတ်တဲ့ လူငယ်လေးတစ်ယောက်ကို တစ်ခါတစ်လေ လွမ်းဆွတ်မိတယ်
သွေးသားမတော်စပ်ပေမယ့်လည်း မိသားစုရင်းချာလို မောင်ငယ်လေးတစ်ယောက်လို
ဆူတစ်လှည့် ချော့တစ်လှည့် စောင့်ရှောက်ရတာမလို့ ရှားလော့ဟုမ်းကို သူမ သံယောစဥ်မတွယ်ဘူး ဟုဆိုလျှင် လိမ်လည်ရာကျလိမ့်မည်။
"ဟော ဒီမျက်ရည်က ကျရပြန်ပြီ"
ပါးပြင်ပေါ်ကို ပုလဲလုံးတွေလို တလိမ့်လိမ်ကျလာတဲ့ မျက်ရည်တွေကို လက်တစ်ဖက်ဖြင့် ခပ်မြန်မြန်သုတ်လိုက်ရသည် တတ်နိုင်ရင်တော့ သူမရဲ့ အခုလိုအခြေအနေကို မိုက်ခရော့ဟုမ်းကိုမမြင်စေချင် ။
"ပြောရင်းဆိုရင်း ငါရေနွေးတည်ထားတာတောင်မှ ဆူတော့မှာပဲ "
!!!!
မိုက်ခရော့ဟုမ်းမဟုတ်တဲ့ တစ်စုံတစ်ယောက်ဆီက နှိပ်တဲ့ လျှပ်စစ်ဘဲလ်သံ။
"အလို အချက်ပေးဘဲလ်သံပါလား"
"ဘယ်သူများပါလိမ့်"
ကျွီ ခနဲ မြည်သံနဲ့အတူ တံခါးပွင့်လာတော့
လူးဝစ် ဂျိမ်းစ် မော်ရီအာတီရှေ့မှောက်ပေါ်လာတာက မရင်းနှီးတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံသဏ္ဍာန်။
အိုင်းရင်းအက်ဒလာ ကဲ့သို့ ကျော့ရှင်းပြေပြစ်တဲ့အလှမျိုးထဲမပါပေမယ့် အနှီအမျိုးသမီးကလည်း ကြည့်ကောင်းတဲ့ထဲပါသည်
အညိုရောင်ဆံပင်တွေကို ကျစ်ဆံမြီးဆံထုံးခပ်လျော့လျော့ထုံးထားပြီး ပန်းနုရောင် ဂါဝန် နှင့် စိမ်းပြာရောင်မျက်ဝန်းတွေကိုပိုင်ဆိုင်တဲ့အမျိုးသမီးက သာမန်တော့မဟုတ်ဘူးဆိုတာ လူးဝစ်ရိပ်မိလိုက်၏။
အေးတိအေးစက် လို့ထင်ခဲ့တဲ့ သူ့အလုပ်ရှင်က မိန်းမတစ်ယောက်ကိုတောင် သူ့အိမ်ထိခေါ်ထားတယ် ဆိုတဲ့အတွေးက လူးဝစ်ကို
အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်စေတယ်။
သူနဲ့ မိုက်ခရော့ဟုမ်းက လန်ဒန်တံတားကိစ္စပြီးနောက် အလုပ်တွဲလုပ်ဖြစ်တာမကြာသေးပေမယ့်ယုံကြည်ရတယ် ။
သူ့ရဲ့အစ်ကိုဝီလီယမ်လို နွေးထွေးမှုသိပ်မရှိပေမယ့် ဒီလူက အားကိုးရတယ် ဒီနိုင်ငံအတွက်မရှိမဖြစ်ကိုအရေးကြီးတယ်လို့
လူးဝစ် ယုံကြည်ခဲ့လို့သာ အခုလို နေနေခြင်းဖြစ်၏။
သူ့ကိုခန့်အပ်ထားတဲ့MI6ဟုခေါ်သောအဖွဲ့အစည်းဟာ အဲလီဇဘတ်ဘုရင်မကြီး ရဲ့လျှို့ဝှက်ဖဲချပ် ဟု ဆိုလိုလည်းမမှားချေ။
လူးဝစ်က သူ့အတွေးတွေကိုရပ်ပစ်လိုက်ပြီး
ပတ္တမြားလို ဖိတ်ဖိတ်တောက်နေတဲ့ သူ့မျက်လုံးတွေကို ရှေ့ကအမျိုးသမီးဆီ ရဲရဲဝံ့ဝံ့စိုက်ကြည့်တယ်။
သူ့နည်းတူပင် တစ်ဖက်ကအမျိုးသမီးကလည်း အကဲခတ်နေပုံပဲ
ဟဒ်ဆန်ဟာ ယခုမျက်စိရှေ့က လူငယ်လေးကို မျက်စိပင်မလွှဲနိုင်ပဲ ကြည့်နေမိတယ်
နေရောင်တွေအောက်က ရွှေရောင်ဆံပင်တွေကအပြိုင်တောက်ပနေတဲ့အပြင် ထူးခြားချက်က စူးရဲလှတဲ့မျက်ဝန်းလှလှလေးတွေ
အရပ်ခြောက်ပေနည်းပါးရှိပြီး
တည်ကြည်ပြတ်သားဟန်တူတဲ့မေးရိုး ၊
ဖြောင့်စင်းနေတဲ့နှာတံ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးတွေက နတ်သမီးပုံပြင်တွေထဲက
မင်းသားတစ်ပါးလို ။
ပြီးတော့ ခြေမျက်စိဖုံးတဲ့ဘောင်းဘီရှည်နှင့်အတူအပြာရောင်ဝေ့စ်ကုတ်ကလည်း သူရဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့်ကွက်တိဖြစ်နေပြီး အင်မတန်ကြည့်ကောင်းနေသေးတယ်။
အဲ့ဒါ တင်မသေးဘူး။
သူ့လက်ထဲမှာတော့ စက္ကူအိတ်လို တစ်ခုခုကိုင်ထားသေးတယ် ။
သူမနဲ့မိုက်ခရော့ဟုမ်းလောက်ပဲသိမယ်ထင်ခဲ့တဲ့ အိမ်ထိတောင် ရောက်လာတဲ့ကောင်လေးက သာမညတော့မဟုတ်ဘူးဆိုတာ အလိုလိုကိုသဘောပေါက်လိုက်ရတယ်။
"တစ်ဆိတ်လောက် ဒီအိမ်က ဒါရိုက်တာ
ဟုမ်းအပန်းဖြေတဲ့နေရာမလား"
အမည်မသိတဲ့လူချောလေးက သူမကို အပြုံးလေးဖြင့်မေးခွန်းထုတ်တယ်။
"ဟုတ်ကဲ့ လူကြီးမင်းက ဘာကိစ္စများရှိလို့လဲမသိဘူး"
ရန်သူလား မိတ်ဆွေလား ခွဲခြားမရတဲ့အခြေအနေကြားမှာ ဟဒ်ဆန်က ပါးပါးနပ်နပ် ပဲ ပြန်မေးခွန်းထုတ်တယ်။
"စိတ်ပူမနေပါနဲ့ ကျွန်တော်က သံသယဖြစ်စရာလူမဟုတ်ပါဘူး "
သူမရဲ့အတွေးတွေကို သိနေသယောင်နဲ့
ကောင်လေးက တုံ့ပြန်တယ်။
သူမရင်ထဲက အနည်းငယ်စိတ်သက်ရာရသွားပေမယ့်လည်းသေချာစေချင်တာမလို့
"ဒါနဲ့လူကြီးမင်းလေး ရဲ့ နာမည်က"
"ကျွန်တော်လား M လို့ပဲ ခေါ်ပါ "
M.....အားဒီနာမည်က သူမရင်းနှီးနေတယ်
မိုက်ခရော့ဟုမ်းရဲ့ အသစ်ခန့်ထားတဲ့
လက်ထောက်လေး ပဲ
"အို ကျွန်မ မှတ်မိပြီ ရှင်လေးက ဆာဟုမ်းရဲ့
လက်ထွက်လေး"
"အဟမ်း ကျွန်တော်က သူနဲ့အလုပ်တွဲလုပ်နေတာမကြာသေးပါဘူး"
"ဒါပေမယ့်လည်း ဆာဟုမ်းက ရှင့်အကြောင်းတွေကို အမြဲအမွှမ်းတင်နေကျပါနော်
ရှင်လေး ဘယ်လောက်ထိ တော်တဲ့အကြောင်း"
"ဒါရိုက်တာ က တကယ်ကြီးအဲ့ဒီလိုပြောတယ်တဲ့လား"
"ဟုတ်ပရှင် တစ်နေ့ကို တစ်ခါလောက်တော့
ဒီကလူကြီးမင်းလေးအကြောင်းပြောပါတယ်နော် "
လူးဝစ်ဂျိမ်းစ်မော်ရီအာတီ ဟာ ဟဒ်ဆွန်ရဲ့စကားကြောင့် မနေတတ်သလိုဖြစ်လာပြီး ချောင်းတစ်ချက်ထပ်ဟန့်တယ်
သူမသိသေးတဲ့ မိုက်ခရော့ဟုမ်းရဲ့ မျက်နှာနောက်တစ်ခုကို သိရတဲ့အခါ လူးဝစ်ပိုပြီး အနှီလူသားကို ပိုမိုပြီးသိချင်လာရတယ်
"တကယ်ပဲခင်ဗျားက ကျုပ်အစ်ကိုထက်ကို
လျှို့ဝှက်ချက် တွေနဲ့ပြည့်နေတာပဲ
မိုက်ခရော့ဟုမ်း"
***********************************
"မိုက်ခီ ကျွန်တော့်ကို ကျောင်းကလူတွေကဝိုင်းအနိုင်ကျင့်ကြတယ် "
အသက်ကိုးနှစ်ခန့် ကောင်လေးရဲ့မျက်နှာသေးသေးလေးပေါ်မှာ မျက်ရည်တွေအပြည့်
သူ့ထက်အသက်ခြောက်နှစ်တိတိငယ်တဲ့ညီငယ်လေးက ထိုအချိန်ကတော့ အင်မတန်ကို
ထိခိုက်လွယ်တဲ့ကလေးတစ်ယောက်ပင်
မိုက်ခရော့ဟုမ်းလို ဉာဏ်လေးကောင်းပေမယ့်လည်း ရှားလော့ဟုမ်းက ထစ်ခနဲဆို
အော်ငိုတတ်တယ်
"ရှားလီ ယောကျာ်းဆိုတာ လွယ်လွယ်နဲ့ မငိုရဘူးလို့ အစ်ကိုသင်ထားတယ်လေ "
ညီငယ်လေးရဲ့ ပါးပြင်ထက်က မျက်ရည်တွေ ကို သူ့လက်ကိုင်ပဝါနဲ့ အသာအယာသုတ်လိုက်တယ် ။
ဒါ...ဒါပေမယ့်...မိုက်ခီ...သူတို့က ကျွန်တော့်ကို နေ့တိုင်းမကောင်းပြောနေတာ"
ဟုတ်ပါပြီ ဘာတွေပြောလဲ
"အီး..ဟီး..... သူတို့က ကျွန်တော့်နာမည်ကမိန်းကလေးလိုပဲတဲ့"
ရှားလော့က ပြောနေရင်းတန်းလန်းနဲ့ မျက်ရည်တွေက ထပ်ပြီးကျလာပြန်တယ်
တကယ်လည်းဟုတ်တယ်လေ ရှားလီဆိုတာက နေရောင်ခြည်ကို ကိုယ်စားပြုတယ်ဆိုပေမယ့်လည်း အချို့နိုင်ငံတွေမှာဆိုရင်တော့ မိန်းကလေးအများစုကိုသာမှည့်လေ့မှည့်ထရှိတဲ့ အမည်ကိုး ။
ညီဖြစ်သူကို သနားစိတ်ဝင်လာတာမလို့
မိုက်ခရော့က နှစ်သိမ့်ပေးလိုက်တယ်
"မင်းကသန်မာပါတယ် ငါ့ညီ"
ရှားလော့ က သူ့စကားကိုချက်ချင်းကျေနပ်သွားပုံပဲ င်ိုနေတာကိုချက်ချင်းရပ်လိုက်ပြီး
"မိုက်ခီ ကျွန်တော်ကြီးလာရင်ပင်လယ်ဓားပြကြီးလုပ်မှာသိလား အဲ့ဒီလိုဆို ကျွန်တော့်ကို နှိမ်တဲ့ကောင်တွေကိုပြန်ပြီးတော့ ကလဲ့စားချေမှာ"
"ဟားဟားဟား ဒါမှငါတို့ရဲ့ ရှားလီ"
အပြစ်ကင်းစွာရယ်မောနေပြန်တဲ့ ညီငယ်လေးကိုကြည့်ရင်း မိုက်ခရော့က ဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်တယ်
"ရှားလီ မင်းကိုတော့ လွတ်လွတ်လပ်လပ် အသက်ရှင်စေချင်တယ်"
"လီယမ်ဖန်တီးထားတဲ့အခြေအနေပဲ
ဒီအချိန်သာမပြောင်းလဲရင် ဒီနိုင်ငံက အဆုံးသတ်သွားလိမ့်မယ်."
ဟော... သူ့မျက်စိရှေ့က ကလေးက အခုတော့ ရင့်ကျက်ပြောင်းလဲလို့
ထစ်ခနဲရှိ မျက်ရည်ကျတတ်တဲ့ကောင်လေးက သန်မာတဲ့ယောကျာ်းတစ်ယောက်အသွင်သို့ပြောင်းလဲနေပြီ
"မသေနဲ့ ရှားလီ"
သူ့ရှေ့က နေတရွေ့ရွေ့ ပျောက်သွားတဲ့ညီဖြစ်သူရဲ့ ကျောပြင်လေးကိုတွေ့ရတာ ဒါနောက်ဆုံးအကြိမ်ပဲဆိုတာတော့ သူအဲ့ဒီတုန်းကသာသိခဲ့မယ်ဆိုရင်
တကယ်လို့ သူ့ညီကို မတက်ချင်တဲ့တက္ကသိုလ်ကိုအတင်းမပို့ခဲ့ရင်
"တောင်းပန်ပါတယ် ရှားလီ ငါမင်းကို ကာကွယ်ပေးလေ မင်းနဲ့ဝေးကွာလေပဲ ဖြစ်နေလို့"
ဒေါက် ဒေါက်! !
အမှတ်မထင် ပေါ်လာတဲ့အခန်းတံခါးခေါက်သံကြောင့် သူအိပ်မက်မက်နေခြင်းသာဖြစ်တယ်လို့ပြန်မှတ်မိသွားတယ် ပြီးတော့
ကျောက်ခဲလိုလေးလံနေတဲ့ မျက်ခွံတွေကိုအားယူကာဖွင့်လိုက်လေသည်
ဒေါက် ဒေါက် "
"ဟက် မင်းက မစ်စ် ဟဒ်ဆွန် မဟုတ်ဘူးဆိုတာကျုပ်သိတယ်"
ခင်ဗျား ကိုတော့ လိမ်လို့မရဘူးပဲ ဒါရိုက်တာဟုမ်း
တံခါးတစ်ဖက်ခြမ်းက ရင်းနှီးနေတဲ့အသံကြောင့် မိုက်ခရော့ဟုမ်း အရမ်းပဲ အံ့အားသင့်သွားလေသည်
တစ်ချိန် ထဲမှာပဲ Mကိုသူအမှတ်ထပ်ပေးလိုက်မိတယ်
"မင်းဘယ်လိုလုပ်ပြီး ဒီနေရာကိုသိလဲပြောလို့ရမလား M "
"ပထမဆုံး ကျွန်တော့်ကို သာတံခါးလေးဖွင့်ပေးပါဦး မစ္စတာ ဟုမ်း "
သူအခန်းတံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ ပထမဆုံးတိုးဝင်လာတာက လူးဝစ်ရဲ့လက်ထဲက ကိုင်လာတဲ့ လက်ဖက်ရည်ခွက်ထဲက
ရနံ့
ဒါက Earl Grey Teaပဲ
လူးဝစ်က ယုံကြည်ချက်အပြည့်နဲ့ပဲ သူ့အခန်းထဲကိုရဲရဲဝံ့ဝံဝင်လာမိုက်ခရော့လည်း လူးဝစ်နောက်ကနေ ပဲ လိုက်လာခဲ့တယ်
ပြီးတော့ သူ့အိပ်ရာခေါင်းရင်းက စားပွဲပေါ်မှာ လက်ကကိုင်လာတဲ့ခွက်လေးကိုအသာအယာချလိုက်သည် ထို့နောက်သူရှိနေတဲ့ ခုံလေးရဲ့ ဘေးနားမှာ သက်တော်စောင့်တစ်ယောက်ကဲ့သို့ မတ်တပ်ရပ်နေ၏။
"M ငါစောစောကမေးထားတဲ့ဟာ ပြန်ဖြေတော့ "
ခင်ဗျားနေတဲ့နေရာ ဘယ်လိုသိလဲဆိုတဲ့ကိစ္စ?
သြော်အဲ့ဒါကတော့ ကျွန်တော့်လက်အောက်မှာ ထိပ်တိန်းစပိုင်တစ်ယောက်ရှိနေတာပဲကို "
MI6 က အသက်အငယ်ဆုံး ဖရက် ပေါလ်လော့ခ် ကိုဆိုလိုခြင်းဖြစ်တယ်ဆိုတာ သူ အော်တိုကို သိလိုက်ရပြီ
"ဟုတ်ပါပြီ ဒါနဲ့ မင်း ငါ့ကို လျှို့ဝှက်ထောက်လှမ်းနေတာ ဘယ်လောက်ထိ ကြာနေပြီလဲ "
သူ့မေးခွန်းကိုကြားတော့ ခပ်တည်တည်သာနေတတ်တဲ့ M ရဲ့နှုတ်ခမ်းလေးက အပေါ်သို့ အနည်းငယ်ကွေးသွားတာ သူမြင်လိုက်ရတယ်
အပြုံးက စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်ဆိုပေမယ့် လူးဝစ်က ခဏခဏ ရယ်သင့်တယ်ဟု သူ့စိတ်ထဲက မှတ်ချက်ချလိုက်တယ်
အဲ့ဒီလိုသာပြောရတယ် သူလည်းပဲ အမြဲလိုလိုမရယ်မပြုံးပဲကိုး။
အထက်လူကြီးကတောင် ဒီလိုဆိုတော့ Mဆိုလည်းဒီလိုပဲနေမှာ အဆန်းတော့မဟုတ်ချေ။
"စုံထောက်ကျော် ဟုမ်းထက်တောင် ဉာဏ်ကောင်း တယ်ဆိုတဲ့ ခင်ဗျား တောင်မရိပ်မိဘူးဆိုတော့ ကျွန်တော်က တော်တော်တိုးတက်လာပြီပေါ့ "
"ဒီတစ်ခါတော့ မင်းအနိုင်ပေါ့ M... မဟုတ်ဘူး
ရာဇဝတ်အရှင် လို့ပဲသုံးနှုန်းရမလား"
"ရာဇဝတ်အရှင်ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ကျွန်တော့်အစ်ကိုဝီလီယမ် နဲ့ပဲထိုက်တန်ပါတယ် ဒါရိုက်တာဟုမ်း"
"ဒါပေမယ့်ငါသိတာတော့ မင်းတို့ညီအကိုသုံးယောက်လုံးက ရာဇဝတ်အရှင်ပဲလေ "
"အဲ့ဒါထက် ခင်ဗျား ရဲ့ လက်ဖက်ရည်လေး သုံးဆောင်ပါဦး အေးသွားရင်မကောင်းပဲနေမယ်"
အတိတ်အကြောင်းတွေစလာလျှင် သူတို့စကားဝိုင်းကပြတ်မှာမဟုတ်ဘူးဆိုတာသိနေလို့ Mဟာစကားလမ်းကြောင်းလွှဲလိုက်မှန်း မိုက်ခရော့သဘောပေါက်တယ်
"ဟုတ်ပါပြီ လူးဝစ်ရယ်"
............................
"ဒီလိုအနံ့ အရသာ ...မင်းကိုယ်တိုင် ဖျော်တာမလား M"
"အဟမ်း.. "လူးဝစ်က ချောင်းတစ်ချက်ဟန့်သည်
"မဟုတ်ဘူး ခင်ဗျားရဲ့ ယုံကြည်ရတဲ့ အမျိုးသမီး မစ်စ် ဟဒ်ဆွန် ဖျော်တာ ကျွန်တော်က အဲ့ဒါကိုယူလာပေးရုံပဲ"
"ဒါမုသားပဲ"
"မဟုတ်ဘူး "
"ဘာကိုမဟုတ်ရမှာလဲ မစ်စ်ဟဒ်ဆွန်က ဒီလို လက်ဖက်မျိုး မသုံးဘူးလေ
ပြီးတော့ ငါက ရှင်းရှင်းပြောရရင် Earl Grey ကို မကြိုက်ဘူး "
လူးဝစ်မျက်နှာမှာ အမည်မသိတဲ့ အရိပ်အယောင်တွေဖျတ်ပြေးသွားတာသူမြင်ဖြစ်အောင်မြင်ရတယ်
မင်းငယ်ပါသေးတယ် လူးဝစ် ဂျိမ်းစ် မော်ရီအာတီ မင်းကအလုပ်လုပ်တာ တိကျတယ်
ပြတ်သားတယ်ဆိုပေမယ့် ဒီလိုမျ်ိုးမုသားကျ
မင်းအစ်ကို အဲလ်ဘတ် ကပိုသာတယ်
"ခင်ဗျားတို့လို အထက်ပိုင်းတွေဆို ဒီလိုမျိုးတွေအရသာခံသောက်မယ်ပဲထင်ခဲ့တာ
ကျွန်တော်လိုသွားတာပဲ ဒါရိုက်တာကြီး"
"ဒါနဲ့ မင်းလာတဲ့ကိစ္စက ငါ့ကိုတွေ့ချင်ရုံတော့မဟုတ်ဘူးမလား"
"အဲ့ဒါနဲ့ပတ်သက်လို့ ဆို.. အရင်ဆုံးခင်ဗျားရဲ့ပုံစံကိုလည်းကြည့်ပါဦး ဒါရိုက်တာရယ်
ဆံပင်တွေကလည်းဖရိုဖရဲနဲ့ "
လူးဝစ်က သက်ပြင်းတစ်ချက်ချပြီး သူ့နားကိုအနည်းငယ်ဒူးညွတ်လိုက်တယ်
"ရိုင်းပျသွားရင် ခွင့်လွှတ်ပါ"
ပြီးတော့ သူ့လည်ပင်းက လျော့တိလျော့ရဲ ဖြစ်နေတဲ့ နက်ခတိုင်ကို သေသေချာချာ ပြန်ပြီးစည်းပေးနေတယ်
"မင်းအစ်ကိုကို ဒီလိုလုပ်ပေးနေကျမလား
လူးဝစ် "
သူ့နက်ခ်တိုင်ကို စည်းပေးနေတဲ့လူးဝစ်ရဲ့ လက်ကလေးတွေခေတ္တ ရပ်သွားတယ်
"ဟုတ်တယ်လေ ကျွန်တော့အစ်ကိုက တစ်ခါတစ်လေ ဆို ပြောလို့မနိင်အောင်ကလေးဆန်လွန်းတာကိုး "
"excuse me... မင်းကငါ့ပါ ကလေးလို့စွပ်စွဲလိုက်တာလား "
"ထင်ချင်သလို ထင်"
လူးဝစ်ကသူ့အလုပ်ပြီးတော့ စောစောကလိုပဲ မတ်တပ်ပြန်ရပ်လိုက်တယ်
မိုက်ခရော့ရဲ့ နက်ခ်တိုင်လေးကတော့ လူးဝစ် ရဲ့ လက်လေးတွေကိုလွမ်းဆွတ်သည့်အလား ကျန်ခဲ့တယ်
"လူးဝစ် မင်းပါးပေါ်က အမာရွတ်ကလည်း
မင်းအစ်ကို နဲ့ပတ်သက်လား"
သူနဂိုထဲကသိချင်နေတဲ့အရာကိုပွင့်ပွင့်လင်းလင်းပဲမေးခွန်းထုတ်လိုက်တယ်
တစ်ဖက်က သူ့မေးခွန်းကြောင့် တင်းတင်းစေ့တတ်တဲ့ ပန်းနုရောင် နှုတ်ခမ်းတွေပါ တဆတ်ဆတ်တုန် လာတယ်
သူမထိသင့်တဲ့အရာကိုမှ ထိမိလိုက်တာပဲ
"ကျွန်တော့်ငယ်ဘဝသိလို့လည်း နောက်မှပြန်လှည့်လို့မရတော့တာ "
"ဒါပေမယ့်လည်း အနာဂတ်ကိုဆက်လျှောက်ဖို့ဆိုတာ အတိတ်ကိုလည်းသိမှဖြစ်မှာလေ
ငါ မင်းကိုပိုပြီးသိချင်တယ် လူးဝစ်"
"ဒါဆိုရင်အပေးအယူအနေနဲ့ ခင်ဗျားညီ ရှားလော့ဟုမ်းအကြောင်းပါသိလို့ရမလား "
ဒီတစ်ခါအံသြ သွားတာ တော့မိုက်ခရော့ပင်
သူ့လက်ထဲက သောက်နေကျခွက်လေးကိုပါချလိုက်ပြီး
"ငါ့အကြောင်း ကောမသိချင်ဘူးလား"
"ခင်ဗျားက အမြဲရေခဲတုံးလိုပဲဆိုတော့ ခင်ဗျားအကြောင်းကသိပ်ပြီး စိတ်ဝင်စား စရာမကောင်းဘူးထင်လို့လေ"
ဒီကောင်လေး တကယ်စွာလိုက်တာ
ဒါပေမယ့်လည်း အဲ့ဒီအချက်ကိုပဲနှစ်သက်လို့
သူ့ဘေးနားခေါ်ခဲ့တာပဲမလား
"အိုး... ငါ့ညီအကြောင်းပါသိရရင် ငါ့အကြောင်းကို လည်းသိရမှာပဲကိုး
ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပေါ့ လူးဝစ်"
ဖွေးဖွေးဆွတ်နေတဲ့ ကောင်လေးရဲ့မျက်နှာက
ရှက်စိတ် နဲ့ဒေါသရောပြွန်းပြီး ရဲခနဲ ဖြစ်သွားတယ်
ဖျက်ခနဲဆိုပေမယ့် မိုက်ခရော့ရဲ့ စိတ်ထဲ
ဒီကောင်လေးမှာ ချစ်စရာကောင်းတဲ့နေရာရှိတာပဲလို့ တွေးလိုက်တယ်
ပြီးတော့ အဲ့ဒီအချက်ကိုအသုံးချပြီး စချင်လာရတာမလို့
"မင်းမှာလည်းငါ့ညီလိုပဲ တူတဲ့အချက်လေးရှိသကိုး "
"ရှားလော့ဟုမ်းနဲ့ကျွန်တော် က တူတယ်"
လူးဝစ်က စိတ်အလိုမကျဟန်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်တယ်
"ဟုတ်တယ် ဟုတ်တယ် အဲ့ဒီမျက်နှာ
ငါ့စကားကိုမကြ်ုက်ရင်ဖြစ်တာကအစကွက်တိ
ပြီးတော့ "
မိုက်ခရော့က မတ်တပ်ရပ်လိုက်ပြီး လူးဝစ်မျက်လုံးတွေထဲကိုတစ်ချက်ကြည့်တယ်
အဲ့ဒီနောက်မှာ လူးဝစ်ရဲ့ပါးဖောင်းဖောင်းလေးပေါ်ကို ခပ်ဖွဖွ တစ်ချက်နမ်းလိုက်တယ်
လျှပ်စီးလက်သလိုတစ်ခဏာပဲ ဆိုသော်ငြား
မိုက်ခရော့ရင်ထဲမှာတော့ တစ်ဖက်ကောင်လေး ရဲ့အိုင်းရစ်ပန်းကဲ့သို့ ကိုယ်သင်းနံ့ကော
ဂွမ်းစတွေလို ထိရက်စရာမရှိတဲ့ ပါးအိအိလေးရဲ့အထိအတွေ့ကပါ စွဲမြဲသွားလေတယ်
"ရှားလီလည်း ငယ်ငယ်ကစိတ်ဆိုးပြီဆို အဲ့ဒီလို စရင် ပိုပြီး ဒေါသထွက်တာထိပေါ့"
"ကျွန်တော်...ကျွန်တော်က ခင်ဗျားညီမဟုတ်သလို ပါးနမ်းပြီးစလို့ရလည်းကလေးအရွယ်လည်းမဟုတ်ဘူး နော်"
လူးဝစ်ရဲ့မျက်နှာလေးကပိုပြီးတည်တင်းသွားရပြီး
"ဒါရိုက်တာဟုမ်း ကျေးဇူးပြုပြီး အသိဝင်စမ်းပါ ခင်ဗျားညီက သေသွားပြီပဲကို
အတိတ်တွေကနေ ရုန်းထွက်ကြရအောင်"
သူ မိုက်ခရော့ဟုမ်းရဲ့ ပုခုံးတွေကိုခပ်ကြမ်းကြမ်းလှုပ်ကာအသိပေးလိုက်တော့
မျက်လုံးပြာတွေက အရောင်ကင်းမဲ့သွားရပြန်တယ်
ပင်လယ်သေတွေလိုပေါ့
"မဟုတ်ဘူး...ရှားလော့ဟုမ်းက... ဒီလောက်လေး နဲ့
သေစရာအကြောင်းမှမရှိတာ"
ရေခဲတုံးလိုအေးစက်တဲ့ယောကျာ်းလို့ထင်နေခဲ့တဲ့ဘမိုက်ခရော့ဟုမ်း ရဲ့မျက်နှာကအခုတော့ ပြိုလဲမတတ်ပဲ ပြီးတော့ နှုတ်ခမ်းကနေလည်းစကားတစ်ခုကိုပဲ ထပ်ခါထပ်ခါရွတ်နေတယ်
အဲ့ဒါကတော့ ငါတောင်းပန်ပါတယ် ဟု၍။
ရေခဲပြင်လိုအေးစက်တဲ့နှလုံးသားက တစ်ချက်မှားတာနဲ့ အကုန်လုံးကွဲကြေတတ်တယ်
လူးဝစ်ဂျိမ်းစ်မော်ရီအာတီ ခုတော့ဒီဟာကိုမျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရပြီ
သန်မာတယ်ထင်ရတဲ့လူတွေက တကယ်ပြိုလဲရင်အခြားလူတွေထက်ဆိုးဝါးတယ်ဆိုတာ အစ်ကိုဝီလီယမ်တစ်ယောက်နဲ့တင်လုံလောက်တယ်
ပြီးတော့ လူးဝစ်က မှန်ကန်တယ်ထင်တဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပြီး သူ့ရှေ့ကပုဂ္ဂိုလ်
ကိုတော့နှစ်သိမ့်ပေးဖို့ပြင်လိုက်တယ်
သူ့ထက်အရပ်မြင့်တဲ့ မိုက်ခရော့ဟုမ်းရဲ့ခေါင်းကို နှိမ့်စေလိုက်ပြီး လူးဝစ်ရဲ့ပုခုံးပေါ်ကိုမီစေတယ် သူ့ရဲ့နောက်ထက်လက်တစ်ဖက်ကတော့ မိုက်ခရော့ရဲ့ကျောပြင်ပေါ်မှာ
"အကုန်လုံးအဆင်ပြေသွားမှာပါ "
သိပ်မကြာခင်မှာလူးဝစ်ပုံခုံးပေါ်ကို စိုစွတ်တဲ့အထိအတွေ့က်ိုရလိုက်တယ်
သြော် သူငိုနေတာကိုး
"ဒါရိုက်တာဟုမ်း ခင်ဗျားရင်ထဲကအစိုင်အခဲတွေ ဖွင့်ထုတ်လိုက်စမ်းပါ ကျွန်တော်အကုန်လက်ခံတယ်"
သိပ်မကြာခင်
လူးဝစ်ရဲ့ ခါးကိုတင်းတင်းဆွဲဖက်လာတဲ့ မိုက်ခရော့ဟုမ်းရဲ့သန်မာတဲ့လက်တွေ
"ငါးမိနစ်လောက်ဆိုရင်တောင် ငါအဆင်ပြေပါတယ်"
"ခင်ဗျားဟာလေ အင်မတန်ပြောရခက်တာပဲ"
"တောင်းပန်ပါတယ် "
"ဒီလိုအချိန်ဆိုပြောသင့်တာက ကျေးဇူးတင်ပါတယ် ပါနော်"
ပြီးတော့သူ့ရဲ့ခေါင်းကိုကလေးတွေလို
ခပ်ဖွဖွပုတ်ပေးနေတဲ့ လူးဝစ်ရဲ့လက်ကလေးတစ်ဖက်
အဲ့ဒါက သူဝမ်းနည်းလာတိုင်း ရင်ခွင်ထဲ ဖက်ပြီးချော့မြူပေးတဲ့ကွယ်လွန်သူမိခင်ကို သတိရစေတယ်
နွေးထွေးတယ် လုံခြုံတယ်
ဖြစ်နိုင်မယ်ဆိုရင် ဒီလိုလေးပဲ တစ်သက်လုံးနေချင်မိတယ်
"ခင်ဗျား တော်တော်နာကျင်ခဲ့ရတာပဲ
ကျွန်တော်လေ ခင်ဗျားကိုအကဲခတ်မှားခဲ့မိလို့တောင်းပန်ပါတယ် "
မိုက်ခရော့က ခေါင်းကိုအသာအယာပဲခါပြလိုက်တယ် စောစောကလိုတုန်ခါနေတဲ့ ခန္ဓာကိုယ် ကပါ အနည်းငယ်ငြိမ်သွားတာမလို့ လူးဝစ်က ထပ်ပြီးကြိုးစားတယ်
"ခင်ဗျား ဒီနေ့ပင်ပန်းရင်အနားယူလိုက်ပါလား"
ခေါင်းပဲခါပြတယ်
"အဲ....ဟို...ခင်ဗျားငါးပိုင်မုန်ကြိုက်လား
အဆင်ပြေရင် ကျွန်တော်လုပ်ကျွေးမယ်လေနော်"
ဝမ်းနည်းနေတဲ့ကြားကပင် သူ့ကို ကလေးလေးတွေလို ရင်ခွင်ထဲထည့်ပြီးချော့နေတဲ့လူးဝစ်ကြောင့် အနည်းငယ်ရယ်ချင်သွားရတယ်
"ဖူး ဖူး ..မသိရင် မင်းက ငါ့ရဲ့အိမ်ရှင်မကျနေတာပဲ"
"ခင်..ခင်ဗျား ကြီး.."
သူ့ကိုတယုတယပွေ့ထားတဲ့အနေအထားကနေသတိဝင်ပြီး
အလန့်တကြား တွန်းထုတ်လိုက်သောလူးဝစ်
သူ့မျက်လုံးတွေကို ဆက်မကြည့်ရဲပဲ လွှဲသွားတဲ့ ကြက်သွေးနီရောက်မျက်ဝန်းတွေနဲ့ ဘေးတစ်စောင်းအနေအထားနဲ့တောင် နီရဲနေတဲ့ မျက်နှာလေး
အား လူးဝစ်ဂျိမ်းစ်မော်ရီအာတီရဲ့ အကုန်လုံးက အင်မတန်ပဲလှပတယ်
ကိုယ့်ထက်အသက်ရှစ်နှစ်ခန့်ငယ်သော လူငယ်တစ်ယောက်ကိုဒီလိုစနောက်တာမသင့်တော်ပေမယ့်လည်း သူပိုပိုပြိးစချင်လာရပြန်တယ်
ဒီလိုရှက်သွေးဖြန်းတဲ့မျက်နှာလှလှလေးကိုသာနေ့တိုင်းမြင်ရရင် စည်းစိမ်တွေအကုန်ဖြုန်းရလည်းထိုက်တန်တယ်လေ
"လူးဝစ်.... ငါ..."
"ခဏလေး ကျွန်တော်အလုပ်ရှိလို့ပြန်တော့မယ် ဒါရိုက်တာ ခင်ဗျားအနားယူပါတော့"
ရှက်စိတ်ကမပြေသေးတာမလို့ လူးဝစ်က
လက်ရှိအနေအထားကနေ ထွက်ပြေးဖို့ကြိုးစားတယ်
ပြီးတော့မယုံနိုင်ရာကောင်းလောက်အောင်
အခုန်မြန်နေတဲ့ သူ့နှလုံးသားကိုပါ ဆွဲထုတ်ချင်စိတ်ပေါက်လာရတယ်
အိမ်ရှင်မ.. အိမ်ရှင်မတဲ့လား... ခင်ဗျားကတော့ စတယ်ဆိုပေမယ့် ကျွန်တော်နှလုံးအတွက်တော့ကျန်းမာရေးထိခိုက်စေတယ်
မစ္စတာဟုမ်း
လူးဝစ်ထွက်ပြေးတော့မှာကိုသိတဲ့အလား
မိုက်ခရော့ဟုမ်း ကပါထပ်ကြပ်မကွာလိုက်လာပြီး သူ့လက်ကောက်ဝတ်ကိုအမိအရဖမ်းတယ်
"မင်းဘယ်မှထွက်ပြေးမယ်မကြံနဲ့ ရာဇဝတ်အရှင်"
အမိန့်ပေးသံဆန်ဆန်အောက်မှာ လူးဝစ်က ပဲ
အလျော့ပေးရပြန်တယ်
"ကျွတ် ကျွန်တော့်လက်ကိုလွှတ်စမ်းပါ မစ္စတာ ဟုမ်းရာ"
"မစ္စတာဟုမ်းလို့မခေါ်နဲ့"
"ဘာလို့လဲ ခင်ဗျားမျိုးရိုးက ဟုမ်းလေ"
"ငါ့ညီကိုပဲခေါ်တယ်လို့ခံစားရလို့"
မဟုတ်မှလွဲရော ဒီလူ သွားလေသူ ညီကိုတောင် မနာလိုနေတာလား
အသက်ကသာသုံးဆယ်ကျော်နေပြီ ခုထိကလေးဆန်နေတုန်းပဲ
"ဒါဆိုခင်ဗျားလည်း ကျွန်တော့်ကို ရာဇဝတ်အရှင်လို့မခေါ်နဲ့"
"ဘာလို့လဲ"
"အခုကျွန်တော်က အခု MI6 က ခင်ဗျားရဲ့ လူယုံ လူးဝစ်ဂျိမ်းမော်ရီအာတီ မလို့"
"ဟား ဟားဟား မင်းကအင်မတန်စိတ်ဝင်စားစရာပဲ လူးဝစ်ရာ"
သူ့အကျင့်နဲ့ဆန့်ကျင်ဘက် ဖြစ်စွာပဲ ကျယ်လောင်စွာရယ်မောလိုက်တယ် ဒီလိုပုံစံကိုမြင်ပြီး
လူးဝစ်ဂျိမ်းစ်မော်ရီအာတီရဲ့ ရင်ထဲ မှာလည်း
ဘယ်ကမှန်းမသိတဲ့ နွေးထွေး မှုလေးတစ်ခုကိုခံစားမိတယ်
"ဟိုလေ ဆာဟုမ်း ဘာတွေများဖြစ်"
စိတ်ပူပြီး အခန်းထဲဝင်လာတဲ့ မစ်စ်ဟဒ်ဆန်လည်း သူမရှေ့က မယုံနိုင်စရာမြင်ကွင်းကြောင့်အံ့အားသင့်ရတယ်
ရေခဲလိုအေးစက်တဲ့ယောကျာ်းလို့တင်စားရတဲ့လူက ခုကျ ကလေးတွေလို အားရပါးရ ရယ်မောလို့
အဲ့ဒါပဲဆိုတော့မဟုတ်တော့ လူးဝစ်ရဲ့ခေါင်းကို ပါ ကလေးတွေလို ပွတ်သပ်နေသေးတယ်
တစ်ဖက်ကကောင်လေးကတော့ မနှစ်သက်ပုံနဲ့ မိုက်ခရော့ရဲ့လက်တွေကို အတင်းပုတ်ထုတ်နေတယ်
သူမစိတ်ထဲတွင် လူးဝစ်ဂျိမ်းစ်မော်ရီအာတီကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိရတယ်
"ကျုပ်အဆင်ပြေပါတယ် မစ်စ်ဟဒ်ဆွန်"
"အိုး ဒါဆိုတော်သေးတာပေါ့"
"ကျုပ်တို့နှစ်ယောက်ကိုခွင့်ပြုပါဦး မစ်စ်ဟဒ်ဆန်"
"ဟုတ်ကဲ့ပါ"
"ခဏလေး ခင်ဗျားဆံပင်တွေပွနေတယ်"
လူးဝစ်က သူ့လက်ဖြင့် မိုက်ခရော့ရဲ့ဆံပင်နက်နက်တွေကို ဂရုတစိုက်သပ်တင်ပေးနေသေးတယ်
အမလေးရှင် ကျွန်မဆီက ဘီးတောင်းလည်းရနေတာကို
"အားပြီးတော့ ကုတ်လည်းသေချာဝတ်"
လူးဝစ်ကအားမရသေးဟန်ဖြင့် မိုက်ခရော့ကိုထပ်မှာနေသေးပုံက မသိလျှင် အိမ်ရှင်မ ပေါက်စလေးလိုပဲ
စိတ်ကြိုက် ပြင်ဆင်ပြီးတဲ့အခါမှာတော့ လူးဝစ်က
"ဒါဆိုကျွန်တော့်ကိုလည်းခွင့်ပြုပါဦး မစ်စ်ဟဒ်ဆွန်ရေ"
ထို့နောက် မင်းသားလေးလိုပဲ သူမရဲ့လက်ဖမိုးကို နမ်းကာနှုတ်ဆက်တယ်
သူမ ရင်အနည်းငယ်တော့ခုန်သလိုပေမယ့်
မလှမ်းမကမ်းက မိုက်ခရော့ဟုမ်းရဲ့ မျက်နှာအေးတိအေးစက်ကိုမြင်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်
နောက်ဆုံး တော့ ဒီလူဘာလို့ ဘယ်အမျိုးသမီးနဲ့မှ လက်ထပ်ဖို့မကြိုးစားလဲဆိုတာ ငါသိပြီထင်တယ်
ထို့နောက်သူမရှေ့က တဖြေးဖြေးပျောက်ကွယ်သွားသော ကျောပြင်လေးနှစ်ခု
"M ငါ့နောက်လိုက်ခဲ့"
"အမိန့်အတိုင်းပါ ဒါရိုက်တာဟုမ်း "
အဲ့ဒီနောက်လူးဝစ်က တစ်ခုခုကိုစဥ်းစားမိလို့
ပြုံးမိပြန်တယ်
"မင်းဘာကိုရယ်တာလဲ"
"လျှိူ့ဝှက်ချက်"
အကယ်လို့များ အစ်ကိုဝီလီယမ်နဲ့ ရှားလော့ဟုမ်းက လှောင်အိမ်အပြင်ဘက်က ခိုဖြူလေးနှစ်ကောင်ဆို ကျွန်တော်တို့က လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ ငှက်နှစ်ကောင်ပေါ့
ဒါပေမယ့်လည်း ထွက်ပြေးလို့မရပဲ
အဲ့ဒီလှောင်အိမ်ထဲမှာပဲ တိုင်းပြည်တစ်ခုတည်ထောင်ပြီး ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်ဒဏ်ရာကို တစ်ယောက် ကုစားဖို့ကလွဲပြီးမရှိဘူးလေ
Ends ~~
A/N
ဒီလိုမျိုးရေးချင်နေတာကြာပြီ လူးဝစ်နဲ့မိုက်ခရော့ကတူတဲ့အချက်လေးတွေ ရှိတယ်လို့ ကိုယ်တစ်ယောက်ပဲထင်နေသလားမသိ
Btw ကိုယ်သဘောကျတဲ့Pair လေးတွေလည်းရေးစေချင်ရင် အကြံပေးပါဦးနော်🥺
ZawGyi!!
***********************
ထိုးနှက်ကြပြန်ပြီ
အဲ့ဒီနောက်မှာ
မဖြစ်ဘူး..
သွားနေလျက်။
ဟူး~
တစ်ချိန် ထဲမှာပဲ
နွေးထွေးတက်ကြွတဲ့
"အမိန့်အတိုင်းပါ "
အတိတ်တွေဆီ
"နင်ဘာပြောတယ်"
!!!!
"ဘယ်သူများပါလိမ့်"
မင်းသားတစ်ပါးလို ။
အဲ့ဒါ တင်မသေးဘူး။
လက်ထောက်လေး ပဲ
လက်ထွက်လေး"
မိုက်ခရော့ဟုမ်း"
***********************************
အော်ငိုတတ်တယ်
ရှားလော့ က သူ့စကားကိုချက်ချင်းကျေနပ်သွားပုံပဲ ငျိုနတောကိုခကျြခငျြးရပျလိုကျပွီး
"မသေနဲ့ ရှားလီ"
ဒေါက် ဒေါက်! !
ဒေါက် ဒေါက် "
ရနံ့
ဒါက Earl Grey Teaပဲ
"ဟုတ်ပါပြီ လူးဝစ်ရယ်"
............................
"ဒါမုသားပဲ"
"မဟုတ်ဘူး "
ပြတ်သားတယ်ဆိုပေမယ့် ဒီလိုမျြိုးမုသားကြ
လူးဝစ် "
"ထင်ချင်သလို ထင်"
ငါ့စကားကိုမကြ်ုက်ရင်ဖြစ်တာကအစကွက်တိ
ပြီးတော့ "
ပင်လယ်သေတွေလိုပေါ့
သြော် သူငိုနေတာကိုး
သိပ်မကြာခင်
"တောင်းပန်ပါတယ် "
ခေါင်းပဲခါပြတယ်
"ခင်..ခင်ဗျား ကြီး.."
"လူးဝစ်.... ငါ..."
မစ္စတာဟုမ်း
အလျော့ပေးရပြန်တယ်
"ဘာလို့လဲ"
"ဟုတ်ကဲ့ပါ"
"M ငါ့နောက်လိုက်ခဲ့"
ပြုံးမိပြန်တယ်
"မင်းဘာကိုရယ်တာလဲ"
"လျှို့ဝှက်ချက်"
Ends ~~
A/N