"နိုးလာပြီလား မင်း!"
Jeongwooက အိပ်ချင်မူးတူးဖြစ်နေတဲ့ သူ့ရုပ်ကို သူလက်နဲ့အုပ်လိုက်တယ်။အရက်နာကျနေတဲ့ သူ့နှုတ်ခမ်းတွေက ဖြူဖတ်ဖြူရော်ဖြစ်နေသေးတယ်။ရုတ်တရပ် ကုတင်နားကို လာထိုင်ပြီး မေးတဲ့ Rutoကြောင့် ဘာပြန်ပြောရမှန်း မသိ။
"နိုးလာရင်လည်း အကြောင်းလေးပြန်အုံး ထိုင်ရင်းနဲ့ငိုက်နေတာလား?"
"မငိုက်ပါဘူးဆို ထပြီ"
အမယ်။သူကများ ဆောင့်ကြီးအောင့်ကြီး လုပ်ရတယ်ရှိသေး... ညက ကုန်းပိုးလာခဲ့ရတဲ့ ဒီကောင်ကြီးကို ကျေးဇူးတင်ရမှာမဟုတ်ဘူးလား?Harutoက ကျောင်းဝတ်စုံဝတ်ရင်း ဖုန်းခနကြည့်နေတယ်။သူအခုရက်ပိုင်း SNSသံုးရတာကို ပိုcrazyဖြစ်လာသလိုပဲ ပျင်းနေရင် ဖုန်းပဲ ကြည့်နေတတ်တယ်။
သွားတိုက်တံကို ကိုက်ပြီး ပါးစပ်က အမြုပ်တွေထွက်နေတဲ့ လူက ဘာစကားတွေပြောနေမှန်းမသိ၊ ဝူးဝူးဝါးဝါးနဲ့ လှမ်းအော်နေတဲ့ပုံပဲ၊ Harutoက ခေါင်းခါပြီး သူကြည့်နေကြ youtubeက contentတစ်ချို့ကို ပြန်ကြည့်တယ်။
"ထွီ... မင်းကို လှမ်းပြောနေတာ မကြားဘူးလား"
ပါးစပ်က အမြန်ပလုတ်ကျင်းပြီး ထွက်လာတယ်ထင်ပါသည်။ဒီကောင်ပါးစပ်မှာ သွားတိုက်ဆေးက အမြုပ်တွေနဲ့။
"နက်ခ်တိုင် ေစာင်းနေပါတယ်ဆို"
ပြောချင်ရာပြောပြီး ကျွန်တော့်အတွက် နက်ခ်တိုင်းလာပြင်ပေးနေတဲ့သူက သူကိုယ်သူ ဂရုစိုက်ရမှန်းတော့ သိတန်ကောင်းပါရဲ့။
"မင်းကလေ အမြဲဒါလေးကိုတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး"
Harutoမှာ အကျင့်တစ်ခုရှိတယ်။ အဲ့ဒါကတော့ အမြဲကျောင်းဝတ်စုံက အပေါ်ကြယ်သီးနှသ်လုံးကို ဖြုတ်ထားတတ်တာပဲ၊ သူ့မှာ အဖုအထစ်တွေရယ်လို့ ကြွက်သားမာမာကြီးတွေမရှိပေမယ့် ကြယ်သီးဖွင့်ထားတဲ့အချိန် သူ့ရဲ့လည်ဇလုတ်ကတော့ ခန့်ညားစွာ ရှိနေတတ်တယ်။စိုပြေတဲ့ အသားအရေက သူ့အမေက ဂျပန်မလေးတစ်ယောက်ပါဆိုတာကို အပီအပြင်ဖော်ပြနေသလိုပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်မကြိုက်ပါ။ဒါက စည်းဖောက်တာပဲ မသိရင် သူ့ရင်ဘတ်ကို လာပါ လာပါ ငမ်းကြပါ ငမ်းကြပါလို့ အသံတိတ်ပြောနေသလိုပဲ!
"ပေနေပြီ!"
"ဘာလဲ"
နှုတ်ခမ်းနားမှာ ပေနေတဲ့ အမြုပ်တွေကို လက်နဲ့သုတ်ပေးလိုက်ရတယ်။ဒီကောင်ကတော့ သုံးဆယ့်တစ်ဘုံမှာ အညစ်ပတ်ဆုံးပဲ!
"ဘာ ဘာကြီးလဲ ယားတယ် ဝေးဝေးသွား"
Jeongwooက ရုတ်တရပ် ဒိန်းခနဲ ခုန်သွားတဲ့ သူ့ရင်ဘတ်ကြီးကြောင့် အိပ်ချင်တဲ့မျက်လုံးတွေက အော်တိုပြူးကျယ်သွားရတယ်။အဲ့ဒါအပြင် သူ့နှုတ်ခမ်းကိုလာထိနေတဲ့ Ruto လက်ကြောင့် အလိုလို ေစာင့်ကန်ပစ်လိုက်မိတယ်။
ဒုန်း!
ဒါလေး သုတ်ပေးတာကို ဖြစ်ပျက်ပြနေတယ်။ဒီလိုမှန်းသိ အစတည်းက မသုတ်ပေးပါဘူး။နံရံနဲ့တိုက်မိသွားတဲ့ Harutoက သူ့ရဲ့လက်ကို ဘောင်းဘီနဲ့သုတ်ပစ်လိုက်ပြီး "မြန်မြန်အဝတ်လဲ၊ မျက်နှာသစ်၊ ပြီးရင် စားပွဲပေါ်က စွပ်ပြုတ်ကိုသောက်! ပြီးရင် အတန်းကိုမြန်မြန်လိုက်လာခဲ့တော့"လို့ ပြောခဲ့လိုက်တော့တယ်။
Jeongwooရဲ့ တိုးတိုးလေးမေးလိုက်တဲ့ မေးခွန်းကိုတော့ သူ မဖြေသွားပါ။
"ထပ်ပြီးတော့ ထားသွားအုံးမလို့လား!"
..........................
Jeongwooက အရက်နာကျနေတဲ့ သူ့အခြေအနေက အခုထိ အကောင်းပကတိမဖြစ်သေးတာကိုသိတယ်။Rutoချက်တဲ့ စွပ်ပြုတ်ရဲ့ စပ်ပူစပ်ပူအရသာကြီးက လျှာပေါ်မှာဆွဲနေတာတောင် လူက ယိုင်နဲ့နဲ့ လျှောက်နေရတယ်။မူးချင်နေတုန်းပဲ။
တနလင်္ာနေ့တိုင်းက မနက် 8နာရီမှာ business ဆိုင်ရာ debate classရှိတတ်တယ်။တစ်ပတ်စာ lectureတွေကို ပြန်ပြီး ဆွေးနွေးကြတဲ့အပြင် အသစ်အသစ်တွေနဲ့ နည်းလမ်းကောင်းတွေယူဖို့ ကျောင်းက ကျော်ကြားတဲ့ စီးပွားရေးပညာရှင်တွေကို ဖိတ်ပြီး ဟောပြောခိုင်းတတ်တယ်။သူနောက်ကျမှာ စိုးတဲ့အတွက် Jeongwooကတော့ အမြန်ပြေးလာနေရတယ်။နှဖူးကလည်း ချွေးတွေထွက်နေပြီ။
ဟူး နောက်ဆုံးတော့ အတန်းကိုရောက်လာပြီ။Rutoကိုရှာဖို့ မျက်လုံးဝှေ့ကြည့်လိုက်ပေမယ့် ရှာလို့မတွေ့တာကြောင့် နောက်ဆုံးတန်းက ခုံမှာ ဖြစ်သလိုဝင်ထိုင်လိုက်တယ်။
"Management အကြောင်းနဲ့ ပက်သက်ပြီး ဘယ်သူဆွေးနွေးချင်သေးလဲ?"
အသံတိတ်နေတဲ့ အတန်းကြောင့် အတန်းပိုင် ပါချုပ်က ခေါင်းတစ်ချက်ငြိမ့်ပြီး သူ့မျက်မှန်ကိုပင့်တင့်လိုက်တယ်။
"ဟုတ်ပြီ ဘယ်သူမှ ဆက်debateဖို့မရှိတော့ရင် ဆရာမတို့ ဒီနေ့လာမဲ့ဧည့်သည်ကို ကြိုဆိုလိုက်ရအောင်"
တစ်လှမ်းချင်း ကျော့ကျော့မော့မော့နဲ့ လျှောက်လာတဲ့ အမျိုးသမီးကိုမြင်တော့ ကျွန်တော် အံ့ဩသွားတယ်။အန်တီငယ်က ဘာလို့ဒီရောက်လာတာလဲ?
"အားလုံး နေကောင်းကြမယ်လို့ထင်ပါတယ်၊ ကျွန်မက Park Suwonပါ Seoul ကျောက်မျက်ရတနာအစည်းအရုံးရဲ့ ဥက္ကဋ္ဌဆိုလည်း ဟုတ်ပါတယ်"
Jeongwooက နည်းနည်း မအီမလည်ဖြစ်ချင်နေပြီ။သူ့ဆီကို လာချင်တာနဲ့ ဒီလိုအတန်းချိန်အထိ အသုံးချစရာမလိုဘူးလို့ ထင်တယ်။နောက်ပြီး ဘာတွေခိုင်းချင်နေသေးလို့လဲဆိုတာကိုတွေးမိရင် စိတ်ကပျက်ချင်လာသည်။အဘိုးအကြောင်းတွေးခိုက်ရင်လည်း စိတ်မောရ၊ Rutoသိသွားမဲ့အကြောင်း တွေးပြန်တော့လည်း စိတ်ညစ်ရနဲ့၊ အန်တီငယ်က တကယ့်ကို စိတ်ဒုက္ခ ပေးနိုင်လွန်းတယ်။
"ကျွန်မ ဒီလိုအောင်မြင်လာတာကို တချို့က ပြောကြတယ်။မျိုးရိုးကြောင့်၊ အမွေဆက်ဆံလို့ရတာကြောင့်လို့... စသည်ဖြင့်ပေါ့ ထားပါတော့! ဒါပေမယ့် ကျွန်မအထင် မင်းတို့အားလုံးလည်း မိသားစုနောက်ခံကိုယ်စီတေ့ ရှိကြမှာပါ ဆိုတော့ အမွေဆက်ခံလိုက်တိုင်းလည်း စီးပွားရေးလောကကို အလွယ်တကူ မထိုးဖောက်နိုင်ဘူးဆိုတာ သိထားစေချင်တယ်။ အထူးသဖြင့် ခုနက debatingမလုပ်ခဲ့တဲ့ Management နဲ့ Leadershipအကြောင်းမှာပေါ့"
"စနစ်တကျ ဒီအလုပ်က ဒီလိုဖြစ်လာအောင် နောက်ကနေဘယ်လိုအရာတွေနဲ့ supportingလုပ်နိုင်မလဲ၊pushလုပ်ပေးနိုင်မလဲဆိုတာ အရေးကြီးတယ်။မင်းတို့အားလုံးက ဒီကနေဘွဲ့ရသွားရင် စီးပွားရေးနယ်ပယ်ထဲကို ခြေစုံပစ်ဝင်ချင်မယ့်လူတွေမလား? အရှိန်အဝါ၊ အဟိတ်အဟန်တွေ ထုတ်တတ်ဖို့အရေးကြီးတယ်။ ကိုယ့်ဘက်က ပျော့ညံ့လိုက်တာနဲ့ ပြိုင်ဘက်က အားနည်းချက်ကိုရှာတွေ့ရက် အရှုံးပေါ်မယ်၊ ဒါမှမဟုတ်လည်း မင်းဝန်ထမ်းတွေက ရိုသေမှုရှိမှာမဟုတ်ဘူး။Leadershipအပိုင်းမှာ ကျွမ်းကျင်မှုမရှိလိုက်တာနဲ့ မင်းကတော့သွားပြီ၊ သူဌေးကောင်း... အလုပ်သမားကောင်း ဖြစ်နိုင်တော့မှာမဟုတ်ဘူး"
Jeongwooက စိတ်ပျက်လက်ပျက်နဲ့ သူ့လက်ထဲက ဘောပင်ကိုလှည့်နေတယ်။မိသားစုထမင်းဝိုင်းမှာလည်း အန်တီငယ်က အမြဲဒီလို တရားဟောနေကြဆိုတော့ မကြားချင်လောက်အောင်ကို ငြီးငွေ့နေပြီ။Mommyနဲ့ သူမက သိပ်တူတယ်။သိပ်ကို မာနဆန်လွန်းတယ်။
"ဟိုးနောက်ဆုံးက ကျောင်းသား? မင်းမှာ employment နဲ့ပက်သက်ပြီး ဆွေးနွေးစရာရှိနေလား?"
Jeongwooက သူ့ဘက်ကို ကြည့်ပြီးပြောလာတဲ့ အဒေါ်ဖြစ်သူကြောင့် မဲ့ပြုံးတစ်ခုပြုံးပြီး မတ်တပ်ထရပ်လိုက်ရတော့တယ်။
"အများကြီးတော့မရှိပါဘူး ဒါပေမယ့် အခုခေတ် companyတွေက နောက်ခံတွေ၊ ဒါမှမဟုတ် ဘွဲ့စနစ်တွေကိုကြည့်ပြီး employerခန့်ကြတယ်။ ဥပမာပြောရရင် ဆောက်လုပ်ရေးပိုင်းမှာဆိုပါတော့ Companyက ပြင်ပဆောက်လုပ်ရေးအတွက် လူလိုတယ်။ဒါပေမယ့် သူတို့က ဘွဲ့ရခါစပဲရှိသေးတဲ့ no experience သမားကို အလုပ်ခန့်လိုက်တယ်။ဒါဆိုရင်တော့ အလုပ်မှာ ဆိုးကျိုးရှိလာနိုင်ပြီ ဘာလို့လဲ? သူ့မှာအတွေ့အကြုံမရှိလို့၊ ဆိုဒ်တွေထဲမှာ အချိန်အတော်ကြာ ဦးစီးနေတဲ့ ခေါင်းဆောင်းလည်း အလုပ်လျှောက်ပေမယ့် သူတို့က ငြင်းလိုက်တယ်။ဒါဆိုရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သွားပြီ ဘာလို့လဲ? အတွေ့အကြုံနဲ့ leadershipတွေ စည်းမျဥ်းနဲ့ အခြေခံပြင်ပသဘောတရားတွေကို သူတို့ မရနိုင်တော့လို့! ပြောချင်တာက employment တစ်ခုမှာ နောက်ခံတွေ၊ ဘွဲ့တွေ ဘယ်နိုင်ငံက ဘာဘွဲ့ရတာလေဆိုတာမျိုးထက် သူကတော့ ဘယ်လောက် အရည်အချင်းရှိတာလေ လက်တွေ့ပြနိုင်တယ်ဆိုတဲ့ လူမျိုးတွေနဲ့ပဲရှေ့ဆက်သင့်တယ်။လုပ်သက်များတဲ့သူကသာ စည်းမျဥ်းတွေ ကိုယ့်အုပ်ချုပ်မှုတွေကို အလွယ်တကူလိုက်နာနိုင်လို့၊ နားလည်နိုင်လို့!"
Jeongwooအပြောက Park Suwonက ပြုံးလိုက်တယ်။ပြီးတော့ သူပြောစရာရှိတာကို ဆက်ပြောနေတယ်။သူ့အတွက် business အပိုင်းက သိပ်ပြီး စိတ်ဝင်စားစရာမကောင်းလှ။အနုပညာပိုင်းတွေကိုသာ သင်ယူချင်တယ်။ဒါကလည်း ဂီတကလပ်မှာ အနေကြာလို့ဖြစ်မယ်။
ဘဲလ်တီးသံနဲ့အတူ အတန်းဆင်းသွားတာနဲ့ Jeongwooက အိမ်သာကို အမြန်ပြေးပြီး မျက်နှာသစ်လိုက်တယ်။သူ့တစ်ကိုယ်လုံး တစ်မျိုးကြီးဖြစ်နေတယ်။အဆင်မပြေဘူး။
ဓာတုဗေဒအဆောင်ကြီးရှေ့ကနေ ဖြတ်လျှောက်ပြီး နေ့လည်ပိုင်း လုပ်ရမဲ့ testတွေကြောင့် သူအမြန်မျက်နှာသစ်ပြီးတာနဲ့ ဂီတကလပ်ဆီကို ပြေးသွားရတော့တယ်။သေချာတာတော့ သူဒီတစ်မနက်လုံး ကျောင်းဝန်းထဲမှာ Harutoကိုမတွေ့ရသေးဘူးဆိုတာပဲ!
"Jeongwooရောက်ပြီလား"
"ဟုတ် ရောက်ပြီHyung"
"ဒါလေး တီးကြည့်မယ်နော် Hyungတို့ခနနေရင် recordingစတော့မှာ"
Jeongwooက တယောတစ်ခုကို သူ့ပုခုံးပေါ်မှာတင်လိုက်တယ်။ပိတ်ရက်တုန်းက ပြန်ပြီးလေ့လာထားတာဖြစ်တယ်။အစတည်းက အခြေခံရှိပြီးသားမို့ အချိန်အကြာကြီး မေလ့ကျင့်ခဲ့ရ။သို့သော်လည်း သိတဲ့အတိုင်း Piano chordတွေနဲ့ Violin piecesတွေက တူသလိုလိုကှိတာကြောင့် နည်းနည်းတော့ ရောနေတတ်တယ်။ဒါပေမယ့် ဒီတူရိယာတွေကိုတီးရတာကို သူသဘောကျတယ်။
အရမ်းသဘောကျတယ်။
"Rutoကိုတွေ့မိသေးလား Junkyu Hyung"
"သူခုနက ကလပ်အပြင်ဘက် ခနထွက်သွားတယ် ကြည့်ရတာ ကောင်မလေးအသစ်နဲ့ထင်တယ်၊ သူပြန်လာရင် Hyungတို့ recordingစမယ်နော်"
လာမယ့် တက္ကသိုလ်ဂီတအသင်းများပြိုင်ပွဲအတွက် သူတို့ကလပ်က ပြောရရင် အခုရက်ပိုင်းမှာ သိပ်အလုပ်ရှုပ်လှတယ်။ကိုယ်စီကိုယ်စီ တူရိယာတွေကို ထပ်ပြီးသင်ယူကြရတယ်၊ အကြီးတန်းစီနီယာတွေက မအားလပ်တာကြောင့် ဒုတိယနှစ်က သူတို့ကပဲ ဝန်ပိနေတယ်။နောက်ပြီး ကျောင်းဂုဏ်တက်အောင်လုပ်ရမှာဖြစ်တဲ့အတွက် ကလပ်တစ်ခုလုံး စိုးရိမ်နေကြတာတော့အမှန်ပဲ။
"ပြန်ရောက်ပါပြီ"
"မင်း ဘယ်သွားနေတာလဲ"
Jeongwooက Harutoက မကြည့်။သူ့ရဲ့ပုခုံးပေါ်က တယောကြိုးတွေကို ချိန်ညှိနေရင်း မေးလိုက်တာဖြစ်တယ်။အမှန်တော့ သူ ထိုကြွေရုပ်လေးလိုမျက်နှာကို အချိန်ပြည့်ကြည့်ချင်ပါသည်။ယုံကြည်မှုရှိစွာ တခြားတစ်ယောက်ကိုချစ်နေမယ့် သူ့နှုတ်ခမ်းတွေကို မကြည့်ရုံသာ။
"အော... ငါ့ကို Languageမေဂျာက ကောင်မလေးတစ်ယောက် စာလာမေးနေလို့ လိုက်သွားတာ"
"မင်းက အဲ့မေဂျာကမှမဟုတ်တာ"
"ဒါပေမယ့် ငါက ဂျပန်လေ သူဂျပန်စာမေးရင် စိတ်ရှည်ရှည် ဖြေရတာပေါ့"
"မဆိုင်လိုက်တာ"လို့ သူပြောပစ်လိုက်ချင်ပေမယ့် အမှန်တကယ်ကြ ပါးစပ်က ထွက်မလာဘဲ ရင်ထဲမှာပဲ စူးကျန်နေခဲ့သည်။ အဆင်မပြေလိုက်တာ!
"သူမက လှလား"
"အနေတော်ပါပဲ ဘာလို့လဲ"
"ငါကြိုသိနေလို့ မင်းနဲ့တွဲချင်လို့ဖြစ်မယ်"
"သူမက ထူးခြားပါတယ် တခြားလူတွေမတူဘူး"
Jeongwooက တယောကြိုးချိန်နေတဲ့ သူ့လက်တွေကို ရပ်တန့်မိသွားတယ်။အဲ့လိုထူးခြားတာမျိုးတွေကို ဖြစ်မလာစေချင်ဘူး။
"3 2 1 start!"
Video recordingစသွင်းပြီးဆိုတာနဲ့ သူတို့က သေသေချာချာဂရုတစိုက်လုပ်ပြီး တီးခတ်ရတော့တယ်။ဒရမ်သမားရယ်၊ ဘေ့စ်ဂစ်တာရယ်၊ တယောနဲ့ ပုလွေရှည်သမားရယ် အဆိုသမားရယ်... သူတို့တီးဝိုင်းက အတော်လေးကိုစေ့စပ်တယ်။noteတွေကိုမလွတ်ဘဲ တီးသွားကြတာကြောင့် သူတို့သိပ်မကြာခင်မှာပဲ ကလပ်ကနေ ပြန်လို့ရသွားတယ်။
နွေရောက်တာနဲ့ ပိုပြီးပူအိုက်လာတာဆိုးတယ်။Jeongwooက ကလပ်အပေါက်ဝမှာရပ်ရင်း သူ့ခေါင်းပေါ် ထိုးကျနေတဲ့ ေနမင်းကြီးကို မျက်စောင်းလှမ်းထိုးမိတယ်။ဘာလို့ဒီလောက် စောက်အလိုက်ကန်းဆိုးမသိ၊ ဇွတ်ပူနေရတာလဲ?
ချွေးစို့နေတဲ့ သူ့နှဖူးကို ထပ်သုတ်လိုက်တယ်။ဘေးနားက မလဇမ်းမကမ်းကိုကြည့်လိုက်တော့ ကောင်မလေးက ကောင်လေးကို ရေဘူးလှမ်းပေးနေတာပဲ၊ မထူးဆန်းတဲ့အရာတွေပဲကို! Ruto-yahh မင်းဘာကြောင့် သူမတစ်ယောက်တည်းကိုပဲ ထူးခြားတယ်လို့ထင်နေရတာလဲ?
အနားကိုဖြေးဖြေးချင်းလျှောက်လာတဲ့ သူတို့နှစ်ယောက်ကြောင့် လူက ဟိုကြည့်၊သည်ကြည့်လုပ်မိတယ်။နေက တဖြေးဖြေးပိုပူလာပြီထင်ပါသည်။
Jeongwooက အဲ့ဒီလူနှစ်ယောက်ကို ရှင်းရှင်းလင်းလင်းမမြင်ရတော့။သူ့မျက်လုံးတွေက ေဝဝါးလာနေပြီ။မှုန်စုတ်လာနေပြီ။ခေါင်းက ထိုးကိုက်ချင်လာတယ်။
သူက ထိုးကိုက်နေတဲ့ ခေါင်းဘယ်ဘက်ခြမ်းကိုဖိလိုက်ရင်း တဖြေးဖြေး ကြမ်းပြင်ပေါ်ကို ပျော့ခွေယိုင်လဲသွားတော့တယ်။
.........................