24

389 65 18
                                    

ေကာ်ဖီဆိုင်ငယ်လေးအတွင်းမှာ Park Jeongwooက မှာနေကျ လက်တေးအစား Ice Colaတစ်ခွက်ကို ပြောင်းသောက်နေတယ်။ဒီအကြိုက်တွေက မင်းအတွက်နဲ့ ပြောင်းလဲခဲ့တာ။မ်ငးတော့ မသိလောက်ဘူးပေါ့။

ဖြတ်သန်းလာတဲ့ လေပြေအေး​လေးက Air conဖွင့်ထားတဲ့ ဆိုင်ငယ်လေးထဲကို ဝင်လာတယ်။တံခါးဖွင့်ပြီးဝင်လာတဲ့ ကောင်လေးကြောင့် Park Jeongwooက မအီမသာပြုံးလိုက်ရတယ်။

Jeongwooက သူ့နောက်က တကောက်ကောက်လိုက်နေတဲ့ ကောင်လေးကြောင့် စိတ်ရှုပ်သလိုမျိုးမေးလိုက်တယ်။ "မင်း ဘယ်ကလာသလဲ"

"ကျွန်တော်က နတ်ပြည်ကလာတာ!"

"ဟမ် ဘာကြီး?"

"ဟုတ်တယ် တစ်စုံတစ်ယောက်ကို စောင့်ရှောက်ပေးဖို့လေ နတ်ပြည်ကဆင်းလာတာ"

"အဲ့ဒါဆိုလည်း အဲ့ဒီလူဆီသွားလေ ဘာလို့ ငါ့နောက်လိုက်နေတာလဲ"

လက်ထဲက ပေါင်မုန့်ကို တစ်ကိုက်ကိုက်ပြီးမှ ပြောလာတဲ့ ထိုကောင်လေးရဲ့စကားကြောင့် Park Jeongwooတသ်ယောက် သွေးဆောင့်တက်တော့မလိုလို။အအေးကုန်သွားတာကြောင့် ဗလာဖြစ်နေတဲ့ ဖန်ခွက်ထဲကို ရေခဲတစ်ချို့ကို အမြန်ကောက်မော့လိုက်ရတယ်။

"အဲ့ဒီစောင့်ရှောက်ရမဲ့လူက Hyungလေ စိတ်မပူပါနဲ့ Hyungအကြောင်းတွေကို ဟိုမိန်းမကြီးကို ပြန်ပြောပြမှာမဟုတ်ဘူး"

"မင်းကတော့..."

ဖုန်းသံမြည်လာတာကြောင့် ပြောမဲ့စကားတို့က ပြတ်တောက်သွားပြီး Park Jeongwooက ဖုန်းလှမ်းကိုင်လိုက်တယ်။အဲ့ဒီနောက်တော့ သူဟာ အခုလက်ရှိထိုင်နေတဲ့ ကော်ဖီဆိုင်ကနေ အမြန်ထွက်သွားတော့တယ်။

"ဘယ်လဲ Hyung! ကျွန်တော်လည်း လိုက်မယ်"

"ဘာလိုက်လုပ်မှာလဲ ငါက စီနီယာတစ်ယောက်ကို သွားကူပေးရမှာ"

"ကျွန်တော်ပါ ကူပေးတော့ အမြန်ပြီးတာပေါ့"

ကားအနက်ရောင်လေးပေါ်ကို တက်သွားတဲ့ Jeongwoo Hyungက ကျွန်တော့်ကို ကြည့်မရဘူးထင်တယ်။ဘာတတ်နိုင်မှာလဲ ​နောက်ကလိုက်ဖို့ပဲအရေးကြီးတယ်။So Junghwanက အရိပ်အကဲသိစွာနဲ့ ကားတံခါးကိုဆွဲဖွင့်ပြီး အသင့်ခါးပတ်ပတ်လိုက်တယ်။အဲ့ဒီနောက်မှာ သူတို့ကားလေးက အင်ချွမ်းတောင်ခြေကို မောင်းသွားကြတော့တယ်။

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now