38

340 58 12
                                    

အဆောင်အပေါ်ထပ်ကိုရောက်တော့ သူ့ကိုမတ်တပ်ရပ်စောင့်နေတဲ့ Rutoကို လက်အပိုက်သားနဲ့တွေ့ရတာကြောင့် နည်းနည်းတော့ အံ့ဩမိတာ အမှန်။ဒါပေမယ့်လည်း အစတည်းက သူ့ကိုဖုံးကွယ်ထားတာကြောင့် ပိုပြီးလိပ်ပြာမလုံခဲ့တာဆိုတော့ အခုအခြေအနေက အရင်ကထက်စာရင်အများကြီးသက်သာပါသေးတယ်။

"အခုနက ဘယ်ကပြန်လာတာလဲ တစ်နေကုန် ငါဖုန်းခေါ်ထားတာရောသိလား"

"ခေါ်ထားတာလား"

ကိုယ်ပြောမှ ဖုန်းကိုအိတ်ထဲကထုတ်ပြီးကြည့်တဲ့ Jeongwooကိုစိတ်မရှည်တော့တာအမှန်။ဘယ့်နှယ် တစ်နေကုန် ကိုယ်စကားပြောချင်တာတောင် သူအားဖို့ကိုညအထိ ထိုင်စောင့်နေရတယ်လို့! ဘယ်ကလေကဝနဲ့အလေလိုက်နေမှန်းမှ မသိဘဲ....

"ဪ ခေါ်ထားတာအများကြီးပဲကိုး ဆောရီး ငါသတိမထားမိလိုက်ဘူးရယ်"

"ထားတော့ အခန်းပြန်ရအောင် အပြင်မှာကြာကြာမနေနဲ့"

"ငါ Junghwanieနဲ့စကားပြောစရာရှိသေးတယ်ရယ် မင်း သွားနှင့်!"

မိမိကို တာ့တာပြပြီး တခြားအခန်းဆီကို ခြေဦးတည်နေတဲ့ ကောင်လေးကို Harutoက စိတ်မရှည်စွာဘဲ လှမ်းအော်လိုက်တယ်။

"ငါ ပြောစရာရှိတယ်လို့! မင်း မသွားရဘူး"

"ဟမ်-? "

"မင်းအခန်းထဲ မသွားချင်သေးရင် ခေါင်မိုးထပ်ကိုပဲသွားရအောင်"

တစ်ချိန်တည်းမှာပဲ ကြောင်တောင်တောင်ဖြစ်နေတဲ့ Jeongwooကိုလက်ဆွဲခေါ်ပြီး သွားနေကျဖြစ်တဲ့ အဆောင်​ေခါင်မိုးထပ်ဆီကို Harutoတစ်ယောက် ခြေဦးတည်လိုက်တော့သည်။

.................................

"မင်း ဘာပြောမှာလဲ မြန်မြန်ပြော! ငါ-"

"ဘယ်ကိုထွက်သွားဖို့ ကြံစည်နေတာလဲ?"

ခေါင်မိုးထပ်ကို ရောက်ရောက်ချင်းပဲ အေးစက်စက်လေထုကို စတင်ဖြိုခွဲသူက Haruto။

"ဘာတွေပြောနေတာလဲ"

"မင်း ကျောင်းထွက်တာကိုလည်း ငါသိတယ်။ ကျောင်းပြောင်းမှာကိုလည်း သိတယ်။ ဘယ်ကိုထွက်ပြေးဖို့ ကြံစည်နေတာလဲကွာ"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now